အနာဂတ်ကမ္ဘာမှ
စားဖိုမှူးလေး
အပိုင်း
၁၃
ကျွမ်းကျွမ်းက
ဝမ်းသာအားရ အော်လိုက်သည်။ အာလူးဝက်နံရိုးစွပ်ပြုတ်က ဘယ်လိုအရသာရှိမှန်း သူ မသိပေမယ့်၊
သူ့ မိခင်၏ ဖော်ပြချက်အပေါ် အခြေခံရလျှင် အံ့သြဖွယ်ကောင်းပုံရသည်။
ရှောင်းကောသည်
နံရိုးများကို အတုံးသေးသေးလေးများဖြစ်သည်အထိ လှီးဖြတ်လိုက်သည်။ ပြီးလျှင် အိုးထဲတွင်
ဂျင်းအတုံးများနှင့် အတူ ပြုတ်လိုက်ပြီး ရေဆူတဲ့အခါ၊ ဝက်နံရိုးတွေကို ဖယ်ပြီး ရေနှင့်
ဆေးလိုက်သည်။
ထို့နောက်
အိုးကို ဆေးကြောသန့်စင်လိုက်ကာ ဆီထည့်လိုက်သည်။
ဆီအေးနေချိန်တွင်
သူမက အချိုချက် ချက်ရန် ကျောက်သကြားအချို့ကို
ထည့်လိုက်သည်။
ရှောင်းကောက ကျွမ်းကျွမ်းကို ဆီပူမထိ စေရန် မီးဖိုနှင့်
ဝေးဝေးနေရန် ပြောလိုက်သည်။ ကျွမ်းကျွမ်းသည် မီးဖိုနှင့်ဝေးသောအခါ၊ ရှောင်းကောသည် ဝက်နံရိုးများကို
လောင်းထည့်လိုက်သည်။ အသားကို ဆီပူပူထဲသို့ ထည့်လိုက်သောအခါ ကျွမ်းကျွမ်းသည် သူ၏နှာခေါင်းသေးသေးလေးဖြင့်
ရနံ့ကို ရှူရှိုက်လိုက်သည်။
ဘယ်လောက်တောင်
မွှေးလိုက်တဲ့ ရနံလဲ....
နံရိုးများကို
အချိုအနှစ်အရည်များနှင့် ရောပြီး အရောင်ခြယ်ပြီးသည်နှင့်၊ ရှောင်းကော သည် ရေနွေးပူပူတွင်
လောင်းထည့်ကာ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ပေးသည်။ ထို့နောက် အိုး၏ အထက်တွင် အိုးအဖုံး
တစ်ခုကို ချထားလိုက်သည်။ ဆန်နှစ်ဇွန်းကို ရေဇလုံတစ်ခုထဲသို့ ထည့်လိုက်သည်။ အိုးထဲမှ
ဟင်းအနှစ်တို့ ပွတ်ပွတ်မဆူလာခင်တွင် ဆန်များကို ဇလုံထဲတွင် ဆေးကြောကာ ချက်ပြုတ်လိုက်သည်။
ထို့နောက် ကျွမ်းကျွမ်းအား ထင်းထပ်ထည့်ခိုင်းလိုက်သည်။
ထိုအချိန်တွင်၊
ကျွမ်းကျွမ်းသည် ရှောင်းကော၏ အနားတွင် ကပ်လျက် ရှိနေသည်။ သူမ လုပ်ခိုင်းတာကို ကြားတာနဲ့၊
သူသည် ထင်းထုပ်ကြီးကို မီးထဲသို့ အမြန်ထည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်က မွှေးရနံ့ကို
ရပြီး နောက်တွင် သူ့အမေကို မေးလိုက်သည်။
"ဘယ်တော့ကျက်မှာလဲ"
ရှောင်းကော
ခနလောက် တွေးလိုက်သည်။'အာလူးနဲ့ ခေါက်ဆွဲကို တစ်နာရီရဲ့ လေးပုံသုံးပုံလောက်တည်ထားပြီး
ချက်ပြုတ်ချိန်အတွက် နောက်ထပ်လေးပုံတစ်ပုံလောက် စောင့်ရမယ်'
သူမ
ခေါင်းထဲမှာ ဂဏန်းတွေ စီထားရင်း၊ သူမက ကျွမ်းကျွမ်းကို ပြောလိုက်သည်။
"အိုကေ
ဒါဆို အာလူးနဲ့ ခေါက်ဆွဲမထည့်ခင် ၄၅ မိနစ်လောက်စောင့်၊ ပြီးရင်ထည့်ပြီး ၁၅ မိနစ်လောက်
ပြုတ်ထားရမယ်”
ကျွမ်းကျွမ်းက
သူ့လက်ချောင်းလေးတွေနဲ့ ရေတွက်ဖို့ ကြိုးစားခဲ့သည်။
