Volume 1 (သေမျိုးနယ်မြေ ၀၄၆)
Chapter 46 (ကျောင်းတွင်းလူသတ်မှု)
မထွက်ခွာမီ အချိန်အတော်ကြာတွင် ချန်မုရယ်နှင့် ဝခြားသူများသည် လင်ချီးယဲ့ကို အထူးဂရုစိုက်ပြီး သူ၏စွမ်းရည်များကို ဂရုတစိုက်အသုံးပြုရန် တောင်းဆိုခဲ့သည်။
ဤဒဏ္ဍာရီလာသတ္တဝါမှ ကူးစက်ခံထားရသော လူသားများကို ပြင်ပမှ ခွဲခြား၍မရသောကြောင့် သူတို့အား ဖော်ထုတ်ရန် တခြားနည်းလမ်းများကိုသာ ရှာနိုင်ကာ သူတို့ထဲတွင် တားမြစ်အပျက်အစီးများကို သိမြင်နိုင်သောစိတ်စွမ်းအားရှိသူတစ်ဦးအနေဖြင့် လင်ချီးယဲ့သည် သဘာဝအရ အလွန်ပင် အစွမ်းထက်လှပါသည်။
လင်ချီးယဲ့တွေးထားသလို သူ့ကောင်းကင်တမန်တော်မျက်လုံးက ကူးစက်သူများကို ခွဲခြားသိရှိနိုင်သည်။
ဤအခိုက်အတန့်တွင် သူစိတ်အာရုံခံစားမှုနယ်ပယ်မှာ လျှိုရှောင်ယန်သည့် လူ့အရေပြားထဲတွင် အသွေးအသားရှိ မကောင်းဆိုးဝါးတစ်ကောင်နှင့်တူပြီး ခန္ဓာကိုယ်ကို သိမ်မွေ့စွာ ခြယ်လှယ်ကာ သဘာဝအတိုင်း စားပွဲဖော်အား တီးတိုးပြောနေသည်။
ဒီစာသင်ခန်းထဲမှာ လျှိုရှောင်ယန့်အပြင် ကူးစက်ထားသူ နောက်တစ်ယောက် ရှိပါသေးသည်။
အဲဒါကလည်း မိန်းကလေးတစ်ဦးဖြစ်ပြီး လင်ချီးယဲ့က သူမကို သိပ်မသိဘဲ သူမသည် အတန်းထဲတွင် ထင်ထင်ရှားရှားမရှိသော မိန်းကလေးမျိုးဖြစ်သည်။ သူမနာမည်က ဟန်လော့လော့ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူမသည် တစ်စုံတစ်ခုကို ငြိမ်သက်စွာရေးနေပြီး နောက်ဘက်လှည့်ကာ ကောင်လေးအား မှတ်စုလေးတစ်ခု ပေးလိုက်သည်။
သူမနောက်က ကောင်လေးကို လင်ချီးယဲ့လည်းသိပြီး သူနှင့်အတော်လေးရင်းနှီးသော…
လျှိုယွမ်ဖြစ်သည်။
တစ္ဆေမျက်နှာလူသားကို ရင်ဆိုင်ရတုန်းက သူ့အားတွန်းလဲခဲ့သော လျှိုယွမ်ကို သူဘယ်တော့မှမေ့မှာမဟုတ်ဘူး။
"ဘယ်လောက်များလဲ။" နားကြပ်ထဲမှာ ချန်မုရယ်၏အသံက ထပ်ပြီးထွက်ပေါ်လာသည်။
"ကျွန်တော့်ရဲ့ စာသင်ခန်းထဲမှာ နှစ်ယောက်ရှိတယ်၊ ပြီးတော့ ကျွန်တော် ဒီကိုပထမဆုံးစရောက်တုန်းက ဒီထပ်မှာရှိတဲ့ စာသင်ခန်းအားလုံးရှေ့ကို အထူးကြည့်ခဲ့တယ်။ ဒီအထပ်တစ်ထပ်တည်းမှာ ခြောက်ယောက်လောက်ရှိတယ်။"
"သူတို့က… ကယ်တင်လို့ရသေးလား။"
