Chapter 86 (End of Extra)
Viewers 21k

🫶Chapter 86 [End Of Story]

: Extra Episode 




[မွေးနေ့...]


ဖန်ကျုံးချွမ်း၏‌မွေးနေ့က နွေဦးကာလအတွင်း မတ်လနှောင်းပိုင်းတွင်ဖြစ်သည်။ နျန်ယွီယီသည် ရက်ကို ရေတွက်ရင်း သူ့အတွက်အံ့ဩစရာပြင်ဆင်ပေးရန် စီစဥ်ထား၏။


မတ်လအလယ်လောက်တွင် သူသည် မနက်ခင်းကိုးနာရီဆိုလျှင်အိမ်မှထွက်သွားကာ ညနေခုနစ်နာရီအထိတောင် ပြန်မလာဘဲ မကြာခဏအပြင်ထွက်တတ်လာခဲ့သည်။ 


၎င်းက မတ်လဆယ့်ကိုးရက်မတိုင်ခင်အထိ သုံးရက်ဆက်တိုက်ဖြစ်ခဲ့သည်။ 


သူ့မွေးနေ့တွင် နျန်ယွီယီစောစောနိုးလာကာ ဖန်ကျုံးချွမ်းကိုမနှောင့်ယှက်မိစေရန် သတိထား၍ ညအိတ်ဝတ်စုံလေးဖြင့် မီးဖိုခန်းထဲသို့ ဝင်လိုက်သည်။ 


“နောက်ဆုံးတော့ပြီးသွားပြီ” နျန်ယွီယီသည် ချက်ထားသည့်ခေါက်ဆွဲများကို ပန်းကန်လုံးထဲသို့ ထည့်၍ ဘေးတွင် ကြက်ဥလေးတစ်လုံးဖောက်ထည့်ကာ အပြုံးလေးနှင့်ရေရွတ်လိုက်သည်။ 


ပန်းကန်များအား ထမင်းစားပွဲပေါ်တွင်ပြင်ဆင်ပြီး၍ ဖန်ကျုံးချွမ်းကိုနှိုးရန် လှည့်လိုက်ချိန်တွင် ဖန်ကျုံးချွမ်းက မီးဖိုခန်းတံခါးကိုမှီ၍ ရပ်နေသည်ကို တွေ့လိုက်ရသည်။ 


သူ၏မျက်နှာအမူအရာများမှာ မနေ့ညက လက်အောက်ငယ်သားများနှင့် ဗီဒီယိုအစည်းအဝေးကျင်းပခဲ့စဥ်က တည်ကြည်နေသည့်မျက်နှာနှင့် လုံးဝကွာခြားနေသည်။ ထိုချောမောသည့်အသွင်အပြင်တွင် နျန်ယွီယီ၏ လင်ဗန်းလေးကိုင်၍မှင်သက်နေသည်ကို ကြည့်နေရင်း အပြုံးရိပ်လေး စွန်းထင်းနေသည်။ ကိုယ်ကို မတ်လိုက်ပြီးနောက် ဖန်ကျုံးချွမ်းသူ့ဆီသို့ လျှောက်လာလေသည်။ 


ဖန်ကျုံးချွမ်းက လင်ဗန်းအား လက်တစ်ဖက်တည်းနှင့်ယူလိုက်ကာ အခြားလက်တစ်ဖက်ဖြင့် နျန်ယွီယီ၏ ပခုံးလေးကိုဖက်၍ မျက်နှာကိုဖွဖွလေးနမ်းလိုက်သည်။ “ဘာလို့အ‌စောကြီး ထလာတာလဲ”


ထိုအခါမှသာ နျန်ယွီယီသည် ဖန်ကျုံးချွမ်းအမှန်တကယ်နိုးလာကြောင်း သတိရသွားလေသည်။ ပုံစံအရ နျန်ယွီယီနိုးလာကတည်းက သူလည်းနိုးလာပြီး တံခါးဝမှရပ်၍ ကြည့်နေခဲ့ခြင်းဖြစ်လိမ့်မည်။ 


“အစ်ကို့အတွက် သက်ရှည်ခေါက်ဆွဲလုပ်ထားတယ်” နျန်ယွီယီ‌ ခြေဖျား‌ထောက်၍ အနမ်းပြန်ပေးလိုက်ကာ တီးတိုးပြောလိုက်သည်။


