၁၉၆၀
၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း
၁
“ငါလေ
နင့်ရဲ့ စိတ်ထဲကို ဝင်ကြည့်ပြီး ဘာတွေ တွေးနေလဲဆိုတာ တကယ် မြင်ချင်လိုက်တာ။ ရှုရွှမ်းက
ဒီလောက်ကောင်းတဲ့ လူတစ်ယောက်ကို နင်ကဘာလို့ လက်မထပ်ခဲ့တာလဲ။”
“မြို့ထဲက
နိုင်ငံပိုင် ဟိုတယ်မှာ သူက အရေးကြီးတဲ့ စားဖိုမှူး တစ်ယောက်လေ။ တကယ်လို့ နင့်အမေအတွက်နဲ့
ငါက စိတ်မြန် လက်မြန်နဲ့သာ မကြည့်မိခဲ့ရင် ဒီလို အံ့ဩဖို့ကောင်းတဲ့ အိမ်ထောင်ရေးကြောင့်
အခြားသူတွေက ဂယက် ထသွားကြမှာ။”
“လင်းလင်း၊
နင်ဒီလို ရူးမိုက်နေလို့ မရဘူးလေ။ ဒီဘဝမှာ မိန်းမတစ်ယောက်က သူမရဲ့မိသားစုကို ထောက်ပံ့ပေးမယ့်သူကို
ရှာရမှာ။ ရှုရွှမ်းက လစာကောင်းသလို အရည်အချင်းလည်း ရှိတယ်။ ပြီးတော့ သူ့မှာ အမယ်အိုကြီးတစ်ယောက်နဲ့
ညီလေး တစ်ယောက်ပဲ ရှိတာ။ နင် ဒီလိုအိမ်ထောင်ရေးမျိုးကို မီးခွက်ထွန်းပြီး လိုက်ရှာရင်တောင်
ရှာမရဘူးဟဲ့။”
ဘေးအခန်းမှာရှိတဲ့
ရောက်တက်ရာရာ ပြောနေတဲ့ အသံများကို ထပ်ပြီး ကြားခဲ့ရကာ ဝမ့်ရင်းက ခေါင်းပေါ်ကို စောင်အုပ်ကာ
အိပ်ရာဝင်သွားခဲ့သည်။
တစ်ခါသို့မဟုတ်
နှစ်ခါလောက်သာ ထိုအတင်းများကို ကြားလိုက်ရသည့်အခါ ထိုစကားများသည် အသစ်အဆန်း ဖြစ်နေသည်။ သို့သော် ကြိမ်ဖန်များစွာ
ထိုစကားများကို ကြားလာရသည့်အခါ ငြီးငွေ့ဖွယ် ကောင်းလာခဲ့ပြီး သူတို့က ဆူညံသည်ဟုသာ တွေးမိကြလိမ့်မည်။
ဝမ့်ရင်းသည်
သူမရဲ့ခေါင်းကိုအုပ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပျော်နေစဥ် တံခါးခေါက်သံ တစ်သံ
ထွက်လာခဲ့သည်။ အခုအသံမှာ အစောတုန်းက ကြားခဲ့ရသော အသံနှင့် မတူဘဲ သူမရဲ့ အဒေါ် လီချွန်းကျန်သည်
တံခါးကို ဒုန်းခနဲ ထုကာ ဝမ့်ရင်းရဲ့ နာမည်ကို အော်နေခဲ့သည်။
“စန်းယာ၊
စန်းယာ ဘယ်အချိန် ရှိနေပြီလဲ။ ဘာလို့ မြန်မြန် မထသေးတာလဲ။”
ဝမ့်ရင်းက
သူမကို လျစ်လျူရှုထားခဲ့သည်။ သူမသည် ဒီကို ရောက်တာ နှစ်ရက်ရှိပြီဖြစ်ကာ၊ သူမအဒေါ်ရဲ့
ဒေါသနှင့် ပတ်သက်ပြီး အကြံကောင်းတစ်ခုကို ရခဲ့သည်။
နူးညံ့တဲ့
တည်သီးတစ်လုံးကို သူမ တွေ့လိုက်တော့ ထပြီး
