ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 123
"ငါ့ကို အသိပေးလို့ ကျေးဇူးပါ။ နင့် ကျေးဇူးကြောင့် ငါ လွယ်လွယ်အရူးလုပ်ခံရတော့မှာမဟုတ်ဘူး"
အကယ်၍ မြို့စားကြီးက တစ်ယောက်ယောက်ကို စေလွှတ်ပြီးဖြစ်ပါက သူမ အချိန်မှီတားနိုင်ပါ့မလား မသေချာသော်လည်း ဘယ်သူလုပ်ခဲ့မှန်း သိတာနှင့် မသိတာက ခြားနားမှုရှိပေသည်။
"ငါ...ဒါဆို …"
'ငါ့အဝတ်အစားလဲပြန်လဲပေးရမလား'ဟူသော စကားက သူမလျှာဖျား၌ တစ်သွားခဲ့သည်။ဘာပဲဖြစ်ဖြစ် သူ့အမေမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေတာကြောင့် ချက်ချင်းမတွေ့ရလည်း အဆင်ပြေသည်။ ထို့ကြောင့် လူနာ၏ကိစ္စက ဦးစားပေးဖြစ်သွားခဲ့သည်။
သို့သော်-
"ကံကောင်းချင်တော့ ဒီနေရာက သန့်စင်ခန်းဆိုပေမယ့် ရိုးရှင်းတဲ့စာရေးကိရိယာ ရှိနေတာပဲ။တဆိတ်လောက် နင် ဆေးရုံမသွားခင်လေး ကျေးဇူးပြုပြီး ငါ့စာကို ပို့ပေးခဲ့လို့ရမလား။နင် ကော်ဖီဆိုင်ကဝန်ထမ်းတစ်ယောက်ယောက်ကို ကော်ဖီဆိုင် ငှားထားတဲ့ မိန်းမပျိုဆီ ပို့ပေးပါလို့ ပြောလိုက်ရင်ရပြီ"
လူနာက ဒဲဗောရာ၏ အခွင့်အရေးကို ယူရန်ရည်ရွယ်ချက်မရှိပေ။
သူတို့ အဝတ်စားချင်းမလဲခင်မှာ ထိုအကြောင်းကို ကြားခဲ့ရရင်အဆင်ပြေသော်လည်း အထူးသဖြင့် သူတို့သည် အဝတ်အစားလဲပြီးပြီဖြစ်ကာ ဒဲဗောရာက သူမအမေကို သွားတွေ့ရန် စိတ်လှုပ်ရှားနေချိန်မှာ ထိုသို့ မလုပ်နိုင်ချေ။
ထို့အပြင် သူမကိုယ်တိုင် မိုင်းသို့ သွားရန်မလိုသောကြောင့် စာတိုပို့ခိုင်းပြီး အကူအညီတောင်းရုံနဲ့တင် လုံလောက်သည်။ အန်းသန့်စ်က သေချာပေါက် မှန်ကန်သော ညွှန်ကြားချက်များ ပေးနိုင်လောက်သည်။
လူနာသည် ဒဲဗောရာ ဆေးရုံမှာရှိနေချိန် ဘတ်သ်ကို စကားပြောပြီး အခြေအနေကို ပိုနားလည်အောင် လုပ်ချင်ခဲ့၏။
"ငါ ဒီလိုမျိုးလုပ်တဲ့အချက်ကို မကြိုက်တဲ့သူတွေရှိတာမို့ နင် ကျေးဇူးပြုပြီး ကော်ဖီဆိုင်ထဲကနေ တတ်နိုင်သမျှအမြန်ဆုံး ထွက်သွားနော်။နင် ချက်ချင်းထွက်သွားမှရမယ်။မဟုတ်ရင် တစ်ယောက်ယောက်က နင့်နောက် လိုက်လာနိုင်တယ်။ အဲ့တော့ ငါပြောသလိုလုပ်ပါ "
လူနာက ထိုစကားများကို ချန်ပြီး သူမကို ဘာမှစိတ်ပူစရာမရှိဘူး ဟုပြောနေသကဲ့သို့ တောက်ပစွာပြုံးပြကာ သန့်စင်ခန်းထဲမှ ထွက်ခဲ့သည်။ ရှင်းပြတာထက် ပြုမူလိုက်တာက ပိုမြန်ပေ၏။
