အနာဂတ်ကမ္ဘာမှ
စားဖိုမှူးလေး
အပိုင်း
၇
ဗိုက်ပြည့်အောင်
စားထားကြတဲ့ အမေနဲ့သားက အိမ်ကိုသန့်ရှင်းဖို့ ပြင်ဆင်တော့သည်။ ရှေးလူကြီးတို့ပြောကြသည့်အတိုင်း
' ဘ၀သစ်ဆိုတာ ပုံရိပ်အသစ်ကစလို့ ရရှိလာမည်' ဖြစ်သည်။
ထိုအချိန်၌
အုတ်ကို အိမ်နှင့် နံရံ၏ ခိုင်ခံ့ရေးအတွက် သိပ်ပြီး အသုံးမပြုကြသေးချေ။ မက်မွန်ပွင့်ရွာကလည်း
ထိုကဲ့သို့ အယူရှိသော နေရာပင်ဖြစ်သည်။ အဝေးသို့ရောက်သွားသည်မှာ ကြာမြင့်ပြီ ဖြစ်သော
ကျင်းတန့်ဟယ်၏ အဖေကို ကျေးဇူးတင်ရမည်။
ကျင်းမိသားစု
မပြိုလဲမှီ သူတို့က ယခင်နေရာတစ်ဝိုက်၌ အချမ်းသာဆုံး လူများဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင်
သစ္စာဖောက်များ၏ ချောက်တွန်းခြင်းကို ခံခဲ့ရပြီး ၎င်းတို့၏ စည်းစိမ်ဥစ္စာ အားလုံးကို
ဆုံးရှုံးခဲ့ရသည်။ သူတို့က လက်ထဲရှိနေသော ပိုက်ဆံ အချို့နှင့် မက်မွန်ပွင့်ရွာသို့
ပြောင်းလာကြသည်။ ပိုက်ဆံအများစုက မြေနေရာ၀ယ်ပြီး အိမ်ဆောက်ရာ၌ သုံးထားကြသည်။
ရှောင်းကောသည်
ကျွမ်းကျွမ်းကို အိမ်တစ်ဝိုက်သို့ ဦးဆောင်ခေါ်ခဲ့သည်။ သူမ ဒီကိုရောက်တဲ့အခါ ကောင်းကင်က
မှောင်နေပြီ ဖြစ်သည်။ ထို့နောက် ထမင်းချက်စားရတာမို့ အတွင်းခန်းကို ကြည့်လိုက်ဖို့
အချိန်မရှိသလောက်ပင်။ အခုအချိန်မှာတော့ သူမ နေရာအနှံ့ကို ကြည့်ရန် အချိန်ကောင်းဖြစ်ခဲ့သည်။
တောင်ဘက်ကို
မျက်နှာမူထားသော အဓိက အခန်းသုံးခန်းနှင့် အိမ်၏ အလယ်တွင် ထမင်းစားခန်းဖြစ်သည်။ အိမ်၏
အရှေ့ဘက်ရှိ အခန်းသည် ကျင်းသခင်မကြီး မဆုံးခင်က နေခဲ့သောနေရာဖြစ်သည်။ ရှောင်းကော၏ အခန်းသည်
အနောက်ဘက် ခြမ်းတွင်ရှိသည်။
မီးဖိုချောင်က ကျင်းသခင်မကြီးအခန်းမှ သုံးမီတာ အဝေးမှာ
ရှိနေသည်။ ခြံ၀န်းကလည်း အတော်ကျယ်ကာ အပင်စိုက်လို့ရမည့် နေရာလေးလည်း ရှိနေသေးသည်။ သို့သော်
မြေဆီက အချိန်အတော်ကြာအောင် မစိုက်ပျိုးသောကြောင့် အပြည့်အ၀ ခြောက်သွေ့နေသည်။
ခြံ၀န်းထဲရှိ
ရေတံခွန်သည် ရှောင်းကော၏ အိမ်တော်၌ အကြိုက်ဆုံး အရာဖြစ်သည်။ ကျင်းတန့်ဟယ်က သူ့အမေက
