Chapter 130
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး အခန်း ၁၃၀


* * *

လူနာက အန်းသန့်စ်နှင့်အတူ မြို့စားကြီးစံအိမ်အနီးတွင် ချည်ထားသောမြင်းကိုစီးပြီး သူမ၏စံအိမ်သို့ပြန်ခဲ့သည်။

ညဥ့်နက်နေသော်လည်း အိမ်ဝင်ပေါက်တွင် လော်ရာ၊ အမ်မာနှင့် ရိုယာအပါအဝင် အစေခံအများအပြားက လူနာတို့ကိုစောင့်နေကြသည်။

"လော်ရာ!အမ်မာ! တောင်းပန်ပါတယ် ငါနောက်ကျသွားတယ်"

လူနာက သူတို့ကို တောက်ပသောအပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ လော်ရာက ဘေးကင်းသော်လည်း မြေပြင်ပေါ်လူးလိမ့်ခဲ့တာကြောင့် အနည်းငယ်ညစ်ပတ်နေပုံရသော လူနာထံ မျက်ရည်များဖြင့် ပြေးလာခဲ့သည်။

"သခင်မလေး!"

"သခင်မလေး! အိုဘုရားရေ…! ဘာတွေဖြစ်ခဲ့တာလဲ!"

အမ်မာက လူနာကို ပွစိပွစိပြောတော့မည်ဟု ထင်ခဲ့သော်လည်း သူမကစိတ်ပူနေပြီး လူနာ၏အခြေအနေကို အရင်စစ်ဆေးလာခဲ့သည်။ သူမတို့အနီးရှိ ရိုယာက လေးနက်သောအမူအရာဖြင့် ဆရာဝန်တစ်ဦးခေါ်သင့်သည်ဟု အကြံပြုခဲ့သည်။

ထို့ကြောင့် လူနာက သူမ၏လက်နှင့်ခြေများကို ဟိုဒီလှုပ်ရှားပြလိုက်ပြီး လုံးဝကောင်းမွန်ကြောင်းပြခဲ့သည်။

"အဆင်ပြေပါတယ်။ ဘာမှဖြစ်မလာခဲ့ဘူး။ သခင်လေးက ကျွန်မကို ကယ်ဖို့အချိန်ကိုက်ရောက်လာခဲ့တယ်"

အန်းသန့်စ်က ထိုစကားကို စောင့်မျှော်နေသကဲ့သို့ တောက်ပစွာပြုံးလာပြီး လူနာ ၏ခါးကို လက်တစ်ဖက်ဖြင့် ရစ်ပတ်လိုက်သည်။

"အမှန်ပဲ။ မတော်တဆမှုအသေးစားတော့ဖြစ်ခဲ့ပေမယ့် အဆင်ပြေပါတယ်"

"မတော်တဆမှုလား...ဘာဖြစ်ခဲ့တာလဲ!"

လော်ရာက မျက်လုံးများပြူးကျယ်ပြီး မေးလိုက်စဉ် အန်းသန့်စ်က အဓိပ္ပါယ်ရှိရှိပြုံးကာ တုံ့ပြန်ခဲ့သည်။

လူနာက အန်းသန့်စ် တစ်ခုခုပြောပြီး မလိုအပ်ဘဲ လူတိုင်းအား စိတ်ပူစေမည်ကိုစိုးတာကြောင့် သူမတတိယထပ်မှပြုတ်ကျခဲ့သည်ကိုမပြောရန် သူ့နားထဲတိုးတိုးလေးပြောသည်။

"အိုး ဘုရားရေ!"

"…?!"

အန်းသန့်စ်က ခေါင်းညိတ်ပြရင်း နားလည်ဟန်ဆောင်ကာ အခွင့်ရေးကိုလက်လွှတ်မခံဘဲ ခေါင်းငုံ့ပြီး လူနာ၏ပါးကို ညင်သာစွာ အနမ်းချွေခဲ့သည်။

"သခင်လေး!"

