Chapter 71
Viewers 21k

🫶Chapter 71




ရှဲ့ယီကျိုးသည် နျန်ယွီယီ၏နာမည်အသစ်ကိုတွေ့သောအခါ မျက်ခုံးပင့်လိုက်သည်။ “ဟမ့်”


စကားလုံးများရှာဖွေရန်ကြိုးစားရင်း နောက်ဆုံးတွင် သူ နာမည်သာခေါ်လိုက်နိုင်သည်။ “နျန်နျန်...”


နျန်ယွီယီသည် ပါးများကိုဖောင်းလိုက်၏။

 â€œá€œá€°á€†á€­á€Żá€á€Ź အိပ်မက်တွေရှိရတယ်လေ”


တကယ်လို့နောက်ဆုံးကျ ဖန်ကျုံးချွမ်းက အချစ်ကြောင့် အရာအားလုံးလုပ်နိုင်လာရင် ဘယ်လိုလုပ်မလဲ...။


နျန်ယွီယီသည် ပျော်ရွှင်စွာဖြင့် သူ၏သာယာသည့်အိပ်မက်ထဲတွင် နစ်မျောနေသည်။ ရှဲ့ယီကျိုးကတော့ သူ၏စိတ်ဓာတ်တက်ကြွမှုများကို မဆုံးရှုံးချင်သောကြောင့် ရိုးရှင်းစွာဖြင့် ပခုံးတွန့်ပြီး တိတ်တိတ်နေလိုက်တော့သည်။ 


ညစာစားနေချိန်အတွင်းတွင် ရှဲ့ယီနန်နှင့်ဖန်ကျုံးချွမ်းတို့က “ထုတ်လုပ်ရေးအဖွဲ့အား စစ်ဆေးရန်” အယောင်ဆောင်၍ ရောက်လာကာ နျန်ယွီယီအား ညစာစားရန် ဖိတ်ခေါ်လာသည်။ 


......ထို့နောက် တစ်ဆက်တည်း ရှဲ့ယီကျိုးနှင့်လင်းချီကျင့်တို့ကိုလည်း ဖိတ်လိုက်သည်။ 


လင်းချီကျင့်က တစ်နေ့လုံးကို လက်‌ထောက်စာရေးဆရာဖြင့် ပူးပေါင်း၍ကုန်ဆုံးခဲ့သည်။ တဲငယ်လေးထဲတွင် တစ်နေ့လုံး ဆွေးနွေးပြီးနောက် တစ်ကိုယ်လုံးနာကျင်တောင့်ခဲနေ၏။ ဟော့ပေါ့ဆိုင်တွင် ထိုင်လိုက်သည်နှင့် မလှုပ်ချင်တော့ပေ။ 


ရှဲ့ယီကျိုးက ရှားရှားပါးပါးဖြင့် အမဲသားနှင့်ငါးများကိုတည်ခင်းပေးကာ မေးလာသည်။ “ဇာတ်ကြောင်းတစ်ဝက်လောက်ကို အချောသတ်ပြီးသွားပြီလား”


“အကုန်မဟုတ်သေးဘူး” လင်းချီကျင့်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်နှာကိုလက်ဖြင့်အုပ်၍ သူ့ကိုယ်သူ အမှောင်ထုထဲ‌ ရောက်စေလိုက်သည်။


 â€œá€‡á€Źá€á€şá€Šá€˝á€žá€”်းရ္းရတဏက ဝတ္ထုရေးရတာထက် ပိုခက်တယ်...ဒါရိုက်တာရဲ့ အကြံတွေက အမှိုက်သရိုက်တွေ...အဲ့ဒါတွေကိုသာသုံးရင် ငါ့ရဲ့စာဖတ်သူတွေ ငါ့ကိုဆဲဆိုကုန်မှာ”


“ဒါဆိုလည်း ကိုယ်အဆင်ပြေသလိုသွားလေ” ရှဲ့ယီနန် အကြံပေးလိုက်သည်။ 


“ရင်းနှီးမြှုပ်နှံသူတွေက ငါတို့ဘက်မှာရှိတယ်...သူ့မှာဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး”


