အပိုင်း ၄
Viewers 2k

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

 

အပိုင်း ၄

 

 

 

 

 

 

နောက်တစ်နေ့မနက်တွင် ဝမ့်လင်းလင်းက အိပ်ရာမှ အစောကြီး ထခဲ့သောကြောင့် သူမရဲ့ အဖေဖြစ်သူ ဝမ့်ယုံရွှင်းမှာ အံ့ဩသွားခဲ့ရသည်။ သိရမှာက လွန်ခဲ့တဲ့နှစ်နှစ် သူမ အထက်တန်းကျောင်း ပြီးသွားကတည်းက သုံးနာရီလောက်ကြာအောင် ကြက်မကြီးက တွန်နေရင်တောင် သူ့ရဲ့ ဒုတိယသမီးလေးက မနိုးခဲ့ဘူးဆိုတာပဲ။

 

 

ဒီနေ့ နေက အနောက်ကနေ ထွက်လာတာလား။

 

 

ဝမ့်လင်းလင်းက ဝမ့်ယုံရွှင်းရှေ့မှာ ဟန်ဆောင်ကာ သူမရဲ့ မောင်အငယ်လေး ယောင်ကျုံးက ကျောင်းမှာ တစ်ခုခုများ လိုအပ်နေလားဆိုတာကို သွားကြည့်ဖို့ မြို့ကိုပြန်ရန် စီစဥ်ထားတယ်ဟု ပြောခဲ့သည်။

 

 

ဝမ့်ယုံရွှင်းက ဘာတစ်ခွန်းမှ မပြောခဲ့သော်လည်း လီချွမ်းကျင်က အံ့ဩနေခဲ့သည်။

 

 

“နင်က ဘာသွားလုပ်မလို့လဲ။ ခရီးက အဝေးကြီးပဲ။ အဲ့ဒါ စန်းယာကိုပါ ခရီးသွားဖို့ သွားပြောချည်။”

 

 

အခုဆိုရင် မြို့ထဲက အထက်တန်းကျောင်းကို မြို့ကျောင်းဟုတောင် ခေါ်လို့ မရနိုင်တော့ပါ။ ထိုကျောင်းကို ဟုန်ကျိအဖွဲ့ရဲ့ အထက်တန်းကျောင်းဟု သတ်မှတ်နိုင်သည်။ ထိုကျောင်းမှာ အနီးအနားရှိ အဖွဲ့များထဲမှာမှ တစ်ခုတည်းသော အထက်တန်းကျောင်း ဖြစ်သည်။ ကျောင်းနေရာမှာ ကျဥ်းပြီး ကျောင်းသားအများစုသည် ကျောင်းမှာ စားဖို့အတွက် သူတို့ရဲ့ အစားအသောက်များကို ကိုယ်တိုင် ယူဆောင်လာကြသည်။ အစားစားချိန် ရောက်သောအခါ ကျောင်းကိုသွားပြီး အစားအသောက်များကို ပြန်နွှေးကာ စားသုံးကြသည်။

 

 

ဝမ့်မိသားစု၏ ဘဝမှာတော့ ပိုပြီး လွယ်ကူသည်။ ဝမ့်ယောင်ကျုံးသည် ကျောင်းသွားသည့်အခါ ဘာစားစရာမှ မယူဆောင်သွားဘဲ ကျောင်းကန်တင်းတွင်သာ စားသောက်ခဲ့သည်။ ထိုကိစ္စကြောင့် လီချွန်းကျင်သည် သူမရဲ့သား ကျောင်းမှာ တစ်ခုခု ဖြစ်မှာကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမသည် ၁၅ ရက်တစ်ခါ သူမသားဆီ သွားလည်ကာ ပိုက်ဆံများ ပိုပေးလေ့ရှိသည်။

 

 