"သုံးနှစ်သားက
ဒါကို ဘယ်လိုဖြေရှင်းနိုင်မှာလဲ"
ရှောင်းကော
သူမဘာသာ တွေးနေမိသည်။ စကားတစ်ခွန်းမှ မပြောဘဲ အိမ်သို့ ပြန်သွားကာ ဖယောင်းတိုင်သေးသေးလေးနဲ့
ပြန်လာခဲ့သည်။
“ဒီဖယောင်းတိုင် မီး ကုန်တဲ့အခါ အစားအသောက်က အဆင်သင့်ဖြစ်လိမ့်မယ်”
ကျွမ်းကျွမ်းက
သိသွားသည့် သဘောဖြင့် ခေါင်းညိတ်လိုက်သည်။ သူက မီးကြည့်ဖို့ မီးဖိုချောင်ထဲမှာပဲ နေလေသည်။
ရှောင်းကောက သူ့ကို တားဖို့ ကြိုးစားတာ အသုံးမ၀င်ဘူးဆိုတာ သိသည်။ ကျွမ်းကျွမ်းသည် ယခုအခါ
ဖယောင်းတိုင်မီးများကို အတတ်နိုင်ဆုံး မှုတ်ထုတ်ရန် ကြိုးစားနေခဲ့သည်။
ဖယောင်းတိုင်
မြန်မြန် လောင်ကျွမ်းနိုင်ရင် အစားအသောက် မြန်မြန်ပြီးမည်ဖြစ်လေသည်။ ရှောင်းကော သူ့ကို
ရွှင်မြူးစွာ ကြည့်နေမိသည်။ ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ မီးဖိုခန်းမှ ထွက်ခဲ့သည်။
ကောင်းကင်ကြီးက
မှောင်လာနေပြီဖြစ်သည်။ မီးခိုးဖြူ တိမ်များသည် မီးခိုးခေါင်းတိုင်တစ်ခုစီမှ လွင့်ထွက်လာကြသည်။
အချိန်တန်ပြီဟု ခံစားရပြီနောက် ကျွမ်းကျွမ်း ပြေးထွက်လာစဉ် ရှောင်းကောသည် မီးဖိုချောင်သို့
ပြန်လာခဲ့သည်။
" မေမေ၊ ဖယောင်းတိုင်တွေ ကုန်လုနီးပါးဖြစ်နေပြီ"
ကျွမ်းကျွမ်းသည်
ရှောင်းကောကို ခေါ်ပြီး သူ့ပါးလေးတွေက စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းလာသည်။
"ကောင်းပါပြီ"
ကျွမ်းကျွမ်းက
သူမကို မီးဖိုဆီ ခေါ်သွားကာ အဖုံးကို လှပ်ကြည့်လိုက်ရန် ရှောင်းကောကို ပြောခဲ့သည်။ရေနွေးငွေ့
လှိုဏ်တက်လာမှုနှင့်အတူ အံ့သြဖွယ်ကောင်းသော အနံ့သည် နှစ်ယောက်စလုံး မျက်နှာကို ရိုက်ခတ်လာသည်။
ကျွမ်းကျွမ်း၏ ဗိုက်သည် တွန့်လိမ်လာသည်။ ရှောင်းကော မီးဖိုချောင်ထဲ ဝင်မလာခင်ထိ ဗိုက်မဆာသေးဘူးဖြစ်သည်။
သင်းပျံ့သော ရနံ့ဖြင့် စွဲဆောင်ခံလိုက်ရသောအခါ သူမ ဗိုက်တွင်းမှ တုံ့ပြန်သံကို သူမကြားလိုက်ရသည်။
ထမင်းလည်း
ကျက်ခါနီးဖြစ်သည်။ ဤကဲ့သို့ ပူပြင်းသော ရာသီဥတု၌ ထမင်းကို အအေးမမြန်အောင် လှပ်ထားနိုင်သည်။ ကျွမ်းကျွမ်း အလွန်ဗိုက်ဆာလာသည်ကို မြင်လိုက်ရသောအခါ
ရှောင်းကောက သူ့ကို အသားနှစ်ပိုင်း အမြန်ကျွေးလိုက်သည်။ ထို့နောက် လှီးထားသော အာလူးအချို့ကို
ခတ်ယူလိုက်ကာ ကြာဇံတို့ကိုပါ ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။
ကျွမ်းကျွမ်းလေးက
ခုံတန်းလျားမှာ ထိုင်နေသည်။
မီးဖိုထဲက
မီးတောက်က သူ့မျက်နှာကို ဟပ်နေသည်။ ဝက်နံရိုးတစ်ခြမ်းကို လက်သေးသေးလေးတွေနဲ့ ကောက်ယူပြီး
