၁၉၆၀
၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း
၇
“….ဟမ်၊
လင်းလင်းက ဘယ်ရောက်သွားလဲ။”
ဦးလေးထျန်းက
လှည့်ကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထို့နောက် တစ်ခုတည်းသော သူမှတ်မိသည့် အရာမှာ
ဝမ့်လင်းလင်းက ဝမ့်ရင်းရဲ့လက်ကို ဖယ်ထုတ်လိုက်ပုံရပြီး နောက်ပိုင်းမှာ….
“အို၊
ဝမ်လင်းလင်းက ဘယ်လို ဖြစ်ရတာလဲ။ ဘာလို့ သူက အဲ့မှာ ကျန်ခဲ့ရတာလဲ။”
ငါတို့
ဘာလုပ်နိုင်လို့လဲ။ ရှိထောင် ထွေးထုတ်လိုက်တဲ့ သကြားလုံးက သူမ ခေါင်းက အပ်စိုက်ကုထုံးလုပ်တဲ့
နေရာကို သွားထိလိုက်ပြီး သူမက သတိ လစ်သွားပုံပဲ။
ဦးလေး
ထျန်းအာက ဝမ့်ရင်းကို အကူအညီ တောင်းနေသည့် အကြည့်မျိုးဖြင့် ကြည့်ခဲ့သည်။ “ဝမ့်ရင်း၊
သမီးဘာလို့ လာပြီး မကြည့်တာလဲ။”
ဝမ့်ရင်းက
ရောက်လာကာ ဝမ့်လင်းလင်းရဲ့ မျက်ခွံကို လှန်ကြည့်ပြီး ချက်ချင်းပဲ ခိုင်ခိုင်မာမာ ပြောခဲ့သည်။
“ဒါက အဆင်ပြေပါတယ်။ အပ်စိုက် ကုထုံးလုပ်တဲ့ နေရာကို ထိသွားရုံပဲ။ ပြီးတော့ ခနနေရင်
သူက ရီဝေဝေနဲ့ နိုးလာလိမ့်မယ်။”
တကယ်တမ်းမှာတော့
ဒါက ဆီးချိုသွေးချိုကျသည့် ရောဂါတစ်မျိုး ဖြစ်သည်။ ဆီးချို သွေးချို ရောဂါသည် ထိုခေတ်အခါက
သိပ်ပြီး လူဖြစ်များသည့် ရောဂါမျိုး မဟုတ်ပါ။ ဝမ့်လင်းလင်းက နေမကောင်းသည့်ပုံစံမျိုး
ဟန်ဆောင်ကာ ရက်ပေါင်းများစွာ လဲလျောင်းနေခြင်း ဖြစ်သည်။ သူမသည် စေ့စပ်ပွဲကို ဘယ်လို
ဖျက်ရမလဲဆိုတာကို တွေးနေရင်း ဘာမှ အများကြီး မစားဖြစ်ခဲ့ပါ။ ထို့ပြင် ဒီနေ့မှာတော့
သူမသည် အသားပေါက်စီ တစ်လုံးကိုသာ စားခဲ့သည်။
ဝမ့်ရင်းသည့်
မေ့လဲနေသော ဝမ့်လင်းလင်းကို ကြည့်လိုက်ပြီး လုံးဝ ဂရုမစိုက်ခဲ့ပါ။
ဦးလေးထျန်းက
ဝမ့်ရင်း ပြောသည့်စကားကို ကြားလိုက်သည့်အခါ သူသည် ဝမ့်လင်းလင်းကို လှည်းပေါ်သို့တင်ကာ
လှဲခိုင်းထားခဲ့သည်။ ကျေးလက်နေသူများက ဆီးချိုသွေးချို ရောဂါက ဘာလဲဆိုတာ မသိခဲ့ကြပါ။
