၁၉၆၀
၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း
၂
ဝမ့်လင်းလင်းက
အရမ်း ဒေါသထွက်လာကာ သူမရဲ့ ရင်ဘက်ကတောင် ဖောင်းလာခဲ့သည်။ သူမ ပြန်လည် မွေးဖွားလာတာ
အချိန်ကြာလှပြီ ဖြစ်သော်လည်း သူမဘဝမှာ ဘာတစ်ခုမှ မဖြစ်ခဲ့ပါ။
သူမ၏
အတိတ်ဘဝတွင် သူမသည် မိဘများ၏ အကြံဉာဏ်ကိုသာ လိုက်နာခဲ့ပြီး ရှုရွှန်းကို လက်ထပ်ခဲ့သည်။
အဖွဲ့အစည်း တစ်ခုလုံးက သူမကို အိမ်ထောင်ရေး ကံကောင်းသည့် အမျိုးသမီးဟု ပြောခဲ့ကြပြီး
ထိုလူကတော့ လူတွေရဲ့ အစေခံတစ်ယောက်ဖြစ်ကာ လက်မှုပညာ၌ ကျွမ်းကျင်သည် ဆိုတာကိုတော့ ဘယ်သူကမှ
မပြောပြခဲ့ကြပါ။
အစပိုင်းတွင်
ဝမ့်လင်းလင်းသည် ဒါက ကောင်းတယ်လို့ တွေးခဲ့သော်လည်း နောက်ပိုင်းတွင် သူမ အဲ့လို မတွေးတော့ပါ။
သူမသည်
ရှုရွှမ်းကို မီးဖိုချောင်ထဲမှ ပစ္စည်းများကို ယူလာရန် ပြောခဲ့သည်။ ထို့နောက် ဒီကိစ္စသည်
စားဖိုမှုးအား ပစ္စည်း အနည်းအများကို သူ့ရဲ့လက်ဖြင့် လှုပ်ကာ ထည့်ခိုင်းသည့် ကိစ္စသာ
ဖြစ်သည်။ တကယ်လို့ သူက ပစ္စည်းအချို့ကို သိမ်းကာ အိမ်သို့ ယူသွားခဲ့ပါက ဘယ်သူကမှ သိလိုက်မည်
မဟုတ်ပါ။
ရှူရွှမ်းက
ငြင်းခဲ့သည်။ သူမ ဘယ်လောက်ပဲ ငိုနေပါစေ၊ တစ်ဖက်လူက အမြဲတမ်း စိတ်မဝင်စားသည့်ဟန် ဖြစ်နေသည်။
ရှုရွှမ်းသည်
ဝမ့်လင်းလင်းအား ထိုအရာများ သူမကိုယ်တိုင် လုပ်မည်ကို မလိုချင်ခဲ့ပါ။ ရှုရွှမ်းက သူမကို
စိတ်မဝင်စားသည့်တိုင်အောင် သူမသည် အလုပ်သွားသည့် အခါတိုင်း ရှုရွှမ်းဆီသွားကာ ကြာဇံနှင့်
မှိုခြောက်များကဲ့သို့ ကုန်ခြောက် ပစ္စည်းများကို ခိုးကာ ယူသွားခဲ့သည်။ မမျှော်လင့်စွာဖြင့်
ရှုရွှမ်း၏ လုပ်ဖော်ကိုင်ဖက်များက ထိုအရာကို သိရှိခဲ့ပြီး သူ့ကို ချက်ချင်းပဲ တရားစွဲခဲ့သည်။
ရှုရွှမ်းလည်း အလုပ်ပြုတ်သွားကာ တပ်ထဲသို့ ပြန်သွားခဲ့ရသည်။
တပ်ထဲသို့
ပြန်သွားခဲ့ရသော်လည်း ရှုရွှမ်းက စိတ်မပျက်သွားဘဲ တစ်ခါတစ်ရံ မတူညီသည့် မိသားစုများမှ
