အပိုင်း ၉
Viewers 517

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

 

အပိုင်း ၉

 

 

 

ရှောင်းကောဟာ သူမအား ထပ်မံ၍ ငြင်းဆန်ခြင်းမပြုနိုင်ခင်မှာဘဲ ယန်အမျိုးသမီးက ထိုအထုပ်အား ရှောင်းကာ လက်ထဲ ထည့်ပေးတာ ခြင်းတစ်‌လုံးနှင့် အပြင်ဘက်ရောက်အောင် ပြေးတော့သည်။ ပြေးနေရင်းနှင့် သူမက ရှောင်းကောကို တာ့တာ ပြလိုက်သည်။

 

 

"အိမ်ထဲ ပြန်၀င်နေတော့"

 

 

 ရှောင်းကောသည် ပစ္စည်းများကို ဖယ်လိုက်ပြီး ယန်အမျိုးသမီး၏ ထွက်ခွာသွားသော ပုံစံကို ကြည့်လိုက်သည်။ သူက တကယ်ကို ရင်ထဲ ထိသွားတာဖြစ်သည်။ ရှောင်းကောဟာ တစ်ဖက်လှည့်ပြီး တံခါးပိတ်လိုက်သည်နှင့် ကျွမ်းကျွမ်းက သူမဆီ ပြေးလာလေသည်။

 

 

"မေမေ အဲတာ ဒေါ်လေးယန်မလား သူမထပ်ပြီး စားစရာတွေ ယူလာပေးတာလား"

 

 

"ဟုတ်တယ် ‌သူမက အများကြီး ယူလာတာ"

 

 

များမကြာခင်က ယန်အမျိုးသမီးတို့ မိသားစုက အလွန်ဆင်းရဲပြီး သူတို့ထမင်းတစ်နပ်ကိုတောင် မတက်နိုင်ကြချေ။ ထို့ကြောင့် ကျင်းမိသားစု အကြီးအကဲက သူတို့နေထိုင်ရေးအတွက် လိုအပ်‌သည်များကိုထောက်ပံခဲ့သည်။ ယန်မိသားစုက သူတို့၏ ကြင်နာမှုကို ကျေးဇူးတင်မဆုံး ဖြစ်နေလေသည်။ ကျင်းတန့်ဟယ်၏ အမေဆုံးပါပြီးသည့်နောက် ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့က ကျင်းမိသားစုမှ နောက်ဆုံးကျန်ရစ်သူများဖြစ်လေသည်။

 

 

ယန်မိသားစုဟာ သူတို့ကိုယ်တိုင်မပြည့်‌စုံနေလျှင်တောင် ထိုလူနှစ်ယောက်အား စိုးရိမ်တကြီး ဖြည့်စည်းပေးလေသည်။ ရှောင်းကောက ယန်အမျိုးသမီးဆီမှရသော ပစ္စည်းများကြောင့် ကျေးဇူးတင်နေသည်။ သူမသည် ဤကျေးဇူးကို သတိရပြီး သူမတွင် အကျိုးရှိသောအခါ သေချာပေါက် ပြန်ဆပ်မည်ဟု ကတိပြုခဲ့သည်။

 

 

ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့က ပစ္စည်းတွေကို မီးဖိုဆီယူလာခဲ့သည်။ ကျွမ်းကျွမ်းက လွယ်အိတ်ထဲက အရာဝတ္ထုတွေကြားထဲမှာ မာကျောတဲ့ အရာတစ်ခုကို ခံစားလိုက်ရတဲ့အခါ အိတ်တွေကို ချလိုက်သည်။

 

 

"မေမေ အဲတာက ဘာလဲ"

 

 

ကျွမ်းကျွမ်းက ရှောင်းကောဆီက အိတ်အသေးကိုသာလက်လွဲယူလိုက်သည်။ သူမ ဖွင့်ကြည့်လိုက်သောအခါ ထိုထဲ၌ ကြေးနီ အကြွေစေ့များရှိနေလေသည်။ စုစုပေါင်း ကြေးနီအကြွေစေ့ သုံးဆယ်ရှိလေသည်။ ရှောင်းကော ငွေတွေကို အစားအသောက်တွေထဲမှာ ဝှက်ထားခဲ့တဲ့ အမျိုးသမီး ယန်ပဲ ဖြစ်မယ်ဆိုတာ သိလိုက်သည်။