သို့သော် ဝမ့်ရင်းသည် ဒါက စိတ်ပူစရာ ကိစ္စမဟုတ်ဘူးဟု ပြောလိုက်ကတည်းက သူ့ရဲ့ မျက်နှာတွင်
ဘာသံသယမှ မရှိတော့ပါ။
အခု
ကိစ္စ ဖြစ်သွားပြီးနောက် အခုဆို ဦးလေး ထျန်းအာသည် ဝမ့်ရင်း ဘာပြောပြော ယုံခဲ့သည်။
မြင်းလှည်းမှာ
လမ်းပေါ်တွင် တကျွီကျွီ ဖြစ်နေရင်း ဦးလေးထျန်းကလည်း လှည်းကို အရင်ကထက် ဖြည်းဖြည်းချင်း
မောင်းနေခဲ့သည်။
“ဝမ့်ရင်း၊
စောနက သမီးပြောပြခဲ့တဲ့ ပညာတွေကို သမီး ဘယ်ကနေ လေ့လာခဲ့တာလဲ။” ဦးလေးထျန်းမှာ ဂုဏ်ယူမှု
အပြည့်နှင့် ဖြစ်နေခဲ့သည်။ “သမီးက ဦးလေးတို့ အဖွဲ့ထဲက ဆေးပေးတဲ့ ဆရာဝန်ထက်တောင် ပိုတော်နေတာ။”
ဝမ့်ရင်းသည်
သူမ၏ ရင်ထဲတွင် ကြိုပြင်ထားခဲ့ပြီး သေသေချာချာ ချောချောမွေ့မွေ့ဖြင့် ပြန်ဖြေခဲ့သည်။
“အမေ ရှိတုန်းက သမီးကို နည်းနည်းလေး သင်ပေးထားတာပါ။ ပြီးတော့ သူက တရုတ်ဆေးတွေကိုလည်း
ပြင်ပေးတယ်လေ။”
မူလပိုင်ရှင်၏
မိခင်ဖြစ်သူမှာ တပ်ထဲတွင် ဆေးပေး ဆရာဝန်ဖြစ်သည်။ အစောပိုင်း နှစ်များတွင် ပြဿနာ တစ်စုံတစ်ရာ
ရှိနေသော ဘေးတပ်များမှ လူများသည် မူလပိုင်ရှင်၏ မိခင်ထံ အရင်ဆုံး ပြေးလာခဲ့ကြသည်။ ဒါက
သူတို့သည် စိုးရိမ်စရာ ကိစ္စများ မရှိဘဲနှင့် ဆေးပေးခန်းသို့ သွားစရာ မလိုဘူးဟု ဆိုလိုခြင်း
မဟုတ်ပါ။ သို့သော် အကြိမ်များစွာ အိမ်တွင်း ဆေးနည်းများဖြင့် အဆင်ပြေသွားခဲ့ကြသည်။
သေချာသည်မှာ
ထိုအချိန်တွင် ဦးလေးထျန်းသည် အံ့ဩကာ စိတ်လှုပ်ရှားသွားခဲ့သည်။ “ဒါဆို သမီးက ဦးကို
ဘာလို့ စောစောကတည်းက မပြောလဲ။ ရှေ့ရက်တုန်းက ဦးလေးတို့ အဖွဲ့ထဲမှာ ဆေးတပ်သားအသစ် လိုနေတာလေ။
ဒါပေမယ့် အကြာကြီး ရွေးပြီးတာတောင် ဦးလေးတို့ တပ်ထဲမှာ တစ်ယောက်တောင် ရှာမတွေ့သေးဘူး။
သမီးက ဒီလိုဆိုတာ ဦးလေးကို စောစောကတည်းက ပြောရင် သမီးကို ဦးလေးက ထောက်ခံပေးလို့ ရနိုင်တာပေါ့။”
ဝမ့်ရင်းက
ရှက်သလို ဟန်ဆောင်နေခဲ့သည်။ “ဦးလေးထျန်း၊ သမီးက အဲ့လို မဟုတ်ပါဘူး။ သမီးက အများကြီး
တွေးနေတုန်းပဲ ရှိသေးတာ။ သမီးက ကောလိပ်ကို သွားနိုင်မယ်လို့ ထင်နေတာ။ အခု…. အို၊ သမီးအဲ့အကြောင်းတွေ