ထမင်းချက်များကို ကူညီပေးခဲ့သည်။ သူသည် တရားဝင် ခန့်အပ်ထားသည့် စားဖိုမှုး မဟုတ်သော်လည်း
ကျေးလက်တွင် မင်္ဂလာပွဲနှင့် အသုဘပွဲများက အမြဲလိုလိုတော့ ရှိနေခဲ့သည်။
သူသည်
တစ်စုံတစ်ယောက်အတွက် စားဝိုင်းကြီးကို ချက်ပြုတ်သည့် အခါတိုင်းတွင် တစ်ဖက်လူက ရှုရွှမ်းကို
ကျေးဇူး လက်ဆောင်အနေဖြင့် ဒေါ်လာ အနည်းငယ် သို့မဟုတ် ကြက်ဥတစ်ခြင်းကို တိတ်တဆိတ် ပေးခဲ့သည့်။
ဝမ့်လင်းလင်း၏
ဘဝသည် အကျဘက်သို့ ရောက်သွားသည်ဟူ၍ မရှိကြောင်းကို နားလည်နိုင်သည်။ သူသည် ရှုရွှမ်းနောက်ကို
လိုက်ကာ စားသောက်ပွဲထဲသို့ ခိုးဝင်နိုင်ခဲ့သည်။
လူနည်းသွားသော
အချိန်သို့ ရောက်သောအခါ ဝမ့်လင်းလင်းက နတ်သမီးတစ်ယောက်လို နေနေခဲ့သည်။
သို့သော်
ဝမ့်လင်းလင်းက မကျေနပ်နိုင်ခဲ့ပါ။ သူမသည် အလုပ်သမား ရှုရွှမ်းကို လက်ထပ်ခဲ့ပြီး ရွာရဲ့
ပွဲများကို ကျင်းပပေးနေသည့် ရှုရွှမ်းကိုတော့ လက်မထပ်နိုင်ခဲ့ပါ။
ဝမ့်လင်းလင်းသည်
ပြဿနာ ထပ်ရှာခဲ့ကာ ရှုရွှမ်းကို အလုပ်သမား စာမေးပွဲကို ဝင်ဖြေစေချင်ခဲ့သည်။
ရှုရွှမ်းသည်
ဝင်ဖြေချင်သော်လည်း စားဖိုမှုး တစ်ယောက်အတွက် မီးဖိုချောင်မှ ပစ္စည်းများကို ခိုးယူခဲ့သည်မှာ
ကောင်းသော ဂုဏ်သတင်းတစ်ခုတော့ မဟုတ်ခဲ့ပါ။ ထိုကဲ့သို့ ပြုလုပ်နေသော လူအနည်းစု ရှိသော်လည်း
သူတို့က ပေါ်သွားခဲ့ရင်တောင် လက်မခံခဲ့ကြပါ။
ရှုရွှမ်းသည်
နှစ်များစွာ ကုန်ဆုံးခဲ့ပြီး ဝမ့်လင်းလင်းက သူ့ကို အတော်လေး ဒေါသထွက်လာခဲ့သည်။ သူတို့အတွဲသည်
တစ်မိုးအောက်ထဲတွင် နေနေကြသော သူစိမ်းများလို ဖြစ်နေခဲ့ကြသည်။
မြို့မှာ
ပြန်လည် လမ်းဖွင့်ပေးပြီးနောက် စီးပွားရေး ပြန်လည် ထူထောင်ဖို့အတွက် နေရာများ ချထားပြီးနောက်
ဝမ့်လင်းလင်းသည် ရှုရွှမ်းအား စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ဖို့အတွက် ဆက်လက် တွန်းအားပေးခဲ့သည်။
ရှုရွှမ်းက သုံးစားမရဘူးဟု သူမ တွေးနေခဲ့ရင်တောင် ရှုရွှမ်းရဲ့ လက်မှုပညာမှာတော့ အတော်လေး
