Chapter 122
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 122


"ဟင့်အင်း မဟုတ်ပါဘူး။ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"

ဒဲဗောရာက တုန်လှုပ်သွားပြီး ခေါင်းကိုတူဖြင့် ထုခံလိုက်ရသကဲ့သို့ မြန်ငြင်းဆိုလာခဲ့သည်။ ၎င်းက လုံလောက်စွာပင် သံသယဖြစ်စရာကောင်းလှသည်။

ဒဲဗောရာ၏ တစ်ခုခုကိုဖုံးကွယ်ထားဟန်ရှိသော အမူအရာကြောင့် ဘတ်သ်၏ မျက်လုံးများက စူးရှသွားခဲ့သည်။ဒဲဗောရာသည် ဘာလုပ်ရမလဲမသိစွာဖြင့် ချွေးစေးများထွက်လာခဲ့ကာ တစ်ခုခုကို သတိရသွားပြီး အကြောင်းပြချက်အမြန်ပေးလိုက်သည်။

"ငါ...တကယ်တော့ အသံနဲ့ ငါ့ အနံ့ကို စိုးရိမ်နေတာ...အဲ့အကြောင်း သူများကိုပြောတာက နည်းနည်းတော့ ရှက်စရာကောင်းလို့...."

အခြေအနေက ခက်ခဲလာသည်နှင့်အမျှ သူမ၏ ဗိုက်မှာ အမှန်တကယ်ပင် မအီမသာဖြစ်လာသလို ခံစားခဲ့ရသည်။ထိုကျေးဇူးကြောင့် ဒဲဗောရာသည် သူမ၏ နာကျင်မှုကို ပိုသဘာဝကျကျပင် ဖော်ပြနိုင်ခဲ့သည်။

"ငါ...နည်းနည်းတော့ ကြာမယ်ထင်တယ်… ငါ.. အကုန်ရှင်းထုတ်ရမှာဆိုတော့လေ..."

ဒါပေါ့ ဘာကိုလဲဆိုတာကိုတော့ သူမအတိအကျ မပြောခဲ့ပေ။ 

ဘတ်သ်က အမြဲတမ်း ခြောက်ကပ်စွာပဲ ပြောတတ်သောကြောင့် ထုတ်ပြောဖို့ရာ အလွန်ရှက်စရာကောင်းပေလိမ့်မည်။သို့သော် ဘတ်သ်က နားလည်သွားပုံရပြီး သံသယများ လျော့ပါးသွားခဲ့သည်။

"ကောင်းပြီ။ဒါဆို ငါအပြင်မှာစောင့်နေမယ်။ အေးအေးဆေးဆေးလုပ်ပါ "

သူမက အစေခံတစ်ယောက်ဆိုရင်တောင် အရမ်း ညစ်ပတ်သောအရာများကို မြင်ချင်စိတ်မရှိပေ။

ဘတ်သ်သည် အစထဲစ ဒဲဗောရာက သူမ မသိဘဲ မိုက်မဲစွာ ပြုမူလိမ့်မည်ဟု မထင်ပေ။

ဒဲဗောရာသည် အကျပ်အတည်းကို ကိုင်တွယ်နိုင်ခဲ့ပြီးနောက် နဖူးပေါ်ရှိ ချွေးများကို သုတ်ကာ ခေါင်းညိတ်ပြလိုက်သည်။သူမ သန့်စင်းခန်းထဲ အမြန်ဝင်ကာ တံခါးကို တင်းကျပ်စွာ ပိတ်လိုက်ပြီး လူနာကိုရှာရန် တစ်ဖက်ကိုလှည့်လိုက်သည်။

"လေဒီလူနာပဲလ်..."