 “ကျွန်တော်တိုးတိုးလေးထလာခဲ့တာပါ...ဘယ်လိုသတိထားမိသွားတာလဲ”


ဖန်ကျုံးချွမ်းပြုံး၍သာ ပြန်တုံ့ပြန်လိုက်သည်။ 


လတ်တလော သူ၏မကြာခဏအပြင်ထွက်မှုများအတွင်း အကြောင်းအရင်းတစ်ခုက ခေါက်ဆွဲအား ကောင်းကောင်းဆွဲရန်နှင့်မပြတ်သွားအောင် စားဖိုမှူးထံမှ သွားရောက်သင်ကြားနေခြင်းဖြစ်သည်။ 


“ကျွန်တော်မှာ အစ်ကို့အတွက် နောက်ထပ်လက်ဆောင်ရှိသေးတယ်...”


 ဖန်ကျုံးချွမ်းခေါက်ဆွဲစားနေသည်ကို ကြည့်ရင်း နျန်ယွီယီသည် တွဲရက်ဗီလာအခန်းထဲသို့ သွားလိုက်ကာ ပုလဲအဝါရောင်သစ်သားဖြင့် ပြုလုပ်ထားသည့် ဘူးလေးတစ်ခုကိုထုတ်လိုက်သည်။ 


ဘူးလေးကိုကိုင်ရင်း နျန်ယွီယီသည် ဖန်ကျုံးချွမ်းဆီသို့ ပြန်လာလိုက်သည်။ “အစ်ကို့ရဲ့ မွေးနေ့လက်ဆောင်တွေတည်းကတစ်ခု...ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ဖောင်တိန်”


အလှဆင်ထားသည့်သစ်သားဘူးလေးက သူ့လက်ထဲတွင် အေးဆေးတည်ငြိမ်စွာရှိနေသည်။ ဖန်ကျုံးချွမ်း ဖွင့်ကြည့်လိုက်ရာ အထဲတွင် ရွှေရောင်အနားသတ်များဖြင့်အနက်ရောင်ဖောင်တိန်ကိုတွေ့လိုက်ရသည်။ 


ဖောင်တိန်၏အပြင်ဘက်က ချောမွေ့နေကာ ပြီးပြည့်စုံအောင် နျန်ယွီယီလေ့ကျင့်ခဲ့ရသည့် မရေမတွက်နိုင်သော အချိန်များအတွက်သက်သေပင်ဖြစ်သည်။ 


ဖန်ကျုံးချွမ်း၏နှလုံးသားမှာ ရုတ်တရက်တင်းကြပ်သွားပြီး ဖောင်တိန်လေးကို တင်းကြပ်စွာကိုင်၍ ရယ်လိုက်သည်။ 


“ကျေးဇူးတင်ပါတယ်...နျန်နျန်...ကိုယ်ကြိုက်တယ်”


၎င်းက သူရခဲ့ဖူးသမျှထဲတွင် အဓိပ္ပာယ်အရှိဆုံးမွေးနေ့လက်ဆောင်ဖြစ်လေသည်။ 


***


နျန်ယွီယီ၏ ပြောသွားသည့် “မွေးနေ့လက်ဆောင်ထဲမှတစ်ခု” ကိုသတိထားမိသောကြောင့် ဖန်ကျုံးချွမ်းအလုပ်လုပ်ရန်စိတ်မပါလက်မပါဖြစ်နေမိသည်။။ 


အရေးကြီးသည့်စာရွက်စာတမ်းအများအပြားကိုကိုင်တွယ်ပြီး စီးပွား‌‌ရေးညစာစားပွဲ အနည်းအကျဥ်းကို ဖျက်လိုက်ပြီးနောက် ညရှစ်နာရီတွင် သူ ဗီလာသို့ပြန်လာခဲ့သည်။ 


ဗီလာကမှောင်မဲနေ၏။ သူ၏အနက်ရောင်ကုတ်ကိုချွတ်၍ ဆိုဖာအနောက်ဘက်သို့ တက်လိုက်ပြီး သူ၏ကာရိုက်တာနှင့်ဆန့်ကျင်နေသည့် အမွှေးပွပွဖိနပ်အပါးများကိုစီး၍ လျှောက်ဝင်လာလိုက်သည်။ 


၎င်းက ကုန်တိုက်သို့ဈေးဝယ်ထွက်ခဲ့ချိန်တွင် နျန်ယွီယီဝယ်ထားခဲ့သည့် စုံတွဲဖိနပ်ပါးများဖြစ်၏။


တံခါးဆီသို့ချဥ်းကပ်လာသောအခါ ငွေရောင်အလင်းတန်းလေးတိုးဝင်နေသည်ကို တွေ့နေရသည်။ 


ဖန်ကျုံးချွမ်း ညင်သာစွာဖြင့် တံခါးခေါက်လိုက်သည်။ “နျန်နျန်?”


