Chapter 68.2
Viewers 7k

Chapter - 68.2

(မြန်မြန် ပေါင်မုန့်တွေလုပ်လာတယ်!!)


ရှောင်လဲ့သည် ကျောင်းမြန်နှင့်အတူရှိပြီးနောက်ပိုင်း နေ့ရက်တိုင်းတွင် တက်ကြွကာ ပျော်ရွှင်လာပြီး သာမန်ကလေးများနှင့် ခြားနားချက် မရှိတော့ပေ။


ယနေ့ညတွင် ရှောင်လဲ့သည် နေ့လယ်က တစ်ရေးတစ်မော အိပ်ထားသောကြောင့် ညလယ်တွင် အနည်းငယ် လှုပ်ရှားမှုကာ နိုးလာလေသည်။


ထိုအချိန် ကျောင်းမြန်၏ ခပ်ဖွဖွ ညည်းသံကို ကြားလိုက်ရသဖြင့် သူသည် ချက်ချင်းနိုးလာပြီး မီးကိုဖွင့်လိုက်သည်။


"ကိုကြီး..."


ကျောင်းမြန်၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ့နဖူးတွင် ချွေးစေးများ ရှိနေသည်။


ရှောင်လဲ့သည် အနည်းငယ်ကြောက်လန့်သွားပြီး ကျောင်းမြန်၏လက်ကို အမြန်ဆွဲကာ လှုပ်ယမ်းလိုက်သည်။


ကျောင်းမြန် မျက်မှောင်ကြုတ်ကာ သူ့ဗိုက်ကို ထိန်းကိုင်ထားပြီး တိုးတိုးလေးပြောလိုက်သည်။


 "သွား... တစ်ယောက်ယောက်ကို သွားခေါ်"


"ဟုတ်...!"


ရှောင်လဲ့သည် ဘေးအခန်းတွင် အိပ်ပျော်နေသော အယ်လန့်ကိုရှာရန် ကုတင်ပေါ်မှ အမြန်ခုန်ဆင်းလိုက်သည်။


ပြီးမှ စီဆဲလ်မှာထားသည်ကို ပြန်သတိရကာ အခန်းထဲမှ မထွက်မီ ကုတင်ပေါ် ပြန်ပြေးတက်သွားပြီး ဘေးမှ လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။


ဤသည်မှာ ဆရာဝန်အလွယ်တကူခေါ်လို့ရသည့် ဘဲလ်ဖြစ်သည်။


ခဏအကြာတွင် အဆင်သင့်ဖြစ်နေကြသော ဆရာဝန်အုပ်စုကြီးသည် အပြေးအလွှားဝင်လာသည်။


အယ်လန်သည်လည်း ဆံပင်များရှုပ်ပွနေပြီး ရှုံ့တွ‌နေသော မျက်နှာဖြင့် ည၀တ်အင်္ကျီကို ဝတ်ထားဆဲ ဖြစ်သည်။


"ဘာ...ဘာဖြစ်တာလဲ?!" 


အယ်လန် သူ၏ရှုပ်နေသော ဆံပင်များကို လက်ဖြင့်သပ်ချပြီး ရှောင်လဲ့ကို ချီထားကာ မေးလိုက်သည်။


 "သူ အဆင်ပြေရဲ့လား"


"အဆင်ပြေပါတယ်.... ဗိုလ်ချုပ်ကျောင်းက ‌မွေးတော့မှာပါ...."


အယ်လန် မျက်လုံးပြူးသွားသည်။ 


"သားညီလေးက မွေးတော့မှာလား" 


ရှောင်လဲ့သည် အယ်လန်၏လည်ပင်းကို ပွေ့ဖက်ထားပြီး တိုးတိုးလေးပြောသည်။


"အင်း...!" 


အယ်လန်သည် တာမီနယ်အား ထုတ်လိုက်သည်။


သူ စီဆဲလ်ကို လှမ်းဆက်ချင်နေလေပြီ....။


တစ်ချိန်တည်းမှာပင် ဆရာဝန်နှင့် သူနာပြုများသည် ပစ္စည်းကိရိယာများကို မြန်ဆန်စွာ ရွှေ့လာကြသည်။


"ဗိုလ်ချုပ် ကျောင်း၊ မင်း စိတ်အေးအေးထားပြီး စိတ်လျှော့ထားမှရမယ်..."