သူမ နာမည်ခေါ်လိုက်သည်နှင့် သန့်စင်ခန်းနားရှ် သိုလှောင်ခန်းငယ်လေးက ပွင့်လာခဲ့သည်။

လူနာက ခေါင်းလေးပြူထွက်၍ အပြင်ကို ခဏချောင်းကြည့်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

"အဲ...ဟယ်လို ထပ်တွေ့ရတာဝမ်းသာပါတယ်"

"အိုး ဟုတ်ကဲ့ ဟယ်လို...!"

ကို့ရို့ကားယား နှုတ်ဆက်မှုအပြီးတွင် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

လူနာသည် သူမ ဒဲဗောရာ၏ ကုတ်အင်္ကျီထဲ စိန်ကို တိတ်တဆိတ်ထည့်ခဲ့မိသည့်အတွက် တောင်းပန်သင့်သလားဟု တွေးမိလိုက်သော်လည်း သူမထက်အရင် ဒဲဗောရာက သူမအိတ်ကပ်ထဲမှ စိန်ကို ထုတ်ပြီး ဦးစွာတောင်းပန်လာခဲ့သည်။

"အဲ့ဒါက ဘာလို့ ကျွန်မအင်္ကျီထဲရှိနေမှန်း မသိပေမယ့် လေဒီ့ကိုပြန်ပေးပါ့မယ်။ ကျွန်မကိုမယုံလောက်ဘူးဆိုပေမယ့် ကျွန်မ တကယ်အဲ့ဒါကိုမခိုးခဲ့ပါဘူး...!"

ဒဲဗောရာ၏ မျက်နှာမှာ ငိုတော့မလိုပုံပင်ရနေသည်။လူနာသည် အပြစ်ရှိသလို ခံစားရပြီး အမှန်တရားကို အမြန်ဝန်ခံကာ စိန်ကို ပြန်ယူလိုက်သည်။

"မဟုတ်ဘူး ငါသိပါတယ်။တကယ်တော့ ငါတို့က နင့်အိတ်ကပ်ထဲ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်ခဲ့တာရယ်။ငါ့ဘက်ကသာ တောင်းပန်သင့်တာပါ"

"…ဘယ်လို"

အဲ့ဒါက ဘာပြောလိုက်တာလဲ။

ဒဲဗောရာက ဇဝေဇဝါဖြစ်ပြီး နားမလည်ဟန်ဖြစ်နေသည်နှင့်အမျှ လူနာက ထပ်မံတောင်းပန်ပြီး ရှင်းပြခဲ့လိုက်သည်။

"နင့်ကို စိတ်မကျေမနပ်ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်။တကယ်တော့ ငါ့ဘက်က နင့်ကို စကားပိုပြောချင်လို့ပါ။ ဒါပေမယ့် တစ်စုံတစ်ခုက အနှောက်အယှက်ဖြစ်စေခဲ့လို့ ငါတို့ ဘယ်လိုပြန်တွေ့နိုင်မလဲဆိုတာ စဉ်းစားမရတော့တာနဲ့ ကြံရာမရလုပ်လိုက်မိတာပါ"

သူမသည် 'ငါလုပ်တာမဟုတ်ဘူး ငါ့ချစ်သူလုပ်ခဲ့တာ' ဆိုသည့် အပိုင်းကိုတော့ သေချာပေါက် ချန်လှပ်ထားခဲ့သည်။ ဘယ်သူလုပ်ခဲ့တယ်ဆိုတာက အရေးမကြီးပေ။ ဘာကြောင့်လဲဆိုတာက ပိုအရေးကြီးပေသည်။

လူနာက ရိုးရိုးသားသား တောင်းပန်လာသည်နှင့်အမျှ ဒဲဗောရာသည် သူမခေါင်းကိုယမ်းပြခဲ့သည်။ဒဲဗောရာက သူမကသာ လူနာဆီမှ အကူညီများစွာရယူထားပြီး အလွန်အကြွေးတင်နေသူဖြစ်ပြီး ကျေးဇူးတင်သင့်သူဖြစ်သည်။

