Chapter 108
Viewers 12k

📽️ Chapter 108

Extra 14 : စန့်ရှန်းနှင့် ရန်ရှူတို့၏ ရသစုံအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှု (4)



ရန်ရှူက မွေးခွန်းထုတ်နေဆဲဖြစ်သည်။  

"ဘာလို့ အင်တာဗျူးရှိတာလဲ...အစီအစဉ်အကြောင်း ဆွေးနွေးတုန်းက ဒီလိုဟာမျိုးမရှိပါဘူး...ကျွန်တော့်ကို မေးခွန်းတွေ အရင်ကြည့်ခိုင်းသင့်တယ်လေ...ဒီအတိုင်း အားလုံး မေးလိုက်လို့မှမရတာ..."


ဆွေ့ဟို့ယွီက ဖန်သားပြင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ 

"သူ ဟိတ်ကြီးဟန်ကြီးတွေ စထုတ်လာပြန်ပြီ..." 


ဟို့မော့ ပြန်ဖြေလိုက်သည်။ 

"ဘာမှမဟုတ်ဘူး...စူပါးစတားက စူပါစတားလိုပဲ ပြုမူတာပေါ့..."


[သူငယ်ချင်းအစစ်တွေက အစစ်အမှန်ဝေဖန်တတ်ကြတယ်... ]


[ဟို့မော့ စူပါစတားလို့ပြောတာက ရွဲ့ပြောလိုက်တာမလား...]


[ဟို့မော့က ပြဿနာရှာဖွေရေးမုဒ်ကို စတော့မယ်ထင်တယ်...သူက ရှူရှူကို အပြစ်ရှာနိုင်မဲ့ အခွင့်အရေးကို သေချာပေါက် လက်လွှတ်ခံမှာ မဟုတ်ဘူး...]


ရန်ရှူက ပရိုဂရမ်အဖွဲ့နှင့် တစ်ခဏကြာ ဆွေးနွေးပြီးနောက် ပရိုဂရမ်အဖွဲ့က ရန်ရှူကို စီစဉ်ထားသည့်အတိုင်း မေးခွန်းများမေးရန် ဆုံးဖြတ်ခဲ့သည်။ သူတို့က ရန်ရှူအား ဖြေမည်လား မဖြေမည်လားကို ရွေးချယ်ခွင့် ပေးထားသည်။


Hostက မေးလိုက်သည်။ 

"မင်းနဲ့ ဆွေ့ဟို့ယွီတို့က သူငယ်ချင်းကောင်းတွေ ဟုတ်တယ်မလား...သူနဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ..."


ရန်ရှူက ကုလားထိုင်ပေါ်ထိုင်ကာ ကိုယ်ဟန်အနေအထားကို ချိန်ညှိပြီးနောက် ပြန်ဖြေလိုက်သည်။ 

"စလာတာနဲ့ အစ်ကိုယွီအကြောင်း တန်းမေးတာလား..."


မုန့်ရှင်းယာက ဖန်သားပြင်ကို လက်ညှိးထိုးပြပြီးနောက် မေးလိုက်သည်။ 

"အစ်ကိုရန်က ကျွန်မတို့ကြည့်နေမယ်ဆိုတာကို ခန့်မှန်းမိမှာ မဟုတ်ဘူးမလား..."


ရန်ရှူ၏ အတန်းဖော်ဟောင်းများအားလုံးက သူတို့၏ ခေါင်းများကို ခါယမ်းပြပြီး ပြောလိုက်သည်။ 

"သူက အဲ့လောက် ဉာဏ်မကောင်းဘူး..."


ထို့နောက် ရန်ရှူ ရယ်ပြီး ပြောလာသည်ကို ကြားခဲ့ရ၏။ 

"သေချာတာပေါ့...အစ်ကိုယွီနဲ့ ကျွန်တော်က ဆက်ဆံရေးကောင်းတယ်ဆိုတာ လူသိများတယ်..."


ထိုသို့ ပြောပြီးနောက် သူ စတင်ရယ်မောခဲ့သည်။


မုန့်ရှင်းယာလည်း လိုက်ရယ်မောခဲ့သည်။


[သူက အရမ်းချစ်ဖို့ကောင်းတာပဲ...]


