Chapter 70
Viewers 21k

🫶Chapter 70




ရွှီရင်းကျယ်နှင့်ဟယ်ရှောင်ရှောင်တို့ ပါဝင်နေသည့် ကိစ္စအဆုံးသတ်သွားသောအခါ “ကျိုးယန်ဧကရာဇ်” ရိုက်ကူးရေးအား အမျိုးသားနေ့ပြီး၍ ငါးရက်မြောက်နေ့တွင် စတင်ရိုက်ကူးပြီး ယခင်အချိန်ဇယားအတိုင်း ဆောင်ရွက်ကြသည်။ 


တတိယဇာတ်ဆောင်မင်းသမီးနေရာကတော့ အစားထိုးခံလိုက်ရ၏။


 á€›á€žá€˛á€ˇá€šá€Žá€”န်သည် ဟယ်ရှောင်ရှောင်၏နေရာကို ဖြည့်ရန် ကုမ္ပဏီမှ နာခံမှုရှိပြီး ချီးကျူးဖွယ်အရည်အချင်းများရှိသည့်မင်းသမီးတစ်ယောက်ကို ရွေးချယ်ခဲ့သည်။ 


ဖွင့်ပွဲအခမ်းအနားနေ့တွင် နေရောင်ခြည်ကတောက်ပစွာထွန်းလင်းနေ၏။ အောက်တိုဘာလအစောပိုင်း၏ နေက အချိန်တစ်ခုကြာသည်အထိ နွေးထွေးမှုကို ခံစားနိုင်သေးသည်။


 á€”ဝန်ယွဎယဎသည် အင်္ကျီလက်တို၊ ဘောင်းဘီရှည်များကို ဝတ်ဆင်၍ ရှဲ့ယီကျိုးနှင့်အတူ တက်ရောက်လာ၏။


ဒါရိုက်တာနှင့်ထုတ်လုပ်သူများက ဂုဏ်ပြုသည့်အနေဖြင့် ဝက်ခေါင်းအား ပူဇော်နေသည်ကိုကြည့်၍ နျန်ယွီယီသည် အလုပ်ရှုပ်နေသည့် အဖွဲ့သားများကို မနှောင့်ယှက်ဘဲ ဘေးတွင်ရပ်နေလိုက်သည်။ 


“ဘာလို့ဒီမှာတစ်ယောက်တည်းရပ်နေတာလဲ” 


ရှန့်နျန်ကျီသည် မထူထဲသောကုတ်အရှည်ကိုဝတ်ထားကာ ဆံပင်ကောက်ကောက်များကတော့ ပခုံးတစ်လျှောက်ပြန့်ကျဲနေသည်။ သူမ၏နေကာမျက်မှန်နှင့်အနီရောင် နှုတ်ခမ်းများကသူမ၏နေကာမျက်မှန်နှင့် နီရဲရဲနှုတ်ခမ်းနီများက သူမ၏အထက်စီးဆန်သည့်တည်ရှိမှုများကို ပို၍တိုးသွားစေ၏။


“အိုး...မင်းကခေါင်းဆောင်မင်းသမီးလား” ရှန့်နျန်ကျီကိုနောက်တစ်ကြိမ်တွေ့သောအခါ နျန်ယွီယီ အနည်းငယ်ရှုပ်ထွေးသွားသည်။ 


“ဒါဆို သည်ဇာတ်လမ်းထဲက သရုပ်ဆောင်မင်းသားသုံးယောက်က ကန်ဒိုကစားနည်းနဲ့ ပတ်သက်မှုရှိနေတယ်လို့ဆိုလိုတာလား”


“ဟုတ်တယ်” ရှန့်နျန်ကျီသည် ယခင်တစ်ခေါက်ကလိုပင် ကော်ဖီခွက်ကိုကိုင်ထားကာ ပြန်ဖြေလာသည်။ “ဟမ်...ဘာလို့ သိပ်အံ့ဩမသွားတာလဲ” 