လူနာက အံ့အားသင့်စွာ နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း အန်းသန့်စ်က သူမ၏ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ လူနာက ခြေတစ်လှမ်းပင် မရွေ့နိုင်တဲ့ မျက်နှာမှာ တစ်စတစ်စနီရဲလာခဲ့သည်။ အန်းသန့်စ်ကပြုံးပြီး ပေါ့ပေါ့ပါးပါးဆင်ခြေပေးလိုက်သည်။

"ကိုယ် မင်းပြောတာ ရှင်းရှင်းလင်းလင်းမကြားရလို့ ငုံ့လိုက်မိတာ..."

သုံးနှစ်သားလေးတောင်မှ ၎င်းက ယုံချင်စရာမကောင်းသော ဆင်ခြင်တစ်ခုဖြစ်ကြောင်း ပြောနိုင်သည်။

သို့တိုင်အကြောင်းတစ်ချို့ကြောင့် လူနာသည် ခါတိုင်းကဲ့သို့ ရူးသွပ်သွားခြင်းမရှိဘဲ ခေါင်းကိုလှည့်လိုက်သည်။

ထိုကျေးဇူးကြောင့် သူတို့ကိုကြည့်နေသူများမှာ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးတိုးတက်လာခဲ့ကြောင်းကို သဘောပေါက်သွားခဲ့ကြသည်။ 

ယခုသူတို့စုံတွဲက စစ်မှန်သောစုံတွဲတစ်တွဲကဲ့သို့ ဖြစ်နေတာကြောင့် ကြည့်ရှုသူများကို အံ့သြမှုနှင့်ကြည်နူးမှုတို့ ရောနှောခံစားရစေခဲ့သည်။

အထူးသဖြင့် ရိုယာ၏ ကြီးမားသေ လူနာ သတိမပြုမိဘဲ မနေနိုင်ခဲ့ချေ။

လူနာက သူမမျက်နှာ ဒီ့ထက်ပိုပြီးနီရဲမလာခင် အကြောင်းအရာကိုပြောင်းလဲရန်ကြိုးစားလိုက်သဉ် သူမ၏ မျက်လုံးများထဲ ပုံရိပ်တစ်ခုကို ဖမ်းမိသွားခဲ့သည်။

"အိုး ဒဲဗောရ"

ဒဲဗောရာက လူနာနှင့် ခပ်ဝေးဝေးတွင်ရှိနေပြီး တရှုံ့ရှုံ့ငိုနေပုံရသည်။

"အာ! သခင်မလေးက စာထဲမှာ သူမကို ဂရုစိုက်ဖို့ ပြောထားလို့ ကျွန်မတို့နဲ့အတူ စံအိမ်ဆီ ပြန်ခေါ်လာခဲ့လိုက်တာ"

ကံကောင်းစွာဖြင့် လော်ရာက သူမ၏ညွှန်ကြားချက်ကို လိုက်နာခဲ့သည်။လူနာ စိတ်သက်သာရာရသွားပြီး ဘေးကင်းစွာဖြင့် သူမစံအိမ်ထဲရောက်လာသော ဒဲဗောရာ ကို ပြုံးပြလိုက်သည်။

"သတင်းကောင်းရှိတယ်"

"သတင်းကောင်းလား..."

"ဟုတ်တယ်။ ကြည့်ချင်လား"

လူနာက အန်းသန့်စ်၏လက်ကို အနည်းငယ်ပုတ်လိုက်သည်။ သူက ဖွက်ယူလာခဲ့သောစာရွက်စာတမ်းများကိုထုတ်ပေးလာခဲ့သည်။ ၎င်းတို့ထဲ ဒဲဗောရာ ၏စာချုပ်နှင့် မြို့စားထံမှ လိမ်လည်ရယူခဲ့သော ချက်လက်မှတ်တို့ပါ ပါဝင်သည်။

လူနာက ထိုအရာများကိုရယူရန် သူမရရှိခဲ့သော အန္တရာယ်များကို ချန်လှပ်ပြီး ဤအထောက်အထားများက မည်မျှအရေးကြီးကြောင်းနှင့် ၎င်းတို့ကို မည်သို့အသုံးပြုရမည်ကို ရှင်းပြခဲ့သည်။

"ငါတို့ ချက်ချင်းတရားစွဲရမယ်။ ဒီဆွဲငင်အားနဲ့ဆို တော်ဝင်တရားရုံးကတောင် စုံစမ်းစစ်ဆေးရေးထဲ ပါဝင်လာလောက်တယ်။ မြို့စားကြီးက သူ့ရာထူးဆုံးပြီး ထောင်ကျသွားနိုင်တယ်။ အဲ့အချိန်အထိ ငါတို့နဲ့ပဲ အတူနေလိုက်လေ။ နင့်အမေရဲ့အခန်းကိုစောင့်ဖို့ အစောင့်တွေလည်း ထားပေးထားတယ်"

"လေဒီပဲလ်…!"