နျန်ယွီယီသဘောတူညီမှုဖြင့် ခေါင်းညိတ်လိုက်သည်။ 


အတိအကျကိုပင် ဤဒါရိုက်တာက ဒုတိယအဆင့်ဇာတ်ကောင်များကိုသာ ထိန်းချုပ်နိုင်သည့် လုပ်ပိုင်ခွင့်အနည်းငယ်လေးကိုသာ ကိုင်ဆောင်ထားသည်။


လင်းချီကျင့်က သဘောတူညီစွာရင်း ရေရွတ်လိုက်ကာ ပင်ပန်းနွမ်းနယ်စွာဖြင့် တူများကိုကိုင်၍ ရှဲ့ယီကျိုး ပေးထားသည်များကို စားလိုက်သည်။ 


အတူထိုင်နေရင်း နျန်ယွီယီ၏အစားအစာများကို ဖန်ကျုံးချွမ်းကပြင်ဆင်ပေးနေပြီး နျန်ယွီယီ၏ ပန်းကန်လုံးကို ပြည့်နေစေသည်။ 


ဟော့ပေါ့စားပြီးနောက်တွင် နျန်ယွီယီသည် စိတ်ရောကိုယ်ပါပေါ့ပါးလန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။ 


ပြန်လာသည့်လမ်းတွင် နျန်ယွီယီက ဖန်ကျုံးချွမ်း၏ ကားကိုစီးလာ၏။ ရိုက်ကွင်းကိုရောက်သောအခါ ဖန်ကျုံးချွမ်းက ကားကိုလမ်းဘေးတွင်ထိုးလိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ နျန်ယွီယီကို နမ်းရန် ကိုယ်ကိုကိုင်းလာလေသည်။ 


သူ၏လုံခြုံရေးခါးပတ်ကို တင်းကြပ်စွာကိုင်ရင်း နျန်ယွီယီ ပြင်းပြသည့်ပွေ့ဖက်မှုကြား သူ့ကိုယ်သူ ပုံအပ်ထားလိုက်သည်။ 


နောက်ဆုံးတွင် နျန်ယွီယီအသက်ရှူမဝဖြစ်လာသောအခါ ဖန်ကျုံးချွမ်းက လူချင်းခွာလိုက်၍ လုံခြုံရေးခါးပတ်ကို ဖြုတ်ပေးရန် ကိုင်းလာလိုက်သည်။ 


ဖန်ကျုံးချွမ်း၏နှုတ်ခမ်းအပေါ်သို့ နူးညံ့သည့်အနမ်းလေးချန်ခဲ့ပြီးမှသာ နျန်ယွီယီသည် ကားပေါ်မှ ဆင်းလာခဲ့သည်။ 


ရှဲ့ယီကျိုးသည် ရိုက်ကွင်းအဝင်ဝတွင် နံရံကိုမှီ၍ ခဏလောက်စောင့်နေခဲ့ပြီး လင်းချီကျင့်နှင့် အေးအေးလူလူ စကားပြောနေရင်း လမ်းဘေးရှိ အနက်ရောင်Porscheကားတစ်စီးကို ရံဖန်ရံခါလှမ်းကြည့်နေတတ်သည်။ 


“မလာသေးဘူးလား” လင်းချီကျင့်က သူ့အကြည့်များနောက်သို့ လိုက်ကြည့်လာ၍ မေးလာသည်။ 


“လာပါပြီ” အဖြူရောင်ပုံရိပ်လေးက ကားထဲမှထွက်လာသောအခါ ရှဲ့ယီကျိုးက ကိုယ်ကိုမတ်၍ သူ့ဆီသို့ လျှောက်သွားလိုက်သည်။ 


“ဝမ်းကွဲအစ်ကို...ဒုတိယအစ်ကို” နျန်ယွီယီသည် ပါးများနီရဲနေရင်း သူတို့ဆီသို့ချဥ်းကပ်လာသည်။ 


