Chapter 124
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 124


အန်းသန့်စ်သည် တခဏချင်းမှာပဲ သူ့ခေါင်းပေါ်မှာ ရေခဲများ လောင်းချခံရသလို အေးစက်သွားပြီး နှလုံးခုန်ရပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ ဘာကိစ္စကြီးဖြစ်တာလဲလို့နောင် မေးနေစရာ မလိုပေ။လော်ရာ၏ မျက်လုံးများထဲ မျက်ရည်များ ပြည့်နှက်ပြီး သူမဘေးတွင် တူညီသောအမူအရာဖြင့် ဒဲဗောရာက ရှိနေခဲ့သည်။

သို့တိုင် အန်းသန့်စ်သည် ဘာမှမဖြစ်နိုင်လောက်ပါဘူးဟု အနည်းငယ်သောမျှော်လင့်ချက်ဖြင့် သူ၏ စိုးရိမ်နေသော အမူအရာကို မဖုံးကွယ်နိုင်ဘဲ ဒဲဗောရာအား မေးလိုက်သည်။

"မင်းက ဘာလို့ဒီရောက်နေရတာလဲ"

တစ်ချိန်က ဖော်ရွေဟန်ဆောင်ထားသော မျက်နှာမှာ ပျောက်ကွယ်သွားခဲ့သည်။ဒဲဗောရာသည် ရုတ်တရက် အေးစက်စက် မျက်နှာကို ရင်ဆိုင်လိုက်ရသောကြောင့် ချီတုံချတုံနှင့် ပြန်ဖြေလိုက်၏။

"ဟို...ဟို လေဒီလူနာက ကျွန်မနဲ့အဝတ်အစားချင်းလဲပေးဖို့အကြုံခဲ့တယ်...! အဲ့ဒါနဲ့ ကျွန်မလည်း ဆေးရုံတက်နေတဲ့ အမေကို သွားကြည့်နိုင်ခဲ့တယ်…!ကျွန်မ တတ်နိုင်သမျှ မြန်မြန်ပြန်လာခဲ့ပေမယ့်....သခင်မလေး....သူမ…!"

ဒဲဗောရာသည် သူမ၏ အဖြေကိုအဆုံးမသတ်နိုင်ခဲ့ကာ ဘာမှထပ်မပြောနိုင်တော့ဘဲ မျက်ရည်များစီးကျလာတော့သည်။

သို့သော် ၎င်းက အန်းသန့်စ်အတွက် လူနာ ဘယ်မှာလဲဆိုတာ ခန့်မှန်းဖို့ လုံလောက်ပေသည်။

လူနာက အဝတ်အစားများပြောင်းပြီးနောက် ဒဲဗောရာဟန်ဆောင်နေချိန် ပျောက်သွားပါက အဖြေတစ်ခုသာရှိနိုင်သည်။

"ပြီးတော့ သခင်မလေးက မြို့စားကြီးရိုဒရီယန်အိမ်ကို မြို့စားကြီးရဲ့အစေခံတွေနဲ့ ပြန်သွားခဲ့တယ်ထင်တယ် ...!"

အဖြေထွက်သည်နှင့်အမျှ အန်းသန့်စ်သည် သူ၏ မျက်လုံးများကို တင်းတင်းမှိတ်လိုက်မိသည်။ 

ဒီ့ထက် ပိုဆိုးသောအရာ မရှိနိုင်တော့ချေ။

* * *

လူနာသည် ဘတ်သ်နှင့် သီးသန့်ခန်းထဲ ပြန်လာပြနောက်တွင် ဆိုဖာထဲသာ နစ်မြုပ်နေကာ သူမ ခေါင်းကို တတ်နိုင်သမျှလှည့်ထားသည်။

သူမ၏ ကိုယ်ဟန်အနေအထားမှာ သံသယဖြစ်စရာကောင်းသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘတ်သ်က စိတ်မ၀င်စားခဲ့ပေ။

ထိုအစား သူမက လူနာ၏ သိပ်မကောင်းသော အခြေအနေကို မြင်ချိန် တခြားတစ်ခုခု မှာသောက်ချင်လားဟု မေးလာခဲ့သည်။

"အိုး အင်း ကျေးဇူးပြုပြီးမှာပေးပါ"