ဒဲဗောရာက မျက်ရည်များဝဲပြီး ထိုင်ချလိုက်၏။ သူမက ဝန်ထုပ်ဝန်ပိုးတစ်ခုသာဖြစ်သည်ဟု ခံစားခဲ့ရသော်လည်း လူနာထံမှ အကူအညီကိုဆက်လက်ရရှိခဲ့သည်။

"ကျေးဇူးပါ။ ငါတို့ နင့် ကျေးဇူးကြောင့်နဲ့ပဲ အရေးကြီးတဲ့ သက်သေတွေ စုဆောင်းနိုင်ခဲ့တာ။ နင့်ကြောင့်မဟုတ်ရင် ငါ တစ်သက်လုံး သူတို့မိသားစုနဲ့ကင်းတော့မှာမဟုတ်ဘူး။ အိုး! ဒါနဲ့ နင် တရားရုံးမှာ ထွက်ဆိုပေးလို့ရမလား"

လူနာက ထိုအဆိုပြုချက်ကို ပြုလုပ်လာခဲ့သည်။ သက်သေများက လုံလောက်နေပြီဖြစ်သော်လည်း လူသက်သေ၏ ထွက်ဆိုချက်က လူထု၏စာနာစိတ်ကို ပိုရနိုင်ပေသည်။

လူနာက ဒဲဗောရာ၏ 'အဲ့လိုလုပ်လို့တကယ်အဆင်ပြေပါ့မလား' ဟုမေးနေပုံရသော မျက်လုံးများကြောင့် ဆက်ပြောခဲ့လိုက်သည်။

"ဘာလို့ဆို နစ်နာသူရဲ့ ထွက်ဆိုချက်က အခိုင်မာဆုံး သက်သေမို့လို့ပဲ။ ဟုတ်တယ်မလား ရိုယာ"

'ရှင်က ရှေ့နေပဲလေ...အဲ့တော့ မြန်မြန်အတည်ပြုပေးလိုက်...'

လူနာက ထောက်ခံရန်တိုက်တွန်းလိုက်သော်လည်း အမူအရာမဲ့နေသော ရိုယာက ချက်ချင်းပြန်မဖြေနိုင်ခဲ့ပေ။ သူက မြို့စားကြီးမိသားစုကို လုံးဝပျက်စီးသွားစေနိုင်သည့် သက်သေအထောက်အထားများပါရှိသောစာရွက်စာတမ်းများအပေါ် အလွန်စိတ်ဝင်စားနေခဲ့သည်။

"မင်း မလုပ်ချင်ဘူးလား။ ဒါဆိုလည်း လူနာ...ကိုယ်တို့နောက်ရှေ့နေရှာတာပိုကောင်းမယ်လို့ထင်..."

"ဟင့်အင်း! မဟုတ်ဘူး! မဟုတ်ဘူး! ဒါပေါ့ ကျွန်တော်လုပ်သင့်တယ်! ဟုတ်တယ်! လေဒီလူနာပြောတာက လုံးဝမှန်တယ်!"