“ဝင်ကြရအောင်” ရှဲ့ယီကျိုးသည် ဘာကြောင့် နျန်ယွီယီကိုလာမကြိုရသည့်အပေါ် မှတ်ချက်မပေးဘဲ နေလိုက်သည်။ 


နျန်ယွီယီက ဖန်ကျုံးချွမ်းထွက်မသွားသေးသည်ကိုသတိထားမိသောကြောင့် ရှိနေဆဲဖြစ်သည့်ကားကို လှမ်းကြည့်လိုက်သည်။


“ကြည့်မနေနဲ့တော့” ရှဲ့ယီကျိုးက သက်ပြင်းချ၍ နျန်ယွီယီကိုဆွဲလိုက်သည်။ “သူကမင်းဝင်သွားမှာကို စောင့်နေတာ”


နျန်ယွီယီသည် ခဏခဏလှည့်ကြည့်၍ စိတ်မပါဘဲ အရှေ့သို့ဆက်လျှောက်လိုက်သည်။ 


ဝန်တိုမှုများက ရှဲ့ယီကျိုးကိုယ်ထဲမှ ထိုးထွက်လာသည်။ မိတ်ကပ်အခန်းထဲသို့ရောက်သည်နှင့် နျန်ယွီယီ၏ ပါးကိုညှစ်၍ ပြောလိုက်သည်။ 


“ငါတို့တောင်လက်မထပ်ရသေးဘူး...ငါ့ညီလေးက တစ်ယောက်ယောက်အပိုင်တောင် ဖြစ်နေပြီ”


နျန်ယွီယီ၏ပါးများမှာ ရှဲ့ယီကျိုး၏ ဖျစ်ညှစ်ခြင်းခံထားရသောကြောင့် စကားလုံးများက ဗလုံးဗထွေးနှင့် ထွက်လာသည်။ “မဟုတ်ပါဘူး...”


ရှဲ့ယီကျိုးက အတင်းဖိ၍ညှစ်မထားဘဲ ခဏလောက်ညှစ်ပြီးနောက် ညင်သာစွာလွှတ်ပေးလိုက်သည်။ “မိတ်ကပ်ပြင်တော့...ပြီးရင် ငါတို့နှစ်ယောက် ညဘက်အခန်းတွေဆက်ရိုက်ရမယ်”


......


ညဘက်အခန်းနှစ်ခန်းကိုရိုက်ပြီးသွားသည့်အချိန်တွင် ဆယ်နာရီပင်ကျော်သွားပြီဖြစ်သည်။ မနက်က စောစောထခဲ့သောကြောင့် နျန်ယွီယီ ပင်ပန်းနေသည်။ ဒါရိုက်တာက “ကတ်” ဟုအော်လိုက်သည်နှင့် မနေနိုင်ဘဲ အားပါးတရသမ်းဝေလိုက်သည်။ 


ရိုက်ကူးထားသည်ကို ပြန်ကြည့်ပြီးနောက် ဒါရိုက်တာကအဖွဲ့သားများဘက်သို့လှည့်၍ ဒီနေ့အတွက် ဒီလောက်ပဲဟု ပြောလိုက်သည်။


ပြီးသွားသည့်အကြောင်းကြားလိုက်သောအခါ ရှဲ့ယီကျိုးနှင့်နျန်ယွီယီတို့သည် မိတ်ကပ်များကိုဖျက်၍ အိပ်ရာဝင်ရန် မိတ်ကပ်တဲထဲသို့ ပြန်သွားကြသည်။ 


“မအိပ်ခင် ဆံပင်ကိုရေစင်အောင်သုတ်...ရာသီဥတုကအေးလာပြီ...အအေးမမိစေနဲ့” ရှဲ့ယီကျိုး နျန်ယွီယီကို သတိပေးလိုက်သည်။ 


