အနာဂတ်ကမ္ဘာမှ
စားဖိုမှူးလေး
အပိုင်း
၈
ကျွမ်းကျွမ်းက
ထိုစကားများအားကြားသောအခါ သူကပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။ သူက သူ့အမေကိုကူညီနိုင်တာကြောင့်
ပျော်ရွှင်နေလေသည်။
ရှောင်းကောက
ကောင်းကင်ကိုကြည့်ရန် သူမခေါင်းကိုမော့လိုက်သည်။ သူမက ဘယ်အချိန်ရှိပြီလဲဆိုတာ မသေချာဖြစ်နေသော်လည်း
နေသည် ကောင်းကင်၌ အတော် မြင့်နေလေပြီ။ ရှောင်းကောက ကျွမ်းကျွမ်းကိုပြန်ကြည့်လိုက်ကာ
မေးလိုက်သည်။
"ကျွမ်းကျွမ်း
သားဘယ်အချိန်ရှိပြီလဲသိလား"
ရှောင်းကောဟာ
ဒီအတိုင်းမေးလိုက်တာသာဖြစ်ပြီး သူထံမှ ပြန်ပြောလာရန်ကို မမျှော်လင့်ထားလိုက်ချေ။သို့သော်လည်း
ကျွမ်းကျွမ်းက ချက်ချင်း နေကိုကြည့်လိုက်ကာပြောလာသည်။
"အဲတာက
ကိုးနာရီခွဲနေပြီလေ"
ရှောင်းကောက
ကျွမ်းကျွမ်းကို တအံတဩကြည့်လိုက်သည်။
"
သားအတိအကျ ဘယ်လိုသိနေတာလဲ"
"မေမေ
အပြင်ထွက်သွားတိုင်း သားက တကယ်ကို အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ရတာကို ကြောက်နေခဲ့တာ
ဒါကြောင့်မို့ သားက နေကိုကြည့်ပြီး မေမေပြန်လာဖို့ ဘယ်လောက် လိုဦးမလဲဆိုတာကို စောင့်ကြည့်နေတော့တာဘဲ"
ကျွမ်းကျွမ်း၏
အဖြေကရိုးရှင်းသော်လည်း ရှောင်းကောအဖို့ မယုံနိုင်ခြင်း အနည်းငယ်၀န်းရံလာသည်။ ယခင်တုန်းက
"ခန္ဓာကိုယ်ဟောင်း"ထဲတွင် တခြားသူတွေ အိပ်နေတုန်း အပြင်ထွက် လေ့ရှိသည်။
အဘယ်ကြောင့်ဆိုသော်
အစောကြီးရောက်သောအခါ တစ်ခုခုကိုရှာဖွေရန် အခွင့်အလမ်း ပိုများသောကြောင့်ဖြစ်သည်။ ကောင်လေးတစ်ယောက်
အိပ်ရာက နိုးလာတိုင်း နာရီကို စပြီး ရေတွက်တာ ဖြစ်နိုင်မည်လို့ တွေးရမည်။
ရှောင်းကောက
ထိုင်ချလိုက်ပြီး ကျွမ်းကျွမ်း၏ မျက်လုံးတွေကို ကြည့်လိုက်သည်။
"သား
နောက် အနာဂတ်ကျရင် သားကို မေမေ ဘယ်သွားသွားခေါ်သွားပါ့မယ်"
သူမက
သူ့အား ကတိပေးလိုက်သည်။
အမှန်ပင်၊
ကျွမ်းကျွမ်း၏ မျက်လုံးများသည် ထိုစကားကိုကြားသာအခါ ပြူးကျယ်သွားတော့သည်။
"တကယ်လား"
"အင်း
တကယ်ပေါ့"
"မေမေ
သားက မေမေကို အချစ်ဆုံး အချစ်ဆုံး"
ကျွမ်းကျွမ်းဟာ
ရှောင်းကောကို ဖက်လိုက်ပြီးနောက်စိတ်လှုပ်ရှားစွာဖြင့် သူ့ခန္ဓာကိုယ်ကို ရွှင်မြူးစွာ
လှုပ်ယမ်းလိုက်သည်။
ရှောင်းကောဟာလည်း
ကျွမ်းကျွမ်းကိုသူမလက်မောင်းတွေကြား ဖက်ထားလိုက်သည်။ ကျွမ်းကျွမ်းက ယခင်က အရမ်းမလုံခြုံခဲ့ချေ။
သူကအခုချိန်ထိ ငယ်ရွယ်သေးသည်။ သူမ အနေနဲ့ ထိုကလေး သူနိုးလာတဲ့အချိန် သူ့အမေ ဘေးမှာ