"ဒါဆို ငါ နို့ပူပူထဲ ချောကလက်ရည်နဲ့ အပေါ်မှာ ခရင်မ်လေးတင်ထားတဲ့ဟာကို မှာပေးမယ်"

ဘတ်သ်သည် ချောကလက်ပူပူဟုပဲ ပြောလိုက်နိုင်သော်လည်း လူနာ၏ စိတ်အခြေအနေကို မြှင့်တင်ပေးရန်အလို့ငှာ ၎င်းကို ပို၍စိတ်ကူးယဉ်ဆန်သောပုံစံဖြင့် အသေးစိပ်ဖော်ပြခဲ့သည်။

'ဒဲဗောရာကို ကောင်းကောင်း ဂရုစိုက်တာပဲ'

ကောင်းပြီ ဒဲဗောရာက ဒီလောက်ကြီးမားတဲ့ ကိစ္စလြပ်ရမှတော့ သူတို့လည်း မကူညီနိုင်ဘဲ ကောင်းကောင်း ဆက်ဆံပေးရတော့မှာပေါ့။ 

လူနာက တော်ပါသေးရဲ့ဟုတွေးပြီး ဝန်ထမ်းကိုခေါ်ကာ အော်ဒါမှာနေသော ဘတ်သ်ကို တစ်ချက်ကြည့်လိုက်သည်။

"နင် စားချင်တာတစ်ခုခုရှိသေးလား"

ထို့နောက် ဘတ်သ်က ရုတ်တရက်ကြီး စကားပြောလာသောကြောင့် လူနာ အံ့သြသွားပြီး လျှင်မြန်စွာလက်ဝှေ့ယမ်းပြလိုက်သည်။

"ဟင် အိုး ဟင့်အင်း! ဒါနဲ့တင်အဆင်ပြေပါတယ်"

၎င်းက ဒဲဗောရာ စိုးရိမ်နေသောအရာဖြစ်လောက်၏။သူမမှာ ကောင်းမွန်စွာ ဆက်ဆံခံရသော်လည်း အမြဲမပြတ် စောင့်ကြည့်ခံနေရကြောင်းကို သတိပြုမိသည်။

"ကျေးဇူးပြုပြီး နည်းနည်းနွေးတဲ့ မျက်နှာသုတ်ပုဝါတစ်ထည်လည်း ယူလာခဲ့ပါ"

လူနာသည် သူမကိုယ်သူမအတွက် မျက်နှာသုတ်ပဝါမှာနေသော ဘတ်သ်ကို ကြည့်ရင်း ခဏလောက်တွေးကာ ပေးလာသောအခွင့်အရေးကိုအသုံးပြုတာက အကြံကောင်းဖြစ်လောက်မည်ဟု ဆုံးဖြတ်ပြီး သတိကြီးစွာဖြင့် သူမပါးစပ်ကိုဖွင့်လိုက်သည်။

"ငါ...အဲဒီစာရွက်စာတမ်းတွေပေါ်မှာ ဘာတွေရေးထားတာလဲဟင်။ငါက ဘာကို ယူလာပေးရမှာလဲ။ပြီးတော့ နင့်ဆီကိုယူလာရမှာလား"

ပထဦးစွာ အရေးအကြီးဆုံးမှာ မြို့စားကတော်ကြီး တောင်းထားသည့် စာရွက်စာတမ်းများပင် -ကွာရှင်းဖို့ပြင်‌ဆင်နေသော မြို့စားကတော်ကြီးက ဒဲဗောရာကို လျှို့ဝှက်ယူရန်တောင်းဆိုခဲ့သည့် စာရွက်စာတမ်းများဖြစ်သည်။

ဘတ်သ်က ဒဲဗောရာကို မရှင်းပြခဲ့သေးသည်နှင့်အမျှ လူနာမှာ အသေးစိတ်အချက်အလက်များကို မသိရသေးချေ။

သူမ မေးလိုက်ချိန်တွင် ဘတ်သ်၏ အမူအရာက တင်းမာသွားတာကြောင့် လူနာလည်း အမြန်အကြောင်းပြချက်ပေးလိုက်သည်။

"ငါတို့ ဘယ်အချိန် အခွင့်အရေး ပေါ်လာမလဲဆိုတာ မသိဘူးမလား။သိပ်မကြာသေးခင် ညစာစားတုန်းက မြို့စားကြီး ကြည့်ရတာ ငါ့အပေါ် နည်းနည်းသတိထားတာလျော့သွားသလိုပဲ"

