🫶Chapter 65
ရှဲ့ယီကျိုး အန်ဇိုင်အယ်လ်၏အမည်ကိုပြောလိုက်သည့် အခိုက်အတန့်တွင် နျန်ယွီယီသည် သူ့အမှားကိုသိသွားပြီး တောင်းပန်စကားတီးတိုးဆိုလိုက်သည်။
“အဆင်ပြေပါတယ်…မင်းက မင်းအစ်ကိုထက် ချဥ်းကပ်ရပိုလွယ်တယ်” အန်ဇိုင်အယ်လ်က ပေါ့ပေါ့ပါးပါးဖြင့် ဆိုလာသည်။
ဧည့်ခန်းထဲသို့ဝင်တွင် ရှဲ့လို့နှင့်လင်းရီယွဲ့တို့သည် နျန်ယွီယီကိုတွေ့သောအခါ စိုးရိမ်စိတ်ဖြင့် အပြေးအလွှားရောက်ရှိလာကြသည်။ “ဘာဖြစ်ခဲ့တာလဲ”
“သူ့ခြေထောက်ကိုထိလာတယ်” ရှဲ့ယီကျိုးက နျန်ယွီယီအား ဆိုဖာပေါ်သို့ ချ၍ ရှင်းပြလိုငက်သည်။ “အစ်ကို…ကျွန်တော့်ကို ဆေးသေတ္တာယူလာခဲ့ပေး”
ရှဲ့ယီနန် ဆေးသေတ္တာသွားယူနေချိန်တွင် လင်းရီယွဲ့က စာနာသနားစွာဖြင့် မေးလာ၏။ “ဘယ်လိုလုပ် ထိခိုက်တာလာလဲ”
“အဆင်ပြေပါတယ်…ကျွန်တော်သတိမထားမိဘဲ ကမာခွံပေါ်ကို တက်နင်းမိသွားလို့” သူ့ခြေချောင်းမှ နာကျင်မှုများမှ သိသိသာသာလျော့ကျသွားပြီဖြစ်သည်။
ရှဲ့ယီနန်က ဆေးသေတ္တာနှင့်အတူ ပြန်ရောက်လာပြီး အရက်ပြန်၊ အနာကျက်ဆေးနှင့် ပတ်တီးများပေးလိုက်သည်။ ထို့နောက် နျန်ယွီယီအား၊ အထူးသဖြင့် သူ၏ခြေထောက်ကိုကြည့်လာ၏။
အားလုံး၏မျက်နှာပေါ်မှ လေးနက်မှုများက နျန်ယွီယီအား ပို၍စိုးရိမ်လာစေ၏။
သူတက်နင်းခဲ့မိသည့် ကမာခွံမှာ အဆိပ်ရှိ၊မရှိ ကုသ၍ရ၊မရ သူနှင့်အတူ အခြားသူများလည်း စိတ်ပူနေကြသည်။
သို့သော် ကံကောင်းထောက်မစွာ ၎င်းက သာမန်ကမာခွံလေးဖြစ်၏။
ရှဲ့ယီနန်သည် ရှဲ့ယီကျိုးအား အဓိပ္ပာယ်ပါသည့်အကြည့်တစ်ချက်ပေးလိုက်သည်။ ရှဲ့ယီကျိုးက ချက်ချင်းနားလည်သွားကာ နျန်ယွီယီကိုကိုင်၍ သတိပေးလိုက်သည်။ “ဒဏ်ရာကို သန့်ရှင်းရေးလုပ်တဲ့အခါ အရက်ပြန်က နည်းနည်းစပ်လိမ့်မယ်”
ရှဲ့ယီကျိုး စကားမဆုံးသေးခင်မှာပင် အရက်ပြန်က ဒဏ်ရာပေါ်သို့ ကျသွားပြီဖြစ်သည်။
အရက်ပြန်ကြောင့် ဒဏ်ရာမှာစပ်လာရာ နျန်ယွီယီ ခြေထောက်ကိုဆွဲယူရန်ကြိုးစားလိုက်သည်။ သို့သော် ရှဲ့ယီကျိုးက သူ့ကိုဆိုဖာပေါ်တွင် သေချာဖိ၍ကိုင်ထားလေသည်။
ထိုနောက် နျန်ယွီယီသည် နူးညံ့သည့်ပိတ်စလေးတစ်ခုက သူ့ခြေထောက်မှသဲများကို ညင်သာစွာသုတ်ပေးလာသည်ကို ခံစားလိုက်ရသည်။ တစ်ဆက်တည်းတွင် ဒဏ်ရာအား အနာကျက်ဆေးသုတ်ထားသည့် ဂွမ်းစလေးဖြင့်ဖွဖွတို့ကာ စက္ကန့်ပိုင်းလေးအတွင်း ပတ်တီးစည်းပြီးသွားသည်။
