အပိုင်း ၆
Viewers 675

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

 

အပိုင်း ၆

 

 

နောက်တစ်နေ့ ရောက်သောအခါ မိုးလင်းပြီးချင်း အိမ်အပြင်ဘက်က ကြက်တွန်သံကြောင့် ရှောင်းကော နိုးလာသည်။ သူမ မျက်လုံးတွေ ဖွင့်လိုက်တော့ ကျွမ်းကျွမ်းက အိပ်ပျော်နေတုန်းဖြစ်သည်။ သူမ အိပ်ယာပေါ်က ညှင်သာစွာ ထိလိုက်ပြီး တံခါးကိုပိတ်လိုက်ကာ မနက်စာပြင်ဆင်ရန် မီးဖိုချောင်တွင်းသို့ သွားလိုက်သည်။

 

 

သူမသည် မနေ့ညက ဝက်သားကို ထုတ်ယူပြီး နုတ်နုတ်စင်းလိုက်သည်။ သူမသည် မီးဖိုချောင်ကို ရှာဖွေခဲ့သော်လည်း ဖက်ထုပ်ကို ဖြည့်ရန်အတွက် နွေကြက်သွန်နီ သို့မဟုတ် ဟင်းခတ်အမွှေးအကြိုင်များကို ရှာမတွေ့ခဲ့ပေ။

 

 

ထို့ကြောင့် သူမ ကူးပြောင်းနိုင်တဲ့ လက်စွပ်ကို ပြန်သုံးလိုက်သည်။ အခြားမီးဖိုချောင်မှ သူမ လိုအပ်သော ပါဝင်ပစ္စည်းများကို ယူခဲ့သည်။ သူမ လိုအပ်သည်တို့ကို ရလိုက်သည်အခါ သူမက လက်စွပ်ကိုပဲ ပြန်သုံးကာ လက်ရှိ မီးဖိုချောင်ကို ပြန်လာလိုက်သည်။ ရှောင်းကောက ထည့်သည့်ခွက် တခုတည်းကို ပါ၀င်ပစ္စည်းတွေရောထည့်လိုက်ကာ ဂျင်း၊ ကြက်သွန်မြိတ် တို့ကို စလှီးတော့သည်။

 

 

သူတို့ကို ဘေစင်ထဲ ထည့်လိုက်ကာ အခြားပါ၀င်ပစ္စည်းတွေဖြစ်တဲ့ ဆား၊ ငံပြာရည်နှင့် အရသာမှုန့်တွေကိုထည့်လိုက်သည်။ သူမက လှီးထားတဲ့ ဂျင်းနဲ့ ကြက်သွန်မြိတ်ကို ဖယ်လိုက်ကာ နုတ်နုတ်စင်းထားတဲ့ အသားတွေနဲ့ရောလိုက်သည်။ ရှောင်းကောသည် ငရုတ်ကောင်းဆီအနည်းငယ်ကို အပူမပေးမီ အရောအနှောကို သမအောင် မွှေလိုက်ကာ ထို့နောက်မှ အသားအား အလုံပိတ်ကာ နှပ်ထားလိုက်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အသား၏ ရနံ့သည် ပိတ်ဆို့သွားမည်ဖြစ်ပြီး ဖက်ထုပ်များသည် အရည်ရွှမ်းပြီး စားကောင်းလာမည်ဖြစ်သည်။

 

  

ထိုသို့နှပ်ထားခြင်းပြီးသည့်နောက် ရှောင်းကောဟာ မုန့်သားလုပ်ရတော့မည်။ ဂျုံမှုန့်ကို ချော့မွေ့သော မုန့်သားဖြစ်သည့်အထိ နှယ်ပြီးသည့်နောက် နေက ကောင်းကင်ပေါ်မှာ တော်တော် မြင့်နေပြီဖြစ်သည်။ သူမက အိုးထဲသို့ရေဖြည့်လိုက်ကာ မီး‌မွှေးလိုက်သည်။

 

 

အခြားတစ်ဖက်တွင် ကျွမ်းကျွမ်းသည် နိုးလာပြီဖြစ်ကာ သူ့အမေကို မတွေ့ဖြစ်နေသည်။ သူက လန့်သွားတာ သူအမေကိုရှာရန် အမြန် ထွက်လာလိုက်သည်။ မီးဖိုခန်းထဲ ကြားရသော အသံနောက်ကို လိုက်၍ ကျွမ်းကျွမ်းဟာပြေးလာပြီး အော်လိုက်သည်။ 

 

 

"မေမေ...."

