Chapter 62
Viewers 1k

Volume 1 (သေမျိုးနယ်မြေ ၀၆၂)


Chapter 62 (ပုံမှန်မဟုတ်တဲ့လူနှစ်ယောက်)

"မဟုတ်ဘူး… မဖြစ်နိုင်ဘူး။" လီယိဖေးသည် သူ့ရင်ဘတ်ပေါ်က သေနတ်အမှတ်အသားများကို ငုံ့ကြည့်ရင်း ခေါင်းခါလိုက်ငည်။ "ငါ မကောင်းဆိုးဝါးဖြစ်ဖို့မပြောနဲ့ လူတွေကိုမှမသတ်တာ…"

"လီယိဖေး…" လင်ချီးယဲ့သည် လီယိဖေး၏ကော်လာကိုဆွဲကိုင်လိုက်ပြီး သူ့ရှေ့ကိုခေါင်းလှည့်ကာ ထိုကြောက်လန့်နေသောမျက်လုံးများကို စိုက်ကြည့်နေသည်။

"ငါ့မျက်လုံးကိုကြည့်လိုက်ပါ"

ဘီး…

လင်ချီးယဲ့၏မျက်လုံးများမှ ရွှေရောင်မီးဖိုနှစ်ခု လောင်ကျွမ်းသွားပြီး တောက်လောင်နေသော ကောင်းကင်တမန်တော်စွမ်းအားသည် လီယိဖေး၏စိတ်ကမ္ဘာထဲသို့ အရူးအမူးပြေးဝင်သွားလေသည်။

ခဏအကြာတွင် လီယိဖေးသည် မျက်ဆန်လှန်သွားပြီး သေသေသပ်သပ် သတိလစ်သွားသည်။

သို့သော် နောက်အခိုက်အတန့်တွင် အားပြင်းသောလက်သည် လင်ချီးယဲ့၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လီယိဖေး၏မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။

၎င်းတို့သည် ဒေါင်လိုက်ဖြစ်နေသောမျက်လုံးအိမ်တစ်စုံဖြစ်ပြီး မျက်ဆန်သည် အံ့အားသင့်ခြင်းမရှိဘဲ အလွန်လေးနက်လှသည်။

"စိတ်ဝင်စားစရာပဲ… မင်းဘယ်လိုသိတာလဲ။" လီယိဖေး၏အသံသည် လေးနက်ပြီး ငြိမ်သက်နေသည်။ "'ကျန်' နယ်ပယ်ရှိတဲ့ မင်းရဲ့စိတ်အာရုံခံစားမှုက ငါ့ရဲ့အသွင်အပြင်ကို ဖောက်မမြင်သင့်ဘူး။"

"ငါတကယ်မမြင်ပါဘူး၊ မဟုတ်ရင် ရုံးခန်းမြေအောက်ခန်းမှာကတည်းက မင်းဖော်ထုတ်ခံရပြီးပြီ။" လင်ချီးယဲ့၏မျက်လုံးထဲတွင် မီးတောက်များက ငြိမ်းသက်ခြင်းမရှိသေးပေ။ "ကျောင်းထဲကိုဝင်လာကတည်းက ဖြစ်ပျက်သမျှတွေသာ ကျိုးကြောင်းဆီလျော်ပုံရပေမယ့် နေရာတိုင်းမှာ ထူးဆန်းတဲ့လက္ခဏာတွေရှိနေတယ်"

"မင်းဆိုလိုတာက… မင်း အဲဒါကို ကောက်ချက်ချတာလား။"

"အင်း၊ မင်း ဟာကွက်တွေအများကြီးကျန်ခဲ့တယ်။"

"အိုး" လီယိဖေး၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး "ပြောပါဦး"

"ပထမဆုံးသံသယက မင်းရဲ့နေမကောင်းဖြစ်တဲ့ခွင့်စာပဲ" လင်ချီးယဲ့က တည်ငြိမ်စွာဆိုသည်။ "မင်း ဒီနေ့မနက်စာသင်ခန်းထဲ ဝင်လိုက်တာနဲ့ မင်းနေမကောင်းဖြစ်တဲ့ခွင့်စာနဲ့ ဝင်လာခဲ့တယ်"

