Chapter 111
Viewers 12k

📽️ Chapter 111

Extra 17: စန့်ရှန်းနှင့် ရန်ရှူတို့၏ ရသစုံအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှု (7)



Escape roomက ထိတ်လန့်ဖွယ်အမျိုးအစားထဲမှ တစ်မျိုးဟု ဆိုရပေမည်။


ထိုကဲ့သို့အခြေအနေမျိုးနှင့် ကြုံရချိန်တိုင်း ရန်ရှူနှင့် ဟို့မော့တို့က အလွန်ကြောက်လန့်ပြီး သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အတိုင်းသားပေါ်တတ်ကြသည်။


ရန်ရှူက အခန်းထဲဝင်လာပြီးသည်နှင့် ဆွေ့ဟို့ယွီ၏ လက်မောင်းကို တင်းတင်းဆွဲထားကာ လွှတ်ပေးရန် ငြင်းဆိုခဲ့သည်။

"အစ်ကိုယွီ...အစ်ကိုယွီ..."


ဟို့မော့ကလည်း သူ့လက်ကိုဆန့်ထုတ်ကာ ဆွေ့ဟို့ယွီကိုကိုင်ရန် လှမ်းခဲ့သည်။

"အစ်ကိုယွီ…"


သို့သော် ခဏအကြာတွင် ဟို့မော့က လူအများထံမှ တားဆီးခံခဲ့ရသည်။ ဟို့မော့က ဆွေ့ဟို့ယွီကို တစ်ချိန်လုံးဖက်ထားပြီး အခြားသူများကို အချိန်အတော်ကြာ ထိတ်လန့်စေခဲ့သည့်အချိန်ကို တန့်ယိဟန်နှင့်လုယန်ရှင်းတို့ မှတ်မိနေသေးဆဲဖြစ်သည်။


ထို့ကြောင့် စန့်ရှန်းနှင့်ဟို့မော့တို့က အဖွဲ့၏နောက်တွင် ကျန်နေခဲ့ရသည်။


စန့်ရှန်း၏ မျက်လုံးများက အရှေ့ဆုံးတန်းရှိ အတူလမ်းလျှောက်နေကြသော ရန်ရှူနှင့်ဆွေ့ဟို့ယွီပေါ်သို့ ကျရောက်သွားပြီးနောက် ဘေးသို့လှည့်ကာ ဟို့မော့၏ သတ္တိနည်းသော အမူအရာကို ကြည့်လိုက်သည်။


နောက်ဆုံးတွင် သူက ဆက်သည်းမခံနိုင်တော့ဘဲ အနီးအနားမှ တုတ်ချောင်းတစ်ချောင်းရှာကာ တစ်ဖက်စွန်းကို သူကိုင်၍ အခြားတစ်ဖက်ကို ဟို့မော့ထံသို့ ပေးလိုက်သည်။

"ရော့ ဒါကိုကိုင်ထား..."


"တုတ်ချောင်းနဲ့ ဘာလုပ်မလို့လဲ…"

ဟို့မော့က တုတ်ချောင်းတစ်ဖက်စွန်းကို ကိုင်ကာ မေးလိုက်သည်။  


"မင်း အထဲမှာအော်ခဲ့ရင် ငါ မင်းကို အဲဒီတုတ်ချောင်းနဲ့ ရိုက်မလို့..."


"…"


ဟို့မော့က ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။ 

"မင်း ငါ့ကို သတ်ချင်နေတာမလား..."


"ငါ့အတွေးက အဲဒီလောက်မပြင်းထန်ပါဘူး..."


"ပြီးတာပဲ…"

ထိုအချိန်တွင် စန့်ရှန်းကသာ သူ့ကို စကားပြောရန် ဆန္ဒရှိခဲ့သော်လည်း ဟို့မော့ကမူ သူနှင့် စကားဆက်ပြောရန် အစီအစဉ်မရှိပေ။


ရန်ရှူက ဆွေ့ဟို့ယွီ၏ လက်မောင်းကို ကိုင်ထားပြီး အဖွဲ့၏အရှေ့မှ တိုးတိတ်စွာ လျှောက်နေခဲ့သည်။


တန့်ယိဟန်၊ လုယန်ရှင်းနှင့် မုန့်ရှင်းယာတို့က အဖွဲ့၏အလယ်တွင်ရှိနေပြီး ဟို့မော့နှင့် ဆွေ့ဟို့ယွီကို ခွဲထားကြသည်။


စန့်ရှန်းက တုတ်ချောင်း၏တစ်ဖက်ကိုကိုင်ကာ ဟို့မော့ကို ဦးဆောင်ခဲ့သည်။


[ရှို့အဖွဲ့...အဖြောင့်အမျိုးသားနဲ့ အမျိုးသမီးအဖွဲ့...ကုန်းအဖွဲ့...]