ဝမ့်လင်းလင်းက စိတ်မရှည်စွာဖြင့် ပြောခဲ့သည်။ “အခု အိမ်မှာ သမီးပြင်ဆင်ထားတာ တစ်ခုမှ မရှိသေးဘူး။ သူ့ကို သမီးအရင် သွားမေးလိုက်မယ်။ တကယ်လို့ ယောင်ကျုံးက တစ်ခုခု လိုတယ်ဆိုရင် သမီးအဲ့ကို နောက်တစ်ခေါက် ပြန်ပြီး သွားပို့လိုက်မယ်။”

 

 

အခုဆိုရင် သူမသည် ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ တစ်လမ်းလုံး အတူရှိဖို့အတွက် အခွင့်အရေးများ ဖန်တီးရန် တက်ကြွနေခဲ့သည်။

 

 

လီချွမ်းကျင်သည် ကျန်းမာရေးကောင်းသော သူမရဲ့ သမီးငယ်လေးကို သဘောကျနေခဲ့ကာ ဘာတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။

 

 

ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့ အလုပ်ပြန်ဝင်ပြီးနောက် ဝမ့်လင်းလင်းသည် ဝမ့်ရင်း၏ အခန်းတံခါးကို သွားခေါက်ခဲ့သည်။

 

 

ဒီရက်ပိုက်းတွင် ဝမ့်ရင်းသည် သူမရဲ့ ကိုယ်ခန္ဓာကို အားပြန်ပြည့်ရန်အတွက် မနက်တိုင်းလိုလို အိပ်နေလေ့ ရှိသည်။

 

 

ဝမ့်လင်းလင်းက အခန်းတံခါးကို လာခေါက်သည့်အခါမှ သူမလည်း ရုတ်တရက်ဆိုသလို သတိရသွားခဲ့သည်။

 

 

အသားပေါက်စီ!

 

 

သူမသည် ထကာ သန့်ရှင်းရေး လုပ်ဖို့ သွားခဲ့သည်။ ဝမ့်လင်းလင်းက အခန်းတံခါးမှရပ်ရင်း သူမကို စောင့်နေခဲ့ကာ အခန်းထဲသို့ မဝင်ခဲ့ပေ။

 

 

အခန်းလေးခန်းထဲတွင် ဝမ့်ရင်းနေသည့်အခန်းမှာ အစုတ်ဆုံး ဖြစ်သည်။ ထိုအခန်းက ကျဥ်းပြီး အလင်း ကောင်းကောင်း မရဘူးဆိုတာကို ပြောနေဖို့တောင် မလိုပါ။

 

 

အထူးသဖြင့် လီချွမ်းကျင် ထိန်းချုပ်ထားသည့် လွန်ခဲ့သော နှစ်နှစ်မှစပြီး ဝမ့်ရင်းရဲ့အိမ်ကို ဂိုဒေါင်အဖြစ်သာ အသုံးပြုခဲ့သည်။

 

 

အိမ်ရဲ့ ထောင့်တစ်နေရာမှာ အုတ်ကျိုးတွေ ပျဥ်ပြား အကျိုးတွေကို ပုံထားခဲ့သည်။ အိမ်တစ်အိမ် ပြန်ဆောက်ဖို့ရန် မြို့ကလူတွေအတွက်တောင် မလွယ်ကူခဲ့ပေ။ လီချွမ်းကျင်သည် သူမရဲ့သားက အရွယ်ရောက်တဲ့အခါ မိန်းမယူပြီး ကလေးတွေလည်း ရှိလာလိမ့်မည်ဟု တွေးနေခဲ့သည်။ အခန်းလေးခန်းမှာ ကျယ်ဝန်ပုံ ရသော်လည်း တကယ်တမ်းတွင် သူတို့ နေဖို့အတွက်တော့ မလုံလောက်နေခဲ့ပါ။ တကယ်လို့ သူမသားသာ မြေး နှစ်ယောက်၊ သုံးယောက်လောက် မွေးပေးခဲ့မယ်ဆိုရင် သူတို့အားလုံးကို ထားဖို့အတွက် နေရာလောက်မည် မဟုတ်ပါ။

