အနာဂတ်ကမ္ဘာမှ
စားဖိုမှူးလေး
အပိုင်း
၁၄
ရှောင်းကောက
မီးဖိုချောင်ထဲဝင်သွားပြီး သူမတို့ ခဏခဏစားလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်ခါတည်း
သေချာထည့်ထားဖို့ တွေးမိသည်။ သူတစ်ခုခုလိုတိုင်း သွားဖို့၊လာဖို့ဆိုတာ မလွယ်ကူပေ။ အသားနဲ့
အသီးအရွက်တွေအပြင်၊ သူမ လိုအပ်သမျှပစ္စည်းတွေ အကုန်လုံးကိုလည်း သေချာလေး ထုတ်ပြီး စဉ်ထားသည်။
သေချာလေး
ထုပ်ပြီးသွားတာနဲ့ ရှောင်းကော အခန်းကိုပြန်မယ့်အလုပ် မီးဖိုဘေးမှာ အရင်က သတိမထားမိခဲ့တဲ့
အံဆွဲကို မတော်တဆ ကန်မိလိုက်သည်။ သူမ သိချင်စောနဲ့၊ ထိုင်ချလိုက်ပြီး အဲ့ဒီအံဆွဲအပေါ်က
အုတ်ခဲတွေက ဖယ်လိုက်သည်။ သူမ အုတ်ခဲရဲ့အောက်မှာ အနီရောင်ပိတ်စနဲ့ပတ်ထားတဲ့ အထုပ်လေး
တွေ့လိုက်ရသည်။
သူမ
လန့်ပြီး မှင်သက်သွားသည်။ ရှောင်းကောအထုပ်ကို ကြည့်ပြီး ဖွင့်လိုက်သည်။ အထဲမှာတော့
ငွေချောင်းတစ်ချောင်းရှိနေသည်။ အရင်ပိုင်ရှင် သိမ်းထားပြီး ကြာသွားတော့ မေ့ခဲ့တဲ့ ငွေပဲဖြစ်ရမည်။
ရှောင်းကော
ပျော်သွားပြီး ငွေကိုထားခဲ့ကာ အနားယူဖို့ အိပ်ခန်းကို ပြန်သွားခဲ့သည်။
ရှောင်းကော နောက်နေ့ နေမထွက်ခင်မှာပဲ နိုးလာခဲ့သည်။
ကျွမ်းကျွမ်းကတော့ အိပ်လို့ကောင်းနေတုန်းပင်။ သူမက သူ့ကိုမနှိုးသေးဘဲ အိမ်ကနေ တိတ်တိတ်လေးထွက်သွားခဲ့သည်။
ရှောင်းကောက
တောင်ပေါ်တက်ဖို့ စီစဉ်နေတာဖြစ်သည်။ သူမ အပြင်ထွက်လိုက်တော့ ကောင်းကင်ကြီးက မှောင်ပြီး
ညှို့းမှိုင်းနေသည်။ သူမ စီစဉ်ထားတဲ့အတိုင်းလုပ်လို့ကော ကောင်းပါ့မလားဆိုပြီး စဉ်းစားမိကာ
တွေဝေနေသည်။ ခဏလောက် စဉ်းစားပြီးနောက် ရှောင်းကောက အခြေအနေ သေချာအောင် တောင်ပေါ်တက်ပြီးကြည့်ဖို့
ဆုံးဖြတ်လိုက်သည်။ သူမ စောစောတက်လေ၊ မြန်မြန်ပြန်လာလို့ရလေပင်။
မိနစ်သုံးဆယ်ခန့်ကြာပြီးနောက်။
ရှောင်းကောက
ပေါက်ပြားတစ်လက်ယူပြီး တောင်တက်ဖို့ ထွက်ခဲ့သည်။ ဘယ်လောက်မှ မကြာခင် သူမ တောင်ခြေကို
ရောက်သွားခဲ့သည်။ အဲ့အချိန်မှာ နေရောင်က တဖြေးဖြေးနဲ့ ကောင်းကင်ကို အလင်းပေးနေသည်။
တစ်ယောက်ယောက် အနားပတ်ဝန်းကျင်မှာမရှိဘူးဆိုတာ ကြည့်ပြီး သူမ မြန်မြန်ဆန်ဆန်ဖြင့် တောင်ပေါ်တက်ခဲ့သည်။
သူမ
ထပ်မတက်နိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ရှောင်းကောတက်လာတာ ခရီးတစ်ဝက်တောင်
ကျိုးလာပြီပင်။ တောင်ရဲ့အနက်ဆုံးအပိုင်းကို သူမရောက်တော့မည်။ ဒါပေမဲ့ အဲ့ဒီမှာ သူမ
မသိတာတွေရှိနေသေးသည်။ ရှောင်းကောက စွန့်စားပြီးသွားဖို့တော့ မစီစဉ်ခဲ့ပေ။
