🫶Chapter 62
သတင်းများပေါက်ကွဲနေချိန်တွင် ကျိုးအာ့ဟယ်က ပုံမှန်ဖြစ်ရပ်များကြား စိတ်အရှုပ်ထွေးဆုံးဖြစ်နေခဲ့သည်။
အစတွင် သူ၏ကောင်လေးနှင့် ညစာစားနေပြီး လူမှုစာမျက်နှာကိုကြည့်လိုက်ချိန်တွင် မုန်းတီးသူများနှင့် ရေတပ်များက အင်အားအပြည့်ဖြင့် ဖြစ်နေကြသည်။ တုံ့ပြန်မှုမလုပ်နိုင်ခင်တွင် အခြေအနေကိုစီမံခန့်ခွဲရန် အဆောတလျင်ဖြစ်ခဲ့သော်လည်း ဇာတ်ကြောင်းကပြောင်းလဲသွားခဲ့သည်။
ကျိုးအာ့ဟယ်က ကွန်ပျူတာအရှေ့တွင်ထိုင်ကာ လတ်တလော လူမှုစာမျက်နှာမှ သတင်းများကို ကြည့်နေလိုက်သည်။
……
လူတိုင်းတည်ငြိမ်နေကြပြီး ရှဲ့လို့လည်း နောက်ဆုံးတွင် ဖုန်း၌လူမှုစာမျက်နှာမည်သို့သုံးရမည်ကို ကြိုးစား၍လုပ်ကိုင်နေသည်ကို ကြည့်ရင်း နျန်ယွီယီသည် မီးဖိုခန်းသို့ကြည့်၍ အားလုံးအတွက် အစားအသောက်ပြင်ဆင်ပေးရန် တွေးလိုက်သည်။
ဤဟိုတယ်အခန်းက မီးဖိုခန်းလည်းပါကာ ပါဝင်ပစ္စည်းများကိုလည်း ကြိုတင်ဖြည့်ထားပေးပြီးသားဖြစ်သည်။ ရှဲ့လို့နှင့်လင်းရီယွဲ့တို့၏ ကြိုက်နှစ်သက်သည့် အစားအစာများကို စစ်ဆေးပြီးနောက် နျန်ယွီယီသည် မီးဖိုခန်းထဲသို့ ဦးတည်လိုက်၏။
N&M ဟိုတယ်က ပဲရစ်၏အခမ်းနားဆုံးဟိုတယ်အဖြစ် ၎င်း၏ဂုဏ်ပုဒ်နှင့် တကယ်ကိုလိုက်ဖက်လေသည်။ ရှဲ့မိသားစုကတရုတ်နိုင်ငံမှလာခဲ့သောကြောင့် မီးဖိုခန်းအား တရုတ်အစားအသောက်၏ပါဝင်ပစ္စည်းများဖြင့် ဖြည့်စွက်ထားရာ နျန်ယွီယီအား လုပ်ရပိုအဆင်ပြေသွားစေသည်။
ရေခဲသေတ္တာထဲမှ ခဲနေသည့်ပုစွန်ဘူးကိုယူ၍ အရည်ပျော်စေလိုက်သည်။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များဖြင့် နှပ်ထားပြီးနောက် ဖျော်ထားသည့်မုန့်နှစ်တွင်နှစ်ကာ ကြော်လိုက်၏။
ပြီးသွားသောအခါ ပုစွန်ကြော်များကို ပန်းကန်ပေါ်တွင် တည်ခင်းလိုက်ပြီး တစ်ကောင်ကိုမြည်းလိုက်သည်။
လတ်လတ်ဆတ်ဆတ်အခွံခွာထားသည့် ပုစွန်များနှင့် ယှဥ်လျှင် အနည်းငယ်ညံ့သော်လည်း ကောင်းမွန်နေဆဲဖြစ်သည်။
နျန်ယွီယီသည် ပုစွန်ကြော်များကို ဘေးသို့ထားလိုက်ပြီး လှည့်လိုက်သောအခါ လင်းရီယွဲ့မီးဖိုခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။
