အပိုင်း ၁၅
Viewers 522

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

 

အပိုင်း ၁၅

 

 

 

စားပြီးတော့ ကျွမ်းကျွမ်းက ပန်းကန်တွေကို သိမ်းပြီး မီးဖိုချောင်ထဲ ယူသွားခဲ့သည်။ ရှောင်းကော သူ့နောက်ကနေလိုက်ပြီး အထဲဝင်သွားတာနဲ့ သူဘယ်လိုပြုမူမလဲဆိုတာကို စောင့်နေသည်။

 

 

သူမ ထင်ထားတဲ့အတိုင်းပဲ ကျွမ်းကျွမ်းက ရေဇလုံထဲက ငါးကြီးကို မြင်လိုက်တဲ့အခါ “အမေ၊ ငါးကြီး၊ ငါးကြီး”လို့ စိတ်လှုပ်ရှားပြီး အော်လိုက်သည်။

 

 

ကျွမ်းကျွမ်း ပျော်နေတာမြင်လို့ ရှောင်းကောက ဝမ်းသာနေသည်။ ကျွမ်းကျွမ်က သူ့အမေကို “အမေ ငါးဖမ်းလာတာလား?”လို့ မေးလိုက်သည်။ ရှောင်းကော ခေါင်းငြိမ့်လိုက်သည်။

 

 

ကျွမ်းကျွမ်းက သူ့အမေကို လေးစားတဲ့အကြည့်နဲ့ကြည့်နေသည်။ “အမေက အရမ်းတော်တာပဲ။’

 

 

ရှောင်ကောက သူမကိုယ်သူမ ဂုဏ်ယူမိနေသည်။ သူမသားဆီကနေ ဒီလိုလေးစားခံရတာက တကယ်ကို စိတ်ပျော်စေပေမဲ့ သူမကတော့‌ အေးဆေးပဲ ပြန်ဖြေလိုက်သည်။ “အင်း၊ သားကို နောက်တစ်ခါ အဲ့ဒီကို ခေါ်သွားမယ်။”

 

 

ကျွမ်းကျွမ်းက ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ပြီး သူ့ရဲ့လက်အသေးလေးတွေနဲ့ ငါးကို စဖို့ ရေလေးတွေကို လှုပ်နေသည်။ ရှောင်းကောက ပန်းကန်စဆေးခဲ့သည်။

 

 

ရှောင်းကောမှာ ဘာမှသိပ်လုပ်စရာမရှိတော့တဲ့အတွက် ထမင်းစားပြီးတာနဲ့ ကျွမ်းကျွမ်ကို ခေါ်သွားဖို့ အဆင်သင့်ဖြစ်နေပြီး သူမ တံခါး ပိတ်နေတုန်းမှာပဲ ရွာပေါက်ကို အမြန်လျှောက်လာတဲ့ အမျိုးသမီးယန်ကို တွေ့လိုက်ရသည်။ တစ်ခုခုဖြစ်ခဲ့မှာပဲဆိုတာကို ရှောင်ကော တွေးလိုက်ပြီး ဘာဖြစ်တာလဲဆိုတာကို မေးဖို့ အမျိုးသမီးယန်ဆီကို ပြေးသွားလိုက်သည်။

 

 

ရှောင်းကောကို အမျိုးသမီးယန်က မြင်လိုက်တော့ ရပ်လိုက်ပြီး မောဟိုက်နေသည်။ “ဟ.. နင်ကို။ ငါလေ ရွာပေါက် လှည်းယဉ်ပေါ်တက်ဖို့ အလျင်လိုနေတာ။ ငါတို့က ဒီနေ့ ဈေးပွဲတော်ကို သွားဖို့ အလျင်လိုနေကြတာလေ။ ပစ္စည်းအကုန်လုံးကို ဈေးတစ်ဝက်နဲ့ ရောင်းနေကြတာ။” ရှောင်းကော စကားမပြောခင်မှာပဲ အမျိုးသမီးယန်က သူမရဲ့နဖူးကို ရိုက်လိုက်ပြီး “နင်ဉီးနှောက်ကြောင်သွားတာ ဖြစ်ရမယ်။ နင် မျိုးစေ့တွေ မဝယ်ချင်ဘူးလား? မျိုးစေ့တွေကိုလည်း သူတို့ ဈေးလျှော့ရောင်းကြမှာ။ မြန်မြန်လုပ်ပြီး ငါတို့နောက်လိုက်ခဲ့။”

 

 

အဲ့ဒါကိုကြားပြီးတော့ ရှောင်းကောက အိမ်အမြန်ပြန်ပြီး သူမ ပစ္စည်းတွေကို ပြေးယူချင်နေမိသည်။

 

 

ကျွမ်းကျွမ်းကို ဘယ်လိုလုပ်မလဲ?