 

 

ထိုအရာကို စိတ်ထဲတွင် တွေးနေရင်း လီချွမ်းကျင်သည် ဘေးကျပ်နံကျပ် အခြေအနေများကို ခံစားမိကာ အုတ်နှင့် ပျဥ်များကို စတင် စုဆောင်းခဲ့သည်။ နောက်နှစ် အနည်းငယ် အတွင်းမှာလည်း သူမသည် ပိုက်ဆံစုဖို့အတွက် စီစဥ်ထားသည်။ ဝမ့်ရင်းဆီမှ ဖြတ်ယူထားသော ပိုက်ဆံများအပြင် ဝမ့်ရင်းရဲ့ မင်္ဂလာ လက်ဖွဲ့ငွေများဖြင့် သူမသည် ကြွေနှင့် သစ်သားများကို ဝယ်နိုင်လိမ့်မည် ဖြစ်သည်။ အုတ်ခဲများသည်လည်း အိမ်ဆောက်ရာတွင် အသုံးပြုနိုင်သည်။

 

 

တကယ်လို့ မင်းက အိမ်ကောင်းကောင်း တစ်အိမ်ကို လိုချင်ပါက နတ်သူငယ်လေးများကို အိမ်သို့ ဖိတ်ကြားနိုင်တယ်ဟူသော ရှေးလူကြီးများ ပြောခဲ့သော ဆိုရိုးစကားများ ရှိသည်။ ထိုကိစ္စသည့် ကောင်းသည့် အရာတစ်ခုဖြစ်ပြီး ကလေးများ ရကာ ပိုပြီးလည်း ပျော်စရာများ ရရှိလာလိမ့်မည်။

 

 

ပျဥ်ပြားများအပြင် အုတ်ခဲတွေ၊ ကွဲနေတဲ့ ကြွေပြားတွေ၊ ဝမ့်ရင်းရဲ့ အိမ်မှာရှိတဲ့ သစ်သားကုတင်က ကျိုးနေတဲ့ ကုတင်တိုင်တွေရော၊ စားပွဲခုံပေါ်မှာရှိတဲ့ လက်ကိုင် တစ်ဖက်ပျောက်နေတဲ့ ကြွေရေကရားကိုပါ သိမ်းယူခဲ့သည်။

 

 

ဝမ့်လင်းလင်းသည် တံခါးနားတွင် မနှစ်မြို့စွာ ရပ်နေရင်း ဝမ့်ရင်းက ဘာလို့ ဒီလောက်တောင် ဖြစ်ကတတ်ဆန်းနိုင်ပြီး အခန်းကလည်း ဘာလို့ ဒီလောက် ရှုပ်ပွနေလဲဆိုတာ သိချင်နေခဲ့သည်။

 

 

သူမက ဒီလောက်တောင် ဖြစ်ကတတ်ဆန်း နိုင်တာကို အရင်ဘဝတုန်းက ဘယ်လိုတောင် ကျောက်ကျွင်းရဲ့ အချစ်တွေကို ရယူနိုင်ခဲ့တာလဲ။

 

 

သူမသည် မထိန်းနိုင်ဘဲ ဝမ့်ရင်းကို ဆုံးမခဲ့သည်။ “စန်းယာ၊ ဒီလိုတွေ မနေနဲ့။ နင့်ရဲ့အိမ်ကို နင်တကယ် ရှင်းသင့်တယ်နော်။ ဒီပွနေတာတွေကို ကြည့်ဦး။ တကယ်လို့ နင်လက်ထပ်ပြီး အခြားသူရဲ့ အိမ်မှာ သွားနေရတဲ့အခါ ဒီလိုတွေ ရှုပ်ပွနေရင် နင့်ယောက္ခမက နင့်ကို ပြန်ပြီး ရှင်းထုတ်သွားလိမ့်မယ်။ စန်းယာ၊ နင့်မိဘတွေကလည်း ဆုံးသွားပြီဆိုတာ သတိရဦး။ တကယ်လို့ နင်က ထင်ထားသလို မနေနိုင်ဘူးဆိုရင် နင် အိမ်ထောင်ကျပြီးတဲ့အခါ အဲဲ့ဒါရဲ့ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်။”