[ဘယ်သူက နင့်ကို ဟို့မော့က ကုန်းလို့ ပြောဖို့သတ္တိပေးခဲ့တာလဲ...]


[ဟို့မော့က ယွီကောထက် အရပ်ရှည်တယ်လေ...]


[ဟို့မော့က ကုန်းဆိုရင် ပိုစိတ်ဝင်စားစရာကောင်းမယ်လို့ မထင်ဘူးလား...]


ဟို့မော့က တုန်ယင်စွာ မေးလိုက်သည်။ 

"ငါ့အနောက်က ဘာလို့အေးလာသလို ခံစားနေရပါလိမ့်..."


စန့်ရှန်းက ၎င်းကိုကြားပြီးနောက် နောက်သို့လှည့်ကြည့်လိုက်ရာ သူတို့နောက်တွင် NPCကဲ့သို့ဖုတ်ကောင်တစ်ကောင် တိတ်ဆိတ်စွာချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။


စန့်ရှန်းက NPC နှင့်မျက်လုံးချင်းဆုံသွားပြီးနောက် နှုတ်ခမ်းထောင့်ကို တွန့်ကွေး၍ မရိုးဖြောင့်စွာပြုံးလိုက်သည်။ ထို့နောက် သူက တုတ်ချောင်းအစွန်းကို ဖုတ်ကောင်NPCအားပေးခဲ့ပြီး ဖုတ်ကောင်ကလည်း အမှန်တကယ်ယူခဲ့လေသည်။


စန့်ရှန်းက ချက်ချင်းပင် ဘေးဘက်သို့ရွှေ့ပြီး သူ့ရှေ့ရှိလူကို ရှိုးပွဲကောင်းတစ်ခု ကြည့်နေရသကဲ့သို့ ကြည့်လိုက်သည်။


[ဘောစ့်စန့်က အရမ်းဆိုးတာပဲ...]


[ဟားဟားဟား...]


[မစ္စတာစန့်က NPC အဖွဲ့ထဲကို အောင်အောင်မြင်မြင်ဝင်သွားပြီ...]


[ဒီမှာ သစ္စာဖောက်တစ်ယောက်ရှိနေပါတယ်...အဲဒါက မစ္စတာစန့်လို့ ထင်ပါတယ်...]


[အကြံအစည်ကြီးတဲ့ဘောစ့်... ]


ထိုအချိန်တွင် ဟို့မော့က ကြောက်ကြောက်လန့်လန့်နှင့် ထပ်မေးခဲ့သည်။

"စန့်ရှန်း...မင်း ဘာလုပ်နေတာလဲ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူးလား...ဘာလို့နှေးနှေးလေးလျှောက်နေတာလဲ..." 


သူက ပြောပြီးသည်နှင့် ခေါင်းကိုလှည့်ကာ ကြည့်လိုက်စဉ် သူ့ဘေး၌ ဇွန်ဘီNPC ရှိနေသည်ကို တွေ့လိုက်ရပြီး ချက်ချင်း ထအော်ခဲ့သည်။

"အားးး"


သူက ချက်ချင်းပင် တုတ်ချောင်းကို လွှတ်ပစ်ကာ သူ့အရှေ့ရှိလူများကို တွန်းတိုက်ပြီး ထွက်ပြေးခဲ့သည်။


တန့်ယိဟန်နှင့် လုယန်ရှင်းတို့က မသိစိတ်အရ ခေါင်းကိုလှည့်ကြည့်လိုက်ရာ ရုတ်တရက် လျှာထုတ်ပြနေသော ဖုတ်ကောင် NPC ကို တွေ့လိုက်ရသည်။ သူတို့ လန့်ဖျပ်ပြီး ကျယ်လောင်စွာအော်လိုက်ကြ၏။


မုန့်ရှင်းယာက ငယ်စဉ်ကတည်းက ဤကဲ့သို့ကိစ္စမျိုးတွင် ထက်မြက်သူဖြစ်သည်။ သူမက ကြောက်စရာကောင်းသောအရာတစ်ခုခု လာနေသည်ကို သိရချိန်တွင် နောက်ပင်မလှည့်ဘဲ စပြေးတော့သည်။


ဆွေ့ဟို့ယွီက နောက်သို့လှည့်ကြည့်ပြီးနောက် ရန်ရှူကိုကာကွယ်ပြီး လုံခြုံသောနေရာကို လျင်မြန်စွာရှာလိုက်သည်။


ထိုကဲ့သို့ ပရမ်းပတာအခြေအနေဖြင့် နောက်ဆုံးတွင် သူတို့အုပ်စု လုံခြုံသောနေရာအဖြစ် သတ်မှတ်နိုင်သော အခန်းငယ်လေးသို့ ရောက်လာခဲ့ကြသည်။


အခန်းတံခါးရှေ့တွင် ဖုတ်ကောင်NPC များ ရောက်လာခြင်းကို တားဆီးနိုင်သည့် အဆောင်တစ်ခုရှိပေသည်။


[ကင်မရာမန်းတောင် ကြောက်နေပြီ သူ့ ကင်မရာက တုန်နေတာပဲ...သူလည်း ပြေးတာတန်းနေရော...]


