အပိုင်း ၁၂
Viewers 519

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

 

အပိုင်း ၁၂

 

 

 

ယန် အမျိုးသမီး ထွက်သွားပြီးနောက်၊ ရှောင်းကောသည် ကျွမ်းကျွမ်းနှင့်အတူ အိမ်သို့ လျှောက်၀င်သွားခဲ့သည်။

 

 

နေဝင်ခါနီးပြီ ဖြစ်သည်။

 

 

နှစ်ယောက်သား အဝတ်အစား၊ ကြမ်းခင်းများနှင့်နေရောင်အောက်တွင် အခြောက်လှန်းထားသော ပရိဘောဂများကို သိမ်းလိုက်သည်။ ကျွမ်းကျွမ်းက နောက်ဆုံး ကုလားထိုင်ကို အိမ်ထဲ ပြန်ချထားလိုက်သည်နှင့်၊ ရှောင်းကောအား ပြောခဲ့သည်။

 

 

 " မေမေ၊ သားတို့အိမ်က အရမ်းသန့်ရှင်း သွားပြီ"

 

 

ကျွမ်းကျွမ်းသည် အစောပိုင်း နိုးလာသောအခါ၌ အိမ်ပတ်ပတ်လည်ကို လှည့်မကြည့်ချင်ခဲ့ချေ။ဘအခု အနီးကပ်ကြည့်လျှင်တောင် ကြမ်းပြင်၌ ဖုန်မှုန့်မရှိသည်ကို မြင်နေရ၏။ နံရံများမှ ပင့်ကူများကိုလည်း ဖယ်ရှားထားသည်။ ရှောင်းကောသည် သူမ၏ သန့်ရှင်းရေး ရလဒ်ကို အလွန် ကျေနပ်နေခဲ့သည်။

 

 

ကျင်းမိသားစုသည် ဤအိမ်ကို ဆောက်သောအခါတွင် နံရံနှင့်ကြမ်းပြင်အတွက် အုတ်များချထားခြင်းသည် ကောင်းချီးတစ်ခုဖြစ်သည်။ ရွာတစ်ဝိုက်ရှိ အိမ်အများစုသည် မြေကြီးကို အသုံးပြု၍ ဆောက်လုပ်ခဲ့ကြသည်။အုတ်နံရံတွေသည် ရှောင်းကော အိမ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ပြဿနာအများကြီးကို သက်သာစေပါသည်။

 

 

ကျွမ်းကျွမ်းသည် မျက်လုံးများကို ပြူးကျယ်ကျယ်ဖွင့်ကာ လှည့်ကြည့်လိုက်သောအခါ သူ့အိမ်ကို ပထမဆုံးအကြိမ် လာကြည့်နေသလိုပင်။ ရှောင်းကောက ကျွမ်းကျွမ်းကို ရပ်လိုက်ပြီး ညစာ ဘာစားချင်လဲ မေးသည်။အကြာကြီးစဉ်းစားပြီးမှ၊ ကျွမ်းကျွမ်းက ပြောလာသည်။

 

 

 "ထမင်းစားချင်တယ်"

 

 

သူက ထမင်းမစားရတာကြာပြီ ဖြစ်သည်။လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော ထမင်းပူပူနှင့် မွှေးကြိုင်သော ထမင်းကို တောင့်တနေသည်။သို့သော်လည် သူတို့အိမ်မှာ ထမင်းမရှိတာကို ရုတ်တရက် သတိရလိုက်မိသောအခါ သူက ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်သည်။

 

 

"ဟင်းရွက် ယာဂုသောက်ချင်တယ်"

 

 

ရှောင်းကောက ထမင်းဟု‌ တွေးမိလိုက်သော်ငြားလည်းကျွမ်းကျွမ်းသည် ခဏအတွင်း စိတ်ပြောင်းသွားသည်။ ထိုအစား အသီးအရွက် ယာဂုပထမတော့ ဘာကြောင့်လဲဆိုတာ သူမ နားမလည်ပေမယ့် အကြောင်းရင်းကို မြန်မြန်သိသွားသည်။ သူတို့အိမ်မှာ ဘာမှသိပ်မရှိတဲ့ အခြေအနေမှာ ရှိနေတုန်းဖြစ်သောကြောင့် နေ့စဉ်နေ့တိုင်း အိမ်မှထွက်ပြီး အစားအစာရှာရန် လိုအပ်နေသေးသည်။