ဒေါက်တာဖိုဒ့် သည် ကျောင်းမြန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး နွေးထွေးစွာပြောသည်။


 "စိတ်လျော့... "


သူ့ဗိုက်ထဲက နာကျင်မှုကြောင့် ကျောင်းမြန် နေရတာ အဆင်မပြေသော်လည်း ဤအခိုက်အတန့်တွင် သူသည်းခံကာ ကြိုးစားခဲ့သည်။


ဒီနာကျင်မှုသည် သာမန်ဒဏ်ရာများနှင့် မတူဘဲ သူ့ခန္ဓာကိုယ်အတွင်းပိုင်းအထိ မွှေနှောက်နေသည်။


ကျောင်းမြန် မျက်မှောင်ကြုတ်ကာ အသက်ကို ဖြေးဖြေးချင်းရှူလိုက်သည်။


"ဒေါက်တာ..." 


ကျောင်းမြန် နဖူးတွင် ချွေးများစို့နေပြီး ပါးစပ်ကို ခပ်ကျယ်ကျယ်ဖွင့်ပြီး မေးလိုက်သည်။


"ဘယ်...ဘယ်‌လောက် ကြာမှာလဲ..."


ဆရာဝန် : "မွေးတော့ မွေးခါနီးပါပြီ... အနည်းဆုံး နှစ်နာရီ၊ အများဆုံးက နှစ်ဆယ့်လေးနာရီပဲ ... သာမန်လူတွေဆိုရင်တော့ နေ့တစ်ဝက်လောက်ကြာတယ်...." 


ကျောင်းမြန် ငြိမ်ကျသွားပြီး တိုးတိုးလေးပြောလိုက်သည်။


"နှစ်နာရီလား... မြန်လိုက်တာ.."


ကျောင်းမြန် အနည်းငယ် စိတ်ဓာတ်ကျသွားပုံရသည်။


ဆရာဝန်လည်း အံ့ဩသွားသည်။ ဖြစ်နိုင်ရင် မြန်မြန်မွေးတာက ပိုမကောင်းဘူးလား..... အချိန်ကြာလို့ ပိုနာရင် နာကျင်မှုကို တောင့်ခံနိုင်လို့လား....။


"ဒေါက်တာ..."


ကျောင်းမြန် : " ခင်ဗျား ဖြေးဖြေးချင်လုပ်လို့ရလား..." 


"ဘာရယ်"


ကျောင်းမြန် : " ကျွန်တော် ဖြေးဖြေးပဲ မွေးချင်လို့ ခဏစောင့်ပေးလို့ရလား...."


"ဗိုလ်ချုပ်၊ မင်းပြောချင်တာက.." 


ဖို့ဒ့် မယုံနိုင်သလို ခံစားလိုက်ရသည်။


သူရူးနေတာလား.....။


"ဒါရိုက်တာ...." 


ဘေးနားရှိ ဖိုဒ့်လောက် လူကြီးမဆန်သည့် လူလတ်ပိုင်း ဆရာဝန်တစ်ယောက်သည် ဓာတ်ခွဲခန်းထဲတွင် တစ်နှစ်ပတ်လုံး နေခဲ့ရသော်လည်း လက်တွေ့အတွေ့အကြုံနှင့် ကစားပွဲများကို များစွာ ကြုံတွေ့ဖူးသူဖြစ်ရာ ဖိုဒ့်အား။ဆွဲခေါ်သွားပြီး... တိုးတိုးလေးပြော၏။


"ကြည့်ရတာ ဗိုလ်ချုပ်ကျောင်းက ကျွန်တော်တို့ကို ဗိုလ်ချုပ်ကြီး စီဆဲလ်ကို စောင့်စေချင်တာ ထင်တယ်..." 


ဖိုဒ့် အံ့အားသင့်သွားသည်။


ဖိုဒ့် သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ကာ ကျောင်းမြန်ကို ဖျောင်းဖျလိုက်သည်။


"ဗိုလ်ချုပ်ကျောင်း.... အချိန်ကို မင်း ထိန်းချုပ်လို့ရတာမဟုတ်ဘူး.... အခုချိန်က အတတ်နိုင်ဆုံး စိတ်လျော့ထားပြီး စိတ်သက်သာအောင်နေရမှာ...."


ထို့နောက် နောက်ထပ် လူလတ်ပိုင်းဆရာဝန်တစ်ဦးကလည်း ပြုံးပြီး ထပ်ပြောလိုက်သည်။


"ဒါက ကံကြမ္မာပဲ၊ ဘာပဲဖြစ်ဖြစ်၊ ဂျူနီယာ ဗိုလ်ချုပ်လေးရောက်လာတာကိုက ဗိုလ်ချုပ်ကြီးအတွက် ကောင်းချီးတစ်ခုပဲလေ....."