[ရှူရှူက သူဘယ်လောက် ဂုဏ်ယူနေလဲဆိုတာ ပြနေတာပဲ... ]


ရန်ရှူက ခဏခန့် စဉ်းစားပြီးနောက် ပြောလိုက်သည်။ 

"အစ်ကိုယွီနဲ့ ကျွန်တော်က ငယ်ငယ်လေးတည်းက အချင်းချင်း သိလာကြတာ...ကျွန်တော့်အမေနဲ့ သူ့အမေက အချစ်ဆုံးသူငယ်ချင်းတွေ...ပြီးတော့ ကျွန်တော်တို့ကလည်း အသက်တူတော့ အတူတူ ကစားခဲ့ကြတယ်...ဒါပေမယ့်နောက်တော့ ကျွန်တော်တို့က ကြီးပြင်းလာပုံချင်း ကွာခြားသွားကြတယ်...အစ်ကိုယွီက စိတ်ကစဉ့်ကလျားဖြစ်တတ်တော့ သူ အဲဒီလို ဖြစ်လာရင် လူတွေကို နာကျင်အောင် လုပ်မိနိုင်တယ်...ကျွန်တော့်အဖေက ကျွန်တော်နဲ့ ကျွန်တော့်အမေ သူတို့သားအမိနဲ့ ပေါင်းတာကို မကြိုက်ဘူး...သူက တားခဲ့တယ်...အဲ့အချိန်တုန်းက ကျွန်တော့် မိသားစုကလည်း ကမောက်ကမတွေ ဖြစ်နေချိန်လေ...ကျွန်တော် အမြဲတမ်း ကျွန်တော့်မိဘတွေ ကွာရှင်းပြီးတော့ သူတို့ ကျွန်တော့်ကို မလိုချင်လို့ ဘောလုံးလိုမျိုး အပစ်ခံရလိမ့်မယ်ဆိုပြီး အိမ်မက်ဆိုးတွေမက်ခဲ့တာ..."


"အဲဒီအချိန်တုန်းက ကျွန်တော်က ဝန်ထုပ်ဝန်ပိုးမို့လို့ ဘယ်သူမှ ကျွန်တော့်ကို မလိုချင်ဘူးလို့ အမြဲခံစားခဲ့ရတာ... ဒါပေမယ့် အစ်ကိုယွီက ကျွန်တော့်ကို အဖော်ပြုပေးခဲ့တယ်...အစ်ကိုယွီက ပြောတယ် သူ့မှာ စိတ်ရောဂါရှိမှန်းသိတော့ လူတော်တော်များများ သူနဲ့ မကစားတော့ဘူးတဲ့...ကျွန်တော်ကသာ သူနဲ့ အတူကစားပေးတဲ့သူတဲ့... တကယ်တော့ ကျွန်တော်လည်း အဲ့လို ခံစားရတယ်... တကယ်လို့ အစ်ကိုယွီသာ မရှိဘူးဆိုရင် ဒီတစ်ကမ္ဘာလုံးက ဘယ်သူကမှ ကျွန်တော့်ကို လိုချင်မှာမဟုတ်ဘူး...ကျွန်တော်က စကားထစ်တယ် သူက စိတ်နှစ်ခွရောဂါရှိတယ်...ကျွန်တော်တို့ နှစ်ယောက်စလုံး ချို့ယွင်းချက်ရှိပေမယ့် အချင်းချင်း စောင့်ရှောက်ခဲ့ကြတယ်..."


[အား အား...ရုတ်တရက်ကြီး အီမိုလာပြီ... ]


[ငါ ရှူရှူနဲ့ အစ်ကိုယွီအတွက် စိတ်မကောင်း ဖြစ်မိတယ်...]


စခရင်ရှေ့ရှိ ဆွေ့ဟို့ယွီက ၎င်းကိုကြည့်ပြီးနောက် ထိရှခံစားလိုက်ရကာ စကားတခွန်းမှမပြောနိုင်တော့ချေ။


