Volume 1 (သေမျိုးနယ်မြေ ၀၄၇)
Chapter 47 (အလံကိုင်သူ)
ထိုစကားများကို လင်ချီးယဲ့ကြားသောအခါ နေရာမှာတင် သူအေးခဲသွားသည်။
အမှန်တော့ သူ အရင်က အထပ်များကို လျှောက်ကြည့်သောအခါ မကောင်းဆိုးဝါး ကူးစက်ခံရသူအများစုသည် မိန်းကလေးများဖြစ်နေတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရသည်။ လီယိဖေးက ဒီလိုပြောပြီးနောက်မှာ တစ်ခုခုမှားနေပြီဆိုတာ သူသိလိုက်ရသည်။
"အဲဒီဒဏ္ဍာရီလာသတ္တဝါက မိန်းကလေးအိပ်ဆောင်ကနေ ပေါ်လာတာများလား။" လင်ချီးယဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
သူသည် နားကြပ်ကိုဖွင့်ပြီး အသံကိုလျှော့ကာ ပြောသည်။
"အစ်မဟုန်ယင်း ဘယ်မှာလဲ။"
"ရုံးခန်းထဲကထွက်လာပြီ၊ ဘာဖြစ်တာလဲ။"
လင်ချီးယဲ့သည် သူ့ထင်မြင်ချက်ကို ပြောပြီး တစ်ဖက်က ဟုန်ယင်းသည် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ နင် အလံတင်ဖို့သွားနေတုန်း ငါတို့ မိန်းကလေးအိပ်ဆောင်ကို သွားလိုက်မယ်။"
"အင်း။"
ချီတက်နေသည့် သီချင်းကို တီးမှုတ်ခြင်းဖြင့် လင်ချီးယဲ့၏အတန်းသည် စင်္ကြံတစ်လျှောက် လမ်းလျှောက်ထွက်ကာ အလံတင်သည့် ပလက်ဖောင်းဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။
အလံတင်အခမ်းအနားကျင်းပသည့်နေရာသည် သင်ကြာရေးအဆောက်အအုံရှေ့က ကွင်းပြင်နေရာဖြစ်သည်။ တည်နေရာက ကြီးကြီးမားမားတော့ မဟုတ်ပေ။ အထက်တန်းကျောင်း၏ အတန်းသုံးတန်းကျောင်းသားများ စုဝေးကြပြီး အခြေခံအားဖြင့် သူတို့ကြားတွင် နေရာလွတ်မရှိပေ။
"နောက်က ကျောင်းသားတွေ ဆက်လိုက်ခဲ့။ မြန်မြန်။"
"ငါ့ကို မတိုးနဲ့လေ။"
"အိုး မြန်မြန်လုပ်။"
"ဘယ်လိုလုပ် ငါမြန်မြန်သွားနိုင်မှာလဲ။ ငါ့ရှေ့ကလူတွေ ဟိုမှာပိတ်နေတာကို ငါဘာတတ်နိုင်မှာလဲ။"
"ဟမ်။ ငါ့ရှေ့ကလူ ဘယ်ရောက်သွားတာလဲ။"
"မင်းရှေ့ကလူက ဘယ်သူလဲ။"
"လင်ချီးယဲ့၊ သူဘယ်ထွက်သွားတာလဲ။"
"ငါမသိဘူး၊ အခုလေးတင်ပဲ။"
"ဟမ်။ လီယိဖေးလည်း မရှိတော့ဘူး။"
အတန်းဖော် တော်တော်များများ ကြောင်တောင်တောင်ဖြစ်နေချိန်တွင် လင်ချီးယဲ့နှင့် လီယိဖေးတို့သည် အဖွဲ့ထဲမှ အစောကြီး ထွက်သွားကြပြီး ရှုပ်ထွေးနေသောလူစုလူဝေးကို ဆန့်ကျင်ကာ အတန်းတိုင်းတွင် ပြေးလွှားနေကြသည်။
လင်ချီးယဲ့၏ စိတ်အာရုံခံစားမှု အကွာအဝေးသည် မီတာ ၂၀ သာရှိသည်။ ကျောင်းသား ၂,၀၀၀ ကျော်ကို သူလွှမ်းခြုံထားလိုပါက အမြဲတစေ ပတ်ပတ်လည်တွင် လှုပ်ရှားနေရမည်။