အန်းသန့်စ်က ရိုယာကို နောက်ပြောင်ရန် အခွင့်အရေးအား ဘယ်သောအခါမှ လက်လွတ်မခံခဲ့ပေ။ ထို့ကြောင့် သူက တကယ်ဆိုလိုခြင်းမဟုတ်သောအရာကိုပြောလိုက်စဉ် ရိုယာက တုန်လှုပ်သွားပြီလူနာထံမှ စာရွက်စာတမ်းများကို ဆောလျင်စွာ လုယူသွားခဲ့သည်။

"စိတ်မပူပါနဲ့။ ကျွန်တော် ဒါကို အကောင်းဆုံးဖြေရှင်းနိုင်အောင် ကြိုးစားမှာပါ။ ကျွန်တော်ခံစားခဲ့ရတဲ့ အရှက်တကွဲဖြစ်မှုတွေအကုန်လုံး ပြန်ဆပ်နိုင်မယ့် ဒီအခွင့်အရေးကို ဘာလို့လက်လွှတ်ခဲ့ရမှာလဲ။ ကျန်တဲ့အထောက်အထားတွေ မပျက်စီးအောင်လို့ တိုင်ကြားချက်မူကြမ်းကို အခုချက်ချင်းသွားရေးလိုက်တော့မယ်"

ဥပဒေမရှိရင်တောင် ဒီဟာကိုပြီးအောင်လုပ်ရမယ်...

လူနာက လော်ရာကို ရိုယာ အလုပ်ထဲနှစ်ပြီး ခဏလောက်အားလပ်ချိန်မရှိနိုင်မှန်းသိတာကြောင့် တောင်းပန်လိုက်သည်။

"ရိုယာကို နင့်ဆီက ခဏအဝေးယူသွားမိလို့ တောင်းပန်ပါတယ်။ ဒါပေမယ့် ဒါပြီးသွားရင် ငါ သူ့ကို နင့်ဆီကနေ မယူသွားဘူး...လော်ရာ"

"…ဘယ်လို"

ကံမကောင်းစွာပင် သူတို့နှစ်ဦးချိန်းတွေ့နေကြကြောင်းကို လူသိရှင်ကြား အသိမပေးခဲ့ရသေးပေ။

ထို့ကြောင့် လော်ရာက ရုပ်တုတစ်ခုလို အေးခဲသွားပြီး မျက်တောင်ခတ်ရန်ပင်မေ့သွားခဲ့သည်။ ရိုယာလည်း ထို့အတူပင်။

"သခင်မလေး ဘာကိုဆိုလိုတာလဲ။ ရိုယာကို လော်ရာဆီကနေ ခဏအဝေးခေါ်သွားတာတဲ့လား"

အခြေအနေကိုမသိသေးသော အမ်မာက ခေါင်းစောင်းပြီး မေးလာခဲ့သော်လည်း လူနာက ပါးစပ်ကိုဖွင့်ဟကာ ဘာဆင်ခြေပေးရမလဲဆိုတာ မတွေးနိုင်ခဲ့ချေ။

ထို့ကြောင့် အကောင်းတိုင်းကျန်သည့် တစ်ဦးတည်းသောလူမှာ အန်းသန့်စ်သာရှိတော့သည်။ သူက သူ့ချစ်သူ၏ ချစ်စဖွယ်အမှားကို ရယ်မောပြီး သူမကိုယ်စား ပြောလိုက်သည်။

"သူတို့ တွဲနေကြတာလေ။ ရိုယာက လက်ထပ်ဖို့တောင် စဉ်းစားနေတဲ့ပုံပဲ"

သူ လိမ်နေတာမဟုတ်ပေ။ 

အန်းသန့်စ်က ပွင့်ပွင့်လင်းလင်း ချိန်းတွေ့သင့်သည်ဟုပင် အကြံပေးခဲ့သည်။

"သ-သခင်လေး အန်းသန့်စ်!"

"ဘယ်လို သူ-သူတို့ လက်ထပ်ကြတော့မှာလား။ တကယ်လား လော်ရာ!"

သူတို့နှစ်ယောက်၏ ဆက်ဆံရေးနဲ့တင် လူတိုင်းကိုအံအားသင့်စေရန်လုံလောက်သော်လည်း ရိုယာက လက်ထပ်ဖို့ပင်စဉ်းစားနေသည်ဟူသော သတင်းကြောင့် အမ်မာ အလွန်အံ့အားသင့်သွားပြီး လော်ရာ၏ပုခုံးကို ခါယမ်းလိုက်သည်။

"အိုး မဟုတ်သေးဘူး! သခင်မလေး အရင်လက်ထပ်သင့်တယ်!"