[ငါ စောင့်ကြည့်ရေးကင်မရာဘက်ကနေ ကြည့်ချင်တယ်...မြင်ကွင်းက တော်တော်လေးရယ်စရာကောင်းမှာပဲ... ]


[NPCက ငါ့ကို မကြောက်စေဘူး...သူတို့ အော်သံကြောင့်ပဲ ငါကြောက်သွားတာ...]


သူတို့အုပ်စု အခန်းထဲဝင်ပြီးနောက် ရန်ရှူက စန့်ရှန်းကို စတင်ရှာဖွေခဲ့သည်။ 

"စန့်ရှန်းရော ဘယ်မှာလဲ..."


လူတိုင်းက လိုက်ကြည့်ခဲ့ကြသော်လည်း စန့်ရှန်းကို အမှန်တကယ်ရှာမတွေ့ခဲ့ချေ။


ဟို့မော့က ထောင့်ဆုံးတွင်ပုန်းနေပြီး ဆွေ့ဟို့ယွီ၏ အင်္ကျီစကိုဆွဲထားကာ ပြောလိုက်သည်။ 

"စန့်ရှန်းက ဇွန်ဘီဖြစ်သွားပြီထင်တယ်...သူ့အဝတ်အစားတွေပြောင်းသွားတာ တော်တော်လေးမြန်တယ်..."


ရန်ရှူက ၎င်းကိုမယုံသောကြောင့် တံခါးနားသို့သွားကာ အပြင်ကိုကြည့်ပြီ အော်လိုက်သည်။ 

 "စန့်ရှန်း—"


အချိန်ခဏခန့်ကြာအောင် စောင့်ခဲ့သော်လည်း စန့်ရှန်း၏ အရိပ်အယောင်ကို မတွေ့ခဲ့ရချေ။ 


သူက သတ္တိများစုဆောင်းကာ အပြင်သို့ ခြေနှစ်လှမ်းလှမ်းလိုက်သည်။- 

"ငါ စန့်ရှန်းကို သွားရှာလိုက်ဦးမယ်...မင်းတို့ဒီမှာ ခဏစောင့်နေခဲ့ကြ..."


[ငါတို့ ရှူရှူက အရမ်းကြောက်နေတာတောင် မစ္စတာစန့်ကိုတစ်ယောက်တည်း သွားရှာဖို့ သတ္တိရှိနေတုန်းပဲ...]


[သူ လက်တွေ့ရှိုးမှာတောင် အဲ့လောက် သတ္တိမရှိခဲ့ဘူး...]


[ဒါက တကယ့်ကို အချစ်စစ်ပဲ... ]


[ဒါကို မြင်ပြီးတဲ့အခါကြရင် “ငါ မဟုတ်ဘူး”ရှိုးက ပုံမှန်အဖွဲ့ဝင် သုံးယောက်က ပြောကြလိမ့်မယ် - ဒါငါတို့သိတဲ့ ရန်ရှူ မဟုတ်ဘူး ဆိုပြီးတော့...]


ဆွေ့ဟို့ယွီက ရန်ရှူတစ်ယောက်တည်း အပြင်ထွက်ပါက ကြောက်လန့်သွားမည်ကို စိုးရိမ်သောကြောင့် ပြောလိုက်သည်။ 

 "ငါလည်း မင်းနဲ့အတူလိုက်ခဲ့မယ်..." 


"အဆင်ပြေပါတယ်... သူတို့က ဒီတိုင်းဟန်ဆောင်နေကြတဲ့ သူတွေပဲဟာ...ကျွန်တော် လမ်းကြောင်းကိုမှတ်ထားတယ်...NPCတွေ ထွက်လာတာမြင်တာနဲ့ ချက်ချင်းပြန်ပြေးလာခဲ့မယ်... အစ်ကိုယွီ ကျွန်တော်နဲ့အတူလိုက်လာရင် သူတို့အားလုံး မနိုင်မနင်းဖြစ်သွားလိမ့်မယ်..."  


