အနာဂတ်ကမ္ဘာမှ
စားဖိုမှူးလေး
အပိုင်း
၅
ရှောင်းကော၏
ရှေ့တွင်ရှင်းလင်းစွာ ပေါ်လာသည်မှာ ကူးပြောင်းလာခြင်း မဖြစ်မီက သူမ၏ အိမ်ဖြစ်သည်။မီးဖို၊
မီးဖိုချောင်သုံးပစ္စည်း၊ ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်တို့ကို မီးဖိုဘေးတွင်
သေသေသပ်သပ် ထားရှိထားသည်။
ရှောင်းကောက
အိမ်ပတ်လည်ကို လည်ပတ်ကြည့်လိုက်သည်။
"အိမ်မက်
မက်နေတာများလား"
အရမ်းစစ်မှန်နေသလို
ခံစားရသည်။ သူမ မှတ်မိသည်က သူမ ရေချိုးမလို့ လုပ်နေရင်း ထိုလက်စွပ်ကို ၀တ်လိုက်တာကိုသာ
ဖြစ်သည်။ သူမ ဝတ်လိုက်သည်နှင့် သူမ ဒီနေရာကို ရောက်လာသည်။
ရှောင်းကောက
အခြေအနေကို သေချာအာရုံမရသေးခင် သူမက ကူးပြောင်းပြီးသား ဖြစ်လာသည်။
သူမက
မျက်လုံးတွေ ပြန်ပွင့်လာချိန်တွင် သူမက မီးဖိုချောင် ကြမ်းပြင်မှာ လှဲနေခဲ့သည်။ သူမ
ကျွမ်းကျွမ်း၏ ငိုသံကိုကြားနေရသည်။ ရှောင်းကော မြန်မြန်ထိလိုက်ကာ အခန်းဆီသို့ ပြေးသွားလိုက်သည်။
သူမ တံခါးကို ဖွင့်လိုက်သောအခါ ကောင်လေးက အိပ်ယာက နိုးလာပြီး ငိုနေသည်ကိုမြင်လိုက်ရသည်။
"
ကျွမ်းကျွမ်း မေမေ ဒီမှာ ရှိပါတယ် တစ်ခုခုဖြစ်လို့လား"
ရှောင်းကောက
ကျွမ်းကျွမ်းကို ညင်သာစွာ ဖက်လိုက်ပြီး မေးလိုက်ကာ သူအတွက် စိတ်မကောင်းသလို ခံစားနေရသည်။
"မေမေ
အစားအစာ သွားရှာရင် သားကို စောင့်ပါ။ တစ်ယောက်တည်း မသွားပါနဲ့ ဟုတ်ပြီလား"
ကျွမ်းကျွမ်းဟာ
အခုထိ သူ့အမေ မနက်တုန်းက လဲကျသွားသည်နှင့် ပက်သက်လို့ စိတ်ဒဏ်ရာရဆဲဖြစ်သည်။
"ဟုတ်ပြီ
မေမေ တစ်ယောက်တည်း မသွားတော့ဘူး။ အိုအမေ့ရဲ့ သနားစရာကောင်လေးရယ် ပြန်အိပ်ကြတာပေါ့"
ရှောင်းကောရဲ့
ညင်သာတဲ့ အသံကို နားထောင်နေရင်း ကျွမ်းကျွမ်းက သူမလက်ထဲတွင် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
ကျွမ်းကျွမ်း
အိပ်ပျော်သွားသောအခါ ရှောင်းကောက သူ့ကို တိတ်တဆိတ် လှဲချလိုက်ပြီး သူ့ကို စောင့်ကြည့်ဖို့
ကုတင်ဘေးမှာ ထိုင်လိုက်သည်။ မကြာမီက ဖြစ်ခဲ့တဲ့ ထူးထူးခြားခြား အဖြစ်အပျက်ကို သူမ တွေးနေမိတော့သည်။
ထိုအရာက လက်စွပ်နှင့် ဆက်စပ်နေနိုင်သည်။ လက်စွပ်မှ အရာအားလုံးသည် ရှောင်းကော၏ ခန္ဓာကိုယ်တစ်ခုလုံးကို