မှုတ်နေသည်။ ရှောင်းကောက သူ့ဘေးမှာ ထိုင်ပြီး သူ့ကို ချစ်စဖွယ် ကြည့်နေသည်။ ဝက်နံရိုးများ
အေးသွားသောအခါ၊ ကျွမ်းကျွမ်းက ရှောင်းကောကို ပေးလိုက်သည်။
"မေမေ၊ စားလိုက်။"
“မင်း
စားလို့ရပါတယ် မေမေနောက်မှစားမယ်"ရှောင်းကောက သူ့ကို ပြောလိုက်သည်။
သူ့အမေ
မစားတော့ဘူးဆိုတာ သေချာပြီးနောက် ကျွမ်းကျွမ်းက စစားတော့သည်။
သားအမိနှစ်ယောက်
ပူနွေးသောမီးဖိုရှေ့တွင် ထိုင်ပြီး ခဏလောက် အနားယူလိုက်သည်။ တိုက်ဆိုင်စွာပင် ထမင်းလည်းကျက်သွားပြီ
ဖြစ်သည်။
နှစ်ယောက်သား
ဟင်းတွေ ယူလာကြပြီး ထမင်းကိုလည်း ထမင်းစားခန်းထဲသို့ ယူလာကာ စတင်စားသောက်တော့သည်။
ကျွမ်းကျွမ်း၏ နှစ်သက်ဖွယ်ရာ အစာစားချင်စိတ်ကြောင့်၊
ရှောင်းကောက ခေါက်ဆွဲ ပန်းကန်ကြီးနှစ်လုံးအထိ စား၀င်သွားသည်။ ကျွမ်းကျွမ်းမှာလည်း ပန်းကန်လုံး
အကြီးကြီးတစ်လုံး လောက်စားလိုက်သည်။
ထမင်းစားပြီးတာနဲ့
ပန်းကန်ဆေးလိုက်ကြကာ သူတို့နှစ်ယောက်သည် အုတ်ကုတင်ပေါ်၌ အိပ်ရာဝင်ခဲ့ကြသည်။ ရှေးယခင်က
ဖျော်ဖြေမှု နည်းပါးခဲ့သည်။ ထမင်းစားပြီးရင် လူတွေက အိပ်ရာဝင်လေ့ရှိသည်။ အိပ်မပျော်နိုင်ရင်တောင်
အိပ်ချင်လာသည့်အချိန်အထိ လှဲလျောင်းနေရသည်။
အရမ်းကျပ်နေလို့၊
ကျွမ်းကျွမ်းက တွန်းကန်လိုက်ပြီး၊
မအိပ်နိုင်ဖြစ်နေသည်။
ရှောင်းကောကို သနားစရာကောင်းသော အသံဖြင့် ပြောခဲ့သည်။ "မေမေ၊ အိပ်လို့မရဘူး"
ရှောင်းကောက
ထပြီး ကျွမ်းကျွမ်းကို ရင်ခွင်ထဲကို ပွေ့ ထားလိုက်သည်။ သူမ သူ့ဗိုက်လေးကို လက်တစ်ဖက်ဖြင့်
ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။
"
မေမေက သားကို ပုံပြင်လေးပြောပြမယ်"
“တကယ်လား
ပြောပြမှာလား။”
ကျွမ်းကျွမ်းက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
ရှောင်းကောက ဘယ်ဇာတ်လမ်းကို ပြောပြရမလဲ သေချာစဉ်းစားနေသည်။
ထို့နောက်
သူမ မနီလေးနှင့် မြေခွေးဆိုးကြီး ပုံပြင်ကို ပြောရန် ဆုံးဖြတ်ခဲ့သည်။
"ရှေးရှေးတုန်းက
ကောင်မလေးတစ်ယောက်ရှိတယ်တဲ့ သူမကို အဖွားအိုကြီးက အနီရောင် ခေါင်းစွပ်အင်္ကျီလေးပေးထားတယ်တဲ့...."
သူမ၏
နူးညံ့သိမ်မွေ့သော အသံဖြင့် ကျွမ်းကျွမ်းသည် ပုံပြင်ကို နားထောင်ရင်း မျက်လုံးများကို
ဖြည်းညှင်းစွာမှိတ်လိုက်သည်။ ရှောင်းကော ဇာတ်လမ်းပြီးဆုံးသွားသောအခါ၊ ကျွမ်းကျွမ်းသည်
ကောင်းကောင်းအိပ်ပျော်နေပြီဖြစ်သည်။ သူမသည် ကျွမ်းကျွမ်းကို လှဲချလိုက်ပြီး ဖြည်းဖြည်းချင်း
ထထွက်သွားလိုက်သည်။