၁၉၆၀
၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း
၆
ရှုရွှမ်းသည်
အနည်းငယ် ကူကယ်ရာ မဲ့နေခဲ့သည်။ သူက မြို့ထဲတွင် အလုပ်လုပ်ပြီး မီးဖိုချောင်ထဲတွင်သာ
အိပ်သည်။ သူသည် အမြဲတမ်း လစာများနှင့် အစားအသောက် တံဆိပ်ခေါင်းများကို သူ့အမေအား ပို့ပေးရန်
လဝက်တစ်ခါ ပြန်လေ့ရှိသည်။ ဝမ့်လင်းလင်းက ဘာတွေ ဖြစ်နေတာလဲဆိုတာကို သူ့အမေက သူ့အား ပြောခဲ့သည်။
နှစ်ဖက် မိသားစုများသည် အခုချိန်ထိ စေ့စပ်လက်ဆောင်များ မပေးရသေးဘူး ဖြစ်သော်လည်း အခုဆိုရင်
တစ်ဖက်လူက အစားအသောက် တံဆိပ်ခေါင်းများ တောင်းဖို့အတွက် သူ့ရဲ့ အလုပ်နေရာသို့ ရောက်လာသည်မှာ
တကယ်ကို မသင့်တော်ပါ။
“ဝမ့်….လင်းလင်း၊
ဟုတ်တယ်မလား။ တကယ်တော့ အစားအသောက် တံဆိပ်ခေါင်းတွေက ပြန်အမ်းပေးလို့ မရဘူး။ ပြီးတော့
ကျွန်တော်တို့မှာလည်း စည်းမျဥ်း စည်းကမ်းတွေရှိတယ်။”
ရှုရွှမ်းက
ဘယ်လောက်ပဲ ပြောချင်နေခဲ့ပါစေ၊ အဲ့လိုသာ လိုက်လုပ်မိခဲ့ပါက သူမရဲ့ ဂုဏ်သိက္ခာကို သူက
ဖျက်စီးလိုက်သလို ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။ တစ်ဖက်လူက ပြဿနာရှာတာကို ကြည့်နေရင်း
သူ့အမေ စီစဥ်ပေးထားသည့်သူကို လက်ထပ်ဖို့ ဆန္ဒမရှိတော့ပါ။
“ပြီးတော့
ဆိုင်ထဲမှာရှိတဲ့ အစားအသောက် တံဆိပ်ခေါင်းတွေကလည်း သူများတွေ ကြိုတင်ပြီး မှာယူထားတာတွေပါ။
ကျွန်တော့်ရဲ့ လက်ထဲမှာလည်း ဘာ တံဆိပ်ခေါင်းမှ မရှိတော့လို့ ကျွန်တော်လည်း ပြန်လဲပေးလို့
မရနိုင်ဘူး။”
ထိုအရာက
အမှန်တရားဖြစ်သည်။ ရှုရွှမ်းတွင် မြို့တော်၌ ကော်လိပ်တက်နေသော ညီတစ်ယောက်ရှိသည်။ သူ့ရဲ့
တံဆိပ်ခေါင်းများကို ထုတ်ပြီးနောက် သူ့ရဲ့ညီလေးဆီ အစိုးရကပေးတဲ့ အစားအသောက် လဲလို့ရတဲ့
တံဆိပ်ခေါင်းများကိုလဲကာ ပို့ပေးတော့မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ သူ့ရဲ့အမေဟာ
အသက် အရမ်း မကြီးသေးဘဲ အခုထိတိုင် အလုပ်လုပ်နိုင်နေဆဲ ဖြစ်သည်။ ရှုရွှမ်းသည် နိုင်ငံပိုင်
အဆင့်ရှိသော ဟိုတယ်မှာ အလုပ်လုပ်ကာ ပိုက်ဆံအများကြီး မစုနိုင်သော်လည်း အစားအသောက် ကောင်းများကို
ဝယ်စားနိုင်သည်။
ရှုရွှမ်း
ဘေစင်မှ ယူဆောင်လာသော ရေအေးနှစ်ခွက်ဖြင့် ဝမ့်လင်းလင်းကို ပတ်လိုက်ပြီးနောက် သူမရဲ့စိတ်မှာ