ညှစ်လိုက်ချင်သည်။
သူမရဲ့အိပ်မက်ကို
နှောက်ယှက်နေသော အပြင်ဘက်က ဆူညံသံသည် နောက်ဆုံးတော့ ရပ်သွားခဲ့ကာ ဝမ့်ရင်းလည်း ကောင်းကောင်း
ပြန်အိပ်ခဲ့သည်။ ထို့နောက် သူမသည် ထကာ သူမရဲ့ အတွေး ပင်လယ်ထဲက ဝိဉာဥ် စမ်းရေကို လက်တစ်ခုပ်စာ
ခပ်ယူကာ သူမကိုယ်သူမ သန့်ရှင်းရေး လုပ်ခဲ့ပြီးနောက် သူမသည် မီးဖိုချောင် ထောင့်မှာရှိတဲ့
ကြက်ဥကို ယူ၍ ကြက်ဥစွပ်ပြုတ်တစ်ခွက် ပြုလုပ်ဖို့ရန် ဝိဉာဥ် စမ်းချောင်းမှ ရေဖြင့် ရောလိုက်သည်။
ထိုကြက်ဥစွပ်ပြုတ်ကို
တစ်ကြိုက်တည်း မော့သောက်ပြီးနောက် ဝမ့်ရင်းသည် တကယ်ကို ဗိုက်မဝသေးဘူးဟု ခံစားခဲ့ရသည်။
သူမသည် ဝမ်းဗိုက်ကို ကိုင်ကြည့်ရင်း နောက်ထပ် ကြက်ဥစွပ်ပြုတ် နှစ်ပန်းကန်လောက် ထပ်သောက်နိုင်သေးသည်ကို
ခံစားခဲ့ရသည်။
သူမရဲ့
နှုတ်ခမ်းများကို သပ်နေခဲ့ကာ ကြက်ဥများ မရှိတော့သည်မှာ သနားဖို့ ကောင်းလှသည်။
ဒီရက်ပိုင်းတွင်
ကြက်ဥများမှာ အင်မတန် စျေးကြီးသည်။ ကျေးလက်ဒေသများရှိ လူများသည် လယ်ယာ စိုက်ပျိုးခြင်းမှတစ်ပါး
ဘာဝင်ငွေမှ မရှိကြပါ။ သူတို့သည် ပိုက်ဆံနှင့် လဲဖို့ရန်အတွက် ကြက်ဥများကိုသာ မှီခိုနေကြပြီး
ငွေကြေး အကျပ်အတည်းအတွက် ကြက်ဥများအားလုံးကို လဲလှယ်ခဲ့ကြပြီး ဖြစ်သည်။
ရာသီဥတုမှာ
အေးလာသည့်အတွက် ကြက်မများမှာ ဥများကို ကောင်းကောင်း မဥကြတော့ဘဲ ဒီရက်ပိုင်းတွင် အဒေါ်ဖြစ်သူသည်
သူမရဲ့ သမီးနှင့်အတူ အခြားကိစ္စများတွင် အာရုံ ရောက်နေခဲ့ကြသည်။ ထို့ကြောင့် ဝမ့်ရင်းသည်
ထိုဥများကို တိတ်တဆိတ် ဖွက်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
သူမသည်
အရှေ့မှာရှိသည့် လယ်တောအိမ်လေးကို ကြည့်ခဲ့သည်။ ထိုအိမ်ထဲတွင် စုစုပေါင်း အဓိကအခန်း
လေးခန်းရှိသည်။ တစ်ခန်းမှာ သူမရဲ့ ဦးလေးနှင့် အဒေါ်အတွက်ဖြစ်၍၊ တစ်ခန်းမှာ သူမ၏ ဝမ်းကွဲ
ညီမနှစ်ဦးအတွက် ဖြစ်ကာ တစ်ခန်းက သူမရဲ့ ဝမ်းကွဲ မောင်အငယ်လေးအတွက် ဖြစ်ပြီး ကျန်တစ်ခန်းမှာ
သူမနေသည့် အခန်း ဖြစ်သည်။
ဝမ့်ရင်းသည်
သူမရဲ့ နှုတ်ခမ်းကို မဲ့ကာ တွေးလိုက်မိသည်။ အရင်လူ ထားခဲ့သည့် မှတ်ဉာဏ်များမှာ အကောင်းအတိုင်း