 

 

 အမျိုးသမီးယန်က ရှောင်းကောကို ပြောလိုက်သည်။“ဒီလိုလုပ်လေ။ ငါက ရွာပေါက်ကို သွားပြီး ငါတို့အားလုံးအတွက် ကြိုပြီး လှည်းပေါ်မှာ ခုံယူထားလိုက်မယ်။ နင်ပိုက်ဆံယူဖို့ အိမ်ပြန်သွားပြီး ကျွမ်းကျွမ်းကိုလည်း ငါ့အိမ်ကို ပို့လိုက်။”

 

 

ရှောင်းကောက ဘာမှမတွေးပဲ သဘောတူလိုက်သည်။ အမျိုးသမီးယန်က သူမကို မြန်မြန်လုပ်ဖို့ ပြောနေသည်။ သူမက ကျွမ်းကျွမ်းကို မချီပြီး တော့ အိမ်ကို‌ပြေးသွားသည်။ သူမပြေးနေရင်းက ကျွမ်းကျွမ်းကို  “အမေက မြို့တော်ကို ဝယ်စရာရှိဖို့ သွားမှာ။ အမေ့ကို အဒေါ်ယန့်အိမ်မှာ စောင့်နေနော်။ အမေပြန်လာတာနဲ့ သားကို လာခေါ်မယ်။”

 

 

ကျွမ်းကျွမ်က နာခံစွာနဲ့ ခေါင်းငြိမ့်လိုက်သည်။ ရှောင်းကောက ပိုက်ဆံသွားမယူခင် သူ့ကို ယန်မိသားစုအိမ်မှာ ထားခဲ့သည်။ သူမမှာ ရှိသမျှ ပိုက်ဆံတွေကို ယူသွားပြီး လှည်းမထွက်ခင် အချိန်မီ ဂိတ်ပေါက်ကို ရောက်သွားသည်။ သူမ ထိုင်လို့ရတဲ့အချိန်မှာ တော်ပါသေးရဲ့ဆိုပြီး သက်ပြင်းချလိုက်မိသည်။

 

 

လှည်းက ပြည့်နေခဲ့သည်။ ကံကောင်းစွာနဲ့ အမျိုးသမီးယန်က အစောရောက်ပြီး သူမအတွက် ခုံယူပေးထားလို့ပင်။  ရှောင်းကောက နောက်ဆုံးတော့ အမျိုးသမီးယန်ကို မေးဖို့ အခွင့်ရသွားသည်။ “ဒီနေ့ မြို့တော်မှာ ဈေးပွဲတော်ရှိတာ ကျွန်မ မသိခဲ့တာလား?”

 

 

“သူတို့စစ်နိုင်သွားတယ်လို့ ငါကြားတယ်။ စစ်ပွဲထဲမှာ ကြိုးစားပြီးတိုက်ခဲ့တဲ့ သူအများစုက ငါတို့မြို့တော်က။” သူမပြောနေရင်းပဲ၊ အမျိုးသမီးယန်က ဘာနာမည်မှတပ်ပြီးမပြောပဲ အဝေးတစ်နေရာကိုပဲ ညွှန်ပြနေသည်။ “..ဆုလာဘ်တွေ ပေးခဲ့တာ။ မြို့တော်အတွက် ငွေချောင်းငါးဆယ်။ အဲ့ဒီငွေတွေကို မြို့တော်က ကုန်သည်တွေကို ဝေပေးခဲ့တာ။ ဒါကြောင့် အဲ့ဒီလူက သူတို့ရဲ့ အပေးအကမ်းရက်ရောတာကိုပြချင်လို့ ဒီဈေးရောင်းပွဲတော်ကို ကျင်းပခဲ့တာ။”

 

 

ရှောင်းကောက နားလည်သွားပြီး ခေါင်းငြိမ့်လိုက်မိသည်။ အမျိုးသမီးယန်ပြောချင်တာ ဘယ်သူဆိုတာကို သူမသိသည်။ လူအများ စကားပြောရင်တောင် ထည့်ပြောလို့မရတဲ့ တစ်ဉီးတည်းသောသူက နန်းတော်ရဲ့ ရုံးတော် ခန်းမထဲမှာ ထိုင်နေတဲ့သူပဲဖြစ်သည်။