"ဒီတော့ဘာဖြစ်လဲ။"

"မင်းဖော်ပြချက်အရ မင်းမနေ့ညက ကျောင်းဆင်းလို့ အိမ်စာစာအုပ်ယူဖို့ မေ့သွားတာကို မင်းသတိရပြီး ကျောင်းပြန်လာတော့ လျှိုရှောင်ယန့် လူသားစားနေတာကို မင်းမြင်ခဲ့တယ်။ အဲဒီနောက် မင်း ကျောင်းကနေ အမြန်ထွက်ပြေးပြီး ငါတို့ညကင်းစောင့်လူသားဆီ လာခဲ့တယ်…

ဒါဆို… မင်း ဘယ်တုန်းက နေမကောင်းဖြစ်တဲ့ခွင့်စာကို ရခဲ့တာလဲ။"

လင်ချီးယဲ့သည် နှစ်ကြိမ်သရော်ပြီး "မနေ့ညက လူသားစားတာကို မျက်မြင်တွေ့ပြီးနောက် ဒီနေ့ မင်းငါတို့နဲ့အတူ လှုပ်ရှားရမယ်ဆိုတာသိတာကြောင့် ပညာရေးရုံးကို နေမကောင်းခွင့်စာတင်ဖို့ သွားခဲ့တယ်လို့တော့ မပြောနဲ့နော်။ ပညာရေးရုံးက အလုပ်ဆင်းသွားပြီဆိုတာ မင်းသိမှာပါ။

ဒီတော့ ဖြစ်နိုင်ခြေနှစ်ခုပဲ ကျန်တော့တယ်။

ပထမတစ်ခုက မင်းက နေမကောင်းခွင့်စာကို ရထားပြီးဖြစ်ပြီး ဒီနေ့မှာ ကျောင်းပြေးဖို့စီစဉ်ထားပေမယ့် ကံမကောင်းစွာပဲ မနေ့ညက လူသားစားတဲ့မြင်ကွင်းကို မင်းကြုံတွေ့ခဲ့ရတယ်။

ဒုတိယတစ်ခုက… ငါတို့လာမယ်ဆိုတာ မင်းတကယ်သိပြီး ငါတို့နဲ့အတူလိုက်ဖို့ မင်းကအဆင်သင့်ဖြစ်နေပြီ။"

လီယိဖေးက ခဏတာ ငြိမ်သက်သွားပြီး "ဆက်ပြောပါဦး။"

"ဒုတိယသံသယဖြစ်စရာအချက်ကတော့ မိန်းကလေးအဆောင်ရဲ့ လသာဆောင်က လူသားအရေခွံအပိုင်းအစအနည်းငယ်ပဲ။

ယေဘုယျအားဖြင့်ပြောရရင် နန်ထော်မြွေမိစ္ဆာက အရမ်းသတိရှိတဲ့သတ္တဝါပဲ။ သူက လူ့အဖွဲ့အစည်းမှာ ဖုံးကွယ်နေတာကြာပြီဖြစ်တဲ့အတွက် လူသားအရေခွံကို လသာဆောင်မှာ ပေါ်တင်ချိတ်ဆွဲထားဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဖော်ထုတ်ခံရမှုအန္တရာယ်က အရမ်းများတယ်။

ဒါပေမယ့် အဲဒါကိုလုပ်ခဲ့တယ်… အစကတော့ အဲဒါရဲ့အဓိပ္ပါယ်ကို ငါနားမလည်ခဲ့ပေမယ့် အဲဒီအိပ်ဆောင်မှာ သူရှိနေတယ်လို့ တမင်တကာရည်ညွှန်းနေမှန်း ငါသဘောပေါက်လိုက်တယ်။

