Chapter 79
Viewers 21k

🫶Chapter 79




နှစ်သစ်ကူးနေ့ပြီးနောက် “သူငယ်ချင်းဟောင်းများ” ၏ နောက်အပိုင်းများကို စတင်ရိုက်ကူးသောကြောင့် ဖန်ကျုံးချွမ်းနှင့် အပြင်ထွက်လည်ချင်သည့် နျန်ယွီယီ၏ ဆန္ဒမှာ အမှန်တကယ် ဖြစ်မလာခဲ့ချေ။ 


ရိုက်ကူးသည့်နေ့တွင် ဒါရိုက်တာက ချင်အန်းဗီလာသို့ ပြင်ဆင်မှုများအတွက် ရောက်လာသောအချိန်တွင် ရိုက်ကွင်းနောက်ကွယ်မှ မြင်ကွင်းများကို မှတ်တမ်းတင်တော့သည်။ 


ကင်မရာမန်း တံခါးလာခေါက်သောအခါ နျန်ယွီယီ အိပ်မှုန်စုံမွှားဖြင့် သွားတိုက်နေဆဲဖြစ်၏။ တံခါးလာဖွင့်ပေးသူမှာ အလုပ်ပြန်လုပ်နေသည့် အိမ်အကူဖြစ်သည်။ 


အိမ်အကူက ဝန်ထမ်းများစွာကို ဝင်ခွင့်ပေးလိုက်သည်။ “သခင်လေးရှဲ့နဲ့ သခင်လေးနျန်တို့ မထကြသေးပါဘူး...ကျေးဇူးပြုပြီး အထဲမှာဝင်ထိုင်ကြပါဦး”


ကင်မရာမန်းက အခန်းထဲသို့ဝင်လာကာ လှေကားမှတစ်ယောက်ယောက် ဆင်းမလာခင်အထိ နေရာတစ်ခုလုံးကို ရိုက်ကူးနေသည်။ 


အနက်ရောင်လည်ပိတ်ဆွယ်တာနှင့် အနက်ရောင်မိုးကာကုတ်ကို လက်တွင်ချိတ်ထားကာ လှေကားမှ ဩဇာအပြည့်ဖြင့် ဆင်းလာသည်။ 


ယခင်က သူနှင့်နျန်ယွီယီကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာက ရှဲ့ယီကျိုး၏တည်ရှိမှုနှင့် အသားကျနေပြီဖြစ်ကာ သူ့ကို သာမန်ပင်နှုတ်ဆက်လာသည်။


“သခင်လေးရှဲ့...စားပွဲပေါ်မှာ မနက်စာရပါပြီနော်”


“ကောင်းပြီ” အချိန်ကိုကြည့်ပြီးနောက် ရှဲ့ယီကျိုးက မော့ကြည့်၍ ကင်မရာမန်း၏သိချင်စိတ်များဖြင့် ပြည့်နေ‌သော အကြည့်များနှင့်ဆုံစေကာ စကားပြောရန်အချက်ပြလိုက်သည်။ 


ကင်မရာမန်းက လည်ချောင်းရှင်း၍ မေးလာ၏။ “နျန်ယွီယီနဲ့အတူနေတာလား”


“မနေဘူး...ကျွန်တော်က သည်မှာ ညဘက်နည်းနည်းလောက်ပဲ တစ်ခါတလေနေတာ...ဒါက နျန်နျန်ရဲ့ အိမ်” ရှဲ့ယီကျိုးသည် ထမင်းစားပွဲတွင် လည်သာဘောင်းဘီဝတ်ထားသည့်ခြေထောက်များကို ချိတ်ထိုင်ရင်း‌ ပြောလိုက်သည်။ 


နျန်ယွီယီဘာကြောင့်ဆင်းမလာသေးကြောင်း ကင်မရာမန်းမေးတော့မည့်အချိန်တွင် လှေကားများခြေသံများ ထွက်လာသည်ကို ကြားလိုက်ရသည်။ 