"နင် တော်တော်လေးကြာတာပဲ"
လူနာ သန့်စင်ခန်းထဲမှ ထွက်လာသည်နှင့် ဘတ်သ်က သူမကို စောင့်ဆိုင်းနေသကဲ့သို့ အနားရောက်လာခဲ့သည်။ ထို့နောက် သူမက ဝင်သွားတုန်းကထက် ရှုပ်ပွနေသော လူနာ၏ဆံပင်များကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်ကာ မေးလာခဲ့သည်-
"နင့် ဆံပင်က ဘာဖြစ်တာလဲ။ တစ်နေရာရာထိခိုက်ခဲ့လို့လား"
"အိုး ဟင့်အင်း။အဲ့လို မဟုတ်ပါဘူး။ ငါ အရမ်းအားစိုက်ထုတ်ခဲ့ရတော့ ချွေးအများကြီးထွက်လာတာနဲ့...ဆံပင်ချည်ထားတာကို ဖြည်ချလိုက်တာ"
လူနာက ဒဲဗောရာလိုဟန်ဆောင်ရန် အနည်းငယ် တိုးညှင်းသော လေသံဖြင့် ပြန်ပြောလိုက်သည်။ သံသယမဝင်အောင် သူမအသံကို အနည်းငယ်လျှော့ချလိုက်တာပင်။
ထိုကျေးဇူးကြောင့် သံသယကို ရှောင်ရှားနိုင်ခဲ့သော်လည်း စိုးရိမ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
"နင့်ကြည့်ရတာအဆင်သိပ်မပြေသလိုပဲ...ငါဆရာဝန်ခေါ်ပေးရမလား"
"ဟင်? ရတယ်။ကိစ္စမရှိဘူး။ ငါ ဒီတိုင်းထိုင်ပြီး အနားယူလိုက်ရင် အဆင်ပြေသွားမှာ"
ကံကောင်းစွာဖြင့် ဒဲဗောရာက အစောပိုင်း၌ သူမ မပြန်ချင်သေးကြောင်း ရည်ရွယ်ချက်ကို ဖော်ပြခဲ့တာကြောင့် ဘတ်သ်သည် အိမ်ပြန်ရန်အကြံမပြုခဲ့ပေ။
ဘတ်သ်မှာ တုံ့ဆိုင်းနေသော်လည်း သူမကို လောလောဆယ်တွင် အနားယူခွင့်ပြုလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်ဖြင့် ဘတ်သ်သည် အနည်းငယ်ထူးဆန်းနေသော လူနာနှင့်အတူ အခန်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ခဏအကြာတွင် သန့်စင်ခန်းတံခါးကြားမှ အခြေအနေများကို စောင့်ကြည့်နေခဲ့သော ဒဲဗောရာက လူနာ၏ ပြောဆိုချက်ကို လိုက်နာပြီး သန့်စင်ခန်းတံခါးကို ဖွင့်ကာ အမြန်ထွက်လာခဲ့သည်။
သူမက လူနာ၏သတိပေးချက်အတိုင်း တွေးတောတုံဆိုင်းမနေဘဲ အခွင့်အရေးကို မလွဲချော်စေခဲ့ပေ။
ဒဲဗောရာသည် ကော်ဖီဆိုင်ထဲမှ အမြန်ထွက်ခွာခဲ့ပြီး ကဖေးဝင်ပေါက်အနီးရှိ ဝန်ထမ်းတစ်ဦးထံ လူနာ၏စာကို ပေးခဲ့လိုက်သည်။
"ကျေးဇူးပြုပြီး ဒီစာကို ဒီနေ့ကော်ဖီဆိုင် ငှားထားတဲ့ မိန်းမပျိုဆီ ပေးပေးပါ"