ရှိနေဆဲ ဖြစ်သည်။
သို့သော်
ထိုသို့ ဖြစ်ရသည်မှာ ပြီးသွားခဲ့ပြီ ဆိုသော်လည်း အရမ်းကို ဒေါသထွက်ဖို့ ကောင်းသည်။
ဝမ့်မိသားစုထဲမှ
ညီအကို နှစ်ယောက်သည် အစောပိုင်းကတည်းက သူတို့ရဲ့ မိသားစုကို ခွဲခွာသွားခဲ့သည်။ အကြောင်းမှာ
သူတို့ရဲ့ မိသားစုများက ဆုံးပါးသွားခြင်းကြောင့် ဖြစ်သည်။ ထိုအိမ်တွင် အခန်းလေးခန်းရှိပြီး
တစ်မိသားစုအတွက် နှစ်ခန်းစီဖြစ်သည်။ သူမဦးလေး၏ မိသားစုသည် အရှေ့ဘက်ရှိ အခန်းနှစ်ခန်းကို
ယူထားပြီး သူမရဲ့ မိသားစုမှာ အနောက်ဘက်ရှိ အခန်း နှစ်ခန်းကို ယူထားသည်။
မိသားစုများ
ပြိုကွဲသွားပြီးနောက် အလယ်တွင် တံတိုင်းတစ်ခု ဆောက်လုပ်ခဲ့ပြီး တစ်မိသားစုစီတွင် ကိုယ်ပိုင်
မီးဖိုချောင်၊ ရေချိုးခန်းများ တည်ဆောက်ခဲ့သည်။
ဝမ့်ယုံရွှင်းမိသားစုတွင်
သမီးနှစ်ယောက်နှင့် သားတစ်ယောက် ရှိသည်။ အကြီးဆုံး သမီး ဝမ့်ပင်းပင်းသည် မနှစ်ကမှ မြို့ထဲတွင်
အိမ်ထောင် ကျသွားခဲ့သည်။ ဒုတိယသမီး ဝမ့်လင်းလင်းသည် ဝမ့်ရင်းထက် တစ်နှစ်ကြီးပြီး ဒီနှစ်မှ
၁၉နှစ်သာ ရှိသေးသည်။ အငယ်ဆုံးသား ဝမ့်ယောင်ကျုံးသည် လက်ရှိတွင် မြို့ထဲ၌ အထက်တန်းကျောင်း
ဒုတိယနှစ်သာ ရှိသေးပြီး ၁၅ ရက်တစ်ခါ ပြန်လာသည်။
ဝမ့်ရင်းတို့
မိသားစုသည် ပိုမို ရိုးရှင်းပြီး သမီးလေး တစ်ယောက်တည်းသာ ရှိသည်။ ထိုအချိန်တွင် ဝမ့်ရင်း၏
အဖေအရင်း ဝမ့်ယုံဖုသည် စစ်သားတစ်ယောက်အဖြစ် အမှုထမ်းဖို့ ထွက်သွားခဲ့သော်လည်း ဘယ်လို
စစ်သားမျိုးလဲဆိုတာ သူမ မသိခဲ့ပါ။ နောက်ဆုံးတွင် သူနှင့်ပတ်သက်သည့် ဘာသတင်းမှ မကြားခဲ့ရပါ။
ဝမ့်ရင်း၏ အမေအရင်းကသာ ဝမ့်ရင်းကို တစ်ယောက်တည်း ထိန်းကျောင်းခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ
သူမသည် ဆေးပညာ အချို့ကို သိထားသည်ကို ကြေညာကာ မြို့ထဲတွင် ဆေးဆရာမတစ်ယောက် ဖြစ်လာခဲ့သည်။
ကလေးငယ်လေး ဝမ့်ရင်းကို ပြုစု ပျိုးထောင်ရန်မှာ မခက်ခဲခဲ့ပါ။
မမျှော်လင့်ထားဘဲ
လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ရာသီဥတု အခြေအနေမှာ အရမ်းတော့ မကောင်းခဲ့ပါ။ ဝမ့်ရင်း၏ အမေသည်
မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်ဒဏ်ကို ကြုံတွေ့ခဲ့ရပြီး မြို့ထဲသို့ စားနပ်ရိက္ခာ အဖွဲ့နှင့်
ပစ္စည်းများကို သွားပို့သည့် လမ်းမှာတင် မြေများ ပြိုကျခဲ့ကာ အားလုံး ဆုံးပါးသွားခဲ့ကြသည်။
ထိုအခြေအနေတွင်
သူမ၏ အမေဟာ လူများ၏ ပစ္စည်းများကို ပို့ပေးရင်း ကွယ်လွန်သွားခဲ့ကာ သူမလည်း မိဘမဲ့တစ်ယောက်အဖြစ်
တစ်ယောက်တည်း ကျန်ခဲ့ရတော့သည်။ ထိုအဖွဲ့အစည်းကလည်း အာဇာနည်အဖြစ် သတ်မှတ်ခဲ့ပြီး ဝမ့်ရင်းအား
အာဇာနည် ကလေးငယ် တစ်ဦးအဖြစ် ဂုဏ်ပြုချီးမြှင့်လွှာ ပေးအပ်ခဲ့သည်။
ထို
ဂုဏ်ပြုချီးမြှင့်လွှာကြောင့် ဝမ့်ရင်းသည် နှစ်တိုင်း ယွမ် ၂၀နှင့် အလုပ်လုပ်သည့် အမှတ်
၂၀၀ကို ရရှိခဲ့သည်။ ထို့ကြောင့် သူမသည် ကိုယ့်ကိုကိုယ် ထောက်ပံ့ပေးဖို့အတွက် ဘာပြဿနာမှ
မရှိတော့ပါ။
အာဇာနည်
ကလေးငယ်ဖြစ်သည့် ဝမ့်ရင်းကို သေချာ ပြုစု စောင့်ရှောက်ပေးရန်အတွက် အဖွဲ့မှပေးသည့် လမ်းညွှန်ချက်ကို
အဖွဲ့အစည်းကလည်း ရရှိခဲ့သည်။
ဆယ်ကျော်သက်အရွယ်
ကလေးမလေး ဝမ့်ရင်းသည် လယ်ယာများတွင် အလုပ်လုပ်ပေးစရာ မလိုဘဲနှင့် ပိုက်ဆံရသည်ကို ဘေးအခန်းက
အဒေါ်က မြင်လိုက်ရသောအခါ သူမကို စိတ်ဝင်စားသွားခဲ့သည်။ ပထမဦးစွာ သူမသည် ဝမ့်ရင်းဆီကို
အချိန်တိုင်းလိုလို လာလည်ရင်း စကားများပြောခဲ့သည်။ ထို့နောက် သူမတို့ မိသားစုသည် နေစရာ
မလုံလောက်ကြောင်းနှင့် ဝမ်းကွဲ ညီအမနှစ်ယောက်အား လာရောက်ကာ အခန်း တစ်ခန်းလောက် ပေးလို့ရနိုင်မလားကို
စိတ် ကသိကအောက်ဖြစ်စွာဖြင့် ပြောခဲ့သည်။
မနှစ်က
နွေဦးတုန်းက သူတို့သည် အလယ်က တံတိုင်းကို တမင်တကာ ဖြိုချပြီး မိသားစုနှစ်စုကို တစ်စုတည်းအဖြစ်
ပေါင်းစည်းခဲ့သည်။
ဝမ့်ရင်းသည်
အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး သူမရဲ့အဒေါ်က အစီအစဥ်ကောင်းတစ်ခုကို ပြုလုပ်ထားခဲ့သည်။
မူလပိုင်ရှင် အိမ်ထောင် ကျသွားတုန်းက သူမ၏ အဒေါ်မှာ ထိုနှစ်ခန်းလုံးကို သူမ မိသားစုအတွက်
လိုချင်နေခဲ့သည်။
လွန်ခဲ့သော
နှစ်နှစ်တုန်းက မူလပိုင်ရှင်အပေါ် ဆက်ဆံသည့် လီချွန်းကျန်၏ အပြုအမူများမှာ ဆိုးသည်ထက်ကို