တဖြည်းဖြည်း အဆင်ပြေလာသည်။
သူမရဲ့
စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်းတို့ကြောင့် နှစ်ဖက် မိသားစုများသည် လက်ထပ်ပွဲအကြောင်းကို
တရားဝင် မပြောကြရသေးပါ။ ထို့ကြောင့် လီချွမ်းကျင်နှင့် ရှုရွှမ်းရဲ့ မိခင်ဖြစ်သူတို့သည်
စကားဖြင့်သာ ပြောခဲ့ကြခြင်း ဖြစ်သည်။
သို့သော်
ထိုအရာများသည် ထိုခေတ်တွင် ဖြစ်နေကျ ကိစ္စမျိုး ဖြစ်သည်။ အရွယ်ရောက်သူ နှစ်ယောက်သည်
သဘောတူညီမှု ပြုလုပ်လိုက်သည်နှင့် ထိုအရာသည် လက်ခံပြီးသား ဖြစ်သွားသည်။ ထို့နောက် သူတို့သည်
တံခါးခေါက်ကာ လက်ဆောင်ပေးမည့် အချိန်ကို ရွေးကြသည်။ လက်ခံသည်ဟု သတ်မှတ်လိုက်သည်နှင့်
သူတို့သည် လပိုင်းအတွင်း ချက်ချင်းဆိုသလို လက်ထပ်လို့ ရနိုင်သည်။
ဝမ့်လင်းလင်းက
ဘာကို ပြောချင်နေခဲ့တာလဲ။ ဝမ့်ရင်းကလည်း ထပ်ပြီး မစောင့်နိုင်တော့ဘူး။
နေ့လည်
နားချိန်ဟာ အမြဲတမ်း အကြာကြီး မရခဲ့ပါ။ သို့သော် စေ့စပ်ထားသူ ဝမ့်လင်းလင်းမှာ ဒီလောက်ထိ
ရုပ်ပျက်ဆင်းပျက် ဖြစ်မည်ကို သူမ မသိရှိခဲ့ပါ။ ထို့အပြင် လူတစ်ယောက်က ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ
ကိစ္စမရှိဘဲ၊ သူတို့က အသားပေါက်စီကိုတော့ စားနိုင်ကြမည် မဟုတ်ပါ။
“အစ်မရေ၊
ငါတော့ ဗိုက်ဆာတာ သေတော့မယ်။ ဘာလို့ အခုထိ မယူလာသေးတာလဲ။”
ဝမ့်ရင်းက
ရောက်လာကာ ခနတာ တွေးလိုက်သည်။ သူမသည် ဝမ့်လင်းလင်းပိုင်သည့် ပန်းကန်နှစ်ခုထဲက ပေါက်စီများကို
သူမ ပန်းကန်ထဲသို့ ပါးပါးနပ်နပ်နှင့် ညင်သာစွာ ထည့်လိုက်သည်။
အစပိုင်းတွင်
ဝမ့်ရင်းက သူ့ကို “ ခဲအို” ဟု ခေါ်ချင်သော်လည်း သူတို့နှစ်ယောက်သည် အင်တင်တင် ဖြစ်နေကြဟန်တူသည်။
ဝမ့်လင်းလင်းသည် စကားပြောနေတာကို ရပ်ခဲ့သည်။ အိမ်မှာလည်း ရှုရွှမ်းကို လက်မထပ်ချင်သည့်
ကိစ္စနှင့် ပတ်သက်ပြီး ရက်ပေါင်းများစွာ စကားများခဲ့သည်။
ထို့အပြင် ရှုရွှမ်းသည် သူမရဲ့ အစားအသောက် တံဆိပ်ခေါင်းများကိုလည်း ပြန်မအမ်းခဲ့ဘဲ
သူမရဲ့ ကိစ္စများကိုလည်း စိတ်မဝင်စားဟန် ရှိသည်။ ဝမ့်ရင်းရဲ့ ရင်ထဲမှာ မှင်သက်နေခဲ့သည်။
ဒီအိမ်ထောင်ရေးက သေချာပေါက် အလကား ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ဝမ့်ရင်းက