ရွာထဲက ရေတစ်ဝက်လောက် သွားယူရတာကို မခံစားနိုင်သဖြင့် သူကိုယ်တိုင် ရေတွင်းကို တူးခဲ့ခြင်းဖြစ်ကာ
ရသည်။
အိမ်တဝိုက်ကို
လှည့်ပတ်ကြည့်ပြီးနောက်၊ ရှောင်းကောသည် ကျွမ်းကျွမ်းကို သူမနှင့် အတူခေါ်လာတာ သန့်ရှင်းရေး
အလုပ်စတော့သည်။ သူမတို့က အိမ်တွင်းပရိဘောဂတွေကို စပြီး အပြင်ကို ထုတ်လေသည်။ပရိဘောဂအားလုံးသည်
စိုစွတ်မှုကြောင့် အနံ့ဆိုးများ ရှိနေသဖြင့် နေရောင်အောက်တွင် ကြာမြင့်စွာထားသင့်သောကြောင့်ဖြစ်သည်။
စောင်တွေ မွေ့ယာနှင့် ကူရှင်တွေက ပြင်းထန်သော မှိုနံ့ထွက်နေ၏။
သူမ၏
အိမ်၌ ရေတွင်းရှိကတည်းက ရေကိစ္စက သူတို့အတွက် ကြီးမားသော ကိစ္စမဟုတ်ခဲ့ချေ။ ရှောင်းကော
နည်းနည်းပါးပါး မသုံးနေတော့ချေ။ သူမက ကျွမ်းကျွမ်းကို အဝတ်လျှော် ဘုတ်ပြား ယူဖို့ ပြောလိုက်သည်။
သူထိုအရာကိုလုပ်နေစဉ် ရှောင်းကောဟာ သူမ၏ လက်စွပ်ကိုသုံးကာ တစ်ဖက်မီးဖိုချောင်မှ 'ပန်းကန်ဆေး
ဆပ်ပြာ' ယူလိုက်သည်။ သူမသည် အိမ်တစ်ဝိုက်တွင် ဆပ်ပြာ ရှာမတွေ့သောကြောင့် အဝတ်လျှော်ရန်အတွက်
ပန်းကန်ဆေးဆပ်ပြာကို အသုံးပြုရန် စီစဉ်လိုက်သည်။
ကျွမ်းကျွမ်းက
အဝတ်လျှော်ဘုတ်ပြားကို သူ့လက်နှင့် အပြည့်ယူလာစဉ် ရှောင်းကောကလည်း လက်စွပ်ကနေ ပြန်ရောက်လာပြီဖြစ်သည်။
ကောင်လေးက တိုက်ချွတ်ဖို့ ပစ္စည်းကို သူ့အမေဆီ နာနာခံခံ ပေးလိုက်ပြီး သိချင်စိတ်နှင့်
မေးလိုက်သည်။
"မေမေ
သားက ဘာလုပ်ရမလဲဟင်"
ရှောင်းကော
မလိုအပ်ဘူးလို့ ပြောတော့မည့်အချိန်တွင်၊မျှော်လင့်ထားသည့် ကျွမ်းကျွမ်း၏ မျက်လုံးများ
တောက်တောက် ကလေးတွေကို သူမ မြင်လိုက်ရသည့်အခါ ကျွမ်းကျွမ်း ကူညီပေးနိုင်တဲ့ အလုပ်တစ်ခုခုရှိမရှိဆိုတာကို
သူမ စဉ်းစားနေပြီး လှည့်ပတ်ကြည့်လိုက်သည်။
"သား
မေ့မေ့ကို အ၀တ်လျှော်ဇလုံနဲ့ အဝတ်လျှော်တုတ်တစ်ချောင်းရဖို့ ကူညီပေးနိုင်မလား။"
ကျွမ်းကျွမ်းက
လက်ခံလိုက်ပြီး အိမ်ထဲသို့ ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။ ရှောင်းကောဟာ ရေတွင်းထဲမှ
