၁၉၆၀
၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း
၈
သို့သော်၊
ထိုပြဿနာက သိပ်ပြီးတော့ မကြာခဲ့ပါ။ ဝမ့်ရင်းက အိမ်ထောင့်မှာ ကပ်နေတဲ့အချိန် တစ်စုံတစ်ယောက်က
အရှေ့ကို အပြေးလေး လာခဲ့သည်။
လီချွမ်းကျင်
ကိုင်ယမ်းနေသော မီးညှပ်ကို ရောက်လာသော ယောက်ျားပျို တစ်ယောက်က ဆွဲယူလိုက်ကာ သူမကို
တစ်ချက် ကန်လိုက်သည်။
လီချွမ်းကျင်သည်
“အာ့” ဟူသော အသံဖြင့် ဘေးသို့ လဲကျသွားပြီး ဝမ့်ရင်းက စိတ်သက်သာရာရကာ သက်ပြင်းချခဲ့သည်။
ကံကောင်းပေလို့ လီချွမ်းကျင်၏ မီးညှပ်ကြောင့် သူမမျက်နှာတွင် အပေါက်တစ်ပေါက် ဖြစ်လုနီးပါး
ဖြစ်သွားခဲ့သော်လည်း ကံသီစွာဖြင့် လီချွမ်းကျင်သည် မျက်စိထဲ၌ ဒေါသကိုသာ မြင်နိုင်ပြီး
သူမရဲ့ ဦးနှောက်မှာလည်း ဘာကိုမှ သေသေချာချာ မတွေးနိုင်တော့ပါ။ သူမသည် ဝမ့်ရင်းကို
တကယ် မရိုက်နိုင်ခဲ့ဘဲ ဝမ့်ရင်းကသာ ပါးပါးနပ်နပ်ဖြင့် ရှောင်သွားခဲ့ခြင်း ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဝက်စာတုတ်ဖြင့် ရိုက်ခံထားရသော ဒဏ်ရာ အနည်းငယ်မှလွဲ၍ ဘာဒဏ်ရာမှ
မရှိခဲ့ပါ။
ထိုလူက
လီချွမ်းကျင်ကို အားနဲ့ ကန်လိုက်ပြီး ဝမ့်ရင်းကို အမြန် သွားကူခဲ့သည်။
ဝမ့်ရင်း၏
မျက်နှာပေါ်တွင် မကျလာသေးသော မျက်ရည်များမှာလည်း ထိန်းလို့ မရတော့ဘဲ ရှိုက်ကြီးတငင်
ငိုကြီးနေခဲ့သည်။
လီချွမ်းကျင်သည်
သူမရင်ထဲက မကျေနပ်ချက်များကို ပြောမပြနိုင် ဖြစ်နေခဲ့သည်။ သူမသည် မြေပြင်ပေါ်ကို လဲကျသွားပြီး
လုံးကို မထနိုင်တော့ပါ။ သူမသည် ဒေါသတကြီးနှင့် ငိုနေပြီး သူမရဲ့ မျက်ရည်များမှာ ကြမ်းပြင်ပေါ်က
မြေများနှင့် ရောသွားခဲ့သည်။ သူမရဲ့ မျက်နှာမှာ အမဲများနှင့် ဖုံးသွားပြီး အသံမှာလည်း
အတော်လေးကို ကျယ်လာခဲ့သည်။ “ဝမ့်ရင်း။ နင်က ကံဆိုးမပဲ။ ခွေးမ။ ဘာကောင်းကျိုးမှ မပေးတဲ့
ကျိန်စာလို ကောင်မ။”
ဆက်တိုက်
ဆဲဆိုနေသည့် လီချွမ်းကျင်၏ စကားလုံးများမှာ ကုန်လုနီးပါး ဖြစ်နေခဲ့သည်။
တပ်မဟာခေါင်းဆောင်
ထျန်းယိုဖု ရောက်လာသည့်အချိန်မှာ ထိုစကားကို ကြားခဲ့ရပြီး သူ့မျက်နှာမှာ လုံးဝ မှုန်သုန်သွားခြင်း
မရှိခဲ့ပါ။ ဘေးဘီမှာ ရှိကြတဲ့ ဝမ်မိသားစုရဲ့ အိမ်နီးချင်းများမှာလည်း သူ့အနောက်တွင်
ပါလာကာ ဟာသ တစ်ခု ကြည့်နေသလို ကြည့်နေခဲ့ကြသည်။
ဒီရာသီက
