Chapter 80
Viewers 21k

🫶Chapter 80





ကျိရှောင်နျန်သည် သူမကြားလိုက်သည့်စကားလုံးများကို ယုံနိုင်ရန်ခက်ခဲနေ၏။ နျန်ယွီယီထံမှထွက်နေသည့် အေးစိမ့်နေသည့်အငွေ့အသက်များက သူမကို ဘာပြောရမှန်းမသိဘဲ ပြောစရာစကားမဲ့သွားစေသည်။ 


နျန်ယွီယီသည် သူ့ကိုအေးစက်စွာကြည့်လိုက်ပြီး လှည့်မကြည့်ဘဲထွက်လာခဲ့သည်။ 


နျန်ယွီယီမီးဖိုခန်းထဲသို့ ဝင်‌သောအခါ စိတ်တည်ငြိမ်သွားပြီဖြစ်သည်။ သို့သော်လည်း ရှဲ့ယီကျိုးကမူ သူ့ စိတ်ထဲတွင် ကဏာမငြိမ်ဖြစ်နေမှန်း ခံစားမိသွားသည်။ 


ရှဲ့ယီကျိုးမေးလာသောအခါ နျန်ယွီယီသည် ‌အနောက်ဘက်ခြံတွင်ဖြစ်လာခဲ့သည့် အဖြစ်အပျက်အား အသေးစိတ်အချို့အထိ ပြောပြလိုက်သည်။ 


ကြားပြီးနောက် ရှဲ့ယီကျိုးမျက်မှောင်ကြုတ်လိုက်သည်။ သူ့ကိုစိတ်ပြေစေရန် နျန်ယွီယီသည် ခရမ်းချဥ်သီးတစ်လုံးကိုရေဆေး၍ လှီးလိုက်ကာ ရှဲ့ယီကျိုးကိုကျွေးလိုက်သည်။ 


“အစ်ကို...ဧကရာဇ်ကျိုးယန်လွှင့်မယ့်အချိန်အထိ ‌စောင့်ရအောင်...ကျွန်တော်တို့ ဒီဇာတ်လမ်းတွဲကို ဝင်နှောင့်ယှက်လို့ မဖြစ်ဘူး” 


ထိုစကားကိုကြားသောအခါ ရှဲ့ယီကျိုးသည်စိတ်မပါဘဲ ခရမ်းချဥ်သီးအကွင်းလေးကိုကိုက်လိုက်ကာ နျန်ယွီယီအား ကြက်သွန်မြိတ်များကူဆေး၍ ငါးစင်တီမီတာအကွာစီ လှီးပေးလိုက်သည်။ 


နျန်ယွီယီခရမ်းချဥ်သီးအကွင်းများ လှီးနေချိန်တွင် သူကပန်းကန်‌ထောင့်တွင် သကြားများကိုပုံပေးလိုက်ပြီး သကြားကြိုက်သည့်သူများအတွက် အဆင်ပြေအောင်လုပ်ပေးလိုက်သည်။ 


ခရမ်းချဥ်သီးများကို မလှီးခင် ဒယ်အိုးထဲသို့ ဆီထည့်လိုက်သည်။ ယခုတွင်တော့ အတော်အသင့်ပူနေပြီဖြစ်၏။ သူက အခြောက်ခံထားသည့်ကြက်သွန်မြိတ်များကို ထည့်လိုက်၏။ ကြွပ်ရွလာသောအခါ ဆယ်လိုက်သည်။ 


လောပင်းက ပြုတ်ထားသည့်ခေါက်ဆွဲများကို ဆယ်ထားပြီးပြီဖြစ်သည်။ နျန်ယွီယီသည် ကြက်သွန်မြိတ်ကြော်များကို ပန်းကန်ပေါ်တွင် ပြင်လိုက်ပြီးနောက် ထိုကြက်သွန်မြိတ်များကြော်ထားသည့် ဆီများလောင်းထည့်လိုက်သည်။ 