လင်းရီယွဲ့၏ ဟင်းချက်အရည်အချင်းဆိုးရွားကြောင်း ရှဲ့ယီကျိုးပြောဖူးသည်ကို သတိရသွားပြီး နျန်ယွီယီတောင့်တင်းသွားသည်။
“ကူပေးဖို့လာတာ” လင်းရီယွဲ့က လက်ဆေးကန်နားသို့ ချဥ်းကပ်လာ၍ရပ်သွား၏။ “အားကျိုးက မင်းကို အမေ့ရဲ့ ဟင်းချက်စွမ်းရည်အကြောင်း ပြောပြထားတာလား”
နျန်ယွီယီ နှုတ်ဆိတ်နေကာ အပြစ်ကင်းဟန် မျက်တောင်လေး တဖျတ်ဖျတ်ခတ်လိုက်သည်။
သူ ဒုတိယအစ်ကိုကို သစ္စာဖောက်၍မဖြစ်ချေ။
“အိုး…လာစမ်းပါ…အဲ့ဒါက ဗိုက်ကိုပြဿနာဖြစ်သွားစေတဲ့ ကိတ်မုန့်သေးသေးလေး တစ်ခုပဲဟာ” လင်းရီယွဲ့ ရေရွတ်လိုက်သည်။ “တို့ဖူးတွေ လှီးပေးရမလား”
“ပန်းကန်လုံးထဲမှာပဲ ထည့်ထားမှာပါ…ပြီးရင် မာပိုတို့ဖူးလုပ်မယ်လေ”
“ဒါဆိုအစပ်လေးပိုထည့်ပေး”
“ဒါပေမယ့် အဖေနဲ့ ဒုတိယအစ်ကိုနဲ့က အစပ်အရမ်းမစားနိုင်ဘူးမလား”
“အတိအကျပဲ…အမေတို့ပိုစားရတာပေါ့”
“……”
နျန်ယွီယီသည် သူ့ကိုပျော်အောင်လုပ်ပေးနေသည့် လင်းရီယွဲ့၏ ကြိုးစားမှုများကို နားလည်သွားပြီး ပြုံးလိုက်သည်။
သူတို့နှစ်ယောက်က မီးဖိုခန်းထဲတွင် လူခြောက်ယောက်စာအတွက် အစားအသောက်များပြင်ပေးနေပြီး ရှဲ့ယီကျိုးကတော့ အပြင်ဘက်တွင် သူ့ကိုယ္စားလှယ်နှင့် လတ်တလောအဖြစ်အပျက်များ၏ နောက်ဆက်တွဲများကို ဆွေးနွေးနေ၏။
တကယ့်အဖြစ်အပျက်က သေးသေးလေးဖြစ်သော်ငြား အချို့ခေါင်းမာသည့်မုန်းတီးသူများကတော့ ဒီအန်အေစစ်ဆေးချက်အဖြေက ရှဲ့မိသားစု၏သတင်းကိုဖုံးရန်ပြုလုပ်ထားသည့်အတုသာဖြစ်ကြောင်း ပြောဆိုနေကြဆဲဖြစ်သည်။
ထို့ကြောင့် သရုပ်ဆောင်စီမံခန့်ခွဲရေးဒါရိုက်တာဖြစ်သည့် ကျိုးအာ့နာက ရှဲ့ယီကျိုးအား တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုပြုလုပ်ရန်အကြံပေးပြီး မုန်းတီးသူများအား တိုက်ရိုက်ပြောဆိုနိုင်ခွင့်ပါပေးလိုက်လေသည်။
ရှဲ့ယီကျိုးသည် သူနှင့်နျန်နျန်ကြားမှ ဆက်ဆံရေးကို ပရိသတ်များအရှေ့တွင် ချပြရန်စိတ်အားထက်သန်နေသည်။ မီးဖိုခန်းထဲတွင် နျန်ယွီယီ၏သဘောထားကို မေးမြန်းပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်၏။
