Chapter 69.1
Viewers 7k

Chapter - 69.1

(နောက်ဆုံး တိုက်ပွဲ)

"အင်း..."

ကျောင်းမြန် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

"အာ့မြန်.."

သူမျက်လုံးဖွင့်လိုက်သည်နှင့် စီဆဲလ်၏ မျက်နှာကို စမြင်လိုက်ရသည်။

"ကြည့်စမ်း... ဒါက မင်းကိုမွေးပေးတဲ့ ပါးပါး နိုးလာပြီ.....သူလှတယ်မလား..."

စီဆဲလ်သည် ကလေးကို ချီကာ ကျောင်းမြန်ကို ပြလိုက်သည်။

ကျောင်းမြန် မျက်လုံးများကို မှိတ်ချလိုက်ပြီးနောက် သူ့အသိစိတ်က တဖြည်းဖြည်း ကြည်လင်လာသည်။

"အာ့မြန်....." 

စီဆဲလ်သည် ကလေးကို ကလေးထိန်း လက်ထဲသို့ ထည့်ပေးလိုက်ပြီး ကျောင်းမြန်အား ပွေ့ကာ သူ့ရင်ဘက်ပေါ်တွင် မှီထားကာ ထိုင်စေလိုက်ပြီး ရေနွေးနွေးလေးတစ်ခွက် ယူပေးကာ တိုက်လိုက်သည်။

"နာနေသေးလား အဆင်မပြေတဲ့ နေရာရှိလား..." 

နာကျင်မှုသည် ပုံမှန်ဖြစ်သော်လည်း အရင်ကထက် ပိုပြီး သက်သာလာပြီဖြစ်သည်။

ကျောင်းမြန်သည် စီဆဲလ်အား မှီထားရင်း......

"ကျွန်တော်နေကောင်းပါတယ်.... ဒါပေမယ့် သူ့ကို ကြည့်ချင်သေးတယ်...."

သူသည် ကလေးကို ကလေးထိန်းဆီမှ ပြန်ခေါ်လိုက်ပြီး.... မွေးကင်းစကလေးသည် ပုံမှန်အားဖြင့် ပုံစံ‌သေချာ မမြင်ရသေးသော်လည်း ကျောင်းမြန်သည် ပျော်ရွှင်မှုနှင့် ချစ်ခြင်းမေတ္တာအပြည့်ရှိနေဆဲဖြစ်သည်။

"မျက်လုံးတွေက ခင်ဗျားနဲ့တူတယ်..." 

ကျောင်းမြန် ကိုယ့်ဘာသာ ပြန်တွေးနေမိသည်။ ကလေးလေးသည် မျက်လုံးများနှင့် မျက်နှာပုံစံကအစ စီဆဲလ်နှင့် တစ်ထေရာတည်းဖြစ်သည်။

သူ မတတ်နိုင်‌တော့ဘဲ ထုတ်ပြောလိုက်ရသည်။

"သူ့ပုံစံက ဘယ်သူမှ လွယ်လွယ်နဲ့ လာရှုပ်လို့ရမယ့်ပုံ မပေါ်ဘူး..."

"အင်း.... အဲ့လိုလည်းမဟုတ်သေးပါဘူး....ဘယ်သူ့ ကလေးကမှ ဒီလိုမျိုးမဖြစ်ဘူးလေ..."

စီဆဲလ်သည် ကလေး၏နဖူးကို ညင်သာစွာ တို့လိုက်ပြီး သူ့အသံထဲတွင် ကျေနပ်အားရမှုများ အပြည့်ရှိနေလေသည်။

"ဒါပေမယ့်...မွေးဖွားရတာခက်တယ်" 

စီဆဲလ်သည် သက်ပြင်းချလိုက်ပြီး ကျောင်းမြန်၏ နားရွက်ဖျားလေးကို နမ်းလိုက်ပြီး ပြောလိုက်သည်။

"ဘေဘီ၊ ကိုယ်တို့ တစ်ကြိမ်မွေးပြီးပြီဆိုတော့ နောက်ထပ်မမွေးတော့ဘူးနော်...."

ကျောင်းမြန်သည် အယ်လန့်၏ ယောင်ဝါးဝါး သတိပေးစကားများကို ရုတ်တရက် ပြန်မှတ်မိသွားပြီး ပြုံးကာ ပြန်‌ပြောလိုက်သည်။

"နောက်တစ်ခါဆို ခင်ဗျား အလှည့်ပဲ....."

စီဆဲလ်သည် ကျောင်းမြန်အား မျက်လုံးကြီးပြူးပြီး အေးခဲစွာ ကြည့်လိုက်သည်။

ဘာ...!