မျက်လုံးများ တဝက်မှေးနေဆဲဖြစ်သည့် နျန်ယွီယီသည် ကင်မရာများကိုမြင်သောအခါ ရိုက်ကူးရေးအဖွဲ့သားများ ရောက်နေသည်ကို သဘောပေါက်သွားပြီး အပြည့်အဝနိုးရန် မျက်လုံးများကိုပွတ်လိုက်သည်။ 


ရှဲ့ယီကျိုးနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ပြီး သူ့ဆီသို့တိုးလာပေးသည့် နွားနို့ခွက်ကိုပြန်ငြင်းလိုက်ရင်း ပြောလိုက်သည်။ “တော်ပါပြီ...အဲ့ဒါသောက်ပြီးရင် ကျွန်တော်ကားပေါ်မှာ နေလို့မကောင်းဘဲနေလိမ့်မယ်”


သောက်ပြီးနောက် အနည်းငယ်နေထိုင်မကောင်းသောကြောင့် သူနွားနို့ကိုမကြိုက်ချေ။


အထူးသဖြင့် ကားစီးလျှင် နွားနို့၏စွဲနေသည့်အရသာက သူ့ကိုမူးဝေစေလိမ့်မည်။ 


ရှဲ့ယီကျိုး နွားနို့ခွက်ကိုယူလိုက်ကာ တစ်ကျိုက်တည်းသောက်ချလိုက်သည်။ 


ကင်မရာမန်းက ဤအခိုက်အတန့်လေးကို မှတ်တမ်းတင်လိုက်သည်။ ထိုမြင်ကွင်းက အိမ်တွင် သူ့သားမကုန်သည့် အကျန်များကို စားပေးရသည့် သူ့ကိုယ်သူပြန်သတိရစေ၏။ 


မနက်စာစားပြီးနောက် နျန်ယွီယီ အပေါ်ထပ်သို့ ထုပ်ပိုးပေးရန် သွားလိုက်သည်။ ထို့နောက် အပြင်ထွက်ရန်တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ရှဲ့ယီကျိုးရောက်နေသည်ကို တွေ့လိုက်ရသည်။ 


ရှဲ့ယီကျိုး၏ဘေးတွင် သူ၏အနက်ရောင်ခရီးဆောင်အိတ်ရှိနေ၏။ လက်တစ်ဖက်ကို ကုတ်အင်္ကျီထဲသို့ ထည့်ထား၍ နျန်ယွီယီထွက်လာသောအခါ အားနေသည့်လက်ဖြင့် သူ၏ခရီးဆောင်အိတ်ကို လှမ်းယူလိုက်သည်။ 


ကင်မရာမန်းက ရှဲ့ယီကျိုး၏ ခရီးဆောင်အိတ်နှစ်အိတ်အား အေးဆေးကိုင်၍ လှေကားမှ ဆင်းသွားသည်ကို ရိုက်ကူးလိုက်ပြီး နျန်ယွီယီအပေါ် ချစ်မြတ်နိုးသည့်သဘာဝကို ရိုက်ပြလိုက်သည်။ 


ရိုက်ကူးရေးအဖွဲ့သားများ၏ ကားက ဗီလာအပြင်ဘက်တွင်ရပ်ထားသည်။ နျန်ယွီယီသည် ရှဲ့ယီကျိုး၏ ဦးထုပ်နှင့် မာဖလာများ ဝတ်ဆင်ပေးခြင်းခံလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ တစ်ဖက်အိမ်တွင် ထွက်ခွာရန်အဆင်သင့်ပြင်နေသည့် ဖန်ကျုံးချွမ်းကို တွေ့လိုက်ရသည်။ 


နျန်ယွီယီသည် သံခြံတံခါးကိုမှီ၍ ဖန်ကျုံးချွမ်းကိုခေါ်လိုက်၏။ “ကုမ္ပဏီကိုသွားတော့မလို့လား”


နှုတ်ခမ်းများတင်းတင်းစေ့နေသည့်အမူအရာဖြင့် ဖန်ကျုံးချွမ်းသည် ထိုစကားကိုကြားသောအခါ နူးညံ့သည့် အပြုံးလေးတစ်ခုဖြစ်ပေါ်လာပြီး ခြံစည်းရိုးနားသို့ တိုးကပ်လာလေသည်။ 