"ဘယ်လိုမျိုးလဲ"

ဒဲဗောရာက ထိုအကြောင်းကို ဘတ်သ်အား မပြောခဲ့ပုံရသည်။ထို့ကြောင့် လူနာလည်း မြို့စားကြီးက သူမ၏မိုင်းကို တစ်ယောက်ယောက်ပို့ခဲ့ကြောင်း ရှင်းပြခဲ့လိုက်သည်။

"နင် ငါ့ကို ဘာလို့ စောစောမပြောခဲ့တာလဲ"

"အာ... အဲ့ဒါက...ငါ ဝင်မပါနိုင်တဲ့ဟာမို့ နင့်ကို ပြောလည်း ဘာမှပြောင်းလဲမှာမဟုတ်ဘူးဆိုပြီး တွေ့ခဲ့လို့ပါ"

"…"

သို့တိုင် ဘတ်သ်သည် ဒဲဗောရာက သူမအပေါ် ဖုံးကွယ်ခဲ့သောကြောင့် မကျေမနပ်ဖြစ်သွားပုံရသည်။

လူနာက သူမ၏ အမှားကို သတိပြုမိသွားပြီး မလိုအပ်ဘဲ ပြောမိသွားသည့်အတွက် နောင်တရတော့မည့် အချိန်မှာပဲ ဘတ်သ်က သက်ပြင်းချပြီး ပါးစပ်ဖွင့်လာခဲ့သည်။

"အခုချိန်ကစပြီး အနာဂတ်ကျရင် ဘယ်လောက်ပဲ အသေးအဖွဲဖြစ်နေပါစေ ငါ့ကို အကုန်ကို ပြောပြရမယ်နော်"

"…ငါ အဲ့လိုလုပ်ပါ့မယ်"

လူနာ၏ အသံမှာ ဝမ်းနည်း‌နေသကဲ့သို့ စတင်ဖျော့တော့လာခဲ့သည်။

သို့သော် ဘတ်သ်က သူတို့၏ ရှားရှားပါးပါး အပြင်ထွက်ခြင်းကို မဖျက်စီးလိုသောကြောင့် နောက်ဆုံးတွင် လူနာ၏ မေးခွန်းကို ပြန်ဖြေခဲ့သည်။

"ငါ စာရွက်စာတမ်းတွေ အကြောင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ မပြောခဲ့တာမဟုတ်ဘူး။အဲ့ဒါက တော်တော်ရှာရခက်လိမ့်မယ်။နင် မြို့စားကြီးရုံးခန်းထဲမှာ ရှာမယ်ဆိုတောင် အကြာကြီးရှာရလောက်တယ်"

"အိုး အဲ့လိုလား"

"အင်း ဒါပေမယ့် ငါရှင်းပြပေးမယ်။နင်ပြောသလိုဘဲ အ‌ခွင့်အရေးကဘယ်တော့လာမလဲမသိဘူးမလား။ကံကောင်းတာက အဲ့စာရွက်စာတမ်းကို တစ်စုတစ်စည်းထဲထားထားတာပဲ။ငါ့အထင် အရေးပေါ်အခြေအနေအတွက် စုထားတာဖြစ်နိုင်တယ်"

မြို့စားကတော်ကြီး၏ နောက်ဆုံးစစ်ဆေးမှုအရ ၎င်းတို့ကို ဖိုင်အလိုက် စုစည်းထားကြောင်း ဘတ်သ်က ရှင်းပြခဲ့သည်။ထိုစာတမ်းများ၏ အကြောင်းအရာများမှာ-

"အကျင့်ပျက်ခြစားမှုတွေလား…!"