သူက ငါတို့ကို ရှာတွေ့ခိုင်းစေချင်တာ။"

လင်ချီးယဲ့သည် လီယိဖေး၏မျက်လုံးများကိုကြည့်ကာ "အဲဒီနောက် မင်းက ဟုန်ယင်းကို အဝေးဆီမျှားခေါ်ပြီး ကျောင်းမှာ အဓိကရုဏ်းဖြစ်စေချင်သလိုမျိုး မမျှော်လင့်ဘဲ မင်းပေါ်လာတယ်။

အဲဒီနောက် လီယိဖေးက ကယ်တင်ရှင်တစ်ဦးလိုမျိုး မတ်တတ်ထရပ်ပြီး ကျောင်းသားအုပ်စုကိုဦးဆောင်ပြီးတော့ နန်ထော်မြွေမိစ္ဆာရဲ့ အမွေဆက်ခံသူတွေရဲ့ တိုက်ခိုက်ခြင်းကို အောင်မြင်စွာ ခုခံနိုင်ခဲ့တယ်။ အဲဒါက စာအုပ်ထဲက ရှင်သန်ရေးပုံစံတစ်ခုလိုပဲ။"

"တကယ်တော့ ဒီအချိန်မှာ ငါမင်းအကြောင်း မစဉ်းစားမိသေးဘူး။ မင်းကိုတကယ်သံသယဖြစ်အောင်လုပ်ခဲ့သူက အန်းချင်းယွီပဲ။" လင်ချီးယဲ့၏မျက်လုံးများသည် သူ့နောက်တွင်ရှိသော အန်းချင်းယွီကို စိုက်ကြည့်လိုက်သည်။

လီယိဖေး၏လည်ပင်းသည် ထူးဆန်းစွာ သူ့ခေါင်းနောက်ကို လိမ်လိုက်ပြီး မျက်မှန်တပ်ထားသော ပိန်ပိန်ပါးပါး ကောင်လေးကို ကြည့်နေသည်။

အန်းချင်းယွီက သူ့မျက်မှန်ကို တွန်းတင်ပြီး ပြောသည်။ "ငါတို့ကို ဝိုင်းထားတဲ့ နန်ထော်မြွေမိစ္ဆာရဲ့ မျိုးဆက်တွေအရေအတွက်က အမြဲတမ်းထူးဆန်းနေတယ်။

အဲဒီမြွေမိစ္ဆာရဲ့အမွေဆက်ခံသူတွေ ပထမဆုံးပေါ်လာတုန်းက အားလုံးက အပေါ်ထပ်ကို ပြေးကြပြီး ငါတို့ရဲ့စာသင်ခန်းတစ်ခုပဲ တံခါးနဲ့ပြတင်းပေါက်တွေကို စားပွဲခုံနဲ့ထိုင်ခုံတွေနဲ့ ပိတ်ဆို့ထားပြီး စာသင်ခန်းထဲမှာ စောင့်ကြပ်ထားတယ်။

အဲဒီအချိန်မှာ မြွေမိစ္ဆာရဲ့ အမွေဆက်ခံသူအများစုက လေးထပ်ကိုသွားကြပြီး မင်းရဲ့စင်္ကြံကိုချိုးဖျက်သွားတာ ဒါမှမဟုတ် ပထမထပ်မှာနေပြီး လူတိုင်းရဲ့လမ်းကို ဖြတ်ကြတယ်။ တတိယထပ်မှာနေပြီး စာသင်ခန်းကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့သူနှစ်ယောက်ပဲရှိတယ်။

ယေဘုယျအားဖြင့် မုဆိုးတစ်စုရဲ့ အမြင်အာရုံနယ်ပယ်မှာ သားကောင်းနှစ်မျိုးရှိတယ်၊ တစ်မျိုးက သန်မာပြီး အနိုင်ယူရခက်ခဲတယ်၊ နောက်တစ်မျိုးက အားနည်းပြီး အလွယ်တကူရနိုင်တာကြောင့် အားနည်းသူကို ဝိုင်းရံထားလေ့ရှိကြတယ်။