ထို့နောက် ရန်ရှူက ဆက်ပြောလာခဲ့သည်ကို ကြားလိုက်ရ၏။– 

"ဒါပေမယ့် ကျွန်တော် လှည့်ကြည့်လိုက်တော့ အစ်ကိုယွီရဲ့ဘေးမှာ ကျွန်တော့်အပြင် တခြားခွေးတစ်ကောင်ရှိနေတာ တွေ့လိုက်ရတယ်လေ...အဲဒါက ဟို့မော့ပဲ...ကျွန်တော်က အစ်ကိုယွီကို ပျိုးထောင်ခဲ့ပေမယ့် သူက ကျွန်တော့်ဆီကနေ အလစ်သုတ်သွားတယ်...သူတို့နှစ်ယောက်က အတွဲတွေတောင် ဖြစ်လာကြသေးတယ်...သူတို့က ခွဲလို့မရတဲ့ လူနှစ်ယောက်ပဲ...ကျွန်တော် သူ့ကိုမြင်တိုင်း စိတ်အနှောင့်အယှက်အရမ်းဖြစ်ရတယ်... ဟို့မော့က ခွေးချီးလိုကောင်ပဲ...ကျွန်တော်က ဘာလို့ သူ့ကိုခွင့်လွှတ်ရမှာလဲ..."


ဟို့မော့က ၎င်းကို တိတ်ဆိတ်စွာ နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ 

"ငါ သိသားပဲ..."


တန့်ယိဟန်က လက်ဆန့်ထုတ်ပြီး ဟို့မော့၏ပုခုံးကို နှစ်သိမ့်ပေးရန် ပုတ်လိုက်သည်။ 

"အဲဒါက မျှော်လင့်ထားသလိုပါပဲကွာ..."


[သေချာတယ်...ဟို့မော့ အကြောင်းပြောရင် ရှူရှူရဲ့စရိုက်က ရုတ်တရက်ပြောင်းသွားမှာပဲ... ]


[ရှူရှူက ဟို့မော့ကို ဟိုးနှလုံးသားအတွင်းပိုင်းထဲကအထိ မုန်းနေတာ မြင်နိုင်တယ်...]


Hostက ဆက်မေးလိုက်သည်။ 

"မင်းရဲ့ဟို့မော့အပေါ် ပထမဆုံးအမြင်ကို ပြောပြပေးနိုင်မလား..."


"အမ်း...အဝါရောင်ဆံပင် မျက်စိစူးတဲ့အရောင်နဲ့ မသတီစရာ အပြုံးနဲ့လူ..."


Host : " တန့်ယိဟန် အပေါ်ရော..."


"သူ့မျက်နှာရဲ့ ဘယ်ဘက်နဲ့ညာဘက်က အချိုးမညီဘူး..."


Host : "လုယန်ရှင်းကျတော့ရော..."


"အနက်ရောင် အသားအရေနဲ့ အ...အ...အ…အလှလေး..."


လုယန်ရှင်းက ဒေါသမထွက်ဘဲ ရယ်မောခဲ့သည်။


မုန့်ရှင်းယာက သက်ပြင်းချလိုက်သည်။

"ငါ့နှလုံးသားလေး…"


Host- "မုန့်ရှင်းယာကရော..."


"သူကတော့…အစက သိပ်ဉာဏ်ကောင်းတဲ့ပုံမရပေမယ့် နောက်တော့...သူက တကယ် ဉာဏ်မကောင်းဘူးဆိုတာ သိလိုက်ရတယ်..."


Host- "စန့်ရှန်းကျတော့ရော…"


"အမ်း…"

ရန်ရှူက တွေးတောနေပုံရသည်။ 


"သူက နှစ်အတော်ကြာအောင် အဆင့်အတန်းလျှော့ခံထားရတယ်လို့ထင်တယ်...မဟုတ်ရင် သူ့လို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့စီအီးအိုက ဘာလို့ အတန်းတက်ဖို့ ကျောင်းကိုလာမှာလဲ...သူ့လို ရုပ်မျိုး၊ သူ့လိုခန္ဓာကိုယ်မျိုးက နောက်ဆုံးတန်းမှာ ထိုင်နေရင်တောင် လူတိုင်းက သူ့ကို ဒါရိုက်တာ တစ်ယောက်လို့ ထင်ကြမှာပဲ... အတန်းဖော်တစ်ယောက်လို့ ဘယ်သူက ထင်မှာလဲ..."


"သူက အသက်ကြီးတဲ့ ပုံပေါက်လို့လား..."