“အင်း” နျန်ယွီယီ အိပ်ချင်နေသည့်မျက်လုံးများကို ပွတ်၍ရေရွတ်လိုက်သည်။ 


ရိုက်ကူးရေးနေရာမှ ထွက်လာကြသောအခါ မှောင်မည်းနေပြီး မြင်ရရန်ပင်ခက်ခဲနေ၏။


ရှဲ့ယီကျိုးသည် ဖုန်းဓာတ်မီးကိုဖွင့်၍ လမ်းပေါ်သို့ မှိန်ဖျဖျလေး အလင်းရောင်လေး ကျရောက်စေလိုက်သည်။ 


ရှဲ့ယီကျိုးအနောက်သို့လိုက်ရင်း နျန်ယွီယီသည် ခြေထောက်အောက်တွင် ချောကျိကျိတစ်ခုခုကို ခံစားမိလိုက်သည်။ သူတက်နင်းလိုက်ချိန်တွင် ၎င်းက သူ့ခြေထောက်ကို ရစ်ပတ်သွားသည့်ပုံပင်။ 


“ဘာကြီးလဲ” ရုတ်တရက် ခြေထောက်တွင် စူးခနဲနာကျင်မှုကို ခံစားလိုက်ရပြီး ပင်ကိုယ်အသိစိတ်အရ ခြေထောက်ကို မြှောက်၍ ခါချရန်ကြိုးစားလိုက်သည်။


“ဘာဖြစ်တာလဲ” ရှဲ့ယီကျိုးသည် အလင်းရောင်အား နျန်ယွီယီ၏ခြေထောက်ကို ထိုးလိုက်ရာ အနက်ရောင်ရှည်မျော‌မျောအရာတစ်ခုက လျင်မြန်စွာ လျှောတိုက်သွားသည်ကိုမြင်လိုက်ရသည်။ 


“မြွေဟ...” ရှဲ့ယီကျိုးပြောလိုက်ကာ မြွေသွားသည့်လားရာသို့ အလင်းရောင်ကျရောက်စေလိုက်သော်လည်း မြွေက ပျောက်ကွယ်သွားပြီဖြစ်သည်။ 


“အိုး...မြွေလား” နျန်ယွီယီပြောလိုက်ကာ သူ့ခြေထောက်ကိုကြည့်ပြီးနောက် မော့ကြည့်လာသည်။ “တကယ်လို့....တကယ်လို့ ကျွန်တော် မြွေအကိုက်ခံလိုက်ရတယ်ဆို...ဆိုးလားဟင်”


“နေပါဦး...ဘာဖြစ်တယ်” ရှဲ့ယီကျိုး၏မျက်နှာဖြူဖျော့သွားသည်။ “အကိုက်ခံလိုက်ရတာလား”


“ထင်တာပဲ” နျန်ယွီယီသည် စူးခနဲခံစားချက်ကို ပြန်တွေးရင်း တကယ်ကိုအကိုက်ခံလိုက်ရပြီဟု သံသယဝင်မိသည်။ 


ရှဲ့ယီကျိုး နျန်ယွီယီကို တွဲလိုက်ကာ ခြေထောက်တစ်ဖက်တည်းနှင့်ရပ်စေပြီး ကိုက်ရာကိုစစ်ဆေးရန် ထိုင်ချလိုက်သည်။ 


“ဘယ်ခြေထောက်လဲ”


နျန်ယွီယီသည် အကိုက်ခံလိုက်ရသည့်ခြေထောက်ကို မလိုက်သည်။ 


“ဘယ်နေရာအကိုက်ခံလိုက်ရတာလဲ”


နျန်ယွီယီ ခြေကျင်းဝတ်ကိုပြလိုက်၏။


ရှဲ့ယီကျိုး၏ဖုန်းမှ မှိန်ပျပျအလင်းရောင်ထဲတွင် သူ့ခြေကျင်းဝတ်၌ ခရမ်းရောင်သမ်းနေပြီး သေးငယ်သည့်ဒဏ်ရာလေးနှစ်ခုကို တွေ့လိုက်ရသည်။ 


ရှဲ့ယီကျိုး၏နှုတ်ခမ်းများမှာ တင်းတင်းစေ့သွားပြီး မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်လာသည်။ 


“အစ်ကို...”