ကျွမ်းကျင်သည်ကို သူမ သိရှိနေခဲ့သည်။
စားသောက်ဆိုင်
ဖွင့်ပြီးနောက် ဝမ့်လင်းလင်း မျှော်လင့်ထားသလို ဘဝမျိုးတော့ မရရှိခဲ့ပါ။
ခက်ခဲသော
နှစ်များကို အကြာကြီး မကျော်ဖြတ်ခဲ့ရပါ။ လာရောက်
စားသုံးကြသော သူများမှာလည်း မချမ်းသာခဲ့ကြပါ။ ရှုရွှမ်း၏ လက်မှုပညာမှာ ကောင်းမွန်ပြီး
အခြားသူများ ရောင်းချသော စျေးကိုသာ ရောင်းချခဲ့သည်။ အကျိုးအမြတ် နည်းပါးသော်လည်း မြန်မြန်
လည်ပတ်လာနိုင်ပြီး ရေရှည် ရပ်တည်နိုင်မည့် လုပ်ငန်းအဖြစ် သတ်မှတ်နိုင်သည်။
သို့သော်
ဝမ့်လင်းလင်းက ထိုအရာသည် မဖြစ်နိုင်ဘူးဟု တွေးခဲ့ပြီး၊ သူမက စျေးကို တော်တော်လေး တင်လိုက်သည်။
ပထမလာသော လူများမှာ မချမ်းသာသည့်အတွက် လာရောက် စားသုံးကြသော သူများမှာ အတော်လေး ချမ်းသာကြသူများသာ
ဖြစ်သည်။ အဲ့မှာ ရေတစ်ဗူး ဘယ်လောက်လောက် ရှိနိုင်မလဲ။
ဝမ့်လင်းလင်းသည်
ရှုရွှမ်းက အသုံးမကျသည့် စားဖိုမှူးတစ်ယောက် ဖြစ်နေသည့်အတွက် မုန်းနေခဲ့သည်။
သူတို့ပဲ
ပညာတော်သင်များတွေက အသုံးမကျဘူးလို့ ပြောခဲ့ပြီး သူတို့ပြောသမျှ အရာအားလုံးက အဓိပ္ပါယ်
မရှိတဲ့ အရာတွေပဲလေ။ ဒါပေမယ့် ကောလိပ်ကျောင်း တက်နိုင်တဲ့ သူတွေ ထွက်လာတဲ့ အခါကျတော့
သူတို့က အထူးလေ့ကျင့်ထားတဲ့ သူတွေ ဖြစ်လာကြလိမ့်မယ်လို့ ပြောကြရော။ တကယ်ကို အသုံးမကျ
ဖြစ်နေတဲ့ တစ်ယောက်တည်းသော သူက ရှုရွှမ်းပဲလေ။
ဘာမှ
တက်တက်ကြွကြွလည်းမရှိ၊ ဘာ ရည်မှန်းချက်မှ မရှိ၊ ပြီးရင် ကိုယ့်အတွက်ကိုယ် ဘယ်လို အကျိုးအမြတ်ရအောင်
လုပ်ရမလဲဆိုတာတောင် မသိဘူး။
ရန်ဖြစ်နေစဥ်အတွင်း
ဝမ့်လင်းလင်းက ရှုရွှမ်းရဲ့ လက်တစ်ဖက်ကို ခုံတန်းဖြင့် ရိုက်ချိုးခဲ့သည်။
အခုဆိုရင်
သူတို့ရဲ့ စားသောက်ဆိုင်က အတော်အတန်ကြာ မဖွင့်နိုင်တော့ပါ။ ရှုရွှမ်းက သူရဲ့ ပစ္စည်းများကို
သိမ်းကာ ကျေးလက်ရှိ လယ်တောထဲသို့ ပြန်သွားခဲ့သည်။
ဝမ့်လင်းလင်းက