"လင်ချီးယဲ့။ လင်ချီးယဲ့။ မင်းစုံစမ်းစစ်ဆေးတာ ပြီးပြီလား။ သီချင်းပြီးသွားပြီ၊ အလံ လွှင့်တော့မယ်။" လီယိဖေးသည် အနီးနားရှိ အတန်းဖော်များကို ခက်ခက်ခဲခဲ တွန်းထုတ်လိုက်ပြီး သူ့ရှေ့က လင်ချီးယဲ့အား ပြောလိုက်သည်။
"မပြီးသေးဘူး၊ တစ်ဝက်ကျန်သေးတယ်။"
"ဒါဆို ငါတို့ဘာလုပ်ကြမလဲ။ အားလုံးက တန်းစီနေပြီး သီချင်းရပ်သွားတဲ့အခါ ငါတို့ကိုရှာတွေ့သွားလိမ့်မယ်။"
ယခုအချိန်တွင် အဆက်မပြတ် တီးမှုတ်နေသည့် ချီတက်တေးသီချင်းသံက သေးငယ်လာပြီး လူစုလူဝေးကြားတွင် ပြေးလွှားနေသော ကျောင်းသားနှစ်ဦးသည် ပို၍ပို၍ပေါ်လွင်လာကာ လူအများက သူတို့အား ညွှန်ပြနေကြပြီဖြစ်သည်။
လင်ချီးယဲ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ လီယိဖေး ပြောတာ မှန်သည်။ လူတိုင်း မတ်တတ်ရပ်ပြီးနောက် သူတို့ဆက်သွားနေမည်ဆိုပါက အာရုံစူးစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဖြစ်သည်။ သူတို့တွေ အတင်းအကျပ် ဆက်လက်ရှာဖွေနေပါက ဆရာကပင် သူတို့ကို တားဆီးလိမ့်မည်။
သို့သော် သူအဲဒီမှာရပ်ပြီး ကျောင်းတစ်ကျောင်းလုံးရှိ အတန်းသုံးတန်း၏ ကျောင်းသားများနှင့် ဆရာများကို အပြည့်အဝစူးစမ်းလိုပါက ကျောင်းဆင်းသည်အထိစောင့်ကာ တံခါးဝတွင် စောင့်နေမှရလိမ့်မည်။
ဒါကကြာလွန်းပြီး ပြောင်းလဲမှုများလွန်းသဖြင့် သူတို့မစောင့်နိုင်ပေ။
လင်ချီးယဲ့၏ ဦးနှောက်သည် လျင်မြန်စွာ လည်ပတ်နေပြီး ရုတ်တရက် သူ့မျက်လုံးထောင့်မှ အလံကိုင်အဖွဲ့ကို အဝေးကနေ မြင်လိုက်ရပြီး သူ့မျက်လုံးများ တောက်ပလာသည်။
သူ ဦးတည်ချက်ပြောင်းကာ လူစုလူဝေးကို အမြန်တွန်းဖယ်ပြီး အလံကိုင်အဖွဲ့ရှေ့သို့ လျှောက်သွားခဲ့သည်။
"မင်္ဂလာပါ အတန်းဖော်" လင်ချီးယဲ့သည် ကျောင်းသားခေါင်းဆောင်ဆီ လှမ်းလာပြီး ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
အလံကိုင်သူသည် ထိတ်လန့်သွားပြီး "မင်္ဂလာပါ…"
"မင်းသွားလို့ရပြီ။"
"…" အတန်းဖော်က သူ့ကို သံသယဖြင့် ကြည့်ကာ "ဘာတွေပြောနေတာလဲ။"
"အလံတင်ပြီး မိန့်ခွန်းပြောဖို့ ထူးချွန်ကျောင်းသား ကိုယ်စားပြုတွေ လိုအပ်ကြောင်း ကျောင်းခေါင်းဆောင်တွေက အရေးတကြီး အသိပေးထားတာမလို့ အလံကိုင်သူကို ယာယီအစားထိုးဖို့ လိုအပ်ပါတယ်။" လင်ချီးယဲ့သည် လေးလေးနက်နက်ပြောပြီး လက်ကိုဆန့်ကာ အတန်းဖော်၏လက်ထဲကအလံတိုင်ကို ဆုပ်ကိုင်လိုက်သည်။
"ဒါပေမယ့် ဒါက…"
"ငါက အထက်တန်းကျောင်း ဒုတိယနှစ်ရဲ့ ထူးချွန်ကျောင်းသား ကိုယ်စားပြု လီယိဖေးပါ။ ကျေးဇူးပြုပြီး မင်းရဲ့အလံကို ပေးပါ။ မင်းမှာ မေးစရာတွေရှိရင် အလံကိုလွှင့်ပြီးနောက် ကျောင်းခေါင်းဆောင်ဆီ သွားလို့ရတယ်။"