ဆိုးလာခဲ့သည်။
သူမသည်
မူလပိုင်ရှင်ကို အဝတ်လျှော်၊ ဟင်းချက်ရန်နှင့် မိသားစု၏ ဝေယျာဝစ္စကို ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။
မနှစ်ကတုန်းက သူမသည် မူလပိုင်ရှင် ရရှိခဲ့သော အာဇာနည် ကလေးငယ် ဂုဏ်ပြုလွှာကို ယူဆောင်သွားခဲ့သည်။
ထို့ပြင် ပိုက်ဆံနှင့် စားနပ်ရိက္ခာများကိုလည်း ယူသွားခဲ့သည်။ လီချွန်းကျန်သည် မူလပိုင်ရှင်အား
သူမသည် အထက်တန်းကျောင်း ပြီးသွားကတည်းက အဖွဲ့အစည်းက သူမကို ပိုက်ဆံရော စားစရာပါ မပါတော့ဘူးဟုလည်း
ပြောခဲ့သည်။ အခုချိန်တွင် သူမသည် ကိုယ့်ကိုကိုယ် ထောက်ပံ့ဖို့ရာအတွက် သူမ ဦးလေး၏ မိသားစုအပေါ်သာ
မှီခိုခဲ့ရတော့သည်။
သူမ၏
ဝမ်းကွဲအမ နှစ်ယောက်သည် စပြောင်းတုန်းက သတိထားပြီး နေခဲ့ကြရာမှ ဆရာကြီး လုပ်ချင်သည့်
အခြေနေသို့ ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ အဖွဲ့အစည်းမှ မူလပိုင်ရှင်အား ပေးအပ်ထားသော
ကြွေရေကရားနှင့် ကြွေပန်းကန်လုံးများအား သူမ၏ ဝမ်းကွဲအမ နှစ်ယောက်က သူတို့ရဲ့ အခန်းထဲသို့
ယူကာ နေရာချထားခဲ့ကြသည်။
ဝမ့်ရင်းက
အနည်းငယ် ကူကယ်ရာ မဲ့နေခဲ့သည်။ မူလပိုင်ရှင်သည် ထိုကဲ့သို့ နူးညံ့သော စိတ်ထားမျိုး
ရှိသည်။
အဲ့လိုသာ
နင် မနေခဲ့ဘူးဆိုရင် သူတို့က နင့်အပေါ်မှာ အဲ့လို လုပ်နိုင်မှာတဲ့လား။
သူတို့က
နင့်အိမ်မှာနေတယ်။ နင့်ပိုက်ဆံတွေသုံးတယ်။ နင့်အလုပ်လုပ်ပြီး ရလာတဲ့ အမှတ်တွေကနေ ထိုက်ထိုက်တန်တန်
ရရှိခဲ့တဲ့ အစားအသောက်တွေကို စားနေတာလေ။ ပြီးတော့ သူတို့က နင့်ကို သူတို့ရဲ့ အစေခံတောင်
လုပ်ခိုင်းနေကြတာ။
ဒီလိုနေ့မှာ
ရောက်လာတော့ မူလပိုင်ရှင်က ဒီအကြောင်းတွေကို မတွေးမိဘဲနဲ့ နေမကောင်း ဖြစ်တယ်ဆိုတာ အံသြစရာတော့
မဟုတ်တော့ဘူး။
ဝမ့်ရင်း
ဒီရောဂါဖြစ်တယ်ဆိုတာ လိမ်ညာမှုတစ်ခုပဲ။
ဒါပေမယ့်
ဘယ်လိုပဲ ဖြစ်ဖြစ် ဝမ့်ရင်း ဒီလိုတွေ ခံစားနေရတာက ထိုက်တန်တာပဲ။
အားလုံး
ပြီးသွားသည့်နောက် သူမ တကယ်ကို ရောက်ရှိခဲ့ရသော နေရာက အင်မတန်ကို ရက်စက်လွန်းသည်။
လူတွေရဲ့
