Chapter 92
Viewers 21k

🎶 Chapter 92



ယနေ့ည၌ ဟယ့်ကျင်းယွင်က သူ၏စီးပွားရေးပါတနာများနှင့် ကိစ္စရပ်အမျိုးမျိုးကို ဆွေးနွေးညှိနှိုင်းပြီးနောက် အခြားလူများက ဘားသို့ အရက်သွားသောက်ကြရန် အကြံပြုခဲ့သည်။ ဟယ့်ကျင်းယွင်လည်း မငြင်းနိုင်သောကြောင့် သဘောတူခဲ့သည်။


ဤဘားက ပတ်ဝန်းကျင်ကောင်းပြီး လုံခြုံရေးလည်း ကောင်းလေသည်။ ဟယ့်ကျင်းယွင်လည်း ယခင်က ဤနေရာသို့ ရောက်ဖူးခဲ့သောကြောင့် ရိုးရှင်းစွာပင် ဤဘားကို ရွေးချယ်ခဲ့သည်။


ဝိုင်သုံးခွက်မျှသောက်ပြီးနောက် ဝိုင်စားပွဲပေါ်ရှိ လေထုမြင့်လာသော်လည်း ဟယ့်ကျင်းယွင်က ပို၍ပို၍ပျင်းသလိုခံစားလာရကာ အပြင်၌ လမ်းလျှောက်ရန် ထွက်လာခဲ့သည်။


စားပွဲထိုးက ဤဘားက လူရှင်းထားပြီးဖြစ်ကာ သူ စိတ်ပူစရာမလိုဘဲ လှည့်ပတ်သွားလာနိုင်ကြောင်း ပြောလာသဖြင့် ဟယ့်ကျင်းယွင်လည်း အပြင်သို့ ခြေနှစ်လှမ်းခန့် ပိုလျှောက်သွားခဲ့သည်။


မမျှော်လင့်စွာပင် သူ ထွက်လာသည်နှင့် တစ်ပြိုင်နက် ပုံရိပ်နှစ်ခုကို တွေ့ခဲ့ရသည်။


ဟယ့်ကျင်းယွင် အစပိုင်း၌ ကြောင်အသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် အနည်းငယ် ပဟေဋ္ဌိဖြစ်သွားခဲ့သည်။ 


သူတို့ နေရာကို ရှင်းလင်းပြီးသားလို့ ပြောခဲ့တာမဟုတ်ဘူးလား...ဘာလို့ဒီမှာ တစ်ယောက်ယောက်ရှိနေရတာလဲ...


သို့သော် သူ များစွာဂရုမစိုက်ခဲ့ပေ။ ဤနေရာ၌ လူများရှိနေလျှင် သူ အခြားနေရာသို့ သွား၍ရပေသည်။ ထို့အပြင် သူက ယဲ့ဇယ်ရှစ် ဘာလုပ်နေသည်ကို မေးရန် ယခုအချိန်အား အသုံးချချင်ပေသည်။


သို့သော် ဟယ့်ကျင်းယွင် လှည့်မထွက်မီပင် ရင်းနှီးသောအသံကို ကြားလိုက်ရသည်။

"ဒါဆို မင်းရော ဘာလို့ အချစ်အတွက် အောက်မဆင်းလိုက်လဲ..."  


ဟယ့်ကျင်းယွင်၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။


အဲဒါ ယဲ့ဇယ်ရှစ်ရဲ့အသံမဟုတ်ဘူးလား...


သူ တစ်ဖက်ပြန်လှည့်ပြီး အနောက်ဘက်ရှိ ဘားကောင်တာကို ကြည့်လိုက်ရာ အမှန်ပင် ယဲ့ဇယ်ရှစ်ဖြစ်နေခဲ့သည်။


ယဲ့ဇယ်ရှစ်က ဘာလို့ ဘားကို ရောက်နေရတာလဲ...ငါ ဘာလို့ မသိတာလဲ...