"အသက်ကြီးတဲ့ပုံပေါ်လို့ မဟုတ်ဘူး...သူ့လို ဆယ်ကျော်သက် ယောက်ျားလေးတစ်ယောက်က ဒီလိုကြီးစိုးတဲ့စိတ်ထားမျိုး ရှိနေမယ်လို့ စိတ်ကူးနိုင်လို့လား...သူ အထက်တန်းတုန်းက အခုနဲ့ စိတ်နေစိတ်ထားက တစ်ပုံစံထဲပဲ..."


Hostက မနေနိုင်ဘဲ သိချင်သွားခဲ့သည်။ 

"ဒါဆို မင်းသူ့ကို ဘယ်လိုမျိုး ကြိုက်ခဲ့တာလဲ..."


"အိုး သူက..."

ရန်ရှူက စန့်ရှန်း ချမ်းသာသောကြောင့်ဟု ပြောရမည်လား မသိချေ။ သူ့အဓိပ္ပာယ်က တစ်ခုခုဆိုးသွားစေနိုင်သည်။ အတန်ကြာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ 

"သူ အထက်တုန်းက သူ့ရင်ဘတ်ကြွက်သားတွေက ဒီလောက်အကြီးကြီးရှိတာ..."


သူ ထိုသို့ပြောပြီးသည်နှင့် လက်ဖြင့်ပုံဖော်ပြခဲ့သည်။


[ရှူရှူရေ ရဲနော်ရဲ...ဒါက နှာဘူးကျတာကြီးနော်...]


[သေချာတယ်...သူက ရင်ဘတ်ထိန်းချုပ်သူပဲ...]


[မမျှော်လင့်ထားမိဘူး သူရဲ့ အဖြေတိုင်းက အကျိုးအကြောင်းဆီလျော်တာပဲ...]


Hostက နောက်တစ်ခု ထပ်မေးလိုက်သည်။ 

"မင်းနဲ့ မင်းသူငယ်ချင်းတွေ တင်းနစ်ကစားဖို့ သွားကြမယ်ဆို ဘယ်လိုမျိုးဖြစ်မှာပဲ..."


"အဲဒီမြင်ကွင်းက မျောက်တွေနဲ့ ကစားနေရတာနဲ့ တူလိမ့်မယ်..."

ရန်ရှူက ကိုယ့်ကိုယ်ကို နားလည်သဘောပေါက်ခဲ့သည်။


"သူတို့က ကျွန်တော့်ကို ဘယ်လိုအနိုင်ပေးရမလဲဆိုတာ ကြိုးစားရှာဖွေကြလိမ့်မယ်...အဲဒီလိုမှမလုပ်ရင် သူတို့ ကျွန်တော် ဆဲတာခံရလိမ့်မှာ..."


"မင်း သူတို့နဲ့ လျှို့ဝှက်ခန်းကို သွားမယ်ဆိုရင်ရော ဘယ်လိုဖြစ်မှာလဲ..."


ရန်ရှူက ခဏခန့် တွေးပြီးနောက် ပြန်ဖြေလိုက်သည်။ 

"ဟို့မော့နဲ့ ကျွန်တော်က အော်ဟစ်နေတဲ့ ကြက်တွေလိုဖြစ်နေမှာ...အစ်ကိုယွီကတော့ တစ်ချိန်လုံး လျှို့ဝှက် စကားလုံးတွေ ဖော်နေလောက်တယ်...လုယန်ရှင်းနဲ့ တန့်ယိဟန်တို့က စျေးဝယ်ထွက်နေသလိုမျိုး လုပ်ကြလိမ့်မယ်...သူတို့က လက်ညိုးဟိုထိုး ဒီထိုးနဲ့ ပြောကြလိမ့်မယ်... 'လောင်ကုန်း ဟိုပန်းချီကားလေးကြည့်ပါဦး စိတ်ဝင်စားစရာမကောင်းဘူးလား...' ' လောင်ဖော မီးရောင်ကို ကြည့်ပါဦး အရမ်းလှတာပဲ' ဆိုပြီးတော့..."


ဖန်သားပြင်ကိုကြည့်နေသော လုယန်ရှင်းက မကျေမနပ်မဖြစ်ဘဲ မနေနိုင်ချေ။ 

"သူ့ပါးစပ်ထဲ ကျွန်မတို့က အရူးတွေကျနေတာပဲ..."


တန့်ယိဟန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။ 

"ထားလိုက်ပါကွာ...သူ့မျက်လုံးထဲ အစ်ကိုယွီတစ်ယောက်တည်းကပဲ နတ်ဘုရားလိုဖြစ်နေတာဟာ..."