"မရတော့ဘူး။" လင်ချီးယဲ့က ပြတ်သားစွာပြောသည်။ "သူတို့ရဲ့အတွင်းအင်္ဂါတွေပျောက်သွားပြီး အတွင်းမှာဝှက်ထားတာက ထူးဆန်းတဲ့အသွေးအသားတွေပဲ။ အဲဒီအရာတွေကို သတ်လိုက်ရင်တောင် သူတို့အသက်မရှင်နိုင်တော့ဘူး။
သူတို့က... အစားခံလိုက်ရတဲ့အချိန်မှာ သေသွားပြီ။"
ပထမထပ်တစ်ခုတည်းတွင် သေဆုံးသူခြောက်ဦးရှိနေပြီဖြစ်သည်။ တစ်ကျောင်းလုံးကို ကြည့်လိုက်လျှင်… လူဘယ်နှစ်ယောက်သေမည်နည်း။
ကျောင်းတစ်ကျောင်းမှာ တပြိုင်နက်တည်း လူသေတွေများလာသောအခါ ကျောင်းက အခြေခံအားဖြင့် အေးစက်သွားလိမ့်မည်။
ပြီးတော့ ဒီအဖြစ်အပျက်၏ နောက်ကွယ်က လူ့အဖွဲ့အစည်းသက်ရောက်မှုသည် ပိုကြောက်စရာကောင်း၏။
နားကြပ်၏တခြားတစ်ဖက်ရှိ ချန်မုရယ်သည် သူ၏ပါးစပ်ကို ဖြည်းညင်းစွာမဖွင့်မီ အချိန်အတော်ကြာအောင် အသံတိတ်နေသည်။ "ငါသိပြီ… ဆက်စောင့်ကြည့်ထားပါ၊ မြွေကိုသတိမပေးနဲ့။"
"နားလည်ပြီ။"
လင်ချီးယဲ့သည် ဘောပင်နှင့် စာရွက်ကိုထုတ်ကာ သာမန်ကျောင်းသားတစ်ယောက်ကဲ့သို့ပင် ဆရာ၏သင်ခန်းစာကို ဂရုတစိုက် နားထောင်နေသည်။
ဆရာသည် ဆယ်မိနစ်လောက် စကားပြောပြီးနောက် လီယိဖေးသည် မောဟိုက်လျက် တံခါးကိုပြေးလာပြီး တံခါးခေါက်လိုက်သည်။
"ဝင်ခွင့်ပြုပါ။"
"လီယိဖေးလား။ မင်းနောက်ကျတယ်။" ဆရာက လီယိဖေးကဲ့သို့ လူဟောင်းများအတွက် မကြင်နာပေ။
"ဆရာ၊ ကျွန်တော် နေမကောင်းလို့ ခွင့်တိုင်ထားပြီး ထွက်ခွာခွင့်စာရှိပါတယ်။" လီယိဖေးသည် စာအုပ်ထဲက စာရွက်ကို လှန်ပြသည်။
ဆရာက သူ့ကို စိုက်ကြည့်ရင်း "…မင်းထိုင်ခုံကို ပြန်သွားတော့။ ဒီတစ်ခေါက် စာမေးပွဲမှာ ကောင်းကောင်းမလုပ်ရင် မိဘခေါ်မှာနော်။"
လီယိဖေးသည် လင်ချီးယဲ့ဘေးတွင် အမြန်ပြန်ထိုင်လိုက်ပြီး စာအုပ်ယူရန် ခေါင်းငုံ့ကာ လင်ချီးယဲ့ကို အသံတိုးတိုးဖြင့် မေးသည်
"အခြေအနေဘယ်လိုလဲ။"
"ငါနည်းနည်းတော့ သိတယ်၊ ဒါပေမယ့် မပြည့်စုံသေးဘူး။" လင်ချီးယဲ့သည် ပြတင်းပေါက်ကိုကြည့်ရင်း "ငါအခွင့်အရေးတစ်ခုလိုတယ်၊ ကျောင်းတစ်ကျောင်းလုံးက ဆရာတွေနဲ့ ကျောင်းသားတွေကို ခံစားကြည့်ဖို့ အခွင့်အရေးပဲ။"
လီယိဖေးက ခဏတာအေးခဲသွားပြီး "မင်းဆိုလိုတာက..."