"ဗျာ ဘာလို့ မင်းကိုယ်တိုင်မပေးလိုက်လဲ"
"အိုး…အဲ့ဒါက… ငါ့မှာ အရေးတကြီးလုပ်စရာလေးရှိလို့။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီးပေးပေးပါ"
ကော်ဖီဆိုင်ဝန်ထမ်းက ထူးဆန်းသော အကြည့်ဖြင့် မေးလာခဲ့သော်လည်း ဒဲဗောရာက အကြောင်းပြချက်အချို့ပေးကာ ကော်ဖီဆိုင်ထဲမှ အလျင်အမြန် ထွက်သွားခဲ့သည်။
သူမ၏ဦးတည်ရာမှာ လူနာ၏ အခမဲ့ဆေးရုံဖြစ်သည်။ လူနာက သူမအစား အချိန်ဆွဲပေးထားသောကြောင့် ဒဲဗောရာသည် ဆေးရုံသို့ သူမတတ်နိုင်သမျှမြန်မြန်ပြေးသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဆေးရုံမှာ ကော်ဖီဆိုင်နှင့် သိပ်မကွာလှပေ။ ဒဲဗောရာသည် ကြီးမားပြီး သန့်ရှင်းသပ်ရပ်သော အဆောက်အအုံကြီးကို မြင်လိုက်ရချိန်တွင် ခေတ္တရပ်တန့်သွားပြီးနောက် အထဲသို့ လျင်မြန်စွာဝင်ကာ ဧည့်ကြိုကောင်တာက ဝန်ထမ်းကို အလောတကြီး မေးလိုက်သည်။
"စန်ဒီဆိုတဲ့ လူရဲ့အခန်းက ဘယ်မှာလဲဟင်။သူမက အသက်၄၀အရွယ်လောက် အမျိုးသမီးတစ်ဦးပါ။ဒီမှာ ဆေးရုံတက်နေတယ်ဆိုလို့ပါ!"
"စန်ဒီလား... ခဏလေးစောင့်ပေးပါနော်"
ဧည့်ကြိုဝန်ထမ်းက စာရွက်စာတန်းများကို တစ်ခုပြီးတစ်ခုစစစ်ဆေးခဲဲ့သည်။ဆေးရုံတက်သူအရေအတွက်မှာ အနည်းငယ်များတာကြောင့် မျှော်လင့်ထားသည်ထက် အချိန်ပိုကြာကြာယူခဲ့ရသည်။
အချိန်တွေ တစ်ရွေ့ရွေ့ကုန်လာသည်နှင့်မျှ ဒဲဗောရာက စိတ်မရှည်တော့ချိန်မှာပဲ ရင်းနှီးသောအသံတစ်ခုက သူမ၏အမည်ကိုခေါ်လာခဲ့၏။
"ဒဲဗောရာလား"
"...အမ"
၎င်းက ဘေးအိမ်က အမျိုးသမီးပင်ဖြစ်သည်။သူမက ဒဲဗောရာဖြစ်မှန်း သိသွားချိန်တွင် သူမကိုင်ထားသော မျက်နှာသုတ်ပုဝါကို လွှင့်ချပြီး ဒဲဗောရာဆီ အမြန်ပြေးလာခဲ့သည်။
"အိုး ဘုရားရေ! နင် ဘာတွေရောက်နေတာလဲ ဟမ်?! ငါတို့ နင့်ကို ဘယ်လောက်တောင် စိတ်ပူနေခဲ့ရလဲဆိုတာ သိရဲ့လား! အိုးဘုရားရေ ဒီအိမ်အကူဝတ်စုံက..နင် အလုပ်တစ်ခုခုရခဲ့တာလား။ အဲ့ဒါကြောင့် မလာနိုင်ခဲ့တာလား"
အမျိုးသမီး၏ မျက်လုံးများမှာ သူမ၏စိုးရိမ်မှုက လိမ်ညာတာမဟုတ်သကဲ့သို့ နီမြန်းနေသည်။ ဒဲဗောရာက ပြန်ဖြေရန်တုံ့ဆိုင်းသွားပြီး ခေါင်းခါပြကာ မပီမပြင်ပြောလိုက်သည်။
"အာ... အင်းအဲ့လိုပဲ ကိစ္စတစ်ချို့ရှိခဲ့လို..."