သူတို့နှစ်ယောက်က ခြံစည်းရိုးနှစ်ခုနှင့် တစ်မီတာလောက်ကျယ်သည့် မြေနေရာလေးခြားနေလျက် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ နျန်ယွီယီမျက်လုံးများက ‌တောက်ပလာကာ မှတ်တမ်းတင်ခံရမည်ကို စိုးသောကြောင့် စကားလုံးများကို ထိန်းထား၏။


လျင်မြန်စွာဖြင့် ဖုန်းတွင်စာရိုက်လိုက်ပြီးနောက် ဖန်ကျုံးချွမ်းကို စစ်ကြည့်ရန် လှမ်း၍ဝှေ့ယမ်းပြလိုက်သည်။ 


......တာ့တာ...တရားဝင်ကောင်လေး...ငါးရက်နေရင်တွေ့ကြမယ်...။


ဖန်ကျုံးချွမ်း၏မျက်လုံးများက “တရားဝင်” ဆိုသည့် စကားလုံးများအပေါ်တွင် ရစ်ဝဲနေပြီး နှုတ်ခမ်းများ ကွေးတွန့်သွားကာ ဖျော့တော့သည့်အပြုံးလေးဖြစ်ပေါ်လာသည်။ နျန်ယွီယီ၏ ပျော်ရွှင်နေသည့်မျက်နှာလေးကို မြင်လိုက်ရခြင်းက သူ့နှလုံးသားကိုအရည်ပျော်စေသည်။ 


ကြာကြာမနေချင်သောကြောင့် စာများကိုပို့ပြီးသိပ်မကြာခင်တွင် နျန်ယွီယီ ကားထဲသို့ စိတ်မပါ့တပါဖြင့် ဝင်သွားတော့သည်။ 


သူတက်သွားပြီးသိပ်မကြာခင်တွင် ကားကစတင်ထွက်ခွာ၏။


နောက်ကြည့်မှန်မှတစ်ဆင့် တံခါးနားတွင်ရပ်၍ သူ့ကိုကြည့်နေဆဲဖြစ်သည့် ဖန်ကျုံးချွမ်းကို မြင်နေရသည်။ နှုတ်ခမ်းများကိုကိုက်၍ မခွဲချင်သည့်ခံစားချက်များက ပို၍ပြင်းထန်လာတော့သည်။ 


သူက ဖန်ကျုံးချွမ်းကိုပို၍မြင်နိုင်ရန် ပြတင်းပေါက်ကိုပင်ချရန်ပြင်လိုက်သော်လည်း ရှဲ့ယီကျိုးက သူ့ကို အချိန်မီတားလိုက်သည်။ 


“ငါးရက်တည်းကို” ရှဲ့ယီကျိုး နျန်ယွီယီ၏လက်ကောက်ဝတ်ကိုကိုင်၍ ပြောလိုက်သည်။ “လိမ္မာလေ...မသိလိုက်ခင်မှာတင် ပြန်ရောက်လာလိမ့်မယ်” 


နျန်ယွီယီ မှုန်သုန်နေသည့်မျက်နှာအမူအရာဖြင့် မေးပင့်လာသည်။ “အလုပ်လုပ်နေရတဲ့ ဘဝက ခက်ခဲလိုက်တာ”


......


တစ်ထပ်အိမ်လေးသို့ ရောက်လာပြီးနောက် နျန်ယွီယီနှင့်ရှဲ့ယီကျိုးတို့နှစ်ယောက် သူတို့၏ ခရီးဆောင်အိတ်များကို ဆွဲလာ၍ ရင်းနှီးနေသည့်ရိုက်ကူးရေးပစ္စည်းများ၊ ဒါရိုက်တာ၏တဲနှင့် လျိုထျန်းချမ်ကဲ့သို့ လူများ စကားပြောနေသည်ကို တွေ့ရန် တံခါးဖွင့်၍ဝင်လာလိုက်၏။