"ဒီအတန်းပြီးရင် အလံတင်အခမ်းအနားရှိလိမ့်မယ်။ အဲဒီအခါ… အခြေအနေရဲ့ ပဏာမနားလည်မှုကို ငါအရယူရမယ်။"
လင်ချီးယဲ့၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
…
ရုံးအဆောက်အအုံ
"၄၀၃၊ ၄၀၃…၄၀၃။ တွေ့ပြီ။"
ဟုန်ယင်းနှင့် စစ်းရှောင်နန်တို့သည် ဌာနမှူးရုံးခန်းတံခါးဆီသို့ လျှောက်သွားကာ တစ်ချိန်တည်းမှာပင် ရပ်တန့်လိုက်သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အမြန်မတ်မတ်ရပ်လိုက်ကြသည်။
စစ်းရှောင်နန်သည် သူမနောက်ကျောက အနက်ရောင်သေတ္တာတစ်ခုဖြင့် တံခါးဝတွင်ရပ်နေပြီး ဟုန်ယင်းသည် တံခါးနောက်ကွယ်ရှိ မျက်ကွယ်နေရာတွင် ပုန်းနေပြီး အချိန်တိုင်း ဖောက်ဝင်ရန် အသင့်ဖြစ်နေသည်။
စစ်းရှောင်နန်သည် သူမလည်ချောင်းကို ရှင်းထုတ်ပြီး တံခါးကိုခေါက်လိုက်သည်။
ဒေါက် ဒေါက် ဒေါက်
သုံးချက်ခေါက်ပြီးနောက် နှစ်ယောက်သား အသက်ရှူကျပ်လာပြီး စက္ကန့်အနည်းငယ်ကြာအောင် စောင့်ခဲ့ကြသော်လည်း တံခါးက တိတ်ဆိတ်နေခဲ့သည်။
ဟုန်ယင်းသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး စစ်းရှောင်နန်ကို ကြည့်လိုက်သည်။
စစ်းရှောင်နန်သည် အကြိမ်အနည်းငယ် ခေါက်လိုက်သော်လည်း လှုပ်ရှားမှုမရှိပေ။
ဟုန်ယင်းသည် စစ်းရှောင်နန်ကို ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ရန် အချက်ပြကာ တံခါးဆီသို့ လျှောက်သွားပြီး အိတ်ကပ်ထဲမှ ကြိုးတစ်ချောင်းကို ထုတ်ကာ သော့ပေါက်ကို ညင်သာစွာ လှည့်လိုက်သည်။
ကလစ်…
အသံတိုးတိုးလေးဖြင့် တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
တံခါးနောက်တွင် ရုံးခန်းအလွတ်တစ်ခုရှိသည်။
ဟုန်ယင်းသည် အခန်းထဲသို့ ဂရုတစိုက် လျှောက်သွားကာ လှည့်ပတ်ရှာဖွေပြီး ဘယ်သူမှမရှိဟု အတည်ပြုပြီးနောက် သူမ စိတ်သက်သာရာရသွားသည်။
"အစ်မဟုန်ယင်း၊ ဒီကလူထွက်သွားတာ မကြာလောက်သေးဘူး၊ ခွက်ကပူနေတုန်းပဲ။" စစ်းရှောင်နန်က စားပွဲပေါ်ရှိ ခွက်ကို ကိုင်ပြီး ပြောလိုက်သည်။
"အစည်းအဝေးသွားတာ ဖြစ်ရမယ်။ သူက အိမ်သာသွားတာဆိုရင် တံခါးကို သော့ခတ်ထားမှာ မဟုတ်ဘူး။" ဟုန်ယင်းသည် အနည်းငယ်ခေါင်းညိတ်လိုက်ပြီး "ဘာပဲဖြစ်ဖြစ် သဲလွန်စတွေရှိမရှိ အရင်ရှာကြည့်ရအောင်။"
စစ်းရှောင်နန်က ခေါင်းညိတ်ပြီး "အစ်မအတွက် ကျွန်မစောင့်ကြည့်ထားပေးမယ်။"