ထိုအချိန်တွင် ရန်ရှူက ဆက်ပြောလာခဲ့သည်။ 

"ကျွန်တော် မုန့်ရှင်းယာကိုတော့ သိပ်မသိဘူး...သူက သေချာပေါက် သတ္တိသိပ်ရှိမယ် မထင်ဘူး... ဒါပေမယ့် သူက အကြောက်ဆုံး ဖြစ်မှာတော့မဟုတ်လောက်ဘူး...ကျွန်တော့် ရည်းစားကို ပြောရရင်တော့...သူက အထဲဝင်တာနဲ့ အထဲမှာ သူရှိနေတယ်ဆိုတာ အမေ့ခံသွားရလိမ့်မယ်...သူ အပြင်ထွက်ပြီးတော့မှ ကျွန်တော်အံ့သြသွားလိမ့်မှာ 'မင်း ငါ့နောက်မှာ ရှိနေတာလား ကောင်းသားပဲ' ဆိုပြီးတော့..."


ဟို့မော့က ၎င်းကို ကြားပြီးနောက် ရယ်မောလိုက်သည်။ 

"အဲဒီအချိန်ကျ ရန်ရှူက အစ်ကိုယွီကိုပဲ အနှောင့်အယှက်ပေးပြီး သူ့ကိုတော့ လျစ်လျူရှုနေလို့ စန့်ရှန်း အသေဒေါသထွက်မှာပဲ..."


တန့်ယိဟန်ကလည်း ရယ်မောလိုက်သည်။ 

"အဲဒါက အမှန်ဖြစ်နိုင်တယ်...စန့်ရှန်းက အဲ့လိုမျိုး နှစ်တွေအကြာကြီး ဆက်ဆံခံခဲ့ရတာ..."


မုန့်ရှင်းယာက စာနာသွားမိခဲ့သည်။

"မစ္စတာစန့်က နည်းနည်းတော့ သနားဖို့ ကောင်းသားပဲ..."


မျှော်လင့်ထားသလိုပင် ဟို့မော့က မေးလာခဲ့သည်။ 

"ဒါဆို ငါတို့ သူနဲ့တင်းနစ်ကစားပြီး လျှို့ဝှက်ခန်း အတူသွားရမှာလား..."


ပရိုဂရမ်အဖွဲ့က ပြန်မဖြေခဲ့ချေ။


ဟို့မော့ ရုတ်တရက် အကူအညီမဲ့သလို ခံစားလိုက်ရသည်။ 

"ငါ ဒီမှာ ပါဝင်မိတာ နောင်တရမိတယ်..."


ထိုအချိန်တွင် ရန်ရှူက ရုတ်တရက် သူ့ဒေါသကို နှိုးဆွလာခဲ့သည်။ 

"သရဲဂိမ်းကစားတုန်းက ကျွန်တော် ဟို့မော့ကို တိုက်ရိုက်ထုတ်လွှင့်ဖို့ ပြောခဲ့တယ်...ဒါပေမယ့် ဘယ်သူသိမှာလဲ သူက နှာချေးတွဲလဲနဲ့ ငိုနေခဲ့တာကိုလေ..."


"ကျစ်…"

ဟို့မော့ ရန်ရှူကို အလွန်မုန်းမိပေ၏။


ထိုအချိန်တွင် Hostက အခြားမေးခွန်းတစ်ခု ထပ်မေးလာခဲ့သည်။ 

"မင်း သူငယ်ချင်းတွေကို ပြောချင်တာရှိလား..." 


ရန်ရှူက လေးနက်စွာ မေးလိုက်သည်။ 

"အဲဒါက လိုအပ်လို့လား..."


"ဒီတိုင်းဖြေပေးလို့ရပါတယ်..."


"ခင်ဗျား ကျွန်တော့်ကို ကောင်းကောင်းမသိဘူးပဲ...ကျွန်တော်က သူတို့ကို တစ်ခုခုပြောချင်တာရှိရင် ထိန်းချုပ်ထားမယ်လို့ ထင်လား...ကျွန်တော်က သူတို့ကို ပြောချင် တည့်တည့်ပဲပြောလိုက်မယ်...ဒါပေမယ့် ဟို့မော့ကိုတော့ တစ်ခုပြောချင်တာရှိတယ်..."