ထို့နောက် ရန်ရှူက သတိကြီးစွာဖြင့် အပြင်သို့ထွက်သွားခဲ့သည်။ သူက စန့်ရှန်းကိုရှာရန် ယခင်လမ်းကြောင်းအတိုင်း ပြန်သွားခဲ့သည်။


ရလဒ်အနေဖြင့် လမ်းတစ်ဝက်တွင် ဖုတ်ကောင် NPCက သူ့ဆီခုန်ဝင်လာသည်ကို တွေ့လိုက်ရသည်။


သူ အနောက်ပြန်လှည့်လိုက်ချိန်တွင် နောက်ထပ်ဖုတ်ကောင် NPC တစ်ကောင်ပေါ်လာသည်ကို တွေ့လိုက်ရ၏။


သူ အလွန်ထိတ်လန့်သွားပြီး မသိစိတ်အရ ဘေးသို့လှည့်ပတ်ကြည့်ကာ ပုန်းရန်နေရာရှာခဲ့သည်။


သူ နံရံကိုကိုင်ပြီး လွတ်မြောက်ရန် အခွင့်အရေးကို ရှာနေချိန်မှာပင် ရုတ်တရက် နေရာတစ်ခုသို့အဆွဲခံလိုက်ရသည်။ 


သူ အလွန်လန့်သွားပြီး အော်လိုက်ချင်သော်လည်း ပါးစပ်က လက်ဖြင့်အပိတ်ခံလိုက်ရသည်။ ထို့နောက် စန့်ရှန်း၏ အသံက ထွက်လာခဲ့၏။

"ကိုယ် ပါ..."


ရန်ရှူက နောက်ဆုံးတွင် စိတ်တည်ငြိမ်မှုပြန်လည်ရရှိလာပြီး လှည့်ကြည့်၍ ညည်းညူလိုက်သည်။


"ဘာလို့စောစောကတည်းက ငါတို့နောက် အမှီမလိုက်လာတာလဲ..."


"ဒီမှာ သဲလွန်စတွေတွေ့လို့ အထဲဝင်ပြီး သွားရှာလိုက်တာ..."


စန့်ရှန်းက စာအိတ်တစ်ခုကို ကိုင်ကာ ပြောလိုက်သည်။

"ဒီမှာ သဲလွန်စတစ်ခု..."


"အိုး…" 

ရန်ရှူက စန့်ရှန်းထံမှ လျင်မြန်စွာအချော့ခံခဲ့ရပြီးနောက် ပြောလိုက်သည်။

"ဒါဆိုလည်း သူတို့နဲ့ မြန်မြန်သွားတွေ့ရအောင်..." 


"အင်း ကောင်းပြီ..."


ရန်ရှူက စန့်ရှန်း၏ လက်ကိုကိုင်ကာ လမ်းလျှောက်ခဲ့သည်။ ထိုအချိန်၌ ရန်ရှူ၏ခြေထောက်များက ကြောက်ရွံမှုဖြင့် တုန်နေသည်ကို စန့်ရှန်း သတိပြုမိလိုက်သည်။


သူ ရိုးရှင်းစွာပင် ရန်ရှူကိုပွေ့ချီပြီး ရန်ရှူကလည်း ကျွမ်းကျင်စွာပင် စန့်ရှန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကပ်တွယ်လိုက်သည်။ စန့်ရှန်းက သူ့ကို အခြားသူများရှိရာနေရာသို့ ချီခေါ်သွားခဲ့သည်။


[သူ့ကို လွယ်လွယ်လေးချီသွားတာ... ဝက်ဝံရုပ်လေးကို မလိုက်သလိုပဲ... ]


[မစ္စတာစန့်က သူ့ဇနီးလေးကို ကျွမ်းကျွမ်းကျင်ကျင် ချီထားတာပဲ...]


[အားးး ဇနီးလေးကို ရင်ခွင်ထဲပွေ့ချီထားပြီး လမ်းလျှောက်တာက အရမ်းမိုက်တာပဲ...တကယ်လို့ မစ္စတာစန့်က ရသစုံရှိုးထဲမှာ ပါမယ်ဆိုရင် ငါတို့ရှူရှူရဲ့ တိုက်ခိုက်ရေးပါဝါက အမြင့်ဆုံးအဆင့်ထိ မြင့်တက်သွားလောက်တယ်... ]


[ရှူရှူက ဟင်းချက်တာမှာ မတော်ပေမယ့် မစ္စတာစန့်ကိုတော့ အရမ်းချစ်တာပဲ...]