နျန်ယွီယီ : “ဘာကိုအံ့ဩရမှာလဲ”


ရှန့်နျန်ကျီမေးလိုက်၏။ “သရုပ်ဆောင်အတူတူတွေပဲနဲ့ဆို ပရိသတ်တွေက တူညီတဲ့ဇာတ်လမ်းတစ်ခုကို ကြည့်နေရသလိုမျိုး ခံစားသွားရမှာ မစိုးရိမ်ဘူးလား”


“ဟင့်အင်း” နျန်ယွီယီ ထိုသို့မတွေးမိချေ။ 


“ကျွန်တော်ကိုင်တဲ့ဘယ်ဇာတ်ရုပ်မဆို ကျွန်တော်ပိုင်နိုင်အောင်လုပ်နိုင်တယ်...အစ်မနဲ့အစ်ကိုတို့ရဲ့ သရုပ်ဆောင်အရည်အချင်းတွေက ကောင်းပြီးသားပဲလေ...ကိုယ်ဇာတ်ရုပ်ကို သေချာသရုပ်‌ဆောင်နိုင်မယ်ဆို ရှုပ်ထွေးမှုတွေရှိလာမှာမဟုတ်ဘူး” 


ရှန့်နျန်ကျီသဘောတူလိုက်သည်။ “ဒါလည်း ဟုတ်တာပဲ”


နှစ်ယောက်သားသည် ရှဲ့ယီကျိုး နျန်ယွီယီအား လာမရှာခင်အထိ အခြားအကြောင်းအရာများကို ပြောနေကြသည်။ 


ရှန့်နျန်ကျီကိုတွေ့သောအခါ ရှဲ့ယီကျိုး ချက်ချင်းမေးလာ၏။ “နျန်နျန်ကို လမ်းမှားရောက်အောင် မလုပ်ရသေးဘူးမလား” 


ရှန့်နျန်ကျီသည် စိတ်အနှောင့်အယှက်ဖြစ်နေလျက် ပြန်ပြောလာသည်။ 


“လာစမ်းပါ...နျန်ယွီယီက အသက်နှစ်ဆယ့်နှစ်နှစ်ရှိတဲ့ လူကြီးတစ်ယောက်ဖြစ်နေပြီ...ငါတကယ်ပဲ သူ့ကိုဖျက်ဆီးနိုင်လိမ့်မယ်လို့ ထင်လား”


ရှဲ့ယီကျိုး ဆက်ပြောချင်သော်လည်း ဒါရိုက်တာ၏ကနဦးအခမ်းအနားကပြီးသွားပြီဖြစ်သောကြောင့် ရိုက်ကွင်းအဖွဲ့သားများက ဓာတ်ပုံရိုက်ရန် သူတို့အား ခေါ်လာကြသည်။ 


“ဓာတ်ပုံသွားရိုက်ရအောင်” ရှန့်နျန်ကျီပြောလိုက်ကာ နေကာမျက်မှန်ကိုချွတ်၍ ရှဲ့ယီကျိုးထံ အပြုံးလေးပစ်လိုက်သည်။ 


နျန်ယွီယီသည် အနည်းငယ်ခြောက်သွေ့နေသည့်နှုတ်ခမ်းများကို သပ်လိုက်ကာ စောနကတည်းက တွေးနေသည့် မေးခွန်းကို မေးလိုက်သည်။ 


“အစ်မရှန့်”


ရှန့်နျန်ကျီ တုံ့ပြန်လိုက်၏။ “”ဟင်...ဘာလဲ”


“အစ်မဝတ်ထားတာ မပူဘူးလား”


“...” ရှန့်နျန်ကျီ လက်ကိုဝှေ့ယမ်းကာ ရယ်လိုက်သည်။ “ပါးစပ်ပိတ်ထားစမ်းပါ”