နျန်ယွီယီသည် အစတွင် ဖန်ကျုံးချွမ်းအား အံ့ဩစေရန်ရည်ရွယ်၍ သူဝယ်လာသည့် အဖြူစွတ်စွတ် ဝတ်ရုံလေးနှင့် ရုန်းကန်နေရသည်။ သို့သော် သူကြိုးစား၍ဝတ်လေ၊ ပို၍ရှုပ်ထွေးလာလေဖြစ်သည်။ 


သူမဖြည်နိုင်သေးမှာပင် ဖန်ကျုံးချွမ်းတံခါးခေါက်လာသည်ကို ကြားလိုက်ရသည်။ 


သူ့ကိုဝင်ခွင့်မပေးရန်တားဆီးမည့် စကားလုံးများက ပါးစပ်မှထွက်မလာခင်မှာပင် တံခါးလက်ကိုင်လှည့်လာသည့်အသံကို နျန်ယွီယီကြားလိုက်ရသည်။ 


နျန်ယွီယီသည်တစ်ဖက်ကိုလှည့်လိုက်ကာ မတော်တဆနှင့် သူ့ကိုယ်ပေါ်မှ ဆင်နေဆဲဖြစ်သည့် ပစ္စည်းများကိုတိုက်မိပြီး တည်ရှိနေပြီးသားဆွဲဆောင်မှုများမှာ ပို၍ဆိုးသွား‌တော့သည်။


ဖန်ကျုံးချွမ်းသည် တံခါးကိုဖွင့်လိုက်ရာ သူ့အမြင်များက ကုတင်ပေါ်ရှိ မြင်ကွင်းပေါ်သို့ ကျရောက်သွားပြီး မှင်သက်သွားသောကြောင့် မျက်ဆံများမှာချက်ချင်း ကျုံ့သွားပြီး အလိုရမ္မက်များဖြတ်ပြေးသွားတော့သည်။ 


နျန်ယွီယီသည် နှုတ်ခမ်းများကိုကိုက်၍ အက်ရှစွာစကားပြောလာချိန်တွင် အသံများကတောင့်နေ၏။ “အရင်ဖြည်ပေး”


ဖန်ကျုံးချွမ်းသည် အနက်ရှိုင်းဆုံးမှတိုးထွက်လာသည့် ဆန္ဒများကိုဖိနှိပ်ကာ လည်ချောင်းများမှာ တောက်လောင်နေသည်။ သူအရှေ့သို့တိုးလာ၍ နျန်ယွီယီ၏ကိုယ်ကိုဖြည်ပေးလိုက်သည်။ 


နျန်ယွီယီ၏လက်များနှင့်ခြေထောက်များ လွတ်သွားသည်နှင့် ဖန်ကျုံးချွမ်း၏ချုပ်တည်းထားခြင်းများကို ဖယ်ရှားရန်မျှော်လင့်၍ သူ့ကိုယ်ပေါ်သို့ မှီချရန် ကြိုးစားလိုက်သည်။ သို့သော် သူမတတ်နိုင်ခင်မှာပင် ရှောင်လွှဲမရနိုင်သည့် အားတစ်ခုက သူ့လက်များကိုပူး၍ကိုင်လာပြီး ခေါင်းအထက်သို့ မြှောက်လိုက်လေသည်။ 


“ဖန်ကျုံးချွမ်း?” 


တုံ့ပြန်ခြင်းမရှိဘဲ ဖန်ကျုံးချွမ်းသည် ရယ်ရုံလေးရယ်လိုက်ကာ နျန်ယွီယီ၏မေးကိုပင့်၍ လည်တိုင်ကိုစောင်းစေကာ ပူလောင်သည့်အနမ်းတစ်ခုခြွေလိုက်တော့သည်။ 


......