စန့်ရှန်းက ရန်ရှူကိုချီထားရင်း လူတိုင်းစုဝေးရာနေရာတွင် ပေါ်လာခဲ့သည်။


သူတို့ရောက်လာချိန်တွင် အခန်းထဲရှိအဖွဲ့က အခန်းငယ်လေးထဲ၌ သဲလွန်စများကို ရှာဖွေနေခဲ့ကြသည်။ စန့်ရှန်းက သူတွေ့ရှိထားသော သဲလွန်စကို ပေးလိုက်သည်။


ဆွေ့ဟို့ယွီက ရောက်လာကြသော လူနှစ်ယောက်ကိုကြည့်ကာ ပြုံးပြီး စာအိတ်ကိုယူ၍ ပြောလိုက်သည်။ 

"သူ မင်းကို ထွက်ရှာဖို့လိုချင်တယ်ဆိုရင်တောင် ဒီလိုမျိုးလုပ်ဖို့တော့ မလိုပါဘူး..." 


စန့်ရှန်းက ရန်ရှူ ဆွေ့ဟို့ယွီကိုသာ တစ်ချိန်လုံးအားကိုးနေသည်ကို မလိုလားသောကြောင့် ထိုကဲ့သို့အကြံမျိုးထုတ်ပြီး ရန်ရှူကို သူ့အားလာရှာစေကာ သူ့အနားနေစေရန်လုပ်ခဲ့ကြောင်းကို ဆွေ့ဟို့ယွီ သဘောပေါက်ပေသည်။


စန့်ရှန်းက သူတို့အနီး၌သာ ရှိနိုင်မည်ကို သူသိပေသည်။ ရန်ရှူ ကြောက်နေသည်ကိုမြင်ချိန်တွင် စန့်ရှန်းက ဦးစွာထွက်ပြလာခဲ့ခြင်းဖြစ်သည်။ အမှန်တွင် သူတို့လျှောက်လာသည့် အကွာအဝေးမှာ မဝေးလှချေ။


[မစ္စတာစန့်က သဝန်တိုနေတာပဲ...]


[ဒါက ထက်မြက်တဲ့လူနှစ်ယောက်ကြား ကစကားဝိုင်းထင်တယ်...တစ်ချက်ကြည့်လိုက်တာနဲ့ အကုန်လုံးမြင်နေရတယ်...]


[မစ္စတာစန့်က တော်တော်လေး အကြံအစည်ကြီးတာပဲ...]


[ရှူရှူက ကလေးကြီးနဲ့ တူတယ်...]


[သူက ရှူရှူကို ကောင်းကောင်းသိတာပဲ... ရှူရှူထွက်လာပြီး သူ့ကို လာရှာလိမ့်မယ်ဆိုတာသေချာသိနေတာ... ]


[အကျိုးသက်ရောက်မှုက အရမ်းကောင်းတယ်လေ...ရှူရှူကို ကြည့်ပါဦး မစ္စတာစန့် ရင်ခွင်ထဲမှီနေတာ...သူ လမ်းမလျှောက်နိုင်လို့ မစ္စတာစန့်က ချီပေးခဲ့သေးတယ်...]


[မစ္စတာစန့်ရဲ့ အရမ်းထက်မြက်တဲ့ အစီအစဥ်က ဟို့မော့ကို သေအောင်ခြောက်လန့်လိုက်တာပဲ...ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာ... ]


ထိုအချိန်တွင် ဆွေ့ဟို့ယွီနှင့် ရန်ရှူကိုဖက်ထားသော စန့်ရှန်းတို့က အတူရပ်ကာ သဲလွန်စများကို လေ့လာခဲ့ကြသည်။ 


တန့်ယိဟန်၊ လုယန်ရှင်းနှင့် မုန့်ရှင်းယာတို့က အခန်းထဲရှိနေရာတိုင်းကို လိုက်ရှာခဲ့ကြသည်။ 


လုယန်ရှင်းက အဆောင်တစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။

"လောင်ကုန်း ဒီအဆောင်ကို ကြည့်ပါဦး အဲဒါက တော်တော်လေး လက်တွေ့ဆန်ဆန်ရွေးထားတာပဲ..."


တန့်ယိယန်က ၎င်းကို ပေါ့ပေါ့တန်တန် ကြည့်ကာ ပြောလိုက်သည်။ 

"အဲဒါက အစ်ကိုယွီရဲ့လက်ရေးနဲ့ အတူတူလောက်ပဲ..."


[အစ်ကိုယွီရဲ့ လက်ရေးက ဘယ်လောက်တောင်ဆိုးလို့လဲ...]


[ငါ စီနီယာ အစ်ကိုဟို့ရဲ့လက်ရေးကို မြင်ဖူးတယ်...အဲဒါက အရမ်းလှတာ...]


[ဟို့မော့က အစ်ကိုယွီထက် အမှတ်ပိုများတယ်ဆို...]


