Chapter 112
Viewers 12k

📽️ Chapter 112

Extra 18: စန့်ရှန်းနှင့် ရန်ရှူတို့၏ ရသစုံအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှု (End)



တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ရန်ရှူ အိမ်ပြန်လာပြီး စန့်ရှန်းအား အမှားစရှာလေတော့သည်။ 


သူက ယင်းကို အသေအချာ မှတ်မိနေသော်လည်း လွတ်မြောက်ခန်းကို တစ်ယောက်တည်း မဝင်သွားချင်သဖြင့် အပေးအယူလုပ်လိုက်သည်။ 


ထို့နောက် သူထွက်လာသောအခါ ထိုအကြောင်းအရင်းတစ်ခုတည်းဖြင့် လမ်းမခွဲရလျှင် အကြောင်းအရာက အတော်လေး သေးငယ်သွားပုံ ပေါ်နေမည်မှန်း သိနေခဲ့သည်။ 


စန့်ရှန်းက သဘောပေါက်သွားပြီး ရန်ရှူရှေ့တွင် တိတ်တဆိတ် ထိုင်နေလေသည်။ 


ရန်ရှူ သူ့ကို စိုက်ကြည့်၍ ပြောလိုက်သည်။

"ငါ စိတ်ဆိုးရမဲ့ အကြောင်းအရင်း ရှာမတွေ့ပေမယ့် အခု အရမ်းစိတ်ဆိုးနေတယ်…" 


"..."

စန့်ရှန်း တိတ်တဆိတ်သာ နေနေရသည်။ 


ရန်ရှူ ချက်ချင်း အသံမြှင့်ကာ မေးလိုက်သည်။

"မင်းငါ့ကို အသံတိတ် ပြနေတာလား…" 


"ကိုယ်က မင်း ကြိုးကြိုးစားစားလုပ်ခဲ့တာကို လေးစားနေရုံပါ…" 


“…” 


[ဦးလေးကို ဆွံ့အသွားအောင် လုပ်နိုင်တဲ့သူ သိပ်မရှိဘူး... လေးစားပါတယ် မစ္စတာစန့်…] 


[ဖြတ်သွားဖြတ်လာလေး မေးပါဦးမယ်... ဒါက ဘယ်လိုတိုက်ရိုက်ထုတ်လွှင့်မှုမျိုးလဲ…] 


[မိသားစုကျင့်ဝတ် တိုက်ရိုက်ထုတ်လွှင့်မှုပါ…] 


[အံ့သြစရာအကောင်းဆုံး ချစ်သူကောင်လေးဆု…] 


ရန်ရှူ အနည်းငယ်ရှက်သွားသဖြင့် ပစ္စည်းများကို သိမ်းဆည်းနေလိုက်သည်။ 

"ဟိုနားသည်နား ခဏသွားရင်း ချောင်းချွမ်ကွေ့ကို သွားတွေ့မလို့... မင်းလိုက်လာစရာ မလိုဘူး…" 


"အင်း... ကောင်းပြီလေ…" 


စန့်ရှန်းက သူ့ဖုန်းကိုငုံ့ကြည့်နေရင်း ပြောလာသည်။ ရန်ရှူ့ကို လုံးဝပင် တားမလာခဲ့ပေ။ 


ရန်ရှူ အမှန်တကယ် သဘောတူလိုက်ပြီး မျက်လုံးကို ချက်ချင်းပင် ဖွင့်ကာ စိတ်ဆိုးရန် ကြိုးစားလိုက်ပါသော်လည်း ဖုန်းမှ အသိပေးစာ ဝင်လာသံကို ကြားလိုက်ရသည်။

"ငွေပေးချေမှု | Alipay | ယွမ်ငါးသိန်းကို သင့်အကောင့်ထဲသို့ ထည့်သွင်းပြီးပါပြီ" 


စန့်ရှန်းက တစ်ချိန်တည်းမှာပင် ပြောလိုက်သည်။

"သုံးလို့ မကုန်မချင်း ပြန်မလာနဲ့…" 


အရမ်းနှိပ်ကွပ်တာပဲ... 