"အင်းပါ..." 


ကျောင်းမြန်သည် စိတ်ပျက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။


အယ်လန်သည် ဘေးတွင်ရပ်ကာ တာမီနယ်ကို ကိုင်ထားရင်း အသံတိုးတိုးဖြင့် စီဆဲလ်အားမေးလိုက်သည်။


"မင်းဘယ်မှာလဲ...!"


"ငါ့ကိုယုံ" 


စီဆဲလ်၏ သေချာသည့်အသံသည် တာမီနယ်၏ terminal ၏အခြားတစ်ဖက်မှထွက်လာသည်။


 " ငါ အမီပြန်လာမှာ...."


ထို့နောက် ဆရာဝန်သည် ကျောင်းမြန်အား ပင်မတိုက်ပွဲဝင်သင်္ဘောပေါ်ရှိ ကုသဆောင်သို့ လွှဲပြောင်းပေးခဲ့သည်။


..................


"ကိုကြီး.....လူတွေက ဘယ်ကလာတာလဲ"


"သူတို့ အမေဗိုက်ထဲက လာတာပေါ့...."


"ဘာလို့လဲ...."


မှောင်မိုက်နေသည့် အခန်းငယ်လေးထဲတွင် ညီငယ်လေး ကျောင်းမြန်သည် သူ့အစ်ကိုကြီး၏ အင်္ကျီစကို ဆွဲကာ စူးစမ်းသည့် မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ မေးလိုက်သည်။


"အမေရဲ့ဗိုက်ထဲမှာ ကလေးက ဘာလို့ရှိနေတာလဲ"


"ဘာလို့လဲဆိုတော့… ဒါက..” 


သူ့မှတ်ဉာဏ်ထဲရှိ အကိုကြီး၏ မျက်နှာသည် ပူပန်သောကရောက်‌နေပုံရသည်။


"ဘာလို့လဲဆိုတော့... မင်းလက်ထပ်ပြီးလို့ ကလေးတွေရလာရင် သိလိမ့်မယ်..."


"ဟင်!" 


‌ကျောင်းမြန်လေးသည် အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။


"ဒါဆို ကျွန်တော် ကြီးလာရင် ကိုကြီးကို လက်ထပ်မယ်လေ..." 


"ဖူး..."


အစ်ကိုကြီးသည် ရေသောက်နေရာမှ ရေသီးသွား‌တော့သည်။


................


ကျောင်းမြန်သည် အိပ်ချင်နေသည့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ကမ္ဘာကြီးသည် ကမောက်ကမ ဖြစ်သွားသလို ခံစားလိုက်ရသည်။


အရင်အချိန်များတွင် အမျိုးသမီးများတွင်သာ မျိုးဆက်ပြန့်ပွားရန် တာဝန်ရှိပြီး အခုကာလတွင် ဆင့်ကဲ့ပြောင်းလဲမှုများကြောင့် အမျိုးသားများပါ ကိုယ်ဝန်ဆောင်လို့ရပြီး အမျိုးသမီးများကဲ့သို့ မလွယ်ကူပေ။ ကံကောင်းသည်မှာ ကျောင်းမြန်သည် နာကျင်မှုကို သည်းခံနိုင်ခဲ့ပြီး ဝေဒနာအား တဖြည်းဖြည်းနှင့် ကျင့်သားရလာ‌လေသည်။


ကျောင်းမြန် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အယ်လန်သည် ရှောင်လဲ့အား တခြားအခန်းတွင်အိပ်ခိုင်းကာ ကျောင်းမြန်အား အယ်လန်နှင့် ဆရာဝန်အနည်းငယ်ခန့်က စောင့်ကြည့်နေကြသည်။


နာကျင်နေသည့် ကျောင်းမြန်အား မြင်လိုက်ရချိန်တွင် အယ်လန်၏ မျက်နှာအမူအရာမှာ သူကပင် ပို၍ မသက်မသာ‌ဖြစ်‌ကာ ဖြူဖျော့နေတော့သည်။


အိုဘုရားရေ...


-သူလည်း ကုရှင်းချီနဲ့ ညားရင် အခုလို ကလေးတွေရလာမှာလား....။


အရမ်းနာနေမှာပဲ...