“နျန်နျန်ရောက်လာပြီ” ကျွမ်းရုံကနေကြာစေ့အခွံများကို သပ်ချလိုက်ပြီးနောက် ကျော့ရှင်းစွာ ထရပ်လိုက်သည်။ 


“မတွေ့ရတာကြာပြီ” လောပင်းက စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်လာသည်။ အားလုံးအားကြည့်ပြီးနောက် သူ့အကြည့်က နျန်ယွီယီအပေါ်သို့ ကျရောက်သွားသည်။ 


“သည်တော့ မင်းနဲ့ရှဲ့ယီကျိုးနဲ့က တကယ်ပဲညီအစ်ကိုတွေပေါ့...ကံကြမ္မာလား ဘာလားပဲ”


“ငါလည်း ထင်မှတ်မထားမိဘူး...အထူးသဖြင့် အဲ့သတင်းကြီးထွက်လာတဲ့အချိန်မှာပဲ” ဝေးလံသည့် သစ်တောထဲတွင် ရိုက်ကူးနေသည့် လျိုထျန်းချမ်လည်း အံ့ဩမှုများကိုဖော်ပြလာသည်။ “တစ်သီးတခြားနေတတ်တဲ့ ရှဲ့ယီကျိုးက နျန်နျန်ရဲ့ အစ်ကိုအရင်းဖြစ်နေမယ်လို့ ဘယ်သူကထင်မိမှာလဲ”


ရှဲ့ယီကျိုး၏မျက်နှာ မှောင်မိုက်သွား၏။


ဖိအားများကို လျှော့ချရန်အတွက် ကျွမ်းရုံသည် ထိုနှစ်ယောက်အား အထဲသို့ခေါ်သွားလိုက်သည်။ 


ခရီးဆောင်အိတ်ကိုသယ်ရခြင်းက နျန်ယွီယီ၏လက်များကို ပေါ်သွားစေရာ အအေးဒဏ်ကြောင့် နီရဲလာစေတော့သည်။ 


တစ်ထပ်အိမ်ကလေးက နံရံတွင်မီးဖိုဖြင့်အပူပေးထားသောကြောင့် နေရာတစ်ခုလုံးကို နွေးထွေးနေစေသည်။ 


ခဏလောက်ထိုင်ပြီးနောက် နျန်ယွီယီလုံလုံလောက်လောက်နွေးထွေးသလို ခံစားလာရပြီး ဦးထုပ်များနှင့် မာဖလာများကို ဖယ်၍ သူ၏ဆံပင်အထုံးလေးကို ဖော်ပြလာသည်။ ကျွမ်းရုံက ထိုအထုံးလေးကို စနောက်၍ ဆွဲလိုက်သည်။


 “နျန်နျန်က ပိုပြီးချစ်ဖို့ကောင်းလာတယ်”


သူ၏ဆံပင်အထုံးလေးကိုအစခံရပြီး ချစ်စဖွယ်ကောင်းခြင်းကြောင့် ချီးကျူးခံရခြင်းက ယောက်ျားအများစု မကြိုက်နှစ်သက်သည့် ဆက်ဆံပုံဖြစ်ရာ နျန်ယွီယီဒေါသဖြင့် နှုတ်ခမ်းစူလိုက်သည်။ 


ရှဲ့ယီကျိုးလည်း နျန်ယွီယီ “အနိုင်ကျင့်” ခံနေရသည်ကို မခံနိုင်တော့ပေ။ “အစ်မကျွမ်းရုံ”


“ဟုတ်ပါပြီ...ဟုတ်ပါပြီ...မင်းကအရင်ကတည်းက နျန်နျန်ကို အကာအကွယ်ကြီးခဲ့တာ...ဒါပေမယ့် အခုတော့ ပိုဆိုးနေပြီ” ကျွမ်းရုံက နျန်ယွီယီ၏ဆံပင်အထုံးလေးကိုလွှတ်ကာ အခြားမေးခွန်းများ မေးလိုက်လေသည်။ 


......