ဖန်သားပြင်အပြင်တစ်ဖက်ရှိ သူငယ်ချင်းအဖွဲ့က သူ ဟို့မော့အကြောင်း အကောင်းပြောမည် မဟုတ်သည်ကို သိပြီး ကြိတ်ရယ်လိုက်ကြသည်။  


ဟို့မော့ကလည်း ကူကယ်ရာမဲ့နေပုံရသည်။


ရန်ရှူက စခရင်ကို လက်ညှိးထိုးပြီး ဒေါသတကြီးပြောခဲ့သည်။  

"ကြည့်နေ ကြည့်စားထား..."


တန့်ယိဟန်က ၎င်းကို ကြားပြီးနောက် ချက်ချင်း လက်ခုပ်တီးလိုက်သည်။ 

"ငါတို့ အစ်ကိုကြီးရန်တောင် ကြီးပြင်းလာပြီပဲ...သူ့ကိုယ်သူ ပိုထိန်းနိုင်နေပြီပဲ...အဲ့ဒါက အရမ်းယဉ်ကျေးတဲ့ စကားပဲကွ..."


လုယန်ရှင်းက တန့်ယိဟန်၏ အမြင်ကို သဘောတူလိုက်သည်။ - 

"နောက်ဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူ ပိုယဉ်ကျေးတတ်လာပြီပဲ..."


[ရှူရှူက သူတို့ချင်း သီးသန့်ဆို ဘယ်လောက် ဒေါသကြီးလို့လဲ...]


[ရုတ်တရက်ကြီး ငါ ဟို့မော့အတွက် စိတ်မကောင်းဖြစ်မိသွားတယ်...သူ့ကို ရိုက်လို့လည်းမရဘူး ဆူလို့လည်း မရဘူး...]


[ဒီအုပ်စုက အရမ်းရယ်ရတာပဲ...]


[ငါ နည်းနည်းနောင်တရသွားပြီ ရှူရှူနဲ့ သူငယ်ချင်း မဖြစ်ချင်တော့ဘူး... ]


[ဘာမှ နောင်တရစရာမရှိဘူး...အစ်ကိုယွီက မင်းကိုမကြိုက်သရွေ့ ရှူရှူက မင်းကို မုန်းမှာမဟုတ်ဘူး... ]


[ဟို့မော့က တစ်ချိန်ထဲမှာ နာကျင်မှူရော ပျော်ရွှင်မှုပါခံစားနေရတာပဲ...]


[ဘာစိတ်မကောင်းစရာရှိလို့လဲ...ဟို့မော့မှာ အစ်ကိုယွီရှိတယ်လေ...ဒီလောက် အကြီးကြီးအစ်ကိုယွီ... ]


[ငါ အမှန်ကိုမသိလို့မေးချင်တယ်...ဆွေ့ဟို့ယွီနဲ့ ဟို့မော့က အတွဲတွေလား...]


[သူတို့က ပါတနာတွေ...]


ထိုအချိန်တွင် ဟို့မော့က ဖန်သားပြင်ကို ညှိးငယ်စွာ ညွှန်ပြပြီး လက်ညှိုးထိုးပြပြီး အစ်ကိုယွီကို တိုင်တန်းလိုက်သည်။-

 "အစ်ကိုယွီ သူ့ကိုကြည့်ပါဦး..."


"အင်း…" 


ဆွေ့ဟို့ယွီ အနည်းငယ် ဘာလုပ်ရမည်မသိဖြစ်နေလေသည်။ သူနှင့် ဟို့မော့ကြားတွင် မည်သည့်ပြဿနာမှ မရှိသော်လည်း သူ့ငယ်သူငယ်ချင်းနှင့် ဟို့မော့ကြားတွင်မူ ပြဿနာအကြီးကြီးရှိပုံရသည်။ သူက အမြဲတမ်း နှစ်ယောက်အလယ်တွင် ညပ်နေပြီး ဆုံးဖြတ်ရန် ခက်ခဲပေသည်။

"မင်း...ဒီတိုင်း သူ့ကို လျစ်လျူရှုလိုက်ပါ..."