[မြစိမ်းရောင်ဆု...အနုပညာရုပ်ရှင်ဂုဏ်ထူးဆောင်]


နျန်ယွီယီနှင့်ကျွမ်းရုံတို့ပါဝင်ထားသည့် အနုပညာရုပ်ရှင်က “တောင်ပေါ်ရွာကလေး” ဖြစ်သည်။ ၎င်းက မျိုးဆက်များအတွက် သူတို့၏တောင်ပေါ်မြေကိုကာကွယ်ရန် တာဝန်‌ပေးခံထားရသည့် မောင်နှမနှစ်ယောက်၏ ဇာတ်လမ်းကိုဖော်ပြထားသည်။ သို့တိုင် သူတို့နှစ်ယောက်က တောင်ပေါ်မှထွက်ကာ ပညာရေးလိုက်စားရန် အိပ်မက်မက်ခဲ့ကြသည်။ သို့သော် သူတို့၏ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီး နွေရာသီအတွင်း ဖြစ်ရပ်များစွာ ဖြစ်ပျက်သွားကာ ဘွဲ့ရပြီးနောက် သူတို့၏စောင့်ရှောက်ရမည့်အမွေကိုဆက်လက်ထိန်းသိမ်းရန် ပြန်ရောက်လာခဲ့ကြ၏။ 


အဓိကအကြောင်းအရာကရိုးရှင်းသော်လည်း ဒါရိုက်တာနှင့်ဇာတ်ညွှန်းရေးဆရာတို့ပူး‌ပေါင်း၍ ရုပ်ရှင်၏သက်ရောက်မှုကို ပိုကြီးမားစေရန် များစွာသောအငြင်းပွားဖွယ်နှင့် တားမြစ်ထားသည့် ပဋိပက္ခများကို ထည့်သွင်းခဲ့ကြသည်။ ၎င်းက ရုပ်ရှင်အား ပြည်တွင်းတွင်ပြသရန် အရည်အချင်းမပြည့်မီသွားစေပြီး ထိုအစား မြစိမ်းရောင်ဆုပြိုင်ပွဲအတွက် တင်သွင်းခြင်းခံလိုက်ရသည်။ 


အော်စကာဆုများနှင့်မတူဘဲ မြစိမ်းရောင်ဆုသည် အနုပညာရုပ်ရှင်များအတွက် အထွတ်အထိပ်ကို ကိုယ်စားပြုသည်။ အတိတ်က ကုန်သွယ်မှုဆက်ဆံရေးကြောင့် တရုတ်နိုင်ငံအား ယခင်ကတည်းက ထုတ်ပယ်ထားခဲ့သည်။ သို့သော် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု ပိုမိုပေါင်းစည်းလာခြင်းနှင့်အတူ တရုတ်အနုပညာရုပ်ရှင်များကို ယခုတွင်မျှတစွာ ဆက်ဆံနေသော်လည်း သူတို့သည် လွန်ခဲ့သောဆယ်စုနှစ်တစ်ခုမှ သူတို့၏အထွတ်အထိပ်ကိုပြန်လည်ရရှိခဲ့ခြင်းမရှိချေ။ 


ဆုကို ဆွေးနွေးခြင်းက တစ်လကြာလေသည်။ ဇွန်လတွင် နျန်ယွီယီသည် “တောင်ပေါ်ရွာကလေး” အတွက် ယခင်ကတိတ်ဆိတ်သော ဝီချက်အုပ်စုတွင် သတင်းတစ်ပုဒ်လက်ခံရရှိခဲ့သည်။ 


အကြောင်းအရာကိုမစစ်ဆေးရသေးခင်မှာပင် အုပ်စုက အနီရောင်အချက်ပေးချက်များနှင့် လွှမ်းမိုးသွားရသည်။ 


မီးရှူးမီးပန်းများ၊ ဂုဏ်ပြုစာများနှင့် အီမိုဂျီများ ရုတ်ရုတ်သဲသဲဖြစ်နေသည့်အလယ်တွင် နျန်ယွီယီသည် စိတ်ရှုပ်ထွေးသွားခဲ့သည်။ လွှမ်းမိုးနေခြင်းများကို ပွတ်ဆွဲရင်း နောက်ဆုံးတွင် သူသည်အုပ်စု၏ပျံ့နှံ့ခြင်းအကြောင်းအရင်းကို ထောက်ပြလိုက်သည်။