လင်ချီးယဲ့သည် သူ့လက်ထဲမှ အလံတိုင်ကို အမူအရာမဲ့စွာဖြင့် ဆုပ်ကိုင်လိုက်ပြီး လေးနက်သောမျက်နှာထားဖြင့် သူရပ်ရမည့်အနေအထားတွင် ရပ်နေလိုက်သည်။
လီယိဖေး: "…"
အတန်းဖော်သည် ကြောင်တောင်တောင် ခေါင်းကုတ်လိုက်ပြီး အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရပြီးနောက် သူသည် သူ့အတန်းရှိသောအဖွဲ့သို့ ပြန်သွားရန် ရွေးချယ်ခဲ့သည်။
"လင်ချီးယဲ့၊ မင်းဘာလုပ်ချင်နေတာလဲ။" လီယိဖေးက မနေနိုင်ဘဲ မေးလိုက်သည်။ "မင်းဒီလိုလုပ်နေရင် အပြစ်ပေးခံရလိမ့်မယ်… မဟုတ်ဘူး၊ ငါလည်း အပြစ်ပေးခံရလိမ့်မယ်။"
"မင်းနာမည်ကို ခိုးပြီး အလံကိုင်သူကို လှည့်စားခဲ့တာက ငါပါ။ မင်းနဲ့ဘာမှမဆိုင်ဘူး။" လင်ချီးယဲ့က ပေါ့ပေါ့ပါးပါးပြောသည် "ဒါ့အပြင် ငါက ကျောင်းသားမဟုတ်တော့ဘူး၊ ဒါကြောင့် ကျောင်းစည်းကမ်းကို လိုက်နာဖို့ မလိုဘူး...
ငါက ညကင်းစောင့်လူသညး။"
ကြီးကျယ်ခမ်းနားသော ဂီတသံသည် ကျောင်းသားများ၊ ဆရာများ၊ ခေါင်းဆောင်များ… ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားစေကာ အလံကိုင်သူ၏ လက်ထဲကအလံကို စိုက်ကြည့်ရင်း အလံကိုလွှင့်ထူရန် စောင့်မျှော်နေကြသည်။
တေးဂီတ၏ စည်းချက်အတိုင်း လင်ချီးယဲ့သည် အလံကိုကိုင်ဆောင်ကာ စံပြခြေလှမ်းကွက်ဖြင့် ရှေ့သို့ ခြေလှမ်းကိုလှမ်းခဲ့သည်။
"ဟမ်။ အဲဒီအလံကိုင်သူကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ။"
"အင်း၊ သူက အတော်လေးချောတယ်၊ လင်ချီးယဲ့နဲ့နည်းနည်းတူသလိုပဲ။"
"…မင်းက နည်းနည်းပဲသေချာတာလား။ ငါက သူပဲလို့ ထင်မိတယ်။"
"ဟုတ်တယ်ထင်တယ်။"
"…"
လူအများစုသည် လင်ချီးယဲ့ကို မသိကြသော်လည်း လင်ချီးယဲ့၏ အတန်းဖော်များက သူ့ကို လျင်မြန်စွာ မှတ်မိကြပြီး အချင်းချင်းတီးတိုးပြောကြသည်။
စင်မြင့်ပေါ်ရှိ ခေါင်းဆောင်များသည် အလံကိုင်သူ ပြောင်းလဲသွားသည်ကိုပင် သတိမထားမိဘဲ ချောမောသောကောင်လေးကို ပြုံးလျက် စိုက်ကြည့်နေကြသည်။ ထို့အပြင် သူတို့သည် ဒီလိုအသေးအဖွဲကိစ္စများမှာ ဝင်စွက်ဖက်ရန် မလိုအပ်ပါဘူး။ ကျောင်းမှာ ကျောင်းသားတွေ အများကြီးရှိသောကြောင့် ဒီနေ့ ဘယ်သူအလံကိုင်မလဲဆိုတာ သူတို့မည်ကဲ့သို့သိမည်နည်း။
သို့သော် အလံတင်ခြင်းအခမ်းအနားတာဝန်ခံဆရာက လင်ချီးယဲ့ကိုမြင်သောအခါတွင် သူ၏အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။
အကြောင်းတစ်ခုခုကြောင့် သူ့ရင်ထဲမှာ ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု ရှိနေသည်...