အစပိုင်းမှာတော့ အချက်အလက်ပေးတာညံ့ဖျင်းမှုကြောင့် မြွေမိစ္ဆာရဲ့တခြားအမွေဆက်ခံသူတွေက မင်းကြောင့် အပေါ်ထပ်ကို ဆွဲဆောင်ခံခဲ့ရပြီး တတိယထပ်မှာ ငါတို့လိုလူတွေရှိမှန်း မသိဘူးလို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် ဒီမြွေမိစ္ဆာရဲ့အမွေဆက်ခံသူတွေအမြင်အာရုံက ချိတ်ဆက်ထားတယ်ဆိုတာ ငါသိလိုက်ရတယ်။"

အန်းချင်းယွီက ခေတ္တရပ်ပြီး ဆက်ပြောသည်။ "ဆိုလိုတာက သူတို့ခြေထောက်က အပိုင်းအစတစ်ခုရှိတယ်ဆိုတာ သူတို့သိပေမယ့် သူတို့က ငါတို့ကို တမင်တကာစောင့်ကြည့်သလို…

သူတို့က ဂရုမစိုက်သလိုနေဆဲပဲ။"

"နောက်တော့ လီယိဖေးက ငါတို့ကို ကယ်တင်ဖို့ လူအုပ်စုကိုခေါ်လာခဲ့တယ်။

မြွေမိစ္ဆာရဲ့အမွေဆက်ခံသူနှစ်ယောက်ကို သတ်ပြီးနောက် အောက်ထပ်မှာ မြွေမိစ္ဆာရဲ့အမွေဆက်ခံသူခြောက်ယောက်က ဝိုင်းထားခဲ့တယ်။ ဒီအရေအတွက်က အရမ်းပါးနပ်ပြီး ငါတို့ကို ကြီးမားတဲ့ဖိအားယူဆောင်လာပေမယ့်လည်း အဲဒါက ငါတို့ရဲ့ခုခံနိုင်စွမ်းကို တိုက်ရိုက်ဆုံးရှုံးစေမှာမဟုတ်ဘူး။

သူတို့တွေ အများကြီးအပေါ်တက်လာခဲ့ရင် အဲဒီအချိန်မှာ ငါတိုခုခံနိုင်မှာမဟုတ်ပေမယ့် အဲဒီလိုမဖြစ်ခဲ့ဘူး။

လင်ချီးယဲ့ ရောက်ရှိလာခါနီးမှာ မြွေမိစ္ဆာရဲ့အမွေဆက်ခံသူခြောက်ယောက်က ရုတ်တရက်ဆိုသလို ဖိအားပေးလာပြီး ငါတို့ကို စိတ်ပျက်လက်ပျက်အခြေအနေဆီ တွန်းပို့ခဲ့တယ်… ဒါတွေအားလုံးက အရမ်းတိုက်ဆိုင်လွန်းပြီး ထူးဆန်းလွန်းတယ်။"

"ဒါတွေကြောင့် မင်းငါ့ကိုသံသယရှိတာလား။" လီယိဖေးက တင်းကျပ်စွာမျက်မှောင်ကြုတ်လိုက်သည်။

"မဟုတ်ဘူး၊ မင်းရဲ့ကြိုးထူကြီးကို မြွေမိစ္ဆာရဲ့အမွေဆက်ခံသူ ဖြတ်တောက်လိုက်တာက ငါမင်းအပေါ်ကို တကယ်သံသယဖြစ်စေခဲ့တာပဲ။" အန်းချင်းယွီသည် ခေါင်းခါလိုက်ပြီး "မင်းကြိုးနဲ့ဆင်းလာတဲ့အခါ မြွေမိစ္ဆာရဲ့အမွေဆက်ခံသူနှစ်ယောက်က ဒီမြင်ကွင်းကိုမမြင်ဘဲ ဒီကြိုးရဲ့တည်ရှိမှုကို ယေဘုယျအားဖြင့် သူတို့မသိဘူး။