ဒါရိုက်တာကြေညာလာ၏။ “ငါတို့နိုင်သွားပြီ...သောက်ကျိုးနည်း...မြစိမ်းရောင်ဆုကငါတို့အတွက်ပဲ”


‌အောင်ပွဲခံဂုဏ်ပြုခြင်းများအကြား လက်တွေ့သို့သတိပြန်ကပ်လာချိန်တွင် နျန်ယွီယီသည် စာအိတ်နီဆယ်ခုပို့လိုက်ကာ ဒါရိုက်တာကိုဂုဏ်ပြုရန် သွားလိုက်သည်။ 


စာအိတ်နီများဖြန့်ပြီးနောက် နျန်ယွီယီသည် ကျွမ်းရုံနှင့်အတူ ဆုအကြောင်း အကြမ်းဖျင်းဆွေးနွေးလိုက်ပြီးနောက် အတွေးများကို ဘေးသို့ပို့ထားလိုက်သည်။ 


နောက်တစ်ကြိမ်ဆုချီးမြှင့်ခဲ့သောအခါ ကျိုးအာ့ဟယ်သည် အနုပညာအသိုင်းအဝိုင်းထဲသို့ အသစ်ဝင်လာသည့် သူတစ်ယောက်က နျန်ယွီယီ၏နာမည်ကိုအသုံးပြု၍ ဆူညံမှုများ ဖြစ်ပေါ်ရန်ကြိုးစားနေကြောင်း အသိပေးလာချိန်တွင်ဖြစ်သည်။ 


ဖန်ကျုံးချွမ်းနှင့် လုံလုံလောက်လောက် ချစ်မပြရသေးသောကြောင့် အခြားသူများက သူတို့အား တကယ်ချစ်နေကြခြင်းမဟုတ်ကြောင်း ခန့်မှန်းနေလောက်သည်ဟု တွေးရင်း အစက နျန်ယွီယီသည် သူနှင့်ပတ်သက်သည့်အချစ်ရေးအတင်းအဖျင်းအချို့အကြောင်း ဖြစ်လိမ့်မည်ဟု ယူဆခဲ့သည်။ 


“...မင်းက မင်းရဲ့အချစ်ရေးကို ချပြဖို့ အကြောင်းပြချက်လိုချင်နေတာပဲ” ကျိုးအာ့ဟယ်က မျက်လုံးလှန်၍ ဖုန်းထဲသို့ ခွန်းတုံ့ပြန်လိုက်သည်။ 


“စီးပွားရေးကိုပဲ အာရုံစိုက်...လက်ရှိထုတ်လွှင့်နေတဲ့ အိုင်ဒေါပြိုင်ပွဲကို သတိထားမိတယ်မလား...ထိပ်ပိုင်းပြိုင်ပွဲဝင်က သူ့ရဲ့ပရိုဖိုင်ကို မြှင့်တင်နေပြီး မင်းကိုမကောင်းပြောဖို့ ဝေဖန်သူတွေနဲ့ တခြားအကောင့်တွေအများကြီးကိုလည်း ငှားထားတယ်”


“သူကအိုင်ဒေါအသိုင်းအဝိုင်း၊ ကျွန်တော်က သရုပ်ဆောင်အသိုင်းအဝိုင်းမှာ...သိမ်ငယ်စရာဘာရှိလို့လဲ” နျန်ယွီယီ မေးခွန်းထုတ်လိုက်သည်။


“သူက ဇာတ်လမ်းတွဲအသေးလေးတစ်ခုမှာ ဒုတိယဇာတ်လိုက်နေရာသရုပ်ဆောင်ခဲ့ဖူးတယ်...ပြီးတော့ ပြိုင်ပွဲကို သူ့ကိုယ်ပိုင်ပရိသတ်အဖွဲ့ရှိပြီးလျက်နဲ့လာခဲ့တာ...သူကသန့်စင်ပြီးချစ်စဖွယ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် တည်ဆောက်ဖို့ကြိုးစားနေပြီး မကြာသေးခင်က ဓာတ်ပုံထုတ်ဝေတာတွေလည်း အများကြီးလုပ်ခဲ့တယ်”