စီဆဲလ်၏ နှုတ်ခမ်းများ တောင့်တင်းသွားကာ ပြန်မေးလိုက်သည်။

"အာ.....အာ့မြန် ဘာတွေ တွေးနေတာလဲ..."

ကျောင်းမြန်သည် မျက်လုံးများကို မှေးပြီး စီဆဲလ်အား စိုက်ကြည့်ကာ...... 

"ဘာဖြစ်လို့လဲ မလိုချင်ဘူးလား..."

"ကောင်းပြီ၊ ကိုယ့်မွေးပေးမယ်" 

စီဆဲလ်သည် ရယ်ရမလား ငိုရမလား မသိတော့သောကြောင့် ထလာပြီး ကျောင်းမြန်အတွက် စောင်နှင့် ခေါင်းအုံးကို ယူပေးပြီး ပြော၏။

"ကောင်းပြီ၊ ကလေးကိုလည်း မြင်ပြီးပြီဆိုတော့ အနားယူဖို့လုပ်တော့...."

"ကျွန်တော်က ရပါတယ်" 

ကျောင်းမြန်၏ ဖြူဖျော့နေသော မျက်နှာသည် အခြေအနေ ပိုကောင်းလာသည်။

"ဒါက အလုပ်မဖြစ်ဘူး....ဆရာဝန်က မင်းကို လှုပ်လှုပ်ရှားရှား မလုပ်ဘဲ ဒီမှာ သုံးလလောက်နေခိုင်းရမယ်တဲ့...."

စီဆဲလ်သည် ပြောနေရင်းဖြင့် ဒေါသတွေထွက်လာကာ သူ့အား ရင်ခွင်ထဲတွင် တင်းကြပ်စွာ ဖက်ထားရင်း ဆက်ပြောလိုက်သည်။

"အလုပ်ထဲမှာ လျှောက်ပြေးဖို့ပဲ စဉ်းစားမနေနဲ့..."

"ကိုယ် ကုရှင်းချီနဲ့ ဖွဲ့စည်းပုံ ပုံစံအသစ် ဆွေးနွေးစရာရှိလို့ နာရီဝက်နေရင် ပြန်လာခဲ့မယ်...." 

စီဆဲလ် မတ်တပ်ထရပ်လိုက်ပြီး ကျောင်းမြန်၏လက်ကို ခပ်ဖွဖွပုတ်ပြီး ပြော၏။

"ကိုယ်ပြန်လာတာ.... စောင့်နေနော်" 

"ဟုတ်ပါပြီ...."

တံခါးပိတ်ကာ ထွက်သွားသည့် စီဆဲလ်၏ ပုံရိပ်အားကြည့်ကာ ကျောင်းမြန် မပြုံးဘဲ မနေနိုင်တော့ပေ။

သူပြန်လာခဲ့သည်...။

စီဆဲလ်သည် သူ့အတွက် ရောက်အောင် ပြန်လာခဲ့သည်။

-စီဆဲလ်က ဘယ်သူမို့လို့လဲ.... သူ့ပုံရိပ်ကို တန်ဖိုးထားသူ မာနအလွန်ကြီးသူ ဖြစ်သော်လည်း တံခါးဖွင့်ကာ ဝင်လာသည့် အခိုက်အတန့်တွင် သူသည် စိတ်ဓာတ်ကြံ့ခိုင်သော ဗိုလ်ချုပ်ကြီးမဟုတ်တော့ဘဲ ရှက်ရွံ့တတ်သည့် ခင်ပွန်းသည် နှင့် ဖခင်တစ်ဦးသာ ဖြစ်လေသည်။

ကျောင်းမြန် အဖြူရောင် မျက်နှာကျက်ကိုသာ မေ့ာကြည့်လိုက်သည်။ 

ငယ်ငယ်တုန်းက သူသည် တစ်စုံတစ်ယောက်ကို အရမ်းစိတ်ဝင်စားခဲ့ဖူးသည်။

လက်ရှိ ကျောင်းမြန်၏ မှတ်ဉာဏ်ထဲတွင် စီဆဲလ်သည်သာ ကမ္ဘာပေါ်တွင် အကြင်နာတတ်ဆုံးသူတစ်ဦးဖြစ်သည်။ 

ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်‌ကြောင့် ထိခိုက်ကာ နာကျင်မည်ကို ကြောက်ရွံ့နေသည့်အချိန်တွင် သူ့လက်ဖဝါးကို ဆုပ်ကိုင်ကာ ကာကွယ်ရန် ရှေ့ထွက်လာပေးသည့်သူ ဖြစ်သည်။