အသားပေါက်စီကိုယူကာ ထိုင်ပြီး စားဖို့ရန် ပြန်သွားခဲ့သည်။ ဝမ့်လင်းလင်းက ခြေမြန် လက်မြန်ဖြင့်
သူမကို ခပ်သုတ်သုတ် လှမ်းဆွဲခဲ့သည်။
“ရှုရွှမ်း၊
ဒါက ဒုတိယဦးလေးရဲ့ သမီးပဲ။ သူ့နာမည်က ဝမ့်ရင်းတဲ့။ သူက မနှစ်ကမှ ဘွဲ့ရပြီး ကျွန်မထက်လည်း
တစ်နှစ်ငယ်တယ်။ သူကအခုမှ ၁၈ နှစ်ပဲရှိသေးတယ်။”
ဝမ့်ရင်းက
ခနတာ မှင်သက်သွားခဲ့ပြီး ဘာတွေ ဖြစ်ကုန်တာလဲ။
ရှုရွှမ်းသည်
သူတံခါးက ဝင်လာကတည်းက မြင်ခဲ့ရသော ကောင်မလေးကို တစ်ချက် ကြည့်လိုက်သည်။ သူမသည် သနားစရာ
လမ်းဘေးက ကြောင်ကလေးနှင့် တူသည်။ အခုဆိုရင် သူမရဲ့ မျက်လုံးများမှာ ဝိုင်းစက်နေပြီး
ဝမ့်လင်းလင်းကို အင်မတန် ကြောင်လန့်နေခဲ့သည်။
“….မင်္ဂလာပါ။”
ပြုံးပြကာ
နှုတ်ဆက်နေသည့် လူရဲ့အနားသို့ သူမရဲ့ လက်များက ရောက်မသွားဘဲ ဝမ့်ရင်းက ခေါင်းကိုသာ
ငြိမ့်ပြရင်း ပြောခဲ့သည်။ “မင်္ဂလာပါ။”
သူမသည်
ခေါင်းကိုလှည့်ကာ “အစ်မရေ၊ ငါဗိုက်အရမ်းဆာနေပြီ။”
ဝမ့်လင်းလင်းသည်
ရှုရွှမ်းနှင့် ဝမ့်ရင်းတို့ရဲ့ အမူအရာများကို သဘောမကျခဲ့သော်လည်း ဒါက လုံလောက်ပြီဟု
သူမတွေးခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်လုံးသည် စကားပြောရတာကို မကြိုက်ပါ။ သူတို့နှစ်ယောက်
သူမအရှေ့မှာ နှုတ်ဆက်နိုင်တာက ကောင်းတဲ့အရာတစ်ခု ဖြစ်သည်။
သူတို့နှစ်ယောက်ကို
ထပ်ပြီး တွေ့ပေးဖို့အတွက် အခွင့်အရေး နည်းသော်လည်း သူတို့ စကားပြောချင်သည် ဖြစ်စေ၊
မပြောချင်သည် ဖြစ်စေ၊ သူမသည် ဒီကိစ္စအတွက် သူတို့နှစ်ယောက်ကို သိမ်းသွင်းနိုင်သည်။
“ပြီးရောလေ။
ပြန်သွားပြီး စားကြတာပေါ့။”
ဝမ့်ရင်းသည်
သူမရဲ့နေရာကို မြန်မြန် ပြန်သွားဖို့အတွက် မစောင့်နိုင်တော့ပါ။ သူမတွင် ပေါက်စီ ခြောက်လုံးရှိကာ
တဖြည်းဖြည်း အရသာခံကာ စားရမည့် အချိန်ဖြစ်သည်။ ဝမ့်လင်းလင်းက သူမရဲ့ဘေးတွင် ထိုင်ကာ
သူမလက်ထဲက ကိုင်ထားသည့် ရေကို အရသာမခံဘဲ သောက်လိုက်သည်။ သူမသည် လက်ထဲက တစ်ယွမ်ကို သုံးလိုက်သော်လည်း
ပေါက်စီတစ်လုံးသာ စားခဲ့ရသည်။
…ဒီကောင်မလေး
ဝမ့်ရင်းက ဘယ်လောက်တောင် စားနိုင်ရတာလဲ။
ဝမ့်ရင်းက
စားပြီးနောက် သူမရဲ့ဗိုက်ကိုကိုင်ကာ လှည့်လိုက်သည်။ “အစ်မရေ….”