“ကျွန်တော်တို့ရဲ့ ပီအာရ်အသင်းကရော? အဲ့ဒါကိုကိုင်တွယ်ပြီးပြီလား” နျန်ယွီယီသည် သူ့ကြောင်လေး ဆွိတီအား ပေါင်ပေါ်သို့တင်၍ပွတ်လိုက်သည်။ “ပြီးတော့...ကျွန်တော်ဘယ်တုန်းက အဲ့လိုပုံစံမျိုး လုပ်ခဲ့တာလဲ...ဘယ်တုန်းက အဲ့‌လောက်ဟန်ဆောင်ကောင်းခဲ့လို့လဲ”


“အစ်ကို မဟုတ်မှ ရှာကြည့်...”


“သည်နောက်ကွယ်က အကြောင်းကို သေချာကြည့်လေ” ကျိုးအာ့ဟယ် နှာရှုံ့လိုက်သည်။ 


“လူငယ်လေး…သမာဓိလေးရှိစမ်းပါ…ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အံ့ဩဖွယ်ကောင်းမှုတွေကို ဘာလို့ တခြားလူတစ်ယောက်ရဲ့ အကြောင်းထဲယူသွားမှာလဲ…” နျန်ယွီယီ ရွဲ့စောင်း၍ မှတ်ချက်ပေးလိုက်သည်။ 


ကျိုးအာ့ဟယ် ပြန်ပြောလာသည်။ “ကောင်းပြီ…အဓိကအချက်ကိုပြန်သွားရအောင်..ဝေဖန်သူတွေနဲ့ ဝယ်ထားတဲ့အကောင့်တွေကို ထိန်းသိမ်းပြီးပြီ…ဒါပေမယ့် လူထုအမြင်ကိုထိန်းဖို့ သတင်းအစအနလိုနေသေးတယ်…မြစိမ်းရောင်ဆုကြော်ငြာတဲ့ပွဲက အဆင်သင့်ဖြစ်နေပြီ…စိတ်မရှိရင် ပီအာရ်ဌာနကို သတင်းတင်ခိုင်းလိုက်တော့မယ်”


နျန်ယွီယီတုံ့ပြန်လိုက်သည်။ “စိတ်မရှိပါဘူး…ဒါပေမယ့် အစ်ကို ဒါရိုက်တာကိုအရင်မေးကြည့်သင့်တယ်…အဲ့ဒါက ရုပ်ရှင်အတွက် ဆုဆိုတော့”


“မေးပြီးသွားပြီ” နျန်ယွီယီ၏ခွင့်ပြုချက်ရရန် စိတ်အားထက်သန်စွာဖြင့် ကျိုးအာ့ဟယ်သည် မြန်မြန်လေး စကားဝိုင်းကို ရပ်တန့်လိုက်သည်။ “ဒါဆို ငါကိုင်တွယ်လိုက်တော့မယ်…အခုသွားပြီ”


“အင်း”


နျန်ယွီယီသည် ထိုဝေဖန်သူများ သူ့ကိုမည်မျှပြောဆိုထားသလဲ ဝေ့ပေါ်တွင် ကြည့်ချင်မိသည်။ သိသိသာသာကို ပိုက်ဆံပေးထားသည့် ထိုမှတ်ချက်များကို မြင်သောအခါ ရယ်မောမိသည်။ 


မှတ်ချက်များတွင် စွပ်စွဲစော်ကားမှုများစွာ ရှိနေသည်။ နျန်ယွီယီ၏ပရိသတ်အများစုကတော့ ကိစ္စများကို ရှင်းလင်း၍ ထွက်သွားကြ၏။ အကြမ်းတမ်းဆုံးမှတ်ချက်များမှာ ရှဲ့ယီကျိုး၏ပရိသတ်များနှင့် နျန်ယွီယီနှင့်ဖန်ကျုံးချွမ်းတို့၏ ‘C’ ပရိသတ်များထံမှဖြစ်ကြသည်။ 


တကယ်ကိုပင် နျန်ယွီယီသည်ဖန်ကျုံးချွမ်းနှင့် လက်စွပ်ဆင်တူဝတ်ဆင်ထားသည့် ပုံကိုလူသိရှင်ကြား တင်လိုက်ကတည်းက သူတို့၏ ‘C’ ပရိသတ်များမှာ တရှိန်ထိုးတိုးတက်သွားခဲ့သည်။ သူတို့၏ “စားပြီးပြီလား” ဆိုသည့် အကြောင်းအရာက ယခုတွင် “C အကြောင်းအရာ” များကြား ပထမနေရာတွင်ရှိနေသည်။ 