-ဒါကိုသာ မင်းရဲ့တစ်သက်လုံး လုပ်ပေးနိုင်မယ်ဆိုရင်..... အဲ့ထက်ပိုကောင်းသည့် ကိစ္စမရှိတော့‌သောကြောင့် ကျောင်းမြန် ပြုံးလိုက်မိသည်။  

ထိုအကြောင်းကို စဉ်းစားမိပြီး ပြုံးကာ အိပ်ပျော်သွားသည်။

တစ်ဖက်တွင်လည်း ကုရှင်းချီနှင့် စီဆဲလ်တို့သည် စကားအနည်းငယ်ပြောဖြစ်ခဲ့ကြသည်။ တရားဝင်အစည်းအဝေးအတွက် အချိန်သတ်မှတ်ပြီးနောက်၊ ကုရှင်းချီသည် ပင်မတိုက်ပွဲဝင်သင်္ဘောထဲသို့ ဝင်သွားခဲ့သည်။

ကုရှင်းချီကို ကြည့်ရသည်မှာ အခြေအနေမကောင်းပေ။

"အယ်လန်...."

ကျောင်းမြန်နှင့်အတူ တစ်ညလုံး ပင်ပန်းနွမ်းနယ်နေသောကြောင့် အယ်လန်သည် ယခုအချိန်တွင် အခန်းထဲတွင် အနားယူနေသည်။

တံခါးခေါက်သံကြောင့် အေရွန် နိုးလာပြီး ကြောင်တောင်တောင်ဖြင့် ထရပ်ကာ ဒေါသအနည်းငယ်ထွက်သွားပြီး တံခါးဘက်သို့ လှမ်းအော်လိုက်သည်။

 "ဘယ်သူလဲ"

"....."

သို့သော် တံခါးအပြင်ဘက်တွင် တိတ်ဆိတ်နေသည်။

အယ်လန်သည် ခေါင်းယမ်းကာ ကုတင်ပေါ်တွင်ထိုင်ပြီး သမ်းဝေကာ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး လှမ်းအော်လိုက်သည်။

"အပြင်က ဘယ်သူလဲ၊ မင်းမှာ ဘာမှလုပ်စရာမရှိရင် နောက်မှ ပြန်လာခဲ့...!"

ဒီကိုရောက်လာပြီးနောက်ပိုင်း သူ့အလုပ်တွေရှုပ်နေသောကြောင့် အခြေအနေအများကြီး တိုးတက်လာသော်လည်း အိပ်ရေးဝဝ မအိပ်ရသဖြင့် ယခုလို ရုတ်တရက် ထလာရသည့်အချိန်များတွင် အယ်လန်သည် အမြဲတမ်း ဒေါသထွက်နေတတ်သည်။ 

" ကလစ်.."

အယ်လန် အံ့ဩသွားသည်။

တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် ကုရှင်းချီသည် အယ်လန့်အား ဘာစကားမှမပြောဘဲ စိုက်ကြည့်ကာ ရပ်နေလေသည်။

"မင်း..! ဗိုလ်မှူးကု..!" 

အယ်လန် လှောင်ရယ်လိုက်သည်။

"ဘယ်လိုကိစ္စမျိုးက ငါတို့ရဲ့ မြင့်မြတ်လှတဲ့ ဗိုလ်မှူးကုကို ဒီအထိ လာခိုင်းရတာလဲ...."

ကုရှင်းချီသည် အယ်လန်၏ လှောင်ရယ်သည့်စကားကို လျစ်လျူရှုကာ ရှေ့သို့တိုးပြီး အယ်လန်၏ရှေ့တွင် ပိတ်ရပ်ကာ စကားအနည်းငယ် ပြောလိုက်သည်။

"အယ်လန်.... အဲ့နေ့က မင်းနဲ့ အတူရှိနေတဲ့လူက ကြင်နာတတ်တဲ့လူမဟုတ်ဘူး"

"ဟမ်...!"

အယ်လန် ခေါင်းကို စောင်းလိုက်မိသည်။

"သူရဲ့အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့် သူလျှိုတွေပြောပုံအရက‌တော့ သူက ဇာစ့်မျိုးနွယ်ရဲ့ တတိယမင်းသားကို ချစ်နေတဲ့သူဆိုတာ သေချာတယ်..."