“တိတ်တိတ်နေ” ရှဲ့ယီကျိုးသည် နျန်ယွီယီ၏ ခြေကျင်းဝတ်ကို တင်းတင်းလေးဖိကိုင်လိုက်ကာ သွေးစီးဆင်းခြင်းကို ရပ်တန့်စေပြီး အခြားလက်တစ်ဖက်ဖြင့် ဒါရိုက်တာကိုခေါ်လိုက်သည်။ 


“ဒီကိုကားတစ်စီး အမြန်လာပါ...နျန်နျန် မြွေကိုက်ခံလိုက်ရတယ်”


အလုပ်မဆင်းကြ‌သေးသည့် ရိုက်ကူးရေးအဖွဲ့သားများက မြန်မြန်လေးရောက်လာကြကာ နျန်ယွီယီအား ကားပေါ်သို့တင်၍ ဆေးရုံသို့အလျင်အမြန်ခေါ်သွားကြသည်။ 


နျန်ယွီယီမှာ ခေါင်းငိုက်စိုက်ဖြစ်နေပြီး ဖိအားများကြောင့် လက်ဖဝါးတွင် ချွေးများစို့နေသည်။ 


ကားထဲတွင် သူသည် ရှဲ့ယီကျိုး၏ တင်းကြပ်စွာအကိုင်ခံထားရသည့်ခြေကျင်းဝတ်ကိုသာ ဆက်တိုက် ကြည့်နေမိသည်။ သွေးမစီးဆင်းသောကြောင့် သူ့ခြေထောက်သည် စတင်ယောင်လာကာ ခရမ်းရောင်သမ်းလာသည်။ 


သူသေတော့မှာလား...။


ကြုံရာအတွေးတစ်ခုက နျန်ယွီယီ၏စိတ်ထဲတွင် ပေါ်လာကာ ထိုသို့အရာမျိုး ဘာကြောင့်တွေးမိကြောင်း သိချင်မိသွားသည်။ 


သူ ဖန်ကျုံးချွမ်း၊ ရှဲ့ယီကျိုး၊ ရှဲ့ယီနန်၊ ရှဲ့လို့နှင့်လင်းရီယွဲ့တို့ကိုပင် တွေးမိသည်။ သူ ဤကမ္ဘာကြီးကို အလွန်တွယ်တာမိနေခဲ့ပြီ...။


“မကြောက်နဲ့...နျန်နျန်” နျန်ယွီယီကိုနှစ်သိမ့်လိုက်ချိန်တွင် ရှဲ့ယီကျိုး၏လက်များ အနည်းငယ်တုန်ယင်သွားသည်။ “ဟိုင်မြို့ရဲ့ ပထဝီမြေအနေအထားနဲ့ဆို အဆိပ်ရှိတဲ့မြွေတွေအများကြီးမရှိဘူး”


ထိုနှစ်သိမ့်မှုက သူ့အတွက်လား၊ နျန်ယွီယီအတွက်လား သူမသိချေ။ 


ရှဲ့ယီကျိုးသည် နျန်ယွီယီထက်ပင် ပိုကြောက်နေကာ ကားမောင်းနေသူကို အရှိန်တင်ရန် တိုက်တွန်းလိုက်သည်။ 


ကားထဲသို့‌ရောက်သည်နှင့် ရှဲ့ယီကျိုးသည် ရှဲ့ယီနန်နှင့်ဖန်ကျုံးချွမ်းတို့ကို အသိပေးခဲ့သောကြောင့် နျန်ယွီယီဆေးရုံသို့‌ ရောက်ပြီးသိပ်မကြာခင်တွင် သူတို့နှစ်ယောက်အလျင်အမြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။ 


ထိုအချိန်တွင် ဆရာဝန်ကနျန်ယွီယီအား မြွေပုံစံကိုမေးနေကာ နျန်ယွီယီကတော့ ထိုင်ခုံတွင်ထိုင်နေကာ ခြေထောက်ကိုမြှောက်ထားသည်။