ညဘက်အနားယူပြီးနောက် ‌နောက်တစ်နေ့အတွက် ဧည့်သည်များကို လက်ခံကြသည်။ 


မနက်သို့ရောက်သောအခါ နျန်ယွီယီသည် အပြင်ဘက်ရှိ ကျဆင်းနေသည့်နှင်းပွင့်များကို ကြည့်ရင်း နိုးလာခဲ့သည်။ အိပ်ရာထဲတွင်ထိုင်၍ သူ့စောင်ထဲမှနွေးထွေးမှုကို မခွဲခွာချင်ဖြစ်နေမိသည်။ 


နောက်ဆုံးတွင် ရှဲ့ယီကျိုး သူနှင့်အတူစောင်များကိုပါရောချီလိုက်ပြီ မျက်နှာသစ်ရန် ရေချိုးခန်းသို့ခေါ်သွားလိုက်သည်။ 


တစ်ထပ်အိမ်လေးကို ရိုက်ကူးရန်အတွက် အဖွဲ့သားများကကြိုတင်ရှင်းလင်းထားသည်။ နျန်ယွီယီသည် မီးဖိုခန်းထဲမှ ကန့်သတ်ထားသည့်ပါဝင်ပစ္စည်းများကို ကြည့်လိုက်ပြီးနောက် အပြင်ဘက်မှနှင်းခဲထုများကို မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။ 


“နှင်းကျတဲ့နေ့တွေမှာ ငါတို့တွေ အထဲမှာပဲနေပြီး တီဗီကြည့်တာ ဒါမှမဟုတ် ဂိမ်းကစားတာတွေ လုပ်သင့်တယ်” လောပင်းက တံစက်မြိတ်အောက်တွင် မှီနေရင်း ပြောလာသည်။ သူက စီးကရက်ကိုထုတ်လိုက်သော်လည်း မီးမညှိနိုင်ခင်မှာပင် ကျွမ်းရုံကလှမ်းယူလိုက်သည်။ 


“ငါ့ယောက်မက နင့်ကိုသေချာစောင့်ကြည့်ခိုင်းထားတယ်” ကျွမ်းရုံပြောလိုက်ကာ စီးကရက်ကို တစ်ဝက်ချိုး၍ အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။ 


“သည်အကြောင်းကိုပြန်ရောက်တဲ့အခါ သူမကိုပြန်ရှင်းပြလိုက်”


 မကျေမနပ်ဖြစ်နေသည့် လောပင်းက လျိုထျန်းချမ်နှင့် စနောက်ရန်ထွက်သွား၏။


နေ့လည်ဘက်သို့ နီးကပ်လာသောအခါ ကျွမ်းရုံသည် ဧည့်သည်များရောက်ရှိလာကြောင်း အသိပေးချက် လက်ခံရရှိလိုက်သည်။ 


ဖုန်းဖြေလိုက်ပြီးနောက် နျန်ယွီယီသည် ပြောနေသူကိုမခွဲခြားနိုင်လောက်အောင် ပြင်ဆင်ထားသည့်အသံကိုကြားလိုက်ရသည်။ 


“ဘယ်သူဖြစ်နိုင်မလဲ” လောပင်းမခန့်မှန်းနိုင်ဘဲ တွေးတောလိုက်သည်။ 


“ဒါရိုက်တာဝမ်နဲ့ အသံတူသလိုပဲ” လျိုထျန်းချမ်ခန့်မှန်းလိုက်၏။


ဒါရိုက်တာဝမ်သည် လတ်တလောတွင် နျန်ယွီယီနှင့်အတူ “ဧကရာဇ်ကျိုးယန်” ကို ရိုက်ကူးပြီးစီးထားခဲ့သည်။ 


နေ့လည်စာစားပြီးသိပ်မကြာခင်တွင် နျန်ယွီယီသည် ဒါရိုက်တာက ပြုံးတုံ့တုံ့ဖြင့် ခြံထဲသို့ဝင်လာကာ လျိုထျန်းချမ်နှင့် ဖက်၍နှုတ်ဆက်နေသည်ကိုတွေ့လိုက်ရသည်။ 