"ဘာတွေပြောနေတာလဲ လော်ရာ။ နင် အရင်ဆုံးလက်ထပ်မယ်လို့ ငါထင်ခဲ့တာ"

ရုတ်တရက် လော်ရာက သူ၏ လက်ကို ဆုပ်ကိုင်လာတာကြောင့် သူမ အလျင်အမြန်ပြောလိုက်သည်။ ရုတ်တရက် တိတ်ဆိတ်မှုက အိမ်ကြီးထဲ ပြည့်သွားခဲ့သည်။

"ဒါဆို သခင်မလေးရော လက်ထပ်ဖို့စဉ်းစားတယ်လား..."

လူနာက မှန်ကန်သောအဖြေကိုမပေးနိုင်ခဲ့ဘဲ မပီမပြင်ပြောလိုက်သည်။

'အဲ့ဒါက.... ငါတို့က ငယ်သေးတယ်..!'

ထို့ကြောင့် အဖြေဖြေရန်မှာ အန်းသန့်စ်၏ခေါင်းပါ်ကျလာခဲ့သည်။ အန်းသန့်စ်က လူနာကို လျှို့ဝှက်သော အပြုံးတစ်ခု ပေးပြီး မရေရာသော ပြန်ဖြေလိုက်သည်။

"ကြည့်ရတာ အစဉ်လိုက်သွားဖို့ဆုံးဖြတ်ထားတဲ့ပုံပဲ"

* * *

နောက်တစ်နေ့တွင် မြို့စားကြီးအိမ်တော်က မိုးကြိုးပစ်ချခံရသလိုဖြစ်ခဲ့သည်။ အစကတော့ စိတ်ငြိမ်ဆေးများ အလွန်အကျွံသုံးစွဲခဲ့ရသော ဖယ်ဆန်ပျောက်ကွယ်သွားတာကြောင့်ပင်။

ကံကောင်းစွာပင် သူသွားနိုင်သည့် တစ်ခုတည်းသောနေရာမှာ ဒဲဗောရာ၏ အခန်းဖြစ်တာကြောင့် သူ့ကိုရှာရန် မခက်ခဲ့ပေ။

သို့သော် ပြဿနာက ထို့နောက်တွင်စလာခဲ့သည်။ သူတို့ သတိလစ်နေသော ဖယ်ဆန်ကို တွေ့ခဲ့ကြသော်လည်း အခန်းပိုင်ရှင်ကတော့ ပျောက်ဆုံးနေခဲ့သည်။

ခပ်ကျယ်ကျယ်ဖွင့်ဟထားသော ပြတင်းပေါက်နှင့် ပြတင်းပေါက်အောက်တွင် တစ်စုံတစ်ခုပြုတ်ကျထားပုံရသော သဲလွန်စများက သူမ ထွက်ပြေးသွားနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြနေသော်လည်း ထူးဆန်းသည့်အရာတစ်ခု ရှိနေခဲ့သည်။

"ဒီခြေရာကြီးတွေက…"

ဖုံးကွယ်ရန်ရည်ရွယ်ချက်မရှိဘဲ စံအိမ်ကြီးထဲမှ ထွက်ခွာခဲ့သော အန်းသန့်စ်၏ခြေရာများကြောင့် ရှုပ်ထွေးမှုများ ကြီးထွားလာခဲ့သည်။

"ဟ! အဲ့တော့ ယောက်ျားတစ်ယောက်ရှိခဲ့တာပေါ့... ချီးပဲ!"

ဤအရာက အိမ်တော်ထိန်းနှင့် မြို့စားကတော် ဖောက်ပြနေသည်ဟု မှားယွင်းယုံကြည့်ခဲ့သော မြို့စားကြီး၏ ဒေါသကို ပို၍တိုးစေခဲ့သည်။

သေချာစွာပင် မြို့စားကြီးမိသားစု၏ ကံဆိုးမှုက ထိုနေရာမှာပဲမပြီးဆုံးသွားခဲ့ပေ။ အကြောင်းတစ်ချို့ကြောင့် သတိလစ်နေသော ဖယ်ဆန်က မနိုးလာခဲ့ချေ။

