Chapter 126
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 126



* * *

"တံခါးဖွင့်လိုက်"

"ဟင်…?!"

ပြောသည့်အတိုင်း လိုက်နာရမည်ဖြစ်သော အစေခံက တွန့်ဆုတ်နေပြီး ဖယ်ဆန်၏ အခန်းသို့ဖွင့်ရန် မတတ်နိုင်ခဲ့ချေ။

ဖယ်ဆန် တစ်ခုခုမှားနေတာကြောင့် မဟုတ်ဘဲ ဒီနေ့ သူ့ကို ထင်ယောင်ထင်မှား ဆေး မပေးခဲ့သောကြောင့်ဖြစ်သည်။

ပထမဆုံးတွင် ဖယ်ဆန်က ဒဲဗောရာကို လူနာအဖြစ် အထင်မမှားခဲ့သော အဖြစ်မျိုးရှိခဲ့တာကြောင့် အစေခံသည် အိမ်တော်ထိန်းကို အဖြေတောင်းဟန်ကြည့်လိုက်၏။

သို့သော် သူက အိမ်တော်ထိန်းဆိုရင်တောင် ရွေးချယ်စရာ မရှိနေပေ။သူသည်လည်း သူတို့ကို ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဝင်ခွင့်မပြုသင့်ဘူးလို့ ခံစားရသော်လည်း သူ မလိုအပ်ဘဲ ဝင်စွက်ဖက်မိပါက ပါးရိုက်ခံရမှာ သေချာသည်။

ထို့ကြောင့် အိမ်တော်ထိန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး အစေခံက ဖျော့တော့နေသောမျက်နှာဖြင့် တံခါးကို ဂရုတစိုက် ဖွင့်လိုက်သည်။

မြို့စားကြီးက ထိုအမူအရာကို မနှစ်မြို့ဟန် ကျစ် တစ်ချက်သပ်လိုက်ပြီး အနောက်လှည့်ကြည့်လိုက်သည်။

"မင်း အရင်သွားပါ"

လူနာက တံတွေး မြိုချလိုက်ပြီး အထဲသို့ သတိကြီးစွာ ဝင်သွားခဲ့သည် ။

ကံကောင်းသည်လား ကံမကောင်းသည်လားမသိစွာပင် အထဲမှထွက်လာသော ရနံ့က သူမ၏ တင်းမာမှုကို ဖြေလျှော့ပေးလာသလိုခံစားရသည်။

သူတို့ တဖြေးဖြေးချင်း ဝင်လာခဲ့ကြပြီး အိပ်ယာပေါ်တွင် လဲလျောင်းနေသော ဖယ်ဆန်ကို တွေ့လိုက်ရသည်။ 

သူ့မျက်လုံးများက မှိတ်ထားလျက်ရှိတာကြောင့် အိပ်ပျော်နေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ရနံ့က အရင်းအဆိပ်အတောက်ဖြစ်လွန်းတာကြောင့် သူ မနိုးနိုင်တာဖြစ်လောက်သည်။

'သူ ဒီအခန်းထဲမှာ ဒီလိုအခြေအနေမျိုးနဲ့ ချုပ်ထားခံရတယ်ဆိုတာ မယုံနိုင်ဘူး...'

၎င်းက သူလုပ်ခဲ့သမျှအတွက် ထိုက်တန်သော်လည်း သူမ မကူညီနိုင်ဘဲ စိတ်မကောင်းဖြစ်မိသွား၏။

ဖယ်ဆန်ဘက်မှ တစ်ဖက်သတ် ဖြစ်ခဲ့ရင်တောင်မှ သူတို့သည် တစ်ချိန်က စစ်မှန်သော သူငယ်ချင်းများ ဖြစ်ဖူးခဲ့ကြသည်။

လူနာသည် ရှုပ်ထွေးနေသောခံစားချက်များဖြင့် တုံ့ဆိုင်းနေချိန် မြို့စားကြီးက သူမကို ဖယ်ဆန်အား မြန်မြန်နှိုးပြီး သူတို့၏ရင်းနှီးမှုကို သက်သေပြရနခ တိုက်တွန်းခဲ့သည်။

"မင်း အဲ့မှာပဲ ရပ်ပြီး ကြည့်နေမှာလား"