နေ့လည်ခင်းမှ အဖြစ်အပျက်များ၏ပြင်းထန်မှုကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါဝင်ပတ်သက်နေကြသည့် သူများထံမှကြားချင်နေကြသည့် ပရိသတ်များရော၊ ပွဲကြည့်သူများဖြင့် ပြည့်နေသည်။
ရှဲ့ယီကျိုးက ဖန်ကုမ္ပဏီ၏လက်အောက်မှ တိုက်ရိုက်ထုတ်လွှင့်သည့်နယ်ပယ်တစ်ခုကို အသုံးပြုနေကာ ဖန်ကျုံးချွမ်းအား အပိုအဆောင်းထပ်ချဲ့ပေးရန် အကြောင်းကြားထားခဲ့သည်။
သို့သော် ကြိုတင်ပြင်ဆင်ထားသည့်တိုင် ထုတ်လွှင့်မှုက ကြည့်ရှုသူများပြားခြင်းကြောင့် တစ်ခဏလောက် ထစ်နေ၏။
ဖန်ကျုံးချွမ်း၏လမ်းညွှန်မှုအောက်တွင် ထုတ်လွှင့်မှုဝန်ဆောင်ရေးအပိုင်းက လိုင်းများပိုမိုထည့်ပေးပြီး ဆာဗာအများအပြား ထပ်တိုးပေါင်းပေးလိုက်ရာ တိုက်ရိုက်ထုတ်လွှင့်ခြင်းက ပို၍တည်ငြိမ်လာခဲ့သည်။
ရှဲ့ယီကျိုးသည် တိုးလာသည့် ကြည့်ရှုသူအရေအတွက်ကိုကြည့်၍ တည်ငြိမ်စွာဖြင့် ကင်မရာကိုဖွင့်လိုက်သည်။
[မင်္ဂလာနေ့လည်ခင်းပါ…ယဲ့ကျိုး~]
[အချိန်ကွာခြားချက်ကြောင့် ပဲရစ်မှာ ညဖြစ်နေပြီမလား…အဲ့ဒါကြောင့် ကောင်းသောညပါနော်~]
[ဟေး…ငါ့ကျားကျားလေးကို တွေ့လိုက်ရသလိုပဲ…ကင်မရာလေးကို နည်းနည်းရွှေ့ပေး…အဲ့ဒါမှ အချစ်လေး ရှဲ့ယီနန်ကိုတွေ့ရမှာ…]
[ငါကတော့မတူဘူး…ငါက ငါ့ရဲ့ဒယ်ဒီရှဲ့လို့ကိုပဲကြည့်ချင်တာ…(ဒယ်ဒီရှဲ့အတွက် အော်နေပါတယ်လို့)]
“နိုင်ငံမှပရိသတ်များ မင်္ဂလာနေ့လည်ခင်းပါ” ရှဲ့ယီကျိုးက ပရိသတ်များကို နှုတ်ဆက်လိုက်သည်။
“အာ…နေ့လည်ခင်းတုန်းက သတင်းက တော်တော်လေးကြည့်ကောင်းခဲ့တယ်…ဟုတ်တယ်ဟုတ်…ငါ့ရဲ့ ကိုယ်စားလှယ်က ကိစ္စတွေကို ရှင်းလင်းဖို့ တိုက်ရိုက်ထုတ်လွှင့်သင့်တယ်လို့ ပြောလာခဲ့တယ်”
[ဒါက မထူးဆန်းသလို၊ ရယ်လည်းမရယ်ရဘူး…တကယ်ကိုစိတ်ကူးယဥ်စရာကောင်းတယ်…ငါအခုထိ ရင်ခုန်နေတုန်းပဲ]
[ကောင်းပြီ…အဲ့လောက်လည်း စိတ်ကူးယဥ်မဆန်ပါဘူး…ရှဲ့မိသားစုက အမြဲသူတို့ရဲ့ပျောက်နေတဲ့ သားကို ရှာနေခဲ့တာပဲလေ…တိုက်တိုက်ဆိုင်ဆိုင် သူတို့ရှာမတွေ့ခင်မှာတင် ယီကျိုးက နျန်နျန်နဲ့ သိနေခဲ့ကြတာ…တိုက်ဆိုင်ချက်ကတော့…]