ခံစားလိုက်ရသည်။ သူမ အစက လက်မှာ ၀တ်ဆင်ထားတာဖြစ်သည်။သို့သော်လည်း သူမ နိုးနိုးချင်း
ကျွမ်းကျွမ်းဆီသို့သွားရန် အလျင်လိုနေသဖြင့် အာရုံမထားလိုက်မိချေ။ သူမ အောက်ငုံကြည့်လိုက်ချိန်တွင်
သူမ၏ လက်ချောင်း၌ စွပ်ထားသော လက်စွပ်သည် ယခု သူမ၏ လက်ဖဝါးအတွင်း၌ ရှိနေကြောင်း သူမ
သိလိုက်ရသည်။
သိချင်စိတ်ပြင်းပြလာကာ
ရှောင်းကောသည် သူမ၏ လက်ချောင်းများ၌ လက်စွပ်ကို ပြန်၀တ်လိုက်သည်။ သူမ ပြန်၀တ်လိုက်ချိန်
သူမသည် လက်စွပ်အတွင်းရှိ အခြားနေရာတစ်ခုသို့ ဆွဲခေါ်သွားခံလိုက်ရသည်။လက်စွပ်သည် အခြားနယ်ပယ်တစ်ခုသို့
ဝင်ရောက်ရန် ခလုတ်တစ်ခုအဖြစ် လုပ်ဆောင်နိုင်သည်ကို တွေ့ရှိလိုက်ရသည်။
ရှောင်းကောက
ထိုတွေ့ရှိမှုကို အလွန်ပျော်နေခဲ့သည်။ သူမ အစားအစာအတွက် ထပ်ပြီးစိတ်ပူစရာမလိုတော့ချေ။
သူမ မီးဖိုချောင်ထဲမှာ ထမင်းနဲ့ ခေါက်ဆွဲတွေ အများကြီးကျန်နေသေးပြီး ရေခဲသေတ္တာထဲမှာ
အသားတွေ ကောင်းကောင်းထည့်ထားသည်။ ကမ္ဘာပျက်ကပ်၌ ပိုက်ဆံဆိုသည်က တန်ဖိုးမရှိသောအခါ ဖြစ်သည်။
တန်ဖိုးရှိသော အရာကတော့ ဇွန်ဘီ ခေါင်း၌ ရှိသော ပုံဆောင်ခဲ ဖြစ်သည်။ ထိုပုံဆောင်ခဲဟာ
စွမ်းအင်များကို အဆင်မြင့်ရာ၌လည်း သုံးသည်။ ထို့ကြောင့် သူတို့သည် တောရိုင်း၌ တွေ့နိုင်သောဝက်များ၊
ဘဲများ၊ ကြက်များနှင့် ငါးများကို ရှောင်းကောအားပေးခြင်းဖြင့်
၎င်းတို့၏ စားနပ်ရိက္ခာအတွက် လဲလှယ်ခဲ့သည်။ အချိန်ကြာလာသောအခါ ရှောင်းကောသည် အသားကောင်းများစွာကို
သိုလှောင်နိုင်ခဲ့သည်။
မီးဖိုချောင်းကို
လှည့်ပတ်ကြည့်ပြီးသည့်နောက် ရှောင်းကောဟာ တစ်အိမ်လုံးကို မကြည့်ရသေးဘူးဆိုတာကို သတိရသွားသည်။
သူမက မီးဖိုချောင်ကနေ တစ်ဆင့်ကျော်ဖြတ်သွားလို့ရမလားဟု သူမ တွေးမိသည်။
သူမ
ရှိသော နေရာသေးသေးလေးကို ကြည့်ရင်း ရှောင်းကောက မီးဖိုချောင်က ထွက်ရန်ပြင်လိုက်သည်။
သူမသည် အထဲတွင်သာ လျှောက်လှမ်းနေမှန်း မကြာမီ သိလိုက်ရသည်။ ထိုအခန်းမှထွက်သွားရန် မဖြစ်နိုင်သောကြောင့်
ရှောင်းကောဟု ဒီ အခြေအနေကိုပဲ အကောင်းဆုံး အသုံးချရတော့မည်။ ထိုမီးဖိုချောင်က သူမ ရွေ့နိုင်တဲ့တစ်ခုတည်းသော
နေရာ ဖြစ်သည်။