မရှိမည်ကာလအား တွေးကြည့်နိုင်သည်။ သူ့အတွက် အထီးကျန်ဆုံးအချိန်ကာလဖြစ်နိုင်သည်။ သူတကယ်ကို
ကြောက်နေခဲ့ရမှာသေချာသည်။
သူမသည်
ထိုကလေးအိမ်မှုကိစ္စတွေ ကူညီမယ်လို့ အဆက်မပြတ်ပြောနေတာကို ပြန်သတိရမိသည်။ ဤသည်က သွယ်ဝိုက်သောနည်းဖြင့်
သူ့အမေကို သူသွားလေရာရာ သူနှင့်အတူ ခေါ်သွားရန်နှင့် သူကဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးနိုင်ကြောင်းကို
သိစေချင်သောကြောင့်ဖြစ်သည်။
ယခုထိက
နေ့တနေ့၏ အစောပိုင်းအချိန်သာရှိသေးသည်။ ရှောင်းကောသည် စိမ်းစိုနေသော စိုက်ခင်းကွက်လပ်ကို
ကြည့်ရင်း ဟင်းသီးဟင်းရွက် စိုက်ရန် စဉ်းစားခဲ့သည်။ သူမသည် ရှင်သန်ရန် တစ်ဖက် နယ်မြေရှိ
အရာများကို မှီခိုအားထားရန် မဖြစ်နိုင်ပေ။ တစ်ဖက်မှာ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးရှိပေမယ့်၊စားသုံးရန်
ကန့်သတ်ထားသော အစားအစာများ ရှိ နေသေးသည်။
လက်ရှိ
အခြေအနေအားသူမတွေးပြီးသည့်နောက် ရှောင်းကောဟာ သူမ လက်ထဲ၌ ငွေအချို့ရှိသင့်တယ်လို့ ခံစားလာရသည်။
သူမ အရင်က စုဆောင်းထားတဲ့ ပိုက်ဆံအားလုံးကို ကျင်းသခင်မကြီး၏ ဈာပနမှာ အသုံးပြုခဲ့သည်
သူမလက်ထဲ၌ တပြားတောင်မျှတောင်မကျန်တော့ချေ။ ရှောင်းကောသည် ဤအိမ်တွင် မျိုးစေ့များ ရှိမရှိ
တွေးတောနေသည်— သူမသည် ဟင်းသီးဟင်းရွက် စိုက်ပျိုးရန် ဖြစ်နိုင်ခြေကို တွေးနေသည်။
သူမ
တွေးနေတုန်းအချိန်၌ပင် ရှောင်းကောက တံခါးခေါက်သံကြားလိုက်ရသည်။
"ကျင်းမိသားစုက
ချွေးမ အိမ်မှာရှိပါသလား"
အသံဟာ
အိမ်အပြင်မှ ကြားလိုက်ရတာဖြစ်သည်။
ဘယ်သူလဲ
သိချင်စိတ်နှင့် ရှောင်းကော ရှေ့တံခါးမကြီးကို ဖွင့်လိုက်သည်။
"အမျိုးသမီး
ယန်ပဲ"
ဤသည်က
ဘေးအိမ်မှ ယန်မိသားစု ချွေးမဖြစ်သည်။
"မင်းက
အိမ်မှာလား။ ငါ မနေ့က မင်း ထွက်လာတာမတွေ့မိလို့ အဲတာကြောင့် တခုခုဖြစ်တာလားလို့ ငါလာကြည့်တာ"
ယန်
အမျိုးသမီးက ရှောင်းကောကို စိုးရိမ်တကြီးကြည့်လိုက်သည်။ အခုလက်ရှိတွင် မည့်သည့်ယောက်ျားမှ
အိမ်တွင်မရှိချေ။ အမျိူးသမီးတိုင်းက တစ်ယောက်ကိုတစ်ယောက်သာ ဂရုစိုက်နေရသည်။ ယန်အမျိုးသမီးသည်
ရှောင်းကော ယနေ့မတိုင်ခင်က အိမ်မှ မထွက်လာသည်ကို မြင်လိုက်ရသောအခါ သူမက သူ့ထံ၌ တခုခုဖြစ်ပြီလားဟူ၍
အနည်းငယ် စိုးရိမ်လာသည်။
ရှောင်းကောက
ထိုအပြုအမှုကြောင့် ရင်ထဲ ထိသွားလေသည်။
"ကျွန်မ
အဆင်ပြေပါတယ်။ ကျွန်မ မနေ့က နေမကောင်းလို့ပါ အဲတာနဲ့ တနေ့လုံးနားနေလိုက်တာ အခုတော့အဆင်ပြေသွားပါပြီ"
"အဲလိုဆိုတော့လည်း
ကောင်းပါတယ်"