ရှဲ့ယီကျိုးက နျန်ယွီယီကို လွှတ်ပေး၍ မေးလာသည်။ “နာနေသေးလား”
“မနာတော့ဘူး” နျန်ယွီယီသည် ပတ်တီးစည်းထားသောကြောင့် ဖြူဖွေးနေသည့် ဘောလုံးသေးသေးလေးလို ဖြစ်နေသည့် သူ့ခြေမကိုကြည့်ရင်း ပြန်ဖြေလိုက်သည်။
ပတ်တီးက အနည်းငယ်ထူသောကြောင့် သူ့ ခြေချောင်းများကြား မသက်မသာခံစားနေရသည်။ အနည်းငယ် လှုပ်ရှားကြည့်လိုက်ပြီးမှ သူတို့တွင် ဧည့်သည်များရှိသေးကြောင်း သတိရသွားသည်။
“ဒါက မင်းတို့ရဲ့ အငယ်ဆုံးလေးဖြစ်ရမယ်” အန်ဇိုင်အယ်လ်နှင့်တူညီသော ရွှေရောင်ဆံပင်များရှိပြီး ထိပ်နည်းနည်းပြောင်နေသည့် လူကပြောလာ၏။
“ဟုတ်တယ်” နျန်ယွီယီ၏ ဒဏ်ရာအား သေချာပတ်တီးစီးပြီးသွားပြီးသည်နှင့် ထိုင်ခုံသို့ပြန်၍ ရှဲ့လို့တုံ့ပြန်လိုက်သည်။ “နျန်နျန်…ဦးလေးအယ်လစ်ဆင်နဲ့တွေ့လိုက်ဦး…ဒါက သူ့သား အန်ဇိုင်အယ်လ်”
နျန်ယွီယီက ဦးလေးကိုနှုတ်ဆက်လိုက်ကာ အန်ဇိုင်အယ်လ်နှင့် တွေ့ပြီးပြီဖြစ်ကြောင်း ပြောပြလိုက်သည်။
ထို့နောက် ရှဲ့ယီကျိုးက နျန်ယွီယီအား အခန်းသို့ပြန်နားစေကာ ရှဲ့ယီနန်ကတော့ အန်ဇိုင်အယ်လ်အား ဧည့်ခန်းမှ ထိုင်ခုံများဆီသို့ခေါ်သွားကာ ရှဲ့လို့နှင့်အယ်လီဆင်တို့ကြားမှ စကားဝိုင်းကိုနားထောင်နေလိုက်သည်။
…
နိုင်ငံသို့ပြန်ရောက်ပြီးနောက် ဖန်ကျုံးချွမ်းသည် မထင်မှတ်ဘဲပေါ်လာသည့် ကုမ္ပဏီကိစ္စများနှင့် တောက်လျှောက် အလုပ်ရှုပ်နေလေသည်။
ရုံးခန်းတံခါးမှ ရုတ်တရက် တံခါးခေါက်သံထွက်လာသော်လည်း ဖန်ကျုံးချွမ်း မော့မကြည့်လိုက်ချေ။
“ဘာလို့ရောက်လာတာလဲ”
လက်ပေါ်တွင် အိတ်တစ်အိတ်လွယ်ရင်း ရှုရွှမ်သည် ဖန်ကျုံးချွမ်းစားပွဲ၏ ဆန့်ကျင်ဘက်ဘေးသို့ လျှောက်လာကာ ထိုင်ခုံကိုဆွဲ၍ထိုင်လိုက်သည်။
“ဘာလို့မလာရမှာလဲ”
စာဖိုင်များကို ဘေးသို့ပို့လိုက်ကာ ဖန်ကျုံးချွမ်းက သူ၏တင်းမာနေသည့် နားထင်များကို နှိပ်နယ်လိုက်သည်။ “အမေ”
“ဟုတ်ပါပြီ…ဟုတ်ပါပြီ…မင်းကိုတွေ့ဖို့ပဲလာခဲ့တာမဟုတ်ဘူး”ရှုရွှမ်က နေကာမျက်မှန်ကိုချွတ်၍ ပြောလိုက်သည်။
“လတ်တလောက ရှဲ့မိသားစုရဲ့သားအငယ်လေးအကြောင်းနဲ့ ပတ်သက်တဲ့တွေ့မိသေးလားလို့မေးချင်လို့”
“အင်း”
“သူက မင်းသဘောကျနေတဲ့တစ်ယောက်လား”