နည်းပညာတွေက အနေအထားတစ်ခုကို တိုးတက်လာပြီးနောက် ကမ္ဘာကို ပျက်စီးစေတဲ့ အကြောင်းတွေက
အရင်ဆုံး ဖြစ်လာလိမ့်မည်။
ငလျင်၊
ဆူနာမီ၊ မီးတောင် ပေါက်ကွဲမှု၊ နေ့တာတိုတဲ့ ရက်တွေ၊ ညတာရှည်တဲ့ ရက်တွေ……
သဘာဝတရား၏
ပျက်စီးမှုများသည် လူသားများကို “ကမ္ဘာရဲ့ အဆုံးသတ်”ဟုခေါ်သော ကမ္ဘာတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
လူသားများသည်
ပတ်ဝန်ကျင်နှင့် အလွန် လိုက်လျောညီထွေစွာ ပြောင်းလဲတတ်သည်ဟု ဆိုနိုင်သည်။
ကမ္ဘာပျက်ပြီး
သုံးနှစ်အကြာ လူအချို့က သဘာလွန် စွမ်းအားများကို ရရှိခဲ့ကြသည်။ အချို့က အဆုံးမရှိသော
စွမ်းအားများ ကြီးလာကာ အချို့က ဆယ်မိုင်အကွာက မြင်ကွင်းများကို မြင်နိုင်ပြီး အချို့က
မိုင်တစ်ရာ အကွာလောက်က အသံများကို ကြားနိုင်ကြသည်။
များစွာသော
လူတွေဟာ သူတို့ရဲ့ စွမ်းအားများကို နှိုးထနိုင်ခဲ့သည်။ တစ်နေ့အခါ ဝမ့်ရင်း နိုးလာပြီး
သူမတွင် စိတ်ဝိဉာဥ် စမ်းချောင်းလေးတစ်ခု ရှိသည်ကို တွေ့ရှိခဲ့သည်။
သူမသည်
သူ့ရဲ့လျှို့ဝှက်ချက်ကို သေချာလေး ဖုံးကွယ်ထားခဲ့သည်။ အချိန်အကြာကြီး လေ့လာပြီးနောက်
ထိုစိတ်ဝိဉာဥ် စမ်းချောင်းလေးမှာ အလွန် အသုံးမဝင်သည်ကို သူမ သိရှိခဲ့ရသည်။
သူမ
ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊ ဒါက သူမရဲ့ဘဝနဲ့ သဘာဝလွန် စွမ်းအားတွေကို နိုးထဖို့အတွက်
လုပ်ပေးမှာ မဟုတ်ပေ။ အဲ့ရေကို သောက်လိုက်ရင် သူမက ပိုဖြူပြီး ပိုလှလာတာပဲ ရှိသည်။ ပြီးနောက်
သူမရဲ့ အာရုံ ငါးပါးက ပိုပြီး စူးရှသွားမည်။ အဲ့ဒါအပြင် ကိုယ်ခန္ဓာ ကြံ့ခံနိုင်စွမ်းကလည်း
တိုးလာပြီး ကမ္ဘာ မပျက်ခင်မှာပဲ အထက်နေရာတစ်ခုကို ရောက်နေလိမ့်မည်။
ဒါပေမယ့်
ကမ္ဘာကြီး ပျက်သွားရင် သဘာဝလွန် စွမ်းအားတွေကြောင့် ခန္ဓာကိုယ်ပုံစံတွေရဲ့ တစ်စတစ်စ
ပြောင်းလဲလာတဲ့ ပုံစံနဲ့လူတွေ အများကြီး ရှိပြီး သဘာဝလွန် စွမ်းအားတွေနဲ့ အခြားလူတွေက
အတော်လေးကို ထူးခြားနေလိမ့်မည်။ ခြင်တစ်ကောင်ကို မီတာတစ်ထောင်လောက် ကတည်းက မြင်နေရပြီး
သစ်ပင်လောက်မြင့်တဲ့ အမြင့်ကနေ လက်သီးတစ်ချက် ထိုးလိုက်မယ်ဆိုရင် ဘယ်လို ဖြစ်သွားမလဲ။….
