အပိုင်း ၁၁
Viewers 516

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

 

အပိုင်း ၁၁

 

 

ကျွမ်းကျွမ်းသည် ရှောင်းကောနှင့်အတူ အပြင်ထွက်ချိန်ကတည်းခုန် ပေါက် လှည့်ပတ်ပြေးရင်း သူမကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားသည်။

 

 

 အချိန်နာရီအရ ရှန်းရှစ် အချိန်ဖြစ်သည်။

 

 

နှစ်ယောက်သား အိမ်မှထွက်လာပြီးနောက် ခေတ်စကားအရဆိုလျှင် သုံးနာရီကျော်နေပြီ ဖြစ်ကာ ထိုအချိန်မှာ လူအများစုက လယ်ကွင်းထဲမှာ အရှိများသည်။ ရွာဦးစီးက မိသားစုအလိုက် မျိုးစေ့တွေ ဝေပေးသည်။ လူတစ်ဦးစီကို မျိုးစေ့တစ်ထုပ်စီ ခွဲဝေပေးခဲ့သည်။ ရှောင်းကော၏ အိမ်ထောင်စုမှလွဲ၍ ရွာရှိ မိသားစုအများစုတွင် အနည်းဆုံး လေးဦးခန့် တူညီသော အမိုးအောက်တွင် နေထိုင်ကြသည်။

 

 

လုပ်စရာတွေ အများကြီးမရှိတဲ့အချိန် ကောင်းကင်ကြီး မှောင်လာတဲ့အခါ လူတွေ အိမ်သို့သာ လှည့်ပြန်လာတက်သည်။ ယင်းကြောင့် ကလေး ပေါက်ဖွားလာခဲ့သည်။ မိသားစုက ပိုဆင်းရဲလေ ကလေးမွေးလေလေဖြစ်သည်။ ထိုအချိန်မှာ ရွာက တိတ်ဆိတ်နေလေသည်။

 

 

ရှောင်းကောသည် ကျွမ်းကျွမ်းနှင့်အတူ ကွင်းပြင်များတစ်လျှောက် လမ်းလျှောက်ခဲ့သည်။ အလုပ်လုပ် နေသောလူများကို ကြည့်လျှင် အိမ်ထောင်စုအားလုံးတွင် အများစုမှာ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး လယ်လုပ်ကူသည့်ယောက်ျား မရှိကြချေ။

 

 

ရာသီဥတု ဆိုးရွားမှုနှင့် အတူ၊တစ်နှစ်ထက်တစ်နှစ် စပါးရိတ်သိမ်းမှုက ပိုဆိုးလာသည်။ ထိုအချက်တွေကြောင့်မဟုတ်လျှင် မက်မွန်ပွင့် ရွာ၏ မြေသြဇာကောင်းသော မြေသည် အပြည့်အ၀ မြေရိုင်းအဖြစ်သို့ ပြောင်းလဲသွားမည်မဟုတ်ပေ။

 

 

ရှောင်းကောသည် သူမ ပတ်ဝန်းကျင်ရှိ သဘာဝပတ်ဝန်း ကျင်ကို သဘောကျသောကြောင့်၊ သူမ ရပ်နေတဲ့နေရာနဲ့ မနီးမဝေးက တောင်တစ်ခုကို သတိထားမိလိုက်သည်။

 

 

အမျိုးသမီး ဇာတ်လိုက်က တောင်တန်းတွေပေါ် မှာ အမိုက်စား အရာတွေကို ရှာဖွေတွေ့ရှိပြီး ပိုက်ဆံနဲ့ရောင်းချတာက ကူးပြောင်းမှု ဝတ္ထုတွေထဲက သာမာန် ဇာတ်ကွက် မဟုတ်ဘူးလား။ သူမလည်း ထိုနေရာဆီ သွားကြည့်သင့်လား။

 

 

သူမ တွေးတောနေရင်း၊ တစ်ယောက်ယောက်က သူ့နာမည်ကို အနောက်ကနေ ခေါ်နေသံကြားလိုက်သည်။

 

 

 "ကျင်းအိမ် ချွေးမလေး။ ကျင်းအိမ် ချွေးမလေး"

 

 

ဘယ်သူလဲဆိုတာ သိချင်စိတ်ဖြင့် ရှောင်းကော လှည့်ကြည့်လိုက်သည်။

 

 

“ယန် အမျိုးသမီး"

 

 

