အနာဂတ်ကမ္ဘာမှ
စားဖိုမှူးလေး
အပိုင်း
၁၀
စားပွဲကိုကြည့်လိုက်ပြီးနောက်
ထိုပေါ်၌ ခရမ်းချဉ်သီး၊ ကြက်ဥ၊ အဝါရောင်ပန်းနှင့် မနက်က ကျန်နေသေးသော မုန့်သားတွေသာ
ရှိသည်။ ရှောင်းကောဟာ ခရမ်းချဉ်သီးခေါက်ဆွဲပြုတ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
တုံဆိုင်းမနေတော့ဘဲ
ရှောင်းကောက သူမ၏ အင်္ကျီလက်ကို ဆွဲတင်လိုက်ပြီး အသီးအရွက်တွေကို စပြီးဆေးကြောတော့သည်။
ကျွမ်းကျွမ်း ရောက်လာသောအခါ ဟင်းသီးဟင်းရွက်တွေက ဆေးကြောပြီနေပြီဖြစ်သည်။ သူက ရှောင်းကောကို
ဘာကူပေးရမလဲမေးလေသည်။ ခနလောက်တွေးပြီးသည့်နောက် ရှောင်းကောက ခွက်တစ်ခုကို ယူလိုက်ကာ
ကြက်ဥကိုတစ်လုံးခွဲလိုက်ပြီး ကျွမ်းကျွမ်းကို ပြောလိုက်သည်။
"မေမေကို
ကြက်ဥ ခလောက်ဖို့ကူပေး။ ဦးတည်ချက် တခုကိုဘဲ ဆက်တိုက်ခလောက်နေ"
ကျွမ်းကျွမ်းက
သူ သင်ယူရသည့်အပါ်မှာ သေချာအာရုံစိုက်နေလေသည်။ သူသည် ထို ခွက်၏ရှေ့သို့ ခွေးခြေငယ်တစ်လုံးကို
ထမ်းလာလိုက်ပြီး ဥများကို စိတ်အားထက်သန်စွာ ခလောက်လိုက်သည်။
ရှောင်းကောဟာ
အိုးကို အပူပေးပြီးနောက်ဝက်ဆီတုံးကို ပစ်ထည့်လိုက်သည်။ ထို့နောက် ၀က် အဆီများထွက်လာလျှင်
အိုးထဲသို့ နွေကြက်သွန်နီနဲ့ ခရမ်းချဉ်သီးတွေ ထည့်လိုက်သည်။ ခရမ်းချဉ်သီးများကို ပျော့သွားသည်အထိ
မွှေပြီး ခရမ်းချဉ်သီးမှ ထွက်လာသော အရည်ဖြင့်ပင် ဆူအောင် တည်ထားလိုက်သည်။ ထိုအရာက ဆူပွတ်လာလျှင်
ရှောင်းကောက ကျွမ်းကျွမ်းပြင်ပေးထားတဲ့ ခလောက်ထားတဲ့ ကြက်ဥကို ထည့်လိုက်သည်။ အိုးထဲမှအံဩစရာကောင်းသော
အနံက ပျံနှံလာပြီး မျှော်လင့်ချက်ဖြင့် ကျွမ်းကျွမ်း သွားရည်ကျလာသည်။
ရှောင်းကောဟာ
ကျွမ်းကျွမ်းကို သဘောတကျကြည့်လိုက်သည်။ ကြက်ဥ အပိုင်းအစလေးကို အိုးထဲမှ ထုတ်ယူပြီး
သူ့ကိုမကျွေးခင် မှုတ်ပေးကာ ကျွေးလိုက်သည်။ ကျွမ်းကျွမ်းဟာ တကိုက်တည်းကိုက်လိုက်ကာ
ပြောလာသည်။
"အဲတာက
အရမ်းကောင်းတာပဲ"
ကျွမ်းကျွမ်းက
ဇွန်းအပြည့်ကြက်ဥကို ဝါးနေကာ တိုးတိုးလေးပြောလာသည်။
ရှောင်းကောက သူ့ကို ရွှင်မြူးစွာ ကြည့်နေသည်။
"ဖြေးဖြေးစား"
သူမက
သူ့ကိုပြောလိုက်သည်။
ရှောင်းကောသည်
အိုးထဲမှ ပါဝင်ပစ္စည်းများကို ထုတ်ယူပြီး အအေးခံရန် ဘေးဖယ်ထားလိုက်သည်။ ထို့နောက် အိုးကို
ဆေးကြောပြီး ရေထပ်ဖြည့်လိုက်သည်။ ကျွမ်းကျွမ်းက အနားမှာထိုင်ပြီး မီးကိုကြည့်နေခဲ့သည်။
ရှောင်းကောက အခံပြားအပေါ်မှာ ဂျုံမှုန့်များကိုဖြူးလိုက်ပြီး မုန့်သားကို စတင်လှိမ့်လိုက်သည်။
သူမသည် မုန့်သားကို ပထမဆုံးခွဲရန် အပြားလိုက်ဖြစ်အောင် လှိမ့်လိုက်သည်။ ထို့နောက် ထိုအပြားလိုက်ဖြစ်နေသောအရာအား
ခေါက်ဆွဲအပြားလေးဖြစ်သည်အထိ လှီးဖြတ်လိုက်သည်။
ရေဆူလာသောအခါ
ရှောင်းကောက ကျွမ်းကျွမ်းကို ဝေးဝေးမှာ ရန်နေရန်ပြောလိုက်သည်။ ဤမှသာ သူ အပူမထိမှာဖြစ်သည်။
သူမက စပြီး ခေါက်ဆွဲတွေကို ပြုတ်တော့သည်။ ခေါက်ဆွဲရတော့မည်ကို စောင့်နေရင်း ရှောင်းကောက
သခွားသီးကို ထုတ်လိုက်ကာ အပိုင်းပိုင်းဖြတ်လိုက်သည်။ ကျွမ်းကျွမ်းက ဘေးမှာပျော်ရွှင်စွာကြည့်နေခဲ့သည်။
"ဝါး..."