ထိုစကားကို ကြားသောအခါ ရန်ရှူ မထိန်းနိုင်ဘဲ ရယ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်း၍ သူထိန်းထားနိုင်ခဲ့သည်ကြောင့်သာ။


စန့်ရှန်း အနားယူရန် အိပ်ခန်းထဲသို့ ဝင်သွားသည်ကို ကြည့်လိုက်ပြီးနောက် ရန်ရှူက ချောင်းချွမ်ကွေ့ကို လှမ်းခေါ်ကာ နှစ်ယောက်သား စျေးဝယ်ထွက်ခဲ့ကြသည်။ 


သူတို့နှစ်ယောက် ဝတ်စားပြင်ဆင်ပြီးနောက် အနီးအနားရှိ ရှော့ပင်းမောလ်သို့ သွားခဲ့ကြသည်။ 


ချောင်းချွမ်ကွေ့က စျေးဝယ်နေရင်းက ပြောလာသည်။

"ဒီရက်ပိုင်း မင်းရဲ့ လိုက်ဖ်ကို ကြည့်လိုက်သေးတယ်... စျေးဝယ်ထွက်ဖို့ အားရှိနေတုန်းပဲနော်... မင်းရဲ့ ခွန်အားက တကယ် ကောင်းတာပဲ…" 


"ငါက အရင်ကတည်းက ကောင်းပြီးသားပါနော်…"

ရန်ရှူ အလွန် ဂုဏ်ယူနေပြီးနောက် လှည့်လိုက်သည်။ ဤကိစ္စကို စန့်ရှန်း မသိသွားနိုင်ဟု တွေးမိလိုက်သည်။ ထိုသို့မဟုတ်လျှင် သူအိမ်ရောက်သည်နှင့် ဖိသတ်ခံရနိုင်သည်။ 


နှစ်ယောက်သားက ပစ္စည်းအချို့ ဝယ်ခဲ့ကြသည်။ ထိုတစ်လျှောက်လုံး ချောင်းချွမ်ကွေ့က ရန်ရှူကို ကူညီရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ပစ္စည်းတစ်ခုချင်းစီ၏ လုပ်ဆောင်ပုံအကြောင်း ပြောဆိုနေကြကာ ရန်ရှူ၏ အသားအရေပုံစံနှင့် သင့်တော်မည့်ပုံမျိုးကို ရွေးချယ်ပေးခဲ့သည်။  


ရန်ရှူက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

"ငါမင်းကို နည်းနည်းလောက်ပေးမယ်... လောင်ကုန်းက မုန့်ဖိုးပေးထားတယ်လေ" 


"မလိုပါဘူး... ငါ့ပစ္စည်းအများစုက ဘရန်းတွေဘက်က လက်ဆောင်ပေးထားတာတွေ…" 


[‌ဗျူးတီးဘလော့ဂါတစ်ယောက်နဲ့ ရှော့ပင်းထွက်ရတာ အကောင်းတကာ့ အကောင်းဆုံးပဲ…] 


[ငါစိတ်ကူးယဥ်ဖူးတဲ့ သူငယ်ချင်းမျိုး…] 


[ချောင်းချောင်းနဲ့ ရန်ရန်တို့က ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး…] 


[မုန့်ဖိုးက ယွမ်ငါးသိန်းတဲ့လား…] 


[‌မစ္စတာစန့်နဲ့ ချစ်သူဖြစ်ရတဲ့ ပျော်ရွှင်မှုကို ခံစားမိနေပါပြီ…] 


[ကောင်တာကျဲကျဲက မှတ်မိသွားပုံပဲ…] 


[အလှပြင် ပစ္စည်းရောင်းတဲ့သူက ချောင်းချောင်းကို မသိနိုင်လောက်ဘူးလား…] 


နှစ်ယောက်သား ငွေရှင်းသောအခါ ကောင်တာကျဲကျဲက သတိကြီးကြီးဖြင့် မေးလာသည်။

"ဓါတ်ပုံရိုက်လို့ရမလား…" 


ချောင်းချွမ်ကွေ့က ယဥ်ကျေးစွာပြန်ဖြေလိုက်သည်။ 

"လက်မှတ်တစ်ခုခု ထိုးပေးမယ်ဆိုရင်ရောအဆင်ပြေလား... ကိုယ်တို့အလုပ်က နည်းနည်းအထိမခံတော့ မင်းနဲ့ ဓာတ်ပုံရိုက်လိုက်ရင် ဘရန်းဘက်က လွယ်လွယ်ဖမ်းမိသွားနိုင်တယ်လေ... မင်းတို့မိသားစုက သေချာပေါက် ဒီလိုလုပ်မယ်လို့ ပြောချင်တာ မဟုတ်ပါဘူး... ကိုယ်တို့လောကအတွက် အဆင်မပြေလို့ပါ…" 