လူအုပ်ကြီး၏ အာရုံစိုက်မှုကို ခံနေရသည့်ကြားတွင် လင်ချီးယဲ့သည် သူ့ဦးခေါင်းကို မြင့်မြင့်မော့ကာ အလံတင်သည့်လမ်းကို လျှောက်လာခဲ့သည်။ သူ အလံတင်သည့် စင်မြင့်ပေါ်သို့ လှမ်းတက်ခါနီးတွင်…
သူက ညာဘက်ထောင့်ကို ရုတ်တရက် လှည့်လိုက်သည်။
မဆိုင်းမတွဘဲ ကျောင်းသားရင်ပြင်၏ ညာဖက်ထောင့်တစ်ဖက်သို့ လျှောက်သွားသည်။
အလံကို ကြိုဆိုရန် ပြင်ဆင်နေကြသော ခေါင်းဆောင်များက အံ့အားသင့်နေကြသည်။
သူတို့၏ အပြုံးများသည် သူတို့၏မျက်နှာပေါ်တွင် တင်းမာနေဆဲဖြစ်ပြီး သူတို့အား လျစ်လျူရှုထားသော လင်ချီးယဲ့ကို ကြောင်တောင်တောင် စိုက်ကြည့်ကာ တုံ့ပြန်ရန် စက္ကန့်များစွာ ကြာခဲ့သည်။
သူတို့သည် အလံတင်အခမ်းအနားတာဝန်ခံဆရာကို တညီတညွတ်တည်း ခေါင်းလှည့်ကြည့်ကာ သူတို့မျက်လုံးများက မေးခွန်းများ ပြည့်နှက်နေသည်။
အလံတင်အခမ်းအနားတာဝန်ခံဆရာသည် နေရာမှာတင် အေးစက်စက်ချွေးများဖြင့် အရှက်ကွဲသွားသည်။
တစ်ချိန်တည်းမှာပင် ကျောင်းသားများသည် ဒါကိုလည်း တွေ့ရှိခဲ့ပြီး လင်ချီးယဲ့သည် သူတို့အား ဖြတ်ကျော်သွားတာကို တအံ့တဩကြည့်ပြီး တီးတိုးအသံများက ရုတ်တရက် ကျယ်လောင်လာသည်။
"ဘာလဲဟ။ သူဘာလို့ စင်ပေါ်မတက်တာလဲ။"
"မသိဘူး၊ အလံကိုလွှင့်တာ ဒါပထမဆုံးအကြိမ်လား။ ပုံစံကြည့်ရတာ မရင်းနှီးသလိုပဲ။"
"စိတ်ဝင်စားစရာပဲ၊ ဒီလှိုင်းလုံးကြီး ပြိုကျသွားပြီ။"
"မတ်တပ်ရပ်နေတဲ့ ခေါင်းဆောင်တွေရဲ့ အမူအရာတွေက… ဖွီး ဟားဟားဟား၊ ငါရယ်ရလို့ သေတော့မယ်။"
"လင်ချီးယဲ့ ဘာလုပ်နေတာလဲ။"
"…"
ဤအခိုက်အတန့်တွင် အလံတင်အခမ်းအနားတာဝန်ခံဆရာက ကျယ်လောင်စွာ အသံထွက်လာသည်။
"တိတ်တိတ်နေစမ်း။ အားလုံးတိတ်တိတ်နေကြစမ်း။ အလံကိုင်ထားတဲ့အတန်းဖော်၊ မင်းလမ်းမှားနေတယ်။"
လင်ချီးယဲ့သည် သူမကြားသလိုပြုမူနေပြီး ခေါင်းမလှည့်သေးဘဲ သူ့အရှိန်ကိုတောင်မြင့်လိုက်သည်။
သူ့မျက်လုံးများက ဓားကဲ့သို့ သူ့ရှေ့ရှိ ကျောင်းသားအားလုံး၏ မျက်နှာများကိုဖြတ်သွားသည်။