ဝမ့်ရင်းရဲ့ အနည်းငယ် တိုးတက်လာမှုလေးက အခြားသူတွေနဲ့ ယှဥ်ရင် နည်းနည်းလေး အသုံးမဝင်
ဖြစ်နေသည်။
ဝမ့်ရင်းသည်
မလိုအပ်ဘဲ ဝိဉာဥ်စမ်းချောင်းလေးကို ဖုံးကွယ်ထားကာ သူမရဲ့ ကံကြမ္မာကို ကိုယ်ပိုင် ဆရာဝန်အဖြစ်သာ
လက်ခံထားခဲ့သည်။ နောက်ဆုံး ရက်များတွင် သဘာဝလွန် စွမ်းအားများနှင့် လူတွေ များစွာ ရှိနေခဲ့သော်လည်း
သာမန်လူများနှင် ယှဥ်နေကြသည့် လူနည်းစုမှာ ရှိနေသေးသည်။ ထို သာမန်လူများသည် အတူတကွ
စုကာ အခြေစိုက် စခန်း ဆောက်လုပ်ပြီး နေကြသည်။ သူတို့ရဲ့ ဘဝများက ကြမ်းတမ်းသော်လည်း
သူတို့သည် အတော်လေးကို တည်ငြိမ်ကြဆဲ ဖြစ်သည်။
တဖြည်းဖြည်းနှင့်
သဘာဝလွန် စွမ်းအားများ တိုးလာပြီး အမဲရောင် နယ်မြေများတွင် ဖုတ်ကောင်များ ပေါ်လာသည့်အတွက်
လူနေမှု ပတ်ဝန်းကျင်မှာ ဖော်ပြဖို့ရန် ခက်ခဲလာခဲ့သည်။
အစာရေဆာများမှာ
အဖိုးတန် အရင်းအမြစ်များ ဖြစ်လာပြီး သစ်တောများမှာ ကမ္ဘာပေါ်တွင် ရှားပါးသော မြေနေရာတစ်ခု
ဖြစ်လာကာ လူတွေက သဘာဝလွန် စွမ်းအားနှင့် ဖုတ်ကောင်များအကြား ရှင်သန်ဖို့အတွက် ရုန်းကန်နေခဲ့ကြသည်။
ထိုအခြေအနေများကို
နှစ်များစွာ တောင့်ခံပြီး နောက်ဆုံးတွင် ဝမ့်ရင်းသည် ဖုတ်ကောင်များကြောင့် သေဆုံးသွားခဲ့ရသည်။
ထိုသေဆုံးမှုကြောင့်
သူမရဲ့ဘဝသည် သက်သာရာ ရသွားခဲ့သည်။ လွန်ခဲ့သော နှစ်များစွာတုန်းက သူမသည် အင်တန် ခက်ခဲပင်ပန်းခဲ့ရသည်။
ကမ္ဘာကြီး
မပျက်သုဥ်းခင်က သူမသည် အစားစားရတာ ကြိုက်နှစ်သက်သူ တစ်ယောက် ဖြစ်ခဲ့သည်။ ပင်ပန်းတဲ့
မိသားစုဘဝမျိုး မရှိဘဲနှင့် သူမ၏ လစာ တစ်ဝက်ကို အစား၊ အသောက်အတွက် သုံးခဲ့ပြီး သူမရဲ့
Engel ကိန်းဂဏန်းမှာလည်း အတော်လေး များပြားသည်။ မီးဖိုချောင်ထဲတွင် သူမသည် အိပ်မက်ဆိုးများ
မက်ခဲ့ရသော်လည်း သူမသည် အာရုံခံနိုင်စွမ်း ကောင်းပြီး အစားအသောက်ပိုင်းတွင် ဗဟုသုတ
ကြွယ်ဝသည်။ ထို့ကြောင့် သူမသည် အချိန်ပိုင်း အစားအသောက် အကဲဖြတ်သူအဖြစ် လုပ်ကိုင်နိုင်သည်။
ကမ္ဘာကြီးပျက်သုဥ်းသွားရင်
သူမ ဘာတွေစားမလဲ။ အာဟာရရှိတာတွေ၊ ဆေးလုံးတွေ၊ ပိုးကောင်တွေကနေ ထုတ်လုပ်ပြီး ရလာတဲ့
ပရိုတင်းဓာတ်တွေ….