ရှုရွှမ်းကို ကွာရှင်းကာ အခွင့်အလမ်း တစ်ခုကို ရှာဖွေရန်အတွက် တောင်ဘက်သို့ ထွက်လာခဲ့သည်။
မြို့ကို
ပြန်လည် ထူထောင်ပြီး ပထမဆုံး နှစ်အနည်းငယ် အတွင်းမှာ တောင်ဘက်ကို သွားလိုက်ခြင်းမှာ
ကောင်းသော ရွေးချယ်မှု တစ်ခုတော့ မဟုတ်ခဲ့ပါ။ အိမ်ထောင်စုစာရင်း လိုက်လံ ကောက်ယူနေခြင်းမှာ
မပြီးသေးသည့်အတွက် လမ်းမပေါ်တွင် လုယက်သူများ၊ လူကုန်ကူးသမားများနှင့် လူလိမ်များစွာ
ရှိနေသည်။
ဝမ့်လင်းလင်းက
ကြိမ်ဖန်များစွာ လိမ်ခံခဲ့ရပြီး သူမရဲ့ ဘဝကို ပိုပြီးတော့တောင် မကျေမနပ် ဖြစ်လာခဲ့သည်။
ထို့ကြောင့် သူမလည်း အိမ်ပြန်သွားခဲ့သည်။
အိမ်ကို
ပြန်ပြီးနောက် အရာအားလုံးက ပြောင်းလဲသွားပြီ ဆိုတာကို သူမ သိရှိခဲ့သည်။
သူမရဲ့
မိဘများသည် ဒုတိယဦးလေး၏ အိမ်တွင် နေချင်သည့်အတွက် သူတို့သည် ဝမ့်ရင်းကို ကွာရှင်းထားသော
စစ်သားတစ်ယောက်နှင့် အိမ်ထောင်ပြုပေးရန် စီစဥ်ခဲ့သည်။
ဝမ့်ရင်းသည်
ကျေးလက်ဒေသတွင် နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ရင်း သူ့ရဲ့ လင်ပါသားနှင့်သမီးကို ကောင်းကောင်းမွန်မွန်
ပြုစု ပျိုးထောင်ခဲ့ပြီး ထိုလူ၏ နှလုံးသားကိုလည်း ဖမ်းစားနိုင်ခဲ့သည်။
ဝမ့်လင်းလင်းက
သူမရဲ့ မွေးရပ်မြို့ကို သောကရောက်နေသော ခွေးတစ်ကောင်အလား ပြန်လာခဲ့ချိန်တွင် ဝမ့်ရင်း၏
အနားယူသွားသော ခင်ပွန်းမှာ မြို့တွင် အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာခဲ့ကာ သူ့ရဲ့ဇနီးနှင့်
သားသမီးများကို မြို့တော်ရှိ နေရာတစ်ခုကို ခေါ်ဆောင်သွားခဲ့ပြီး ပိုမိုတောက်ပသော အနာဂတ်များဆီသို့
ဦးတည်နေခဲ့သည်။
ထို့နောက်
ရှုရွှမ်းသည် မြို့တော်မှာရှိတဲ့ ဟိုတယ်အတွက် “စီမံကွပ်ကဲရေး စားဖိုမှူး ခေါင်းဆောင်”
အဖြစ် ခန့်အပ်ခံရသည်။
ဝမ့်ရင်းရဲ့ယောက်ျားကြောင့်
သူမရဲ့ရင်ထဲတွင် မီးများ လောင်ကျွမ်းသလိုကို ပူလောင်နေခဲ့ရသည်။
ဘာလို့လဲ၊