"ဟင့်အင်း…! တကယ်တော့ ကျွန်မလည်း လေဒီကိုပြန်တွေ့ချင်ခဲ့တာပါ။ကျွန်မ လေဒီကို အရင်တစ်ခေါက်က ကျေးဇူးတင်ဖို့ အခွင့်အရေး မရခဲ့ဘူး"

ဒဲဗောရာ၏ ကျေးဇူးတင်လာမှုကြောင့် လူနာ အံ့သြသွားခဲ့သည်။ သူတို့ကြား နားလည်မှုလွဲတာတွေ အများကြီးရှိခဲ့တာကြောင့် သူတို့၏ စကားပြောဆိုမှုကို အဟန့်အတားဖြစ်စေခဲ့သည်။

ထို့ကြောင့် ဒဲဗောရာသည် ဘတ်သ်ထံမှာကြားခဲ့သော သူမအမေအကြောင်းကို လူနာအား ဖြည်းညှင်းစွာ ပြောပြလိုက်သည်။

"နင့်အမေက ငါ့ဆေးရုံမှာလား။အိုး ဘုရားရေ တိုက်ဆိုင်လိုက်တာ"

"ဟုတ်တယ်။အဲ့ဒါကြောင့် ကျွန်မတစ်သက်လုံး လေဒီကို ကျေးဇူးတင်တာတောင် မလုံလောက်ဘူး။သူမ ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့ပေမယ့် သိသိသာသာ တိုးတက်လာတယ်လို့ ကြားခဲ့ရတယ်။ တကယ် ကျေးဇူးအများကြီးတင်ပါတယ်"

ဒဲဗောရာက လေးလေးနက်နက် ကျေးဇူးတင်ခဲ့သည်။သူမ၏ လူနာအပေါ် ကျေးဇူးကြောင်းဖော်ပြမှုကြောင့် သူတို့၏ လေထုမှာ နွေးထွေးလာခဲ့သည်။

လူနာသည် အဓိကအကြောင်းအရ ကို ဘယ်လိုယူလာရမလဲ တွေးတောပြီး ဒဲဗောရာကို ဂရုတစိုက် မေးလိုက်သည်။

"အာ ဒါနဲ့ နင် စိတ်မရှိရင် နင် ဘာလို့ မြို့စားကြီးအိမ်တော်မှာ နေနေတာလဲဆိုတာ မေးလို့ရမလား"

တစ်ချိန်တည်းမှာပင် ဒဲဗောရာ၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။တစ်ချက်ကြည့်လိုက်ပါက ရိုးရှင်းသောမေးခွန်းတစ်ခုဟု ထင်ရသော်လည်း သူမသည် တိကျသောအဖြေပေးရန် ရှက်စရာကောင်းသောသဘောတူညီချက်နှင့် စာချုပ်ကိုဖော်ပြရမည်ဖြစ်သည်။

သို့သော် လူနာက သူမကို ကြီးမားစွာကူညီခဲ့သဖြင့် သူမ မငြင်းနိုင်ခဲ့ပေ။သူမကသာ အစကတည်း လူနာကို သူမဟန်ဆောင်ပြီး ဒုက္ခဖြစ်စေခဲ့သူဖြစ်သည်။

အထူးသဖြင့် သူမ နောက်ဆုံးတစ်ခေါက် ဖယ်ဆန်နှင့် တွေ့စဉ်တုန်းက စိုးရိမ်စရာဖြစ်ခဲ့သည်။သူက ထွေနေပြီး အသိစိတ်ကောင်းကောင်းမရှိနေသော်လည်း လူနာအပေါ် သဘာဝမကျသည့် စွဲလမ်းမှုကို ပြသခဲ့သည်။

ဒဲဗောရာသည် ခဏလောက် တုံ့ဆိုင်းနေပြီး အမှန်တရားကို ဖြည်းညှင်းစွာ ပြောခဲ့လိုက်သည်။

"အဲ့ဒါက…"