ကောက်စိုက်ဖို့အတွက် အလုပ်ရှုပ်သည့် ရာသီမဟုတ်ပါ။ ဆောင်းဦးလေ တိုက်ခတ်နေခြင်းမှာ ချမ်းစိမ့်စိမ့်လေး
ဖြစ်နေပြီး လူအများကလည်း ဟာသကို ကြည့်နေခဲ့ကြသည်။
လီချွမ်းကျင်သည်
ဝမ့်ရင်းက တအီအီ ငိုနေချိန်တွင် သူမကိုယ်သူမ ကျိန်ဆဲနေခဲ့ပြန်သည်။ ကူညီပြီးနောက် သူမသည်
ငိုနေရင်း တန်းလန်းနှင့် ကျေးဇူးတင်စကားကို ပြောခဲ့သည်။
လီချွမ်းကျင်ကို ကန်ခဲ့သောသူမှာ ထျန်းတာရှုဟု အမည်ရသော
ရွာထဲမှာ ဝန်ထမ်းတစ်ယောက် ဖြစ်သည်။ အခုဆိုရင် သူသည် အမြန်ဆုံး အပြေးသမား ဖြစ်သည်။ သူက
ဝမ့်ရင်း အရိုက်ခံနေရတာကို မြင်သောအခါ ဒေါသထွက်ပြီး လီချွမ်းကျင်ကို ကန်ခဲ့ခြင်း ဖြစ်သည်။
သို့သော်
သူသည် သတိကပ်ပြီး သူမကို အရမ်း ပြင်းပြင်းကြီးတော့ မကန်ရဲခဲ့ပါ။ သူသည် ဝမ့်ရင်းကို
ကူညီခဲ့ပြီး ဝမ့်ရင်းရဲ့ မျက်နှာလေးပေါ်တွင် ကြောက်စိတ်များ အပြည့်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ
သူသည် လီချွမ်းကျင်ကို ပိုပြီးတောင် ရွံရှာ စက်ဆုပ်သွားခဲ့သည်။
ထျန်းယိုဖုသည်
ဝမ့်မိသားစု၏ ခြံဝန်းထဲသို့ ဝင်လာသည့်အခါ လူအများကလည်း သူ့နောက်ကနေ လိုက်လာခဲ့ကြသည်။
ခြံဝန်းထဲက အခြေအနေကို မြင်လိုက်ရသောအခါ သူတို့သည် မထိန်းနိုင်ဘဲ တီးတိုးပြောခဲ့ကြသည်။
“
လီချွမ်းကျင်က ရက်စက်လိုက်တာ။ အိမ်က အပျက်အစီးတွေကိုလည်း ကြည့်ပါဦး။”
“
ဒါတွေ ဖျက်စီးပစ်တာက လီချွမ်းကျင်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့ဒါက ဝမ့်ရင်းလုပ်တာရော
မဖြစ်နိုင်ဘူးလား။”
“
နင့်မျက်လုံးက အလှပဲ ထားထားတာလား။ ဟိုမှာ ကောင်မလေး ဝမ့်ရင်းက ဘယ်လိုတောင် ရိုက်ခံထားရလဲဆိုတာ
နင်မမြင်ဘူးလား။”
“
အဲ့ဒါတော့ မှန်ပါတယ်။ ငါတို့တွေ ရောက်လာတာ နောက်ကျသွားတယ်။ ဒါပေမယ့် ဒီနေ့ လီချွမ်းကျင်က
ဝမ့်ရင်းက မသေမချင်း ရိုက်မယ်လို့ ပြောတာတော့ ငါကြားလိုက်တယ်။”
“ကျွတ်၊
ကျွတ်။ ဒီမိန်းမရဲ့ လက်တွေနဲ့ နှလုံးသားက တော်တော်လေးကို ရက်စက်တာပဲ။”
“
ဒါကတော့ သိချင်စရာပဲ။ ခြံထဲက ပစ္စည်းတွေကို ကြည့်လိုက်ဦး။ သူက အခြားသူရဲ့ပစ္စည်းတွေကို
သူ့ကိုယ်ကျိုးအတွက် အမြဲ ယူနေပြီးတော့ အဲ့လူတွေကို သေအောင် ရိုက်နေတာပဲ ဖြစ်ရမယ်။ သူက
ကောင်မလေး မိဘတွေရဲ့ ပြန်ပြီး ဒဏ်ခတ်မှာကို မကြောက်ဘူးလား မသိပါဘူးဟယ်။”
…..