"ဟုတ်... နားလည်ပါတယ်…"

ကောင်တာကျဲကျဲက အလွန်ပျော်ရွှင်နေဆဲဖြစ်ပြီး သူတို့ကို အလျင်အမြန် ကျေးဇူးတင်စကား ပြောလာသည်။ 


နှစ်ယောက်လုံးက သူတို့၏အမည်များကို လက်မှတ် ထိုးပေးလိုက်ကြသည်။ 


သူတို့နှစ်ယောက်က ပစ္စည်းများသယ်လျက် လည်ပတ်ခဲ့ကြပြီး တစ်ခဏအကြာတွင် ရှောင်ချီ ရောက်လာကာ ပစ္စည်းများ ကူသယ်၍ ကားဆီလိုက်ပို့ပေးခဲ့သည်။ 


သူတို့နှစ်ယောက်က အစာသွပ်မုန့်ဆိုင်လေးထံ သွားကာ အစာသွပ်မုန့်အချို့နှင့် ဖျော်ရည်အေးလေးများ မှာယူခဲ့သည်။


ရန်ရှူက ရေခဲမုန့် တစ်ကိုက်စားပြီးနောက် မျက်လုံးလေးများ ဝင်းလက်သွားသည်။

"စားကောင်းလိုက်တာ…" 


ချောင်းချွမ်ကွေ့က မုန့်တစ်ခုစီကို တစ်ကိုက်သာ စားနိုင်ခဲ့သည်။

"အချိုတွေ အများကြီး စားရင် ဝက်ခြံတွေ ထွက်ပြီး ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ထိခိုက်မှာစိုးတယ်... အခု ငါ့ဘဝကို လူကြီးလူကောင်းနဲ့အတူရှိဖို့ ရင်းထားရတာ…" 


"ဒါဆို ဝက်ခြံပျောက်တဲ့ပစ္စည်းတွေ ယူသွားလေ…"

ရန်ရှူ ဆက်ပြောလိုက်သည်။

"ဒါပေမယ့် မင်းဝက်ခြံတွေက အချိုတွေ စားတာကြောင့် မဟုတ်လောက်ဘူး... ဝက်ခြံပျောက်တဲ့ ပစ္စည်းတွေစမ်းလို့ရအောင် တမင်ထွက်ပေးတာပဲ ဖြစ်မယ်…" 


[ငါကြားလိုက်တယ်…] 


[တကယ်ပါ ငါတို့ကို အပြင်လူလို မဆက်ဆံတော့ဘူးပဲ…] 


ရန်ရှူ လှမ်းကြည့်လိုက်ရာ နောက်ထပ် ရေခဲမုန့်ဘူးလေးများကို တွေ့လိုက်ရသဖြင့် အပြင်ဘက်ကို အကြာကြီး စိုက်ကြည့်နေလိုက်သည်။ 


ချောင်းချွမ်ကွေ့လည်း လိုက်ကြည့်၍ မေးလိုက်သည်။ 

"ဘာဖြစ်တာလဲ…" 


ရန်ရှူ လက်ဆန့်၍ လက်ညှိုးထိုးပြလိုက်သည်။

"ဒီမပြုံးတတ်တဲ့ အလတ်စကာကိတ်တွေကို ကြည့်စမ်းပါအုံး... စန့်ရှန်းနဲ့ မတူဘူးလား…" 


"စားလို့ကောင်းတယ်... စန့်ရှန်းစားဖို့ ဝယ်သွားရမယ်…" 


ပြောပြီးသည်နှင့်ထကာ ကိတ်သွားမှာလေတော့သည်။ 


ထုပ်ပိုးပြီးနောက် ချောင်းချွမ်ကွေ့ ပြန်လာကာစားသောက်နေဆဲ ဖြစ်သည်။ သူက ရန်ရှူတစ်ယောက် ကိတ်ကို ယူကာ ချက်ချင်းထွက်သွားတော့မည်ပြုနေသည်ကို မြင်သောအခါ စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။

"အစ်ကိုရန်... မင်းဘယ်သွားမလို့လဲ…"  


"သူတို့ပြောတာ ဒီအအေးစက်က ဆယ်မိနစ်ပဲ အာမခံနိုင်တယ်တဲ့... ဆယ်မိနစ်ကြာသွားရင် ဂရုစိုက်ရတော့မှာ... ငါမြန်မြန် ပြန်မှဖြစ်မယ်…" 