ကုရှင်းချီ၏ မျက်လုံးများထဲတွင် ခံစားချက်အချို့ကို ဖိနှိပ်ထားရမလား သို့မဟုတ် ရှေ့ပဲ ဆက်တိုးလိုက်ရမလား မသိအောင် ဝေခွဲရခက်နေသည့် အရိပ်အယောင်များ ရှိနေလေသည်။

ကုရှင်းချီသည် သူ့‌ဒေါသကို ပြန်ထိန်းလိုက်ပြီး ပြတ်သားစွာ ထပ်ပြောလိုက်သည်။

"သူနဲ့ မတွဲနဲ့.... သူက ရည်ရွယ်ချက်နဲ့ မင်းကို ချဉ်းကပ်လာတာ.... သူ့မှာ ချစ်သူရှိနေပြီးသား.... အဲ့ဒီ့သူကလည်း ဇာစ့် မျိုးနွယ်ထဲက ဖြစ်နိုင်တယ်"

အယ်လန် မျက်လုံးပြူးသွားသည်။ 

ပြီးမှ ပုံမှန်လေသံဖြင့် ပြန်ပြောလိုက်သည်။

 “ဒါဆို ဒီကိစ္စက မင်းနဲ့ရော ဆိုင်လို့လား..."

"မင်း..." 

ကုရှင်းချီ၏ ရင်ထဲတွင် လှိုင်းထန်နေပြီး သူ့ရှေ့က ခပ်သွယ်သွယ် လူအား ကြည့်ကာ ဆက်ပြောလိုက်သည်။

"အယ်လန်! မင်း ငါ့ကို စိတ်ဆိုးစေချင်တယ်ရင် ဒီလိုမျိုး ကိုယ့်ကိုကိုယ် ဖျက်ဆီးနေစရာမလိုဘူး..... နိုးထဖို့သင့်ပြီ၊ အဲဒီလူနဲ့ ဆက်မတွဲ့နဲ့....!"

"အာ့...."

ကုရှင်းချီသည် မတ်တပ်ရပ်နေရင်း ရုတ်တရက် အယ်လန်၏ လက်ကိုလှမ်းဆွဲကာ အနောက်မှ နံရံတွင် ပြင်းထန်စွာ ဖိကပ်လိုက်ပြီး သူ့ရင်ဘတ်ဖင့် ရှေ့မှ ပိတ်ကာထားလိုက်သည်။

အယ်လန် မော့ကြည့်လိုက်ချိန်တွင် ‌ဒေါသကြောင့် နီရဲပြီး သူ့အားစိုက်ကြည့်နေသည့် ကုရှင်းချီ၏ မျက်လုံးများကို မြင်လိုက်ရသည်။ 

"အယ်လန်.."

ကုရှင်းချီသည် မျက်နှာသေဖြင့် ဆက်ပြောလိုက်၏။

"မင်း အခုလိုမျိုး ခေါင်းမာနေရင် မင်းကို တခြားသူတွေ ထိခိုက်အောင် လုပ်လို့မရအောင်လို့ ကိုယ်ကြိုးနဲ့တုပ်ပြီး ဖမ်းထားလိုက်မယ်.....!"

"...."

"ငါ့ကိုဖမ်းထားမှာလား!" 

သူ့နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားပြီး......

"ဟက်... မင်း လုပ်ရဲလား...."

ကုရှင်းချီ၏ မျက်နှာသည် ပို၍အေးစက်လာသည်။

"မလုပ်ရဲဘူးထင်လို့လား..... ကိုယ် ငယ်ငယ်လေးကတည်းက မင်းကို ကာကွယ်ပေးလာခဲ့တာ ..... ငါ မလုပ်ရဲတာ ဘာမှမရှိဘူး..." 

-မင်းအတွက်ဆိုရင်တော့ ကိုယ်လုပ်ရဲတယ်.... အရာအားလုံးကို ကိုယ်လုပ်ရဲတယ်....။

အယ်လန်၏မျက်နှာသည် ပို ပိုပြီး ရုပ်ဆိုးလာကာ ပြောလေသည်။

"ဆက်ပြီး ဖိအားပေးနေမယ်ဆို... မင်းပါးစပ်ကို ပိတ်ထားလိုက်တော့...." 

ကုရှင်းချီ : "..."

ဟမ်...!

အယ်လန်က သူ့လက်နှစ်ဖက်ကိုဆန့်ကာ ပြောပြန်သည်။

"လာလေ.... ဒီလူကို မင်း ၂၄နာရီ သယ်ထားနိုင်တယ်ဆို လာလိုက်တော့....."

ကုရှင်းချီ : "..."

ကုရှင်းချီလည်း စိတ်ရှုပ်သွားပြီး အယ်လန့်ကို အရူးကဲ့သို့ ကြည့်လိုက်သည်။

"ခွီး....."