ထပ်ပြီး မပြောတော့ပါဘူး။”
ဦးလေးထျန်းအာသည်
တပ်ထဲတွင် ရှိနေသည်မှာ ကြာလှပြီ ဖြစ်ကာ လီချွမ်းကျင်က ဝမ့်ရင်းအပေါ် မတရားလုပ်နေတယ်ဆိုတဲ့
ကောလဟာလ သတင်းမျိုးကို မကြားဘဲ နေပါ့မလဲ။ ထိုအချိန်မှာပဲ ဝမ့်ရင်းသည် ခေါင်းကိုငုံ့နေခဲ့သည်မှာ
တကယ်လို့ သူမသာ ဝမ်းနည်းပြနေရင် သူ့ရဲ့ရင်တွေ သူမကြောင့် နာကျင်ရလိမ့်မည် ဖြစ်သည်။
ဒါ့ကြောင့်
မိဘမဲ့ ကလေးများသည် သနားဖို့ ကောင်းသည်ဟု ပြောကြသည်။ သူမသည် သူမရဲ့ အဒေါ်ထံမှ မတရားသည့်
ဆက်ဆံမှုများအား ဘယ်သူ့ကိုမှ မပြောရဲသည့် မိန်းကလေးငယ် တစ်ယောက်သာ ဖြစ်သည်။ ဝမ့်ရင်းသည်
သူမအမေ ရှိစဥ်တုန်းက အပြင်ထွက်ကာ ကစားလို့ ရနိုင်သော်လည်း လွန်ခဲ့သော နှစ်များတုန်းက
သူမသည် အပြင်ကိုတောင် သိပ်ပြီး မထွက်ရဲခဲ့ပါ။
ဦးလေးထျန်းသည်
တပ်မဟာခေါင်းဆောင် ထျန်းယိုဖု ပြန်လာသည့်အခါ ပြောပြဖို့အတွက် သူ့စိတ်ထဲမှာ ပြင်ထားခဲ့သည်။
သမီး တပ်မဟာခေါင်းဆောင် ယိုဖုကို ဝမ့်မိသားစုကို ကြည့်ပေးဖို့အတွက် သွားပြောရမယ်။ ဒီတစ်ကြိမ်မှာ
ဝမ့်ရင်းရဲ့ ပါးနပ်မှုကြောင့်သာ မဟုတ်ဘူးဆိုရင် သူက သေချာပေါက် ရှောင်ရှိထောင်ကို ကယ်နိုင်မှာ
မဟုတ်ဘူး။ ဒီအကြောင်းနဲ့ပဲ သူ ဒီကောင်မလေးကို ထောက်ခံပေးရမယ်။
ထို့နောက်
တစ်ဖွဲ့လုံးအနက် တစ်နေကုန် ပြောနိုင်သည့် လီချွမ်းကျင် ရှိနေခဲ့ပြီး သူမသည် စကား အများဆုံး
ဖြစ်သည်။ သူမသည် ကုတင်အောက်တွေမှာ လိုက်ပုန်းပြီး အခြားသူများ ဘာပြောလဲဆိုတာ နားထောင်ချင်နေခဲ့သည်။
သူမသည် ဝမ့်လင်းလင်းနှင့် ဝမ့်ယောင်ကျုံးကို မြို့ထဲက ကလေးများလို အသားဖြူဖြူ သွေးကြောစိမ်းစိမ်းများဖြစ်အောင်
ပြုစု ပျိုးထောင်ခဲ့သည်။ တစ်ဖက်တွင် အာဇာနည် ကလေးငယ်လေးကိုတော့ အသားဝါဝါ ပိန်ပိန်ပါးပါး
ဖြစ်အောင် ပြုစုခဲ့သည်။ ထိုပြုစုမှုမှာ နှစ်တိုင်း ယွမ် ၂၀ လုပ်ခအမှတ် ၂၀၀ နှင့် ထိုက်တန်သည့်
စောင့်ရှောက်မှုမျိုး ဖြစ်သည်။
မြင်းလှည်းက