 

 

ရှောင်းကောက သူ့လက်ထဲက ထိုကြေးနီ အကြွေစေ့များကိုကြည့်လိုက်ကာ သူမ ပြောစရာ စကားရှာမရအောင် ရင်ထဲ ထိသွားသည်။ ‌ကျင်းတန့်ဟယ် စစ်မြေပြင်၌ သေဆုံးသွားကတည်းက စစ်ဘက်မှ ငွေရခြင်းကရပ်တန့်သွားသည်။  သူတို့၏ ကျန်ရှိသော စည်းစိမ်းဟာလည်း ကျင်းသခင်မကြီး ဈာပနာ၌ အကုန်သုံးလိုက်ရသည်။ ယန်အမျိုးသမီးက ထိုအခြေအနေအား ရိပ်စားမိကာ သူတို့အား ကူညီဖို့ အစားအသောက်များကြားတွင် ပိုက်ဆံဝှက်ရန် ဆုံးဖြတ်ခဲ့တာဖြစ်မည်။

 

 

ရှောင်းကောက ပိုက်ဆံပြန်ပေးဖို့ တွေးလိုက်သော်လည်း သူမ၏ ဒုတိယအတွေးတွင် သူမ၌ အကြွေစေ့ တစ်ပြားတစ်ချပ်လောက်တောင် ရှိမနေချေ။ အပိုငွေရှာဖို့အတွက် အရင်းအနှီး နည်းနည်းရှိရမည်ဖြစ်သည်။ ရှောင်းကောသည် ထိုကြေးနီ အကြွေစေ့ သုံးဆယ်ကိုယူထားရန် ဆုံးဖြတ်လိုက်သည်။ အနာဂတ်ကျရင် ယန်အမျိုးသမီးကို နှစ်ဆပြန်ပေးမည်ဖြစ်သည်။

 

 

ပိုက်ဆံများကို သိမ်းလိုက်ပြီးနောက် ရှောင်းကောက ကျွမ်းကျွမ်းကို ဦးဆောင်ကာ အိမ်မှ ထွက်လာသည်။ သူမ အခုထိ မည်သူမျှ စိုက်ပျိုးခြင်း မရှိသေးတာကိုတွေ့လိုက်ရသည်။

 

 

သူတို့လယ်ကွင်းကို ရောက်သောအခါ သူတို့မျိုးစေ့တွေကြဲနေပြီဆိုတာ မြင်လိုက်ရသည်။ ရှောင်းကောသည် သူမပိုင်သော သတ်မှတ်ထားသည့် မြေကွက်ဆီသို့ လျှောက်သွားရင်း သူတို့တစ်ဦးစီကို နှုတ်ဆက်လိုက်သည်။ ကပ်လျက်မြေကွက်ပေါ်တွင် အလုပ်လုပ်နေသော မိသားစုမှ နောက်နှစ်ရက်အကြာတွင် မိုးရွာနိုင်သည်ဟု ရှောင်းကောအား ပြောပြခဲ့သည်။ မိုးမရွာမီ အစေ့များကို အမြန်စိုက်ရန် ရှောင်းကောကို တိုက်တွန်းခဲ့သည်။ မိုးရွာပြီးနောက် မြေဆီလွှာသို့ စိမ့်ပြီး အစေ့များပေါက်ရန် သင့်တော်သည်။

 

 

ရှောင်းကောကလည်း ဤသည်က အမြင်မှန်ဟုထင်မိသည်။ သူ့အိမ်၌ အစေ့ထုတ်က နှစ်ထုတ်စသာရှိသည်။ ထို့ကြောင့် ၎င်းတို့ကို မျိုးစေ့ချရာတွင် မြန်ဆန်လွယ်ကူမည်ဖြစ်သည်။  ယခုက နေ့တစ်နေ့၏ အစသာရှိသေးသည်။ ထို့ကြောင့် ကျွမ်းကျွမ်းကို ခနထားခဲ့ကာ သူမသည် အစေ့ကို ချက်ချင်း စိုက်သင့်လားဆိုတာကြည့်လိုက်သည်။ ကျွမ်းကျွမ်းက ချက်ချင်း သူမကို စိုက်ပျိုးရာ၌ ကူညီနိုင်ကြောင်း ပြော‌လာလေသည်။