ရှောင်ကောက
အရှေ့ဘက်ကို လျှောက်သွားခဲ့သည်။ သူမ မြေကြီးပေါ်ခြေချလိုက်တာနဲ့ မြေဆီလွှာက အရမ်းထူးခြားနေတယ်ဆိုတာ
သတိထားမိသည်။ သူမ ဆောင့်ကြောင့်ထိုင်ပြီး ခြေထောက်အောက် မြေကြီးကို ကြည့်လိုက်သည်။
မြေကြီးက အရမ်းစိုစွတ်နေသည်။ ရှောင်းကော မြေဆီလွှာတစ်ဆုပ်လောက်ယူပြီး သူမလက်နှင့် ဖိကြည့်လိုက်သည်။
ချက်ချင်း သူမရဲ့လက်ကြားတွေထဲက ရေစက်တွေကျလာသည်။ ဒီနေရာက အပင်တွေက တခြားနေရာတွေနဲ့မတူဘဲ
စိမ်းလန်းစိုပြေနေသည်။
သူမ
အရှေ့ဘက်ဆက်လျှောက်သွားပြီး ခဏအကြာ မြစ်ဆီကို ရောက်သွားသည်။ မြင်ကွင်းကြောင့် သူမအတော်လေး
ပျော်သွားသည်။ ရေအရင်းအမြစ်က ဒီမြစ်ကဆိုတာ သူမ သဘောပေါက်သွားသည်။ သေချာဂရုတစိုက်နဲ့
နေရာတစ်ဝိုက်ကိုလှည့်ကြည့်ကာ ရှေ့ဆက်မသွားခင် အန္တရာယ်ရှိစေတဲ့အရာတွေကို သေချာစစ်နေသည်။
မြစ်ထဲမှာ
ငါးအကြီးကြီးတစ်ကောင် ကူးခတ်နေတာမြင်တော့ သူမ လန့်သွားသည်။ ငါးကြီးက မီတာတစ်ဝက်လောက်တောင်ရှိသည်။
သူမက သေချာလေးကြည့်နေပြီး ဖမ်းဖို့ အခွင့်ကောင်းကို စောင့်နေသည်။
ပေါက်ပြားလေးတစ်ချက် လွှဲလိုက်ရုံနဲ့ သူမ အဲ့ငါးကိုဖမ်းမိသွားပြီး
သောင်ပြင်ကို ယူလာခဲ့သည်။ သူမ အဲ့လောက်တိတိကျကျ ဖမ်းနိုင်လိမ့်မယ်လို့ မထင်ခဲ့လို့
သူမ အံ့ဩမိနေသည်။ ဘာကြောင့်လဲဆို အခုငါးဖမ်းတာ သူမအတွက် ပထမဆုံးပဲ။
သူမရဲ့ပျော်ရွှင်မှုကို
သိမ်းထားပြီး ဖမ်းလာတဲ့ဟာကို သူမနဲ့အတူယူသွားဖို့ အမြန်ပဲ ရေပုံးထဲထည့်ခဲ့သည်။ မြစ်ဘေးမှာ
တချို့တိရစ္ဆာန်တွေရဲ့ အညစ်ကြေးတွေတွေ့ခဲ့တာကို သူမအမှတ်ရသွားသည်။ ရှောင်းကောက သေချာအောင်
သွားကြည့်လိုက်သည်။
သူမ
အညစ်ကြေးတွေကို ကြည့်ပြီး ယုန်ရိုင်းနဲ့ ငှက်တွေဟာလို့ ကောက်ချက်ချလိုက်သည်။ သူတို့က
ရေသောက်ဖို့ မကြာမကြာလာတာဖြစ်ရမည်။ တခြားတောရိုင်းသတ္တဝါတွေလည်း ဒီကို ရေသောက်ဖို့လာမှာပဲဆိုပြီး
ခန့်မှန်းကာ ရှောင်းကော အဲ့အနားမှာ ကြာကြာရပ်မနေချင်တော့ပေ။
မိနစ်နှစ်ဆယ်ကြာသွားပြန်ပြီ။
အဲ့အချိန်မှာပဲ၊
သူမ ကျွမ်းကျွမ်းကို အမှတ်ရသွားခဲ့သည်။ သူနိုးလာတဲ့အခါ သူမကို ရှာနေလိမ့်မယ်ဆိုပြီး
တွေးပူကာ အမြန်ပဲ တောင်ပေါ်က ဆင်းလာသည်။
သူမ
ရွာထဲဝင်လာတာနဲ့ အိမ်တိုင်းက မီးခိုးခေါင်းတိုင်က မီးခိုးငွေ့တွေကို မြင်နေရသည်။ ရွာထဲက
ကြက်ဖတွေလည်း ပြိုင်တူတွန်ဖို့ ပြင်နေကြသည်။ သူမ အိမ်ပြန်လာတာ နောက်မကျဘူးဆိုတာကို
သေချာသိသည်။ သူမအိမ်ပြန်ရောက်တဲ့အခါ အခန်းတံခါးကို နောက်ကျောပေးပြီးတော့ အိပ်ပျော်နေသေးတဲ့