ရှောင်းကောက
ပိုပြီးသိချင်လာကာ သူမက အသားတွေကို မီးဖိုချောင် အပြင် ထုတ်လို့ရမလားဆိုတာ သိချင်လာသည်။
ထိုအတွေးနှင့် အတူ သူမသည် ဝက်သားတစ်ပိုင်းကို ထုတ်ပြီး ဂျုံမှုန့်အိတ်ငယ်ကို ကိုင်ကာ၊အခန်းထဲက
ထွက်ရန်ပြင်လိုက်သည်။
"နေ
နေပါဦး ငါ ဘယ်လို ထွက်ရပါ့မလဲ"
သူမက
သူမဘာသာ တွေးလိုက်မိသည်။
သိချင်စိတ်က
သူမအား အနိုင်ရသွားသည်။ ကြည့်ဖူးခဲ့သော Tv များကို အခြေခံကာ လူတွေက အပြင်ကိုထွက်ရန်
မန္တန်များကို ပြောကြလေသည်။ သူမက သူမလည်ချောင်းကို ရှင်းကာ ပြောလိုက်သည်။
"အဟမ်း
နှမ်းဘူးကြီး ပွင့်စမ်း"
ဘာမှမဖြစ်လာချေ။
သူမ ကြားလိုက်ရသည်မှာ ကြောက်စရာကောင်းသော တိတ်ဆိတ်မှုတစ်ခုသာ ဖြစ်သည်။
မန္တန်
မှားနေတာလား...
ရှောင်းကော
တွေးလိုက်မိသည်။ သူမ နောက်ထပ် မန္တာနှစ်ခုကို အော်လိုက်သေးသည်။ ဘယ်ဟာမှ အလုပ်မဖြစ်ချေ။
"အဲတာက
"ထွက်မယ်"လို့တည့်တိုးပြောရမယ်လို့တော့ ငါ့ကို မပြောနဲ့နော်"
သူမ
စကားမဆုံးခင်မှာဘဲ ရှောင်းကောဟာ မီးဖိုချောင်ထဲမှ ၀က်သားနှင့် ဂျုံကိုင်ကာ ထွက်လာခဲ့သည်။
သူမက ကျွမ်းကျွမ်း သူမ ဘေး၌ အိပ်နေတာကို မြင်နိုင်လေသည်။ သူမ ပြောစရာစကားမဲ့သွားခဲ့သည်။
အဲတာ ဒီလောက်ရိုးရှင်းရလား။
ရှောင်းကောက
ဖြေးညင်းစွာ ထရပ်လိုက်ကာ ၀က်သားနဲ့ ဂျုံကို မီးဖိုချောင်ထဲ ပြန်ယူလာလိုက်သည်။ မီးဖိုထဲသို့
ထင်းလက်တစ်ဆုပ်စာထည့်ကာ ရေကျိုပြီးနောက် အမြန်ဆေး ကြောလိုက်သည်။ သူက ဝက်သားနဲ့ ဂျုံမှုန့်ကို
အိုးတစ်လုံးထဲ ထည့်လိုက်ကာ ဖုံးအုပ်ထားလိုက်လေ၏။မနက်မိုးလင်းတဲ့အခါ သူမသည် ထိုအရာတို့ကို
ဖက်ထုပ်လုပ်ပြီးမနက်စာ လုပ်စားမည်ဖြစ်သည်။
မီးဖိုချောင်အား
သန့်ရှင်းရေး လုပ်ပြီးသည့်နောက် ရှောင်းကောက အနည်းငယ် ပင်ပန်းနေပြီပင်။ သူမက အခန်းထဲ
ပြန်သွားလိုက်ကာ ကျွမ်းကျွမ်း၏ ဘေးတွင် ညင်သာစွာ လှဲချလိုက်သည်။ ကလေးက သူအမေ၏ အလေးချိန်က
အိပ်ယာပေါ်သို့ နစ်သွားတာကို ခံစားလိုက်ရလျှင် သူသည် အိပ်ချင်စုပ်ဖွားနေသော အနေအထား၌ပင်
တစ်ဖက်သို့ လှည့်ကာ သူမကို လက်နှစ်ဖက်ဖြင့် ဖက်ထားလိုက်သည်။ ရှောင်းကောကလည်း အိပ်ပျော်မသွားခင်
သူ့ နဖူးကို အနမ်းလေး ပေးလိုက်သည်။