 

 

ဝမ့်ရင်းသည် တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်နေရင်း သူမရဲ့ မျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။ သူမသည် ရန်ဖြစ်ချင်သော်လည်း ဒီလူက သူမကို အသားပေါက်စီ ဝယ်ကျွေးချင်စိတ် ပျောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။

 

 

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်း ဝမ့်ရင်းသည် ဝမ့်လင်းလင်းက ပုံမှန် မဟုတ်ဘူးဆိုတာကို စိတ်ဝင်စားစွာ တွေ့ရှိခဲ့ရသည်။

 

 

သူမရဲ့ မှတ်ဉာဏ်ထဲတွင် ဝမ့်လင်းလင်းသည် နိုင်ငံပိုင် အဆင့်ရှိ ဟိုတယ်တွင် အလုပ်လုပ်နေသော သူတစ်ယောက်နှင့် လက်တွဲဖော် ဖြစ်ရသည်ကို သူမက အင်မတန် ဂုဏ်ယူနေခဲ့သည်။ လွန်ခဲ့သော လက ဝမ့်လင်းလင်းသည် ရှုမိသားစုထဲသို့ အိမ်ထောင်ကျကာ ရောက်ရှိသွားရင် သူမတွင် သာယာသော ဘဝတစ်ခုမှာ နေရလိမ့်မည်ဟူသော ရဲတင်းသည့် စကားကို သူမ ပြောခဲ့သည်ကို မူလပိုင်ရှင်က သေသေချာချာ မှတ်မိနေခဲ့သည်။ ဆိုးရွာသော မိုးခေါင်ရေရှား ကာလတစ်ခုကို သုံးနှစ်လောက် ကြုံခဲ့ရပြီး စားဖိုမှူးများကတောင် အငတ်ဘေးကြောင့် သေမလို ကြုံခဲ့ရသည်။ မြို့ထဲကလူတွေရဲ့ အမြင်ထဲတွင် တကယ်လို့ မင်းက မီးဖိုချောင်ထဲကို ပြန်ဝင်လို့ရရင် လူတွေရဲ့ ပစ္စည်း အရင်းမြစ်များကို အခွင့်အရေး အပြည့်မဝ ယူမည် မဟုတ်ပါလား။ ရှုရွှမ်းကို မီးဖိုချောင်ထဲမှ ပစ္စည်းများ ယူလာဖို့အတွက် ဘယ်လို ဆွဲဆောင်ရမလဲဆိုတာကို ဝမ့်လင်းလင်းက လီချွမ်းကျင်နှင့် နှစ်ကိုယ်ကြား ဆွေးနွေးခဲ့သည်။

 

 

နိုင်ငံပိုင် အဆင့်ရှိတဲ့ ဟိုတယ်က စားဖိုမှူး တစ်ယောက်က ဆီတွေ အသားတွေကို အလကား စားသောက်လို့ မရနိုင်ဘူးလား။ နင် အိမ်ပြန်ရမယ့် အချိန်ရောက်လို့ အဲ့ပစ္စည်းတွေကို နင့်မိဘတွေဆီ ယူသွားလို့ရရင် ဘယ်လောက်တောင် ဂုဏ်ယူဖို့ ကောင်းနေမှာလဲ။

 

 

ရက်နည်းနည်းလေးပဲ ရှိသေးတယ်။ ရုတ်တရက် ဝမ့်လင်းလင်းက ရှုရွှမ်းကို ဘာလို့ လက်ထပ်ဖို့ စိတ်မပါတော့တာလဲ။