လောပင်းကတော့ နျန်ယွီယီနှင့်ရှဲ့ယီကျိုးတို့ရှိရာသို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ ရောက်လာကာ ဒါရိုက်တာဝမ်အား စက်ဆုပ်မှုများဖြင့် ကြည့်နေ၏။


သူနှင့်လျိုထျန်းချမ်တို့နှစ်ယောက်လုံးက မိသားစုကိုချစ်ကြသည့်အမျိုးသားများဖြစ်ကြပြီး သူတို့၏ဇနီးများကိုလည်း နက်နက်ရှိုင်းရှိုင်းချစ်ကြသည့်သူများဖြစ်ကြသည်။ 


ထို့ကြောင့် ဒါရိုက်တာဝမ်ကဲ့သို့ မိန်းမရှုပ်တတ်သည့်စရိုက်ရှိသောသူမျိုးကို လေးစားမှုမရှိကြချေ။ 


မျှော်လင့်ထားသည့်အတိုင်း ဒါရိုက်တာဝမ်က လျိုထျန်းချမ်ကိုဖက်ပြီးနောက် မျှော်လင့်တကြီးဖြင့် လက်အချင်းချင်းပွတ်၍ တူညီစွာပွေ့ဖက်ရန် ကျွမ်းရုံကိုပစ်မှတ်ထားလာသည်။ သို့သော် သူမဆီသို့ မရောက်ခင်မှာတင် လျိုထျန်းချမ်၏ ပြန်ဆွဲခြင်းခံလိုက်ရသည်။


“ခင်ဗျားပဲလား” လျိုထျန်းချမ် သိသိသာသာ စိတ်ပျက်နေသော်လည်း မျက်နှာတွင်ဝမ်းသာနေသည့်အမူအရာကို ထိန်းထားကာ ဒါရိုက်တာဝမ်ကို ဆွဲထား၏။


ကျွမ်းရုံကိုပွေ့ဖက်ရန် အခွင့်အရေးဆုံးရှုံးသွားသောကြောင့် နောင်တရနေသည့်အရိပ်အယောင်များက ဒါရိုက်တာဝမ်၏မျက်နှာအပေါ် ဖြတ်ပြေးသွားသော်လည်း အပြုံးနှင့်ချက်ချင်းဖုံးကွယ်လိုက်သည်။


 “မဟုတ်ဘူး...ရှောင်နျန်လည်း အတူပါလာတယ်”


“အစ်မရှန့်ရောမလာဘူးလား” နျန်ယွီယီမေးလိုက်သည်။ 


“နျန်ကျီမှာ အချိန်စာရင်းတွေအရမ်းကြပ်နေလို့ မလာနိုင်လိုက်ဘူး”


ခြံဝန်းတံခါးက နောက်တစ်ကြိမ်ပွင့်သွားသောကြောင့် နျန်ယွီယီသည်‌ ခေါင်းလှည့်၍ကြည့်လိုက်ရာ ကျိရှောင်နျန်က အဝါရောင်ဂျက်ကက်အတို၊ ဝါညိုရောင်စကတ်လေးဝတ်ဆင်ထား၍ ဝင်လာသည်ကို တွေ့လိုက်၏။


“ရှောင်နျန်‌‌ရောက်လာပြီ” ဒါရိုက်တာဝမ်က လျိုထျန်းချမ်နှင့်မိတ်ဆက်‌ပေးလိုက်သည်။ 


“ဒါက ကျိရှောင်နျန်...သူမက လတ်တ‌လော အထင်ကြီးစရာကောင်းတဲ့ကြည့်ရှုသူအရေအတွက်နဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ ပါထားခဲ့တာ...တကယ်ကိုအလားအလာကောင်းတဲ့အရည်အချင်းတွေရှိတယ်”


သူမအား အလွန်အကျူးမြှောက်ပင့်နေမှန်းသိသာလှသည်။ 


လျိုထျန်းချမ်က ကျိရှောင်နျန်အား သာမန်မျှသာနှုတ်ဆက်လိုက်ကာ ကျွမ်းရုံကတော့ အထဲသို့ဝင်၍ စကားဆက်ပြောကြရန် အကြံပြုလာ၏။