တပ်မဟာထဲသို့ ရောက်သောအခါ လှည်း မရပ်ခင်မှာဘဲ ဝမ့်ရင်းက ခုန်ဆင်းလိုက်သည်။ အားကျူနှင့်
ရှောင်ရှိထောင်တို့ကလည်း အမြန်လိုက်ကာ သွားခွင့်မပြုဘဲ ဝမ့်ရင်းရဲ့ ခြေထောက်ကို ဖက်ထားခဲ့သည်။
ဝမ့်ရင်းသည်
ကူကယ်ရာ မဲ့စွာဖြင့် ဦးလေးထျန်းကို ပြောခဲ့သည်။ “သမီး အစ်မကို ပြန်ပြီးတော့ သွားကူရဦးမယ်။
ဦးလေးထျန်း လှည်းကို ပြန်ပြီး မအပ်သေးဘူးလား။ ကလေးရဲ့လည်ချောင်းအတွက် အာဟာရရှိရှိ
ကျွေးဖို့ လိုတယ်ဆိုတာ ရှိထောင်ရဲ့ မိဘတွေကို ပြောဖို့အတွက် မမေ့နဲ့နော်။ နောက် ရက်နည်းနည်းလောက်ထိ
ကလေးစားဖို့ အစာပျော့လေးတွေပဲ လုပ်ပေးပြီး အရမ်းပူတဲ့ ရေတွေလည်း မသောက်ခိုင်းနဲ့ဦး”
ဦးလေးထျန်းက
သဘောတူခဲ့သည်။ ဝမ့်ရင်းက ပိန်ပိန် သေးသေးလေး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူသည် ဝမ့်ရင်းကို
ပိုပြီး စိတ်အားထက်သန်စွာ ထောက်ပံ့ပေးချင်ခဲ့သည်။ “ဟုတ်ပါပြီ။ ဒါဆို ဂရုစိုက်ကြတော့။
ကောင်းကောင်းစားပြီး မင်းတို့ ပြန်ကောင်းလာတဲ့အထိ အနားယူကြ။ ဒီနေ့တော့ မင်းတို့ ပင်ပန်းသွားကြပြီ။”
ရှိထောင်က
အတော်လေး သန်မာပြီး ရင်ဘက်ကို ဆက်တိုက် ဖိထားဖို့အတွက် အားထုတ်ခဲ့သည်။
စားကောင်းတာ
တစ်ခုခု စားချင်လား။ ဒီနေ့မှာတော့ ဝမ်ရင်းသည် သူမ၏ အကြီးဆုံးအဒေါ်ကို အစားအသောက်ကောင်း
တစ်နပ်ကို ကျွေးနိုင်လိုက်သည့်အတွက် သူမရင်ထဲတွင် လှောင်ရယ်နေခဲ့သည်။
ဝမ့်ရင်းသည်
ဝမ့်လင်းလင်းကို အိမ်ပြန်ဖို့အတွက် ကူပေးခဲ့ပြီး လမ်းတစ်လျှောက် လူများစွာကို တွေ့ခဲ့ရသည်။
အခြားသူများက မေးသည့်အခါ ဝမ့်လင်းလင်းက မတော်တဆ မူးလဲသွားတာဟု ဝမ့်ရင်းက ပြောဖြေခဲ့သည်။
ထိုအဖြေမှာ မရေမရာ ဖြစ်နေသော်လည်း လူအများက ထိုကိစ္စကို လှောင်ပြောင် သရော်ချင်နေကြသည်။
ထိုသတင်းကို ကြားပြီးသော လူအများက လီချွမ်းကျင်ထံ သွားပြောခဲ့ကြပြီး ဖြစ်သည်။
သေချာသည်မှာ
ဝမ့်ရင်းက ဝမ့်လင်းလင်းကို အိမ်ရာထဲ တွဲပို့ပြီးနောက် သူမကိုယ်တိုင်လည်း စိတ်ဝိဉာဥ်