ထို့အပြင် သူ့ဘေးနားရှိ လူကိုလည်း အနည်းငယ် မရင်းနှီးနေပေ။


ထိုလူက ကြည့်ကောင်းသောမျက်နှာရှိသော်လည်း ဖန်စီအဝတ်အစားများဝတ်ဆင်ထားသောကြောင့် ဒေါင်းနှင့်တူလှပေသည်။


ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်ကာ သူ့မျက်နှာက အနည်းငယ် ကြည့်ရဆိုးသွားပြီး ပို၍ မပျော်မရွှင်ဖြစ်လာခဲ့သည်။


ဟယ့်ကျင်းယွင် မက်ဆေ့ချ်ပို့ရန် ဖုန်းထုတ်ယူပြီးနောက် ရုတ်တရက် သူ လွန်ခဲ့သော နှစ်ရက်အတွင်း ယဲ့ဇယ်ရှစ်နှင့် အဆက်အသွယ်မရှိခဲ့သည်ကို သဘောပေါက်သွား၏။


ယဲ့ဇယ်ရှစ်ထံမှ မက်ဆေ့ချ်ကိုပင် သူ တမင်တကာ လျစ်လျူရှုခဲ့သည်။


သူ့နှလုံးသားထဲရှိ ထိုးတက်လာသော ဒေါသများက တခဏချင်း ပျောက်ကွယ်သွားခဲ့သည်။


ဟယ့်ကျင်းယွင်က သူ့ဒေါသကို တည်ငြိမ်စေပြီး ရိုးရှင်းစွာ အနားသို့ လျှောက်သွားခဲ့သည်။


တစ်ခုခုမသိတာရှိရင် လူချင်းတွေ့ပြီးမေးလို့ရတယ်...


ဟယ့်ကျင်းယွင် အနားသို့လျှောက်လာနေသည်ကို မြင်ချိန်တွင် ယဲ့ဇယ်ရှစ်နှင့် ဝေ့လီဖေးတို့နှစ်ဦးလုံး အနည်းငယ် အံ့သြသွားခဲ့သည်။


ဒီလောက်တိုက်ဆိုင်တာမျိုး ရှိပါဦးမလား...


ဝေ့လီဖေးက သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။


လူတွေကို နောက်ကွယ်မှာ တကယ်အတင်းမတုပ်သင့်ဘူးပဲ...


ယဲ့ဇယ်ရှစ် အံ့သြသွားပြီး အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူ စောစောက စကားပြောချိန်၌ အသံလျှော့မပြောမိခဲ့ချေ။


ဒါဆို ငါပြောတာကို ဟယ့်ကျင်းယွင် ကြားသွားသေးလား...


ယဲ့ဇယ်ရှစ်က အသက်ပြင်းပြင်းရှူပြီး ဦးစွာမေးရန် ဆုံးဖြတ်ခဲ့သည်။

"ဟယ့်လောင်ရှီး... ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ..."


ငါလည်း မင်းကို မေးချင်နေတာ...

ဟယ့်ကျင်းယွင်၏ နှလုံးသားထဲ ဝုန်းဒိုင်းကြဲနေသော်လည်း သူ့မျက်နှာပေါ်၌မူ မည်သည့်အမူအရာမျှ မပြခဲ့ပေ။


"ငါ ဒီကို စီးပွားရေးကိစ္စတစ်ခုရှိလို့ ရောက်နေတာ..."  

ဟယ့်ကျင်းယွင်က အပြုံးဖြင့်ပြောလိုက်သည်။

"မင်း ဒီကိုလာသောက်တာလား...ဒါနဲ့ သူက..."


ဝေ့လီဖေးက ယဲ့ဇယ်ရှစ် သူ့အား မိတ်ဆက်ပေးလာမည်ကို မစောင့်ဘဲ မတ်တပ်ထရပ်ကာ ဟယ့်ကျင်းယွင်ဆီ လက်ဆန့်ထုတ်လိုက်သည်။

"ဟယ်လို... ရုပ်ရှင်ဧကရာဇ်ဟယ့် ကျွန်တော်က ဝေ့လီဖေးပါ...ဇယ်ရှစ်ရဲ့ ငယ်သူငယ်ချင်းပါ..."