"တိတိကျကျပြောရရင်တော့ အခွန်ရှောင်တာပဲ။နန်းတော်ထဲက ရာထူးကြီးတဲ့ မျိုးရိုးမြင့်တွေရဲ့အကူအညီနဲ့ အခွန်အများကြီးကို ရှောင်ခဲ့တာလို့တော့ ငါသိထားတယ်"

သူတို့သည် ၀င်ငွေကို ပိုရရှိစေရန် ရာနှင့်ချီသည့် တကယ်မရှိသော လူများအား ဖန်တီးရန် နည်းလမ်းကို အသုံးပြုခဲ့သည်။

ဝင်ငွေပိုရလေလေ အခွန်နှုန်းမြင့်လေလေဖြစ်သောကြောင့် ဝင်ငွေကို ကြားမှာသိမ်းယူပြီး တကယ်ရသောပမာဏကို လျော့ချပါက အခွန်လျှော့ပေးနိုင်သည်။

"ဒါဆို အဲဒီစာရွက်စာတမ်းတွေထဲမှာ တကယ်မရှိတဲ့ရာနဲ့ချီတဲ့ လူနာမည်တွေကို ရေးထားတာလား။ပြီးတော့ တခြားမျိုးရိုးမြင့်မြို့စားတွေက ဖမ်းမခံရအောင် သူတို့နာမည်တွေကို ပြောင်းထားတာလား"

"...ဟုတ်တယ်"

"မြို့စားကြီးက တစ်ခုခုမရဘဲနဲ့တော့ ကူညီပေးတာ မဖြစ်နိုင်ဘူး။ကြည့်ရတာ လာဘ်ပေးလာဘ်ယူမှု လုပ်ငန်းစဥ်တွေလည်း ရှိမယ်ထင်တယ်။ သူကတစ်ယောက်တည်းသေမယ့်သူမျိုးမဟုတ်ဘူး အဲ့ဒါကြောင့် လာဘ်ပေးလာဘ်ယူတာတွေကိုလည်း မှတ်တမ်းတင်ခဲ့လောက်တယ်"

"....အမှန်ပဲ"

မျိုးရိုးမြင့်မြို့စားများ အချင်းချင်း တိတ်တဆိတ် တိုက်ခိုက်သည်က အကြောင်းအရာတစ်ခုဖြစ်သော်လည်း တော်ဝင်နန်းတော်၏ မျက်လုံးများကို လှည့်စားပြီး အခွန်ရှောင်ခြင်းမှာ ကွဲပြားသော ဇာတ်လမ်းဖြစ်သည်။

အခွန်ပမာဏပေါ်မူတည်၍ သူတို့၏ပိုင်ဆိုင်မှုသာမက သူတို့၏ ရာထူးများကိုပင် ပြန်ပေးအပ်ရနိုင်ခြေရှိသည်။

အကယ်၍ ၎င်းမှာ ဒဏ်ကြေးလောက်ဖြင့်အဆုံးသတ်နိုင်သော ပမာဏဖြစ်ပါက မြို့စားကတော်ကြီးသည် ဒဲဗောရာကို စာရွက်စာတမ်းများအား ခိုးယူရန် ပြောကြားခဲ့မည်မဟုတ်ချေ။၎င်းမှာ မြို့စားကြီးကို တစ်ချက်တည်း ရိုက်ချနိုင်မည့် စာရွက်စာတမ်းများဖြစ်ပါက လူနာ လည်း လိုအပ်ပေသည်။ထိုစာရွက်စာတမ်းများကို ကွာရှင်းပြတ်စဲခြင်းအတွက်ပဲ အသုံးပြုဖို့ရာ အဖိုးတန်လွန်းလှသည်။

လူနာ ထိုသို့ တွေးနေချိန်မှာပဲ ဘတ်သ်၏ အမူအရာက တစ်ခုခုထူးဆန်းတာတွေ့သွားသကဲ့သို့ လေးနက်လာခဲ့သည်။

"မင်း ရုတ်တရက်ကြီး စကားကောင်းကောင်းပြောလာတာပဲ"

သူမက ပုံမှန် ဒဲဗောရာနှင့်မတူဘဲ လျှင်မြန်စွာနားလည်နိုင်ကာ ထက်မြက်နေသည်။

ယခင်က ဒဲဗောရာသည် သာမန်အကြောင်းအရာများကိုပင် နားလည်ရန် ရုန်းကန်ခဲ့ရသောကြောင့် ယခုတွင် သူမက လုံးဝခြားနားသောလူတစ်ယောက်လို ခံစားနေရသည်။