ဝမ့်လင်းလင်း
- “ကုန်ပြီ၊ ပိုက်ဆံကုန်ပြီ မကျန်တော့ဘူး။ စန်းယာ။ နောက်တစ်ခေါက်မှ စားတော့။”
ဝမ့်ရင်းက
ဝမ့်လင်းလင်းအား မကျေမနပ်ဖြင့် စိုက်ကြည့်ခဲ့သည်။ “ဘာလဲဟာ။” သူမက ပိုက်ဆံ လုံလုံလောက်လောက်
ယူလာပြီး သူမစားချင်တာ အားလုံးကို ဝယ်ကျွေးမယ်ဆိုပြီး အခုတော့ ပေါက်စီ ကိုးလုံးပဲ စားပြီး
ပြီးသွားပြီဟု တွေးနေခဲ့သည်။
“အစ်မရေ၊
နောက်ရက်ပိုင်းလောက်ကျရင် ထပ်လာပြီး စားကြရအောင်။ ဆိုင်ထဲမှာ ဝက်သား တောက်တောက်စင်း
ခေါက်ဆွဲ အနံ့ကို ငါရလိုက်တယ်။ နောက်တစ်ခါ ငါ့ကို ဝက်သားတောက်တောက်စင်း ခေါက်ဆွဲ ဝယ်ကျွေးပါလား။”
အစပိုင်းတွင်
ဝမ့်လင်းလင်းက “နင်က ဝက်သား တောက်တောက်စင်း ခေါက်ဆွဲကို စားဖို့ တန်လို့လား” ဟု ပြန်ပြောချင်သော်လည်း
သူမသည် ထိုအရာကို တွေးမိလိုက်သည်။ ဒါက ဝမ့်ရင်းကို နောက်တစ်ခါ ထပ်ပြီး ခေါ်သွားဖို့
အကြောင်းအရာတစ်ခု မဟုတ်ပါလား။ ဒီတစ်ကြိမ်တော့ သူမသည် ဝမ့်ရင်းကို ဒီမှာစားဖို့ တစ်ယောက်တည်း
ထားခဲ့ပြီး သူမရှိနေရင် ဒီအရှုံးသမား နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့
ခက်ခဲနေကြလိမ့်မည်။
“ဟုတ်ပြီလေ။”
သူတို့နှစ်ယောက်
ပြန်သည့်အခါ ကံကောင်းစွာဖြင့် တပ်မဟာမှ မြင်းလှည်းကို တွေ့ကာ စီးပြန်ခဲ့ကြသည်။
မြင်းလှည်းမောင်းသူမှာ
တပ်မဟာထဲမှ ဦးလေး ထျန်းအာ ဖြစ်သည်။ သူ့တွင် ခြေထောက်နှင့် ပတ်သက်ပြီး ပြဿနာရှိသည့်အတွက်
လယ်ထဲတွင် လုပ်ဖို့အတွက် ခွန်အား သိပ်မရှိပါ။ ထို့ကြောင့် တပ်ဘက်က သူ့ကို မြင်းလှည်း
မောင်းဖို့အတွက် တာဝန် ချထားပေးခဲ့သည်။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် သူက မြင်းခွာလဲဖို့အတွက်
မွေးမြူရေးစခန်းကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဝမ့်ရင်းသည် သူ့ရဲ့ မှတ်ဉာဏ်ထဲက နာမည်အတိုင်း
ခေါ်လိုက်ပြီး တစ်ဖက်လူက တက်တက်ကြွကြွဖြင့် သူတို့ကို လှည်းစီးခွင့် ပြုခဲ့သည်။