လေးယောက်သားအိမ်ထဲသို့ တစ်ယောက်ချင်းစီဝင်သွားကြပြီး နျန်ယွီယီ၊ ရှဲ့ယီကျိုးနှင့် လောပင်းတို့သာ ခြံထဲတွင် ကျန်ခဲ့သည်။ 


ဒါရိုက်တာဝမ်ကို မတွေ့တော့မှသာ လောပင်းက နျန်ယွီယီနှင့်ရှဲ့ယီကျိုးတို့အနောက်မှနေ၍ မီးဖိုခန်းထဲသို့ လိုက်လာခဲ့သည်။ 


ဒါရိုက်တာဝမ်နှင့်ကျိရှောင်နျန်တို့က ယခုလေးတင်မှရောက်လာကာ မစားရ‌သေးသည်ကိုတွေး၍ နျန်ယွီယီသည် ကြက်သွန်ဆီချက်ခေါက်ဆွဲလုပ်ရန်ဆုံးဖြတ်လိုက်သည်။ 


အိမ်အနောက်တွင် ကြက်သွန်မြိတ်အပင်ပေါက်လေးများပေါက်နေကြသည်။ နျန်ယွီယီသည် မိုးတွင်းစီး ဘွတ်ဖိနပ်များကိုပြောင်းစီးကာ ကြက်သွန်မြိတ်အချို့ခူးရန်ထွက်လာခဲ့၏။


အိမ်၏ဧည့်ခန်းထဲတွင်ထိုင်နေသည့် ကျိရှောင်နျန်သည် နျန်ယွီယီတစ်ယောက်တည်းထွက်သွားသည်ကို သတိထားမိလိုက်ပြီး အနည်းငယ်အားနာသောကြောင့် ထရပ်လိုက်သည်။ 


“တောင်းပန်ပါတယ်...ကျွန်မ နည်းနည်းကားမူးလာလို့...အပြင်ကိုလေကောင်းလေသန့်လေး ထွက်ရှူလိုက်ဦးမယ်”


“ရေယူလာပေးရမလား” ကျွမ်းရုံပြောလိုက်ကာ သူမကိုအဖော်ပြုပေးရန်ပြင်လိုက်သည်။ 


“ရပါတယ်...တစ်ယောက်တည်းခဏလောက်နေလိုက်ရင်ရပါပြီ” ကျိရှောင်နျန်ပြန်ပြောလိုက်ကာ ကင်မရာများကိုရှောင်၍ အပြင်သို့ထွက်လာလိုက်သည်။ 


ကျောက်ခင်းလမ်းလေးအတိုင်းလိုက်သွားရင်း မကြာခင်တွင် နျန်ယွီယီသည် တစ်ခုခုကို ကုန်းကောက်လိုက်ချိန်တွင် သူ၏အဖြူရောင်ဂျက်ကတ်ဖြင့် လုံးဝထင်းထွက်နေသည်။ 


ကင်မရာများလိုက်မလာသည်ကိုသေချာအောင် နောက်တစ်ကြိမ်အတည်ပြုပြီးမှ သူ့အနောက်သို သူမဆက်လိုက်လိုက်သည်။


သူ့အနောက်တွင် ခြေသံများကြားသောအခါ နျန်ယွီယီသည် ရှဲ့ယီကျိုးဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ လှည့်မကြည့်ဘဲနှင့် သူပြောလိုက်၏။ 


“အစ်ကို...ဒီကြက်သွန်မြိတ်တွေ ပြန်ယူသွားနိုင်မလား...ကျွန်တော် ဒီည ကြော်ဖို့ ပန်းဂေါ်ဖီအချို့ ခူးလိုက်ဦးမယ်”


တုံ့ပြန်မှုမရသောအခါ နျန်ယွီယီတစ်ခုခုမှားနေကြောင်း သဘောပေါက်လိုက်သည်။ ထ၍ လှည့်ကြည့်လိုက်ရာ ကျိရှောင်နျန်က သူ့အနောက်တွင် ရပ်နေသည်ကိုတွေ့လိုက်ရသည်။ 