[ဟို့မော့ရော ဘယ်မှာလဲ... ]


ထိုအချိန်တွင် ဟို့မော့က တစ်နေရာရာမှ ရှာတွေ့လာသောဝတ်စုံကိုဝတ်ကာ နှာဖူးပေါ်တွင် အဆောင်ကိုကပ်လိုက်သည်။ သူက စန့်ရှန်း၏ အနေအထားကိုကြည့်ပြီး အနားသို့လျှောက်သွားကာ ရန်ရှူကို လက်ဖြင့်တွန်းလိုက်သည်။


ရန်ရှူ၏ အယူအဆအရ ဤနေရာက ဘေးကင်းသောနေရာဖြစ်သောကြောင့် သတိထားခဲ့ခြင်းမရှိချေ။ သူက စန့်ရှန်း၏ ရင်ခွင်ထဲမှ ခေါင်းမြှောက်ကာ ကြည့်လိုက်စဉ် လျှာတန်းလန်းထုတ်ပြီး ဝူးဝူးဝါးဝါး အော်ဟစ်နေသော ဟို့မော့ကို တွေ့လိုက်ရသည်။


"အား ချီးပဲ..." 

ရန်ရှူ ထိတ်လန့်မှုဖြင့် အော်လိုက်ပြီး စန့်ရှန်း၏ ရင်ခွင်ထဲမှ ခုန်ထွက်လိုက်သည်။


ထို့နောက် ဆွေ့ဟို့ယွီ၏ သတိပေးချက်ကို ကြားလိုက်ရသည်။ 

"ဟို့မော့ ပြဿနာရှာမရှာစမ်းနဲ့..."


ထိုမှသာ သူ့အရှေ့ရှိလူက ဟို့မော့ဖြစ်သည်ကို ရန်ရှူ သိလိုက်ရသည်။


သို့သော် ရန်ရှူက ထိတ်လန့်နေဆဲဖြစ်ပြီး စန့်ရှန်း၏ ရင်ခွင်ထဲတိုးဝင်ကာ ကျယ်လောင်စွာ ငိုလိုက်သည်။

"ငါ အရမ်းကြောက်တာပဲ..."


သူ့စကားက မရှင်းမလင်းဖြစ်နေပြီး မျက်ရည်များတသွင်သွင်စီးကျကာ ရိုးရှင်းစွာပင် စန့်ရှန်း၏ရင်ခွင်ထဲ မျက်နှာကို မြှုပ်ထားလိုက်သည်။


စန့်ရှန်းက တစ်ဖက်သို့လှည့်ကာ ဟို့မော့ကို စိုက်ကြည့်လိုက်သည်။ 


"…"

သို့သော် ဟို့မော့က ဂရုမစိုက်ဘဲ သူ့နှာဖူးပေါ်ရှိအဆောင်ကို လေဖြင့်မှုတ်နေဆဲဖြစ်ကာ ရန်ရှူအနား လှည့်ပတ်နေခဲ့သည်။


[ဟို့မော့ နောက်ဆုံးတော့ကစားပွဲကို ပြောင်းပြန်လှန်လိုက်ပြီ... ]


[ကြောက်ကြောက်လန့်လန့် ငိုကြွေးခြင်း...]


[ဘာလို့ ဒီ Escape roomက အတည်တကျဖြစ်ဖို့ ကံမပါလာဘူးလို့ ခံစားနေရတာပါလိမ့်... ]


[ဒါပေမယ့် ရှူရှူရော ဘောစ့်ရော အဲဒါနဲ့ ထိုက်တန်တယ်ထင်တယ်...]


မုန့်ရှင်းယာက ထိုလူအုပ်စုနှင့် နေသားတကျမဖြစ်သေးသောကြောင့် လုယန်ရှင်းကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ငါတို့အခုဝင်ပါသင့်လား...ငါတို့ သူတို့ကို ဝင်ဖြောင်းဖျပေးဖို့လိုလား..."


"မလိုဘူး..."

လုယန်ရှင်းက ပြန်ဖြေလိုက်သည်။  

"အခုကစပြီး အဲဒီလူလေးယောက်နဲ့ ဝေးဝေးသာနေ...သူတို့က ဘယ်တော့မှ အေးချမ်းမှာမဟုတ်ဘူး..."


"ရန်ရှူက လက်စားပြန်ချေတတ်လား..."


"ရန်ရှူက Scorpioလေ..သူက သူ့စိတ်ထဲဟန်ချက်မညီသရွေ့ ရန်ဖြစ်တာရပ်မှာမဟုတ်ဘူး...ပြောရရင် တခြားသူတွေက ရန်ရှူနဲ့ စကားပြိုင်မများရဲဘူး ဒါပေမယ့် ဟို့မော့ကတော့ လုပ်ရဲတယ်...အဲဒါကြောင့်ပဲ သူတို့နှစ်ယောက်က ဒီလောက် နှစ်တွေအကြာကြီးအထိ ရန်ဖြစ်တာမရပ်ခဲ့ကြတာ..."