ရှဲ့ယီကျိုးက ပုံစံအသေးစိတ်ကိုပြောလိုက်၏။ ခဏတွေးနေပြီး ဆရာဝန်ကပြုံး၍ပြောလာသည်။ 


“စိတ်မပူပါနဲ့...ပြောပြပုံအရဆို အဆိပ်မရှိတဲ့ သာမန်ရေမြွေလေးဖြစ်မယ့်ပုံပါပဲ...ဒါပေမယ့် ကျုပ်တို့ စမ်းသပ်ပြီး အတည်ပြုပေးပါ့မယ်”


ထိုအချိန်မှသာ ထွက်သွားတုန်းက အနက်ရောင်ရှပ်အင်္ကျီကိုဝတ်ထားဆဲဖြစ်သည့် ဖန်ကျုံးချွမ်းဝင်လာသည်။ ဆေးရုံသို့ အလောတကြီးလာခဲ့သောကြောင့် ပုံမှန်သေသပ်နေသည့်ဆံပင်မှာ အနည်းငယ်ဖရိုဖရဲဖြစ်နေသည်။ 


နျန်ယွီယီသည် ဖန်ကျုံးချွမ်းအား ဤကဲ့သို့ယခင်ကမမြင်ဖူးချေ။ 


ထိတ်လန့်ကြောက်ရွံ့နေကာ အနည်းငယ်လည်းအံ့ဩနေသည်။ 


ခံစားချက်များမတုန်လှုပ်တတ်သည့်ဖန်ကျုံးချွမ်းသည် ယခုတွင်တော့ နျန်ယွီယီ၏ဒဏ်ရာကြောင့် လုံးဝ တုန်တုန်လှုပ်လှုပ်ဖြစ်နေသည်။ 


ဖန်ကျုံးချွမ်း သတိထား၍ထိုင်ချလိုက်သည်။


“အဆင်ပြေပါတယ်...ရလဒ်တွေမကြာခင်ထွက်လာမှာပါ” 


နားသယ်စပ်တွင် ဖြူစပြုနေသည့် ဆရာဝန်ကြီးက ဖန်ကျုံးချွမ်းနှင့်နျန်ယွီယီတို့ကို မမှတ်မိဘဲ အခြားလူနာများကဲ့သို့ နှစ်သိမ့်ပေးနေသည်။


 â€œá€•ဟ္ဏပဟပုလဥရဆို အန္တရာယ်မရှိတဲ့မြွေပဲဖြစ်မှာပါ”


သို့သော်လည်း ဖန်ကျုံးချွမ်း၏နှလုံးသားမှာတော့ မငြိမ်သက်သေးချေ။ သူ အသံဩဩဖြင့် မေးလိုက်သည်။ “ရလဒ်က ဘယ်လောက်ကြာမှာလဲ”


“သိပ်မကြာပါဘူး...မြွေကိုက်ရာကိုတော့သေချာကုထားပေးပါတယ်” ဆရာဝန်က ကွန်ပျူတာကိုကြည့်လိုက်သည်။ “တကယ်လို့ အဆိပ်မရှိဘူးဆို...အရောင်အရမ်းသက်သာစေတဲ့ ဆေးတွေပေးလိုက်ပြီးရင် အိမ်ပြန်လို့ရပါပြီ”


နျန်ယွီယီ ဖန်ကျုံးချွမ်း၏ အင်္ကျီလက်စကိုဆွဲကာ အကြည့်ချင်းဆုံလိုက်သည်။ 


ဖန်ကျုံးချွမ်းသည် ထိုင်ခုံကိုဆွဲလိုက်၍ နျန်ယွီယီဘေးတွင်ထိုင်လိုက်ကာ လူအား ရင်ခွင်ထဲသို့ ထည့်လိုက်သည်။ 


ရှဲ့ယီကျိုးဆီမှ သတင်းကြားလိုက်ရချိန်တွင် မည်သို့ခံစားခဲ့ရကြောင်း ပြန်မတွေးဘဲ မနေနိုင်လိုက်ချေ။ 