ဘာလို့ ဝမ့်ရင်းရဲ့ ဘဝမှာကျ အရာအားလုံးက အဆင်ပြေနေရတာလဲ။ ဘာလို့ သူမကျတော့ အချမ်းသာဆုံးသူကို
မထင်ထားဘဲ လက်ထပ်လို့ ရသွားခဲ့တာလဲ။
သူမကျ
သူမဘဝတစ်ဝက်လောက် အလုပ်လုပ်ပြီး ဘာမှ မရလိုက်ဘူးမလား။
ဝမ့်လင်းလင်းက
သူမကိုယ်သူမ သေမလို ဒေါသထွက်လာခဲ့သည်။
သူမရဲ့
မျက်လုံးများကို ဖွင့်လိုက်သည့်အခါ သူမရဲ့ အသက် ၁၈ နှစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ဝမ့်လင်းလင်းက
အလွန် ပျော်ရွှင်နေခဲ့သည်။ ဒီဘဝမှာတော့ သူမက အရင် အချမ်းသာဆုံးသူကို အရယူတော့မည် ဖြစ်သည်။
သူမက
ကွာရှင်းပြီးသားသူကို လက်ထပ်ချင်တယ်လို့ မပြောခင်မှာ သူမသည် ရှုရွှမ်းနှင့် စေ့စပ်ထားသည်ကို
ဖျက်သိမ်းဖို့အတွက် အခက်အခဲများစွာကို ရင်ဆိုင်နေခဲ့ရသည်။ ထိုစေ့စပ်ပွဲကို ဖျက်သိမ်းဖို့အတွက်
သူမအမေက ခွင့်ပြုလိမ့်မည် မဟုတ်ပါ။
ဝမ့်လင်းလင်းသည်
အတော်လေး စိတ်ကသိကအောက် ဖြစ်နေခဲ့ရသော်လည်း ရှုရွှမ်းက အလကားလူ တစ်ယောက်သာ ဖြစ်ကြောင်းနှင့်
အခုမှစ၍ သူက အခြားသူများရဲ့ အလုပ်များကိုသာ လုပ်ပေးတော့မည် ဆိုသည့်အကြောင်းကို သူမရဲ့
အမေအား မပြောနိုင်ခဲ့ပါ။
ထို့အပြင်
အမြဲတမ်း ရိုးသားနေခဲ့သည့် ဝမ့်ရင်းသည် ဒီနေ့မှာတော့ အတော်လေး ဒေါသထွက်နေခဲ့သည်။
ဝမ့်လင်းလင်း၏
စိတ်သည် ဒေါသများဖြင့် ပြည့်ပြီးရင်း ပြည့်နေကာ သူမသည် အတွေးတစ်ခုကို ရုတ်တရက် ရခဲ့သည်။
သူမရဲ့
အရင်ဘဝမှာတုန်းက သူမ ရှုရွှမ်းကို လက်ထပ်စဥ် အခါတုန်းက ဝမ့်ရင်းက အချမ်းသာဆုံးသူကို
လုယူသွားခဲ့သည်။ ဒီဘဝမှာ သူမက အချမ်းသာဆုံးသူကို လက်ထပ်ချင်တဲ့အချိန်မှာ ဘာလို့များ
ဝမ့်ရင်းက ရှုရွှမ်းကို လက်မထပ်နိုင်ရမှာလဲ။
ဝမ့်လင်းလင်းက
ထိုအကြောင်းကို ပိုပြီး တွေးမိလေလေ၊ အဲ့ဒါက အကြံကောင်းတစ်ခုပဲလို့ ပိုပြီး ထင်လာလေလေ
ဖြစ်ခဲ့သည်။ ရှုရွှမ်းမှာ အရှုံးသမား တစ်ယောက်ဖြစ်သလို ဝမ့်ရင်းကလည်း အရှုံးသမား တစ်ယောက်
ဖြစ်သည်။ အဲ့လိုလူနှစ်ယောက် အတူ ရှိနေတာကသာ အသင့်တော်ဆုံး အရာဖြစ်သည်။