အယ်လန်သည် အနာဂတ်တွင် ကလေး ဘယ်တော့မှမမွေးဖို့ တိတ်တဆိတ် ဆုံးဖြတ်ခဲ့ပြီး တကယ်လို့ မွေးချင်ပါကလည်း ကုရှင်းချီကိုသာ မွေးခိုင်းမည်ဖြစ်သည်။


မှန်တယ်၊ ကုရှင်းချီ ကို ဘာလို့ အသက်ရှင်ခိုင်းရမှာလဲ.... ဘာပဲဖြစ်ဖြစ် သူသေလိမ့်မယ်!


တွေးကြည့်လိုက်လျှင် သူသည် ကျောင်းမြန်အား ပိုသနားသွားကာ ကျောင်းမြန်၏ လက်‌လေးအား တင်းကြပ်စွာ ကိုင်ထားရင်း ပြော၏။


"အာ့မြန်.... မကြောက်နဲ့နော်... အခုချိန်ပဲ နာရမှာ.... ငါတို့က နောက်ကျရင် ကလေးမွေးစရာ မလိုတော့ဘူး.. လိုချင်ရင် စီဆဲလ် ဘာသာ လုပ်လိမ့်မယ်...."


"ကောင်းပြီ.." 


ကျောင်းမြန်၏ မျက်နှာသည် နာကျင်နေသော်လည်း အယ်လန်၏ စကားကြောင့် ရယ်မိလိုက်သည်။


ဗိုက်ပူပူနဲ့ စီဆဲလ်အား မြင်ယောင်လိုက်သည်နှင့် ဆုံးအောင်ထိ မတွေးရသေးခင်မှာပင် ရယ်ချလိုက်မိသည်။


အယ်လန်သည် သူ၏ နာကျင်မှုကို လျော့စေရန် စကားအနည်းငယ် ကူပြောပေးနေခြင်းဖြစ်ပြီး ဒုတိယအကြိမ်တွင်တော့ ကျောင်းမြန် တကယ်မရယ်နိုင်တော့‌ပေ။


"အာ့..."


ကျောင်းမြန်သည် အလွန်နာကျင်နေသောကြောင့် အိပ်ရာခင်းစကို လက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။


"အာ့.....အာ့မြန်.." 


အယ်လန်၏ မျက်နှာသည် ဖျော့တော့သွားသည်။


"အဆင်ပြေပါတယ် ဒါကသာမာန်ပဲ..." 


ကျောင်းမြန်သည် ရီလန့်အား ပြန်နှစ်သိမ့်ကာ ပြောလိုက်သည်။


"မင်း... မင်းအရင်ပြန်နှင့်လေ...."


"မ.....မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ.....ငါ မင်းနဲ့အတူနေမယ်" 


အယ်လန် အသက်ပြင်းပြင်းရှူကာ မတ်တပ်ရပ်လိုက်ပြီး သူနာပြုအား အကူအညီတောင်းလိုက်သည်။


ကျောင်းမြန် သူ့အောက်နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်လိုက်သည်။


နာကျင်သည်...


ကျောင်းမြန်သည် မျက်လုံးများကိုမှိတ်ထားရင်း ငိုက်မျဉ်းသွားပြန်သည်။


မနက်အစောပိုင်း အချိန်အထိ ဒီအတိုင်းနေခဲ့ကြပြီး ဆရာဝန်သည် အယ်လန့်အား ကျောင်းမြန်ကို‌ ကူပြီးဖျောင်းဖျပေးရန် တောင်းဆိုခဲ့သည်။


ထိုစဉ် အယ်လန်၏ မျက်လုံးများ တောက်ပသွားသည်။


ဟိုမှာ...!


ကျောင်းမြန်သည် သူ့ပါးစပ်ထဲတွင် အထည်တစ်စကို ကိုက်ကာ သူ့လက်များကို တင်းတင်းဆုပ်ထားလိုက်ပြီး သူ၏ကျောမှာလည်း စိုစွတ်နေပြီဖြစ်သည်။


အယ်လန်သည် ရှေ့တိုးကာ ဆူညံနေသည့် အသံများကို ရပ်တန့်လိုသည့်သဘောဖြင့် လက်ကိုဆန့်လိုက်သည်။


"လာပြီ.."


'ဘန်း... '


အခန်းထဲရှိလူတိုင်း အံ့အားသင့်သွားကြသည်။


အရပ်ရှည်ရှည် လူတစ်ယောက် တံခါးကို လက်တစ်ဖက်ဖြင့် ပြင်းထန်စွာ တွန်းဖွင့်လိုက်ပြီး ဒူးတစ်‌ဖက်ပေါ် လက်ထောက်ပြီး အသက်ရှူကြပ်နေသဖြင့် အသက်ကို ပြင်းထန်စွာရှူရင်း မေးလိုက်သည်။


"အာ့မြန်....မွေးပြီလား..." 