ထို့အပြင်
ထိုမိန်းကလေး နှစ်ယောက်မှာ အရမ်း မလေးပါ။ လှည်းပေါ်တွင် ဦးလေး ထျန်းအာ၏ မြေးလေးအပြင်
တပ်မိသားစုမှ အငယ်ဆုံး သားလေးလည်း ပါလာခဲ့သည်။
ကလေးနှစ်ယောက်လုံးမှာ
လေးနှစ် ငါးနှစ် အရွယ်သာ ရှိသေးပြီး သူတို့သည် မြင်းခွာလဲတာကို မြင်ချင်လို့ လိုက်လာခဲ့ခြင်း
ဖြစ်သည်။ သူတို့သည် သမဝါယမ စျေးထဲတွင် သကြားလုံးကိုယ်စီ သွားဝယ်ခဲ့ကြပြီး ပျော်ရွှင်စွာ
ကိုင်ပြီး စားနေကြသည်။
ဝမ့်ရင်းက
လမ်းထပ်မလျှောက်ချင်တော့ပါ။ မြို့ကိုပြန်သည့် လမ်းမှာလည်း လုံးဝကို မနီးနေခဲ့ပါ။ လမ်းလျှောက်မည်
ဆိုပါက တစ်နာရီခွဲကျော် လျှောက်ရမည် ဖြစ်သည်။ မြင်းလှည်းက ဘာလို့ ပိုပြီး သက်သာမယ့်လမ်းကို
မရွေးရတာလဲ။
ဝမ့်လင်းလင်းက
ရွံရှာစွာဖြင့် နှာခေါင်းကို အုပ်ထားခဲ့သည်။ မြင်းလှည်းရဲ့ အနံ့က အရမ်းဆိုးသည့်အတွက်
သူမက လှည်းအနောက်ဘက်တွင်သာ ထိုင်ချင်ခဲ့သည်။
ဦးလေးထျန်းအာ၏
မြေးနာမည်မှာ အားကျူ ဖြစ်သည်။ သူသည် ဒီမြင်းကို အချစ်ဆုံး ဖြစ်သည်။ ဝမ့်လင်းလင်းက မကြိုက်တာကို
မြင်သည့်အခါ သူက စောင်းကာ တပ်မဟာခေါင်းဆောင်ရဲ့ အငယ်ဆုံးသား ရှိထောင် နားကပ်ကာ တီးတိုးပြောခဲ့သည်။
“သူမက
မြင်းလေးတွေကို မကြိုက်ဘူး။”
“သူမက
မကောင်းဘူး။”
ဝမ့်ရင်းက
မထိန်းနိုင်ဘဲ ရယ်လိုက်သည်။ ရှိထောင်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း မြင်းလှည်းသည်
လမ်းပေါ်က ချိုင့်တစ်ခုနှင့် စောင့်မိသွားခဲ့သည်။ ထို့နောက် အားကျုံက ရယ်မောခဲ့သည်။
“ဟဟဟ၊
ကြည့်လိုက်ဦး။ တိုက်မိသွားတာကြောင့် မင်းလျှာကို ကိုက်မိသွားတာ၊ ဟုတ်တယ်မလား။”
ရှိထောင်သည်
ပါးစပ်လေးကိုအုပ်ကာ ဘာစကားမှ မပြောနိုင်တော့ပါ။ အရှေ့မှာရှိတဲ့ ဦးလေးထျန်းလည်း ရယ်နေခဲ့သည်။
“ဂရုစိုက်ကြပါကွ၊ တစ်လမ်းလုံးက ချိုင့်တွေကြီးပဲကွာ။”
ရှိထောင်က
ပါးစပ်ကို အုပ်ကာ သူ့ရင်ဘက်ကို ဖြည်းဖြည်းချင်း