ကျန်တစ်လျှောက်တွင်တော့ ရှန့်နျန်ကျီက နျန်ယွီယီအား ချစ်ဖို့မကောင်းတော့သောကြောင့် ဆက်တိုက် စနောက်နေလေသည်။ 


နောက်ဆုံးတွင် ရှန့်နျန်ကျီပြောလာ၏။


 â€œá€™á€„်းနဲအရသဲအယဎကဝိုးတိုအက တကယ်ကိုညီအစ်ကိုတွေပဲ...တည့်တိုးဆန်တာတွေကို အမွေဆက်ခံထားကြတာ” 


အုပ်စုလိုက်ဓာတ်ပုံရိုက်ချိန်သို့ရောက်သောအခါ လင်းချီကျင့်လည်းရောက်လာခဲ့သည်။ သို့သော်လည်း ကျော်ကြားသည့် စာရေးဆရာနှင့်အယ်ဒီတာတစ်ယောက်အနေနှင့် သူအခြားသူများကို မဖုံးလွှမ်းချင်ပေ။ ထို့ကြောင့် အနောက်သို့အနည်းငယ်ဆုတ်၍ ရိုက်ကူးရေးအဖွဲ့သားများနှင့်ရောနှော၍နေလိုက်သည်။ 


အနုပညာအသိုင်းအဝိုင်း၏ ရိုးရာအရ ကံကောင်းစေရန် ဖွင့်ပွဲအခမ်းအနားအပြီး ပထမဆုံးဇာတ်ကွက်မှာ တစ်ခါတည်းနှင့်အောင်မြင်အောင်ရိုက်ရမည်ဖြစ်သည်။ 


ထို့ကြောင့် ဒါရိုက်တာသည် ရည်ရွယ်ချက်ရှိရှိဖြင့် ရှဲ့ယီကျိုးနှင့်နျန်ယွီယီတို့၏ အခန်းကိုအရင်ဆုံးရိုက်ရန် ပြင်လိုက်သည်။ အချက်ပြသူက “ပထမအကြိမ်ရိုက်ချက်” ကို အချက်ပြပြီးနောက် သရုပ်ဆောင်ခြင်း စတင်တော့သည်။ 


ဇာတ်ညွှန်းကိုသေချာဖတ်ထားသည့်ရှဲ့ယီကျိုးသည် တစ်ခန်းရိုက်ပြီးနောက် အများကြီးတိုးတက်လာသည်ကို ခံစားလိုက်ရသည်။ သူတို့အောင်မြင်စွာနှင့် ပထမဆုံးအခန်းကိုရိုက်ပြီးသွားခဲ့သည်။ 


ပြီးသွားသည်နှင့် ဒါရိုက်တာက နှစ်ယောက်ကိုအနားပေးကာ ခေါင်းဆောင်မင်းသမီး၏ အခန်းများကို စတင်ရိုက်လိုက်သည်။ 


ဝတ်စုံများ၊ ဆံပင်တုများတပ်ဆင်ထား၍ နျန်ယွီယီနှင့်ရှဲ့ယီကျိုးတို့သည် သစ်ပင်အောက်အရိပ်ရသည့်နေရာကို ရှာလိုက်ပြီး ခေါက်လို့ရသည်ထိုင်ခုံများနေရာချ၍ ဖုန်းနှင့်ဂိမ်းကစားနေကြသည်။


ယခင်တစ်ခေါက် ဂိမ်းတွင်းအပြင်အဆင်များကိုသင်ယူထားမှုများမှ နျန်ယွီယီသည် ခန့်မှန်းမရသည့်လေးသမားဖြစ်သော ကုန်းစွန်းလီကိုရွေးချယ်လိုက်သည်။  


ရှဲ့ယီကျိုးက ဟန်ရှင်းကိုရွေးချယ်ထားကာ မကြာခင်မှာပင် တစ်ဖက်ရန်သူ၏နယ်မြေအား သူ့ကစားကွင်းအဖြစ် ပြုလုပ်လိုက်သည်။ 