သူ့ခန္ဓာကိုယ်က ဘာအမှားအယွင်းမှမရှိနေဘဲ မျက်နှာကိုပါးရိုက်ပြီးနှိုးတာတောင်မနိုးလာခဲ့ပေ။

"ဟေ့ကောင် ထစမ်း! ထစမ်း! ငတုံးကောင်"

ဘတ်သ်သည် မြို့စားကြီး၏ ဖယ်ဆန် အပေါ် ဒေါသများစိတ်ပျက်မှုများ ထုတ်လွှတ်နေသည်ကို ကြည့်ရင်း သူမ၏ ခြောက်သွေ့သော နှုတ်ခမ်းများကို လျှာဖြင့် စိုစွတ်စေလိုက်သည်။

'ဘာဖြစ်နေတာလဲ...!'

ဒဲဗောရာက ဘာကြောင့်ထွက်ပြေးခဲ့ရလဲ နားမလည်နိုင်ခဲ့ပေ။

ဒါမှမဟုတ် သူမ ထွက်ပြေးတာမဟုတ်‌ဘူးလား...

စာရွက်စာတမ်းများရပြီးပါက ဖယ်ဆန်နှင့်အိပ်ရန် မလိုအပ်သောကြောင့် ထွက်ပြေးရန် အကြောင်းမရှိနေပေ။

ဒါပေမယ့် ဘာလို့…

'သူမ ပြန်ပေးဆွဲခံရတာများလား!'

မြို့စားကြီးအိမ်တော်မှာ ဒဲဗောရာကိုယ်တိုင် ထွက်ပြေးနိုင်သောအိမ်ဖြစ်သည်။

'အဲ့ဒါသာတကယ်ဆို...ငါဘာလုပ်သင့်လဲ။ သခင်မကို ဘယ်လိုသတင်းတင်ပြရမှာလဲ...''

သူမ အခြေအနေနှင့်ပတ်သက်ပြီး စိတ်ပူပန်နေချိန်တွင် မထင်မှတ်ထားသော ဧည့်သည်က မြို့စားကြီးစံအိမ်သို့ ရောက်လာခဲ့သည်။

"သ-သ-သခင် ! အောက်ကိုမြန်မြန်ဆင်းလာမှရမယ်...!"

မြို့စားကြီးက ဖယ်ဆန်ကို ဆူပူကြိမ်ဆဲနေသည်အား ရပ်လိုက်ပြီး မူးလဲလုမတတ်ပြေးလာသောအစေခံကိုကြည့်လိုက်သည်။ သို့သော် မည်မျှအရေးကြီးသောဧည့်သည်ဖြစ်ပါစေ သူ ယခုစိတ်အခြေအနေဖြင့် မည်သူ့ကိုမှမတွေ့ချင်သော်လည်း သူတို့ကို ပြန်လွှတ်ရန် ပြောလိုက်သည်။

သို့သော် ဧည့်သည်များက မြို့စားကြီးကို ငြိမ်သက်စွာ မစောင့်နေခဲ့ကြပေ။

"ဆင်းလာဖို့မလိုဘူး။ ဒိတိုင်း နှုတ်ဆက်ပြီး ကျုပ်တို့လုပ်ငန်းကို ဆက်လုပ်မှာမို့ လို့စိတ်မပူနဲ့"

ယူနီဖောင်းများဝတ်ဆင်ထားသော အင်ပါယာအုပ်ချုပ်ရေးရုံး အရာရှိများနှင့် အစောင့်များက မြို့စားကြီးကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီး သူတို့၏ လုပ်ငန်းကို ပြောခဲ့သည်။

"ကျုပ်တို့ဆီ မြို့စားကြီးက နာမည်အတုတွေနဲ့ အခွန်အများကြီး ရှောင်တိမ်းခဲ့တယ်လို့ တိုင်ကြားချက်ရထားတယ်။ အခုကစပြီး ဒီအိမ်ကြီးကို ရှာဖွေမယ်။ ခင်ဗျားမှာ ငြင်းပိုင်ခွင့်မရှိဘူး။ ဒါကြောင့် ဒီမှာ အေးအေးဆေးဆေး ဒီနားမှာနားနေပါ"

TK Team (chapter 130)