 

 

ရှောင်းကောက ထိုင်ချလိုက်ပြီး သူမ၏ ချစ်လှစွာသော ကလေးလေးကို ကြည့်လိုက်သည်။

 

 

သူသည် သုံးနှစ်သာရှိသေးသော်လည်း အလွန်ဉာဏ်ကောင်းသည်။

 

 

"ကျွမ်းကျွမ်း၊ မေမေ့ စကားကို နားထောင်။ မေမေတို့က အခုတော့အစားအစာ မရှားပါးတော့ဘူး။ အစားနပ်တိုင်းမှာ အသားကို စားလို့ရနေပြီ။ သိပ်မကြာခင်တုန်းက မေမေက အစားအစာ အများကြီး ရခဲ့တယ်။ အဲ့ဒါအပြင် ယခုအခါ စိုက်ခင်းတွေမှာ မျိုးစေ့တွေစိုက်ထားသေးတယ်။ မေမေတို့ အစားအသောက်အတွက် စိတ်ပူစရာ မလိုတော့ဘူး”

 

 

ကျွမ်းကျွမ်းက ခေါင်းညိတ်လိုက်ပြီးအနည်းငယ် စိတ်ရှုပ်သွားသည်။

 

 

 သူတို့ ဟင်းရွက်ယာဂုကိုသာ တလျှောက်လုံး သောက်နေခဲ့ရသည်။ သူ့အမေက အစားအသောက် မပြတ်ဘူးလို့ ဘာလို့ပြောမှန်း နားမလည်နိုင်တော့ဘူး။ ဒါပေမယ့် ဒါက သူ့အမေဖြစ်သည်။ သူမက ကမ္ဘာပေါ်မှာ သူ့ကိုအချစ်ဆုံးပဲ။ သူမ ပြောတဲ့စကားတိုင်းက အမှန်ဖြစ်နိုင်သည်။ 

 

 

ကျွမ်းကျွမ်းက သူ့အမေကို တောက်ပစွာ ပြုံးပြလိုက်သည်။

 

 

“ထမင်းလိုချင်တယ် မေမေ”

 

 

ရှောင်းကောက သူ့မျက်နှာလေးကို ပုတ်ပြီး ပြောလိုက်သည်။

 

 

 "ဒါဆို ထမင်းသွားစားရအောင်!"

 

 

ထို့နောက် မီးဖိုခန်းထဲသို့ လျှောက်သွားကြသည်။ ကျွမ်းကျွမ်းသည် မီးမွှေးရန် ခွေးခြေငယ်တွင် နေရာယူလိုက်သည်။ ရှောင်းကောသည်  ကျွမ်းကျွမ်း၏ မြင်ကွင်းမှ ရှောင်သွားကာ လက်စွပ်ကို အသုံးပြု၍ တစ်ဖက်နယ်မြေသို့ သွားခဲ့သည်။

 

 

ဆန်တစ်ထုပ်၊ နံရိုးတစ်ပန်းကန်၊ သကြားဖြူ၊ရေခဲသေတ္တာထဲက အာလူးနည်းနည်း ယူလိုက်သည်။ သူမ ကြာဇံအချို့ ယူရန်မေ့သွားသည်။ ရှောင်းကော သည် လက်စွပ်နှင့် ထပ်သွားပြီး ကြောင်အိမ်ကို ဖွင့်လိုက်သည်။ သေချာတာကတော့ အထဲမှာ ကြာဇံလက်တစ်ဆုပ်စာ တွေ့လိုက်ရသည်။ ၎င်းကို ထောက်ပံ့ရေးပစ္စည်းများရှာဖွေရန် ထွက်သွားသော သန္ဓေပြောင်းတစ်ဦးမှ သူမအား ပေးအပ်ခဲ့သည်။ ထို နယ်မြေက မထွက်ခင်မှာ ရှောင်းကောက တစ်ခုခုကျန်နေသေးလားဆိုတာကို ထပ်စစ်ဆေးခဲ့သည်။

 

 