အလွန်နစ်မြုပ်နေကြသောကြောင့် ကင်မရာမန်းက သူတို့ဂိမ်းကစားနေသည်ကို ရိုက်ကူးနေသည်ကိုပင် သတိမထားမိကြချေ။ 


ရိုက်ကွင်းမှဓာတ်ပုံများပေါက်ကြားသည်ကိုမကြိုက်သည့် ကျန်းရွှယ်ယုံနှင့်မတူဘဲ “ကျိုးယန်ဧကရာဇ်” ဒါရိုက်တာကတော့ ရိုက်ကွင်းနောက်ကွယ်မှအကြောင်းအရာများ မျှဝေရခြင်းကို သဘောကျသည်။ ၎င်းက အင်တာနက်အသုံးပြုသူများကို သိချင်စိတ်များပြင်းထန်လာစေကာ တက်တက်ကြွကြွဖြစ်နေစေသည်။ 


ကင်မရာမန်းက ဒါရိုက်တာကိုယ်တိုင် အထူးလွှတ်ထားသည့်သူဖြစ်သည်။ 


ဒါရိုက်တာ၏ ညွှန်ကြားချက်များကိုလိုက်၍ ကင်မရာမန်းကလျင်မြန်စွာဖြင့် ရိုက်ကူးထားသည်များကို ပြန်လည်တည်းဖြတ်ပြင်ဆင်ကာ ပရိသတ်များအတွက် ရိုက်ကွင်းနောက်ကွယ်မှကြည်နူးစရာများကိုအဖြစ် တရားဝင်ဘလော့ပေါ်တွင် တင်လိုက်လေသည်။ 


......


ဂိမ်းတစ်ပွဲကစားပြီးနောက် နျန်ယွီယီသည် ကျိုးအာ့ဟယ်ဆီမှ ဝီချက်စာများနှင့်တိုက်ခိုက်ခံလိုက်ရ၏။ ဝေ့ပေါ်တွင် ရေပန်းစားနေသည့်ရွှီရင်းကျယ်၏ ကွာရှင်းပြတ်စဲခြင်းအား ကြည့်ကြည့်ရန် တိုက်တွန်းနေလေသည်။ 


အင်တာနက်အသုံးပြုသူများက ရွှီရင်းကျယ်၏ကွာရှင်းမှုအား ‌အောင်ပွဲခံနေကြသည်။ အချို့ဦးနှောက်မဲ့သည့် ပရိသတ်အချို့ကသာ ရွှီရင်းကျယ်ကို ကာကွယ်ပေးကြသော်လည်း မှတ်ချက်အများစုမှာ ရွှီရင်းကျယ်အား အနုပညာအသိုင်းအဝိုင်းမှ ထွက်သွားရန် ပြောဆိုထားကြသည်။ 


နျန်ယွီယီကို ဒေါသအထွက်စေဆုံးက ရွမ်ရှောင်ဟွေ့၏ကိုယ်ဝန်ဆောင်စဥ်မှ ပုံကိုဖော်ထုတ်လာကာ သူမက ညှိုးနွမ်းနေကာ အမြဲတစေချောမောနေသည့်ရွှီရင်းကျယ်နှင့် မလိုက်ဖက်ဟု ပို့စ်တင်လာသည့် ရွှီရင်းကျယ်၏ ဦးနှောက်မဲ့နေသည့်ပရိသတ်တစ်ယောက်ဖြစ်၏။


ဒေါသထွက်‌သောကြောင့် နျန်ယွီယီက ထိုပရိသတ်ကိုပြောဆိုရန် အကောင့်နောက်တစ်ခုဖြင့် ဝင်လိုက်သည်။ သို့သော် မှတ်ချက်တစ်ခုသာပေးရပြီးနောက် ဘလော့ခံလိုက်ရလေသည်။ 