၎င်းက လှောင်ပြောင်ခြင်းမဟုတ်ပေ။ မြို့စားကြီး၏ မျက်လုံးများထဲ မျှော်လင့်ချက် အရိပ်အယောင်များ ရှိနေခဲ့သည်။သူသည် ဖယ်ဆန်အား လူနာကို စွဲလန်းနေရာမှ လွတ်မြောက်သွားကြောင်း သေချာစေရန် တိုင်းတာလိုပုံရသည်။

'ဟူး အဆင်ပြေပါတယ်။ဒဲဗောရာမှာလည်း ဒီလိုအခြေအနေမျိုးရှိခဲ့မယ်ဆိုရင် သူမ စိုးရိမ်ပူပန်နေလောက်တယ်...'

ထို့အပြင် သူမက အစစ်ဖြစ်သည်။သူမက မိတ်ကပ်လိမ်းပြီး ဟန်ဆောင်နေစရာမလိုပေ။

ထိုအတွေးဖြင့် သူမခေါင်းကို ဖယ်ဆန်ဘက်သို့လှည့်ကာ သူ့နာမည်ခေါ်လိုက်သည်။

"...လူနာလား"

ဖယ်ဆန်က သူမအသံကိုကြားသည်နှင့် လူနာမှန်း ချက်ချင်းမှတ်မိသွားပြီး မျက်လုံးများဖွင့်လာခဲ့သည်။

"ဖယ်-ဖယ်ဆန်..."

"လူနာ…!"

လူနာက ဖယ်ဆန့်နာမည်ကို ထပ်ခေါ်လိုက်ချိန်တွင် သူက လူနာ၏ခါးကို ပျောက်ဆုံးသွားသောသခင်ကို ပြန်ရှာတွေ့သည့် ခွေးပေါက်လေးကဲ့သို့ ဖက်လာခဲ့သည်။

လူနာ၏ လက်များက အံ့အားသင့်မှုကြောင့် လေထဲ ခဏလောက် ဘယ်နားထားရမှန်းမသိ ဖြစ်သွားခဲ့သော်လည်း မြို့စားကြီး၏ အကြည့်များကို သတိရသွားပြီး ဖယ်ဆန်၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

ထိုအမူအရာက လုံလောက်သော သက်သေဖြစ်သည်။မြို့စားကြီးသည် သူတို့၏ ရင်းနှီးသော ဆက်ဆံရေးကို မြင်လိုက်ရပြီးသည်နှင့် ချက်ချင်းလှည့်ထွက်သွားခဲ့သည်။

ဒါပေါ့ သူက ကျေနပ်သွားတာကြောင့်တော့ မဟုတ်ပေ။သူ၏ အခြေအနေဆိုးနေသော သားဖြစ်သူက အမျိုးသမီးတစ်ယောက်အား အလွန်အမင်း တွယ်ကပ်နေတာကို မမြင်ချင်သောကြောင့်ဖြစ်သည်။

ထိုအချိန်အတွင်း အိမ်တော်ထိန်း၊ဘတ်သ် နှင့် တံခါးစောင့်အစေခံတို့သည် သူတို့၏ အံ့သြမှုကို ဖုံကွယ်မထားနိုင်ခဲ့ဘဲ လူနာ၏ ခါးကိုဖက်ထားသော ဖယ်ဆန်အား စိုက်ကြည့်နေခဲ့ကြသည်။

‌သေချာစွာပင် ဖယ်ဆန်သည် စိတ်ထင်ယောင်ထင်မှားဆေးကို မရှုခင်တုန်းက ဒဲဗောရာကို လူနာမဟုတ်ကြောင်း ပြတ်သားစွာ ပြောနိုင်ခဲ့သော်လည်း အခု ဘာတွေဖြစ်သွားတာလဲ။

"ဖယ်-ဖယ်ဆန်။နင် ငါ့ကို ခဏလောက် လွှတ်ပေးလို့ရမလား"

ငါ့ခါးပေါ် နင့်လက်တင်ရတဲ့အထိ ငါတို့ ဘယ်တုန်းက အဲ့လောက်ရင်းနှီးသွားခဲ့တာလဲ။မြို့စားကြီးထွက်သွားပြီ နင့်လက်လေးဖယ်ပေးလို့ရမလား။