"အိုး ကောင်းပြီ။ဘာပဲဖြစ်ဖြစ် အဲ့ဒါလည်းကောင်းပါတယ်လေ။ငါ တကယ်ဝမ်းသာတယ်။နင်လည်းအဆင်ပြေသလို နင့်အမေလည်း ပိုကောင်းလာပြီ။အိုး ဒါနဲ့ နင့်အမေ ဒီမှာဆေးရုံတက်နေတယ်ဆိုတာ ကြားပြီးပြီမလား"
ထိုအမျိုးသမီး၏အမေးကြောင့် ဒဲဗောရာ၏ မျက်လုံးများက ဝိုင်းစက်သွားပြီး လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။
အမျိုးသမီးက သူမကို ဟက်ဟက်ပက်ပက် ပြုံးပြပြီး လမ်းပြပေးမည်ဟု ကမ်းလှမ်းလာခဲ့သည်။သူတို့ စကားစမြည်ပြောကြရင်း ထိုအမျိုးသမီးက 'ကမ္ဘာပေါ်မှာ တကယ် ကြင်နာတတ်တဲ့ မျိုးရိုးမြင့်တွေ ရှိသေးတယ်'ဟု အစချီပြီး ဟိုဟိုဒီဒီအကြောင်းများကို ပြောလာခဲ့တော့သည်။
"ငါ အစတုန်းက ဒီတိုင်းအဓိပ္ပာယ်မရှိတဲ့ လုပ်ဇာတ်လို့ထင်ခဲ့ပေမယ့် ဒီတိုင်းလည်း လက်မလွှတ်လိုက်နိုင်လို့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ မေးလိုက်တာ။အဲ့မှာတင် သူတို့က နင့်အမေကို ကိုယ်တိုင်ကိုယ်ကျ ရထားနဲ့ ဆေးရုံကို ခေါ်လာပေးခဲ့ရော"
ထို့အပြင် သူမလည်း ဆေးရုံမှာ အကူသူနာပြုအနေနဲ့ အလုပ်ရခဲ့တယ်လို့ ပျော်ရွှင်စွာဆက်လက်ရှင်းပြလာခဲ့၏။
"ဘာပဲဖြစ်ဖြစ် သခင်မလေး လူနာပဲလ်ရဲ့ ကျေးဇူးတွေကြောင့်ပဲ နင့်အမေက အများကြီး တိုးတက်လာတာ။အခုဆို ကုသမှုနည်းနည်းခံယူပြီးတညနဲ့ သိပ်မကြာခင် ဆေးရုံကတောင် ဆင်းလို့ရပြီလို့ပြောတယ်။နင် အဲ့သခင်မလေးကိုတွေ့ရင် အရမ်းအံ့သြသွားလိမ့်မယ်။ကမ္ဘာပေါ်မှာ သူမလောက် ကြင်နာတတ်တဲ့သူရှိတော့မှာမဟုတ်ဘူး"
"..…"
ဒဲဗောရာသည် ရှင်းပြချက်အပြည့်အစုံကြားပြီးနောက်တွင် သူမတောင် သတိမထားမိဘဲ သူ့ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။လူနာက သူမကို ဘယ်လောက်ထိတောင်မှ ကူညီပေးခဲ့တာလဲဟု တွေးမိသွားခဲ့သည်။
သူမပိုသိလေလေ သူမ၏နှလုံးသားက ကျေးဇူးတင်စိတ်များဖြင့် ပိုပြည့်နှက်လာလေလေဖြစ်ပြီး လေးလံလာခဲ့သည်။
ဒဲဗောရာက သူမ အခွင့်အရေးရပါက လူနာ၏ ကြင်နာမှုများကို ပြန်ဆပ်မည်ဟု ကတိပြုလိုက်ပြီး အမျိုးသမီးကို ပြနါတုံ့ပြန်ခဲ့သည်။