[အဲ့ဒါ တကယ်ကိုကံကောင်းတာ…အရင်က ရှဲ့မိသားစုရဲ့ကိစ္စတွေက အရမ်းကြီးခဲ့တာလေ…ငါ့အမေကတော့ သူတို့သားလေးက ကောင်းဖို့ပျောက်သွားတာလို့ ပြောတာပဲ…သည်လောက်နှစ်တွေကြာပြီးမှ ပြန်ရှာတွေ့တာ မယုံနိုင်စရာပဲ]
[ရှဲ့မိသားစုက ပရဟိတလုပ်ငန်းတွေမှာ နှစ်အများကြီးပါဝင်ခဲ့ကြတယ်…ကုသိုလ်ကောင်းမှုတွေ အကျိုးပြန်ပေးတာပဲ]
ရှဲ့ယီကျိုးက မှတ်ချက်အတန်းလိုက်ကြီးများကိုဖတ်၍ မျက်လုံးထဲတွင် လှောင်ရိပ်လွှမ်းနေသည့် အပြုံးလေးဖြစ်ပေါ်လာသည်။
ပရိသတ်များက လွန်ခဲ့သည့်လများတွင် ရှဲ့ယီကျိုးအများကြီးပြောင်းလဲသွားသည်မှာ အံ့ဩစရာမကောင်းတော့ကြောင်း ပြောလာကြသည်။ ဖြစ်ချင်တော့ သူ့ညီလေးက အကြောင်းအရင်းဖြစ်နေသည်လေ။
“ဘာတွေဆွေးနွေးနေတာလဲ” လင်းရီယွဲ့က ပုစွန်ကြော်နှင့်မာပိုတို့ဖူးပန်းကန်တို့ကိုကိုင်ကာ ပထမဆုံးထွက်လာသည်။
ရှဲ့ယီကျိုး၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လင်းရီယွဲ့၏ နူးညံ့သည့်အပြုံးမျက်နှာလေးပေါ်လာရာ ပေါများနေပြီဖြစ်သည့် မှတ်ချက်များမှာ အလုံးအရင်းနှင့် ထပ်တက်လာတော့သည်။
အများစုမှာ နျန်ယွီယီ၏ပရိသတ်များနှင့် ရှဲ့ယီကျိုးကို ကြိုက်နှစ်သက်နေကြသည့်အမျိုးသမီးများထံမှဖြစ်ပြီး လင်းရီယွဲ့အား “မင်္ဂလာညချမ်းပါ အမေ…” ဟူ၍ နှုတ်ဆက်လာကြသည်။ အချို့ စေ့စပ်သည့် ကြည့်ရှုသူများကတော့ လင်းရီယွဲ့၏ အသွင်အပြင်ကို မှတ်မိသွားကြသည်။
[အဲ့ဒါအန်တီရှဲ့လား…သူမက အရင်ညင်သာတာပဲ]
[မင်္ဂလာညချမ်းပါ…အမေ]
[ရှဲ့ယီကျိုးကတော့ ရလဒ်ထွက်မလာခင်တည်းက နျန်ယွီယီကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေခဲ့တာ အံ့ဩစရာမရှိတော့ဘူးပဲ…လူကြီးမင်းကတော်ရှဲ့နဲ့ နျန်ယွီယီနဲ့က တော်တော်လေးတူတယ်…သေချာပေါက် ခိုင်မာတဲ့ မိသားစုပဲ]
[လင်းမိသားစုကလည်း ဂုဏ်သိက္ခာကြီးမားတဲ့မိသားစုတစ်ခုပဲ…လင်းရီယွဲ့မှာ သူမကိုတော်တော်လေးချစ်တဲ့ အစ်ကိုတစ်ယောက်ရှိတယ်…ရှဲ့မိသားစုကို လက်ထပ်ဝင်လိုက်ပြီးနောက်မှာ သူမကပိုပြီးတော့တောင် အချစ်ခံရတယ်…သူတို့ရဲ့အကြီးမားဆုံး သောကရောက်စရာတစ်ခုက သူတို့ရဲ့ သားငယ်လေးကို ပျောက်သွားခဲ့တာပဲ]