ထပ်ပြီး တင်ကာ လည်ချောင်းသံဖြင့် အကျယ်ကြီး အော်လိုက်သည်။
ဝမ့်ရင်းက
ဦးလေးထျန်းရဲ့ပုခုံးကိုပုပ်ကာ ရပ်ဖို့အတွက် အော်ခဲ့သည်။
ဝမ့်လင်းလင်းက
အတော်လေး စိတ်မရှည်ဖြစ်ကာ “စန်းယာ၊ ဒီတစ်ခါရော ဘာပြဿနာ ရှာဦးမလို့လဲ။”
ဝမ့်ရင်းရဲ့အသံမှာ
လေးလေးနက််နက်ဖြင့် “မြန်မြန်ရပ်ပါ၊ ကလေးရဲ့ သကြားလုံးက လည်ချောင်းထဲ ဝင်သွားတာ။ ပြီးတော့
အဲ့ဒါကို တစ်ခုခု မြန်မြန် မလုပ်ရင် သူ အသက်ရှူ ကျပ်သွားလိမ့်မယ်။”
“ဘာလဲ”
ဦးလေးထျန်းက
လှည်းကို အစောတလျင် ရပ်လိုက်ပြီး ဝမ့်ရင်းက လှည်းမရပ်ခင်မှာပဲ ရှိထောင်ကို သူမရဲ့ လက်ဖြင့်
ပွေ့ခေါ်သွားသည်ကို ဝမ့်လင်းလင်းက တွေ့ခဲ့သည်။
လေးနှစ်၊
ငါးနှစ်မျှသာ ရှိသေးသော ကလေးလေး ရှိထောင်ကို အိမ်တွင် ရတနာလေးသဖွယ် သဘောထားကာ ကောင်းကောင်းမွန်မွန်
ကျွေးမွေး ပြုစုထားသည်။ ဝမ့်ရင်းက သူ့ကို ပွေ့လိုက်သည့်အခါ သူမမှာ အနည်းငယ် ယိမ်းသွားခဲ့သည်။
ဝမ့်လင်းလင်းက
ဒေါသထွက်သည့် အသံဖြင့် ပြောခဲ့သည်။ “စန်းယာ၊ နင်ဘာတွေ လုပ်နေတာလဲ။”
"မြို့ထဲမှာ
ဆေးပေးခန်း တစ်ခု ရှိတယ်။ ရှိထောင်က သကြားလုံး နင်နေတာတောင် နင့်အတွက်က ဘာမှ မဟုတ်ဘူးလား။
ဦးလေးထျန်းကို လှည့်ပြီး ဆေးခန်းသွားဖို့ နင့် မပြောပေးနိုင်ဘူးလား။ "
ဝမ့်လင်းလင်းက
ရှိထောင်ကို သူမလက်ဖြင့် ဆွဲကာ ခေါ်သွားချင်ခဲ့သည်။ " ဒါက တပ်မဟာ ခေါင်းဆောင်
မိသားစုက အငယ်ဆုံး သားပဲ။ သူသာ တစ်ခုခုဖြစ်သွားရင် နင်က အာဇာနည် ကလေးတစ်ယောက် ဖြစ်နေရုံနဲ့
သူတို့က နင့်ကို ဒီတိုင်း လွှတ်ပေးလိုက်မယ်လို့ ထင်နေတာလား။"
အထူးသဖြင့်
ဝမ့်ရင်းက ရှိထောင်ကို မပြီး လက်တစ်ဖက်ကို ဆုပ်ထားပြီး အခြား လက်တစ်ဖက်ဖြင့် သူ့ရဲ့
ရင်ဘက်ကို ထပ်ခါထပ်ခါ ဖိရင်း ညှစ်နေသည်ကို မြင်လိုက်ရသောအခါ ဝမ့်လင်းလင်း၏ ရင်ထဲတွင်
ထောင်ပေါင်းများစွာသော စကားများကို ပြောချင်နေခဲ့သည်။
“စန်းယာ၊