သူမသည် တံခါးကိုပိတ်ကာ ပြတင်းပေါက်ဘက်တွင် ပုန်းအောင်းနေပြီး အိတ်ကပ်ထဲမှ နူးညံ့သောမှန်သေးသေးလေးကိုထုတ်ကာ ပတ်ဝန်းကျင်အခြေအနေကို ဂရုတစိုက် စူးစမ်းကြည့်နေသည်။
ဟုန်ယင်းသည် စားပွဲများ၊ အံဆွဲများ၊ ဗီရိုများ၊ ပန်းခင်းများကို လျင်မြန်စွာ ရှာဖွေထဲ့သည်... သူမသည် ရှာနိုင်သမျှ နေရာအားလုံးကို ရှာဖွေခဲ့ပေမယ့် အသုံးမဝင်သည့်ပစ္စည်းများကလွဲ၍ ဘာကိုမှမတွေ့ချေ။
ရုတ်တရက် သူမသည် ရပ်လိုက်ပြီး ဂရုတစိုက် အနံ့ခံလိုက်သည်။
"ရှောင်နန်၊ နင် အနံ့တစ်ခုခုရလား။" ဟုန်ယင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"အာ… မရမိပါဘူး။" စစ်းရှောင်နန်သည် သေသေချာချာ ရှူရှိုက်ပြီး ကြောင်တောင်တောင် ပြန်ဖြေသည်။
ဟုန်ယင်းသည် ပို၍မျက်မှောင်ကြုတ်ကာ ထိုင်ချလိုက်ပြီး ခပ်ဖျော့ဖျော့အနံ့အသက်နောက်လိုက်ရင်း နောက်ဆုံးတွင် သူမမျက်လုံးများက ထိုင်ခုံအောက်ရှိ ကြွေပြားပေါ်ကျသွားသည်။
ကြွေပြားသည် သန့်ရှင်းနေပုံရပြီး ခြစ်ရာများပေါ်နေသည်။
သူမသည် ဓားသေးသေးတစ်ချောင်းကို ထုတ်ကာ ကြွေပြားအစွန်းကို ဖိလိုက်သည်။ ကြွေပြားအစွန်းကို လှန်လိုက်ပြီး ချဉ်စုပ်စုပ်အနံ့က သူမမျက်နှာပေါ်ရိုက်ခတ်လာသည်။
ဟုန်ယင်းသည် အပုပ်နံ့ကို သည်းခံရင်း ကြွေပြားအောက်ရှိအရာကို ဓားဖျားဖြင့် ဖြည်းညှင်းစွာ ကောက်ယူလိုက်သည်။ ဒါကဝါကြင့်ကြင့်ပျော့ပျောင်းသောအလွှာပါးပါးဖြစ်သည်…
အလွှာပါးပါးကို ဖြန့်ကြည့်လိုက်တော့ ဟုန်ယင်း၏မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့သွားသည်။
"အရေပြား… ဒါက လူ့အရေပြားပဲ။" ဟုန်ယင်းသည် စစ်းရှောင်နန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း "ဒီကူးစက်ရောဂါရှိသူတွေက သူတို့ရဲ့အရေပြားကိုလဲရတာလား။"
စစ်းရှောင်နန်က မျက်မှောင်ကြုတ်လိုက်သည် "မြွေလား။"
"ဖြစ်နိုင်တယ်၊ ဒီအချက်အလက်ကို ဝူရှန်းနန်ဆီ သတင်းပို့လိုက်ပါ၊ ဒီဒဏ္ဍာရီလာသတ္တဝါနဲ့ ပတ်သက်တဲ့ အချက်အလက်ကို သူရှာတွေ့နိုင်လောက်တယ်။" ဟုန်ယင်းသည် အရေပြားကို ကြွေပြားထဲသို့ အမြန်ပြန်ထည့်ကာ ပြန်ဖုံးလိုက်သည်။
ဟုန်ယင်းသည် သူမ၏ခြေရာများအားလုံးကို ဖုံးကွယ်ပြီးနောက်တွင် ပြတင်းပေါက်မှ ရုတ်တရက်ထွက်ပေါ်လာသောသီချင်းသံက သူမကို ထိတ်လန့်စေခဲ့သည်။