ဘတ်သ်က သံသယဝင်လာတာကြောင့် လူနာသည် အလျင်စလို ဆင်ခြေပေးလိုက်သည်။

"အာ အင်း အရင်တုန်းက ဒီလိုပဲသူတို့နာမည်ပြောင်းခဲ့လို့ အကြီးအကျယ် အပြစ်ပေးခံခဲ့ရတဲ့ သူတစ်ယောက်ရှိခဲ့လို့လေ။ငါလည်း သိချင်တာနဲ့မေးခဲ့တာ ကြည့်ရတာ သူပြောခဲ့တာက အမှန်တွေထင်တယ်"

"…အော်"

သို့သော် ဘတ်သ်၏ သံသယက လုံးဝ ပျောက်ကွယ်မသွားခဲ့ချေ။လူနာက ကြံရာမရဖြစ်သွားပြီး နာကျင်နေသကဲ့သို့ ဟန်ဆောင်ကာ သူမနဖူးကို ဖိထားလိုက်သည်။

"အာ! ငါ့ခေါင်းက ရုတ်တရက်ကြီး...."

"…!? နင်အဆင်ပြေရဲ့လား"

ဘတ်သ်က လန့်ဖျပ်သွားပြီး လူနာ၏ အခြေအနေက်ု အမြန်စစ်ကြည့်ခဲ့သည်။ကံကောင်းထောက်စွာဖြင့် ယခင်ကအတွေ့အကြုံများကြောင့် သူမ၏ သရုပ်ဆောင်မှုမှာ နည်းနည်းပိုသဘာဝကျလာခဲ့သည်။

ထို့အပြင် ဒဲဗောရာက သန့်စင်ခန်းသို့ မသွားခင် နေလို့မကောင်းဟန်ဆောင်ခဲ့သောကြောင့် ဘာသံသယမှ မဝင်ခဲ့ပေ။

"ငါ...ငါ တောင်းပန်ပါတယ် ဒါပေမယ့် ငါတို့ အခုပြန်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်"

လူနာသည် သူမ တစ်ခါတည်း မြို့စားကြီး၏ အိမ်ကိုဝင်စနည်းနာနိုင်သည်ဟု တွေးပြီး နာကျင်နေဟန်ဖြင့် ခေါင်းနှင့် ဗိုက်ကို ဆုပ်ကိုင်လိုက်သည်။

ဘတ်သ်က ထိုစကားများကို စောင့်ဆိုင်းနေသကဲ့သို့ ချက်ချင်းခေါင်းညိတ်ပြလာပြီး လူနာကို သဘောတူခဲ့သည်။သူမသည် အစောကြီးကတည်းစ ပြန်သွားလိုသော ဆန္ဒကို ချုပ်တည်းရန် ကြိုးစားထားခဲ့ရသည်။

"အိုး အဲ့ဒါမတိုင်ခင် ငါ သန့်စင်ခန်း ခဏလောက် သုံးလို့ရမလား။မဟုတ်ရင် အပြန်လမ်းမှာ တစ်ခုခုဖြစ်နိုင်သလို ခံစားရတယ်…"

"…..."

ထိုသို့ တောင်းဆိုတာကို မည်သူမှ ငြင်းနိုင်မှာမဟုတ်ချေ။ဘတ်သ်က တစ်စုံတစ်ခုကို ခဏလောက်ပုံဖော်မိပြီးနောက် မျက်မှောင်ကြုတ်မိသွားကာ လူနာကို သန့်စင်ခန်းသို့ တစ်ယောက်တည်း သွားခွင့်ပေးလိုက်သည်။

လူနာက သန့်စင်ခန်းထဲရောက်ချိန်တွင် အန်းသန့်စ်အတွက် စာတိုတစ်စောင်ရေးထားခဲ့ပြီး သန့်စင်ခန်းထဲဝှက်ထားကာ ဘတ်သ်အကူအညီဖြင့် ကော်ဖီဆိုင်မှထွက်ခွာခဲ့သည်။

'ငါ အပြင်မှာ ကြယ်ပုံစံဆွဲခဲ့တာမို့ သူ လွှင့်မပစ်ဖို့ မျှော်လင့်တယ်။ အဆင်ပြေလောက်မှာပါ'

သူမက မြို့စားကြီး၏အိမ်ကို တလိုတလားသွားခဲ့ခြင်းဖြစ်တာကြောင့် စိတ်ပူစရာမရှိဟု ရှင်းပြခဲ့သည်။