"ငါကရော…" 


"အရင်စားနှင့် ပြီးမှ ဒရိုင်ဘာကို လိုက်ပို့ခိုင်းလိုက်မယ်…" 


“ငါ့ဟာလည်း ထုပ်လိုက်တော့မယ်လေ…"

ချောင်းချွမ်ကွေ့ မြန်မြန်ထုပ်ပိုးလိုက်သည်။ သူ့ကိတ်ကို ထုပ်ပိုးပြီးနောက် ရန်ရှူနောက်သို့ လိုက်ကာ မောလ်ထဲမှ ထွက်လာခဲ့သည်။ 


[သူတို့နှစ်ယောက်ကို ကြည့်ရတာ မောလ်ထဲကိုဝင်ပြီးတော့ ပစ္စည်းတွေအမြန်ခိုးပြီး ထွက်လာတဲ့ သူခိုးလေးတွေ ကျနေတာပဲ…] 


[ဦးလေးရန် ကိတ်ကိုကာကွယ်နေတာ တကယ်ရယ်စရာကြီး…] 


ချောင်းချွမ်ကွေ့က ကားထဲတွင် ဝင်ထိုင်လိုက်ရင်း သူ့ကို ဆူပူကြိမ်းမောင်းလေတော့သည်။

" မင်းလိုအပ်ရင် စျေးလိုက်ဝယ်ပေးရတယ်... မလိုအပ်တဲ့အခါကျ မင်းကောင်လေးကို ကိတ်သွားပို့ဖို့လောက်နဲ့ ငါ့ကို စွန့်ပစ်သွားတော့တာပဲ... ငါက လိုသုံးလေးပေါ့လေ ဟုတ်လား…" 


“…” 

ရန်ရှူက တဲ့တိုး မပြောရဲသဖြင့် နားမထောင်ချင်ယောင်ဆောင်နေခဲ့သည်။ 


"သူ့ကို စိတ်ဆိုးနေတာ မဟုတ်ဘူးလား... ဘာလို့ ကိတ်ဝယ်ပေးရသေးတာလဲ…" 


"ငါက... သူ့ကို မြည်းခိုင်းချင်ရုံပါ…" 


[ဦးလေး ကိတ်ကို သေသေချာချာ ပိုက်ထားတာ စိတ်ဝင်စားစရာကောင်းတယ်... ချစ်စရာလေး…] 


[ဘောစ်က သူ့ကို မချစ်ဘဲ ဘယ်နေနိုင်ပါတော့မလဲ…] 


[ငါလည်း ချစ်တယ်…] 


[ဦးလေး ချစ်ပြနေတာက ငါထင်ထားသလောက် စိတ်ရှုပ်စရာမကောင်းပါလား…] 


[စန့်ရှန်းက ဦးလေးအတွက် အကောင်းဆုံးတွဲဖက်လို့ပဲ ပြောနိုင်တယ်... ငါတို့သာ အဲ့လိုလူကို တွေ့ရင် သည်းခံနိုင်မှာ မဟုတ်ဘူး…] 


ရန်ရှူ ကိတ်ကိုသယ်ကာ အိမ်ပြန်လာခဲ့ပြီးနောက် တံခါးဝတွင် အော်ဟစ်လိုက်သည်။

"စန့်ရှန်း…" 


စန့်ရှန်းက ဆေးကြောပြီးကာစဖြစ်ပုံရပြီး ထွက်လာ၍ မေးသည်။

"ပြန်လာပြီလား…"


သူ့ဆံနွယ်လေးများက စိုစွတ်နေဆဲ ဖြစ်သော်ငြား တဘက်နှင့် သုတ်ထားပုံရပြီး နဖူးပြင်ထက်တွင် ဝွဲကျနေခဲ့သည်။ အနက်ရောင် ညအိပ်ဝတ်စုံ ဝတ်ထားပုံက စီးပွားရေးသမားဆန်ဆန်ပင်။


ထိုအခိုက်တွင် တင်းမာလွန်းသော လူတစ်ယောက်က နူးညံ့မှုရေးရေးလေး ပြသလာသည်။ 


ပုံမှန်အားဖြင့် စန့်ရှန်း၏ ယခုလိုဘက်ခြမ်းကို ရန်ရှူသာမြင်နိုင်သော်ငြား လက်ရှိတွင်မူ လူတိုင်းကို တိုက်ရိုက်လွှင့်ပြနေသဖြင့် ရန်ရှူ ရုတ်တရက် စိတ်ပူသွားသည်။ 