ဝါဂွမ်းကိုထိုးနေရသကဲ့သို့ခံစားလိုက်ရသောကြောင့် နျန်ယွီယီသည် ထောင်လွှားနေသည့်ပရိသတ်အပေါ် စိတ်ရှုပ်မှုများအား ရှဲ့ယီကျိုးဆီသို့ပုံချလိုက်သည်။ 


အခြားမှတ်ချက်များကိုလည်းသိချင်သောကြောင့် နျန်ယွီယီစာမျက်နှာကို အသစ်ဆွဲလိုက်ရာ ဗီဒီယိုတစ်ခုကြောင့် မှင်သက်သွားရသည်။ 


“ဒုတိယအစ်ကို”


“ဟင်”


“ဂိမ်းဆော့နေတုန်းက ကျွန်တော်တို့ ရိုက်ကူးခံလိုက်ရတယ်” နျန်ယွီယီသည် မျက်နှာတွင် မကျေနပ်ချက်များ ပြည့်နေရင်း ပြောလာသည်။ 


ဒါရိုက်တာ၏နည်းလမ်းများနှင့် ရင်းနှီးနေသည့်ရှဲ့ယီကျိုးက ပြန်ပြောလိုက်သည်။ 


“စိတ်ငြိမ်ငြိမ်ထား...ဒါက သူ့ရဲ့ပုံမှန်ထွင်လုံးတွေပဲ...ကျန်းရွှယ်ယုံနဲ့မတူဘဲ ဒီဒါရိုက်တာက စပွိုင်းဖြစ်စေတဲ့ပုံတွေ ဖြန့်ရတာကြိုက်တယ်” 


“အဲ့လိုမဟုတ်ဘူး...” နျန်ယွီယီ ဒုက္ခများနေပုံပေါ်နေ၏။ “သည်ဗီဒီယိုက သေချာဝါးမထားဘူး...ပရိသတ်တွေက ကျွန်တော်တို့ရဲ့ ဂိမ်းနာမည်တွေကို သိသွားကြပြီ”


မယုံနိုင်သည့်အမူအရာများက ရှဲ့ယီကျိုး၏မျက်နှာပေါ်သို့ ဖြတ်ပြေးသွားသည်။ သူ့ဂိမ်း၏ပင်မနေရာကိုဖွင့်လိုက်ရာ သူငယ်ချင်းဖြစ်ရန်တောင်းဆိုနေမှုများနှင့် တကယ်ကို ဆီးကြိုခံလိုက်ရသည်။ 


ပျာယာခတ်မသွားဘဲ ရှဲ့ယီကျိုးသည် နာမည်ပြောင်းသည့်ကတ်ကိုအရင်ဝယ်လိုက်ကာ နာမည်ပြောင်း၍ သူငယ်ချင်းဖြစ်ရန် တောင်းဆိုလာသည်များကို ငြင်းဆိုလိုက်သည်။ 


သူ့ပုံစံအတိုင်း နျန်ယွီယီလည်း အကောင့်ကိုငွေဖြည့်ကာ နာမည်ပြောင်းကတ်ကိုဝယ်လိုက်သော်လည်း နာမည်အသစ်ရွေးချယ်ရာတွင် အနည်းငယ်တွန့်ဆုတ်နေသည်။ 


ဟုတ်ပြီ...။


အကြံတစ်ခု နျန်ယွီယီ၏ခေါင်းထဲတွင် ပေါ်လာသည်။ သူက နာမည်ပြောင်းကတ်ကိုဖွင့်၍ ရိုက်ထည့်လိုက်သည်။ နျန်ယီချွမ်း-ဇီးရိုး...။


ပြီးပြည့်စုံတယ်...ဘယ်သူကမှအဓိပ္ပာယ်ကိုဖော်နိုင်ကြမှာမဟုတ်ဘူး...။


ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ရင်း နျန်ယွီယီသည် ရှဲ့ယီကျိုးကိုခေါ်၍ ပွဲအသစ်တစ်ပွဲဆော့လိုက်တော့သည်။ 




🫶