ဖန်ကျုံးချွမ်း ခဏလောက် ရပ်တန့်သွားပြီးနောက် ပြုံးလာသည်။ “အင်း…ဟုတ်တယ်”
ဖန်ကျုံးချွမ်း၏ အပြုံးကိုကြည့်၍ ရှုရွှမ်အတွေးများသွားတော့၏။
အရွယ်မတိုင်ခင်ကပင် ထက်မြက်ပြီး တည်တည်ကြည်ကြည်နေသည့် သူမ၏သားက ငယ်ရွယ်စဥ်ကပင် ပြုံးခဲသည်။ သို့သော် ယခုတွင်တော့ တစ်ယောက်ယောက်အကြောင်းပြောလိုက်ခြင်းက သူ့မျက်နှာပေါ်သို့ အပြုံးတစ်ခုဆောင်ကျဥ◌်းပေးလာလေသည်။
“ဟူး” ရှုရွှမ် သက်ပြင်းချလိုက်၏။ “မင်းက အခက်အခဲတစ်ခုထဲရောက်နေတာပဲ…ရှဲ့မိသားစုက သူတို့သားအငယ်ဆုံးလေးကို အရမ်းကာကွယ်ကြတာနော်…သူတို့ကိုအနိုင်ယူဖို့ လွယ်မှာမဟုတ်ဘူး”
လက်တစ်ဖက်ဖြင့် လက်ထောက်လိုက်ကာ ဖန်ကျုံးချွမ်းပြန်ပြောလိုက်၏။ “အဲ့ဒါက ပြဿနာမရှိတော့ပါဘူး”
“မင်းဘာကိုဆိုလိုတာလဲ”
“အခုအဲ့လိုအခက်အခဲမရှိတော့ဘူးလို့” သူထပ်ပြောလိုက်သည်။
ရှုရွှမ်သည်သူ့စကားများကို တွေးတောနေပြီးနောက် မျက်လုံးများပြူးကျယ်သွားတော့သည်။ “ရှဲ့မိသားစုနဲ့ သဘောတူညီမှုတွေလုပ်ခဲ့တာလား”
“နျန်နျန်နဲ့ကျွန်တော်နဲ့က အခုတွဲနေကြပြီ”
“ဘယ်အချိန်ကတွဲလိုက်ကြတာလဲ” ရှုရွှမ်၏မျက်နှာ တောက်ပသွား၏။ “မင်းရဲ့အကျင့်စရိုက်နဲ့ဆို တစ်ယောက်ယောက်ကိုလိုက်ဖို့ မင်းရဲ့အဖွဲ့တစ်ခုလုံးလိုအပ်လိမ့်မယ်ထင်တယ်”
ဘယ်တုန်းကလိုခဲ့တာတုန်း…။
ထိုနေ့က နျန်ယွီယီ၏နားလည်မှုလွဲသွားသည့် သဝန်တိုခြင်းကို ပြန်တွေးရင်း ဖန်ကျုံးချွမ်း၏မျက်လုံးထဲတွင် နက်ရှိုင်းသည့်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
“တကယ်တော့ အမေ့ကိုကျေးဇူးတင်ရမှာ”
ရှုရွှမ် ပဟေဠိဖြစ်သွားလျက် : ……
“မင်းဘာတွေပြောနေတာလဲ”
“ချင်အန်းကို အမေလာလည်တဲ့နေ့က အမေပြန်သွားပြီး သိပ်မကြာခင်မှာပဲ တွဲဖြစ်သွားတာ”
ရှုရွှမ်သဘောပေါက်သွားရသည်။ “ဒါဆို…အမေက မင်းရဲ့အချစ်ရေးမှာ ထောက်ကူကိရိယာတစ်ခုသာသာလေးပဲဖြစ်ခဲ့တယ်ပေါ့”
“အဆင်ပြေပါတယ်…မင်းတို့နှစ်ယောက်တွဲဖြစ်သွားစေတဲ့ ကိရိယာဖြစ်ရတာလည်း သိပ်မဆိုးလှပါဘူး…အနည်းဆုံးတော့ မင်းအခု အဖော်ရသွားပြီလေ”
“ပြောမှပဲ နျန်နျန်ကဘာတွေကြိုက်တတ်လဲ…အမေ ဟိုတလောက လက်ဝတ်ရတနာအစုံလိုက်ရထားတယ်…စုဆောင်းသိမ်းဆည်းထားဖို့ လုံးဝပြီးပြည့်စုံတယ်…အဲ့ဒါကို လက်ဆောင်ပေးလိုက်မယ်ဆိုရင်ရော?”