"အင်း... ကိတ်ဝယ်လာတယ် ရေခဲသတ္တာထဲ ထည့်ထားလို့ရတယ်…"

ရန်ရှူက ကိတ်ကို စန့်ရှန်းလက်ထဲသို့ ထည့်ပေးလာသည်။ 


စန့်ရှန်းက များများစားစား မတွေးမိဘဲ ရေခဲသေတ္တာထဲသို့ အတည်ကြီး သွားထည့်လိုက်သည်။ 


ရန်ရှူက နောက်မှ လိုက်လာပြီး ကြည့်နေသည်။ သူ့ခမျာ စိတ်မရှည်နိုင်တော့ပေ။

"စားတောင်မစားကြည့်ချင်ဘူးလား…" 


စန့်ရှန်းက ရန်ရှူကို ပြန်ကြည့်လိုက်ပြီး ခဏတာခွဲခြမ်း စိတ်ဖြာလိုက်ပြီးနောက် အော်ရယ်လာခဲ့သည်။

"ကိုယ့်အတွက် ဝယ်လာတာလား…" 


"စားကောင်းမယ်ထင်လို့…" 


[နေရခက်နေတာပဲ...] 


[စိတ်ဆိုးနေတဲ့ပုံမလုပ်ဘဲ တန်းပြောလို့မရဘူးလား…]


[ငါကတော့ ချစ်စရာကောင်းလိုက်တာလို့ တွေးနေတာ…] 


[ဒီလိုလူမျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတာ တကယ်ပင်ပန်းလောက်တယ်…] 


စန့်ရှန်းက ကိတ်ဘူးကို ဖွင့်ကြည့်လိုက်သောအခါ ယင်းကို တွေ့လိုက်ပြီးနောက် နားလည်သွားခဲ့သည်။ သူက ကိတ်ကို အစိတ်လေးများ စိတ်ပြီးနောက် စားပွဲတွင် ဝင်ထိုင်၍ တိတ်ဆိတ်စားလိုက်လေသည်။ 


ရန်ရှူက သူ့ကို အားတက်သရော ကြည့်နေခဲ့ပြီး မေးလိုက်သည်။

"စားကောင်းလား…" 


"အင်း... ကောင်းပါတယ်... တအားကြီး ချိုဆိမ့်မနေဘဲ လက်ရာကောင်းတယ်…"


"အင်းလေ ဒါကြောင့်ပဲ ဝယ်လာခဲ့တာပေါ့... ဘာပဲဖြစ်ဖြစ်လေ... ဘယ်သူ့ကို ပိုကြိုက်လဲ…" 


စန့်ရှန်းက သူ့ကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်လာသည်။

"ဒါက ဖြေရခက်တယ်…" 


"ဘာလို့လဲ…" 


"မင်းကို ပိုချစ်တယ်လို့ ပြောရင်ကျ အရင်က မင်းကို သိပ်မချစ်ခဲ့ဘူးလို့ ပြောလာမှာ... မဟုတ်ရင် ရှေ့ဆက်တိုးပြီး ပိုချစ်စရာအကြောင်းမရှိဘူးလေ... ဘာကိုမှ မကြိုက်ဘူးလို့ ပြောရင် မင်းက အစားအသောက်ဝယ်လာပေးတာတောင် မတုန်မလှုပ် လုပ်နေလို့ မျက်လုံးဖြူဝံပုလွေကောင်လို့ တွေးနေမှာ…" 


“…” 


[ဘောစ့်က ဦးလေးရဲ့ လွတ်လမ်းတွေအားလုံး ခန့်မှန်းထားပြီးသား ဖြစ်နေတာပဲ…] 


[သေချာပေါက်ပဲ.... သူက ရှူရှူအကြောင်း အသိဆုံးလူ…] 


ရန်ရှူက အဆုံးတွင် ရုတ်တရက် အလှည့်အပြောင်း လုပ်လိုက်မည်ကို မည်သူမှ ထင်ထားကြမည် မဟုတ်ပေ။

"စန့်ရှန်း... မင်း ဒီလောက်ထိ တွေးနေမယ်လို့ မထင်ထားခဲ့ဘူး…" 