လီချွမ်းကျင်သည်
သူမရဲ့အိမ်ထဲသို့ လူတွေအများကြီး ဝင်လာတာကို တွေ့ရသည့်အခါ သူမသည် ထောက်တိုင်ကို တွေ့သွားပုံရသည်။
သူမသည် မြေကြီးပေါ်တွင် လှဲချကာ အော်ကြီးဟစ်ကျယ် အော်ငိုခဲ့သည်။ “ လာကြည့်ကြပါဦး။
ကျွန်မကတော့ သူ့ကို သနားလို့ စားဖို့ သောက်ဖို့တွေ ပေးခဲ့တာ။ ဒီကံဆိုးတဲ့ မိဘမဲ့က ဘယ်လိုတောင်
ကျွန်မတို့ကို ပြန်ပြီး ကျေးဇူးဆပ်နိုင်ရတာလဲ။ ရေတိုင်ကြီတွေကို ခွဲပစ်တယ်။ ကျွန်မအိမ်ထဲက
ဘေစင်တွေကို ဖျက်စီးတယ်။ အဲ့ဒါကြောင့် ကျွန်မထပ်ပြီး မနေနိုင်တော့ဘူး။”
လီချွမ်းကျင်သည်
အောက်တွင် လှဲနေသည့်အတွက် လူအုပ်ထဲက ထျန်းယိုဖုကို မမြင်ခဲ့ပါ။ အိမ်နီးချင်းများက ဆူညံသံကိုကြားပြီး
လာပြီး လှောင်ရယ်ဖို့အတွက် လာကြသည်ဟုသာ သူမ တွေးမိခဲ့သည်။ အခုဆို သူမသည် ပိုပြီးတောင်
ငိုကြွေးရင်း အိမ်ထဲက ပစ္စည်းတွေကို ဝမ့်ရင်းက ဖျက်စီးပြီး သူမရဲ့ အသက်ကို လိုချင်နေသည်ဟု
ထပ်ခါထပ်ခါ ပြောခဲ့သည်။
ထျန်းတာရှုသည်
ထျန်းယိုဖုဘက်မှနေ၍ ဝမ့်ရင်းကို ကူညီပေးခဲ့ပြီး လီချွမ်းကျင်သည် ကြမ်းပြင်ပေါ်တွင်
ငိုနေသည့် သူမြင်ခဲ့သော မြင်ကွင်းကို ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြခဲ့သည်။
“ခေါင်းဆောင်
ကျွန်တော် အခု နည်းနည်းတော့ စိတ်လိုက်မာန်ပါ လုပ်မိပါတယ်။ ဒါပေမယ့် ခေါင်းဆောင် မမြင်လိုက်တာက
တကယ်လို့ ကျွန်တော်သာ မကယ်လိုက်ရင် ဒီမီးညှပ်ကြောင့် ဝမ့်ရင်းရဲ့ခေါင်းက ရိုက်မိပြီး
ကွဲသွားလိမ့်မယ်။”
ထျန်းတာရှုသည်
ဒါက သူ့အမှားဟု မတွေးထားခဲ့ပါ။ လီချွမ်းကျင်က တကယ်ကို အရပ်ရှည်ပြီး အားကြီးသည်။ ထို့အပြင်
သူမကိုယ်သူမ ဝမ့်ရင်းနှင့်လည်း အရမ်းကို ယှဥ်လေ့ရှိသည်။ ဝမ့်ရင်းက ဒီအိမ်က ပစ္စည်းများကို
ဖျက်စီးပစ်တဲ့သူလို့ ဘယ်သူက ထင်နိုင်ပါ့မလဲ။ သူ့အမြင်အရ လီချွမ်းကျင်သည် တစ်ခုခုကို
ဖျက်စီးပြီး ယူကာ ဝမ့်ရင်းသို့ ကောက်ပေါက်ရာတွင် လွဲချော်သွားခဲ့ပုံ ရသည်။