[တစ်ယောက်လောက် လူကြီးမင်းကတော်ရှဲ့ကို အနောက်ကနေဓာတ်ပုံမရိုက်ခဲ့ဘူးလား…သူမကိုကြည့်ရတာ ပိန်ပါးပြီး အထိအခိုက်မခံမယ့်ပုံပဲ…]
[သေချာတာပေါ့…ဘယ်အမေအဆို သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ကလေးအတွက် အသည်းခိုက်အောင် ခံစားရမှာပဲလေ…ငါ့သားသာပျောက်သွားရင် ငါလည်းဖြေမဆည်နိုင်ဖြစ်မှာပဲ]
“တိုက်ရိုက်လွှင့်နေတာလား” လင်းရီယွဲ့ သူမကိုမေးလိုက်၏။
ရှဲ့ယီကျိုးခေါင်းညိတ်လိုက်ကာ ကင်မရာက သူ့ဘက်သို့လှည့်လိုက်သည်။ “ကောင်းပြီ…စကားဝိုင်းထဲမှာ မုန်းတီးသူတွေနဲ့ ရေတပ်တွေရှိနေတာသိတယ်…စကားပြောရအောင်…မြန်မြန်တော့ပြော…နျန်နျန်ပြင်ပေးထားတဲ့ အစားအစာတွေ စားရဦးမှာ”
ရှဲ့လို့နှင့် ရှဲ့ယီနန်တို့က ကင်မရာတွင်မပါဘဲနေကြကာ ပုစွန်ကြော်များကို စတင်စားလိုက်ကြသည်။
ဖန်ကျုံးချွမ်းက ကင်မရာရိုက်ကွင်းထဲသို့ဝင်၍ သူနှင့်နျန်ယွီယီ၏ ဆက်ဆံရေးကို ချပြချင်သော်လည်း ရှဲ့ယီကျိုးက ကင်မရာအား သူ့ဘက်ကိုသာချိန်ထားကာ ဖန်ကျုံးချွမ်းမပါအောင်လုပ်ထားလေသည်။
ပန်းကန်များကို စားပွဲပေါ်သို့ တင်ပြီးနောက် လင်းရီယွဲ့ မီးဖိုခန်းထဲသို့ ပြန်ဝင်သွားသည်။ သူတစ်ယောက်တည်းကသာ အာရုံစိုက်စရာဖြစ်နေသောကြောင့် ရှဲ့ယီကျိုးသက်ပြင်းချလိုက်သည်။
ထို့နောက် ကြည့်ရှုသူများက ရှဲ့ယီကျိုးတက်ဘလက်ကိုကိုင်ကာ ဖွင့်၍ ဝေ့ပေါ်ထဲဝင်ကာ ဓာတ်ပုံများအား ရှာဖွေနေသည်ကို ကြည့်နေကြသည်။
ဓာတ်ပုံအယ်လ်ဘမ်တွင် ဝေ့ပေါ်မှ မှတ်ချက်များစွာကို မှတ်တမ်းတင်ထားသည့်ပုံများဖြင့် ပြည့်နေ၏။
ပထမဆုံးပုံမှစ၍ ရှဲ့ယီကျိုးက ပြန်လည်သုံးသပ်ရုံသာမက မလိုလားအပ်သောမှတ်ချက်များကို ခွဲခြားစိတ်ဖြာကာ ငြင်းခုံခြင်းမဟုတ်ဘဲ မှတ်ချက်ပေးသွားသူ စကားဝိုင်းတွင်ရှိ၊မရှိ ရ့ဖန်ရံခါစစ်ဆေးခြင်းပင်။