ကြက်သွန်မြိတ်ကြော်များ၏ ထူးခြားသည့်အနံ့က မီးဖိုခန်းတစ်ခုလုံးကိုပြည့်သွား၏။ 


လောပင်း နှုတ်ခမ်းများကိုသပ်လိုက်သည်။ “ငါဗိုက်ဆာလာပြန်ပြီထင်တယ်” 


“ကျွန်တော်ဆီနဲ့ အများကြီးနယ်ထားတာ...နည်းနည်းစားကြည့်ပါလား...အစ်ကိုလော”


ခေါက်ဆွဲအား ဆီနှင့်နယ်လိုက်ပြီးနောက် နျန်ယွီယီပန်းကန်လုံးကိုကိုင်ကာ ဧည့်ခန်းထဲသို့ သွားလိုက်သည်။ 


......


သုံးရက်တာရိုက်ကူးရေးက ခဏလေးနှင့်ပြီးဆုံးသွားသည်။ ကျိရှောင်နျန်တို့အား လိုက်ပို့ပြီးနောက် သူတို့ အခန်းအနည်းငယ်ဆက်ရိုက်ကြသည်။ 


အားလုံးပြီးသွားသည့်အခါ လူတိုင်းကဧည့်ခန်းထဲတွင် ထုပ်ပိုးထားသည့်ခရီးဆောင်အိတ်ကိုယ်စီဖြင့် ထိုင်နေကြ၏။ 


ကင်မရာများမရှိ‌သောကြောင့် ကျွမ်းရုံသည် သူမ၏ဒီဗာကဲ့သို့ အိုမင်းမှုမရှိသည့်အပြုအမူများ ‌ပျောက်ဆုံးသွားပြီး အပြင်ဘက်မှနှင်းများကို ငူငိုင်၍ ကြည့်နေလေသည်။ 


နျန်ယွီယီက ကျွမ်းရုံ၏ပခုံးကိုပုတ်လာမှသာ သူမ၏အကြည့်များပြတ်တောက်သွားသည်။


 â€œá€Ąá€…်မကဝွမ်း...ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော်တို့ မကြာခင်ပြန်ကြတော့မှာ...နှင်းတွေကိုအကြာကြီး စိုက်ကြည့်မနေနဲ့...မျက်လုံးအတွက်မကောင်းဘူး”


ကျွမ်းရုံသည် ပင်ပန်းနေသည့်မျက်လုံးများကို ပွတ်သပ်လိုက်ပြီး အားဖျော့စွာဖြင့် ခေါင်းညိတ်လိုက်သည်။ 


မပြန်ခင် နျန်ယွီယီသည် သူတို့သုံးယောက်အတွက်ရေထည့်ခဲ့ပြီးနောက် ရှဲ့ယီကျိုးနှင့်အတူ ခရီးဆောင်အိတ်များကိုကိုင်၍ ထွက်ခွာရန်အဆင်သင့်ပြင်လိုက်သည်။ 


***


လက်ထောက်၏ကားထဲသို့ ဝင်လိုက်ပြီးနောက် နျန်ယွီယီစောင်အောက်တွင် အနားယူတော့မည့်အချိန်၌ ဝီချက်သို့ စာတစ်စောင်ဝင်လာခဲ့သည်။ 


၎င်းက ကျွမ်းရုံ၊ လောပင်းတို့ဖြင့် ဖွဲ့ထားသည့် အုပ်စုဖွဲ့စကားပြောခန်းမှဖြစ်သည်။ 


အုပ်စုထဲတွင် ပထမဆုံးစာပို့လာသူက လောပင်းဖြစ်၏။


လောပင်း: “နောက်စီဆင်(season)ကျရင်လည်း မင်းတို့တွေ ဧည့်သည်တွေအဖြစ်ပြန်လာကြမယ်မလား”


ကျွမ်းရုံ: “နျန်ယွီယီ...နျန်နျန်ဘယ်မှာလဲ” 


နျန်ယွီယီသည် အာခေါင်များကိုစိုစွတ်စေကာ သူနှင့်တူညီစွာ ငိုက်မျဥ်းနေသည့် ရှဲ့ယီကျိုးအား စာများကို ကြည့်ရန် နှိုးလိုက်သည်။ 