 

 

ဝမ့်ရင်းက ဖာထားတဲ့ အင်္ကျီကို ဝတ်ကာ ကျစ်ဆံမြှီး နှစ်ဖက်ခွဲကာ ကျစ်ထားခဲ့သည်။ သူမသည် တံခါးမှာရှိတဲ့ လက်ဝါး တစ်ဝက်လောက်ပဲရှိတဲ့ မှန်မှာ သူမကိုယ်သူမ ကြည့်နေခဲ့သည်။ စိတ်ဝိဉာဥ် စမ်းချောင်းက ရေနဲ့ အားပြန်ဖြည့်ပေးတာတောင် သူမက အားနည်းနေဆဲ ဖြစ်ကာ သူမရဲ့ စွမ်းအားနှင့် စိတ်ဝိဉာဥ်က အနည်းငယ်သာ ပြန်ထူထောင်နိုင်သေးသည်။

 

 

ဝမ့်လင်းလင်းသည် ခနတာ စကားများ ပြောခဲ့ပြီးနောက် ဝမ့်ရင်းက သူမကို လျစ်လျူရှုထားသည့်အတွက် သူမလည်း ပျင်းလာခဲ့သည်။

 

 

စန်းယာဆိုတာ ဒါပဲလေ။ သူမ သူ့ကို ဘာပဲလုပ်လုပ်၊ သူ့ဆီက ဘာစကားမှ ပြန်ကြားရမှာ မဟုတ်ဘူး။ ပြီးတော့ သူလုပ်နိုင်တာ တစ်ခုက အလုပ်လုပ်ရင်း ငိုတာပဲ။

 

 

မည်သို့ပင် ဖြစ်စေကာမူ ထိုအချိန်တွင် ဝမ့်လင်းလင်းသည် စိတ်သက်သာရာ ရနေခဲ့သည်။ သူမကို ဝမ့်ရင်း မနေ့ညက ပြောခဲ့သော စကား နှစ်ခွန်းက သူမကို အချိန်အတော်ကြာ ဆက်ခနဲ ပြန်လှည့်အောင် လုပ်နိုင်ခဲ့သည်။ ဝမ့်ရင်းက သူမလိုပဲ ပြန်လည် မွေးဖွားလာတာလားဟု တွေးမိလုနီးပါး ဖြစ်ခဲ့သည်။ ဒါပေမယ့် တစ်ဖက်လူက အရင်လို ပျင်းစရာ ကောင်းနေတုန်းပဲ ဆိုတာကို ငါတွေ့လိုက်ရပြီ ဆိုတော့ ဒါက အဆင်ပြေပါတယ်လေ။

 

 

“သွားကြမယ်လေ။”

 

 

အခုချိန်တွင် ဝမ့်ရင်းရဲ့ အတွေးထဲမှာ အသားပေါက်စီများဖြင့် ပြည့်နှက်နေခဲ့သည်။

 

 

သူတို့နှစ်ယောက်သည် တပ်ထဲမှ ထွက်လာပြီး မြို့ဆီ ဦးတည်လာခဲ့သည်။ ပြောရရင် ဒီနေရာက အဖွဲ့ရဲ့ လက်အောက်မှာ တပ်ဖွဲ့ရှစ်ဖွဲ့ ရှိနေခဲ့သည်။ ဝမ့်မိသားစုက တောင်မှာ ရှိနေသော တပ်ဖွဲ့ ခုနစ်ဖွဲ့၏ အဖွဲ့ဝင် ဖြစ်သည်။ တပ်ဖွဲ့၏ အနောက်ဘက်တွင် မြစ်ချောင်းတစ်စင်း ရှိနေခဲ့သည်။ ထိုမြစ်ကို ဖြတ်ကာ သုံးမိုင်လောက် လမ်းလျှောက်လိုက်ပါက ရှီးဖိုမြို့သို့ ရောက်နိုင်သည်။