“သည်မှာဘာလုပ်နေတာလဲ” သူမနှင့်အတိတ်မှဖြစ်ရပ်များကို သတိရသွားသောကြောင့် ပင်ကိုယ်အသိစိတ်အရ အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ 


သူ၏တုံ့ပြန်မှုကြောင့် ကျိရှောင်နျန်၏မျက်လုံးများမှာ မယုံနိုင်မှုများဖြင့် ပြူးကျယ်သွားသည်။ 


နာကျင်နေသည့်အကြည့်ဖြင့် သူမမေးလိုက်၏။ “ကျွန်မကိုတွေ့တိုင်း ဘာလို့အနောက်ကို ဆုတ်သွားတာလဲ”


သူ၏အမှတ်တမဲ့ဖြစ်သွားသည့်အပြုအမူက သတိထားခံလိုက်ရကြောင်း သဘောပေါက်သွားပြီး နျန်ယွီယီသည် အနည်းငယ်မလေးစားရာရောက်သွားကြောင်း ခံစားလိုက်ရသောကြောင့် တောင်းပန်လိုက်သည်။


 “တောင်းပန်ပါတယ်...ငါ ဟန်ချက်ပျက်သွားလို့”


သို့သော် သူ၏တောင်းပန်ခြင်းက ကျိရှောင်နျန်အား အနည်းငယ်သာစိတ်ပြေစေလိုက်သည်။ သူက ဒေါသတကြီးနှင့် မိုက်ကိုဆွဲဖြုတ်လိုက်ကာ မြေကြီးပေါ်သို့လွှင့်ပစ်လိုက်ပြီး နျန်ယွီယီအား တိတ်တဆိတ် ကြည့်နေလိုက်သည်။ 


ကင်မရာများမရှိသည့်နေရာတွင် နှစ်ယောက်တည်း၊ အထူးသဖြင့် ယောက်ျားလေးနှင့် မိန်းကလေးအတူရှိနေခြင်းက မသင့်တော်သကဲ့သို့ခံစားရသောကြောင့် နျန်ယွီယီသည် လတ်လတ်ဆတ်ဆတ်ခူးထားသည့် ကြက်သွန်မြိတ်များကို ကိုင်ရင်း ထွက်သွားရန်ကြိုးစားလိုက်သည်။ 


သူမဘေးမှဖြတ်သွားသောအခါ ကျိရှောင်နျန်ထံမှ အေးစက်သည့်မေးခွန်းကိုကြားလိုက်ရသည်။


“ကျွန်မအပေါ် ခံစားချက်ရှိတာထက် ဖန်ကျုံးချွမ်းဆိုတဲ့တခြားယောက်ျားနဲ့အတူရှိချင်နေတာလား”


နျန်ယွီယီရပ်၍ သူမကိုမျက်နှာချင်းဆိုင်လိုက်သည်။ 


သူ့တွင်ရှိခဲ့သည့် နွေးထွေးပြီးအားနာနေသည့်အပြုံးက ချက်ချင်းပျောက်ကွယ်သွားသည်။ 


ယခုတွင် သူသည် ကျိရှောင်နျန်အား အမူအရာမဲ့နေလျက်ကြည့်လိုက်၏။ 


သူ့ကိုဆက်၍ပြောချင်သော်လည်း သူ၏အေးစက်သည့်အကြည့်များ‌အောက်တွင် သူမ မသက်မသာဖြစ်လာချိန်၌ နျန်ယွီယီက နောက်ဆုံးတွင် ပြောလာသည်။ 


သို့သော် သူ့အသံတွင် သူမတစ်ခါမှ မကြားဖူးသည့် အေးစက်မှုများ ပါဝင်နေသည်။ 


“ငါနဲ့ငါ့ကောင်လေးရဲ့ ဆက်ဆံရေးကို မေးခွန်းထုတ်ရအောင် မင်းကိုယ်မင်းဘာထင်နေလဲ”




🫶