“သည်တော့ နောက်စီဆင်လည်းသွားမှာလား...ဒုတိယအစ်ကို” နျန်ယွီယီ ရှဲ့ယီကျိုးအား တိုက်ရိုက်မေးလိုက်သည်။ 


သို့သော် ရှဲ့ယီကျိုးက မေးခွန်းကိုပြန်ပုတ်ထုတ်လာ၏။


“နျန်နျန်သွားမယ်ဆို ငါစဥ်းစားလိုက်မယ်”


ဆိုလိုသည်မှာ နျန်ယွီယီမပါပါက သူလည်းပါလိမ့်မည်မဟုတ်ချေ။


ရှဲ့ယီကျိုးသည် ဘယ်တုန်းကမှ ရသစုံရှိုးပွဲများကို စိတ်မဝင်စားခဲ့ချေ။ သူလာရောက်ရသည့်အဓိကအကြောင်းအရင်းက နျန်ယွီယီကို ‌ကူညီပေးရန်ဖြစ်သည်။ အထူးသဖြင့် သူတို့၏ ဆက်ဆံရေးက အရမ်းမရင်းနှီးသေးသောကြောင့် သူ့အားအခွင့်အရေးများကို တိုက်ရိုက်ပေး၍မရခဲ့ချေ။ 


ယခုတွင်တော့ နျန်ယွီယီတွင် အနုပညာအသိုင်းအဝိုင်း၌ မရေမတွက်နိုင်သော အရင်းအမြစ်များရှိနေပြီဖြစ်ပြီး ဤပင်ပန်းငြီးငွေ့စရာ ရှိုးပွဲအား ကုပ်တွယ်နေစရာမလိုတော့ချေ။ 


သို့သော် နျန်ယွီယီသည် ကျွမ်းရုံ၊လောပင်းတို့နှင့် ဆက်ဆံရေးကောင်းမှန်း ရှဲ့ယီကျိုး သတိထားမိသည်။ သူတို့ကလည်း သူ့ကိုကူညီပေးရန် အားကြိုးမာန်တက်ရှိကြ၏။ ထို့ကြောင့် နောက်ဆုံးဆုံးဖြတ်ချက်က နျန်ယွီယီအပေါ်တွင်သာ သက်ဆိုင်သည်။ 


အုပ်စုဖွဲ့စကားပြောခန်းထဲတွင် စာများပုံထပ်နေပြီး လျိုထျန်းချမ်လည်း ဝင်ပြောလာသည်။


လောပင်း: “လောင်လျို...မင်းရောဘယ်လိုလဲ”


လျိုထျန်းချမ်: “ငါအားမယ်မထင်ဘူး...ငါ့မိန်းမကကိုယ်ဝန်နဲ့ နောက်နှစ်ကိုမွေးမှာ...သူမမီးဖွားပြီးပြန်နားဖို့လည်း ရှိသေးတယ်...‌နောက်နှစ်အတွက် ပရောဂျက်အားလုံးကိုငြင်းထားပြီးပြီ”


လောပင်း: “ဟင်း...ငါ့သားလေးသွားမှတော့ ငါလည်းမပျော်တော့ဘူး”


လျိုထျန်းချမ်: “??? မင်းအဖေကို ဘယ်လိုတွေပြောနေတာလဲ”


ကျွမ်းရုံ: “...နင်တို့နှစ်ယောက်က ကလေးတွေလား”


ကျွမ်းရုံ: “သည်တော့...နျန်နျန် အိပ်ပျော်သွားပြီလား”


နျန်ယွီယီ: “၁၁၁၁၁”


လောပင်း: “ဒါတုံ့ပြန်တာမဟုတ်ဘူးလား...နျန်နျန်...ငါတို့နဲ့ သည်ရသစုံရှိုးပွဲမှာ နောက်နှစ်ရောပါဦးမှာလား”


နျန်ယွီယီ: “မပါတော့ဘူး...ကျွန်တော်နောက်နှစ် ရုပ်ရှင်ရိုက်တာကိုပဲ အာရုံစိုက်တော့မယ်...ရတဲ့နားချိန်တိုင်းကို အနားယူဖို့ပဲဆုံးဖြတ်ထားလို့ ဘယ်ရသစုံရှိုးပွဲကိုမှ ပါဖြစ်မယ်မထင်ဘူး”