 

 

အကြောင်းမှာ ထိုမြစ်က ရှီးဖိုမြို့နှင့်နီးပြီး ရှန်လီအဖွဲ့၏ ကိုယ်ပိုင် ဟိုတယ် အထောက်အပံ့နှင့် ရောင်းဝယ် ဖောက်ကားမှု သမဝါယမ အသင်းလည်း ရှိသော်လည်း ခုနစ်ဖွဲ့မြောက် တပ်ဖွဲ့က သူများမှာတော့ ပစ္စည်းများ ဝယ်ယူရန် ရှီဖိုမြို့ရှိ ဟုန်ကျိ အဖွဲ့သို့သာ သွားနေကြတုန်း ဖြစ်သည်။

 

 

လမ်းလျှောက်နေစဥ် အချိန်အတွင်းမှာပဲ ဝမ့်ရင်းသည် လမ်းကြောင်းကို မှတ်မိသွားခဲ့သည်။ ထိုအရာနှင့် ပတ်သက်ပြီး မူလပိုင်ရှင်က မှတ်ဉာဏ်တစ်ခုကို ချန်ထားပေးခဲ့သည်။ သို့သော် ထိုအရာက သူမရဲ့ ကိုယ်ပိုင် အတွေ့အကြုံတော့ မဟုတ်ခဲ့ပါ။ ထိုအရာကို အမြဲတမ်းလိုလို တိမ်မြူများဖြင့် ဖုံးကာ.ခြားထားသလို ဖြစ်နေခဲ့သည်။

 

 

ဥပမာ၊ လမ်းတစ်လျှောက် နှုတ်ဆက်ခဲ့သော သူတို့၏ အမည်များက မှတ်မိဖို့ရန်မှာ ဝမ့်ရင်းအတွက် ခက်ခဲနေခဲ့သည်။ ထို့ကြောင့် သူတို့ကို ဦးလေး၊ အဒေါ်ဟုသာ ခေါ်နိုင်ခဲ့သည်။ သို့သော် မူလပိုင်ရှင်မှာ အရင်က အပြင်ထွက်ခဲသည်။ တပ်ဖွဲ့ ခုနစ်၏ အဓိက မျိုးရိုးနာမည်မှာ ထျန်း ဖြစ်ပြီး ဝမ်မိသားစု၏ ခမည်းခမက် အနည်းငယ်လည်း ရှိသည်။ သူတို့ရဲ့ အသက်အရွယ်အရ ခေါ်တာကတော့ ဘာမှ ကိစ္စတော့ မရှိပါဘူး။

 

 

ထိုအချိန်မှာ လူအများက အလုပ်သွားကြသည့်အတွက် နှုတ်ဆက်စရာ လူများများစားစားတော့ မရှိပါ။ ဝမ့်ရင်းသည် လူတိုင်းကို အပြုံးရွှင်ရွှင်လေးဖြင့် နှုတ်ဆက်ခဲ့သည်။

 

 

“ငါမှန်တယ်မလား။ အခုလေးတင် မြင်လိုက်ရတဲ့ တစ်ယောက်က ယုံဖုရဲ့သမီး ဝမ့်ရင်းမလား။

 

 

“သူက အိမ်မှာဆို မိန်းမငယ်လေးတစ်ယောက်လို နေနေတယ်ဆိုပြီး လီချွမ်းကျင်က တစ်ချိန်လုံး ရေရွတ်နေတာမလား။ အဲ့ဒါဆို သူမက ဘာလို့ ဒီလောက်တောင် ပိန်နေရတာလဲ။”

 

 

“သူမက ပိန်တယ်ဆိုပေမယ့် လှလိုက်တာ။ ဝမ့်လင်းလင်းကို ကြည့်လိုက်၊ သူမရဲ့ နှာခေါင်းက မိုးထိုးနေတာ။”

 

………

 