ရှောင်ရှိထောင်ကို မြန်မြန်ချလိုက်။ ပြီးမှ မြို့ကို ပို့ပေးဖို့ ဦးလေးထျန်းကိုပြော…”
ဝမ့်ရင်းရှင်း
တွေးမိသည်မှာ 'သူ့ကို မြို့ခေါ်သွားမယ်၊ ဟုတ်လား။ တကယ့်လို့ ဒီကလေးရဲ့ သကြားလုံးကို
အခုချက်ချင်း မထုတ်နိုင်ရင် အဲ့မရောက်ခင် သူသေသွားလိမ့်မယ်။'
ဝမ့်ရင်းက
ဝမ့်လင်းလင်းကို လျစ်လျူရှုကာ သူ့ကိုကယ်ဖို့ တစ်ယောက်တည်း လုပ်နေခဲ့သည်။ ဦးလေးထျန်းက
အေးစိမ့်စိမ့် ဖြစ်နေသော နွေဦးမှာတောင် အတော်လေး ချွေးပြန်နေခဲ့သည်။ အားကျူကလည်း ကြောက်လန့်ကာ
ငိုနေခဲ့သည်။
ဝမ့်လင်းလင်းက
စိုးရိမ်ကြီးစွာဖြင့် ဝမ့်ရင်း ကိုင်ထားတာကို ကူညီပေးဖို့ ရောက်လာခဲ့သည်။
တကယ်လို့များ
သူမက မတော်တဆ သူ့ကို နာကျင်အောင် လုပ်လိုက်မိရင် နောက်ပိုင်း တပ်မှူးက သူမကို စုံစမ်း
မေးမြန်းတော့မှာလား။ သူမက ကျောက်ကျွင်းကို လက်ထပ်မည့် အချိန် ရောက်လာရင် တပ်မဟာဘက်က
သူမကို ထောက်ခံကြောင်း လက်မှတ် ထုတ်ပေးရမည် ဖြစ်သည်။ တကယ်လို့ တပ်မဟာခေါင်းဆောင်က ဒီကိစ္စကြောင့်
သူမကို အချိန်ဆွဲရင် သူမက ဘယ်လိုလုပ် အချမ်းသာဆုံးလူကို လက်ထပ်လို့ ရနိုင်တော့မှာလဲ။
“ဝမ့်ရင်း၊
ဝေးဝေးသွားစမ်းပါ။ နင် ဘယ်လို ဖြစ်နေတာလဲ။….. အာ့။”
ဝမ့်ရင်းက
ရှိထောင်ကို အောက်ချလိုက်ပြီး ချော့ပြောခဲ့သည်။ “ဟုတ်ပြီ။ ရပြီနော်။ သကြားလုံးက ထွက်သွားပြီ။
ပါးစပ်ဟပြီး လည်ချောင်းထဲမှာ တစ်ခုခု ဖြစ်နေသေးလားဆိုတာ မမကို ကြည့်ပေးဖို့ ပြောလိုက်ပါဦး။”
ရှောင်ရှိထောင်၏
မျက်လုံးထဲတွင် မျက်ရည်များနှင့် ပြည့်နေခဲ့သည်။ စောနတုန်းက သူသည် ဘာအသံမှ မထွက်နိုင်ခဲ့ပါ။
သို့သော် အခုချိန်တွင် သူသည် အသံထွက်နိုင်ပြီဖြစ်ကာ ဝမ့်ရင်းရဲ့ လက်နားကိုသွားကာ ငိုနေခဲ့သည်။
“အားးးးးးးးးးး ဟုတ်၊ ကြောက်တယ်။”
ဝမ့်ရင်းကို
မရပ်ခိုင်းချင်တော့သည့်အတွက် ခဲလုံးသေးသေးလေးဖြင့် သူမအား ပေါက်လိုက်သည်။ ကလေးလေးသည်
ကြောက်လန့်နေပုံရကာ သူမကို ဖက်ထားရင်း ထွက်သွားဖို့အတွက် ငြင်းနေခဲ့သည်။