ဟယ့်ကျင်းယွင် ခဏခန့်စဉ်းစားပြီးနောက် ယဲ့ဇယ်ရှစ်တွင် ဤကဲ့သို့ သူငယ်ချင်းရှိသည်ကို သတိရသွားသည်။


ယခင်က ဝေ့လီဖေး၌ အစိမ်းရောင်ဆံပင်ရှိပြီး ယခုတွင်မူ ဆံပင်အနက်ပြန်ဖြစ်သွားသောကြောင့် သူ မြင်မြင်ချင်း မမှတ်မိခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။


ဆံပင်အရောင်ပြောင်းသော်လည်း ဝတ်စားပုံကမူ ယခင်ကဲ့သို့ အမြင်စူးနေဆဲဖြစ်သည်။


သို့သော် သူနှင့် ယဲ့ဇယ်ရှစ်က သူငယ်ချင်းများဖြစ်ကြသည်ဟု ကြားချိန်တွင် ဟယ့်ကျင်းယွင်၏ မပျော်ရွှင်မှုက များစွာလျော့နည်းသွားခဲ့သည်။


ဟယ့်ကျင်းယွင်၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ ပေါ်လာပြီး ဝေ့လီဖေးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်- 


"ဟယ်လို..."


"ဒါနဲ့ ဒီကိုလာတာက..." 

ဟယ့်ကျင်းယွင်က လက်ဆွဲနှုတ်ဆက်ပြီးနောက် ယဲ့ဇယ်ရှစ်မဖြေရသေးသည့်အကြောင်းအရာဆီသို့ ပြန်သွားခဲ့သည်။


ဝေ့လီဖေး စကားပြောခါနီးမှာပင် ယဲ့ဇယ်ရှစ်က ဦးစွာပြောလာသည်ကို ကြားခဲ့ရသည်။

"ဝေ့လီဖေးက စိတ်အခြေအနေမကောင်းဖြစ်နေလို့လေ...အဲဒါကြောင့် ကျွန်တော် သူနဲ့အတူလိုက်သောက်ပေးတာ..."


ဝေ့လီဖေး: "..."


ကောင်းလိုက်တဲ့သူငယ်ချင်း... ငါ့ကိုတောင် စားပွဲပေါ်တင်ပြီး ရောင်းစားသွားပြီ...


ထားလိုက်တော့...ဘာပဲဖြစ်ဖြစ် ငါက ယဲ့ဇယ်ရှစ်ရဲ့ ညီအစ်ကိုကောင်းပဲ...အပြင်လူမဟုတ်ဘူး...


သူ့အား မျက်မှိတ်ပြနေသော ယဲ့ဇယ်ရှစ်ကိုကြည့်ကာ ဝေ့လီဖေး သည်းခံလိုက်သည်။


၎င်းကိုကြားချိန်တွင် ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်လိုက်သည်။

"အဲဒီလိုလား...အခုရော ပိုသက်သာလာပြီလား..."


"ပိုသက်သာလာပါပြီ..." 

ဝေ့လီဖေးက ယဲ့ဇယ်ရှစ်၏ စကားနောက် လိုက်ပြောရုံသာ တတ်နိုင်ခဲ့သည်။


ဝေ့လီဖေးက သူ့ကို မဖော်ထုတ်လာသောကြောင့် ယဲ့ဇယ်ရှစ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


သူတို့သုံးဦး ခဏခန့် စကားပြောခဲ့ကြပြီးနောက် ဟယ့်ကျင်းယွင် မေးခဲ့သည်။

"အချိန်သိပ်မစောတော့ဘူး...ဇယ်ရှစ် မင်းဘယ်အချိန်ပြန်မှာလဲ...ငါ မင်းကိုလိုက်ပို့ရမလား..."