သူမ နယ်မြေထဲမှ ထွက်လာသည်နှင့်၊ ကျွမ်းကျွမ်းက သူမကို မီးဖိုချောင်မှ ခေါ်နေသံကြားလိုက်ရသည်။ ရှောင်းကောသည် ပစ္စည်းများကို မီးဖိုချောင်တံခါးအပြင်ဘက်တွင် ထားကာ ဝင်လာခဲ့သည်။ ကျွမ်းကျွမ်းသည် ရှောင်းကော ဝင်လာသည်ကိုမြင်သောအခါ၊သူက စိတ်ဝင်တစား မေးလိုက်သည်။

 

 

 "မေမေ၊ ဘယ်သွားတာလဲ။  သား မေမေ့ကို ခေါ်နေတာကြာပြီ"

 

 

ရှောင်းကောက တခစ်ခစ်ရယ်ပြီး ဆင်ခြေပေးလိုက်သည်။

 

 

“ မေမေက အိမ်သာသွားနေတာဘာဖြစ်လို့လဲ?"

 

 

"သား မီး မွှေးပြီးပြီ"

 

 

ရှောင်းကောသည်  ကျွမ်းကျွမ်းမသိအောင် မီးဖိုချောင်တံခါးအပြင်ဘက်ရှိ ပစ္စည်းများကို ယူဆောင်လာနိုင်ရန် မီးဖိုချောင်ထဲမှ မည်သို့ထုတ်ရမည်ကို စဉ်းစားခဲ့သည်။ တိုက်ဆိုင်စွာပင် ထင်းမရှိတော့သဖြင့် ထင်းကို အိမ်၏ ပင်မဝင်ပေါက်တွင် ယူခိုင်းလိုက်သည်။

 

 

 “ကျွမ်းကျွမ်း၊ ထင်းမရှိတော့ဘူး။ သွားပြီး ဒီကို ယူလာ ပေးပါဦး"

 

 

ကျွမ်းကျွမ်းက ဟုတ်ကဲ့ လို့ဖြေပြီး ပြေးထွက်သွားခဲ့သည်။ ရှောင်းကောသည် မီးဖိုချောင်တံခါးအပြင်ဘက်ရှိ ပစ္စည်းများကို ယူဆောင်လာရန် အခွင့်အရေးယူခဲ့သည်။ ဆန်အိတ်ကို ထမင်းအိုးထဲသို့ အမြန်လောင်းပြီး တည်ထားလိုက်သည်။ ထိုအချိန်တွင် ကျွမ်းကျွမ်းသည် သူ့ထက်ကြီးသော ထင်း ထုပ်နဲ့ တလှုပ်လှုပ်နှင့် ပြန်ရောက်လာသည်။

 

 

 ရှောင်းကောက ထိတ်လန့်သွားပြီး သူ့လက်ထဲက အမြန်ယူလိုက်ကာ သူမ သူ့ကို တအံ့တသြနဲ့ တွေးမိခဲ့သည်။

 

 

"ဒီကလေးက သူ့ခွန်အားကို ဘယ်သူ့ဆီက အမွေရခဲ့တာလဲ"

 

 

ရှောင်းကော အိုးထဲကို ရေထည့်ပြီးနောက်ဝက်နံရိုးများကို လှီးဖြတ်ရန် လုပ်လေသည်။ ကျွမ်းကျွမ်းသည် ပြေးလာပြီး စားပွဲပေါ် မှီလိုက်ကာ သူ့အမေကို စူးစူးဝါးဝါး မေးလိုက်သည်။

 

 

"မေမေ၊ ဒါက ဘာလဲ"

 

 

"ဒါက ဝက်နံရိုးပဲ"

 

 

နောက်တော့ နံရိုးဆိုတာ ဘာလဲ နားမလည်မှာကို စိုးရိမ်သောကြောင့် သူမသည် လက်ဆွဲပြီး သူမ၏ နံရိုးကို ညွှန်ပြခဲ့သည်။

 

 

“ဝက်နံရိုးလို့လည်း ခေါ်တယ်။ အဲထဲက အသားက အရမ်း မွှေးပြီး စားကောင်းတယ်။ နောက်မှ အဲတာကို အာလူးနဲ့ ဝက်နံရိုးစွပ်ပြုတ် လုပ်မယ်”