သူ့အမေက နျန်နျန်အား ချစ်ခင်မြတ်နိုးစွာဖြင့် ညွှန်းဆိုပြောနေသည်ကိုကြည့်ရင်း ဖန်ကျုံးချွမ်း ခေါင်းကိုက်လာရသည်။ “အမေ…တအားပိုနေတယ်လို့မြင်သွားလိမ့်မယ်”
“ရပါတယ်…အမေပြင်လိုက်မယ်…အိမ်ကိုခေါ်လာတဲ့အခါကျ ပေးလို့ရတာပေါ့”
ထို့နောက် ရှုရွှမ်သည် အကြောင်းအရာအား ဤနှစ်၏ဖက်ရှင်ရှိုးဆီသို့ ပြောင်းလိုက်ကာ လတ်တလော ပြီးထားသည့်ပွဲမှ ဝတ်စုံအချို့ကို နျန်ယွီယီထံပေးရန် ဖန်ကျုံးချွမ်းအားအကြံပေးလိုက်သည်။
“ဒီရာသီရဲ့ အမျိုးသားဝတ်တွေကို သူတွေ့ပြီးပြီ…ရှဲ့မိသားစုက သူ့အတွက် ဝယ်ပေးမှာပဲ”
“ကိစ္စမရှိဘူး…အစုံနည်းနည်းလောက် ထပ်ထည့်လိုက်မယ်…နောက်မှအမေကိုယ်တိုင် ပို့ပေးလိုက်မယ်…အားယွဲ့နဲ့လည်း တွေ့ရမယ်…အိမ်ပြန်ပြီး သူမနဲ့မတွေ့တာတောင် တော်တော်ကြာနေပြီ”
“ဒါဆို နျန်နျန်နဲ့တွေ့လိုရပြီမလား…”
ရှုရွှမ်နှင့်လင်းရီယွဲ့တို့က နှစ်ပေါင်းများစွာကြာအောင် ရင်းနှီးသည့်သူငယ်ချင်းများဖြစ်ခဲ့ကြသော်လည်း ရှုရွှမ်က လတ်တလောတွင် နိုင်ငံခြားသို့ရောက်နေသောကြောင့် သူတို့အဆက်အသွယ်ပြတ်နေခဲ့သည်။
“သူက ရှဲ့မိသားစုနဲ့မနေဘူး”
“နျန်နျန်က မင်းရဲ့အိမ်ဘေးမှာနေတာလား…ဒါဆို မင်းဆီကိုအလည်လာဖို့ အကြောင်းပြချက်ရှာလို့ရပြီပဲ”
ဖန်ကျုံးချွမ်း : “…”
ရှုရွှမ်အားချော့မော့၍ သူမအားပြန်ပို့လိုက်ပြီးနောက်တွင် ဖန်ကျုံးချွမ်းနောက်ဆုံးတွင် စိတ်သက်သာရာရစွာဖြင့် အသက်ရှူထုတ်လိုက်သည်။
ရှုရွှမ်ပြန်သွားသည့်အခါ ဖန်ကျုံးချွမ်း၏လက်ထဲမှစာဖိုင်များမှာ သူ့စိတ်ထဲမရှိတော့ချေ။ သူ့အတွေးထဲတွင် သူ့ကောင်လေးနှင့်သာပြည့်နေတော့သည်။ ခဏလောက်တွေးတောပြီးနောက် သူ နျန်ယွီယီထံသို့ ဗီဒီယိုကောလ် ခေါ်လိုက်သည်။
နျန်ယွီယီသည် ကုတင်ပေါ်တွင်ရှိနေကာ နံရံပေါ်တွင် ပရိုဂျက်တာဖြင့် ထိုး၍ နိုင်ငံခြားရုပ်ရုပ်တစ်ကား ကြည့်နေ၏။
“ဟယ်လို…အစ်ကို…”
“နျန်နျန်” နျန်ယွီယီကို တွေ့သောအခါ ဖန်ကျုံးချွမ်းသည် ကွန်ပျူတာမှကင်မရာထောင့်ကိုပြင်လိုက်သည်။ “ဂရိကို ရောက်နေပြီလား”