[သူတို့မှာပိုက်ဆံမရှိဘူးလား…ရေတပ်ငှားမယ်ဆိုရင်လည်း အနည်းဆုံးတော့ ကြီးတာလေးငှားကြပေါ့…ဒါက သိသာလွန်းတယ်]


[ရေတပ်ကို ပိုက်ဆံနည်းနည်းလေးနဲ့ငှားပြီး မြင့်မြတ်တဲ့သခင်ငယ်လေး ပုံစံကို တိုးမြှင့်အောင်လုပ်ချင်နေကြသေးတယ်…ငါတို့ကောင်လေးက အဲ့လိုပုံရိပ်အတွက် ပြိုင်နေစရာတောင်မလိုဘူး…သူက အဖိုးတန်သခင်ငယ်လေးဆိုတဲ့ ပုံရိပ်ကို အမွေဆက်ခံထားပြီးသားပါနော်…ကျေးဇူးတင်တယ်]


[…အုပ်စုကဘယ်မှာလဲ…စင်ဂယ်များနေ့အပြီးမှာပဲ ငါပိုက်ဆံလိုနေတာ…ငါ့ကိုဝင်ခွင့်ပေး…မင်းတို့ထက် အများကြီး လုပ်နိုင်တယ်]


[ပြီးတော့…အလုပ်လုပ်တာကိုပြောရမယ်ဆိုရင် နျန်နျန်က ဇာတ်လမ်းတွဲနှစ်ခုကိုပဲ လွှင့်ရသေးတာ…ဒါပေမယ့် နှစ်ကားလုံးက ထိပ်တန်းဇာတ်လမ်းတွဲတွေဖြစ်ပြီး သူ့ကိုဒုတိယဇာတ်လိုက်အနေနဲ့ ပါထားတာ…သူ့ရဲ့ သရုပ်ဆောင်တာက မင်းတို့ထက်ပိုကောင်းတယ်…ကိုယ့်ကိုကိုယ်အရှက်ရအောင်လုပ်နေတာရပ်တော့…]


နျန်ယွီယီဆက်ဖတ်နေစဥ◌်မှာပင် မှတ်ချက်၏အသွားအလာများပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ 


[!!!!အား…အားလုံးပဲ…ရေပန်းစားနေတဲ့ အကြောင်းအရာကို သွားကြည့်ကြည့်]


[ရေပန်းစားနေတဲ့ အကြောင်းအရာက ဘာဖြစ်လို့လဲ…]


[အိုးမိုင်ဂေါ့…ရေပန်းစားနေတဲ့အကြောင်းအရာကိုကြည့်ကြည့်ကြဦး…နျန်နျန်က မြစိမ်းရောင်ဆုကိုရရှိခဲ့တဲ့ အနုပညာဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ကြောင်း အမျိုးသားရုပ်သံဌာနက ဖော်ပြလာတယ်…ဒါက ငါတို့နိုင်ငံအတွက် ပထမဆုံးပဲ…]


[အဲ့ဒါက ကမ္ဘာ့အဆင့်မီရုပ်ရှင်ဆုဟုတ်တယ်မလား…ငါကအခု အထက်တန်းကျောင်းမှာ စာသင်နေပြီး ငါတို့ရဲ့ ပရော်ဖက်ဆာက လက်တွေ့ကျကျ သည်ဆုကို ကိုးကွယ်တယ်…ငါတို့နိုင်ငံက ရသွားတယ်ဆိုတာ ငါမယုံနိုင်ဘူး]


[အမျိုးသားရုပ်သံဌာနက နျန်ယွီယီနဲ့ကျွမ်းရုံကို ချီးကျူးနေကြတယ်…အဲ့ဒါက ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ ပထမဆုံးပဲ…တကယ်ကို အံ့ဩဖို့ကောင်းလွန်းတယ်]


[သည်ရုပ်ရှင်နဲ့ပတ်သက်ပြီး ဘာလို့ဆူညံသံတွေ မရှိသေးတာလဲ…နျန်ယွီယီနဲ့ကျွမ်းရုံတို့နှစ်ယောက်မှာ တောင့်တင်းတဲ့ ပရိသတ်တွေ ရှိတယ်မလား]