ဒဲဗောရာသည် ဘယ်ကနေစရှင်းပြီး ဘယ်မှာအဆုံးသတ်မည်ဟု ဆုံးဖြတ်ခဲ့သော်လည်း နောက်ဆုံးတွင် အသေးစိတ်အချက်အလက်များကို အတိအကျ ဖော်ပြရန်အတွက် အရာအားလုံးကို ပြောပြခဲ့ရသည်။ အစမှ အဆုံးထိ ထိတ်လန့်စရာ အကြောင်းမရှိခဲ့ပေ။ထို့ကြောင့် ဒဲဗောရာက ဆက်လက်ရှင်းပြသည်နှင့်အမျှ လူနာသည် သူမ၏ပါးစပ်ကိုပင် မဖုံးအုပ်ခဲ့ရပေ။

"...ငါအခု ဘာကြားလိုက်ရတာလဲ။ကလေးလား.... နင်က ငါဆိုပြီး ဟန်ဆောင်တာလား"

ပုံမှန်လူတစ်ယောက်က သူများအဖြစ်‌အယောင်ဆောင်ပြီး ကလေးမွေးရမှာကဲ့သို့ အဓိပ္ပါယ်မဲ့သောတောင်းဆိုမှုကို လုပ်ရန် မဖြစ်နိုင်ပေ။

ဒဲဗောရာက လူနာ ဒေါသထွက်သွားသည်ဟု အထင်မှားသွားပြီး အဆောတလျင် တောင်းပန်စပြုလာခဲ့သည်။

"ကျွန်မတကယ် တောင်းပန်ပါတယ်။ကျွန်မ ပိုက်ဆံကြောင့် မျက်စိကန်းခဲ့တာပါ…ကျွန်မ ထွက်ပြေးလို့ရရင် ထွက်ပြေးချင်ပေမယ့် ကျွန်မအမေက ဓားစာခံအဖြစ် ချုပ်နှောင်ခံထားရတယ်လို့ ထင်ခဲ့လို့… ကျွန်မ ထွက်ပြေးခဲ့ရင်တောင် သူတို့က ကျွန်မကို ရှာပြီး ဒုက္ခပေးကြလိမ့်မယ်…ကျွန်မမှာ တခြားရွေးခြယ်စရာ မရှိခဲ့လို့ပါ"

"မဟုတ်ဘူး...နင် တောင်းပန်စရာ မလိုပါဘူး။ နင်က ဒီတိုင်း လှည့်စားပြီး ခြိမ်းခြောက်ခံခဲ့ရတာပဲဟာ"

ဒဲဗောရာမှာ နှစ်သိမ့်မှုလိုအပ်နေသူဖြစ်သည်။သူမသည် ကံဆိုးမိုးမှောင်ကျခဲ့သည်သာမက ဆေးရုံတက်နေသော မိခင်ကိုတောင် မတွေ့နိုင်ခဲ့ပေ။

သူမကို ကူညီပေးမည်ဟု ကမ်းလှမ်းထားသော မြို့စားကတော်ကြီးပင်လျှင် သံသယဖြစ်စရာကောင်းနေသည်။သူမက ဒဲဗောရာကို သူမသားအား ဆွဲဆောင်ခိုင်းပြီး မြို့စားကြီး၏ စာရွက်စာတမ်းများကို ယူပေးရန် တောင်းဆိုခဲ့သည်။

ဤကံဆိုးမှုများကြား ပိတ်မိနေသော ဒဲဗောရာသည် အရင်က ထိုကဲ့သို့ကံကြမ္မာထဲ ပိတ်မိခဲ့သော သူမကိုယ်သူမ ပြန်သတိရစေခဲ့သည်။သူတို့ ဆင်တူကြသောကြောင့်ဖြစ်နိုင်သည် သူမကို သနားစာနာမိသလို ခံစားခဲ့ရသည်။