ယန်အမျိုးသမီးဟာ
စိတ်ချမှုကြောင့် သက်မချလိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ခေါင်းကို ငုံ့ကာ
ထုတ်ယူနေလေသည်။ သူမက ဝမ်းသာအားရပြောလိုက်သည်။
"ဘယ်သူကိုမှတော့
မသိစေနဲ့ ရွာက မိသားစုတိုင်း မနေ့က ဂျုံစေ့တစ်ထုပ် ပေးတယ်။ ကျွန်မ အဲတာကို ရှင့်အတွက်
ယူလာပေးတယ်။"
သူမ
စကားပြောနေစဉ် ယန်အမျိုးသမီးသည် ခြင်းတောင်းထဲမှ အထည်အိတ်ကို ထုတ်လိုက်သည်။
"ဒါက
ပြည်မကြီးက ပို့လိုက်တာတွေ ရွာခေါင်းဆောင်ဟောင်း ပြောတာကတော့ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝှမ်းရှိ
ပြည်သူ တွေအတွက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဖြန့်ဝေ လုပ်ကိုင်နေတာတဲ့။ အခုဆို
သဘာဝဘေးအန္တရာယ်တွေ ပြီးသွားတော့ လူတိုင်းဟာ ကိုယ့်ဘဝကိုယ် ရပ်တည်ဖို့ လို နေတယ်။ ဒီမျိုးစေ့တွေနဲ့ဆို
မင်းရဲ့စားနပ်ရိက္ခာအတွက် စိတ်ပူစရာမလိုတော့ဘူး။”
အမျိုးသမီး
ယန်က ခြင်းတောင်ထဲမှ နောက်အထုပ် တစ်ထုပ်ကို ထုတ်လာသည်။
"ယူလိုက်
ငါအဲတာကို မနေ့က တရားရုံးကနေ ယူလာတာ အိမ်က နေ့ရိတ်သိမ်းထားတဲ့ ဟာတွေလည်း ပါမယ်။ မများပေမယ့်
အနည်းဆုံး နှစ်နပ်လောက်တော့ လုံလောက်ပါတယ်။”
ရှောင်းကောဟာ
ထိုအထုပ်ကိုယူလိုက်သည်။ ထိုအရာက အထုပ်သေးလေး ဖြစ်ကာ ဆန်၊သခွားသီး၊ ခရမ်းချဉ်သီးနှင့်
ကြက်ဥ နှစ်လုံးပါနေသည်။
"မဟုတ်ပါဘူး
မဟုတ်ပါဘူး အဲတာက တော်တော်များနေပါပြီ ကျွန်မ မယူနိုင်ဘူး။ ယန်အမျိုးသမီး ကျေးဇူးပြုပြီး
ကိုယ်ဘာသာကို သိမ်းထားလိုက်ပါ။ ရှင်မှာလည်း ရှောင်ဟွာနဲ့ ရှောင်ဟူဖို့ ကျွေးဖို့ရှိသေးတယ်လေ။
ကျွန်မ မယူထားနိုင်ပါဘူး"
ရှောင်းကောသည်
သူမစကားပြောနေရင်းပင်အိတ်ကို ယန်အမျိုးသမီး၏ ခြင်းတောင်းထဲသို့ ပြန်ထည့်လိုက်သည်။ အစားအစာပစ္စည်းတွေက
ယခုတွင် အဖိုးတန်နေလေပြီ။ အစားအစာ ရှားပါးမှု ကျယ်ပြန့်နေလေသည်။ ယန်အမျိုးသမီး၌ သူမ
အမေနှင့် ကလေးနှစ်ယောက်က တစ်မိုးအောက်၌ ရှိနေသည်။ သူမက ရှောင်းကောထက် ကျွေးရမယ့်ပါးစပ်က
ပိုများနေသေးသည်။
ယန်အမျိုးသမီးက
ရှောင်းကော အထုပ်ပြန် ပေးနေတာကိုတားလိုက်သည်။
"ကျွန်မတို့
မိသားစုမှာက ယောက်ျားနှစ်ယောက်ရှိပါတယ်။ ကျွန်မတို့က တစ်လမှာ ငွေစေ့ပြား နှစ်ပြားတိတိရတယ်။
အဲငွေပမာဏနဲ့ဆိုရင် ကျွန်မတို့ အဆင်ပြေပြေနဲ့ နေနိုင်ပါသေးတယ်။ ပြီးတော့ ကျွန်မတို့က
မျိုးစေ့တွေပို၀ယ်ပြီး စိုက်ပျိုးလို့ ရသေးတယ်။ အရာအားလုံးက ကျွန်မတို့ဖို့ လွယ်ကူပါတယ်။
ယူထားလိုက်စမ်းပါ"