စိတ်ထဲတွင် ဗလာကျင်းနေကာ ရုံးခန်းမှသည်ဆေးရုံသို့ အ‌လောတကြီးရောက်လာခဲ့ပြီး မီးပွိုင့်များစွာကိုလည်း ဖြတ်ကာ တစ်နာရီခွဲခရီးအား နာရီဝက်တည်းနှင့် ရောက်လာခဲ့သည်။ 


“ကျွန်တော်အဆင်ပြေပါတယ်” နျန်ယွီယီ၏နှုတ်ခမ်းမှာ အနည်းငယ်ဖြူဖျော့နေပြီး သူ့လက်များကို ဖန်ကျုံးချွမ်း၏လက်ထဲသို့ ထည့်လိုက်သည်။ 


“ဒီကို သည်လောက်အမြန်ကြီးရောက်လာတာ...လမ်းမှာ အမြန်မောင်းလာခဲ့တာလား”


ဖန်ကျုံးချွမ်းတိတ်ဆိတ်နေသော်လည်း ပွေ့ဖက်မှုကတော့ တင်းကြပ်သွားသည်။ 


သူကြောက်နေသေးမှန်းသိသောကြောင့် နျန်ယွီယီသည်သူ့အား ယာဥ်စည်းကမ်းများကို မလိုက်နာသောကြောင့် မန်မဲလိုက်သည်။ 


“မဟုတ်ရင် မနက်ဖြန်ကျ လျှပ်စစ်ဆိုင်းဘုတ်ပေါ်မှာ အစ်ကို့ရဲ့မျက်နှာချောချောကြီးနဲ့ ‘မီးနီဖြတ်မောင်းသူ’ ဆိုပြီး ရှိနေလိမ့်မယ်” နျန်ယွီယီရယ်လိုက်သည်။ “အဲ့အခါကျ အစ်ကို့ကုမ္ပဏီရဲ့ ပီအာရ်ဌာနက အချိန်ပိုအလုပ်ဆင်းနေရလိမ့်မယ်”


ရှဲ့ယီကျိုး မနေနိုင်ဘဲ ရယ်လိုက်သည်။ 


သို့သော်လည်း ဖန်ကျုံးချွမ်းက တိတ်ဆိတ်နေဆဲဖြစ်သောကြောင့် နျန်ယွီယီကို စိုးရိမ်လာစေသည်။ 


လျင်မြန်စွာဖြင့် သူနာပြုတစ်‌ယောက်က လက်ထဲတွင် စာရွက်တစ်ရွက်ကိုင်၍ အခန်းထဲသို့ ဝင်လာသည်ကို သူမြင်လိုက်သည်။ 


“ရလဒ်တွေထွက်လာပြီ” နျန်ယွီယီ ပြောလိုက်သော်လည်း ဖန်ကျုံးချွမ်းက ချက်ချင်းသူနာပြုဆီသို့ ချဥ်းကပ်သွားလေသည်။ 


“သူအဆင်ပြေရဲ့လား”


ဤတည်ကြည်ပြီးချောမောသည့်အမျိုးသား၏ ရုတ်တရက်ချဥ်းကပ်လာခြင်းကြောင့် သူနာပြုလေးမှာ မှင်သက်သွားပြီး နေရာတွင်သာရပ်၍ သူ့ကိုစိုက်ကြည့်နေမိ၏။


ဖန်ကျုံးချွမ်း မျက်မှောင်ကြုတ်၍ မေးခွန်းထပ်မေးလိုက်သည်။ 


“အာ...” သူနာပြုလေးက သူ့အား စစ်ဆေးမှုရလဒ်များကို လျင်မြန်စွာကမ်းပေးလိုက်သည်။ “‌သွေးထဲမှာ အဆိပ်မရှိပါဘူး...သူအဆင်ပြေပါတယ်”