 

 

သူတို့နှစ်ယောက် ပေါက်ပြားယူဖို့ အိမ်ကို အမြန်ပြန်ခဲ့ကြသည်။ လယ်ကွင်းထဲပြန်ရောက်တာနဲ့ ရှောင်းကောက တာဝန်ယူပြီး မြေဆီလွှာကို စတင် ‌တူးဆွ တော့သည်။ကျွမ်းကျွမ်း သည် သူ့နောက်သို့ အနီးကပ်လိုက်ကာ အစေ့များကို ဖြန့်ကြဲရန် ကူညီပေးသည်။

 

 

ရှောင်းကော သည် စိုက်ပျိုးမြေကွက်တွင် ဆက်လက်ထွန်ယက်ဖို့ အတွက်အရှိန်ကို စုစည်းလိုက်သည်။သူမသည် ကျွမ်းကျွမ ၏မျိုးစေ့များကို သူ့နည်းသူ့ဟန်ဖြင့် ကြဲခွင့်ပေးလိုက်သည်။ သူမ ထွန်ယက်ပြီးသည်နှင့်‌ ရှောင်းကောသည် ကျွမ်းကျွမ်း ထံမှ မျိုးစေ့များကို ယူကာ အနီးနားတွင် ထိုင်ခိုင်းပြီး အဝေးကို မပြေးဖို့ပြောထားလိုက်သည်။

 

 

 

သူမသည် မျိုးစေ့များကို စတင်ကြဲဖြန့်ပြီး တစ်ချိန်တည်းတွင်  ကျွမ်းကျွမ်းကို စောင့်ကြည့် နေခဲ့သည်။ကလေးလေးက မြေပြင်ပေါ်မှာ ထိုင်ပြစောင့်နေတာမြင်လိုက်ရ‌သောအခါ ရှောင်းကော စိတ်သက်သာရာရသွားပြီး သူမ၏အရှိန်ကို အရှိန်မြှင့်လိုက်သည်။

 

 

သူမ ဆက်တိုက်အလုပ်လုပ် နေတာတောင် သူမပင်ပန်းသလိုမခံစားရချေ။ ထိုအစား ကမ္ဘာပျက်ကပ်မှကုသခြင်းစွမ်းအား ဟာ သူမဝိဉာဏ်နှင့်အတူပါလာသလိုခံစားလိုက်ရသည်။ သူမ မျိုးစေ့ချလို့ပြီးသွားသောအခါ သူမ လွှမ်းခြုံထားသော ဧရိယာ မြေတစ်ကွက်တည်း၏ အကျယ်အဝန်းဖြစ်သည်ကို သူမမြင်သည်။

 

 

 

ကျင်း များကို ရွှေ့ပြောင်းအခြေချသူများအဖြစ် သတ်မှတ်လိုက်ပြီး‌ေနာက် မြေကွက်အနည်းငယ်သာ ခွဲဝေပေးခဲ့သည်။အခြားမိသားစုများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့ရရှိသော မြေအရွယ်အစားမှာ သိသိသာသာ သေးငယ်ပါသည်။ သို့သော်လည်း ရှောင်းကော၏ အမြင်အရတော့ ထိုအရွယ်အစားက အဆင်ပြေပါသည်။ဤမြေကွက်မှ ရိတ်သိမ်းမှုသည် သူတို့နှစ်ဦးအတွက် လုံလောက်ပေလိမ့်မည်။

 

 

 ရှောင်းကောသည် သူမ၏ခါးကိုပွတ်ကာ မတ်တပ်ထလိုက်သည်။ သူမကပေါက်တူးကို ကောက်ကိုင်လိုက်ကာ ကျွမ်းကျွမ်းဆီကိုလျှောက်လာလေသည်။

 

"လာအိမ်ပြန်ရအောင်"

 

သူမကသူ့ကိုပြောလိုက်သည်။

 