စမ်းချောင်းလေးက ရေကို သောက်နေချိန် သူမရဲ့ အန်တီ လီချွမ်းကျင်က သူမရဲ့ သင်္ကေတဖြစ်သော
အသံအကျယ်ကြီးနှင့် အော်ကာ ပြေးလာခဲ့သည်။
“ငါ့လင်းလင်းလေး။
ငါ့ လိမ္မာတဲ့သမီးလေး။ သမီး ဘာဖြစ်တာလဲ။”
သူမက
လှည့်လိုက်ပြီး ဝမ့်ရင်းက ပုံမှန်လူအတိုင်း ရေသောက်နေတာကို တွေ့လိုက်ရသည့်အခါ လီချွမ်းကျင်၏
ဒေါသမှာ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
“စန်းယာ၊
ဒီကိုလာစမ်း။ နင့်အစ်မ ဘာဖြစ်သွားတာလဲဆိုတာ ငါ့ကို ပြောပါဦး။ နင်ကျ ကောင်းကောင်း ပြန်လာပြီး
ငါ့သမီးလေး လင်းလင်းက ဘာတွေဖြစ်သွားရတာလဲ။”
သူမသည်
ဝမ့်လင်းလင်းက ဘာမှမဖြစ်သလို ပြောနေတာကိုက သူမရဲ့ အမှား ဖြစ်သွားခဲ့သည်။
လီချွမ်းကျင်သည်
ဝက်စာမွှေရာတွင်သုံးသည် တုတ်ကို ကောက်ယူပြီး ဝမ့်ရင်းကို ရိုက်ဖို့ လုပ်လိုက်သည်။ ဝမ့်ရင်းရဲ့
ပြဿနာ ဟုတ်ဟုတ် မဟုတ်ဟုတ် သေချာ မစဥ်းစားဘဲ သူမရဲ့ဒေါသတွေ ပြေသွားအောင် အရင်ဆုံး ဝမ့်ရင်းအား
ရိုက်ဖို့ကိုပဲ လုပ်ခဲ့သည်။
ဝမ့်ရင်းသည်
တုတ်ကိုတားဖို့ သူမလက်ကို ဆန့်ထုတ်လိုက်ပြီး “ရှူး”ဟူသော မနှစ်မြို့သည့် အသံက ထွက်လာခဲ့သည်။
သူမက
စိတ်ကို သေချာ ပြင်ဆင်လာခဲ့သော်လည်း အဲ့ဒါက အကျိုးအကြောင်း မသင့်တော်သည့်အတွက် သူမက
အနည်းငယ် ဒေါသထွက်နေတုန်း ဖြစ်သည်။
'အန်တီသိလား
ဆရာဝန်တစ်ယောက် အနေနဲ့ဆို ဝမ့်ရင်းက ဒေါသထွက်ခဲတယ်။ ပြီးတော့ ဆရာဝန် တစ်ယောက်က ဒေါသထွက်လာပြီဆိုရင်
သူတို့ရဲ့ ဘဝတွေကို တိုက်ခိုက်တဲ့ ရုပ်ရှင်ကားအဖြစ် ပြောင်းဖို့က အလွယ်လေးပဲ။'
ဒါပေမယ့်
ဒီလိုရပ်ပြီး ရိုက်ခံတာမျိုးက တကယ်ဆို ဝမ့်ရင်းရဲ့ ပုံစံနဲ့ မလိုက်နေဘူး။
ဝမ့်ရင်းသည်
အိမ်အပြင်ကို တစ်ချက် ကြည့်လိုက်သည်။ ဝမ့်အိမ်ရဲ့ မြေအနေအထားအရ ဘေး ဘယ်ညာမှာရှိတဲ့
အိမ်နီးချင်းများမှာ ဝေးသည်။ တစ်ယောက်ယောက်က အဲ့ကိုလာဖို့အတွက် သေချာပေါက် အချိန်ကြာလိမ့်မည်
ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ်