“နို့လက်ဖက်ရည်ကတုံ့ဆိုင်းမနေဘူး’ ဆိုတဲ့တစ်ယောက် အခုဒီမှာရှိနေလား…အဲ့လိုရှုတ်ချတဲ့ မှတ်ချက်တွေရေးမယ်ဆိုလည်း နောက်ကျရင် သေချာကောင်းတဲ့အကောင့်လေးသုံးပါလား…ပြီးတော့ ဟိုမပါဒီမပါမဟန်မဆောင်ခင် ရွှီရင်းကျယ်ကို အားပေးထားတဲ့ ဝေ့ပေါ်ဟစ်စတိုရီကိုလည်း ရှင်းထားသင့်တယ်ထင်တယ်”
“ကောင်းပြီ…နောက်တစ်ယောက်…”
[…သောက်ကျိုးနည်း…ဒါ တကယ်ပဲ ရှဲ့ယီကျိုးဟုတ်ရဲ့လား…တစ်ယောက်ယောက်နဲ့များ မှားမြင်မိတာလား…မိမိုက်ပြီးသီးသန့်ဆန်တဲ့ အပြုအမူတွေဘယ်ရောက်သွားတာလဲ…]
[အာ...ဒါကတကယ်ကို ရှုပ်ထွေးစရာပဲ...ဒါပေမယ့် မျှမျှတတပြောရမယ်ဆိုရင် ယီကျိုးက အတိတ်မှာ တကယ်ကို သီးခြားနေခဲ့တာ...ပရိသတ်တွေနဲ့ တွေ့ဆုံပွဲမှာတောင် စကားသိပ်ပြောတာမဟုတ်ဘူး]
[တခြားပြောရရရင် ယီကျိုးက မိသားစုနဲ့ပဲ အထူးသဖြင့် သူ့ညီလေးနဲ့ဆိုရင်တော့ စကားပိုပြောမယ့်ပုံပဲ”]
[သည်မုန်းတီးသူတွေက ဘယ်ကနေရောက်လာတာလဲ...ဆက်သွားနေလေ...အများစုက ရွှီရင်းကျယ်ရဲ့ ပရိသတ်တွေမှန်း ငါသိတယ်]
[ပရိသတ်တစ်ယောက်က ရင်းရွှီကျယ်ရဲ့ ပရိသတ်တွေလိုပြောနေတာလား...ရင်းရွှီကျယ်က ဘာဖြစ်နေလို့လဲ...လက်ရှိမှာ သူက အောင်မြင်နေတဲ့သရုပ်ဆောင်ကြယ်ပွင့်တစ်ယောက်...ရှဲ့ယီကျိုးထက် ပိုပြီး နာမည်ကြီးတာမဟုတ်ဘူးလား]
[ရာစုနှစ်ရဲ့ဟာသ : ရွှီရင်းကျယ်က ရှဲ့ယီကျိုးထက် ပိုကြီးတယ်တဲ့]
[ဘာအရှုပ်တွေဖြစ်နေတာလဲ...တစ်ယောက်က သရုပ်ဆောင်တာနဲ့နာမည်ကြီးပြီး...နောက်တစ်ယောက်မှာက ပရိသတ်ထုထည်ကြီးကြီးရှိတယ်...ဘာလို့နှိုင်းယှဥ်နေမှာလဲ...ကြည့်နေတဲ့သူတွေ ပြောစရာမရှိတော့ဘူး]
......
တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် မိသားစုက ညစာအတူတကွစားကြသည်။ နျန်ယွီယီက နောက်တစ်ဖန် သူ၏ အရည်အချင်းကိုပြသလာကာ တစ်စက်မှမဖိတ်မစင်စေဘဲ အားလုံးကိုသေချာတည်ခင်းပေးလေသည်။
ညစာစားပြီး ပေါ့ပေါ့ပါးပါးစကားပြောကြပြီးနောက် အနားယူရန် အားလုံးက သူတို့၏သက်ဆိုင်ရာအခန်းများဆီသို့ ပြန်သွားကြသည်။
ဖန်ကျုံးချွမ်း၏အခန်းက အောက်ထပ်တွင်ဖြစ်သည်။ နျန်ယွီယီက သူ့ကို ဓာတ်လှေကားအထိ လိုက်ပို့ပေးပြီး မခွဲခွာခင် ခဏလောက် ပွေ့ဖက်၍နမ်းလိုက်ကြသေးသည်။