‌အယ်လန်သည် ခေါင်းမော့ကာ ရယ်လိုက်သည်မှာ အချိန် ဘယ်လောက်ကြာမှန်း မသိတော့ပေ။

ငွေခေါင်းလောင်းကဲ့သို့ ကြည်လင်ပြတ်သားကာ ချိုသာသော ရယ်သံလေးသည် လေထု၏ တင်းမာမှုကို လျော့ကျစေကာ ကုရှင်းချီသည်လည်း သူ့အား စိုက်ကြည့်နေမိသည်။

"မင်း ဘာလို့ရယ်နေတာလဲ..!"

"..ဟားဟား..."

အယ်လန်လည်း မအောင့်နိုင်သဖြင့် အသက်ရှူကြပ်သည်အထိ ရယ်လိုက်မိသည်။

"ငါ ဗိုလ်မှူးကုကို ပြောမလို့ မင်းဘာလို့ အဲ့လောက်တုံးရတာလဲလို့.... အာ! စီဆဲလ်နဲ့ကျောင်းမြန်က ငါ့ကို ဇာစ့်ဘက်ကလူတွေနဲ့ ဆက်ဆံတာကို လွှတ်ထားမယ်ထင်နေတာလား...! ဘာတဲ့ ငါ့ကို မင်းက ဖမ်းထားဦးမယ်.... မင်းက တကယ့်ကို မကောင်းဆိုဝါးကြီးပဲ.... နေရောကောင်းသေးရဲ့လား...." 

ကုရှင်းချီ အံ့သြသွားသည်။

"ဟားဟားဟား.."

"အဲဒီလူက ဝမ်ကျွင်းလေ... ဝမ်ကျွင်း.... စွန့်ပစ်ကြယ်မှာ တတိယမင်းသားနဲ့ ငါတို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးသဘောတူညီချက်အကြောင်း ဆွေးနွေးထားတာ မင်းမသိဘူးလား!"

ထိုအခါမှ ကုရှင်းချီသည် အိပ်မက်မှ နိုးလာသကဲ့သို့ ရုတ်တရက် ထိတ်လန့်သွားသည်။

"ဟားဟားဟား.... မင်းကို ဒီနေ့လိုမျိုး လှည့်စားနိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး...."

အယ်လန်သည် မောက်မာစွာပြုံးကာ အထင်သေးသည့်အကြည့်ဖြင့် သူအားကြည့်ကာ မျက်ခုံးကို တစ်ချက်ဝင့်လိုက်ပြီး သူ့မျက်လုံးထောင့်များတွင် မျက်ရည်စလေးများအနည်းငယ်ကျလာတော့သည်။

ကုရှင်းချီလည်း ထိုအခါမှ စိတ်အေးသွားတော့သည်။ 

"အို ဘုရား... မင်း နံရံပေါ်က ခုန်ချဖို့ထိ ဘယ်လောက်တောင် မိုက်မဲနေလဲ ကြည့်စမ်းပါဦး.... ငါ တကယ်... အွန့်.."

"အမ်း...မင်း...!"

အယ်လန် မျက်လုံးပြူးသွားသည်။

ဒီကောင် ကုရှင်းချီသည်... သူ့ကို တကယ် လာနမ်းလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားဖူးပါ။

"မင်း..ရူးနေလား!"

"မင်းက အရူးပဲ..အရူးရဲ့.." 

ကုရှင်းချီ ခေါင်းယမ်းမိလိုက်သည်။

ဒီကလေး အယ်လန်သည် သူ့အား ယခုလို လှည့်စားလိမ့်မည်ဟု သူတစ်ခါမှ မစဉ်းစားဖူးပါ။ 

"အင်း ကိုယ်က အရူးပဲ..."

ကုရှင်းချီသည် လက်တစ်ဖက်ဖြင့် အယ်လန်၏ ခါးကိုပွေ့ဖက်ထားပြီး နောက်တစ်ဖက်အား ခေါင်းနောက်မှ ထိန်းကိုင်ကာ ခေါင်းကို့ မော့ထားစေပြီး နမ်းလိုက်သည်။ ကြမ်းတမ်းသော လှုပ်ရှားမှုများသည် အပြစ်ပေးသည်နှင့်တူသော်လည်း အချိန်အတော်ကြာ ဖိနှိပ်ခံထားရသော သားရဲသည် နောက်ဆုံးတွင် သူထိန်းထားရသည့် သဘောသဘာဝကို ဖော်ထုတ်လိုက်ရသောကြောင့် ကယ်သူမရှိ ဖြစ်နေလေသည်။

"အင်း..."