ဤရင်းနှီးသောတေးသံကို ကြားလိုက်ရတော့ ဟုန်ယင်းသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ စင်္ကြံမှထွက်လာသော အောက်ထပ်တွင် ပိုများလာသည့် ကျောင်းသားများကို အပေါ်စီးမှကြည့်ရင်း သူမကိုယ်သူမ ရေရွတ်လိုက်သည်။
"အလံတင်အခမ်းအနားလား။ ဒီသီချင်းက သာ့ရှတစ်ခုလုံးရဲ့ အလံတင်ခြင်း အခမ်းအနားအတွက်လား…"
…
ထိုအချိန်တွင် လင်ချီးယဲ့နှင့် လီယိဖေးတို့သည် စင်္ကြံတွင် ဆူညံနေသော ကျောင်းသားအတန်းများဖြင့် ဖြည်းညှင်းစွာ ရွေ့လျားနေကြသည်။
လီယိဖေးသည် ပတ်ဝန်းကျင်ကို သတိထားပြီးကြည့်ကာ လင်ချီးယဲ့၏နားကို ကပ်လိုက်သည်။
"ချီးယဲ့၊ မင်းသူတို့နဲ့ပူးပေါင်းခဲ့တာဆိုတော့ မင်းမှာ ဒီလိုထူးခြားတဲ့စွမ်းရည်ရှိတယ်လို့ ဆိုလိုတာလား။"
"အင်း။"
"လခွမ်း၊ ငါတကယ်မနာလိုလိုက်တာ… မင်းရဲ့စွမ်းရည်ကဘာလဲ။"
"ဒီလိုမျိုးအနီးနားက အရာတွေကို ထောက်လှမ်းဖို့ ငါ့စိတ်အာရုံကို အသုံးချတာ။" လင်ချီးယဲ့က ဇဝေဇဝါဖြင့် ပြန်ဖြေသည်။
"ဒါဆို မင်း မကောင်းဆိုးဝါးနဲ့ လူတွေကို ခွဲခြားနိုင်သလား။"
"ခွဲခြားနိုင်တယ်။"
"ဒါဆို… ငါတို့အတန်းထဲမှာ ဘယ်နှယောက်ရှိသလဲ ငါ့ကိုအမှန်အတိုင်းပြောပြပါ။"
"နှစ်ယောက်၊ လျှိုရှောင်ယန့်နဲ့ ဟန်လော့လော့။"
ဒီနာမည်နှစ်ခုကိုကြားတော့ လီယိဖေးက စိတ်သက်သာရာရသွားပုံပေါ်သည်။ "ကံကောင်းလို့ ဝူရှူးကျယ်မဟုတ်ဘူးပေါ့။ ငါသူမကို နှစ်တွေအကြာကြီး တိတ်တခိုးချစ်နေခဲ့တာ။ သူမသာ မကောင်းဆိုးဝါးဖြစ်သွားရင် တစ်သက်လုံး ငါဘယ်တော့မှ ချစ်မှာမဟုတ်တော့ဘူး။"
လင်ချီးယဲ့: "…"
"အခုရော။ ငါအနီးနားက လူဘယ်နှယောက်ရှိသလဲ။" လီယိဖေးက စိုးရိမ်တကြီး မေးသည်။
"မင်းရှေ့က ငါးယောက်မြောက်၊ အဲဒီမိန်းကလေးလည်းပါတယ်။"
"သူမလား။" လီယိဖေးသည် ခဏလောက် ပြန်စဉ်းစားကာ "ဘေးအတန်းက… ထျန်လိဖြစ်မယ်ထင်တယ်၊ သူမလည်း မကောင်းဆိုးဝါးဖြစ်နေတာ… အံ့ဩစရာတော့မဟုတ်ပါဘူး။"
လင်ချီးယဲ့က အံ့အားသင့်သွားပြီး "ဘာလို့လဲ။"
လီယိဖေးက မျက်ခုံးပင့်လိုက်ပြီး "မင်း မသိဘူးလား။ အိုး ဟုတ်သား၊ မင်း ဒီကိုရောက်တာ ရက်ပိုင်းပဲရှိသေးတာဆိုတော့ ဒါကို မင်းမသိသေးဘူး။"
"ဘာသိရမှာလဲ။"
"လျှိုရှောင်ယန့်၊ ဟန်လော့လော့နဲ့ ထျန်လိ… သူတို့က အိပ်ဆောင်တူတယ်လေ။"
TK Team (Chapter 46)