အဲ့အရာတွေက
သူမ အသက်ရှူဖို့အတွက် မရှိနေဘူးဆိုရင် သူမလည်း အချိန်အကြာကြီး အသက်ရှင်ချင်စိတ် ရှိမှာ
မဟုတ်လောက်ပေ။
ဒါ့ကြောင့်
သူမက မျက်လုံးကိုဖွင့်ကာ ၁၉၆၉ ခုနှစ်က အချိန်နဲ့ နေရာကို ပြန်သွားခဲ့ပြီး သူမသည် တောက်ပတဲ့
နေရောင်ရယ်၊ စိမ်းလန်းနေသော သစ်ပင်တွေရယ်နှင့် ခြံထဲမှာရှိတဲ့ ဘဲတွေ ကြက်တွေကို မြင်လိုက်ရတဲ့အခါ
သူမသည် ငိုမလို ဖြစ်သွားခဲ့သည်။
အမေရေ၊
သမီး နတ်ပြည်ကို ရောက်လာခဲ့ပြီ။
သူမသည်
စိတ်အနှောက်အယှက် ဖြစ်စရာကောင်းတဲ့ မိသားစုနဲ့ နေနေရတာတောင် အဲ့ဒါက နတ်ဘုံတစ်ခုလို
သူမ တွေးနေခဲ့သည်။
ဂျုံခေါက်ဆွဲရဲ့
ကြမ်းတမ်းတဲ့ ခေါက်ဆွဲသားကတောင် သူမအတွက်တော့ ဆွဲမက်စရာ ကောင်းနေခဲ့သည်။ သိလား၊ သူမက
ဒီလို ရိုးရာ အစားအစာမျိုးကို မစားရတာက နှစ်တွေအများကြီး ကြာခဲ့ပြီ။
နောက်ကျမှ
မနက်စာကို စားပြီးနောက် ဝမ့်ရင်းသည် ခုံကို ခြံထဲသို့ ရွှေ့သွားကာ ထိုင်ခဲ့သည်။ ဒီလို
သာယာတဲ့ နေရောင်ခြည်မျိုးကို နောက်ဆုံးသော နေ့ရက်တွေမှာတုန်းက မြင်ရဖို့အတွက် ဖြစ်နိုင်လိမ့်မည်
မဟုတ်ပါ။
တကယ်လို့
ဒီလိုနွေးထွေးမှုကို မရဘူးဆိုရင် သူမ အသက်ရှင်နိုင်မှာ မဟုတ်ပေ။
ဘေးအခန်းမှာရှိတဲ့
နေမကောင်းတဲ့ ဝမ့်လင်းလင်းက ထွက်လာကာ သူမကို အော်နေခဲ့သည်။
“စန်းယာ၊
မနေ့က နင် ငါ့အဝတ်တွေကို လျှော်ပြီးတော့ ဘယ်မှာ ထားလိုက်တာလဲ။”
သူမသည်
ထိုစကားကိုပြောကာ နေရာတိုင်းတွင် လိုက်လံ ရှာဖွေနေခဲ့သည်။ ခြံထဲက အဝတ်လှန်းသည့် ကြိုးပေါ်တွင်လည်း
ဘာအဝတ်မှ မရှိနေခဲ့ပါ။ ဝမ့်လင်းလင်းသည် ဟိုဟိုဒီဒီ လိုက်လံရှာဖွေခဲ့ပြီး မနေ့က သူမ
အင်္ကျီလဲခဲ့သည့် ဘေးအခန်းက အဝတ်ပုံးထဲတွင် တွေ့ရှိခဲ့သည်။
ညစ်ပတ်နေဆဲ
ဖြစ်သည်။
ဝမ့်လင်းလင်းသည်
နဂိုကတည်းက ဒေါသထွက်နေခဲ့ကာ အခုဆိုရင် ပိုပြီးတော့တောင် ဒေါသထွက်လာခဲ့သည်။
“စန်းယာ၊
နင့်ရဲ့ မျက်နှာပေါ်က မျက်လုံး နှစ်လုံးက ဒီတိုင်း တပ်ထားတာလား။ အဝတ်တွေ ဒီမှာ ကျန်နေသေးတာ
နင် မမြင်ဘူးလား။”
ဝမ့်ရင်းသည့်
ပျင်းရိပျင်းတွဲ ပြောခဲ့သည်။ “ဘယ်သူပဲ ဝတ်ဝတ် လျှော်လိုက်လေ။”
ဝမ့်လင်းလင်းသည်
မယုံနိုင်စွာ ကြားခဲ့လိုက်ရပြီး၊ ဒါက ဘယ်သူလဲ။ စန်းယာမှ ဟုတ်ရဲ့လား။
စန်းယာက
သူမရဲ့ခေါင်းကို ငုံ့ထားပြီး အိမ်ရဲ့ အပြင်ဘက်နဲ့ အထဲက အလုပ်တွေကို လုပ်နေရမှာ မဟုတ်ဘူးလား။
ငါ့ကိုများ သူမက ဘယ်လိုတောင် ပြန်ပြောရဲရတာလဲ။
“စန်းယာ!!”
ဝမ့်ရင်းက
နားကိုပိတ်ကာ ပြန်ပြောခဲ့သည်။ “ငါကြားတယ်၊ အဲ့လောက် အကျယ်ကြီး အော်နေဖို့ မလိုဘူး။”