 

 

ရှောင်းကောက သူအသံကိုကြားပြီးသည့်နောက် လှည့်ကြည့်လာသည်။ သူမ အခုမှ နိုးလာသော ကျွမ်းကျွမ်းကို တွေ့လိုက်ရသည်။

 

 

"စောစောနိုးလာတာပဲ။ မေမေထင်တာက စားစရာတွေပြင်ဆင်ပြီးမှ နိုးမယ်ထင်လိုက်တာ"

 

 

ကျွမ်းကျွမ်းက သူအမေ အပြင်ကို အစားအစာ ထွက်ရှာနေတာလို့ ထင်လိုက်သည်။ သူ သူ့အမေကိုမြင်တဲ့ အချိန်မှာတော့ သူအမေက မနက်စာလုပ်နေသည်။ သူချက်ချင်း စိတ်သက်သာရာရသွားသည်။

 

 

"မေမေ မနက်စာ စားပြီးရင် သား မေမေနဲ့တူတူ အပြင်လိုက်ပါ့မယ်"

 

 

"အပြင်ကိုလိုက်မယ်"

 

 

ရှောင်းကော မေးလိုက်သည်။ ထို့နောက်မှ သူမသည် အတိတ်က သူတို့က အစားအစာရှာဖို့ နေ့စဉ် အပြင် ထွက်ရကြောင်း သတိရသွားသည်။

 

 

"မလိုပါဘူး မေမေက စားရမယ့်ဟာကို ရှာတွေ့ပြီးနေပြီ။ မေမေတို့ အပြင်ကိုသွားပြီး စားစရာတွေ ရှာစရာမလိုတော့ဘူး"

 

 

"တကယ်လား"

 

 

ကျွမ်းကျွမ်းက ရှောင်းကောကို တောက်ပတဲ့ မျက်လုံးတွေနဲ့ကြည့်လာပြီးနောက် သူမက သူ့အား ပြုံးပြလိုက်သည်။

 

 

"တကယ်ပေါ့"

 

 

" အဲတာက တကယ် မိုက်လိုက်ကာ မေမေကို မီးမွှေးဖို့ ကူပေးမယ်"

 

 

ထို့နောက် မီးဖိုရှေ့မှာ ထိုင်ဖို့ ခွေးခြေလေးကို ရွှေ့လိုက်တယ်။

 

 

ရှောင်းကော ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

 

 

" ခုတော့ သားက မေမေကို ရေဆူအောင်တည်ဖို့ ကူပေးဦး အဆင်သင့်ဖြစ်ပြီဆို မေမေတို့ ဖက်ထုပ်လုပ်စားကြတာပေါ့"

 

 

‌ကျွမ်းကျွမ်းက ခုံပေါ်မှာ တွေ့လိုက်ရတဲ့ အရာကိုကြည့်လိုက်သည်။

 

 

"ဖက်ထုပ် တကယ်ပဲ ဖက်ထုပ်တွေလား"

 

 

ကျွမ်းကျွမ်းသည် စားပွဲပေါ်က သေးငယ်တဲ့ ဖက်ထုပ်တွေကို မျက်လုံးတောက်တောက်လေးနှင့် ကြည့်လိုက်သည်။ သူ ထိုအရာကို စားခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သူသည် ထင်း‌ သေးသေးများ ကောက်ယူပြီး မီးထဲသို့ အားသွန်ခွန်စိုက် မီးထိုးသည်။

 

 

ရှောင်းကောကလည်း ဖက်ထုပ်ကလေးမှာ ထုပ်တာ ပြီးခါနီးဖြစ်သည်။ သူမက ကျွမ်းကျွမ်းကို မီးဖိုနားက ဖယ်ခိုင်းလိုက်သည်။ သို့မှသာ မီး မထိတော့မှာဖြစ်သည်။ ရှောင်းကောက စပြီး ဖက်ထုပ်တွေကို အိုးထဲ ထည့်တော့ကာ ကပ်ခြင်းမှ ကာကွယ်ရန် အဆက်မပြတ် မွှေပေးနေသည်။