မဟုတ်သေးဘူး ဒဲဗောရာက သူမနှင့် ဆင်တူတာကြောင့် သူမ၏ ဆိုးဝါးသော ကံကြမ္မာကို ခံယူလိုက်ရပုံရသည်။အကယ်၍ ဒဲဗောရာက သူမနှင့်မဆင်တူပါက ထိုကဲ့သို့ ဆိုးရွားသောအခြေအနေထဲ နစ်မွန်းရလိမ့်မည်မဟုတ်ချေ။

လူနာက အပြစ်ရှိသလို ခံစားလိုက်ရပြီးခဏမျှ တုံ့ဆိုင်းသွားကာ မထင်မှတ်ထားသော အဆိုပြုချက်တစ်ခုကို ပြုလုပ်လိုက်သည်။

"နင် နင့်အမေကိုတွေ့ချင်တယ်လို့ပြောတယ်မလား။ဒါဆို ခဏလောက် အပြင်ထွက်ပြီး သွားတွေ့ရင်ရော ဘယ်လိုလဲ။ ငါ နင့်ကို ကူညီပေးမယ်"

"ဟင် ဘယ်လိုလုပ်ပြီးလဲ..."

"ငါတို့ အဝတ်အစားလဲလိုက်ကြမယ်။အပြင်မှာ အစေခံစောင့်နေတယ်လို့ ငါကြားတယ်။ဒီတော့ ငါအရင်ထွက်သွားပြီးမှ နင် သွားလိုက်"

အဲ့ဒါက တကယ်အလုပ်ဖြစ်ပါ့မလား။ သူတို့က ဆင်တူကြတယ်ဆိုပေမယ့် မျက်နှာတွေကတော့ အတိအကျမတူဘူးလေ...

ဒဲဗောရာ တွေးတောနေစဉ်မှာပင် လူနာက ရုတ်တရက် လက်ဆေးကန်ဆီသို့ ဦးတည်သွားခဲ့သည်။

"မိတ်ကပ်တွေ အားလုံးဖျက်ပြီး ဆံပင်ချလိုက်ရင် အလုပ်ဖြစ်နိုင်တယ်။နည်းနည်းတော့ ရယ်စရာကောင်းလောက်ပေမယ့်…"

လူနာက ချက်ချင်းပင် မျက်နှာကို ဆေးကျောပြီး ဆံပင်များကို ချကာ မှန်ထဲရှိ သူမပုံရိပ်ကို စစ်ဆေးလိုက်သည်။

"ဘယ်လိုနေလဲ။အစေခံမေးလာရင် ငါ ဗိုက်အရမ်းနာနေလို့ ချွေးတွေအများကြီးထွက်ပြီး ဆံပင်ချလိုက်တာလို့ပြောရင် အဆင်ပြေမယ်လို့ထင်တယ်"

လူနာသည် ၎င်းက သေချာပေါက် အလုပ်ဖြစ်လိမ့်မည်ဟု မထင်သော်လည်း အဆင်ပြေနိုင်သကဲ့သို့ တောက်ပစွာ ပြုံးပြလိုက်ပြီး သူမ အဖမ်းမခံရအောင်ရှောင်နိုင်မှာပါဟု ပြောလိုက်သည်။

ထို့ကြောင့် ဒဲဗောရာ၏ မျက်လုံးများမှာ နီရဲလာခဲ့သည်။သူမသည် လူနာကို ထိုကိစ္စအားပြောပြပါက ဒေါသထွက်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ထိုအစား သူမက အကူအညီတောင်ပေးလာခဲ့သည်။