ကျွမ်းကျွမ်းကို တွေ့လိုက်ရသည်။ သူမက ငါးကြီးကို ရေဇလုံထဲကို ထည့်လိုက်သည်။ ရှောင်းကောက
ပြုံးပြီး မီးဖိုးချောင်ထဲဝင်သွားသည်။ ကျွမ်းကျွမ်းနိုးလာရင် သူမ သူ့ကို အံ့ဩသွားအောင်လုပ်မှာ။
နေမြင့်လာပေမဲ့
အိမ်ထဲမှာတော့ မှောင်နေတုန်းပင်။ ရှောင်းကော အလင်းရောင်ရဖို့ ဖယောင်းတိုင်ထွန်းလိုက်သည်။
သူမက နံရံကို ခွဲပြီး အလင်းရောင်ရဖို့ ပြတင်းပေါက်တပ်ရမယ်ဆိုပြီး သူမကိုယ်သူမ သတိပေးလိုက်သည်။
ရှောင်ကောက
မနက်စာအတွက် စပြင်တော့သည်။ သူမ စွတ်ပြုတ်၊ အားလူးချောင်းသုပ်နဲ့ ကန်စွန်းရွက်ပန်ကိတ်တို့ကို
စပြီးချက်ပြုတ်ခဲ့သည်။
ရှောင်ကော
မီးသွေးမီးဖိုအသေးလေးကို တွေ့လိုက်ရသည်။ သူမ မီးသွေးကို မီးမွှေးပြီး မြေအိုးကို အပူပေးလိုက်သည်။
ဆန်ကို ဆေးထားပြီးတော့ အိုးထဲမှာ မီးအားကောင်းကောင်းနဲ့ ပြုတ်ဖို့ ပြင်ထားသည်။
ဆန်ပြုတ်ပြီးသွားတာနဲ့ သူမ မီးကို နည်းနည်းလျှော့လိုက်ကယ
အပူနည်းနည်းလေးနဲ့ ဆူအောင်လုပ်လိုက်သည်။ အာလူးတွေကို အချောင်းလိုက်လှီးထားပြီး ခဏပြုတ်ထားသည်။
သူမက အာလူးချောင်းတွေကို ဆား၊ သကြား၊ ရှာလကာရည်နဲ့ ငရုတ်ဆီသုံးကာ အရသာဝင်အောင် နယ်ပေးထားသည်။
ကလေးငယ်တွေအတွက်
အစပ်စားတာကို ရှောင်တာက ကောင်းတဲ့အတွက်ကြောင့် ငရုတ်သီးထည့်ရင် နည်းနည်းပဲ ထည့်သည်။
အားလူးသုတ်ပြီးသွားတော့ ကန်းစွန်းရွက်ကို ရေဆေးကာ အချောင်းသေးသေးလေးတွေ လှီးလိုက်သည်။
ပြီးတော့
သူမက ပန်ကိတ်အနှစ်ဖြစ်အောင် ဂျူံနဲ့ ရေကို သေချာလေး ရောမွှေထားသည်။ အိုးထဲကို ဝက်ဆီထည့်ပြီး
အပူပေးလိုက်သည်။ ခဏလေးအတွင်းမှာပဲ ရွှေရောင်သန်းနေတဲ့ ကန်စွန်းရွက်ပန်ကိတ်လေးက စားဖို့
အသင့်ဖြစ်သွားပြီပင်။
ရှောင်းကော
စားစရာတွေကို အိမ်ထဲယူလာတဲ့အခါ ကျွမ်းကျွမ်းက အနံ့တွေကြောင့် နိုးသွားခဲ့သည်။ ရှောင်းကောက
သူ့ကို မစားခင် လက်ဆေးခိုင်းလိုက်သည်။ ကျွမ်းကျွမ်း လက်ဆေးပြီးသွားတဲ့အခါ သူမတို့နှစ်ယောက်လုံး
စားပွဲမှာထိုင်ကာ မနက်စာကို စစားတော့သည်။ စားစရာကလည်း နှစ်ယောက်စာပဲလုပ်ထားတဲ့အတွက်
သူတို့နှစ်ယောက်အတွက်တော့ ဗိုက်ပြည့်ဖို့ လောက်သည်။
“အမေ၊
ပန်ကိတ်အနံ့လေးက အတော်မွှေးတယ်နော်။ အသားစားရသလိုပဲ ကောင်းတယ်။” ကန်းစွန်းရွက်ပန်ကိတ်ကို
ဝက်ဆီနဲ့ကြော်ထားသည်။ ဒါ့ကြောင့် ပန်ကိတ်မှာ ဝက်ဆီနဲ့လေးလည်း စွဲနေသည်။
ရှောင်းကောက
ပြုံးပြီး ပြောလိုက်သည်။ “ကောင်းရင် များများစား”
ကျွမ်းကျွမ်းက
ပျော်ရွှင်စွာ ခေါင်းငြိမ့်လိုက်သည်။