ထျန်းယိုဖုသည်
အခြားသူများလိုပဲ အကြံတူတစ်ခုကို ရရှိခဲ့သည်။ ဘယ်ပစ္စည်းပဲ ဖြစ်နေပါစေ ထိုအရာများကို
ဖျက်စီးခဲ့သူပါ ဝမ့်ရင်းမဟုတ်ပေ။ ထိုအားနည်းသော ကောင်မလေးသည် အရိုက်ခံရုံမှတစ်ပါး သူမက
ဘာလုပ်နိုင်မှာ မလို့လဲ။
တစ်ဖက်က
ကြည့်လျှင် လီချွမ်းကျင်က ဝမ့်ရင်းအား သေအောင် ရိုက်သတ်မည်ဟု ပြောသော စကားများကို ကြားခဲ့သူမှာ
ထျန်းတာရှု တစ်ယောက်တည်းတော့ မဟုတ်ခဲ့ပါ။
ထျန်းယိုဖုသည်
တပ်မဟာခေါင်းဆောင် အဖြစ် တာဝန်ထမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည့်အတွက်
သူ့တွင် ထုံးစံအတိုင်း သူလုပ်နေကြ နည်းလမ်းများ ရှိသည်။ ထိုအချိန်တွင် သူသည် အရင်ဆုံး
လီချွမ်းကျင်၏ ယောက်ျားဖြစ်သူ ဝမ့်ယုံရွှင်းကို ခေါ်ဖို့အတွက် လူတစ်ယောက်ကို လွှတ်လိုက်သည်။
လီချွမ်းကျင်က အော်နေသော်လည်း ဘယ်သူကမှ မကြည့်နေသည့်အတွက် ခေါင်းရှုပ်လာခဲ့သည်။ ထျန်းယိုဖုက
သူမကို ဖြေရှင်းပေးခဲ့ရင်တောင် ဒီလို အနိုင်ကျင့်တတ်တဲ့ သူမျိုးအဖြစ် မစွပ်စွဲခံရဖို့အတွက်
သူမယောက်ျားရဲ့ အရှေ့မှာ ဖြေရှင်းခဲ့သင့်တာ။
ပြီးတော့
ဝမ့်ယုံရွှင်းက အခုဆို အသက်လည်း တော်တော်လေး ရလာပြီဆိုတော့ သူ့အားအင်တွေက အလကားနေရင်းကို
ကုန်ခမ်းနေတာ။
ဝမ့်ရင်းက
မိဘမဲ့တစ်ယောက် ဖြစ်နေရင်တောင် မိန်းကလေးတစ်ယောက်က မိဘမရှိဘဲနဲ့ အရင်လို ကောင်းကောင်း
မနေနိုင်ဘူးဆိုတာ ထျန်းယိုဖုကလည်း သိနေခဲ့သည်။ ဒါပေမယ့် သူတို့နှစ်ယောက်က နည်းနည်းလေး
မနာလို ဝန်တိုတတ်တဲ့စိတ်မျိုး ရှိတယ်လို့ပဲ သူက ထင်ထားခဲ့ပေမယ့် သူတို့က ဝမ့်ရင်းကိုတော့
ဘာမှ မလုပ်ရဲကြပါပေ။ တကယ်လို့ လူတစ်ယောက်က သူ့မှာသာ ကိုယ်ချင်းစာစိတ် မရှိဘူးဆိုရင်
သူက ဘာတစ်ခုမှ ဂရုမစိုက်ဘဲနဲ့ သူ့ဂုဏ်သိက္ခာတွေကို ရေစုန်မျှောပစ်ဖို့ တွေးနိုင်ပါ့မလဲ။
အာဇာနည် ကလေးငယ်တွေကို ဒီလို ဆက်ဆံနိုင်တယ် ဆိုတာ