အယ်လန်သည် ကုရှင်းချီအား ခြေထောက်များကို ကန်ပြီး လက်နှစ်ဖက်ဖြင့် ထုရိုက်သော်လညိး မင်းသားငယ်နှင့် ဗိုလ်မှူးကု၏ ခွန်အားအရာမှာ မိုးနှင့်မြေလို ကွာခြား‌သောကြောင့် လေထုသည် ပိုမို ရှုပ်ထွေးလာပြီး ထိုသို့ရှုပ်ထွေးလာသည်မှ လွဲ၍ အရာအားလုံးကို အဆင်ပြေအောင် နွေးထွေးစွာ ကူညီပေးခဲ့လေသည်။

အာ်လန်၏ ရုန်းကန်ထားမှုနှင့် စိုးရိမ်မှုတို့ကြောင့် နီမြန်းနေသည့် မျက်နှာလေးအား ကြည့်ကာ ကုရှင်းချီ၏ အာခေါင်များ ခြောက်သွေ့လာ‌တော့သည်။

"အယ်လန်... ထပ်မရုန်းနဲ့တော့..."

"မင်းကို သတ်မယ်.... ကုရှင်းချီ ငါမင်းနဲ့ ချမယ်...!"

ထို့နောက် ကုရှင်းချီသည် အယ်လန်အား မတ်တပ်ရပ်နေရာမှ အိပ်ရာပေါ်သို့ တွန်းချကာ အပြင်းအထန် တိုက်ခိုက်လိုက်တော့သည်။ 

.............

ထို့ကြောင့် နောက်သုံးလကြာအောင် စီဆဲလ်နှင့် ကုရှင်းချီတို့သည် တိုက်ပွဲဝင်နေရသော်လည်း အလှလေးများကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားနိုင်ကြသဖြင့် သူတို့၏ ဘဝသည် ခက်ခဲသော်လည်း ပြီးပြည့်စုံနေလေသည်။

ကုရှင်းချီနှင့် အယ်လန်တို့သည် ပင်မတိုက်ပွဲဝင်သင်္ဘောကို ဖောက်ခွဲပစ်ချင်သလို နေ့တိုင်းကို တိုက်ပွဲဝင်ခဲ့ကြပါသည်။ သို့သော်လည်း အယ်လန် သည် စက်ရုံအလုပ်ရုံကို စနစ်တကျ စီမံခန့်ခွဲနေဆဲဖြစ်ပြီး အပြင်မထွက်ရဘဲ အလုပ်ဝါသနာပါသူ ကျောင်းမြန် အတွက် များစွာအထောက်အကူဖြစ်စေသော်လည်း ကျောင်းမြန်၏ မျက်လုံးများသည် မနာလိုစိတ်ဖြင့် နီရဲလာသည်။

ထိုအချိန်တွင် စီဆဲလ်သည် ဘာအလုပ်မှ မလုပ်ခိုင်းရုံသာမက မာရှယ်တို့ ဇနီးမောင်နှံနှင့် တော်ဝင်မိဖုရားတို့သည် အရည်အသွေးမြင့် ဖြည့်စွက်စာများ အများအပြား ယူဆောင်လာပြီး မီးဖိုချောင်ကို ကောင်းစွာ ဂရုစိုက်ရန်နှင့် ကျောင်းမြန်၏ နေ့စဉ် စားသောက်မှုပုံစံကိုလည်း အဆက်မပြတ် မှာကြားနေပါသည်။

ကံကောင်းစွာဖြင့် ကျောင်းမြန်ကိုယ်တိုင်ကလည်း တက်ကြွသူ သို့မဟုတ် ဆူညံတတ်သူ မဟုတ်သောကြောင့် စာအုပ်တွေဖတ်ပြီး တစ်ရေးတစ်မောအိပ်တတ်သည်။ ထို့အပြင် စီဆဲလ်သည် ကျောင်းမြန် သူ့ဘေးတွင်နေရသည်ကို ပျင်းရိလာမည်ကို စိုးရိမ်နေရင်းဖြင့် အချိန် သုံးလ‌ ကျော်သွားခဲ့ပြီဖြစ်သည်။

သုံးလအကြာတွင် ဇာစ့် မျိုးနွယ်စု၏ ဒုတိယမင်းသား 
ကာလီဒိုသည် ၎င်း၏တပ်များကို ဦးဆောင်ကာ ဖက်ဒရယ်မြို့တော်ကို အင်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့သည်။ တံတားကို ဖြတ်သန်းပြီး ကျူးကျော်ဝင်ရောက်လာသည်ဖြစ်ရာ ထိခိုက်မှု ပြင်းထန်သည်။