ဝမ့်ရင်းက
အဖေမရှိ အမေမရှိနဲ့၊ သူမက ဘာလို့ ကျောက်ကျွင်းကို လက်ထပ်ပြီး အချမ်းသာဆုံးသူရဲ့ မိန်းမ
ဖြစ်လာရမှာလဲ။ သူမက ရှုရွှမ်းလို အရှုံးသမားမျိုးကို လက်ထပ်သင့်တာ။ ပြီးရင် သူတို့
နှစ်ယောက်လုံး ကျေးရွာထဲမှာ အတူတူ ဆင်းရဲတဲ့ ဒဏ်ကိုခံပြီး သေသွားကြမှာ။
ဝမ့်လင်းလင်းသည်
အင်မတန် ပျော်ရွှင်နေခဲ့သည်။ အကြောင်းမှာ တောက်ပသော အနာဂတ်ကြီးသည် သူမအရှေ့တွင် ရှိနေတယ်ဟု
ခံစားခဲ့ရခြင်းကြောင့် ဖြစ်သည်။
ဝမ့်ရင်းသည်
ကြောင်ပေါက်လေးတစ်ကောင်လို ခုံပေါ်တွင် ခွေလျက်ရှိကာ သူမ မျက်စိရှေ့မှာ ရှိနေတဲ့ ဝမ့်လင်းလင်းကို
စိုက်ကြည့်နေခဲ့သည်။
ဝမ့်လင်းလင်း၏
မျက်နှာရှိ အမူအရာမှာ ပြောင်းသွားခဲ့ပြီး သူမရဲ့ အရွယ်မှာ မရှိသင့်တဲ့ ရက်စက်မှုတွေနဲ့
မနာလိုမှုတွေက ပေါ်နေခဲ့သည်။
ဝမ့်ရင်းက
အနည်းငယ် စဥ်းစားမရ ဖြစ်သွားခဲ့သည်။ သူမရဲ့ အဝတ်တွေကို ဝမ့်ရင်းက မလျှော်ပေးမိရုံဖြင့်
ဝမ့်လင်းလင်းက ဘာလို့ ဒီလောက်တောင် ဒေါသ ထွက်နေရတာလဲ။
ဝမ့်လင်းလင်းက
ကိုယ့်အတွေးနဲ့ကိုယ် မျောနေခဲ့သည်။ 'ဝမ့်ရင်းက ရှုရွှမ်းကို လက်ထက်ဖို့အတွက် သူမ ဘယ်လို
မေးလို့ရနိုင်မလဲ။ သူမအမေ သဘောမတူမှာကိုလည်း ကြောက်တယ်။ ပြီးတော့ ရှုရွှမ်းက ဒီမြို့ထဲမှာ
အလုပ်က လုပ်နေတုန်းပဲ။ အဲ့ဒါက တပ်ထဲမှာ သူ အခြေအနေ ကောင်းတယ်လို့ သတ်မှတ်လို့ရတယ်။
မြို့တော်မှာ ကောလိပ်တက်နေတဲ့ ညီအငယ် တစ်ယောက်လည်း ရှိတယ်။ မစ္စကျောက်ရဲ့ ဘဝကလည်း အဆင်ပြေနေတာ။
သူတို့သားတွေ အကုန်လုံးမှာက အနာဂတ် တစ်ခုစီ ရှိနေကြတယ်။ သူမရဲ့ အမေနှင့် ရှုရွှမ်းရဲ့
အမေတို့အကြားမှာ အချိန်အကြာကြီး ခင်မင်ခဲ့ကြတဲ့ ဆက်ဆံရေးမျိုး မရှိခဲ့ရင် ဒီလက်ထပ်ပွဲက
သူမအတွက် ဖြစ်လာမှာ မဟုတ်ဘူး။ '
ဝမ့်ရင်းကို
သူမနေရာ ဝင်ခိုင်းဖို့ဆိုရင် မိသားစု နှစ်ဖက်လုံးကို သဘောတူအောင် ပြောဖို့ကလည်း လွယ်ကူမှာ
မဟုတ်ပေ။
ဝမ့်ရင်းက