ဝမ့်လင်းလင်းက အိပ်ချင်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဝမ့်ရင်းသည် ဒေါသထွက်သွားပြီး လီချွမ်းကျင်၏
လက်ထဲရှိ ဝက်စာတုတ်ကို ဆွဲယူလိုက်သည်။
လီချွမ်းကျင်၏
လက်ထဲတွင် ဘာမှ မရှိတော့ဘဲ သူမရဲ့ နှလုံးမှာလည်း ခနတာ ရပ်တန့်သွားခဲ့သည်။ “စန်းယာ၊
နင် ငါတို့ကို အာခံနေတာလား။”
ဝမ့်ရင်းက
ဝက်စာတုတ်ကို မြေပေါ်တွင် ရိုက်ချလိုက်ပြီး “အန်တီ၊ ဒါနဲ့ ကျွန်မကို ရိုက်တာက ပုံမှန်ပဲလို့
ပြောလိုက်တာလား။ ဒါဆို ကျွန်မက အရိုက်မခံချင်ဘူးဆိုရင် အာခံတာ ဖြစ်သွားရောလား။ အန်တီက
ဘယ်နေရာက ဧကရာဇ်မလို့လဲ။ ဘာလို့ အဲ့လို အာခံတာက အန်တီ့မိသားစုရဲ့ ထီးနန်းကို ဖယ်ပစ်သလို
ဖြစ်ရမှာလဲ။”
ဝမ့်ရင်းက
သူမကို ဒေသတစ်ခုရဲ့ ဧကရာဇ်ဟု ခေါ်တာကို ကြားလိုက်ရသောအခါ လီချွမ်းကျင်ရဲ့ နှလုံးတစ်ခုလုံး
ထွက်ကျသွားမလို ဖြစ်ခဲ့ရသည်။ “စန်းယာ၊ နင် အဓိပ္ပါယ်မရှိတဲ့ ဘာစကားကို ပြောလိုက်တာလဲ။”
ဝမ့်ရင်းက
ခြံဝန်းထဲကို သေချာကြည့်ပြီး ပြောခဲ့သည်။ “အန်တီ၊ ကျွန်မတို့တွေ အလျင်လိုနေလို့ နောက်မှ
ငြင်းကြတာပေါ့။ အန်တီရဲ့ မျက်လုံးတွေကို သေချာ မြင်ရအောင် လုပ်ထားလိုက်ဦးနော်။”
လီချွမ်းကျင်က
နားမလည်သော်လည်း နောက်ထပ်ပြောခဲ့သည့် စကားများကို မတားနိုင်ဘဲ ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
နောက်ထပ် ဝမ့်ရင်း လုပ်သွားသည့် ကိစ္စတစ်ခုမှာ သူမကို လဲကျလုနီးပါး ဖြစ်သွားစေခဲ့သည်။
သူမသည်
ဝမ့်ရင်းက ကြွေဘေစင်၊ သစ်သားခုံ၊ ရေတိုင်ကီကြီးများနှင်းပေါက် ကာထားသည်များကို တစ်ခုချင်း
ဖျက်စီးနေခဲ့သည်ကို တွေ့ခဲ့သည်။
ဝမ့်ရင်းသည်
ဝက်စာတုတ်ကို မီးညှပ်တစ်စုံဖြင့် အစားထိုးပြီး ကြွေဘေစင်ထဲတွင် အပေါက်ကြီး တစ်ပေါက်ကို
ဖောက်လိုက်သည်။ ပြတင်းပေါက်ရှိ စက္ကူများကိုလည်း ဖြဲခဲ့ပြီး ရေတိုင်ကီကိုလည်း ကျောက်တုံးဖြင့်
ပေါက်ခွဲခဲ့သည်။
လီချွမ်းကျင်က
ဒေါသထွက်ကာ ဝမ့်ရင်းက ရူးသွားပြီဟု တွေးနေခဲ့သည်။ “စန်းယာ!!”