“ဒီအခြေအနေမှာ ဘယ်သူက ပိုပြီးအသာစီးရတယ်ဆိုတာ မပြောနိုင်ပေမယ့် မြေပြင်အနေအထားကိုကြည့်ရင်၊ခုခံဖို့ထက် ပြန်တိုက်ခိုက်ရတာ ပိုလွယ်တယ်” 

ပင်မတိုက်ပွဲဝင်သင်္ဘော၏ ထိန်းချုပ်ခန်းတွင်ရှိသည့် လူများသည် ၎င်းတို့ရှေ့ရှိ အနက်ရောင်စခရင်ပြင်ရှိ ရန်သူအရေအတွက်ကို ကိုယ်စားပြုသည့် အနီရောင်အစက်များကို ကြည့်ရှုနေကြသည်။

ကုရှင်းချီက အသေးစိတ် ခွဲခြမ်းပြသည်။

"စစချင်း တိုက်ပွဲမှာပဲ ဇာစ့်တွေက တံတားကနေကူပြီး တိုက်မယ်လို့ ကျုပ်တို့ မထင်ထားမိလို့ ခံစစ်မပြင်လိုက်ရဘဲ အခွင့်ကောင်းကို ဆုံးရှုံးလိုက်ရတာ...အခု ကျုပ်တို့က တပ်ဖွဲ့ဝင်တွေ မြင်းတွေနဲ့ ရေခဲမြစ်စစ်တပ်ကပါ တံတားကို ကာကွယ်နေကြလို့ အကယ်၍ ဇာစ့်တွေ ထပ်လာတိုက်မယ်ဆိုရင်လည်း ပြန်တိုက်ခိုက်နိုင်လိမ့်မယ်... တိုက်ပွဲက ပြင်းထန်နေပြီမို့လို့ သူတို့လည်း ဒေါသအလျောက် ဘာမှ လုပ်ရဲကြမှာ မဟုတ်ဘူး...." 

စီဆဲလ်၊ ကုရှင်းချီနှင့် ဗဟိုအစိုးရအရာရှိအနည်းငယ်သာ အဝေးထိန်းအခန်းတွင်ရှိနေပြီး ကျောင်းမြန်က ရှိမနေပေ။

ယခုအချိန်တွင် ကျောင်းမြန်သည် ရေခဲမြစ်၏ အဓိကတိုက်ပွဲဝင်သင်္ဘောတွင်ရှိပြီး သူတို့နှစ်ဦးသည် ခဏခွဲနေကြရသည်။

"သူတို့က မရူးမိုက်ရဲသလို ငါတို့လည်း မလုပ်ရဲဘူး" 

စီဆဲလ် ခေါင်းကိုယမ်းလိုက်ပြီး ပြုံးလိုက်သည်။

"တံတားရဲ့ အလယ်မှာ သာမန်လူတွေ ဖြတ်လို့မရတဲ့ အပူချိန်နဲ့ လေဖိအားမြင့်တဲ့ မီးတောက်တစ်ခုရှိတယ်.... တံတားက ရေခဲမြစ်နဲ့ ဖက်ဒရေးရှင်းကို ဆက်ပေးထားတဲ့ တစ်ခုတည်းသော အရာပဲ...."

သို့သော် သာမန်လူတို့ မဖြတ်သန်းနိုင်သည့် နေရာအား ဇာစ်မျိုးနွယ်စု၏ အင်းဆက်များ မဟုတ်ဘဲ နုနယ်သော လူ့အသားများ မဟုတ်သဖြင့် မြင့်မားသော အပူချိန်နှင့် ဖိအားကို ခံနိုင်ရည်ရှိကြသည်။ 

ဇာစ့်တို့ သည် အာကာသထဲသို့ မရေမတွက်နိုင်သော စစ်သည်အဖွဲ့များကို စေလွှတ်ကာ ဖိအားများနှင့် အပူချိန်မြင့်မားခြင်းမှ လွတ်ကင်းသော လမ်းကြောင်းတစ်ခုကို တွေ့ရှိခဲ့ကြပြီး ဇာစ့်စစ်တပ်ကို တံတားဆီသို့ တိုက်ရိုက်ဝင်ရောက်နိုင်စေခဲ့သည်။ ထိုတံတားသည် အာကာသထဲတွင် ဖက်ဒ‌ရေးရှင်းအား ထိခိုက်မှုများအောင် လုပ်နိုင်သည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