ဒါပေမယ့် နောက်ဆက်တွဲ မြွေမိစ္ဆာရဲ့ အမွေဆက်ခံသူခြောက်ယောက်က သူတို့တက်လာတာနဲ့ ကြိုးက မင်းရဲ့လွတ်မြောက်ရာဖြစ်ကြောင်း ကောင်းကောင်းသိထားသလို ကြိုးထူကြီးကို တိတိကျကျဖြတ်တောက်လိုက်တယ်။

မြွေမိစ္ဆာရဲ့အမွေဆက်ခံသူတွေဟာ သူတို့မမြင်တဲ့အရာကို ဖြတ်တောက်လိုက်တာကြောင့် အဲဒါကိုရှင်းပြနိုင်တဲ့ တစ်ခုတည်းသောအဖြေက…

ငါတို့ကြားမှာ သူတို့နဲ့အမြင်အာရုံမျှဝေပေးတဲ့ တခြားသူရှိနေတယ်ဆိုတာပဲ။"

အန်းချင်းယွီသည် သူ့လက်များကိုဖြန်ကာ "ဟုတ်တာပေါ့၊ အဲဒီအချိန်းက မြွေမိစ္ဆာအကြောင်း ငါသိပ်မသိခဲ့ဘဲ ငါ လင်ချီးယဲ့နဲ့ အချက်အလက်ဖလှယ်ပြီးမှသာ နောက်ဆက်တွဲသုံးသပ်ချင်တွေကို ကောက်ချက်ချနိုင်ခဲ့တာ။"

လီယိဖေး၏ဒေါင်လိုက်မျက်လုံးအိမ်များသည် အန်းချင်းယွီကို စိုက်ကြည့်လျက် နှစ်ကြိမ်သရော်လိုက်သည်။ "မင်းအရမ်းဉာဏ်ကောင်းတယ်ဆိုတာ ငါသိခဲ့ရင် ငါမင်းကို အစကတည်းက သတ်ခဲ့သင့်တယ်။"

"ဒါ့အပြင် မြွေမိစ္ဆာပေါ်လာတိုင်း မင်းရှိမနေဘူး။" လင်ချီးယဲ့က ဆက်ပြောသည်။ "ငါ မြွေမိစ္ဆာကို ပထမဆုံးတွေ့တာက မိန်းကလေးအိပ်ဆောင်မှာပဲ။ ငါမင်းကိုအကူအညီခဲ့ပြီး မင်း ဝူရှူးကျယ်ကို ဝန်ခံခဲ့တယ်။ အဲဒါပြီးတော့ မင်း အထက်တန်းဒုတိယနှစ် စာသင်ခန်းကို မပြန်ခင်… မင်းဘယ်သွားနေတာလဲ။"

"လင်ချီးယဲ့နဲ့ တခြားသူတွေက အခုလေးတင် မြွေမိစ္ဆာနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ မင်းကလည်း တခြားအသက်ရှင်ကျန်ရစ်နေသေးတဲ့ ကျောင်းသားတွေကို ရှာဖွေဖို့ ထွက်သွားခဲ့တာက ငါ့ရဲ့ဆုံးဖြတ်ချက်ကို ပိုသေချာသွားစေတယ်။" အန်းချင်းယွီက ဆက်ပြောသည်။

လီယိဖေးသည် အန်းချင်းယွီကို ကြည့်လိုက်ပြီးနောက် လင်ချီးယဲ့ကို လှည့်ကြည့်လိုက်သည်။

ကိုယ့်ကိုကိုယ်အပြစ်တင်ရန် နှစ်ကြိမ်ရယ်မောပြီး

"ငါ ဘယ်လိုလုပ် မင်းတို့လို ပုံမှန်မဟုတ်တဲ့လူနှစ်ယောက်နဲ့ တွေ့ရတာလဲ။"

TK Team (Chapter 62)