ဖယ်ဆန်က လူနာ၏ မျက်နှာကို ခဏတာ စိုက်ကြည့်ပြီး ဖက်ထားသည်ကို ဖြည်းညှင်းစွာ လွှတ်လိုက်၏။

ထို့နောက် သူက အကြိမ်များစွာမျက်တောင်ခတ်ပြီး ခေါင်းယမ်းကာ မျက်လုံးများကို ပွတ်သပ်၍ ပါးစပ်ဖွင့်လိုက်သည်။

"… ဒီနေ့မှ မင်းကို ကြည့်ရပိုရှင်းသွားသလိုပဲ။အရင်တုန်းက ဝါးနေခဲ့တာ"

"တကယ်လား။ကြည့်ရတာ နင့်ရဲ့ အမြင်အာရုံက ရုတ်တရက်ကြီး ပိုကောင်းလာတာဖြစ်မယ်"

လူနာက ခပ်တိုးတိုး လေသံဖြင့် တုံ့ပြန်လိုက်သည်။စိတ်ထင်ယောင်ထင်မှားရနံ့များက သူ့အမြင်အာရုံကို မှုန်ဝါးဝါးဖြစ်စေပြီး သူ့စိတ်ကို အနှောင့်အယှက်ပေးနေပုံရသည်။

ဖယ်ဆန်သည် အချိန်အကြာကြီးနေမှ ပထမဆုံး ရှင်းလင်းစွာမြင်ရသော လူနာကို ဘာမှမပြောဘဲ တိတ်တဆိတ်စိုက်ကြည့်ခဲ့သည်။သူမ သူ့အနားမှာမရှိချိန်တုန်းက ဟာတာတာဖြစ်မှုကြောင့် ရူးသွားတော့မလိုပင်ခံစားခဲ့ရသည်။ယခုမူ သူမ၏ မျက်နှာလေး ကြည့်ရုံဖြင့်နှလုံးသားတစ်ခုလုံး ပြည့်နှက်သွားသလိုခံစားရသည်။

"... ငါ့မျက်နှာမှာ တစ်ခုခုရှိနေလို့လား။ငါ့မိတ်ကပ်က ကြည့်မကောင်းဘူးလား"

လူနာသည် သူ့အကြည့်များအောက်တွင် စိတ်မသက်မသာဖြစ်သလိုခံစားရပြီး အကြည့်များကို ရှောင်ကာမေးလိုက်ချိန်တွင် ဖယ်ဆန်က ချက်ချင်းပြန်ဖြေလာခဲ့သည်။

"မဟုတ်တာ။မင်းက အရမ်းလှတယ်။အမြဲတမ်းပဲ"

သူမ ဒေါသထွက်သည်ဖြစ်စေ သူ့ကိုရိုက်နှက်သည်ဖြစ်စေ လူနာက သူ့အတွက်တော့ အမြဲတမ်းလှပပေသည်။သူမ၏ မိတ်ကပ်ကိုတောင် သတိမထားမိခဲ့ပေ။ဒီတိုင်း သူမနှင့်ပတ်သက်သမျှ အရာအားလုံးက လှပနေတာဖြစ်သည်။

'လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် အပြောင်းအလဲမရှိနိုင်ရတာလဲ။ငါတို့ ဒီလောက်ဆိုးဆိုးရွားရွား လမ်းခွဲခဲ့ကြတာတောင် သူကဒီလိုပြောနေတုန်းပဲ။ကြည့်ရတာ ဒဲဗောရာက ကြားထဲမှာ ကောင်းကောင်းညှိနှိုင်းခဲ့တဲ့ပုံပဲ..."

လူနာသည် မထင်မှတ်ထားသော ချီးကျူးစကားကြောင့် နေရခက်သလိုခံစားရပြီး အကြည့်လွှဲလိုက်သည်။ထို့နောက် တံခါးဝမှာရပ်ကာ သူမကိုကြည့်နေသော အိမ်တော်ထိန်း နှင့် ဘတ်သ်ကို သတိပြုမိသွားခဲ့သည်။သူမ လျှင်မြန်စွာ အနီးတစ်ဝိုက်ကို ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"...ဒါဆို ငါအခုသွားတော့မယ်နော်။ငါက ဒီတိုင်း ခဏလာလည်ခဲ့တာ။နောက်မှတွေ့ကြတာပေါ့"

လူနာက ဘာနောင်ဆံမှမတင်းသလိုမျိုး ချက်ချင်းလှည့်ကာ အခန်းပြင်သို့ အမြန်ထွက်သွားခဲ့သည်။

သူ့ကို အချိန်အတော်ကြာပြီးမှ ဒီလိုမျိုးမြင်ရတာ သနားစရာကောင်းသော်လည်း သူ့ကို ထပ်တွေ့ရန် မလိုတော့ချေ။သူမမှာ တခြားလုပ်စရာများ ရှိပေသည်။

"ခဏလေး…!"