လူနာသည် တွေးတော‌ပြီး ဖျားချင်ဟန်ဆက်ဆောင်ထားကာ ရထားနံရံသို့ ခေါင်းတင်ထားခဲ့သည်။

"ငါတို့ပြန်ရောက်တာနဲ့ ဆရာဝန်ခေါ်ရမယ်ထင်တယ်"

"ဟင်?!မဟုတ်ဘူး။အဲ့လောက်ထိမဟုတ်ဘူး။ငါ နည်းနည်းလောက်အိပ်ပြီးတာနဲ့ အဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်"

"ဒါပေမယ့် လိုလိုမယ်မယ်..."

"ဟင့်အင်း! ငါ အဆင်ပြေပါတယ်။တကယ်ပါ"

လူနာက သူမ ဆံပင်များ ရှုပ်ပွသွားသည်အထိ ခေါင်းကိုခါယမ်းပြီး သူမ၏အသံသည် အရူးမတစ်ယောက်နီးပါး ထူးဆန်းနေသည်။

သူမ ကြည့်ရတာ စိတ်ရောကိုယ်ပါ ပင်ပန်းနေပုံရသည်။

ဘတ်သ်က ထိုသို့တွေးပြီး နားလည်ပြီဟုပြောကာ လူနာ စိတ်တည်ငြိမ်အောင် ကြိုးစားခဲ့သည်။

"ကောင်းပြီ။ဒါပေမဲ့ အဲ့ဒီအစား..နင် ပြန်ရောက်တာနဲ့ ရေချိုးရင်ပိုကောင်းမယ်ထင်တယ်"

"အာ အင်း! ငါ အဲ့လိုလုပ်လိုက်မယ်"

လူနာသည် သူမ၏သရုပ်ဆောင်မှုဖြင့် အကျပ်အတည်းကို ကျော်လွှားနိုင်လိုက်ပြီဟု ထင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် မြို့စားကြီးအိမ်တော်သို့ ရောက်ပြီး ရထားပေါ်မှဆင်းလိုက်ချိန်တွင် သူမ မတွေ့ချင်သောလူနှင့်တွေ့လိုက်ရသည်။

"... ဒါကဘာဖြစ်ထားတာလဲ"

မြို့စားကြီး ရိုဒရီယန်ပင် ဖြစ်သည်။သူက ခြံဝင်းထဲတွင်ရှိနေပြီး လူနာ၏ အသွင်အပြင်ကို လက်ညှိုးထိုးပြကာ သူမမြင်သင့်တာကို မြင်လိုက်ရသလိုမျိုး စိတ်မသက်မသာဖြစ်သောအမူအရာဖြင့် မေးလာခဲ့သည်။

ဘတ်သ်က လျင်မြန်စွာ ဦးညွှတ်ပြီး လူနာ ၏အသွင်အပြင်အတွက် တောင်းပန်ခဲ့သည်။

"တောင်းပန်ပါတယ်။ကျွန်မ တောင်းပန်ပါတယ်။ သူမကို ချက်ချင်း ပြင်ဆင်ပေးပါမယ်"

မြို့စားကြီးက ဒေါသတကြီးဖြင့် လက်ကိုဝှေ့ယမ်းပြကာ မြန်မြန်ပြင်ဆင်ရန် အရိပ်အမြွက်ပြလိုက်သည်။သူ့ မျက်လုံးများထဲ 'ဒီလိုပုံစံနဲ့ ဘယ်လိုများ ဖယ်ဆန်ကို ဆွဲဆောင်နိုင်မှာလဲ' ဟုပြောနေသလိုမျိုး ရွံရှာဟန်ရှိနေခဲ့သည်။

'သူ လူတွေကို ဘယ်လိုတောင်တွေးနေတာလဲ'

လူနာသည် ဘတ်သ်၏ ဒီထက်ပိုဆိုးသောအခြေအနေမှာရှိနေမှာပါက သူမ ထောင်ထဲပိတ်ထားခံရနိုင်ချေရှိသည်ဟု ပြောပြီး အိမ်ထဲသို့ ဆွဲခေါ်သွားတာကိုခံရင်း အံတင်းတင်းကြိတ်ကာ စံအိမ်ထဲပျောက်ကွယ်သွားခဲ့သည်။

TK Team (chapter 124)