ရေပုံးနှစ်ပုံးကို သယ်ယူလာသည်။ ကျွမ်းကျွမ်းက အ၀တ်လျှော် ဇလုံနှင့် ပြန်လာတဲ့အခါ ရှောင်းကောက
အမြန် ထိုထဲသို့ ရေလောင်းချလိုက်သည်။
အ၀တ်လျှော်
ဇလုံက ကြီးသောကြောင့် ရှောင်းကောက အခန်းထဲ ပြန်သွားပြီး ဗီရိုထဲမှ အင်္ကျီအချို့နှင့်
မနေ့က ဝတ်ထားသည့်အင်္ကျီ တွေကို သွားယူလိုက်သည်။ သူမ ခြံ၀န်းထဲသို့ ၀င်လိုက်ချိန်တွင်
ကျွမ်းကျွမ်းက ခွေးခြေခုံ တစ်လုံးထုတ်ပြီး သူမဘေးမှာ ရပ်နေတာကို မြင်လိုက်ရသည်။
သူက
အပြုံးအကြီးကြီးတစ်ခုကို တပ်ဆင်ထားကာ သူ့ကြည့်ရတာ သူ့ကိုယ်သူ အရမ်းဂုဏ်ယူနေသည့်ပုံပင်။
ထိုအခြေအနေတွင် သူသည် ဆုကိုစောင့်နေသော ပါပီလေးတစ်ကောင်နှင့်တောင် တူသည်။ ရှောင်းကောသည်
သူမရှေ့ရှိ ဤမြင်ကွင်းကြောင့် ရယ်မောလိုက်မိသည်။
"မေမေ?"
ကျွမ်းကျွမ်းက
ဘာလို့ သူ့အမေ ထပ်ပြီး ပြုံးရပြန်လဲဆိုတာကို နားမလည်ဖြစ်နေသည်။ သူမသည် မနေ့ညက အိပ်ရာနိုးသည့်အချိန်မှစ၍
ပြောင်းလဲသွားပုံရသည်။ယခင်တုန်းက သူ့အမေက အမြဲမျက်မှောင်ကြုတ်နေပြီး သက်ပြင်းပဲချနေတက်သည်။
သူက သူ့အမေ အခုကစပြီး အမြဲတမ်း ပြုံးနေဖို့ အမြဲ ဆန္ဒရှိနေခဲ့သည်။
ရှောင်းကောကတော့
ကျွမ်းကျွမ်း ဘာတွေ တွေးနေမလဲ မသိသူ ဖြစ်သည်။ သူမက လမ်းလျှောက်သွားပြီး သူ့ပါးကို ကိုက်လိုက်သည်။
သူ့မျက်နှာက ဖောင်းဖောင်းလေးက ချက်ချင်းအရာထင်သွားသည်။ ရှောင်ကောက ကျွမ်းကျွမ်းကို
အားတက်စရာ လေသံဖြင့် ပြောခဲ့သည်။
"ကျွမ်းကျွမ်း
သားက အရမ်းတော်တာပဲ။ သားက အခုကတည်းက အိမ်အလုပ်တွေ မေမေကို ကူနိုင်တာ မေမေ ကျေးဇူးတင်လိုက်တာနော်
မင်းက မေမေဖို့ ခွေးခြေခုံတောင် ယူထားပေးသေးတယ်"
ကျွမ်းကျွမ်းက
သူအမေ၏ မြှောက်ပင့်မှုကြောင့် ရှက်သွားခဲ့သည်။
"ဒါက
ဘာမှမဟုတ်ပါဘူး သားက အခုထိ အများကြီး မကူညီနိုင်သေးဘူး။ သား နည်းနည်း ပိုပြီးကြီးလာတဲ့အခါကျရင်
သားက အိမ်အလုပ်တွေလည်း လုပ်ပြီး ဟင်းလည်းချက်ပါ့မယ်"
ရှောင်းကောသည်
ကျွမ်းကျွမ်း၏ ယောက်ျားဆန်သော ကမ်းလှမ်းမှုကို ကြားသိရသည့်အတွက် ဝမ်းသာမိသည်။
"ဒီတော့လည်း
မေမေက ကျွမ်းကျွမ်းလေး ကြီးလာတဲ့ အထိ စောင့်ရတာပေါ့"