သူမ ယန် အမျိုးသမီးကို မြင်သောအခါ နှုတ်ဆက်လိုက်သည်။

 

 

"မျိုးစေ့တွေ စိုက်ပြီးပြီလား"

 

 

 ယန် အမျိုးသမီးက သူ့ကလေးနှစ်ယောက်ကို စိုက်ပျိုးရန် ခေါ်ဆောင်သွားကြောင်း တွေ့ရှိရသည်။ ရှောင်းကော ကို တွေ့လိုက်ရသောအခါတွင် သူမသည် လယ်ကွင်းထဲတွင် သူမ၏အလုပ်ကို အပြီးသက်ခဲ့ကာ အကူအညီလိုလားမေးရန် အနားရောက်လာခဲ့သည်။ ရှောင်းကော က ယန် အမျိုးသမီး ကမ်းလှမ်းချက်ကို ပြုံးပြီးပြောလိုက်သည်။

 

 

 “ကျွန်မတို့မှာရရှိတဲ့ မြေအပိုင်းက ယန်အမျိုးသမီးတို့ထက်နည်းတယ်။ နေ့တစ်ဝက်အတွင်းမှာပဲ မျိုးစေ့တွေ ကြဲပြီးသွားတယ်။ ကျွန်မတို့ လျှောက်ကြည့်ကြည့်ဖို့ပဲ လျှောက်ခဲ့ကြတာ ယန်အမျိုးသမီး အကူအညီလိုသေးလား"

 

 

ယန် အမျိုးသမီး ပွင့်ပွင့်လင်းလင်း ပြောလာသည်။

 

 

 " ကျွန်မတို့ကျ အများကြီးနဲ့ ဆိုတော့ တစ်ရက်တောင်  သေချာခရီးမရောက်ပါဘူး"

 

 

ရှောင်းကော လယ်ကွင်းများ တဝိုက်တွင် လမ်းလျှောက်ထွက်ခါနီး ယန် အမျိုးသမီးနှင့် စကားစမြည်ပြောခဲ့သည်။ သိပ်မကြာလိုက်ပေ ကျွမ်းကျွမ်းသည် ရှောင်ဟူ နှင့် ရှောင်ဟွာတို့ကို သူတို့၏ မိခင်နှင့်အတူ တွဲနေသည်ကိုမြင်သောအခါ၊ သူတို့နှင့်ပူးပေါင်းရန် လျင်မြန်စွာ ပြေးလာလေ၏။ ကလေးသုံးယောက်က လူကြီးတွေရှေ့သို့ပြေးလာပြီး အချင်းချင်း ဆော့ကစားကြသည်။ ရှောင်းကောနှင့် ယန် အမျိုးသမီးတို့က သူတို့နောက်ကနေ လိုက်သွားခဲ့သည်။

 

 

 "ပိုက်ဆံအတွက် ကျေးဇူးတင်ပါတယ် ယန် အမျိုးသမီး"

 

 

ရှောင်းကောက ပြောလိုက်သည်။

 

 

 "ကျွန်မတို့ အသက်ရှင်နေသေးတာကလည်း အားလုံးရှင့် ကျေးဇူးပါပဲ"

 

 

"ဟေ့ မင်းဘာတွေပြောနေတာလဲ!"

 

 

ယန် အမျိုးသမီး ထိုစကားကိုကြားသောအခါ စိတ်ဆိုးဟန်ဆောင်ခဲ့သည်။

 

 

"မင်းကို မိသားစုလို့ မြင်ထားတာ။ ကျေးဇူးပြုပြီး ကျွန်မကို အပြင်လူတစ်ယောက်အနေနဲ့ မမှတ်ပါနဲ့”

 

 

ရှောင်းကောသည် ယန် အမျိုးသမီး၏ စကားကိုကြားသောအခါ နွေးထွေးမှု အပြည့်နှင့် ခံစားနေရသည်။ရှောင်းကောက သူမကိုကြည့်ကာ ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

 

 

“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျွန်မ အဲဒါကို ထပ်မပြောတော့ဘူး။"

 

 