ယဲ့ဇယ်ရှစ်က သူ့ပြဿနာကို မဖြေရှင်းနိုင်သေးသောကြောင့် မပြန်ချင်သေးချေ။ 


သူက ရိုးရှင်းစွာပင် ပြောလိုက်သည်။

"ရပါတယ်...ဟယ့်လောင်ရှီးပဲ အရင်ပြန်နှင့်လိုက်လေ...ကျွန်တော် နောက်မှ ဝေ့လီဖေးနဲ့အတူ ပြန်လိုက်မယ်..."


ဟယ့်ကျင်းယွင် ပြောလိုက်သည်။

"ဘယ်လိုလုပ်ဖြစ်မှာလဲ...မင်း ဘယ်သူမှမခေါ်ခဲ့ဘူးမလား...မင်းနဲ့ သူပဲလေ... မင်း အပြင်ထွက်တဲ့အခါကျ ပါပါရာဇီတွေ ဒါမှမဟုတ် ဖန်တွေနဲ့ နောက်က လိုက်လာရင် ဘယ်လိုလုပ်မလဲ..."


ဘယ်လိုလုပ်ပြီး အဲဒီလောက်တိုက်ဆိုင်မှာလဲ...


ယဲ့ဇယ်ရှစ်က ငြင်းတော့မည်ဖြစ်သော်လည်း သူ့ဘေးရှိ ဝေ့လီဖေးက သူ့ကို တံတောင်ဆစ်နှင့်တိုက်ကာ ပြောလာခဲ့သည်။

"ကိစ္စမရှိပါဘူး... ကျွန်တော်တို့လည်း ဒီနေ့ သောက်လို့ ပြီးပြီဆိုတော့ ဇယ်ရှစ်ကို လိုက်ပို့ဖို့ ရုပ်ရှင်ဧကရာဇ်ဟယ့်ကိုပဲ ဒုက္ခပေးရတော့မယ်..."


ဟယ့်ကျင်းယွင်က ဝေ့လီဖေးကို တစ်ချက်ကြည့်ပြီး ပြုံးပြလိုက်သည်။

"ဒုက္ခမရောက်ပါဘူး...ငါတို့က နီးနီးလေးနေကြတာလေ... လမ်းသင့်တယ်..."


ဝေ့လီဖေး အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

"နီးနီးလေး နေတာလား..."


ဟယ့်ကျင်းယွင်က အပြုံးဖြင့် ပြောလိုက်သည်။

"အင်း... ဇယ်ရှစ် မင်းကို မပြောခဲ့ဘူးလား...ငါတို့က အိမ်နီးချင်းတွေလေ..."


ဝေ့လီဖေး မျက်လုံးပြူးသွားပြီး ယဲ့ဇယ်ရှစ်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်က ခေါင်းညိတ်ပြလိုက်သည်။


အိမ်နီးနားချင်းတွေတဲ့...ဒါတောင်မှ မင်း ဒီအခွင့်ရေးအပေါ် အခွင့်ကောင်းမယူသေးဘူးလား...


ဝေ့လီဖေးမှာ သံက သံမဏိမဖြစ်လာနိုင်သည်ကို မုန်းတီးပြီး ယဲ့ဇယ်ရှစ်ကို စိုက်ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်က သူ ဘာဆိုလိုချင်သည်ကို နားမလည်ဘဲ ရှုပ်ထွေးမှုများဖြင့် ပြန်စိုက်ကြည့်ခဲ့သည်။


ဟယ့်ကျင်းယွင်က တည်ငြိမ်သော အမူအရာဖြင့် သူတို့နှစ်ဦးကြားရှိ အပြန်အလှန်တုံ့ပြန်မှုကို ကြည့်ကာ မျက်မှောင်ထပ်ကြုတ်လိုက်သည်။ 


ထို့နောက် ဟယ့်ကျင်းယွင်က မတ်တတ်ရပ်ပြီး ပြောလိုက်သည်။

"ငါ အရင်ပြန်တော့မယ်ဆိုတာ သူတို့ကို သွားအသိပေးလိုက်ဦးမယ်... ဇယ်ရှစ် ငါ့ကို ဒီမှာခဏစောင့်နေနော်..."