ထိုလူသည် စီဆဲလ်ဖြစ်သည်။


"ဗိုလ်ချုပ်ကြီး...!"


အယ်လန်သည် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားသည်။


စီဆဲလ်၏ ဆံပင်နှင့်အဝတ်အစားများသည် ရှုပ်ပွနေပြီး စစ်မြေပြင်တွင် ရက်အတော်ကြာအောင် နေခဲ့ရသဖြင့် ဖုန်မှုန့်များနှင့် အညစ်အကြေးများထူထပ်‌နေရာ ယခုအချိန်တွင် သူ၏ပုံစံသည် အိမ်ခြေရာမဲ့ တစ်ယောက်နှင့်တူနေ‌သဖြင့် ရှက်စရာကောင်းသည့် အနေအထားဖြစ်‌နေ‌လေသည်။


အယ်လန်သည် သူ ဂယောင်ချောက်ချားဖြစ်နေသည်မှတ်ကာ မျက်လုံးများကို ပွတ်လိုက်မိသည်။


"အာ့မြန်...!" 


ယခုအချိန်တွင် စီဆဲလ်သည် မည်သူ့ကိုမှ ဂရုမစိုက်နိုင်ဘဲ ဖုန်မှုန့်များပြည့်နေသည့် ခန္ဓာကိုယ်ဖြင့် အရူးတစ်ယောက်ကဲ့သို့ ကျောင်းမြန်ရှိရာဆီသို့ အပြေးသွားတော့သည်။


"အိုး ဗိုလ်ချုပ်ကြီး.... ဝင်လို့မရဘူး..... ခင်ဗျား ပိုးမသတ်ရသေးဘူး...." 


"ဗိုလ်ချုပ်ကြီး စိတ်အေးအေးထားပြီး.... အရင် ပူးပေါင်းပေးပါ...."


"ဗိုလ်ချုပ်ကြီး.... ခင်ဗျား ဗိုလ်ချုပ်ကျောင်းဆီ သွားလို့မရသေးပါဘူး..... ပိုးသတ်ဆေးနဲ့ အဝတ်အစားတွေကို မြန်မြန်ယူခဲ့..."


အခန်းအပြင်ဘက်ရှိ သူနာပြုများနှင့် အစောင့်များသည် စီဆဲလ်အား တားဆီးရန် ရှေ့သို့တိုးလာကြသဖြင့် မြင်ကွင်းမှာ ရှုပ်ထွေးနေတော့သည်။ 


အယ်လန်သည် ဘေးမှာ ရပ်လိုက်နေပြီး စီဆဲလ်၏ ထိုပုံစံအား ပထမဆုံး မြင်လိုက်ရသောကြောင့် သူ မရယ်နိုင်တော့ပေ။


ကျောင်းမြန် မှိန်းနေရာမှ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် စီဆဲလ် ချုပ်ခံထားရသည်ကို မြင်လိုက်ရသည်။


"စီဆဲလ်..!" 


ကျောင်းမြန်လည်း ထိတ်လန့်သွားသည်။


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


တကယ်ပဲ... သူလား!


"အာ့မြန်.... အာ့မြန် ကိုယ်ဒီမှာရှိတယ်!" 


စီဆဲလ် အော်လိုက်သည်။


"အာ့မြန်... မကြောက်နဲ့နော်... ကိုယ် အခုပြန်လာခဲ့မယ်.... မင်းနဲ့ အတူတူရှိနေမယ်နော်..... ကိုယ့်ကို စောင့်နေနော်..."


"စီဆဲလ်.... ဗိုလ်ချုပ်ကြီး.." 


စီဆဲလ် ဘေးနားမှ အစောင့်သည်လည်း ဘာလုပ်ရမှန်းမသိသည့်အချိန်တွင် သူက လှည့်ထွက်သွားရာ လက်ဆေးဖို့ ထွက်သွားသည်ဟုသာ ယူဆမိသည်။


ကျောင်းမြန် မျက်တောင်ခတ်လိုက်ချိန်တွင် စီဆဲလ်မရှိတော့ပေ။ခဏအကြာတွင် ကျောင်းမြန်၏ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးသွားပြီး ကျေနပ်စွာ ပြုံးလိုက်သည်။


"ရပါတယ်.."