ဖယ်ဆန်သည် လူနာကိုတားရန် လက်လှမ်းလိုက်သော်လည်း သူမက အဝေးရောက်နှင့်နေပြီဖြစ်သည်။

သူ ရုတ်တရက် ဒီနေ့ လူနာကို ဒီလိုမျိုး သွားခွင့်မပေးလိုက်သင့်ဘူးလို့ ခံစားလိုက်ရသည်။သူ အခန်းထဲမှ ပြေးထွက်ပြီး သူမနောက်သို့ လိုက်ရန် ကြိုးစားခဲ့သော်လည်း...

"အား!"

သူ့ ခန္ဓာကိုယ်တွင် အားတစ်စက်မှမရှိတာကြောင့် ကောင်းကောင်းတောင် မတ်တပ်မနိုင်ခဲ့ပေ။

ထိုအချိန်တွင် လူနာသည် ဖယ်ဆန်၏အခန်းမှ ထွက်သွားပြီဖြစ်ကာ ဖယ်ဆန်၏ အဓိပ္ပာယ်မရှိသော စကားများကို နောက်ထပ် သည်းမခံနိုင်တော့သကဲ့သို့ တံခါးကို ပိတ်သွားခဲ့သည် ။

တံခါးကို ခဏဖွင့်လိုက်ချိန်က အခန်း၏ရနံ့များမှာ ဖျော့တော့သွားသော်လည်း ယခုအခါတွင် ရနံ့က ပိုအားကောင်းလာပြန်ခဲ့သည်။

ဒီအတိုင်းသာ ဆက်သွားပါက သူသည် တစ်စုံတစ်ယောက် သူ့ကို လာနှိုးသည်အထိ အိပ်ရာထဲမှာပဲ လှဲကာစောင့်နေရမည်ဖြစ်သည်။

သူ နောက်တစ်ကြိမ် နိုးလာချိန်တွင် သူ ယနေ့မြင်ခဲ့ရသည့် လူနာ၏ ရှင်းရှင်းလင်းလင်းပုံရိပ်က ပျောက်ကွယ်သွားမှာကို ကြောက်မိသည်။

ထို့ကြောင့် ဖယ်ဆန်သည် မူးဝေလာသလိုခံစားလာရကာ သူ့အား ကူကယ်ရာအ
မဲ့ဖြစ်စေသော ရနံ့အရင်းအမြစ်များမှ ရုန်းကန်နိုင်ရန် ခေါင်းကိုပြင်းထန်စွာခါယမ်းလေတော့သည်။

* * *

"…နောက်တစ်ခါ အဲလိုမျိုး ဘယ်တော့မှ ထပ်မလုပ်နဲ့။ ငါ ဘယ်လောက်တောင်လန့်သွားလဲဆိုတာ နင်သိရဲ့လား"

လူနာသည် ဒဲဗောရာအခန်းထဲပြန်ရောက်သည်နှင့် ဘတ်သ်ထံမှ ပြင်းပြင်းထန်ထန် အဆူခံခဲ့ရသည်။သူမက မြို့စားကြီးကိုလည်း ထိုကဲ့သို့ကြောက်မက်ဖွယ်အဆိုပြုချက် လုပ်ခဲ့သည့်အတွက် ပြစ်တင်ရှုတ်ချခဲ့သည်။

" တော်သေးတယ် နင့်မျက်နှာကို သခင်လေးဖယ်ဆန်က ရင်းနှီးလာပြီး လူနာပဲလ်လို့ထင်ခဲ့လို့..."