 

 

နောက်ဆုံးတော့ သူတို့ မြို့တော်ကို ရောက်သွားသည်။ အရမ်းကိုစည်းကားတဲ့မြင်ကွင်းကိုမြင်ရတာ ရှောင်းကောအတွက်တော့ ပထမဆုံးပင်။ အိမ်ရှင်ဖြစ်တဲ့သူကော ရှောင်းကောကော တစ်ခါမှ ဈေးတွေထဲကို မရောက်ဖူးကြပေ။

 

 

ရှောင်းကောက လမ်းပေါ်မှာ တဖြေးဖြေး ရွေးလျားသွားနေကြတဲ့ လူအုပ်ကြီးကို ကြည့်နေသည်။ ဈေးတန်းတွေရဲ့နောက်မှာ ပျံကျဈေးသည်တွေက အော်ခေါ်ရောင်းနေကြသည်။ “တီဗီထဲက ပုံစံနဲ့ တစ်ပုံစံထဲပဲ။ ငါတို့ရဲ့ ဘိုးဘွားတွေက ဒီလိုဈေးပွဲတော်ပုံစံကို ပြောခဲ့တာကို။” ရှောင်းကောက သူမရှေ့မှာ တွေ့နေရတဲ့အရာကို ခေါင်းထဲမှာ စွဲစွဲမြဲမြဲမှတ်မိအောင် လုပ်ထားသည်။

 

 

လှည်းက ရှေ့ဆက်သွားလို့ မရတော့တဲ့အတွက် ဈေးရဲ့ အပေါက်ဝမှာ ရပ်လိုက်သည်။ ရှောင်းကောက အကြွေစေ့တစ်စေ့လှမ်းပေးပြီးတော့ အမျိုးသမီးယန်နဲ့ လက်တွဲလိုက်သည်။ သူတို့ လှည်းပေါ်က ဆင်းဆင်းချင်း ရှောင်းကောက သူ့ပိုက်ဆံတွေကို သေချာသိမ်းထားတယ်ဆိုတာကို အမျိုးသမီးယန် သတိထားမိသည်။ ရှောင်းကောက သူမအကြံပေးတာကို သေချာမှတ်ထားသည်။

 

 

 ရှောင်းကောက သိချင်စိတ်နဲ့ ဟိုဟိုဒီဒီလျှောက်ကြည့်နေတဲ့အခါ အမျိုးသမီးယန်က သူမကို ရှာနေတယ်ဆိုတာကို တွေ့သွားသည်။ သူမက မျက်နှာပူသွားပြီးတော့ အမျိုးသမီးယန်ကို ပြောလိုက်သည်။ “ ကျွန်မအတွက် စိတ်မပူပါနဲ့။ အမျိုးသမီးယန် လိုတာရဖို့ သွားလေ။”

 

 

“မဟုတ်ဘူး။ ဒီကိုရောက်တာ နင့်အတွက် ပထမဆုံးလေ။ ငါ နင့်ကို ခေါ်သွားတာပဲ ကောင်းတယ်” အမျိုးသမီးယန်က ခေါင်းခါပြီး ပြောလိုက်သည်။

 

 

“ကျွန်မထက် ရှင့်မှာက ဝယ်စရာပစ္စည်းတွေ အများကြီးလေ”လို့ ရှောင်းကောက သူမကို ပြောပြီး ထပ်ဖျောင်းဖျနေသည်။ “ကျွန်မက ဟိုနားဒီနားပဲ လျှောက်ကြည့်နေတာပါ။ ပြီးတော့ လမ်းကို ဒီနားဝန်းကျင်မှာပဲ ကျွန်မ ရှာတတ်ပါတယ်။ အချိန်ကျရင် အပေါက်ဝမှာပဲ ကျွန်မ ရှင့်ကို စောင့်နေမယ်။”

 

 

အမျိုးသမီးယန်က ရှောင်းကောကို တစ်ယောက်တည်းထားခဲ့ရမှာကို စိတ်ထင့်နေသေးသည်။ သူမမှာလည်းဝယ်စရာတွေ အများကြီးရှိနေသည်။ သူမဘာသာရှေ့ဆက်သွားဖို့ အားနာနေတဲ့ အမျိုးသမီးယန်ကို မြင်တော့ ရှောင်းကောက သူမကို ပြောလိုက်သည်။“ ဒီမှာ လူတွေ အများကြီးပဲ။ ကောင်းတာတွေက အချိန်မီမသွားရင် ကုန်လိမ့်မယ်နော်။”