ရေ
နောက်တစ်ခေါက်ထပ်ပြီး ဆူလာသောအခါ ရှောင်းကောဟာ လတ်ဆတ်စွာ ချက်ပြုတ်ထားသော ခေါက်ဆွဲတွေကို
ဆယ်ယူလိုက်ပြီးနောက် သူမဖြည့်ထားတဲ့ ရေဇယားထဲက ရေအေးထဲ၌ စိမ်ထားလိုက်သည်။
ခေါက်ဆွဲ
အဆင်သင့်ဖြစ်ပြီကို တွေ့လိုက်ရသောအခါ ကျွမ်းကျွမ်းသည် စားသောက်ရန် ပစ္စည်းတွေကို ယူလိုက်ပြီး
ထမင်းစားခန်းကို ပြေးတော့သည်။ သူထပ်ပြီး မစောင့်နိုင်တော့ချေ။ ရှောင်းကောက သူမ လက်ထဲတွင်
အိုးနဲ့တူတူ လိုက်လာပြီး သူ့ကို ဖြေးဖြေးသွားရန်ပြောလေသည်။
စားပွဲပေါ်ရောက်သောအခါ
ရှောင်းကောက ကျွမ်းကျွမ်းဖို့ ခေါက်ဆွဲ တခွက် ခပ်ထည့်ပေးလေသည်။ ရှောင်းကောထံမှ ခေါက်ဆွဲခွက်ကို
စိတ်အားထက်သန်စွာ ယူလိုက်ပြီး စပြီး ယူစား တော့သည်။ သူကအစားအသောက်က အရမ်းအရသာရှိတာကြောင့်
စကားမပြောနိုင်လောက်အောင်ဖြစ်သွားသည်။
"မေမေ
ဘယ်လိုလုပ် ဒီလောက်အရသာရှိတာမျိုး လုပ်လိုက်တာလဲ"
ကျွမ်းကျွမ်းက ပါးစပ်ထဲတွင် ဟင်းရည်ပြည့်နေသည့်ကြားက အော်ပြောလိုက်သည်။
ရှောင်းကောက
သူကိုဘယ်လိုပြောရမလဲကို စဉ်းစားနေလိုက်သည်။ သူမ တကယ်ကို သူမ စားဖိုမှူးဖြစ်တယ်လို့ပြောလိုက်ဖို့ကလည်း
အဆင်မပြေချေ။
"ဘာလို့ဆို
အဲတာက မေမေလုပ်တာမို့လို့လေ"
ရှောင်းကောဟာ
ဟာသပုံစံဖြင့် ကျွမ်းကျွမ်းကို ပြန်မေးတဲ့ပုံပြောလိုက်သည်။
ကျွမ်းကျွမ်းက
ခနလောက် တွေးလိုက်ပြီး အဆက်မပြတ် ခေါင်းငြိမ့်လာသည်။
"အမှန်တကယ်ပဲ"
ရှောင်းကောသည်
အစားအစာများဖြင့် ပြည့်နေသော သူ့နှုတ်ခမ်းများကို ညင်သာစွာ ပွတ်လိုက်သည်။
"ဖြေးဖြေးစား
မနင်စေနဲ့"
သူတို့၏
စားစရာများကို အဆုံးသတ်ပြီးသောအခါ ရှောင်းကောသည် ကျွမ်းကျွမ်းငိုက်နေသည်ကိုတွေ့လိုက်ရသည်။
သူက သူမျက်လုံးတွေကိုတောင် သေချာမပွင့်နိုင်တော့ချေ။ ကျွမ်းကျွမ်းသည် ပန်းကန်များကို
ဆေးကြောရန် သူကိုယ်သူတွန်းအားပေးနေသည်။ ထို့နောက် ရှောင်းကောကလည်း သူ့အား သူမနိုးမချင်း
ထိုပန်းကန်တွေကို မထိပါဘူးဟု ကတိပေးလိုက်သည်။သူတစ်ရေးတစ်မော ပြီးသောအခါတွင် သူမကဆေးကြောရမည်ဖြစ်သည်။
"အဲတာဆို
အိပ်လို့ဖြောင့်ပြီလား"
ရှောင်းကောက
သူ့ကို ရွှင်မြူးစွာမေးလိုက်သည်။
ကျွမ်းကျွမ်းကို
ချော့ပြီး သိပ်လိုက်ပြီးသည့်နောက် ရှောင်းကောဟာ အခန်းထဲက ထွက်လာပြီး ပန်းကန်များကို