ရေချိုးပြီးနောက် ကျိုးအာ့ဟယ်က အချိန်ကိုက်ကို မှန်း၍ နျန်ယွီယီကိုခေါ်လိုက်သည်။
“အိပ်နေမယ်ထင်တာ” ကျိုးအာ့ဟယ်က နျန်ယွီယီဖုန်းကိုင်လာသောအခါ စိတ်အေးသက်သာစွာ အသက်ရှူထုတ်၍ ပြောလာသည်။
“သည်နေ့အတွက်တောင်းပန်ပါတယ်ကွာ...အချစ်မှာ နစ်မျောနေခဲ့ပြီး တစ်ယောက်ယောက်လာမပြောခင်အထိ လူမှုစာမျက်နှာကသတင်းတွေကို မသိခဲ့ဘူး”
“အစ်ကို့အမှားမဟုတ်ပါဘူး...ကျွန်တော်လည်းနိုင်ငံခြားမှာ ကင်မရာတွေကို မရှက်မကြောက်နေနေခဲ့ပြီး ဓာတ်ပုံအရိုက်ခံလိုက်ရမယ်လို့ ထင်မထားခဲ့ဘူး” နျန်ယွီယီ သူ့ကိုစိတ်အေးစေလိုက်သည်။
“ထူးထူးဆန်းဆန်းပဲ သူတို့က ကျွန်တော့်အဖေနဲ့အစ်ကိုကိုပဲ တွေ့သွားခဲ့တာ...ကျွန်တော် ဖန်ကျုံးချွမ်းနဲ့ ရှော့ပင်းထွက်ခဲ့တာတောင် အဲ့ပုံတွေတော့ တက်မလာဘူး”
“အဲ့တော့ တစ်ယောက်ယောက်က မင်းတို့ကို မထင်မှတ်ဘဲတွေ့သွားတယ်လို့ပြောချင်တာလား” ကျိုးအာ့ဟယ် စိတ်လှုပ်ရှားသွားသည်။ “ရွှီရင်းကျယ်များဖြစ်နိုင်လား...သူလည်း ဖက်ရှင်ရှိုးကိုတက်တယ်”
“မဖြစ်နိုင်ဘူး...အရမ်းသိသာပြီးရှင်းလင်းလွန်းနေလိမ့်မယ်...မိသွားရင် သူမိုးမီးလောင်မှာလေ” ထိုကဲ့သို့ ကိစ္စများကို သတိလက်လွတ်လုပ်လိမ့်မည်မဟုတ်ဟုတွေးရင်း နျန်ယွီယီပြောလိုက်သည်။
“ဟုတ်တာပဲ” ကျိုးအာ့ဟယ် နားထင်ကိုပွတ်လိုက်သည်။ “ဘာလို့ လူထုကိုချပြလိုက်တာလဲ...ရှဲ့မိသားစုက ကိစ္စတွေကို သီးသန့်ထားချင်တယ်လို့ပဲထင်ထားတာ”
“မဟုတ်ဘူး” နျန်ယွီယီ တုံ့ဆိုင်းနေလျက် ဝန်ခံလိုက်သည်။ “ကျွန်တော်ကသာ လျှို့ဝှက်ထားဖို့ ပြောခဲ့တာ”
ကျိုးအာ့ဟယ် မှင်သက်သွား၍ ဘာကြောင့်လဲဟု ပြောလိုက်သည်။
“ဘာကြောင့်မှမဟုတ်ပါဘူး...” နျန်ယွီယီ မလုံမလဲဖြင့် ပြောလိုက်၏။ “သည်အတိုင်း...ကြောက်နေခဲ့လို့ ထင်တာပဲ”
ဘာကြောက်စရာရှိမှန်း ကျိုးအာ့ဟယ်သိချင်သော်လည်း နျန်ယွီယီ၏ပုံမှန်နေထိုင်မကောင်းခြင်းနှင့် အခြားလူများက ဆုံးဖြတ်ချက်ချခိုင်းခြင်းတို့ကို ပြန်တွေးရင်း အတိတ်မှာအချို့အတွေ့အကြုံများကြောင့် ဖြစ်လိမ့်မည်ဟု ယူဆလိုက်သည်။ သူက ထိုအကြောင်းအရာကို အတင်းဖိမသွားလိုက်ကာ အခြားအကြောင်းအရာများသို့ ရွှေ့လိုက်သည်။