သူ ဘယ်အချိန်က ဟယ့်ကျင်းယွင်နှင့် အတူပြန်ရန် သဘောတူခဲ့မိသည်ကို ယဲ့ဇယ်ရှစ် မသိသော်လည်း ခေါင်းညိတ်ပြရုံသာတတ်နိုင်ခဲ့သည်။


ဟယ့်ကျင်းယွင် ထွက်သွားသည်နှင့် ဝေ့လီဖေးက မထိန်းနိုင်တော့ဘဲ ယဲ့ဇယ်ရှစ်ကို ဆွဲကာ မေးလိုက်သည်။

"မင်းက သူနဲ့အိမ်နီးနားချင်းဖြစ်နေပြီးသားကို... ဘာလို့ ဒီလောက် လက်နှေးနေရတာလဲ..."


ယဲ့ဇယ်ရှစ် သက်ပြင်းချလိုက်သည်။

"အဲဒီလောက်မလွယ်ဘူး...ပြီးတော့ ငါ ပြောခဲ့သလိုပဲ ငါတို့က role တူနေတယ်..."


သူနှင့် ဟယ့်ကျင်းယွင်တို့၌ တူညီသော role များရှိကြောင်း သိလိုက်ရချိန်တွင် ယဲ့ဇယ်ရှစ် စိတ်မောလက်မောဖြစ်သွားခဲ့သည်။


ထို့ကဲ့သို့ တိုက်ဆိုင်မှုမျိုးရှိမည်ဟု မမျှော်လင့်နေမိချိန်တွင် ဟယ့်ကျင်းယွင် ပေါ်လာခဲ့သောကြောင့် ယဲ့ဇယ်ရှစ်၏ အတွေးများ နှောက်ယှက်ခံခဲ့ရသည်။


" role တူရင် ချစ်လို့မရဘူးလို့ ဘယ်သူပြောလို့လဲ..." 

ဝေ့လီဖေး ပြောလာခဲ့သည်။

"ဒီလောက်ကောင်းတဲ့ ရုပ်ရှင်ဧကရာဇ်ဟယ့်ကို လွတ်သွားရင်...မင်း သူ့လိုလူမျိုးနောက်တစ်ယောက် ဘယ်မှာသွားရှာလို့ရမှာလဲ..."


ယဲ့ဇယ်ရှစ်လည်း အလွန်စိတ်သောကရောက်နေမိသည်။


ဟယ့်ကျင်းယွင်က အလွန်ကောင်းမနေလျှင် သို့မဟုတ် သူ ဟယ့်ကျင်းယွင်အပေါ် ဘာခံစားချက်မှမရှိလျှင် သူ အလွယ်တကူ လက်လျော့မိလိမ့်မည်ဖြစ်သည်။


သို့သော် ဤကဲ့သို့ ပြီးပြည့်စုံသည့် လူနှင့် တွေ့ရသည်က ရှားပေ၏။ သူက ယောက်ျားလေးများကို ကြိုက်ကာ ဟယ့်ကျင်းယွင်အပေါ်တွင်လည်း ခံစားချက်များ ရှိနေသောကြောင့် ယဲ့ဇယ်ရှစ် ၎င်းအတွက် တိုက်ပွဲဝင်ချင်သည်။


ဒါပေမယ့် ငါတို့ ဒီပြဿနာကို အစတည်းက မဖြေရှင်းနိုင်ရင် နောက်ကျ ငါတို့ရဲ့ အချစ်ရေးက ပြိုကွဲသွားလိမ့်မယ်...


အချိန်အတန်ကြာစဉ်းစားပြီးနောက် ယဲ့ဇယ်ရှစ် ဝေ့လီဖေးကိုကြည့်ကာ မေးလိုက်သည်။

"ငါ သူနဲ့တကယ်တွဲတဲ့အခါကျ သူ အောက်မှာနေပေးဖို့ သဘောတူလိမ့်မယ်လို့ မင်းထင်လား..."