ဝမ့်လင်းလင်းရဲ့ မျက်နှာ ပြောင်းလဲမှုကို စိတ်ဝင်တစားဖြင့် ခနလောက် ကြည့်လိုက်ပြီး
တဖြည်းဖြည်း သမ်းလာခဲ့သည်။ နေမင်းကြီးက ပိုပြီး နွေးထွေးလာကာ သူမသည် ထိုအရာအားလုံးကို
ထပ်ပြီး စိတ်ဝင်စားသည့် အခြေအနေမျိုး မဟုတ်တော့ဘဲ အိပ်ပဲ အိပ်ချင်လာခဲ့သည်။
ဝမ့်လင်းလင်းက
သူမရဲ့ ဦးနှောက်ကို ဖိအားပေးကာ အချိန်အကြာကြီး တွေးနေခဲ့ရင်း နောက်ဆုံးမှာ အကြံတစ်ခုဟု
ယူဆလို့ မရနိုင်သော အရာတစ်ခုက ခေါင်းထဲက ထွက်လာခဲ့သည်။
'နှစ်ဖက်လုံးကို
ပြောဖို့က ခက်နေတယ်ဆိုရင် ငါက ဘာလို့ ဝမ့်ရင်းနဲ့ ရှုရွှမ်းကို လွတ်လွတ်လပ်လပ် ချစ်ဖို့
ခွင့်မပြုပေးနိုင်ရမှာလဲ။ အချိန်တစ်ချိန်ကိုပဲ ရွေးပြီး သူတို့နှစ်ယောက် အတူရှိနေတာကို
လူတွေမြင်အောင် လုပ်လိုက်မယ်။ ဒါပဲလေ၊ ဟုတ်တယ်မလား။ '
'ဝမ့်ရင်းက
မိဘမဲ့တစ်ယောက်ပဲလေ။ တကယ်လို့ သူမရဲ့ဂုဏ်သတင်းသာ ပျက်ဆီးသွားရင် သူမက ရှုရွှမ်းကို
လက်ထပ်တာကလွဲလို့ ဘာများ လုပ်နိုင်မှာလဲ။ '
'ရှုရွှမ်းက
နိုင်ငံတော်ပိုင် ဟိုတယ်တစ်ခုမှာ အလုပ်လုပ်နေတုန်း ဆိုတာကိုတော့ ပြောစရာ မလိုပါဘူး။
တကယ်လို့ အဲ့မှာသာ သူ ပြဿနာတစ်ခုခု တက်သွားရင် သေချာပေါက် သူ အလုပ် ပြုတ်သွားလိမ့်မယ်။
'
'အဲ့ဒါအပြင်
ဝမ့်ရင်းနဲ့ ရှုရွှမ်းက ရှက်နေလိမ့်မယ်။ ဝမ့်ရင်းက အစ်မရဲ့ ယောက်ျားကို ခိုးပြီး အရှက်မရှိတဲ့
သူတစ်ယောက် ဖြစ်လာလိမ့်မယ်။ ပြီးတော့ ရှုရွှမ်းကလည်း ကိုယ့်မိန်းမကိုပစ်ပြီး အခြား
ဆွဲဆောင်မှုရှိတဲ့ မိန်းမနောက်ကို လိုက်သွားတဲ့
စိတ် ပြောင်းလဲလွယ်တဲ့ လူတစ်ယောက် ဖြစ်သွားလိမ့်မယ်။ သူမက ဒါကို ဆင်ခြေတစ်ခုအနေနဲ့
အသုံးချပြီးတော့ သူမကို အကျိုးအမြတ်တွေ ပေးဖို့အတွက် သွားပြောလို့ ရလောက်တယ်။ '
'နောက်ပြီး
ရှုရွှမ်းက စားဖိုမှုးလုပ်နေတာ နှစ်တွေ ကြာလှနေပြီကို သူ့မှာ ပိုက်ဆံတော့ ရှိသင့်တယ်လေ။
သူ့အတွက်နဲ့ လက်ထပ်ပွဲကို ပြန်ပြီး ရုတ်သိမ်းမယ်ဆိုရင် သူမကို သူက ကျိုးကျိုးနွံနွံနဲ့