[သူတို့က အရမ်းကလေးဆန်တာပဲ... ]


[ယာယာ အဖွဲထဲဝင်ဆန့်ဖို့ ကြိုးစားနေတာက အရမ်းချစ်စရာကောင်းတယ်...]


[အစ်ကိုယွီ...အစ်ကိုယွီ...အစ်ကိုယွီ... ]


သူတို့ ထိုဘေးကင်းဇုန်မှ ထွက်လာပြီးနောက် ရန်ရှူက စန့်ရှန်းရင်ခွင်ထဲ၌ပုန်းကာ လမ်းတစ်လျှောက်လုံး လက်စားချေရန် အခွင့်အရေးကို ရှာဖွေခဲ့သည်။


ဟို့မော့က ဆွေ့ဟို့ယွီ၏အကျ်ီစကို ဆွဲထားပြီး သူ့နောက်မှလိုက်ကာ သတိကြီးစွာထားရန် ကြိုးစားခဲ့သည်။


ထိုအချိန်တွင် မုန့်ရှင်းယာ၊ လုယန်ရှင်းနှင့် တန့်ယိဟန်တို့က သူတို့လေးယောက်နှင့် ဝေးနိုင်သမျှ ဝေးဝေးတွင်နေရန် ကြိုးစားခဲ့ကြသည်။


ခဏအကြာတွင် ရန်ရှူက ကျားသစ်နက်အရုပ်ကိုတွေ့ပြီးနောက် ချက်ချင်းပင် စန့်ရှန်း၏ ရင်ခွင်ထဲမှထွက်ကာ အရုပ်ကိုကိုင်၍ ဟို့မော့ကို သွားရှာခဲ့သည်။


ဟို့မော့က အမွေးအမျှင်များသော အရာများကိုကြောက်ရွံ့ပေသည်။ ကျားသစ်နက်က ကြောင်ထက် ပိုကြီးမားပြီး အလွန်ရက်စက်ဟန်ရှိပေသည်။ ဟို့မော့က အလွန်ကြောက်လန့်သွားပြီး မျောက်တစ်ကောင်ကဲ့သို့ ခုန်ဆွခုန်ဆွဖြစ်သွားခဲ့သည်။


ရန်ရှူက သူ အောင်မြင်သွားသည်ကို မြင်ပြီးနောက် လက်ထဲတွင် ကျားသစ်နက်အရုပ်ကိုကိုင်ကာ ဟို့မော့၏အနောက်သို့ ပြေးလိုက်ခဲ့သည်။


သူတို့နှစ်ယောက် အဖွဲ့ထဲမှကွဲထွက်သွားကြပြီး မကြာမီမှာပင် ဖုတ်ကောင်NPC လေးကောင်ထံမှ အလိုက်ခံခဲ့ရကာ ငိုယို၍ အတူပြန်ပြေးလာခဲ့ကြသည်။


အဖွဲထဲရှိလူများက ဖုတ်ကောင်NPC များ လာနေသည်ကို တွေ့ချိန်၌ သဘာဝအတိုင်းပင် လှည့်ကာထွက်ပြေးကြတော့သည်။


သူတို့အဖွဲ့ကို လိုက်မမှီနိုင်သည်ကို မြင်ချိန်တွင် သတ္တိနည်းသော နှစ်ယောက်က ပို၍ပင် ငိုယိုလာခဲ့သည်။


[သူတို့က ငိုနေပေမယ့် ငါကတော့ ရယ်နေရတယ်ဟေး... ]


[ကလေးဆန်တဲ့ နှစ်ယောက်ကို သရဲတစ္ဆေတွေက ကောင်းချီးပေးနေတာပဲ...]


နောက်ဆုံးတွင် သူတို့အားလုံး ဘေးကင်းသောအခန်းသို့ရောက်လာခဲ့ကြပြီး ရန်ရှူက စန့်ရှန်းကို စိုက်ကြည့်ကာ ငိုယိုကျိန်ဆဲ၍ လက်သီးဖြင့်ထုလိုက်သည်။ 

"မင်း တကယ်မြန်မြန်ပြေးသွားတာပဲ...ငါ့ကိုတောင် မစောင့်ဘူး...မင်းနှလုံးသားထဲမှာ ငါမရှိဘူးဆိုတာသိပါပြီ...ငါတို့ လမ်းခွဲကြရအောင်..."


"ဒါပေမယ့်…အဲဒီလို အခြေအနေမျိုးမှာ မင်းလည်း တကယ်ပြေးရမှာပဲလေ...မင်း ကိုယ့်နောက်လိုက်လာတာပဲ မဟုတ်ဘူးလား..."


"အဲဒီလိုဆိုရင်တောင် မင်း ငါ့ထက်မြန်မြန်မပြေးသင့်ဘူးလေ..."