ကျွမ်းရုံ: “အတူတူပဲ...သည်ရှိုးက ငါ့ကိုတကယ်ပင်ပန်းစေတယ်”


လျိုထျန်းချမ်: “လောင်ထူကျစ် (ထိပ်ပြောင်) တောင် နောက်နှစ်ကျ ဒီရှိုးကို ဆက်ရိုက်တော့မှာမဟုတ်ဘူး...အခုတောင်မှ လက်လွှတ်ပြီးနေနေတာလေ...သည်တစ်ခေါက် ခေါ်လာတဲ့ ဧည့်သည်တွေကိုပဲကြည့်ပါလား...”


လောပင်း: “ငါလည်းသိချင်မိတယ်...အသိုင်းအဝိုင်းထဲမှာရှိတဲ့လူအားလုံးက မင်းနဲ့လောင်ဝမ်ကြားထဲက ပြဿနာအကြီးကြီးကိုသိထားတာတောင် သူက သူ့ကိုဧည့်သည်အဖြစ် ဖိတ်ခေါ်လာသေးတယ်”


ကျွမ်းရုံ: “ကြေကွဲစရာပဲ”


လျိုထျန်းချမ်: “ကျွမ်းရုံ...နင့်မှာ သူများဒုက္ခရောက်တာကို ပျော်တတ်တဲ့အကျင့်တကယ်ပဲရှိတာလား...အဲ့အဖိုးကြီးက နင့်ကိုကပ်ဖို့ကြိုးစားနေတာ...ငါဝင်လိုက်လို့ တော်သေးတယ်မှတ်”


ကျွမ်းရုံ: (စာအိတ်နီ)


ကျွမ်းရုံ: “ကလေးလေးအတွက် လက်ဆောင်...ပြီးတော့ နင့်ရဲ့မိန်းမကိုလည်း မေးတယ်လို့ ပြောပေးဦး”


လောပင်း: “စွဲမက်စရာကောင်းလိုက်တာ...စာအိတ်နီကိုနှိပ်ဖို့ အရမ်းတွေ ဆွဲဆောင်ခံနေရပြီ...”


လျိုထျန်းချမ်: “ရှူး...အဲ့ဒါငါ့ကလေးအတွက်...မင်းလိုချင်ရင် မင်းဘာသာကလေးမွေးလိုက်”


လောပင်း: “ပြောရမယ်ဆိုရင် ငါမင်းကိုမပြောရ‌သေးတာရှိတယ်”


လောပင်း: (ဓာတ်ပုံ) “သည်ရိုက်ကူးရေးကိုမလာခင် ငါငါ့မိန်းမနဲ့ ဆေးစစ်တာကို လိုက်သွားခဲ့တယ်...ဖြစ်ချင်တော့ သူမက မင်းမိန်းမထက် ရက်နည်းနည်းပိုစောပြီးမွေးမှာကွ”


ကျွမ်းရုံ: “ဝါး...ဂုဏ်ပြုတယ်နော်...အမြွှာ‌လေးလား”


ငယ်ကျွမ်းဆွေလေးတွေပေါ့...


အာ...


ကျွမ်းရုံ: (စာအိတ်နီ)


လျိုထျန်းချမ်: “ငယ်ဘာဖြစ်တယ်...မဖြစ်နိုင်တာ...ငါလက်မခံဘူး” 


လောပင်း: “မျက်နှာချင်းဆိုင်ရှင်းရအောင်”


လျိုထျန်းချမ်: “လာခဲ့လေ...ဘယ်ကောင်ကိုမှမကြောက်ဘူးကွ”


လောပင်းနှင့်လျိုထျန်းချမ်တို့က အဖေများဖြစ်ကြလိမ့်မည်ဟု နျန်ယွီယီထင်မထားခဲ့ချေ။ သူက သူတို့တစ်ယောက်ချင်းစီအား 6666(ကံကောင်းသည့်ပမာဏ) ပါသည့်စာအိတ်နီတစ်ခုစီပေးလိုက်သည်။