[အစ်ကိုယွီက ဟို့မော့လို ယောက္ခမနဲ့ ချွေးမကြားက ဆက်ဆံရေးကို ဘယ်လိုကိုင်တိုင်ရမလဲမသိတဲ့ လူဖြောင့်ကြီးနဲ့ တွေ့ခဲ့ရတာပဲ...]                  


[အစ်ကိုယွီ ရှင်သန်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ငါ တွေ့နေရတယ်...]


[အစ်ကိုယွီလည်း နာကျင်မှုရော ပျော်ရွှင်မှုပါ ခံစားနေရတာပဲ...]


[လူချောလေး နှစ်ယောက်ဆီက အလုခံရတာ ဘယ်လိုနေလဲဟင်...ငါလည်း စမ်းကြည့်ချင်တယ်...အစ်ကိုယွီက ကံကောင်းချက်ပဲ...]


Hostက ရန်ရှူကို ပြောလိုက်သည်။

"ကျွန်တော်တို့ ဒီမှာဖန်သားပြင်တစ်ခုရှိပါတယ်... ခဏနေရင် ကျွန်တော်တို့ မစ္စတာစန့်ကို အင်တာဗျူးလုပ်မှာပါ...မင်း သူ့ရဲ့ အင်တာဗျူးတစ်လျှောက်လုံးကို ဖန်သားပြင်ပေါ်ကနေ စောင့်ကြည့်လို့ရပါတယ်..."


ရန်ရှူက ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။ 

"ကောင်းပြီ...ကျွန်တော် ကောင်းကောင်းကြည့်ရတော့မှာပဲ..."


သူ့ အမူအရာက စန့်ရှန်း၏ လျှို့ဝှက်ချက်လေးများအား သိရတော့မည်ကဲ့သို့ ပျော်ရွှင်နေပေသည်။


ဆွေ့ဟို့ယွီက သက်ပြင်းချလိုက်သည်။

"ဒီလိုဆိုရင်တောင်မှ သူက ငါတို့လည်း စောင့်ကြည့်နေနိုင်တယ်ဆိုတာကို သံသယဝင်လောက်မယ်မထင်ဘူး..."


ဟို့မော့က နောက်ဆုံးတွင် သူ့ကို ဝေဖန်နိုင်မည့် အခွင့်အရေးရလာခဲ့သည်။ 

"ဘာလို့ သူ့ IQ ကို ထည့်တွက်နေသေးတာလဲ..."


ဖန်သားပြင်ကိုဖွင့်ပြီးနောက် စန့်ရှန်း၏ အင်တာဗျူးရန် ပြင်ဆင်နေသောပုံရိပ်က ပေါ်လာခဲ့သည်။


စန့်ရှန်းက ယနေ့တွင် ဝတ်စုံအပြည့် မဝတ်ဆင်ထားကာ ဆံပင်ကိုချထားပြီး ပေါ့ပေါ့ပါးပါး အကျ်ီများ ဝတ်ထား၍ ယခင်နှင့်အနည်းငယ် ကွဲထွက်နေသည်။


Hostက သူ့ကို စတင်မေးမြန်းခဲ့သည်။ 

"မင်းရဲ့ ရန်ရှူအပေါ် ပထမဆုံးထင်မြင်ချက်လေးကို မေးလို့ရမလား..."


စန့်ရှန်းက ခဏခန့်စဉ်းစားပြီး ပြောလိုက်သည်။ 

"ကျွန်တော့်မှာ ထူးထူးခြားခြားထင်မြင်ချက်မျိုးတော့ မရှိပါဘူး...ကျွန်တော့်ရဲ့ထင်မြင်ချက်ကတော့ သူက တော်တော်ဆူညံတယ်ဆိုတာပဲ..."


ဟို့မော့က ၎င်းကိုကြားပြီးနောက် ချက်ချင်းမှတ်ချက်‌ပေးခဲ့၏။– 

"ဒီဟာက သူတို့အတွက် နာရီဝက်လောက် စကားများဖို့ လုံလောက်တယ်...စန့်ရှန်းက ဒီအချိန်မှာ ကောင်းကောင်း မပြုမူဘူးဆိုရင် သူတို့ လမ်းတောင်ခွဲကြလောက်တယ်..."


ဆွေ့ဟို့ယွီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ 

"ရန်ရှူတော့ မကျေပွဲနွှဲဖို့ စတော့မယ်ထင်တယ်..."




📽️