[သူတို့ အကြိမ် 800လောက် လမ်းခွဲခဲ့တာ အံ့သြစရာမရှိတော့ဘူး...]


[ရှူရှူက အဲဒီအကြောင်းကို လေးလေးနက်နက်ပြောခဲ့သေးတယ်...အကြိမ်800 မဟုတ်ဘူး အကြိမ်300ကျော်လောက်ပဲတဲ့...]


[ပုံမှန်မဟုတ်တဲ့သူကပဲ အကြိမ်သုံးရာကျော်လောက် လမ်းခွဲနိုင်တာ... ]


[မစ္စတာစန့်က လမ်းခွဲဖို့တောင်းဆိုခံရတာတောင် မလန့်သွားဘူးနော်... အေးအေးဆေးဆေးပဲ...]


တစ်ဖက်တွင် ဟို့မော့က ဆွေ့ဟိုယွီ၏ အင်္ကျီစကိုဆွဲကာ တိတ်တဆိတ်ငိုယိုနေခဲ့သည်။ 

"အစ်ကိုယွီ…မင်း အရမ်းပြောင်းလဲသွားပြီ...အရင်ကလိုမဟုတ်တော့ဘူး...မင်း ဒီနေ့ရန်ရှူကိုပဲကာကွယ်နေတာ...ငါ့ခံစားချက်တွေကိုတောင် ဂရုမစိုက်ခဲ့ဘူး...အခုလည်းကြည့် မင်းငါ့ကို စောင့်တောင်မစောင့်ဘူး..."


"ငါ မင်းကို စောင့်ရင် မင်းတို့နှစ်ယောက် ပြေးမယ့်လမ်းကို ပိတ်သလိုမဖြစ်သွားဘူးလား..."


"ဒါပေမယ့် မင်းရှိရင် ပိုသက်တောင့်သက်သာရှိသလို ခံစားရမှာပေါ့...ဒါပေမယ့် မင်းကမရှိခဲ့ဘူး..."


"ငါ...ရန်ရှူကိုလည်း မစောင့်ခဲ့ဘူးလေ..."


"ဒါပေမယ့် ရန်ရှူ ငါ့ကို အရုပ်နဲ့ခြောက်တုန်းက မင်း သူ့ကို မတားခဲ့ဘူးလေ...ဘာလို့ အဲဒီလိုလုပ်ရက်ရတာလဲ...ငါအရမ်းမတရားခံရသလို ခံစားရတယ်…"


"ကောင်းပြီ ကောင်းပြီ...ငါမှားသွားပါတယ်... “


"ဒီလိုဆိုလည်း ငါ စိတ်မပါပေမယ့် ခွင့်လွှတ်ပေးလိုက်မယ်..."


မုန့်ရှင်းယာက သူတို့၏ဘေးတွင်ရှိနေခဲ့ပြီး သူတို့လေးယောက်၏ စကားများကိုကြားပြီးနောက် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။

သူတို့နှစ်ယောက်လုံးက သုညဆိုပေမယ့် ဟို့မော့က ရန်ရှူထက် ပိုချော့ရလွယ်တယ်...


(T/N - မုန့်ရှင်းယာက ဟို့မော့ကို shouလို့ထင်နေတုန်းပါပဲ Extra 1အဆုံးနားမှာ အဲ့အကြောင်းပြောဖူးပါတယ်😆)


ဆွေ့ဟို့ယွီနဲ့ ဟို့မော့ရဲ့ ဆက်ဆံရေးက ပိုတည်ငြိမ်တာ အံ့သြစရာမရှိဘူး...


[စီနီယာအစ်ကိုက အလိုလိုက်ခံရတဲ့ ကလေးကြီးတစ်ယောက်လိုပဲ...]


[ဟို့မော့က တကယ့်ကိုသတ္တိနည်းတာပဲ...]


[လူတိုင်းက ငိုရမှာကြောက်တယ် အဲဒါကြောင့် ဘယ်သူ့ကိုမှမနှိမ့်ချသင့်ဘူး...]


တစ်ဖက်တွင် စန့်ရှန်းက ရန်ရှူကို တိုးညင်းစွာပြောလိုက်သည်။ 

"ကိုယ်တို့ အခုလမ်းခွဲမယ်ဆိုရင် ကျန်တဲ့လမ်းတစ်လျှောက်လုံး မင်းဘာသာပဲ လမ်းလျှောက်ရတော့မှာနော်..."


ရန်ရှူက ခဏခန့် တိတ်ဆိတ်သွားခဲ့သည်။

"ဒါဆိုရင်...အပြင်ရောက်မှပဲ လမ်းခွဲကြမယ်..."


"ကောင်းပြီ..."



📽️