 

 

အိုးက စပြီးဆူလာတဲ့အခါ ဖက်ထုပ်တဲ့ အနံဟာမီးဖိုချောင်တစ်ခုလုံးကို ဖုံးသွားသည်။ ကျွမ်းကျွမ်းကစားဖို့ အရမ်းမျှော်လင့်နေ‌ကာ ရှောင်းကောအား သူမ ချက်တာ ပြီးပြီလားလို့ မေးသည်အား မရပ်နိုင်တော့ချေ။ ကျွမ်းကျွမ်း မစောင့်နိုင်တော့တာ မြင်သောအခါ သူမက ကျွမ်းကျွမ်းကို ပြောလိုက်သည်။ 

 

 

"စားဖို့ ပန်ကန်လုံးနဲ့ တူတွေကို မေမေကို ကူပြီးယူပေးပါဦး"

 

 

ကျွမ်းကျွမ်းက ချက်ချင်း အခြားတစ်ဖက်ကို လှည့်လိုက်ကာ လုပ်ပေးတော့သည်။

 

 

"မေမေ အဲတာတွေက ကျက်ပြီလား"

 

 

ရှောင်းကောက ခေါင်းငြိမ့်လိုက်သည်။

 

 

"ထမင်းပန်းကန်လုံးထဲ ထမင်းခူးထားလိုက်"

 

 

ထိုနေရာ၌ ထမင်းပန်းကန် နှစ်ခုရှိရာ တစ်ခုက ခပ်ကြီးကြီးဖြစ်ပြီး တစ်ခုကတော့ သေးသေးလေးဖြစ်သည်။ ရှောင်းကောသည် ပန်းကန်အောက်ခြေတွင် ပင်လယ်ရေမှော်နှင့် ပုစွန်ခြောက်အချို့ကို ချထားပြီး နှမ်းဆီအနည်းငယ် ထည့်လိုက်သည်။

 

 

ကျွမ်းကျွမ်းသည် ဟင်းခတ်ဗူးများကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ ထိုအရာတွေက သူ့အတွက်တော့ စိမ်းနေသေးသည်။ သူက အဲတာတွေအကြောင်း ထုတ်မမေးလိုက်ခင် ရှောင်းကောသည် ဖက်ထုပ်များကို အိုးထဲမှ ထုတ်ယူလိုက်သောကြောင့် အာရုံပြောင်းသွားသည်။  ရှောင်းကောသည် ဖက်ထုပ်များကို အိုးထဲမှ ထုတ်ယူလိုက်သည်။ မွှေးရနံ့က စွဲမက်ဖွယ်ကောင်းသည်။

 

 

ရှောင်းကောက ပန်းကန်ထဲ ဖြည့်နေသည့်ကို မြင်သောအခါ ကျွမ်းကျွမ်းက သူ့အမေကို ကူပေးပြီး ပန်းကန်တွေ ယူပေးရန်လုပ်လေသည်။ သူ့အား မထိခိုက်စေချင်သောကြောင့် ထိုအစား ရှောင်းကောက သူ့အား တူ ကိုင်စေလိုက်သည်။ ထို့နောက် မြန်မြန် ထမင်းစား စားပွဲသို့ သွားကာ ထိုင်ချလိုက်သည်။ ဝမ်တန် ဟင်းချို ပူပူနွေးနွေး ရှိနေတုန်း၊ ကျွမ်းကျွမ်းသည် ဇွန်းကို အလျင်အမြန် ကောက်ယူပြီး တစ်ဇွန်းစားလိုက်သည်။

 

 

ထိုအရာကို တွေ့သောအခါ ရှောင်းကောက ကျွမ်းကျွမ်းအား မြန်မြန်ပြောလိုက်သည်။ 

 

 

"ဖြေးဖြေးစားပါ အပူမလောင်စေနဲ့"

 

 