စန့်ရှန်း ကြောင်အသွားသည်။ 


ရန်ရှူ အပြောကောင်းကောင်းဖြင့် ဆက်ပြောနေခဲ့သည်။ 

"ငါကတော့ မင်းစားဖို့ဆိုပြီး တစ်လျှောက်လုံး ကိတ်ကို သယ်လာခဲ့ရတာတောင် ကျေးဇူးတင်မခံရဘူး... မင်းကတော့ ငါ့ကိုတွက်ချက်နေတယ်ပေါ့လေ... မင်းစိတ်ထဲမှာ ငါက ဒီလောက်ပဲ ရှိတာပေါ့.... ဒီလောက် နှစ်တွေအကြာကြီးတွဲလာတာ ခွေးစာကျွေးလိုက်သလိုပါပဲလား…" 


"ဝိုး…"


“…”

ရန်ရှူ ရပ်သွားသည်။ 


စန့်ရှန်းက နောက်တစ်ကိုက် ကိုက်ကာ ထပ်ပြောလိုက်သည်။

"ဝိုး... စားကောင်းလိုက်တာ…" 


ရန်ရှး ရုတ်တရက် ပျော်မြူးသွားလေသည်။ 


[မစ္စတာစန့်က လမ်းခွဲမဲ့အရေးကနေ အောင်အောင်မြင်မြင် လွတ်မြောက်သွားပြန်ပါပြီ…] 


[မစ္စတာစန့်က ချော့တဲ့နေရာမှာ တော်တယ်နော်…] 


[ဦးလေး ပါးစပ်က ပြောတဲ့ စကားလုံးတိုင်းက ငါ့ကို ဒေါသထွက်စေပေမယ့် မစ္စတာစန့်ကတော့ ဒါကို အရမ်းကြိုက်သလိုပဲ... ငါ ငွေအများကြီး မရှာနိုင်တာ ငါ့ပုံစံကို မပြောင်းလဲမိလို့လား…] 


[သူတို့တွေ ဒီလောက်ကြာကြီး တွဲနိုင်ကြတာအံ့သြစရာ မရှိတော့ဘူး…] 


နှစ်ယောက်သားက ထိုအခြေအနေတစ်ခုတွင် နှစ်ရက်သာ နေခဲ့ကြပြီး ရန်ရှူမှာ စန့်ရှန်းနှင့် လမ်းခွဲချင်နေဆဲပင်။ 


*****


ရန်ရှူ ဆွေ့ဟို့ယွီ၏အိမ်သို့ ပြေးလာသောအခါ သူတို့နှစ်ယောက်(ဆွေ့ဟို့ယွီနဲ့ဟို့မော့) အလန့်တကြား ဖြစ်သွားလေသည်။ 


သူတို့က အားကစားသမားများ ဖြစ်နေဆဲပင်။ သူတို့သာ အတွဲဖြစ်ကြောင်း ဖွင့်ချပြလိုက်လျှင် သက်ရောက်မှုများစွာ ဖြစ်လာစေနိုင်သည်။ တစ်ချက်က ပြိုင်ပွဲအပေါ် သက်ရောက်လာနိုင်စေ၍ ဖြစ်သည်။ ထိုအချက်ကပင် သာ၍ဆိုးနေသဖြင့် နှစ်ယောက်သား၏ ဆက်ဆံရေးကို ဖုံးကွယ်ထားခဲ့ကြသည်။ 


ရန်ရှူက တိုက်ရိုက်ထုတ်လွှင့်နေလျက် ရောက်ရှိလာလေရာ ဟို့မော့မှာ ဗီရိုထဲ အမြန်ဝင်ပုန်းလိုက်ရပြီး ပါးစပ်မှာလည်း ရှုံ့မဲ့နေကာ ရန်ရှူကို အကြိမ်ရှစ်ရာမက တိတ်တဆိတ် ကျိန်ဆဲနေခဲ့ရသည်။ 


သူက ရန်ရှူ ဧည့်အခန်းထဲသို့ ရောက်လာသည်နှင့် ကောင်မလေးတစ်ယောက်သဖွယ် ပုန်းအောင်းခဲ့ရ၏။ 


ဆွေ့ဟို့ယွီက ရန်ရှူတစ်ယောက် သူ့ကို ပြောဆိုနေရင်း အလျင်အမြန် ရောက်ချလာသည်ကို တွေ့လိုက်ရသည်။ 