ထို့နောက်တွင် ကျွမ်းရုံက သူ့ထံ ရုပ်ရှင်တစ်ခုအတွက် သရုပ်ဆောင်ရွေးချယ်နေသည့်အကြောင်းဖြင့် ချဥ်းကပ်လာခဲ့သည်။ 


ကျွမ်းရုံက ထိုရုပ်ရှင်သည် နိုင်ငံတကာဆုပေးပွဲများသို့ ရည်ရွယ်ထားပြီး သေးငယ်သည့်အနုပညာဆန်ဆန် ရုပ်ရှင်တစ်ခုဖြစ်သည့် ပြည်တွင်းတွင်တောင်ပြသမည်မဟုတ်ကြောင်း ပြောလာ၏။


ဇာတ်ညွှန်းနှင့်ပတ်သက်၍ နျန်ယွီယီမြင်လိုက်ရသည့် တစ်ခုတည်းသောအရာက ခေါင်းစဥ်သာဖြစ်သည်။ 


“မှောင်မိုက်နေသောလမ်းကြား”


ဇာတ်ညွှန်းကိုအကြမ်းဖျင်းဖတ်ရန် ကြိုးစားလိုက်သော်လည်း များပြားသည့်စာများက သူ့ကိုအိပ်ချင်လာအောင် စွမ်းဆောင်နေသည်။ 


လေဆိပ်တွင်သူနိုးလာချိန်မှ နျန်ယွီယီသည် လေယာဥ်ပေါ်သို့မတက်ခင် ကျွမ်းရုံအား စာအတိုလေး ပြန်လိုက်သည်။ 


ဟိုင်မြို့လေဆိပ်......။


ရှဲ့ယီကျိုးက နိုင်ငံတကာဆုပေးပွဲကိုတက်ရောက်ရန် မီသည့်လေယာဥ်အား အလျင်စလိုနှင့် တက်လိုက်သွားခဲ့သည်။ နျန်ယွီယီကတော့ တစ်ယောက်တည်း လေဆိပ်မှထွက်လာပြီးနောက် စင်္ကြံအဆုံးတွင် ပုံရိပ်တစ်ခုက နေဝင်ချိန်ကို နောက်ကျောခိုင်းထား၍ သူ့ကိုစောင့်နေသည်ကိုတွေ့လိုက်ရသည်။ 


ခရီးဆောင်အိတ်ကိုပစ်ချပြီးနောက် ပြေး၍ ဖန်ကျုံးချွမ်း၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ 


“ကျွန်တော် အရမ်းလွမ်းနေတာ” နျန်ယွီယီသည် ဖန်ကျုံးချွမ်း၏ရင်ခွင်ထဲတွင် တိုးဝှေ့နေ၍ ရေရွတ်လာသည်။ 


ဖန်ကျုံးချွမ်း၏လည်မျိုတစ်လျှောက် တံတွေးများသက်ဆင်းသွားပြီး တည့်တိုးဆန်သည့် ဝန်ခံချက်က နျန်ယွီယီအား နံရံတွင်ကပ်ကာ ပြင်းပြင်းထန်ထန်နမ်းရန် လှုံ့ဆော်နေ၏။


ထို့နောက် ပတ်ဝန်းကျင်ကိုကြည့်၍ နျန်ယွီယီကို မျက်နှာကိုကွယ်၍ ပြောလိုက်သည်။ “ဘာလို့ ဦးထုပ်ဆောင်းမထားတာလဲ”


“ကျွန်တော်မေ့သွားတာ...အခုတင်နိုးလာတာမို့လို့” 


“ကျိုးယန်ဧကရာဇ်” အပြီးသတ်သွားပြီးနောက် နျန်ယွီယီ၏ဆံပင်များမှာ သူ့နားရွက်ကိုပင် ကျော်နေပြီဖြစ်သည်။ “သူငယ်ချင်းဟောင်းများ” မရိုက်ခင် ညှပ်ပစ်ရန်ဆုံးဖြတ်ခဲ့သော်လည်း ပရိသတ်များက သူ၏ဤဆံပင်အရှည်ကို ကြိုက်နှစ်သက်ကြပြီး ပရိသတ်များအတွက် အနည်းငယ်ရှည်ထားပေးရန် ကျိုးအာ့ဟယ်က အကြံပြုလာခဲ့သည်။ 