ဒါပေါ့ ဘတ်သ်က သူမကို ဖမ်းမိခဲ့ရင်တောင် လူနာက မျိုးရိုးမြင့်ဖြစ်‌တာကြောင့် အပြစ်ပေးနိုင်လိမ့်မည်မဟုတ်ချေ။သို့သော်လည်း သူမက ထိုကဲ့သို့အခွင့်အရေးကို ဖန်တီးပေးခဲ့တာနဲ့တင် ကျေးဇူးတင်ထိုက်နေပြီဖြစ်သည်။

'ဘတ်သ် သိသွားခဲ့ရင်တောင်မှ မြို့စားကြီးဆီ မရောက်လောက်ဘူးမလား'

တစ်ခုခု မှားသွားရင်တောင်မှ လူနာက သူမဘက်မှာရှိတာကြောင့် အဆင်ပြေပေသည်။

ထိုအတွေးများဖြင့် ဒဲဗောရာသည် သူမ၏ မျက်ရည်များကို ဖုံးကွယ်ဖို့ အမြန်မျက်တောင်ခတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ကျေးဇူးပြုပြီး အကူအညီတောင်းပါ‌ရစေ။ ကျေးဇူးအများကြီးတင်ပါတယ်"

* * *

"ငါအရင်ထွက်သွားလိုက်မယ်။ငါ တတ်နိုင်သမျှ အချိန်ဆွဲထားနိုင်အောင် ကြိုးစားမှာမို့လို့ နင်အချိန်ယူလိုက်ပါ"

လူနာသည် သူမ၏ဆံပင်ကိုချထားတာကြောင့် အတော်လေးရယ်စရာကောင်းပုံပေါက်နေကာ ဒဲဗောရာအား သူမ၏နောက်ဆုံး စကားကိုပြောခဲ့သည်။

ဒဲဗောရာက သူမလုပ်ပါ့မယ်ဟု တုံ့ပြန်ခါနီးမှာပဲ လူနာကို အရေးကြီးသောအချက်အား မပြောခဲ့ရသေးကြောင်း သဘောပေါက်သွားခဲ့သည်။

"အာ! ခဏလေး ကျွန်မ အရေးကြီးတဲ့ဟာတစ်ခုပြောဖို့မေ့သွားလို့... ကျွန်မ အဲ့ဒါကို အရင်ပြောလိုက်သင့်တာကို...!"

"ဟင်။ ဘာမို့လို့လဲ"

ဒဲဗောရာ၏ သူမကြားမှဖြစ်သလိုမျိုး အရေးတကြီး အပြုအမူကို မြင်လိုက်ရသဖြင့် လူနာက ခေါင်းလေးစောင်းကာ မေးလိုက်သည်။ 

ဒဲဗောရာက သူမမြင်ခဲ့ကြားခဲ့ရသမျှကို လျင်မြန်စွာ ပြောပြလိုက်သည်။

"မြို့စားကြီးက လေဒီ့ရဲ့ မိုင်းတွင်းတွေဆီ လူတွေလွှတ်ဖို့ ခိုင်းထားတယ်။သူက လေဒီရဲ့အောင်မြင်မှုကို မကျေနပ်သလိုမျိုး ဒေါသအရမ်းထွက်နေတာ"

မြို့စားကြီး၏ ရည်ရွယ်ချက်အမှန်မှာ လူနာ၏မိုင်းတွင်းကို ပြဿနာဖြစ်စေဖို့ပင်။

"… ငါ့ရဲ့ မိုင်းကိုလား။ အမှန်ပဲလား"

"ဟုတ်တယ်! ကျွန်မ အိမ်တော်ထိန်းက သူကိုင်တွယ်လိုက်မယ်လို့ ပြောတာကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရတယ်"

လူနာ၏ အမူအရာမှာ မမျှော်လင့်ထားသော ပြောဆိုချက်ကို ကြားလိုက်ရတာကြောင့် စူးရှသွားခဲ့သည်။၎င်းက အမှန်ဆိုပါက သူမ ဒီတိုင်း ငြိမ်နေမှာမဟုတ်ပေ။

TK Team (chapter 122)