သူပဲ....။


ဒါက သူ့ရဲ့စီဆဲလ်ပဲ..... စီဆဲလ်က ရောက်‌အောင်ပြန်လာခဲ့တာပဲ...။


အရမ်း နာကျင်နေရသည်မှာ အသေအချာဖြစ်သော်လည်း ကျောင်းမြန်သည် ခွန်အားများရရှိလာသကဲ့သို့ သူ့ရင်ထဲတွင် ပျော်ရွှင်ကာ နွေးထွေးသွားသလို ခံစားလိုက်ရသည်။


သို့သော် ကျောင်းမြန် စိတ်‌ရှုပ်‌ထွေးလာသဖြင့် လက်ကိုဆန့်ထုတ်လိုက်ရာ လေဟာနယ်ကိုသာ ဖမ်းမိလေသည်။


"စိတ်မပူပါနဲ့..." 


အယ်လန်သည် လက်ဆန့်ကာ ကျောင်းမြန်၏နဖူးပေါ်မှ ဆံပင်လေးများကို သပ်တင်ပေးပြီး ပြုံးပြုံးလေးပြော၏။


"စီဆဲလ်က ပိုးသတ်ပြီးတာနဲ့ ချက်ချင်း ပြန်လာမှာပါ!"


အချိန်အတော်ကြာအောင် စောင့်ပြီးနောက် စီဆဲလ်သည် ပိုးသတ်ထားသည့် အဖြူရောင် ဝတ်စုံကို ၀တ်ဆင်ကာ ပြန်လာခဲ့သည်။


စီဆဲလ်သည် တံခါးဖွင့်ကာ အထဲသို့ ဝင်လိုက်သည်နှင့် အရူးလိုမျိုး ရှေ့သို့ပြေးသွားပြီး ကျောင်းမြန်အား ပွေ့ဖက်ကာ မျက်နှာချင်းဆိုင်တွင် ဒူးထောက်ကာ ထိုင်ချလိုက်သည်။ 


"အာ့မြန်....မြန်မြန်.... မ‌ကြောက်နဲ့နော်... ကိုယ်ဒီမှာရှိတယ်" 


စီဆဲလ်သည် ကျောင်းမြန်၏ ပခုံးပေါ်သို့ ခေါင်းမှောက်ချလိုက်ပြီး နားနား ကပ်ပြီး ဆက်ပြောနေ၏။


"ဘာမှမဖြစ်ဘူးနော်....မကြောက်နဲ့.."


ဘယ်သူက ကြောက်နေလို့လဲ....။


သို့ပေမယ့် ကျောင်းမြန်သည် အရင်ကလို နွေးထွေးမှုကို ခံစားနေရသဖြင့် စိတ်ထဲတွင် သက်တောင့်သက်သာ ဖြစ်နေသည်။


"ကျွန်တော်မကြောက်ပါဘူး"


နေထွက်လာသည်နှင့်အမျှ ကျောင်းမြန်လည်း နောက်ဆုံးတွင် မွေးဖွားတော့မည်ဖြစ်သည်။


ကလေးမွေးဖွားခြင်းကြောင့် ခံစားရသည့် နာကျင်မှုသည် သာမာန်နာကျင်မှုနှင့်မတူဘဲ အသားစများ ဆွဲဖြဲကာ ဆွဲညှစ်ခံရသလို ခံစားရသည်ဖြစ်ရာ ကျောင်းမြန်သည် အသံပင်မထွက်တော့သဖြင့် မအော်နိုင်တော့ပေ။


ကံကောင်းစွာဖြင့် အရာအားလုံးသည် အဆင်ပြေသွားခဲ့ပြီး ကျောင်းမြန်သည် ဘေးကင်းစွာဖြင့် မွေးဖွားနိုင်ခဲ့ပြီး အသံပြန်ထွက်လာနိုင်သည်။ ကလေးသည်လည်း ကျန်းမာပြီး ကျယ်လောင်စွာ ငိုကြွေးတော့သည်။


နေထွက်ချိန်အား ရင်ဆိုင်ရန် မွေးဖွားလာသည့် ခြင်္သေ့လေးတစ်ကောင်ကဲ့သို့ပင်.....။


စဉ်းစားကြည့်လျှင် ကျောင်းမြန် နှင့် စီဆဲလ် လက်ထပ်ပြီးနောက်ပိုင်း နှစ်များတွင် ကြားရသည့် သတင်းများထဲတွင် ဒီသတင်းသည် အကောင်းဆုံးဖြစ်သည်။


---------------------------------------------------------------------------------