ပိုက်ဆံပို့ပေးရမှာပဲ။ တကယ်လို့ သူမက ပိုက်ဆံကိုယူပြီး ကျောက်မိသားစုကလူနဲ့ လက်ထပ်လိုက်ရင်
သူမက ကျောက်ကျွင်းရဲ့ ကလေးနှစ်ယောက်ကိုလည်း သူမဘက်ပါအောင် သိမ်းသွင်းလို့ ရနိုင်လိမ့်မယ်။
'
'ဒီကလေး
နှစ်ယောက်မှာက တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်။ တစ်ယောက်က မိသားစုရဲ့ စီးပွားရေးကို ဆက်ခံရရှိပြီး
နောက်တစ်ယောက်က ကြယ်ပွင့်လေး ဖြစ်လာလိမ့်မယ်။ '
'ငါက
ကလေးနှစ်ယောက်ရဲ့ နှလုံးသားကို ထိန်းချုပ်ထားနိုင်ရင် အနာဂတ်မှာ ခက်ခဲ ကြမ်းတမ်းတဲ့
ဘဝမျိုး ရလာမှာကိုတော့ စိတ်ပူစရာ မလိုတော့ဘူး။'
ထိုအကြောင်းကို
ဝမ့်လင်းလင်း တွေးမိလေလေ၊ သူမရဲ့ ရင်ထဲမှာ ပိုပြီး စိတ်လှုပ်ရှားလာလေလေပင်။ ထိုအချိန်မှာပဲ
သူမသည် ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ကို အတူရှိအောင် ဘယ်လို လုပ်ရမလဲဆိုတာနှင့် အနာဂတ်မှာ
အချမ်းသာဆုံးသူရဲ့ ဇနီးမယား ဖြစ်လာရင် ပိုက်ဆံတွေ ဘယ်လို သုံးရမလဲဆိုတာကို ကြိုတင်ပြီး
တွေးနေခဲ့သည်။
ဝမ့်ရင်းသည်
အိပ်ရေးဝဝ အိပ်ပြီးနောက်၊ ဝမ့်လင်းလင်းကလည်း နိုးလာခဲ့သည်။
နေရောင်အောက်တွင်
ဝမ့်ရင်း၏ အသားရည်မှာ ဝါကြန့်ကြန့်အရောင် ဖြစ်နေခဲ့သော်လည်း သူမရဲ့ ဖျော့တော့တော့ မျက်လုံးလေးမှာ
လူအများကို မနာလို ဖြစ်စေသည်။
ဝမ့်လင်းလင်းသည်
တောင်ဘက်က ပြန်လာပြီး ဖုန်ထူနေတဲ့ မြို့အဝင်လမ်းမှာ ရပ်ကာ ကျောင်ကျွင်း ကားမောင်းလာသည်ကို
ကြည့်နေခဲ့သည့် သူမရဲ့ အတိတ်က ဘဝကို ပြန်တွေးနေခဲ့သည်။ သူ့လက်ထဲက ဝမ့်ရင်းဟာ အသက်တွေ
ကြီးလာသော်လည်း သူမသည် တူညီတဲ့ မျိုးဆက် တစ်ခုတည်းမှာ မဟုတ်တော့ဘူးလို့ ခံစားမိနေဆဲဖြစ်ကာ
ပိုပြီးတောင် စိတ်ပျက်လာခဲ့သည်။
ဒါပေမယ့်
အခုဆိုရင် သူမက မမုန်းနိုင်တော့ဘဲ အနည်းဆုံး ဝမ့်ရင့်ကို အရင်သိမ်းသွင်းကာ သူမရဲ့ အကြံစည်များအတိုင်း
ရှုရွှမ်းကို ဆွဲဆောင်ပေးဖို့ ပြောတော့မည် ဖြစ်သည်။