[တရုတ်နိုင်ငံမှာ တားမြစ်ခံထားရတဲ့ အနုပညာရုပ်ရှင်က ရဲရင့်တဲ့အကြောင်းအရာကို သရုပ်ဖော်ထားတာကြောင့် အရင်အပိုင်းကို ပြန်လည်ပြင်ဆင်ခဲ့တယ်…ဒါရိုက်တာက ပြည်တွင်းမှာ ပြသဖို့ မရည်ရွယ်ဘဲ ဆုတွေကို ရည်မှန်းထားလို့ လူသိရှင်ကြားမပြခဲ့ဘူး]


[ဒါကြောင့် ငါရုပ်ရှင်ကိုမကြည့်နိုင်တာပဲ…ဝူးဝူး…ငိုနေပြီ]


……


ဝေ့ပေါ်ထဲသို့ဝင်၍ နျန်ယွီယီသည် ရေပန်းစားနေသည့်အကြောင်းအရာများကို မကြည့်ဘဲ အကြောင်းအရာများကို တိုက်ရိုက်ရှာဖွေခဲ့ပြီး ပြင်းထန်သည့်အကြောင်းအရာမှာ ဤကိစ္စဖြစ်ကြောင်း အတိအကျမသိခဲ့ချေ။


ကျိုးရီသည် ဖုန်းခေါ်နေသည့်အချိန်လေးမှာပင် ဤကိစ္စက ပိုက်ဆံဖြင့်ဝယ်မရသည့် အမျိုးသားရုပ်သံဌာနမှ သတင်းထုတ်လွှင့်ခြင်းခံရသည်ကို မျှော်လင့်မထားခဲ့ချေ။ အထူးသဖြင့် နျန်ယွီယီနှင့်ကျွမ်းရုံတို့၏ ဝေ့ပေါ်အကောင့်များကိုတောင် အတူတွဲ၍ ဖော်ပြခံရသည့်အထိပင်။ 


ပူပြင်းတောက်လောင်နေသည့် ဝေ့ပေါ်ပို့စ်ကို ဖတ်ပြီးနောက် နျန်ယွီယီသည် ဟွားကော်အတွက် ထူးခြားသည့် မျိုးချစ်စိတ်ရှိသောလူငယ်များ၏ လှုံ့ဆောင်မှုပေးသည့် ချီးမွမ်းမှုကို ဖွဖွလေးပြုံးလိုက်၏။ 


ခက်ခဲကြမ်းတမ်းခဲ့သည့် သုံးလတာရိုက်ကူးရေးက ထိုက်တန်ခဲ့သည့်ပုံပင်။ 


ဥယျာဥ်ထဲမှ သစ်ပင်များက လေကြောင့်လှုပ်ရှားနေကြပြီး လှပသည့်အိပ်မက်များကို နှိုးဆွပေးနေသည်။


လသာဆောင်ရှိ ဆိုဖာတွင်ထိုင်နေသော နျန်ယွီယီ၏အနားရှိဖုန်းသည် ဖန်ကျုံးချွမ်းခေါ်ဆိုမှုကြောင့် အသံမြည်လာခဲ့သည်။ 


ထျန်ထျန်က နျန်ယွီယီ၏ပေါင်ပေါ်မှ နိုးလာကာ ဆိုဖာပေါ်သို့တက်၍ နျန်ယွီယီ၏လက်ကို ပွတ်သပ်လာ၏။


ရာသီများပြောင်းလဲသွားကာ ဆောင်းဦးနှင့်ဆောင်းတွင်း၏ ရိတ်သိမ်းချိန်များလည်း ကုန်ဆုံးသွားလေပြီ…။


လူ့ဘဝ၏အခိုက်အတန့်တိုင်းက တန်ဖိုးထားမြတ်နိုးဖို့ထိုက်တန်လေ၏…။




🫶🫶🫶 ပြီးပါပြီ 🫶🫶🫶


Translated By - IQ TEAM 


THANK U ❤️ 


Note : buy me coffee က free တင်ပေးတဲ့ author တွေအတွက်မုန့်ဖိုးပေးရုံသပ်သပ်ပါပဲရှင်