“အခုဘယ်မှာလဲ...ဘယ်အချိန်ပြန်ရောက်မှာလဲ”
“ရက်နည်းနည်းနေရင်...မနက်ဖြန်ကျ နောက်တစ်နိုင်ငံကို သွားရမယ်” နျန်ယွီယီပြန်ဖြေကာ သဘက်ဖြင့် ဆံပင်ကိုသုတ်ရန် ဖုန်းကို စပီကာဖွင့်၍ စားပွဲပေါ်သို့တင်ပြီးလက်များကိုအားသွားစေသည်။
“ပြန်မလာခင်အသိပေးဦး...ဟုတ်ပြီလား”
“အင်း”
ဆံပင်ကိုမြန်မြန်လေးအခြောက်ခံပြီးနောက် နျန်ယွီယီ အိပ်ရာပေါ်သို့ သက်တောင့်သက်သာဖြင့် လှဲလိုက်သည်။
ကျိုအာ့ဟယ်က အကယ်၍ ပွဲများအတွက် ကော်ဇောနီတွင်လျှောက်ဖို့ သင့်တော်သည့် အဝတ်အစားငှားရန် အသစ်ထွက်အမျိုးသားဖက်ရှင်အင်္ကျီများရှိသေးသလားမေးမြန်းလိုက်သည်။
“ငှားဖို့မလိုပါဘူး...ကျွန်တော့်အမေက နှစ်စုံဝယ်ဖို့စီစဥ်ပေးထားတယ်” နျန်ယွီယီပြောလိုက်သည်။ သို့သော်လည်း ထိုအဝတ်များကို သူသိပ်မကြိုက်ချေ။
သူက ကျိုးအာ့ဟယ်ကိုပြရန် ဖက်ရှင်ရှိုးမှဓာတ်ပုံများကို ဖွင့်လိုက်သော်လည်း မှားယွင်းစွာဖြင့် ပုံတစ်ပုံအား ချဲ့ကြည့်မိသွားသည်။
ရင်းနှီးသည့်ပုဂ္ဂိုလ်နှင့် လှပသည့်ပုံတစ်ပုံပေါ်လာလေသည်။ မျက်လုံးများကို ကျဥ်းမြောင်းလိုက်ရင်း နျန်ယွီယီ ဓာတ်ပုံကိုသေချာကြည့်ပြီးနောက် ကျိုးအာ့ဟယ်ကို ပို့ပေးလိုက်သည်။
“ဒီဝတ်စုံလေးမဆိုးဘူး”
“အဝတ်အစားတွေကို ကြည့်ခိုင်းတာမဟုတ်ဘူး” နျန်ယွီယီမှာ အေးစက်နေ၏။
“ညာဖက်အောက်မှာ အတူထိုင်နေတဲ့ လူနှစ်ယောက်ကိုကြည့်လိုက်”
ကျိုးအာ့ဟယ်က နျန်ယွီယီပြောသည့်အတိုင်း သေချာကြည့်လိုက်သည်။
အဖြေမလာဘဲ အကြာကြီးတိတ်ဆိတ်သွားပြီးနောက်သူလည်းအမှန်တရားကိုသိသွားလောက်ပြီဟု နျန်ယွီယီ ခံစားလိုက်ရသည်။
“ငါမှတ်မိတာတော့ ရွှီရင်းကျယ်က လက်ထပ်ပြီးသားလားလို့...” ကျိုးအာ့ဟယ် ရုတ်တရက် ထရပ်မိလိုက်သည်။
“နေပါဦး...သူကွာရှင်းလိုက်ပြီလားလို့ ရင်းကျင်းနဲ့ စစ်ကြည့်လိုက်မယ်...မဟုတ်ရင် ဒါက ကြားဖြတ်သတင်းကြီးဖြစ်လာနိုင်တယ်”
“နျန်ယွီယီ...မင်းမှာ ပါပါရာဇီတစ်ယောက်ရဲ့ အရည်အချင်းတွေရှိနေလိမ့်မယ်လို့ ဘယ်သူတွေးထားမိမှာလဲ”
နျန်ယွီယီ : “????”
🫶