ဒုက္ခအပေးနိုင်ဆုံးအရာမှာ လမ်းကြောင်း၏အလယ်တွင် ရှိနေသည့် မြင့်မားသောအပူချိန်နှင့် ဖိအားများအား အကာအကွယ်မှု မပေးနိုင်သည့် နယ်မြေတစ်ခုရှိနေပြီး ထိုနယ်မြေသည် သာမန်လူသားများအတွက် အသက်အန္တရာယ်ဖြစ်စေသော်လည်း ဇာစ့်တို့ အတွက် အန္တရာယ်မရှိပါ။

ဤသည်မှာ ယနေ့ခေတ် တပ်မတော်တွင် ကြုံတွေ့နေရသော ပြဿနာဖြစ်သည်။

'ဒေါက်...ဒေါက်..'

စီဆဲလ်သည် လက်ပိုက်ထားရင်း အနက်ရောင် စခရင်ကိုပဲ ကြည့်ကာ နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"ဝင်ခဲ့..."

"စီဆဲလ်..."

စီဆဲလ် အံ့ဩသွားပြီး လှည့်ကြည့်လိုက်သည်။

ကျောင်းမြန်သည် အဖြူရောင် စစ်ဝတ်စုံဝတ်ထားပြီး တံခါးဝတွင် ရပ်နေလေသည်။

"ဗိုလ်ချုပ်ကျောင်း" 

တခြားသူများသည် ကျောင်းမြန်ကို ဦးညွှတ်ကာ နှုတ်ဆက်ကြသည်။

စီဆဲလ်ပြုံးကာ ကျောင်းမြန်၏ ပခုံးအား ဖက်ပြီး မေးလိုက်သည်။

"ရေခဲမြစ်မှာ အခြေအနေ ဘယ်လိုလဲ....."

"ထုံးစံအတိုင်း၊ ဖွဲ့စည်းပုံ ပြင်ပြီးပြီ ဇာစ့်တွေ တံတားကို တိုက်ခိုက်မယ်ဆိုရင် ခံစစ်နဲ့ ထိုးစစ်နှစ်ခုစလုံးကို ဖက်ဒရယ်တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ.." 

ကျောင်းမြန် အေးဆေးစွာပြောပြန်သည်။

 "ဒါပေမယ့် ကျုပ်တို့က ဇာစ့်တွေ လာတိုက်မှာကိုပဲ စောင့်နေလို့မရဘူးထင်တယ်... ကျုပ်တို့ဘက်ကလည်း အရင်တိုက်သင့်တယ်လို့ ထင်တယ်..." 

"အာ...!" 

အရာရှိတယောက်က မျက်မှောင်ကြုတ်ပြီး ချေပသည်။

“ဒါလည်း ပြဿနာ မရှိပါဘူး အဆင်ပြေတယ်..."

ကုရှင်းချီသည် ဤအစီအစဥ်၏ အောင်မြင်နိုင်ခြေကို ခေါင်းငုံ့ကာ အကဲဖြတ်နေစဉ်တွင် အခြားအရာရှိအများအပြားကလည်း ၎င်းကို ဆန့်ကျင်ပြောဆိုခဲ့ကြသည်။

"ဟားဟားဟား.."

စီဆဲလ် ရုတ်တရက် ရယ်မောလိုက်သည်။

"မင်းက တကယ့်ကို ကိုယ့်ဘေဘီပဲ..." 

စီဆဲလ်သည် အခြားသူများရှေ့တွင် ရှက်ရွံ့ခြင်းမရှိဘဲ ကျောင်းမြန်၏ ခါးကို ဖက်ပြီး လက်မောင်းကြားထဲ ဆွဲသွင်းလိုက်ကာ ပြုံးပြုံးလေး ပြောလိုက်သည်။

"ကိုယ်လည်း အဲ့လိုပဲ ထင်တယ်...."

"ဗိုလ်ချုပ်ကြီး စီဆဲလ်၊ ဒါက.." 

အရာရှိတစ်ဦးသည် လေးနက်စွာ ပြန်တင်ပြလေသည်။

"ဗိုလ်ချုပ်ကျောင်း ‌ပြောတာလည်း အကျိုးအကြောင်းသင့်ပါတယ်.... ဇာစ့်တပ်ဖွဲ့က အင်အားကောင်းပြီး ကျွန်တော်တို့က တံတားကို အင်အားအပြည့်နဲ့ ခုခံနိုင်ရင်တော့ ပြဿနာရှိမှာ မဟုတ်‌ပေမယ့် .... တံတားသာ ကျိုးသွားခဲ့ရင်...."