"လမ်းခွဲမယ်... ဒီတစ်ခါတော့ လုံးဝ လမ်းခွဲတော့မှာ... သူ့ကို သည်းမခံနိုင်တော့ဘူး…" 


ဆွေ့ဟို့ယွီ: “…” 


ရန်ရှူ ဒေါသတကြီး ထိုင်ချလိုက်သည်။ ဆိုဖာပေါ် ထိုင်နေရင်း သူမေးလိုက်သည်။

"ဒီတစ်ခါတော့ သူ ဘယ်လောက်တောင်လွန်လဲသိလား…" 


"မသိဘူးလေ…" 


"ကျွန်တော် သူနဲ့ လမ်းလျှောက်တော့ ကျွန်တော့်အရိပ်ပေါ် မနင်းပါနဲ့လို့ ပြောတာလေ... ကျွန်တော့်အတွက် ကံမကောင်းတာဖြစ်မှာစိုးလို့... သူက နားမထောင်ဘူး... ရအောင် နင်းလိုက်သေးတယ်…" 


ထိုအခိုက်တွင် ဆွေ့ဟို့ယွီ ဆဲချင်မိသွားသည်။ 


[အစ်ကိုယွီအတွက် စိတ်မကောင်းလိုက်တာ…] 


[လူချောလေး ပြောစရာမဲ့သွားပြီ… ] 


[ဒါက တော်တော်လေး ကြမ်းတမ်းနေပေမယ့် ဦးလေးက တကယ် ဒေါသထွက်နေတာ…] 


[အစ်ကိုယွီ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကို မင်း ဘယ်လို ဖြတ်သန်းခဲ့ရမှန်း ငါတို့ သိလိုက်ပါပြီ…] 


ရန်ရှူဆက်ပြီး တိုင်တန်းနေသည်။

"မတွေးတတ်တော့ဘူး... သူ စကားနားမထောင်သလို လုပ်ပြတာက ချစ်စရာကောင်းတယ်လို့များ ထင်နေတာလား... သူက အသက်ဘယ်လောက်မို့လဲ... ခြေထောက်ဆိုဒ်တောင် 46ဖြစ်နေပြီ... ကြီးလွန်းလို့ ကျွန်တော့်အရိပ်ကိုတောင် အပြည့်နင်းနိုင်နေတာ... ဒါဘယ်လောက်တောင် နာကျင်ရလဲ သိရဲ့လား…" 


ဆွေ့ဟို့ယွီက ဘယ်ညာကြည့်လိုက်သဖြင့် ရန်ရှူ ပဟေဠိ ဖြစ်သွားလေသည်။

"ဘာဖြစ်လို့လဲ... အစ်ကိုယွီ…" 


အဆုံးတွင် ဆွေ့ဟို့ယွီက ကြက်မွေးတံကို ထုတ်လိုက်ရာ ရန်ရှူ ချက်ချင်း လှည့်ကြည့်လိုက်ပြီးနောက် ပုန်းနေလိုက်သည်။ 


"အခုထွက်သွားတော့... ငါ မင်းကို မရိုက်ဘူး…"

ဆွေ့ဟို့ယွီက ဒေါသတကြီး အော်လိုက်သည်။ 


ရန်ရှူက အဆုံးတွင် အသိပြန်ဝင်သွားပြီး တံခါးဆီသို့ အော်ဟစ်လိုက်သည်။

"အစ်ကိုယွီ... ဒေါသထွက်နေတာ တကယ် မဟုတ်ဘူးမလား…" 


"ငါအခု တကယ် ဒေါသထွက်နေတာ…" 


"သြော်…" 


ဆွေ့ဟို့ယွီ တွေးကြည့်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်၊ 

"ထားလိုက်တော့ ပြန်လာ... စန့်ရှန်းကို လာကြိုခိုင်းလိုက်မယ်…" 


ထို့နောက် ဖုန်းထုတ်ကာ စန့်ရှန်းထံ စာပို့လိုက်သည်။ [ဘယ်မှာလဲ] 


စန့်ရှန်း: [မင်းတို့အိမ်တံခါးဝမှာ] 


ဆွေ့ဟို့ယွီ: [ဒါဆို အဆင်ပြေတယ်... ဝင်လာခဲ့လိုက်]


စန့်ရှန်း: [ဟုတ်ပြီလေ] 


စန့်ရှန်းတစ်ယောက် ရန်ရှူ ကမူရှူးထိုး ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ သူသွားနိုင်မည့်နေရာကို တွေးထားပြီးသားပင်။ 