ဝေ့လီဖေး ထိတ်လန့်သွားပြီး အရယ်ပင်ရပ်သွားခဲ့သည်။

ယဲ့ဇယ်ရှစ် ဒီလောက်အထိ သူ့ကိုယ်သူ အထင်ကြီးနေမယ်လို့ မမျှော်လင့်ထားဘူး...


"မင်း ရုပ်ရှင်ဧကရာဇ်ဟယ့်နဲ့ သိလာတာကြာပြီလေ...မင်း သူ့နဲ့ အရပ်ချင်းမတိုင်းကြည့်ဖူးဘူးလား...သူ့အရပ်ကို ကြည့်ပြီးတော့ မင်း အရပ်ကို ကြည့်ကြည့်လိုက်... မင်း ဘယ်လိုထင်လဲ..."


ယဲ့ဇယ်ရှစ်: "..."


ဟင်း... ဟယ့်ကျင်းယွင်က ငါ့ထက်အရပ်ရှည်နေတာကြီးကို ငါဘာလုပ်နိုင်မှာလဲ...


"အဲဒါဆို မဖြစ်နိုင်ဘူးလား..." 

ယဲ့ဇယ်ရှစ် သက်ပြင်းချလိုက်သည်။


"ဘာမဖြစ်နိုင်တာလဲ..." 

ဟယ့်ကျင်းယွင်က သူတို့ဆီသို့ပြန်ရောက်လာခဲ့ပြီး သိချင်စွာ မေးလာခဲ့သည်။


ယဲ့ဇယ်ရှစ် အမှန်ပင် ထိတ်လန့်သွားခဲ့သည်။


"ဟယ့်လောင်ရှီး လမ်းလျှောက်ရင် အသံလေး ဘာလေး ပေးလို့မရဘူးလား..." 

ယဲ့ဇယ်ရှစ်က အသက်ပြင်းပြင်းရှူပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ပြန်ဆုတ်လိုက်သည်။


ဟယ့်ကျင်းယွင်က ရယ်မောလိုက်သည်။

"ဘာဖြစ်လို့လဲ... ငါ ကြားလို့မရတဲ့အကြောင်း ပြောနေလို့လား..."


ယဲ့ဇယ်ရှစ်: "..."


ဝေ့လီဖေး: "..."


ဒီလူက ဘာလို့ အရမ်းထက်မြက်နေရတာလဲ...


"မဟုတ်ပါဘူး... ဝေ့လီဖေးအကြောင်း ထပ်ပြောနေတာ..." 

ယဲ့ဇယ်ရှစ်က မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်လိုက်သည်။


"အိုး... ဒါဆို ငါ တကယ်ကြားလို့မရဘူးပဲ..." 

ဟယ့်ကျင်းယွင်က ပြုံးပြီး မေးလာခဲ့သည်။

"မင်းတို့နှစ်ယောက် စကားပြောလို့ပြီးပြီလား...မင်းတို့ စကားဆက်ပြောချင်သေးရင် ငါ ဟိုနားမှာခဏလောက် စောင့်နေပေးလို့ရတယ်..."


"ကျွန်တော်တို့ ပြောလို့ပြီးပြီ...အဆင်ပြေတယ်...ကျွန်တော်တို့ အခုသွားလို့ရပြီ..."

ယဲ့ဇယ်ရှစ်က ပေါ့ပေါ့ပါးပါး ချောင်းဟန့်ကာ ပြောလိုက်သည်။


"ဝေ့လီဖေးကရော..." 

ဟယ့်ကျင်းယွင် မေးလိုက်သည်။


"ကျွန်တော်က အဆင်ပြေတယ်...ဒါရိုက်ဘာကို လာခေါ်ခိုင်းလိုက်မယ်... မစ္စတာဟယ့်တို့ အရင်သွားလိုက်လို့ရတယ်..." 

ဝေ့လီဖေးက သူတို့နှစ်ယောက်ကို လက်ဝှေ့ယမ်းပြလာခဲ့သည်။


"ကောင်းပြီလေ..." 