သူတို့၏မျက်လုံးများတွင် အံ့သြမှုများ၊ သံသယများ၊ လှောင်ပြောင်မှုများနှင့် သူတစ်ပါးဒုက္ခရောက်သည်ကို အားရခြင်းများရှိနေသည်…
သို့သော် လင်ချီးယဲ့၏မျက်လုံးများက အမြဲတမ်း နက်နဲသော ရေကန်တစ်ခုလိုဖြစ်နေသည်။
လင်ချီးယဲ့၏ မျက်လုံးများတွင် သူတို့သည် ဝံပုလွေ၏ ပါးစပ်ထဲသို့ ရောက်သွားမည့် သိုးအုပ်စုများဖြစ်သည်။ သူတို့က အန္တရာယ်ရှိနေပေမယ့် မသိလိုက်ချေ။ လက်ရှိ ဆရာများနှင့် ကျောင်းသားများ ၂,၀၀၀ ကျော်ရှိသည့်အနက် လင်ချီးယဲ့နှင့် လီယိဖေးတို့သာ… နိုးကြားနေခဲ့သည်။
အားလုံးက မူးနေပေမယ့် သူက မမူးတတ်တာ၊ း ဒါလည်း ဖြစ်နိုင်သည်။
"ပြန်လာခဲ့။ အမြန်ပြန်လာခဲ့စမ်း။ မင်းဘယ်အတန်းကလဲ။" စင်ပေါ်မှာ တာဝန်ခံဆရာက အော်ဟစ်နေသည်။
နောက်ဆုံးတွင် ကျောင်းသားအားလုံးကို စစ်ဆေးပြီးသော လင်ချီးယဲ့သည် အံ့အားသင့်ဟန်ဆောင်ကာ လှည့်ပြန်ပြှး အမြန်ပြန်လျှောက်ကာ အလံတင်စင်မြင့်တစ်လျှောက် အလံတိုင်ဆီသို့ လျှောက်သွားကာ အလံကို အလံတိုင်တွင် အလျင်အမြန် ချည်နှောင်လိုက်သည်။
တာဝန်ခံဆရာသည် လင်ချီးယဲ့ကို စိုက်ကြည့်နေပြီး သူ့တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ယင်နေသည်။ သူသည် တစ်ခုခုမေးချင်နေပုံပေါက်ပေမယ့် အခုကအချိန်ကောင်းမဟုတ်သေးပေ။
လင်ချီးယဲ့က သူ့ဖြစ်တည်မှုကို ရိုးရှင်းစွာ လျစ်လျူရှုခဲ့သည်။ ယခုအချိန်မှာတော့ ဆရာ၏ခံစားချက်များကို သူဂရုမစိုက်တော့ဘူး။
တေးဂီတပြောင်းသွားကာ နိုင်ငံတော်သီချင်းကို တညီတညွတ်တည်း သီဆိုကြရာ အလံတော်က တဖြည်းဖြည်း မြင့်တက်လာသည်...
သို့သော် အလံတိုင်အောက်တွင် လင်ချီးယဲ့၏ပါးပြင်မှ အေးစက်သော ချွေးတစ်စက် ကျလာသည်။
သူသည် သူ့ပတ်ဝန်းကျင်ရှိ ခေါင်းဆောင်များကို ဗြောင်ကျကျ စိုက်ကြည့်ပြီးနောက် အောက်ဘက်ရှိ အမှောင်ကျနေသော ကျောင်းသားများကို ငုံ့ကြည့်ကာ သူ့နှလုံးသားက ချောက်ထဲသို့ ကျသွားပုံရသည်။
"ခေါင်းဆောင်…
စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရင် ပိုကောင်းမယ်…"
သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
TK Team (Chapter 47)