ဆေးတော့သည်။ သူမက မီးဖိုချောင်ကုလည်းသန့်ရှင်းလိုက်သည်။ အိမ်မှုကိစ္စတွေ ပြီးသွားသည်အထိ
သူမ ပင်ပန်းတယ်လို့ လုံးဝမခံစားရချေ။ သူမက အခန်းဆီ ပြန်လာပြီး ကျွမ်းကျွမ်းကို စောင်ခြုံ
ပေးလိုက်သည်။နောက်တော့ အရှေ့ဘက်မှာ ကျင်းသခင်ကြီး သုံးခဲ့တဲ့ အခန်းကို လျှောက်သွားလိုက်သည်။
ထိုအခန်းဟာရှင်းလင်းနေလေသည်။ မက်မွန်ပွင့်ရွာရှိ ဓလေ့ထုံးတမ်းအရ လူတစ်ဦးသေဆုံးပြီးနောက်
၎င်းတို့ပိုင်ဆိုင်သည့်အဝတ်အစားများ အားလုံးကို မီးရှို့ဖျက်ဆီးပစ်ရမည်ဖြစ်သည်။ ကုတင်များနှင့်
ဗီဒိုများကိုလည်း မီးရှို့ဖျက်ဆီးရမည်ဖြစ်သည်။
ရှောင်းကောက
ထိုအခန်းကို ကျွမ်းကျွမ်းဖို့ ထားရန် စီစဉ်ခဲ့သည်။ သူမ ပိုက်ဆဲ အလုံအလောက် စုပြီးသောအခါ
သူမက ထိုအခန်းကို သူ့အခန်းအဖြစ် ပြောင်းပေးမည်။ကျွမ်းကျွမ်းဟာ ဤနှစ်နှင့် ဆိုလျှင်
သုံးနှစ် ရှိပြီးဖြစ်သည်။ အသက်ကြီးလာသောအခါတွင် သူမနှင့် တစ်ခန်းတည်းအိပ်ရန် မသင့်တော်ချေ။
ရှောင်းကောက ၎င်းကို သူမ၏ တိုးမြှင့်လုပ်ဆောင်ရမည့်အရာများ စာရင်းတွင် ထည့်သွင်းခဲ့သည်။
ရှောင်းကော
အခန်းရှင်းပြီသောအခါ ကျွမ်းကျွမ်းက နိုးလာပြီး သူမကိုခေါ်နေတော့သည်။
"မေမေ...."
ရှောင်းကောက
ထိုအဖိုးတန်လှသော ကျွမ်းကျွမ်းလေး အခန်းထဲမှ ထွက်လာတာကိုမြင်လိုက်ရသည်။ အခုထိ မျက်လုံးတွေကို
ပွတ်ဆဲဖြစ်သည်။ သူမရှေ့က ကလေးက မည်းမှောင်ပြီး မှုန်ကုပ်ကုပ်ဖြစ်နေပေမယ့် သူမမျက်လုံးထဲမှာတော့
ချစ်စရာကောင်းနေတုန်းဖြစ်သည်။ မိခင်၏ ချစ်စိတ်ကြောင့်လားဟုလည်း သူမ တွေးမိသည်။
ဆက်တိုက်ဆိုသလို
အရသာရှိလှသော အစားအစာအနည်းငယ်စားပြီးနောက် ကျွမ်းကျွမ်းသည် ပြောင်းလဲသွားပုံရသည်။ သိသိသာသာ
ပြောင်းလဲခြင်းမဟုတ်သော်လည်း သူက ပိုတက်ကြွလာပြီး အရင်ကလို စိုးရိမ်တကြီး မဟုတ်တော့ချေ။
ရှောင်းကောက
ကျွမ်းကျွမ်းကို လက်မောင်းထဲတွင် ဆုပ်ကိုင်ထားပြီး သူ့ကို လက်ဖြင့် ပုတ်ပေးနေလေသည်။
သူ လုံးဝနိုးလာသောအခါ ရှောင်းကောက သူ့ကိုမေးလိုက်သည်။
"ရွာဘက်
လမ်းလျှောက်ထွက်မလို့ မေမေနဲ့ တူတူလိုက်မလား"
ကျွမ်းကျွမ်းက
သူမကို မျက်လုံးတောက်တောက်လေးတွေနဲ့ကြည့်ကာပြောလာသည်။
"ဟုတ်ကဲ့"
သူ
သူ့အမေနှင့် အပြင်တူတူထွက်ခဲ့သည်က အတော်ပင်ကြာခဲ့ပြီဖြစ်သည်။