သူ့ဆံပင်ရှည်နေပြီး လေကြောင့်မလွင့်သွားနိုင်စေရန် နျန်ယွီယီသည် ခေါင်းလေးကို မာဖလာထဲသို့ တိုးဝင်လိုက်ကာ သူ၏ဖြူဖျော့ပြီးနူးညံ့သည့်မျက်နှာလေးနှင့် အနည်းငယ်ရှည်နေသည့်ဆံပင်များကိုသာ ဖော်ပြထားသည်။ 


“ချပ်”


ကင်မရာရိုက်လိုက်သံဖျော့ဖျော့က နျန်ယွီယီ၏အာရုံကိုဆွဲဆောင်သွားခဲ့သည်။ လျင်မြန်စွာဖြင့် အသံလာရာကို လှည့်လိုက်ကြည့်ရာ အနီးနားရှိဟောင်းနွမ်းနေသည့် ကားတစ်စီး၏ပြတင်းပေါက်မှထွက်နေသည့် ကင်မရာမှန်ဘီလူးကို တွေ့လိုက်ရသည်။ 


သူတို့သတိထားခံလိုက်ရပြီးကိုသဘောပေါက်သွားသောကြောင့် ကား၏ပြတင်းပေါက်က လျင်မြန်စွာ ပိတ်သွားကာ အရှိန်တင်၍ချက်ချင်းထွက်သွားတော့သည်။ 


နျန်ယွီယီမျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ 


သည်နေ့၏ခရီးစဥ်က လျှို့ဝှက်ထားပြီး ပရိသတ်များရော၊ ‌ဈေးကွက်မြှင့်တင်ရေးများပါ မသိကြချေ။ 


နျန်ယွီယီသည် စိတ်ထဲတွင် ဖြစ်နိုင်သည့်တရားခံများကိုတွေးရင်း နောက်ဆုံးတွင် ကျိရှောင်နျန်၊ ရသစုံရှိုးအသစ်၏ ဒါရိုက်တာနှင့် သူ၏ကြော်ငြာဝန်ထမ်းတို့အပေါ်တွင် ရစ်ဝဲနေမိ၏။


ခဏလောက် တိတ်ဆိတ်နေမိရာ ဖန်ကျုံးချွမ်းက သူ၏အေးစက်နေသည့် နားသန်သီးကို ညင်သာစွာ ထိတွေ့လာမှ သတိပြန်ဝင်လာသည်။ 


“နောက်တစ်ခါဦးထုပ်ဆောင်း...နားရွက်တွေအေးနေတယ်” ဖန်ကျုံးချွမ်းသည် နျန်ယွီယီ၏မာဖလာအား နားများအထိ ဖုံးအောင်ပြင်ပေးလိုက်၏။ 


“ခုဏပုံကို ကြိုပြီးကိုင်တွယ်ထားချင်လား” ကားထဲသို့ ဝင်ပြီးနောက် ဖန်ကျုံးချွမ်းသည် စောစောကကား ထွက်သွားသည့် လားရာကိုကြည့်၍ ပြောလာ၏။


“မလိုတော့ပါဘူး” နျန်ယွီယီသည် ကားထဲမှ အဆာပြေမုန့်များကို ရှာဖွေလိုက်သည်။


 â€œá€˜á€šá€şá€œá€­á€Żá€”္န္ လူထုအမြင်ထဲမှာ ရှိနေတာပဲ...ကျွန်တော်တွဲနေတဲ့ကောင်လေးကို ဘာလို့ဖုံးကွယ်ထားရမှာလဲ”


သူက သရုပ်ဆောင်တစ်ယောက်သာဖြစ်ပြီး အိပ်မက်များကိုရောင်းစားနေသည့်အိုင်‌ဒေါတစ်ယောက်မဟုတ်ချေ။ ပရိသတ်များအပေါ် မယဥ်မကျေးလုပ်ခဲ့သည်မျိုးလည်း မရှိချေ။ 