သူမက
သူ့ကိုပြောလိုက်သည်။
"ဟုတ်ကဲ့
သားမြန်မြန်ကြီးလာစေရမယ်"
ကျွမ်းကျွမ်းက
ရှောင်းကောကို ကတိပေးလိုက်သည်။
ရှောင်းကောက
ခွေးခြေခုံမှာ ထိုင်လိုက်ကာ အ၀တ်တွေ စလျှော်တော့သည်။ ကျွမ်းကျွမ်းက ကြည့်နေရင်းမှ ရုတ်တရက်
မီးဖိုထဲသို့ ပြေး၀င်သွားသည်။ ရှောင်းကောသည် သူ ဘယ်ကိုသွားလိုက်လဲ မသိတာကြောင့် သူမ
အလုပ်ကိုပဲ ဆက်လုပ်နေလိုက်သည်။
ကျွမ်းကျွမ်းက
မကြာခင် ပြန်ရောက်လာသည်။ သူနှင့် အတူ အိမ်ထဲက အခြားခွေးခြေခုံတစ်ခုကို ယူလာပြီး သူက
သူမဘေးမှာ ထိုင်လိုက်ကာ သူါလက်သေးသေးလေးတွေနှင့် သူမ၏ လက်မောင်းကို စနှိပ်ပေးတော့သည်။
ရှောင်းကောက
တစ်ဖက်ကို လှည့်ပြီး ကျွမ်းကျွမ်းကို အံဩတကြီး ကြည့်လိုက်သည်။
"ဒီကလေး....တကယ်ကို
အလိုက်သိလွန်းအားကြီးတယ်"
ကျွမ်းကျွမ်းက
ဆက်ပြီး ရှောင်းကော၏ ကျောဘက်ကို ဆုတ်နယ်ပြီး နှိပ်နယ်ပေးနေလေသည်။ သူ့မျက်နှာသည် လေးနက်စွာ
ရှုံ့တွနေပြီး အရေးကြီးသော အလုပ်တစ်ခုကို ထမ်းဆောင်နေပုံရသည်။
သူနှင့်
အတူ စီးမြှောလာသော ရှောင်းကောသည် အဝတ်လျှော်မှု အမြန်ပြီးအောင် စိတ်အားထက်သန်မှု အပြည့်ရှိသည်။
အဝတ်အစား လျှော်ပြီးသည့်နောက်၊ စောင်ကို ဖုံးထားရာကနေ ဖယ်လိုက်ပြီး အိပ်ရာခင်းအားလုံးကို
လျှော်ဖို့ ဆက်လုပ်လိုက်သည်။ ပရိဘောဂတွေလည်း သူမ လက်အောက် အားလုံး သန့်ရှင်းလာသည်။
မေလ
ရာသီဥတုဖြစ်ပြီး သန့်ရှင်းရေးအတွက် အပူချိန်ကလည်း ကောင်းမွန်သည်။ သူမ လျှော်ထားပြီးသမျှသည်
ညနေခင်းရောက်လျှင် ခြောက်သွားလောက်သည်။
"မေမေ
မေမေက အတော်ဆုံးပဲ"
ကျွမ်းကျွမ်းသည်
ကြိုးပေါ်တွင် ချိတ်ထားသည့် အဝတ်အထည်များနှင့် အိပ်ရာခင်း ပမာဏကို ကြည့်လိုက်သည်။
"ဒါပေါ့
သား နှိပ်ပေးတဲ့ အကူအညီနဲ့တင် မေမေတော့ ပင်ပန်းတယ်ကို မခံစားရတော့ဘူး"
ရှောင်းကောက
သူမ ခြေလက်တွေကို ဆန့်လိုက်ကာ ကျွမ်းကျွမ်းကို ပြောလိုက်သည်။ သူမက ကျွမ်းကျွမ်းကို
နှစ်သိမ့်နေခြင်းသက်သက် မဟုတ်ချေ။ သူမ တကယ်ကို တစ်နေ့လုံး အလုပ်လုပ်နေသော်လည်း မပင်ပန်းနေချေ။