မည်သို့ပင်ဆိုစေကာမူ ရန်ရှူကို သွားကြိုရမည်ဖြစ်ရာ ဆွေ့ဟို့ယွီ၏ အိမ်အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။  


သုံးမိနစ်ကြာသောအခါ စန့်ရှန်းက ဆွေ့ဟို့ယွီ၏ အိမ်ထဲသို့ ဝင်လာပြီး ရန်ရှူကို ခေါ်ထုတ်သွားသည်။ 


ရန်ရှူက ထွက်မသွားခင် မေးနေဆဲဖြစ်သည်။

"ဘာမှားလဲ သိပြီလား…" 


"အင်း…"

စန့်ရှန်းက သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ 


"စိတ်ရင်းလည်း မပါဘဲနဲ့…" 


"ကိုယ်တို့အခု ပြန်မှရမယ်... ကိုယ်မင်းကို တောင်းပန်ပါ့မယ်... ပြန်ကြရအောင်နော်…" 


"အင်း... ကောင်းပြီလေ…" 


[ဒီလောက်နဲ့ ပြီးသွားပြီလား] 


[လမ်းခွဲခြင်းအရေအတွက် +1လား ] 


[ဒါက အကြိမ်တစ်ရာလောက် ဖြစ်ခဲ့တဲ့ပုံစံမျိုးပေါ့နော်] 


[ကြည့်ရတာ အစ်ကိုယွီဆီကို ဒရာမာတွေ ကဒ်လုပ်လိုက်ဖို့ လာသလိုပဲ အစ်ကိုယွီ ဒါကြောင့် ဒေါသထွက်သွားတာ] 


နှစ်ယောက်သား ထွက်သွားသောအခါ ဆွေ့ဟို့ယွီ ဗီရိုတံခါးကို ဖွင့်လိုက်ပြီး အထဲမှလူအား ပြောလိုက်သည်။

"ထွက်ခဲ့တော့... သူတို့တွေသွားပြီ…" 


ဟို့မော့က ဗီရိုထဲမှ ထွက်လာပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။

"စိတ်ရှုပ်စရာကောင်းလိုက်တာ... တစ်သက်လုံး ရန်ဖြစ်သွားကြမလား မသိဘူး…" 


“ရန်ရှူက ကိုးရက် လိုက်ဖ်လွှင့်မှာ…" 


"အဲ့ဒီတော့…" 


"နှစ်ယောက်စလုံးက ထိန်းထားကြရတာဆိုတော့ ပြဿနာ ပိုဆိုးလာတာ သဘာဝကျပါတယ်…" 


ဟို့မော့ တွေးကြည့်လိုက်သည်။ အမှန်ပင်။ သူ ချက်ချင်းဆိုသလို အကျယ်ကြီး ရယ်ချလိုက်သည်။ 


သူ ထိုင်ချပြီးသွားသောအခါ စန့်ရှန်းထံ စာပို့လိုက်သည်။ 

"အခုတလော လျှောက်လွှာလေးတွေ အများကြီး ရှိနေတာ... ပိတ်ရက်လေးက တကယ်ကောင်းမှာပဲ…] 


စန့်ရှန်းက အမြန် စာပြန်လာသည်။ 

[အဲ့ဒါတွေ သုံးရတာ မကြိုက်ဘူး…] 


တစ်ခဏမျှ တွေးကြည့်လိုက်ပြီးနောက် ဆွေ့ဟို့ယွီအား ကြည့်လိုက်သည်။ 


ဆွေ့ဟို့ယွီက သူ့အား ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

"ဘာတွေ စဥ်းစားနေတာလဲ…" 


"ငါလည်း စမ်းကြည့်ချင်တယ်…" 


"ဘာကို စမ်းမှာလဲ…" 


"ထွက်လာအောင်လေ…" 


"ဟမ်…" 


ချက်ချင်းဆိုသလို ဟို့မော့က သူ့အား ခုန်အုပ်လာခဲ့သည်။ 


လိုက်ကာများ မချထားသဖြင့် အခန်းက နေရောင်ကြောင့် လင်းလက်နေခဲ့သည်။ သို့သော်ငြား ညအချိန်မှသာ ထွက်လာတတ်သည့် အသံအချို့ကို ထုတ်လွှင့်ပေးနေခဲ့လေသည်။



📽️