အဖွဲ့ဝင်လူကများ စိတ်ရှုပ်သွားခဲ့ရသည်မှာ အံ့ဩစရာတော့ မဟုတ်ပါ။ ဝမ့်ရင်း အရင်က ကျောင်းသွားတာကလွဲပြီး အိမ်မှာအမြဲနေပြီး အလုပ်ပဲ လုပ်တာလို့ ဘယ်သူကပြောတာလဲ။

 

 

တစ်ခုခုက မှားနေတယ် ဆိုတာကိုတော့ လီချွမ်းကျင်က မတွေးမိခဲ့ပါ။ သို့သော် သူမရဲ့ဦးလေး ဝမ့်ယုံရွှင်းကတော့ သူ့မျက်နှာနှင့် ပတ်သက်ပြီး စိတ်ပူနေခဲ့သည်။ အဝတ်လျှော်တာလိုမျိုး ရိုးရှင်းသည့် ကိစ္စမျိုးကိုတောင် သူက ဝမ်ရင်းကို မနက် စောစောထပြီး လျှော်ဖို့ အမြဲပြောလေ့ရှိသည်။ အဝတ် လျှော်ပြီးနောက် သူမက ဝက်များကို မြက်များ ကျွေးဖို့အတွက် တောင်ပေါ် တက်သွားသည့် အချိန်မှာ အဖွဲ့သားများကတောင် မနိုးကြသေးပါ။  တောင်အနောက်ဘက်နှင့် ဝမ်မိသားစုတို့ နေထိုင်သည့် နေရာမှာ နီးသည့်အတွက် သူတို့က ထပ်ပြီး မတွေ့နိုင်ကြတော့ပါ။

 

 

လွန်ခဲ့သော နှစ်တွေတုန်းက ဝမ့်ရင်းသည် လူအများရှေ့သို့ ပေါ်လာခဲသည်။ ဝမ့်ရင်းက လယ်အလုပ်ကို မလုပ်ဘဲ အိမ်မှာ ဝမ့်လင်းလင်းကသာ ဝမ့်ရင်းကို ပြုစုနေရတယ်ဆိုပြီး လီချွမ်းကျင်က အပြင်မှာ ပြောထားခဲ့သည်။ သို့သော် သူမကို အာဇာနည် ကလေးငယ်ဖြစ်အောင် လုပ်ပေးထားသည့်အတွက် သူမသည် ဘာမှ လုပ်ကိုင်ဖို့ မလိုပါ။

 

 

လီချွမ်းကျင်၏ စကားများကို လူတော်တော်များများက မယုံနိုင်ခဲ့ကြပါ။ ဘာမှမဟုတ်ရင်တောင် ဝမ့်လင်းလင်းက အဲ့လိုအရာတွေကို အထင်သေးပြီး သူမက ဘေးအခန်းက ဝမ်းကွဲညီမကို ပြုစုပေးပါ့မလား။ ဦးနှောက်ရှိတဲ့ သူတိုင်းကတော့ ဒါကို ယုံမည် မဟုတ်ပါ။

 

 

သူတို့ဝမ်းကွဲညီအမနှစ်ယောက် အတူတူလာနေတာကို မြင်လိုက်တော့ သူတို့ကို ယှဥ်ကြည့်လိုက်ရင် အရမ်း သိသာသည်။ ဝမ်းကွဲတစ်ယောက်က မောက်မောက်မာမာနဲ့ လမ်းလျှောက်ပြီး လမ်းမှာ တွေ့သမျှ ဘယ်သူ့ကိုမှတောင် မနှုတ်ဆက်ပေ။ ဖြူဖပ်ဖြူရော်၊ ပိန်ပိန်ပါပါး၊ ရှက်ကိုးရှက်ကန်း မျက်နှာနဲ့ နောက်ထပ် ဝမ်းကွဲ တစ်ယောက်က သူ့အနောက်ကျနေ လမ်းလျှောက် လိုက်လာတာလေ။