ဦးလေးထျန်းက
ချွေးများ ပြန်လာခဲ့သည်။ “ဝမ့်ရင်း၊ ဒါက….အဆင်ပြေရဲ့လား။”
ဝမ့်ရင်းက
အလုပ်ကို လက်စသတ်ကာ သူမရဲ့ နဖူးတွင် ချွေးနည်းနည်း ပြန်နေခဲ့သည်။ ဦးလေးထျန်းက မေးသည့်အခါ
သူမက ပြန်ပြောခဲ့သည်။ “ဒါက အဆင်ပြေသွားမှာပါ။”
ကလေးလေးက
စကားကို သွက်သွက်လက်လက် ပြန်ပြောနိုင်တာကို မြင်ရတာ လည်ချောင်းပြဿနာက သိပ်ပြီး မစိုးရိမ်ရတော့ဘူးလို့
သူ ထင်သည်။ " ပြန်ရောက်ရင် ရက်နည်းနည်းလောက်တော့ ဆန်ပြုတ်လေးပဲ သောက်နော်။
"
အားကျူးက
တစ်ဖက်လူ သက်သာတာကို မြင်ပြီးနောက် သူက ဝမ့်ရင်းရဲ့ ဘေးနားကို မျက်ရည်များဖြင့် ရောက်လာခဲ့သည်။
အခုလေးတင်
ဝမ့်ရင်းက ရှောင်ရှိထောင်ကို ကယ်လိုက်သည့် မြင်ကွင်းမှာ အရမ်းကို သူရဲကောင်းဆန်သည်။
မျက်ရည်များ ရှိနေသော အားကျူ၏ မျက်နှာတွင် လေးစားမှုအပြည့် ဖြစ်နေပြီး ဝမ့်ရင်းအနားသို့
ကြက်ပေါက်လေး တစ်ကောင်လို့ ဂရုတစိုက်နှင့် ကပ်နေခဲ့သည်။
ဒီမြင်းက
ကြောက်ဖို့ကောင်းလိုက်တာ။ သူ မြင်းလှည်းကို နောက်တစ်ခါ ထပ်ပြီးတော့ မစီးချင်တော့ဘူး။
ဝမ့်ရင်းက
ငိုရမလား ရယ်ရမလားမသိ ဖြစ်ခဲ့ရသည်။ ထို့ပြင် သူမသည် ကလေးနှစ်ယောက်ကို လက်ထဲတွင် ပွေ့ထားကာ
စိတ်ငြိမ်သွားအောင် ချော့နေခဲ့ရသည်။
ဥိးလေးထျန်းလည်း
ပြန်ပြီး စိတ်ငြိမ်သွားကာ ဝမ့်ရင်းကို ကျေးဇူးအထူးတင်ခဲ့သည်။ ကံကောင်းစွာဖြင့် ဒီနေ့တွင်
ဝမ့်ရင်းက လိုက်လာခဲ့သည်။ ဒီနေ့မှာ ဝမ့်ရင်းကသာ ရှောင်ရှိထောင်ကို မကယ်ခဲ့ဘူးဆိုရင်
သူ့အရှေ့မှာ ရှိနေတဲ့ ကလေးလေးကိုတောင် သူမြင်နိုင်ပါတော့မလား။
ဦးလေးထျန်း၏
ကျောထဲမှာ စိမ့်ခနဲ ဖြစ်သွားခဲ့သည်။ တပ်မဟာခေါင်းဆောင်ကို ဒီကိစ္စအား သူဘယ်လို ရှင်းပြနိုင်ပါ့မလဲ။
“ဒါက
အဆင်ပြေပါတယ်။ ဦးလေးထျန်း မြန်မြန်လုပ် အရင် ပြန်ရအောင်။”
ဦးလေးထျန်း
- “ဟုတ်ပြီ၊ ဟုတ်ပြီ။ အခုတော့ ပြန်ကြတာပေါ့။”
လူများစွာက
လှည်းကို ထပ်မံကာ တားခဲ့ကြသည်။