ဟယ့်ကျင်းယွင် ပြောလိုက်၏။


ယဲ့ဇယ်ရှစ်က ဝေ့လီဖေးကို လက်ဝှေ့ယမ်းပြကာ ဟယ့်ကျင်းယွင်နှင့်အတူ ထွက်လာခဲ့သည်။


ဟယ့်ကျင်းယွင်က ယွိရယ်ကို အစောကတည်းက တံခါးဝ၌ စောင့်နေရန် ပြောခဲ့သည်။ သူတို့နှစ်ဦး ဘားမှ ထွက်လာသည်နှင့် ကားပေါ်သို့ လျင်မြန်စွာ တက်ကြသည်။


ယွိရယ်က ယဲ့ဇယ်ရှစ်ကို မြင်ချိန်တွင် အနည်းငယ် အံ့သြသွားခဲ့သည်။

"ယဲ့လောင်ရှီး ဒီကို ဘယ်တုန်းက ရောက်နေတာလဲ..."


ယဲ့ဇယ်ရှစ်က သူ့ကို နှုတ်ဆက်လိုက်သည်။

"ငါ သူငယ်ချင်းတစ်ယောက်နဲ့ ဒီကိုလာခဲ့တာ သိပ်တော့မကြာသေးဘူး... တစ်နာရီလောက်ပဲရှိဦးမယ်..."


"မင်းတို့ တစ်နာရီလောက်တောင် သောက်နေတာလား..." 

ဟယ့်ကျင်းယွင် မေးလာခဲ့သည်။


ယဲ့ဇယ်ရှစ်က ခေါင်းညိတ်ပြီး ခဏရပ်ကာ ပြောလိုက်သည်။

"သူ စိတ်အခြေအနေမကောင်းနေလို့ သူနဲ့ ခဏလောက် စကားထိုင်ပြောနေခဲ့တာ..."


"သူက ဘာဖြစ်လို့လဲ..." 

ဟယ့်ကျင်းယွင်က သူ့အကြောင်းပြချက်ကို သံသယမရှိခဲ့ပေ။


ယဲ့ဇယ်ရှစ်က သူ့နှုတ်ခမ်းကို ကိုက်ကာ အမူအရာမပြောင်းဘဲ ပြောလိုက်သည်။

"ဘာဖြစ်နိုင်မှာလဲ...သူ ကြိုက်နေတဲ့သူတွေ့နေလို့ အကြံဉာဏ်တောင်းတာပဲပေါ့..."


ထိုစကားကိုကြားချိန်တွင် ဟယ့်ကျင်းယွင်၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်။

မင်းဘာသာတောင် ကောင်းကောင်းမနိုင်‌နင်းသေးတာ ဝေ့လီဖေးက မင်းကို လာမေးတယ်ပေါ့လေ....


သို့သော် ယဲ့ဇယ်ရှစ်ရှေ့၌ ထိုစကား ပြော၍မရချေ။ မဟုတ်ပါက သူ စိတ်ဆိုးသွားလိမ့်မည်။


"ဒါဆို အခု သူ့ခံစားချက်တွေ ရှင်းသွားပြီလား..." 

ဟယ့်ကျင်းယွင်က မေးခွန်းပြောင်းလိုက်သည်။


ယဲ့ဇယ်ရှစ်က ခေါင်းလှည့်ကာ ဟယ့်ကျင်းယွင်ကို ကြည့်လိုက်သည်။


ဝိုင်သောက်ထားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ယနေ့မှ ထိုလူ၏ ရေမွေးနံ့က အလွန်ဖျော့တော့နေပြီး ဝိုင်၏ ချိုမြိန်သောရနံ့က ဖုံးလွှမ်းနေခဲ့သည်။


အနံ့က အလွန်ကောင်းသောကြောင့်ကြောင့် သူ့ကို ထိုလူ၏အနားသို့ကပ်ကာ အနံ့ခံချင်လာစေခဲ့သည်။


သို့သော် ထိုအတွေးပေါ်လာသည်နှင့် ယဲ့ဇယ်ရှစ် ဖယ်ပစ်လိုက်သည်။


ငါ ဘာတွေတွေးနေတာလဲ...မဟုတ်သေးဘူးလေ...