"…အမှန်ပဲ။သူမက ဒီကမ္ဘာပေါ်ကို တကယ်ကို အကောင်းဆုံးလူပဲ"
* * *
"ရုတ်တရက် နှောင့်ယှက်ရလို့ ခွင့်လွှတ်ပါ။သခင်မလေးရဲ့ အစေခံက စာတစ်စောင် ပို့ခိုင်းလိုက်လို့ပါ"
"အစေခံ... ငါ့အတွက်လား"
တစ်ဖက်တွင် လော်ရာသည် လူနာထံမှ စာကို ရရှိလာသောကြောင့် အံ့သြစွာဖြင့် လက်ခံလိုက်သည်။
သခင်မလေးလူနာက သူမကို စာပို့တာလား။ ရုတ်တရက်ကြီးလေ။ ဘာလို့လဲ။ ဘာလို့ ဒီတိုင်းလာပြီး မပြောတာလဲ။
"... သခင်မလေးက လူကိုယ်တိုင်လာရမယ့်အစား ဘာလို့ စာပို့လာတာပါလိမ့်"
အန်းသန့်စ်လည်း ထိုသို့ တွေးမိ၏။သူက လော်ရာကို မြန်မြန်ဖတ်ဖို့ တိုက်တွန်းလိုက်တာကြောင့် သူမလည်း အကြောင်းအရာကို အမြန်စစ်ဆေးခဲ့သည်။
"…ဟင်?!"
ထို့နောက် သူမက အံ့အားသင့်သောအသံလုပ်လာခဲ့ပြီး အန်းသန့်စ်ကို ထိတ်လန့်သောမျက်နှာဖြင့် စိုက်ကြည့်လာခဲ့သည်။
ထို့ကြောင့် သူလည်း စာကို အလျှင်အမြန်ပြောင်းယူလိုက်ကာ စာပါအကြောင်းအရာများကို ဖတ်လိုက်သည်။
[မြို့စားကြီးက ကျွန်မရဲ့ မိုင်းကို ဖျက်စီးဖို့ လူတွေ စေလွှတ်ခဲ့တယ်လို့ ကြားခဲ့ရတယ်။
ဒါပေမယ့် ကျွန်မမှာ ရုတ်တရက် ပေါ်လာတဲ့ကိစ္စတစ်ခုကြောင့် တစ်နေရာရာကို သွားစရာလေးရှိနေလို့ ရှင်ကိုင်တွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ကျွန်မ လုံလုံခြုံခြုံရှိနေတာမို့ စိတ်မပူပါနဲ့။ဒီတိုင်း အဲ့ဟာကိုသာ အရင် ဖြေရှင်းလိုက်ပါ။
နောက်မှတွေ့မယ်]
"မိုင်းက...ဖျက်စီးခံရတာလား"
အန်းသန့်စ်က ဘာကိုဆိုလိုတာလဲဟု တွေးမိသွားသော်လည်း သူသိထားသော မြို့စားကြီးသာဆိုပါက အဓိပ္ပာယ်ရှိပေသည်။
ဒါပေမယ့် စာထဲရေးထားတာတွေက မှန်တယ်ဆိုရင်တောင် သူမမှာ ဒီကိစ္စကလွဲ ဘာအရေးတကြီးကိစ္စလုပ်စရာ ရှိနိုင်လို့လဲ။ဒီတော့ လူနာက ဘာလို့ အခြားတစ်နေရာကို သွားရတာလဲ။
သို့သော် စာထဲ ရေးထားသော လက်ရေးမှာ လူနာမှန်တယ်ဆိုရင်တောင်မှ သံသယဖြစ်စရာကောင်းနေသေးသည်။ဤအရာက အမြဲတမ်း ကိစ္စများကို အေးအေးဆေးဆေးကိုင်တွယ်တတ်သော အန်းသန့်စ်အား စိတ်ရှုပ်စေခဲ့ပြီး ဘာလုပ်ရမှန်းမသိဖြစ်စေခဲ့သည်။
"ကျွန်မတို့ ဘာလုပ်သင့်လဲ...!"