ဖန်ကျုံးချွမ်း၏နှုတ်ခမ်းတွန့်ကွေးသွားကာ အပြုံးလေးတစ်ခုဖြစ်ပေါ်လာသည်။ 


လေဆိပ်မှချင်အန်းသို့ ပြန်မရောက်ခင်မှာတင် ဓာတ်ပုံများက အွန်လိုင်းဖိုရမ်အမျိုးမျိုးတွင် ပျံ့နှံ့နေပြီဖြစ်သည်။ 


ဆွေးနွေးမှုအများဆုံးနယ်ပယ်များကတော့ ဝေ့ပေါ်၏ “ယုန်နယ်မြေ”နှင့် Doubanတို့ဖြစ်သည်။ Doubanအုပ်စုကို မဝင်နိုင်‌သောကြောင့် နျန်ယွီယီသည် “ယုန်နယ်မြေ” သို့သာဝင်လိုက်ပြီး မှတ်ချက်များကို စစ်ဆေးလိုက်သည်။ အများစုမှာ တအံ့တဩဖြစ်နေကြ၏။ ယုတ်ညံ့သည့်မှတ်ချက်အနည်းငယ်သာရှိနေပြီး အင်တာနက်အသုံးပြုသူ အများအပြားကတော့ သူ့ကိုကာကွယ်ထားကြသည်။ 


[???]


[??????]


[????????]


[ငါအခြားလက်တွေ့ကမ္ဘာမှာနိုးထလာတာလား...]


[အမေရေ...ကျွန်မအသည်းလေးကွဲပါပြီ ဝူး...ဝူး]


[သောက်ကျိုးနည်း...နျန်ယွီယီပေါ်လာတဲ့အချိန်တိုင်း ဗုံးတစ်လုံးချလာတာပဲ...]


[ရွံဖို့ကောင်းလိုက်တာ...ငါသူ့ကိုကြိုက်ခဲ့ပေမယ့် အခုတော့သူက သောက်ကျိုးနည်း ဂေးကြီးဖြစ်နေတယ်...]


[အံ့ဩသွားခဲ့ပေမယ့် အပေါ်ထပ်ကလူရဲ့ အိုင်ဒီကို ငါမှတ်မိတယ်...သူက နျန်ယွီယီ၊ ရှဲ့ယီကျိုးနဲ့ တခြားသရုပ်ဆောင်ငယ်လေးတွေကို လိုက်ပြောနေတဲ့တစ်ယောက်ပဲ...သူတို့က ဖိုရမ်ပေါ်မှာလည်း သရုပ်ဆောင်တွေမကောင်းကြောင်းလျှောက်ပြောနေကြတာ...အဘန်းခံထားရတာမဟုတ်ဘူးလား...] 


 [နေ့တွေပြန်ရေမယ်ဆိုရင် ငါတို့ရဲ့ လိုက်ဘလိန်းနေတဲ့သူငယ်ချင်းလေးပေါ်မလာတာ ဆယ့်ငါးရက်ရှိသွားပြီပဲ...အခုတင် အဘန်းခံရပြီးလွတ်လာတာနေမှာပေါ့...နောက်ထပ်ထောင့်တစ်နေရာကို ထပ်ပို့ပေးပါရစေ...]


[အမလေး...နျန်ယွီယီက သရုပ်ဆောင်လေ...အိုင်ဒေါမှမဟုတ်တာ...ဓာတ်ပုံအရိုက်ခံရလည်း ဘာဖြစ်လဲ...]


[အခုက 2020ပဲ‌ရောက်နေပြီ...လိင်တူလက်ထပ်တဲ့ဥပဒေတွေလည်း ထွက်ပြီးနေပြီ...ဘယ်သူမှ ကျောက်ခေတ်မှာ ကျန်မနေခဲ့တာ သေချာတယ်မလား...]