ဟယ့်ကျင်းယွင်၏ မေးခွန်းအတွက်မူ...


ယဲ့ဇယ်ရှစ်၏ စိတ်ထဲ သက်ပြင်းချမိခဲ့ပြန်သည်။


ခံစားချက်တွေ ရှင်းလင်းတာလား...


ငါ ဘယ်လိုလုပ် ရှင်းနိုင်ဦးမှာလဲ... ငါ အခုချိန်ထိ မဖြေရှင်းနိုင်သေးဘူး...


ယဲ့ဇယ်ရှစ် သက်ပြင်းချပြီး ရှင်းသွားပြီဟု ပြောချင်သော်လည်း ရုတ်တရက် နောက်ထပ်ပြဿနာတစ်ခုကို သတိရမိသွားခဲ့သည်။


ခဏလေး...ငါ ဒီအခွင့်အရေးကို သုံးပြီးတော့ ဟယ့်ကျင်းယွင်ရဲ့အတွေးကို မေးလို့ရတယ်မလား...


မှိန်ဖျော့ဖျော့ကားထဲ၌ ယဲ့ဇယ်ရှစ်၏ မျက်လုံးများ အနည်းငယ် တောက်ပလာခဲ့သည်။

"ဟင့်အင်း..."


ဟယ့်ကျင်းယွင်က ခေါင်းလှည့်ကာ ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။

"မင်းတို့ တစ်နာရီလောက် ပြောနေကြတာကို အခုထိ မရှင်းသေးဘူးလား..."


ယဲ့ဇယ်ရှစ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"တကယ်တော့ ဒီပြဿနာက နည်းနည်းဖြေရှင်းဖို့ခက်နေလို့..."


"ဟင်..." 

ဟယ့်ကျင်းယွင်က သိချင်မိသွားခဲ့သည်။

"ဘာပြဿနာလဲ..."


ယဲ့ဇယ်ရှစ်က အံကြိတ်ပြီး ဖြေလိုက်သည်။

"ဝေ့လီဖေး... သူကြိုက်တဲ့လူနဲ့ သူက အတူတူလိုပဲ..."


ဟယ့်ကျင်းယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကလဲ..."


ယဲ့ဇယ်ရှစ်က သူ့ရှေ့၌ထိုင်နေသော ယွိရယ်ကို တစ်ချက်ကြည့်ပြီး အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည်။ 

"ကျွန်တော် ဆိုလိုတာက...ဝေ့လီဖေး ကြိုက်နေတဲ့လူက သူနဲ့ role အတူတူပဲဖြစ်နေလို့ သူတော်တော်လေး စိတ်ညစ်နေတာ..."


ဟယ့်ကျင်းယွင်က တစ်စက္ကန့်မျှ ကြောင်အသွားပြီးနောက် ယဲ့ဇယ်ရှစ် ဆိုလိုသည်ကို လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။


"ဒီတော့ မင်းပြောချင်တာက... ဝေ့လီဖေးနဲ့ သူကြိုက်နေတဲ့သူက အနေအထား အတူတူပဲလို့လား..." 

ဟယ့်ကျင်းယွင် မေးလိုက်သည်။


ယဲ့ဇယ်ရှစ်က အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားသွားပြီး နှုတ်ခမ်းကိုဖိလိုက်သည်။


"ဟုတ်တယ်..."


ခဏခန့် ရပ်သွားပြီးနောက် ယဲ့ဇယ်ရှစ်က မျက်လွှာပင့်ကာ ဟယ့်ကျင်းယွင်ကိုကြည့်လိုက်သည်။

"အဲဒါ...ဟယ့်လောင်ရှီးဆိုရင်ရော ဒီလိုပြဿနာမျိုးနဲ့ကြုံလာမယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ..."



🎶🎶🎶