လော်ရာက စိုးရိမ်သော အသံဖြင့် မေးလာခဲ့သည်။အန်းသန့်စ်သည် ခဏတာ မဖြေနိုင်ဖြစ်သွားခဲ့သော်လည်း ထိုင်ခုံမှ ထရပ်ကာ လော်ရာကို ကြည့်လိုက်သည်။
"လော်ရာ တစ်ချက်လောက် သန့်စင်ခန်းထဲကို စစ်ပေးလို့ရမလား"
"အင်း ဟုတ်ကဲ့! ကျွန်မ လုပ်လိုက်ပါ့မယ်!"
လော်ရာနှင့် အန်းသန့်စ်တို့က သန့်စင်ခန်းဆီသို့ ဦးတည်သွားခဲ့ကြသည်။ ကံမကောင်းစွာပင် အထဲမှာ ဘယ်သူမှ မရှိနေပေ။
အန်းသန့်စ်က လူနာ၏ စာကို ပြန်လည်စစ်ဆေးပြီးနောက် ဘာရွေးချယ်စရာမှ မရှိတော့သလိုမျိုး နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။
"လော်ရာ ဒီမှာ ခဏနေအုံး ငါအပြင်ခဏသွားအုံးမယ်။ လူနာ ငါ့ထက် အရင် ပြန်ရောက်လာရင် သူမ ဘယ်မှထပ်မသွားနိုင်အောင် တံခါးကိုလော့ချထားလိုက်"
"အင်း ဟုတ်ကဲ့...! ကျွန်မ အဲ့လ်ုလုပ်လိုက်ပါ့မယ်!ကျွန်မ သေချာပေါက် လော့ချထားမှာမို့ သခင်လေး မြန်မြန်သွားလိုက်ပါ။သခင်မလေးက မကြာခင်ပြန်လာလောက်မှာ သေချာတယ်။တကယ်တော့ သူမ အဲ့လိုမှတ်စုချန်ပြီး ပျောက်သွားတာက ပုံမှန်မဟုတ်တာတော့မဟုတ်ဘူး"
သခင်လေးအန်းသန့်စ်က မိုင်းကိစ္စအသား သခင်မလေးလူနာကို ရှာချင်နေပုံရေနသောကြောင့် လော်ရာလည်း ပြုံးပြပြီး စိတ်မပူဖို့ပြောလိုက်သည်။လူနာက အမြဲတမ်း မှန်းဆလို့မရသည်မှာ အမှန်ဖြစ်သည်။
ထိုကျေးဇူးကြောင့် အန်းသန့်စ်သည် အနည်းငယ် စိတ်သက်သာရာရသွားပြီး ကော်ဖီဆိုင်မှ အမြန်ထွက်သွားခဲ့သည်။ သူ၏ဦးတည်ရာသည် ဂိုဏ်းသို့ဖြစ်သည်။
သူ ဂိုဏ်းသိုဘရောက်သည်နှင့် လူနာ၏မိုင်းတွင်းများသို့ လူများကို ချက်ချင်းစေလွှတ်ပြီး လုံခြုံရေးကိုချက်ချင်းတိုးကာ သံသယဖြစ်ဖွယ်လူမှန်သမျှကို သေချာစစ်ဆေးရန် အမိန့်ပေးခဲ့သည်။ ထို့နောက် ကော်ဖီဆိုင်သို့ ပြန်လာခဲ့သည်။
သူက စိတ်မရှည်ဘဲ ကိစ္စများကို လောလော လောလောလြပ်ခဲ့တာကြောင့် အချိန်သိပ်မကြာခဲ့ပေ။
အန်းသန့်စ်သည် လူနာက ထိုအချိန်အတွင်း ပြန်ရောက်လာနိုင်သည်ဟု တွေးကာ အမြန်လာခဲ့စဉ်မှာပဲ ဝင်ပေါက်တွင် လော်ရာနှင့်အတူ မမျှော်လင့်ထားသောလူတစ်ဦးက သူမဘေးထိုင်နေတာနှင့်တိုးခဲ့ရသည်။
"သခင်လေး အန်းသန့်စ်! ကျွန်မတို့တော့ ဒုက္ခရောက်နေပြီ"
TK Team (chapter 123)