ထိုအော်သံကို
အဝေးကနေတောင် ကြားနိုင်ပြီး ဝမ့်ရင်းရဲ့ စူးရှသော အကြားအာရုံထဲတွင် အဆင်ပြေသည့် အသံများကို
မြန်မြန်ပဲ ကြားခဲ့ရသည်။ ခြေသံများမှာ တဖြည်းဖြည်း ပိုကျယ်လာခဲ့ပြီး သူတို့က ဒီကို
လာနေကြသည်မှာ သိသာနေခဲ့သည်။
သိပ်မကြာခင်မှာပဲ
ဝမ့်ရင်းက မီးညှပ်များနှင့် ဝက်စာတုတ်ကိုယူကာ လီချွမ်းကျင်၏ လက်ထဲသို့ ထည့်ပေးခဲ့ကာ
သူမက လှဲချဖို့အတွက် သန့်ရှင်းသော နေရာတစ်ခုကို ရွေးလိုက်သည်။
သူမသည်
လက်မောင်းပေါ်က ရိုက်ခံထားရသည့် နေရာကို ဖုံးထားပြီး ဝမ်းနည်းစွာ ငိုခဲ့သည်။ “အန်တီရယ်၊
သမီးဒီလိုတွေ ထပ်ပြီး မလုပ်ရဲတော့ပါဘူး။…”
ဝမ့်ရင်းသည်
မျက်ရည်များ အလွယ်တကူ ကျလာခဲ့ပြီး ပိန်လှီနေသော သူမရဲ့ ပုခုံးများ၊ နီရဲနေသော မျက်လုံး၊
မေးချွန်ချွန်လေးနှင့် မျက်နှာငယ်လေးတစ်ခုနှင့် သူမရဲ့ လူတစ်ကိုယ်လုံးမှာ လုံးဝကို
ဗန်းပြသပ်သပ်သာ ဖြစ်ပြီး သနားဖို့ ကောင်းနေခဲ့သည်။
လီချွမ်းကျင်သည်
မီးညှပ်နှင့် ဝက်စာတုတ်ကို ကိုင်ထားပြီး သူမရဲ့ မျက်နှာတွင် ဒေါသများ မပြေသေးဘဲ မရေရာမှုများဖြင့်
ပြည့်နေခဲ့သည်။
'မဟုတ်သေးပါဘူးဟယ်။
နင်ကပဲ ပစ္စည်းတွေကို ခွဲပစ်ပြီး ငိုနေတာတဲ့လား။'
'ငိုရမယ့်သူက
ငါပါ။'
'ကြွေဘေစင်တွေ၊
ပြတင်းပေါက်မှန်တွေ၊ ရေကရားတွေနဲ့ ထမင်းစားတဲ့ စားပွဲဝိုင်းတွေရောလေ။'
သူမက
ပြတင်းမှန်အတွက် ၁၀ ယွမ် သုံးခဲ့သည်။
'အခုဆို
ရေတိုင်ကီလည်း မရှိတော့ဘူး တစ်အိမ်လုံးက ရေတွေက အဲ့ရေတိုင်ကီကိုပဲ မှီခိုနေရတာ။'
လီချွမ်းကျင်သည်
အော်ဟစ်ကာ သူမလက်ထဲက တုတ်နှင့် မီးညှပ်ကို ယမ်းကာ ငိုနေတဲ့ ဝမ့်ရင်းကို ရိုက်လိုက်သည်။
“ဒီခွေးမကတော့။
ကိုယ့်မိဘကိုယ် ပြန်သတ်တဲ့ အရှုံးသမား။ ဒီအရှက်မရှိတဲ့ကောင်မက ဘာတစ်ခုမှ ကောင်းကျိုးကို
မပေးဘူး။ မကောင်းတဲ့ ဘဝနဲ့ မိမစစ် ဖမစစ်လေး။ ငါ့ရဲ့ ကြွေဘေစင်တွေ။ ငါ့ရေကရားတွေ။ ငါ့စားပွဲခုံကြီးတွေ။