[ဒါက နျန်ယွီယီရဲ့ အရင်ကပုံမဟုတ်ဘူးလား... “ကျိုးယန်ဧကရာဇ်” ရိုက်ပြီးကတည်းက မြို့ပြင်ကိုထွက်တာရှိလို့လား...]


[ငါလည်းအရင်ကပုံပဲလို့ထင်တယ်...အဲ့အချိန်က နျန်ယွီယီ ရှဲ့မိသားစုကိုပြန်ရောက်နေပြီလား...ဟိုအရင်ကလည်း သူ့ကိုချင်အန်းမှာ တွေ့တယ်ဆိုတဲ့ ကောလဟလတွေ မရှိခဲ့လို့လား...]


[အပြစ်လိုက်ပြောနေတဲ့သူတွေက ပိုက်ဆံပေးပြီး ဒါကိုလုပ်ခိုင်းခဲ့တာလား...မျက်လုံးပါတဲ့သူမှန်သမျှ နျန်ယွီယီရဲ့ လက်ရှိဆံပင်ပုံစံကိုသိကြတယ်...အနည်းဆုံးတော့ ဦးနှောက်လေးသုံးပြီး အပြစ်ပြောသင့်တယ်သိလား...]


[အမှန်အတိုင်းပြောရမယ်ဆိုရင် သူတို့နှစ်‌ယောက်က လိုက်ဖက်တယ်...နှစ်ယောက်လုံး ရုပ်ရည်ရော၊ အဆင့်အတန်းရော ရှိကြတယ်လေ...မှတ်ချက်တချို့က သည်အတိုင်း တိုက်ခိုက်နေကြတာမဟုတ်ဘူးလား...]


[ငါနားမလည်ဘူး...သူတို့ဘယ်လောက်ပဲ အမှိုက်လိုစကားတွေပြောနေပါစေ...ဖန်ကျုံးချွမ်းရော၊ နျန်ယွီယီရောက သူတို့ကိုအဖက်တောင်မလုပ်ကြဘူး...သည်နှစ်ယောက်က ဘယ်သူတွေလဲရော သူတို့သိကြရဲ့လား...]


[အိုးမိုင်ဂေါ့...အိုးမိုင်‌ဂေါ့...ဝေ့ပေါ်ကိုကြည့်ကြ...တုံ့ပြန်မှုတွေရှိလာပြီဟ]


.......


ဟွမ်းယွီမုံ့သည် ထိုဓာတ်ပုံများကိုမြင်လိုက်ချိန်တွင် ပင်းထုံရှင်းနှင့် ထမင်းအတူစားနေတာဖြစ်သည်။ နှစ်ယောက်ပွေ့ဖက်နေသည်ကိုမြင်လိုက်သောအခါ သူမသည် ပင်းထုံရှင်း၏လက်ကို ချေမွပစ်တော့မလိုပင်။ 


ထိုတုံ့ပြန်မှုအကြောင်းမှတ်ချက်ကိုတွေ့လိုက်ရချိန်တွင် သူမချက်ချင်း ဝေ့ပေါ်ကိုဖွင့်ကြည့်လိုက်၏။ 


တုံ့ပြန်မှုက ရေပန်းစားနေသည့်အကြောင်းအရာများကြား ထိပ်ဆုံးတွင်ရှိနေကာ ပရိသတ်များ၏ အသစ်အသစ် တင်ခြင်းများလည်းရှိနေသည်။


တုန်ယင်နေသည့်လက်များနှင့်အတူ ဟွမ်းယွီမုံ့သည် ရေပန်းစားနေသည့်အကြောင်းအရာကိုနှိပ်လိုက်ရာ ပထမဆုံးမြင်လိုက်ရသည့်အရာက ဖန်ကျုံးချွမ်း ကိုယ်တိုင်တင်ထားသည့် ပို့စ်ပင်ဖြစ်သည်။ 


ဖန်ကုမ္ပဏီ-ဖန်ကျုံးချွမ်း v: ငါ့ကောင်လေး...နျန်ယွီယီ


ဟွမ်းယွီမုံ့: အိုးမိုင်ဂေါ့...အိုးမိုင်ဂေါ့...အိုးမိုင်ဂေါ့




🫶