ကျွမ်းကျွမ်းက ခေါင်းငြိမ့်လိုက်ပြီး သူ၏ မနက်စာကို စပြီး မှုတ်စားတော့သည်။ သူသည် သူ့အစာကို ကျေကျေနပ်နပ် စားနေတော့‌၏။

 

 

ရှောင်းကောက ကျွမ်းကျွမ်း‌ ပျော်ရွှင်စွာစားနေတာကို ပျော်ရွှင်စွာကြည့်နေခဲ့သည်။ သူ စားနေတာကြည့်ရင်းနှင့်သူမ အစာစားချင်စိတ် တိုးလာသလို ခံစားရသည်။ သူမ၏ ကြီးမားတဲ့ ဖက်ထုပ် နှစ်ပန်းကန်တိတိ ထပ်စားကာ အကုန်စားလိုက်သည်။ မည်သည့်အချိန်မှ မရှိလိုက်ဘဲ သူတို့က စွတ်ပြုတ် တစ်အိုးလုံးကို အဆုံးသတ်လိုက်လေသည်။

 

 

ဗိုက်တော်တော် ပြည့်သွားပြီဟု ခံစားမှုနှင့်အတူ ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့က သူတို့ ခုံတွေ နောက်ကို လှဲချလိုက်သည်။ သူတို့ အစာအိမ်တွေက လုံး၀န်းနေပြီး ပေါများသော အစာများကြောင့် တင်းမာနေ၏။ ရှောင်းကောက ကျွမ်းကျွမ်း၏ အစာအိမ်ကို စတင်ပြီးပွတ်ပေးပြီး အစာချေဖို့ ကူညီပေးတော့သည်။ သုံးကြိမ် လေးကြိမ်လောက် လေတက်ပြီးတော့မှ ကျွမ်းကျွမ်းက နေရအဆင်ပြေသလို ခံစားလာရသည်။

 

 

 ကောင်ငယ်လေးက သူ့အမေကို ပန်းကန်တွေ မဆေးစေချင်သောကြောင့် စားပွဲကို ရှင်းပြီး မီးဖိုချောင်ဘက်လျှောက်သွားခဲ့သည်။ ရှောင်းကောသည် သူ့နောက်သို့ အနီးကပ် လိုက်သွားခဲ့သည်။ မီးဖိုက ကျွမ်းကျွမ်း မရောက်နိုင်လောက်အောင် မြင့်မားနေတော့ ရှောင်းကော က ဆေးကြောဖို့ တာဝန်ယူရတော့သည်။ ကျွမ်းကျွမ်းသည် ရှောင်းကောကို ပြောခဲ့သည်။

 

 

"မေမေ သားကတိပေးတယ် သားမြန်မြန်ကြီးလာပြီး မေမေကို အနာဂတ်ကျရင် ကာကွယ်ပေးမယ်"

 

 

ဆေးကြောနေတဲ့ ရှောင်းကောက ခံစားချက်များ ရောတက်လာပြန်သည်။ သူက တစ်ကိုယ်တည်းသမားဖြစ်ခဲ့တာ တစ်ခါမှ ချစ်သူမရခဲ့ဖူးချေ။ သူမ၏ ဘဝအစီအစဉ်မှာ တစ်ကိုယ်တည်းနေရန်ဖြစ်ပြီး မှန်ကန်သောအသက်အရွယ်တွင် IVF *ပြုလုပ်ရန်ဖြစ်သည်။

 

 

 အခုချိန်တွေးကြည့်သောအခါ သူမက ထိုတွေးခေါ်တက်တဲ့ သားကို စီမံ အုပ်ထိန်းရမည်ဖြစ်ကာ ထိုအတွက် ယောက်ျားဆိုသူလည်း မလိုအပ်ချေ။ သူမသည် သေဆုံးသွားသော ယခင်ခန္ဓာကိုယ်ပိုင်ရှင်နှင့် သေဆုံးသွားသော သူမ၏ခင်ပွန်းအပေါ် ကျေးဇူးတင်သလို ခံစားခဲ့ရသည်။

 

.......

 

In vitro fertilization (IVF) - ဖန်ပြွန်သန္ဓေသား