အမျိုးသမီး နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ ယန် အမျိုးသမီး၏ မျက်နှာသည် မျက်လုံးဝိုင်းဝိုင်းကြီး တစ်စုံအား မျက်ခုံးထူထူဖြင့် ဘောင်ခတ်ထားသည်။ သူမ နှုတ်ခမ်းပေါ်မှာလည်း နွေးထွေးတဲ့ အပြုံးတွေက အမြဲရှိသည်။ ဖြူဖွေးသော အသားအရေနှင့် ပြည့်ဖြိုးသော အသွင်အပြင်သည် သူမကို ကြင်နာသော အသွင်ဆောင်စေပြီး နူးညံ့စေသည်။ ရှောင်းကောသည် ယန် အမျိုးသမီး ပြည်မကြီးသို့ သွားကြောင်းပြောခဲ့သည်ကို ပြန်လည်သတိရမိသည်။ ထို့ကြောင့် သူမကိုမေးလိုက်သည်။

 

 

“ယန် အမျိုးသမီး ကောင်တီကို ဘယ်လိုသွားရမလဲ။အဲဒီကနေ အသီးအရွက်တွေ ရချင်လို့”

 

 

“လစဉ်နှစ်ထပ်နေ့တွေမှာ ကောင်တီကို မြင်းရထားလုံးနဲ့သွားရတာ၊ ကောင်တီမှာက နှစ်ထပ် နေ့* ကျင်းပတဲ့ ပွဲတော်နဲ့ တိုက်ဆိုင်နေတက်တယ်။ ရွာဝင်ပေါက်မှာ ခဏစောင့်နေရင် ရထားလုံး အရုဏ်တက်ချိန်ရောက်ပြီး ခရီးတစ်ခေါက်မှာ ကြေး အကြွေစေ့တစ်ပြားစီ ကျသင့်တယ်”

* ၁၁ ၂၂ အဲ့လိုရက် မျိုးပါ

 

 

 ယန် အမျိုးသမီးက ရှောင်းကောကိုပြောခဲ့သည်။ ရှောင်းကောက အသိအမှတ်ပြုမှုခြင်းကို ပြသရန်ခေါင်းညိတ်လိုက်သည်။ တောင်ပေါ်ရှိ အခြေအနေများကို မေးမြန်းရန် လျှောက်လှမ်းခဲ့သည်။

 

 

"စကားမစပ်ယန် အမျိုးသမီး၊ ငါတို့ရွာနားက တောင်ပေါ်မှာ စားစရာတစ်ခုခုရှိလား"

 

 

ယန် အမျိုးသမီးက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

 

 

 “အရင်က ရှိတယ်။ ယောက်ျားတွေ ရှိတုန်းကတော့ သူတို့က တောင်ပေါ်၌ မုဆိုးလိုက်ကြတယ်။ ဒါပေမယ့်အခုကတော့ ယောက်ျားသား မရှိတော့ဘူးလေ။ မိန်းမတွေကလည်း ဘယ် စွန့်စားရဲပါ့မလဲ။ အများစုကတော့ တောင်ခြေရင်းမှာ နေကြရတယ်။ မင်းသိပါတယ်၊ အဲ့ဒီမှာ ဝံပုလွေတွေ ရှိတယ်”

 

 

ဝံပုလွေတွေ ပြောခဲ့ပြီးနောက် သူမ ကြောက်ရွံ့ ထိတ်လန့်ကာ ရှောင်းကော ဘက်လှည့်လိုက်သည်။

 

 

 "တောင်ပေါ်မတက်နဲ့! အဲဒီမှာ အန္တရာယ်ရှိတယ်။ ဝံပုလွေနဲ့ ကျားတွေလို တောရိုင်းတိရိစ္ဆာန်တွေဆီက ပြေးလိုက်ခံရနိုင်တယ်။”

 

 

ယန် အမျိုးသမီးက ရှောင်းကာ တက်သွားမှာကို အရမ်းကြောက်သွားသည်။ သူမ သေချာမချင်း ရှောင်းကောကို အကြိမ်ကြိမ် ကတိ တောင်းခဲ့သည်။ သူမ အိမ်မပြန်ခင်လေးမှာပဲ သူမက တောင်ပေါ်ကို စွန့်စားဖို့ မကြိုးစားဖို့ သေချာအောင် ရှောင်းကောကို တောင်းဆိုခဲ့ပါသေးသည်။ ရှောင်းကောက ယန် အမျိုးသမီးကို ကတိပေးရင်း ကြည်နူးစွာ ကြည့်နေသည်။

 

.......

 

*ရှန်းရှစ်သည် နေ့ခင်း ၃ နာရီမှ ညနေ ၅ နာရီအထိ အချိန်ကို ရည်ညွှန်းသည်။