 

ကျွမ်းကျွမ်းကထရပ်လိုက်ပြီး သူ့အမေလက်ကိုကိုင်လိုက်သည်။ ရှောင်းကောက နေကိုကြည့်လိုက်ပြီးနောက် ‌ခေါင်းကိုငုံလိုက်ကာ ကျွမ်းကျွမ်းကိုမေးလိုက်းသည်။

 

"ဗိုက်ဆာပြီလား"

 

 

ကျွမ်းကျွမ်းသည် လယ်ကွင်းတွင် အလုပ်အလွန်အကျွံလုပ်ခဲ့သည်။နေမင်းကြီးသည် ကောင်းကင်ယံ၌ အမြင့်ဆုံးနေရာသို့ ရောက်လုနီးနေပြီကို သူ သတိမထားမိလိုက်ပေ။ယခု မွန်းတည့်ချိန် ဖြစ်ရမည်။လယ်ကွင်းရှိလူတိုင်း ထွက်သွားကြသည်ကို သူမြင်လိုက်ရသည်။ သူတို့က နေ့လယ်စာအတွက် အိမ်ပြန်တာဘဲဖြစ်သည်။

 

 

ကျွမ်းကျွမ်း က တုံစိုင်းစွာခေါင်းယမ်းလိုက်သည်။

 

"မဆာဘူး သားမဆာပါဘူး မေမေ မေမေက မလုပ်တွေများကြီးလုပ်ထားတာ သားတို့အိမ်ရောက်ရင် ‌မေမေရဲ့နောက်ကြောကိုသားနှိပ်ပေးပါ့မယ်"

 

 

ကျွမ်းကျွမ်းရဲ့စကား‌ချိုချိုတွေဟာ ရှောင်းကောရဲ့ နှလုံးသားကိုပျော်ရွှင်မှုတွေ ပြည့်နှက်စေသည်။ ထို ကြီးလေးဟာ ချစ်ခြင်းနှင့် နားလည်းခြင်းတို့ပြည့်နေလေသည်။

 

 

"မေမေတော့ သားလေးစကားကြားတာနဲ့တင် အရမ်းအားရှိသွားပြီ။ မေမေအရမ်းပင်ပန်းခဲ့တာတောင်မှ မေမေ မခံစားရတော့ဘူး"

 

 

ကျွမ်းကျွမ်း သည် ထိုစကားကိုကြားတော့ ရှက်သွားပြီး ဝမ်းသာအားရ ဖြစ်သွားသည်။

 

"မေမေက အရမ်းကြင်နာတက်တာဘဲ"

 

 

ထိုအချိန်မှာဘဲ ကျွမ်းကျွမ်း၏ အစာအိမ်မှာ အသံများထွက်လာလေသည်။ ကျွမ်းကျွမ်းက ချက်ချင်း သူအစာအိမ်ပေါ် လက်တင်လိုက်ပြီး ရှောင်းကောကို ရှက်ရွံစွာ ပြုံးပြလာလေသည်။ နီရဲနေပြီးသား သူ၏မျက်နှာက ပို၍ နီလာလေသည်။  ရှောင်းကောက ကျွမ်းကျွမ်း၏ နှာခေါင်းကို ညင်သာစွာ ညှစ်လိုက်သည်။ ကျွမ်းကျွမ်း သူမကို မပြောသည့်အရာက သူ့ဗိုက်ဟာ အချိန်အတော်ကြာအောင် အော်ဟစ်နေခဲ့တာပင်။

 

 

အမေနှင့်သားတို့ အိမ်ပြန်ဖို့လုပ်ကြလေသည်။ သူမက ဇလုံထဲသို့ ရေတွင်းမှ ရေယူလိုက်ကာ သူမ လက်များကိုဆေးလိုက်သည်။ သူမက ကျွမ်းကျွမ်းကိုလည်း ခေါ်လိုက်ပြီး သူ၏လက်များကိုပါ ဆေးခိုင်းလိုက်သည်။ ရှောင်းကောက မီးဖိုချောင်ထဲသို့ ၀င်ကာ နေ့လယ်စာ ဘာစားရမလဲလို့ တွေးနေမိသည်။