“အင်း…ရောက်နေပြီ” ခြေထောက်ချိတ်ထိုင်နေရခြင်းမှာ အဆင်မပြေသောကြောင့် နျန်ယွီယီ နေရာပြောင်းကာ ဖုန်းကိုလက်တစ်ဖက်တည်းနှင့်ကိုင်ထားလိုက်သည်။
“ခြေထောက်ကဘာဖြစ်တာလဲ” ဖန်ကျုံးချွမ်းသည် စခရင်ပေါ်မှ ပတ်တီးစီးထားသည့်ခြေချောင်းကို သတိထားမိသွားသည်။
“အာ…” နျန်ယွီယီ သူ့ခြေထောက်ကိုကြည့်လိုက်သည်။ “ကမ်းခြေမှာ ကမာခွံပေါ်တက်နင်းခဲ့မိတာ…အခု ပိုးသတ်ပြီး ပတ်တီးစီးထားတယ်”
ဖန်ကျုံးချွမ်း၏ တွန့်ချိုးနေသည့်မျက်ခုံးများကို ကြည့်ရင်း နျန်ယွီယီသည် ပြည့်ဖောင်းနေသည့် ငါးသေးသေးလေးနှင့်တူနေသည့် သူ၏ပတ်တီးစီးထားသော ခြေချောင်းကို လှုပ်ခါပြလိုက်သည်။
“မလှုပ်နေနဲ့လေ…” ဖန်ကျုံးချွမ်း ပြောလိုက်၏။ “အစပ်တွေခဏမစားနဲ့ဦး…ဒီမှာကိစ္စတွေ ဖြေရှင်းပြီးသွားတာနဲ့ ကိုယ်မင်းကိုလာတွေ့မယ်”
“ကောင်းပြီ” နျန်ယွီယီက ဖန်ကျုံးချွမ်းအား စနောက်လျက်နှုတ်ခမ်းဆူပြလိုက်သည်။ “ကျွန်တော် တကယ် အဆင်ပြေပါတယ်…ဒါပေမယ့် အစ်ကိုကတော့ အလုပ်ကြောင့်ကျန်းမာရေးမထိခိုက်စေနဲ့…အိမ်ပြန်ပြီး ထျန်ထျန်လေးကို ကျွန်တော့်အတွက်ပွတ်ပေးပါဦး”
ကြောင်လေးအားသူ့ကိုပွတ်ခိုင်းခြင်းက အကြောင်းပြချက်တစ်ခုသာဖြစ်သည်။ ထျန်ထျန်က ဖန်ကျုံးချွမ်းကို သိပ်မကြိုက်ချေ။ သူကအမြဲအေးစက်နေပုံပေါက်သောကြောင့်ဖြစ်နိုင်သည်။ ကြောင်ပေါက်ကလေးများက သူ့ကိုဆိုလျှင် ကြောက်လန့်ကြပြီး ထျန်ထျန်ကတော့ အနည်းငယ်ဖော်ရွေသည်။
နျန်ယွီယီ တကယ်တမ်းမျှော်လင့်သည်က ဖန်ကျုံးချွမ်း တစ်ညလုံးကော်ဖီတစ်ခွက်တည်းဖြင့် နေနေမည့်အစား အနားယူစေချင်တာဖြစ်သည်။
စကားပြောပြီးနောက် နျန်ယွီယီသည် နေရောင်ထွက်လာသည်အထိ အိပ်ပျော်သွားတော့သည်။
အပြင်ဘက်မှမြင်ကွင်းမှာ ကမ်းခြေကိုဖော်ပြနေပြီး ရေပေါ်တွင် နေရောင်ခြည်ကျရောက်နေပြီး ပင်လယ်စင်ရော်များ၏ အော်သံများနှင့် တွဲစပ်ထားလေသည်။
ဖန်ကျုံးချွမ်းက ကွန်ပျူတာအား ဘေးသို့ပို့ထားလိုက်ကာ ဗီဒီယိုကောလ်ကို ချမပစ်လိုက်ဘဲ အလုပ်ဆက်လုပ်နေလိုက်သည်။
……
🫶