ဘတ်သ်က ဒေါသတကြီးဖြင့် သူ ထပ်ပြီး အထင်မမှားခဲ့ရင် ဘယ်လိုလုပ်မှာလဲဟု မေးခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဘတ်သ် နှင့် အိမ်တော်ထိန်းတို့က ဖယ်ဆန်သည် ရနံ့များမလိုတော့ဘဲ ဒဲဗောရာ၏ မျက်နှာကို ပိုရင်းနှီးလာပြီး လူနာအဖြစ် အသိအမှတ်ပြုခဲ့သည်ဟု ယုံကြည်ခဲ့သည်။

လူနာ အစစ်ပေါ်လာဖို့က မဖြစ်မှန်း သူတို့ယုံကြည်ခဲ့ကြသောကြောင့် ၎င်းမှာ မျှော်လင့်ထားသော ရလဒ်ဖြစ်သည်။

သူမတွင် ထိုသို့လုပ်ရန် ရည်ရွယ်ချက်မရှိသော်လည်း အကြည့်များကို ကြမ်းပြင်သို့ ပို့ထားကာနောင်တွင် ပိုသတိထားပါ့မည်ဟု နောင်တရသောအသံဖြင့် ဖြေခဲ့သည်။

"… ဘာပဲဖြစ်ဖြစ် နင် ကောင်းကောင်းလုပ်ခဲ့တော့ မြို့စားကြီးရဲ့ ယုံကြည်မှုကို ရပြီလို့ ငါထင်တယ်။ငါ အခွင့်အရေးရှာပေးမှာမို့လို့ နင် စာရွက်စာတမ်းတွေ အမြန်ယူလာခဲ့ပေး။ငါ နင့်ကို မကြာခင်စံအိမ်ထဲက ထွက်သွားနိုင်အောင် စီစဉ်ပေးပါ့မယ်"

သူမ လုပ်ပါ့မယ်ဟု ပြောတော့မည့်အချိန်မှာဘဲ တစ်ယောက်ယောက်က တံခါးခေါက်လာခဲ့သည်။

ဒေါက်-ဒေါက်

"မြို့စားကြီးက မင်းကို ရုံးခန်းထဲမှာ စောင့်နေပါတယ်"

စံအိမ်၏အစေခံတစ်ဦးက လူနာကို ကတိပြုထားသည့်အတိုင်း ချက်လက်မှတ်ယူရန် ရုံးခန်းထဲသို့ခေါ်ခဲ့သည်။

ဘတ်သ် နှင့် လူနာ နှစ်ယောက်စလုံး မျက်လုံးများ တောက်ပသွားခဲ့ကြသည်။သူတို့ နောက်ဆုံးတော့ ဘယ်သူ့မှဝင်လို့မရအောင် ကန့်သတ်ထားသည့် ရုံးခန်းထဲသို့ စိတ်ချလက်ချ ဝင်ရောက်ရန် အခွင့်အရေးတစ်ခု ရှိလာပြီဖြစ်သည်။

"…အဲ့ဒါတွေအားလုံးကို တစ်ခါထဲရှာဖို့က ခက်ခဲလိမ့်မယ်။အဲ့တော့ ဒီတိုင်း မသိမသာလေး ဂရုတစိုက်ကြည့်ခဲ့ချည်။ ငါ မြို့စားကြီးကို ရုံးခန်းထဲကနေ ထွက်ဖို့ နည်းလမ်းရှာမယ်။နင်ရှာတွေ့ရင်တောင် အကုန်လုံးယူခဲ့စရာမလိုဘူး"

မြို့စားကြီး နှင့် မျိုးရိုးမြင့်မြို့စားများဖန်တီးခဲ့သော ရာနှင့်ချီသည့် စိတ်ကူးယဉ်ဇာတ်ကောင်များစာရင်းကဲ့သို့ အရေးကြီးသည့် သက်သေအထောက်အထားများပါသော စာရွက်စာတမ်းအနည်းငယ်က လုံလောက်ပေသည်။

ဘတ်သ်က ထိုသို့အကြံပေးရင်း အံဆွဲအများစုကို ဖွင့်နိုင်သောသော့ကို လူနာအားပေးခဲ့သည်။

ထိုသို့သောပြင်ဆင်မှုများဖြင့် သူမ တကယ် စာရွက်စာတမ်းများကို ခိုးယူနိုင်လောက်သည်။

လူနာသည် ၎င်းက သူမ၏တစ်ခုတည်းသောအခွင့်အရေးဖြစ်နိုင်သည်ဟု ခံစားရပြီး မြို့စားကြီး၏ရုံးခန်းသို့သွားခဲ့သည်။