ဒါတွေအကုန်လုံးက ငါယောင်ကျုံးအတွက် ဝယ်ထားတဲ့ဟာတွေ။ နင့်ကို ရိုက်သတ်ပစ်မယ်။ ဝမ့်ရင်း၊
ခွေးလို ကောင်မ။ ဒီနေ့တော့ ဒီတံခါးကို အသက်ရှင်လျက် ထွက်သွားဖို့ စိတ်တောင်မကူးနဲ့။”
လီချွမ်းကျင်၏ နှလုံးမှာ နာကျင်လာခဲ့သည်။ အရမ်းကို
နာကျင်နေခဲ့ပြီး သူမရဲ့ ကိုယ်တွင်းက အင်္ဂါများ အားလုံးက ချာချာလည်နေသလို ခံစားနေရသည်။
ထိုခေတ်အခါက
လူတိုင်းသည် ရုန်းကန်ခဲ့ကြရသည်။ တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီး ၁၀ ယွမ်လောက် ရဖို့တောင်
ခက်ခဲသည်။ တစ်ခါတစ်လေ မိသားစုတစ်စုက ကြွေဘေစင်နှင့် ရေတိုင်ကီကြီး ထားနိုင်ဖို့အတွက်
သူတို့က တစ်နှစ်ပတ်လုံး အလုပ်ရှုပ်ခဲ့ကြရသည်။
'ဝမ့်ရင်းဆိုတဲ့
ကောင်မစုတ်ကတော့။ ဘာတွေ ဖြစ်နေမှန်းကို မသိဘူး။ အိမ်ထဲမှာရှိတဲ့ ကြွေဘေစင်နဲ့ ရေတိုင်ကီကို
ဖျက်စီးရဲတယ်ပေါ့။ နောက်ပြီး အိမ်က ပြတင်းပေါက်မှန်တွေရောပဲ။ ဒါက တန်ဖိုးကြီးတဲ့ ပစ္စည်းတွေပဲ။
အိမ်က အခန်းလေးခန်းမှာတောင် နှစ်ခန်းပဲရှိတာ။ ရလဒ်ကတော့ ဝမ့်ရင်းနင်က ပြတင်းပေါက် မှန်တွေရော
အခန်း လေးခန်းလုံး ပြတင်းပေါက်ကိုကပ်တဲ့ စက္ကူတွေရောကို ဖျက်စီးလိုက်ပြီ။ အခုတော့ ဘာမှကို
မကျန်တော့ဘူး။ '
အခုဆိုရင်
လီချွမ်းကျင်သည် ဝမ့်ရင်းကို သတ်ပစ်ချင်နေခဲ့သည်။ ထို့ကြောင့် သူမသည် ဝမ့်ရင်းရဲ့ ခေါင်းနှင့်
မျက်နှာကို ဝက်စာတုတ်ဖြင့် ရိုက်လိုက်သည်။ မီးညှပ်ကလည်း ဝမ့်ရင်းရဲ့ ခေါင်းနားသို့
ရောက်လာခဲ့သည်။
ဝမ့်ရင်းက
ငိုပြီး အနောက်ဆုတ်ကာ အော်ခဲ့သည်။ “အန်တီ။ သမီး ထပ်ပြီး မလုပ်ရဲတော့ပါဘူး။”
သူမ
ရင်ထဲ မသိမသာလေး သက်ပြင်းချမိခဲ့သည်။ 'တကယ် တော်တဲ့လူပါလား။ သူမက လူကို တော်တော်လေး
လှုံ့ဆော်ပေးတာပဲ။ ဘယ်လောက်တောင် ဒေါသထွက်နေလဲ ကြည့်ပါဦး။ မြန်မြန်သာ မရှောင်နိုင်ရင်တော့
အဲ့မီးညှပ်က သူမ မျက်နှာကို လာရိုက်မိတော့မှာပဲ။'