 

 

“ဝမ့်မိသားစုကို သွားကြည့်ဖို့အတွက် ငါတို့တွေ ခေါင်းဆောင်ကို သွားပြောသင့်လား။ ဘာပဲဖြစ်ဖြစ် သူမက အာဇာနည် ကလေးငယ်လေးပဲလေ။”

 

 

“နင်သွားမလို့လား။ မိန်းကလေး တစ်ယောက်က လက်ထပ်တဲ့အခါကျရင် သူ့မိသားစုက ထောက်ပံ့ပေးရတယ်ဆိုတာကို သတိမပေးဘူးလို့ ငါ့ကိုလာပြီး အပြစ်မတင်နဲ့နော်။ တပ်မှူးက ဘာမှမသိဘူးလို့ နင်ထင်နေတာလား။ သူတို့က ထွက်မလာဘဲ သူတို့ဘာသာသူတို့ ပြောနေကြတာလေ။”

 

 

“အဲဲဒါတွေအပြင် လီချွမ်းကျင်က ကလိမ်ကကျစ် ဆိုရင်တောင် ဝမ့်ယုံရွှင်းကတော့ ရိုးသားနေတုန်းပဲ။ ဝမ့်ရင်းကလည်း အထက်တန်းကျောင်းတောင် ပြီးသွားပြီပဲလေ။”

 

 

“စာအုပ်တွေ အများကြီးဖတ်တော့ရော ဘာအသုံးဝင်လဲ။ အဲ့လိုလူတွေ အားလုံးက ပညာတတ်တွေကြီးပဲဆိုပြီး လူတွေပြောတာ ငါကြားဖူးတယ်။”

 

 

“နင်က အဓိပ္ပါယ်မရှိတာတွေ ဘယ်လိုပြောရမလဲဆိုတာ သိတဲ့ တစ်ယောက်တည်းသော သူပဲ။ တကယ်လို့ သူမက ပညာတတ်ကြီး ဖြစ်ချင်ရင်တောင် သူမက ဘာလုပ်နိုင်မှာလဲ။”

 

 

“ငါတို့တွေတော့ ခေါင်းစဥ်တွေ လွဲကုန်ပြီ။ ယုံရွှင်းကရော အခြေနေ ဘယ်လိုလဲ။ သူမကို ယုံရွှင်းကလည်း ကောင်းကောင်း မဆက်ဆံဘူးလို့ ငါထင်တယ်။ သူမကို ကျောင်းသွားဖို့ ပြောတာကလွဲပြီး ဒီကောင်မလေးအတွက် တစ်ခုခုလုပ်ပေးတာမျိုး ငါ မမြင်မိဘူး။ ဘယ်လောက်တောင် တွန့်တိုလဲဆိုတာသာ ကြည့်လိုက်တော့။”

 

 

“ယုံရွှင်းက ယောက်ျားတစ်ယောက်ပဲလေ။ ဂရုမစိုက်တဲ့ တစ်ယောက်တည်းသော သူက လီချွမ်းကျင်ပဲလေ။”

 

…..

 

လမ်းတစ်လျှောက်လုံးတွင် ဝမ့်ရင်းက အလုပ်များစွာ လုပ်ခဲ့သည်။ သူမရဲ့ အကြားအာရုံမှာ စိတ်ဝိဉာဥ် စမ်းချောင်းရေကြောင့် အနည်းငယ် ပိုပြီး သတိထားမိလာကာ သူမရဲ့နောက်ကွယ်မှာ ပြောနေသမျှ စကားလုံးတိုင်းကို ကြားနိုင်ခဲ့သည်။

 

 

လုံလောက်ပြီလေ….

 

 

ဦးလေး ဝမ့်ယုံရွှင်းရဲ့ ဂုဏ်သတင်းက အန်တီ လီချွမ်းကျင်ထက်တောင် ပိုပြီး ကောင်းနေသေးတယ်။