* * *

"မင်းက ငါ့ရဲ့ တုံးအတဲ့သားကို ကောင်းကောင်းလှည့်စားနိုင်ခဲ့တာပဲ"

မြို့စားကြီး၏ ခံစားချက်များက ရောထွေးနေပုံရသည်။အရာအားလုံးက သူ စီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့သော်လည်း သူအချိန်အကြာကြီး ဂရုတစိုက်ပျိုးထောင်လာခဲ့ရသော သူ့ကလေးကို အသုံးချပြီး လွှင့်ပစ်ရမည့်အတွက် သူသိပ်မပျော်နေပေ။

သို့သော် ၎င်းက သူ ကတိပြုထားသော ချက်လက်မှတ်ကို မပေးဘူးဟုမဆိုလိုပေ။ကတိက ကတိပင်ဖြစ်သည်။မြို့စားကြီးက ရွှေသားငါးထောင် ချက်လက်မှတ်ကို လက်မှတ်ခိုးပြီး လူနာအား ပေးလိုက်သည်။

"ကျန်တဲ့ ရွှေငါးထောင်ကို မင်း ကလေးမွေးပြီးတဲ့အချိန်ကျရင် ပေးမယ်"

ဒီတော့ စုစုပေါင်း ရွှေသာတစ်သောင်းပေါ့လေ။

လူနာသည် သူမ မျှော်မှန်းထားသည်ထက် ပိုများသော ပမာဏကြောင့် အကြောင်းရင်းမဲ့ စိတ်လှုပ်ရှားသွားပြီး တုန်ယင်နေသောလက်ဖြင့် ချက်လက်မှတ်ကို ယူလိုက်သည်။

ထို့နောင် သူမသည် လိုလိုမယ်မယ် တစ်စုံတစ်ခု မှားနေခြင်း ရှိမရှိ စစ်ဆေးခဲ့ပြီး ပုံမှန်ချက်လက်မှတ်တွင် မတွေ့ရတတ်သော ထူးဆန်းသည့်အရာတစ်ခုကို သတိပြုမိသွားခဲ့သည်။

"ဒါ…"

၎င်းမှာ လက်ခံသူအား သတ်မှတ်ထားသော အပိုင်းရှိနေခြင်းဖြစ်သည်။ သက်ဆိုင်သူမှလွဲပြီး အခြားမည်သူမဆို ငွေထုတ်ယူလို့မရအောင် လုပ်ထားသော ကန့်သတ်ချက်တစ်ခုဖြစ်သည်။

သူမကဲ့သို့ ချက်လက်မှတ်အရေအတွက်ကိုပင် မသိသော ဆင်းရဲနွမ်းပါးသူတစ်ဦးက ၎င်းကို အသိအမှတ်ပြုသွားခဲ့တာက အံ့ဩစရာဖြစ်သော်လည်း ၎င်းမှာ ဖုံးကွယ်ထားစရာ အရာမဟုတ်ပေ။

"အဲ့ဒါက ဒီတိုင်း ကြိုတင်ကာကွယ်မှုတစ်ခုပဲ။မင်း ချက်လက်မှတ်နဲ့ထွက်ပြေးပြီး ပျောက်သွားလို့မရအောင်လို့"

မြို့စားကြီးက ခါးသီးစွာ ပြုံးပြီး ပြောလိုက်သည်။

သဘောတူညီမှုက ပြီးသွားသောကြောင့် ဆက်နေစရာ အကြောင်းမရှိတော့ပေ။သူမ ထွက်သွားတော့မည့်အချိန်မှာပဲ ရုတ်တရက် သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"သခင်။ သခင်။ မြန်မြန်ထွက်လာမှရမယ်! ကျွန်မတို့ ဒုက္ခရောက်နေပြီ!"

ဘတ်သ်၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။မြို့စားကြီးသည် စံအိမ်ကြီး မီးလောင်နေသကဲ့သို့ အရေးတကြီး ထွက်ပေါ်လာသော အသံကြောင့် မျက်မှောင်ကြုတ်ပြီး သူ့ထိုင်ခုံမှ ထရပ်လိုက်သည်။

TK Team(chapter 126)