ဖန်ကျုံးချွမ်းသည် ရလဒ်အား အကြိမ်များစွာ တိတိကျကျစစ်ဆေးလိုက်၏။


ရှဲ့ယီကျိုးလည်း ကိုယ်ကိုကိုင်း၍ ရလဒ်များကိုကြည့်လိုက်သည်။ အဆိပ်မတွေ့ရသည်ကို တွေ့သောအခါ လမ်းတွင် ရှိနေသေးသည့် ရှဲ့ယီနန်ကိုဆက်သွယ်၍ ဖြည်းဖြည်းမောင်းလာရန် ပြောလိုက်သည်။ 


ပို၍အရေးကြီးသည်က မီးနီကိုဖြတ်မောင်းမိလျှင် ထိုမှတ်တမ်းက စခရင်ကြီးများပေါ်တွင် ပြသခံရမည်ဖြစ်ပြီး ရှဲ့မိသားစုအတွက် အရှက်တကွဲဖြစ်နိုင်လိမ့်မည်။ 


စစ်ဆေးချက်ရလဒ်က ဖန်ကျုံးချွမ်း၊ ရှဲ့ယီကျိုးနှင့် နျန်ယွီယီတို့ကို ဖြတ်ပြီးမှ ဆရာဝန်ဆီသို့ ရောက်လာသည်။ 


“အာ...မင်းတို့အားလုံးက သူငယ်ချင်းတွေလား” ဆရာဝန်က ရလဒ်ကိုကိုင်ထားသော်လည်း မစစ်ဆေးသေးဘဲ စာကြည့်မျက်မှန်ကိုပင့်တင်ကာ ပြောလာသည်။ 


“ဒီလိုခိုင်ခံ့တဲ့ သူငယ်ချင်းသံယောဇဥ်တွေက သည်နေ့ခေတ်မှာ ရှားနေပြီ”


“မဟုတ်ပါဘူး...ကျွန်တော်က သူ့အစ်ကိုပါ” ရှဲ့ယီကျိုး ပြောလိုက်သည်။ 


ဆရာဝန် ပြန်ပြောလာ၏။ “အာ...မင်းရဲ့မိသားစုမှာ မျိုးဗီဇကောင်းတွေရှိတာပဲ....သည်တော့ အနောက်က လူကြီးလူကောင်းက လူနာရဲ့ဝမ်းကွဲလား”


ဆရာဝန်၏ “အနောက်မှလူကြီးလူကောင်း” ဟု အခေါ်ခံလိုက်ရသည့် ဖန်ကျုံးချွမ်းမှာ မျက်နှာမည်းမှောင်သွားသည်။ “သူ့ကောင်လေး”


“အိုး?”


“ကောင်လေး” ဖန်ကျုံးချွမ်း ဖိ၍ပြောလိုက်သည်။ “လက်ထပ်ဖို့ရည်ရွယ်ထားတာမျိုး”


အမြင်မကျယ်သေးသည့်ဆရာဝန်သည် ခဏရပ်သွားပြီးနောက် ပြောလာ၏။ “အဟမ်း...နှစ်ယောက်လုံး ပျော်ရွှင်စေဖို့ ဆုတောင်းပါတယ်”


စကားဝိုင်းတစ်ခုလုံးကိုကြားသွားသည့် အနားတွင် ရပ်နေသောသူနာပြုလေးကတော့ စကားပြောရန် ဆွံ့အသွားရသည်။ 


ငါဘယ်သူလဲ...ဘယ်မှာလဲ...ဘာတွေဖြစ်နေတာလဲ...။


အသက်နှစ်ဆယ်အစောပိုင်းနှင့် အလုပ်ဆင်းချိန်များတွင် ဝေ့ပေါ်ကြည့်ရသည်ကိုနှစ်သက်သည့် သူမမှာ ရှဲ့ယီကျိုးနှင့် နျန်ယွီယီကို မှတ်မိသွားသည်။


ဒါပေမယ့် သူမအခုတင်ဘာကြားလိုက်ရတာလဲ...။


အိုးမိုင်ဂေါ့...နျန်ယွီယီမှာ ကောင်လေးရှိတယ်ပေါ့...။



🫶