ဝမ့်ရင်းက စိတ်ထား နူးညံ့လို့ပဲ။ တကယ်လို့ ဒီကောင်မလေးသာ ဒေါသကြီးမယ်ဆိုရင် သူမက ဒီကိစ္စတွေကို
အဖွဲ့ထဲမှာ လိုက်ပြောမှာပဲ။ ဝမ့်မိသားစုနဲ့ သူ့ရဲ့မိန်းမအကြောင်း မပြောပုံထောက်ရင်
သူလည်း ဒီမိသားစုနဲ့ လက်ဖဝါးချင်း ရိုက်ထားပုံပဲ။
အဲ့ဒါအပြင်
အဲ့အချိန်တုန်းမှာ ထျန်းယိုဖုရဲ့မျက်နှာက သုန်မှုန်သွားသေးသည်။
တပ်ဖွဲ့မှူးက
အရည်အချင်း မရှိတဲ့သူပဲ။
ဒီနှစ်နှစ်မှာ
သူက ဝမ့်မိသားစုနဲ့ သူ့မိန်းမဆီကနေ အကျိုးအမြတ်တွေ ယူနိုင်လိမ့်မယ်လို့ တွေးထားတဲ့ပုံပဲ။
အဲ့ဒါကြောင့် သူတို့က ဝမ့်ရင်းကို တပ်ရဲ့ အကျိုးအတွက် ကောင်းကောင်း ဂရုစိုက်နိုင်ကြတာပေါ့။
ပြီးရင် ဝမ့်ရင်းက တဖြည်းဖြည်း ကြီးလာပြီလေ။ ဝမ့်မိသားစုကလည်း အစွန်အဖျားလို နေရာမျိုးမှာ
နေနေရတာ။ အဲ့ဒါက သူ ဘာမှလုပ်စရာ မရှိတဲ့ အခါမျိုးဆို သူ့အတွက် အိမ်ကို ပြန်လာဖို့ အတွက်ကလည်း
သိပ်ပြီး မလွယ်ကူလှဘူး။ ပြီးတော့ တစ်ခြားသူတွေကို အပ်ထားဖို့ကလည်း သိပ်ပြီး အကျိုးသင့်
အကြောင်းသင့် ရှိမနေဘူး။ အဲ့တော့ အိမ်ကို စောင့်ရှောက်ပေးနိုင်တာက ဝမ့်ယုံရွှင်းနဲ့
သူ့မိန်းမပဲ ရှိတာလေ။
ဒီနှစ်ထဲမှာဆို
သူက ဝမ့်မိသားစုကို ဝက်ပေါက်လေး တစ်ကောင်တောင် ပေးထားသေးသည်။ သူအဲ့ဒါကို လုပ်လိုက်တဲ့
နေ့ကတည်းက သူက ဝမ့်ရင်းဆီကနေ အမြတ်ထုတ်ဖို့ လုပ်နေတယ်ဆိုတာက လုံးဝကို အသိသာကြီး။ ဝမ့်ယုံရွှင်းက
သူ့ရင်ကို ပုတ်ပြီး သူ့ရဲ့ တူမလေးကို ဂရုစိုက်ပေးပါ့မယ်လို့ ကတိပေးခဲ့တာပဲ။
ဒါ
သူ့အမေက သူ့ကို ဘယ်လို ဂရုစိုက်ခဲ့တာလဲဆိုတဲ့ ပုံစံလား။
ထျန်းယိုဖုသည်
အတော်လေး ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။
“သွားစမ်း။
ဝမ့်ယုံရွှင်းကို မြန်မြန် ပြန်လာဖို့ သွားပြောစမ်း။”
“သူ့ကို
ပြောလိုက်။ သူပြေးတာသာ တစ်မိနစ်လောက် နောက်ကျသွားရင် သူ့ကို လာပြီး ခေါ်သွားဖို့ စစ်သားတွေကို
ငါသွားပြောရလိမ့်မယ်။”
ထျန်းယိုဖုသည်
ဝမ့်ရင်းရဲ့ကိုယ်ပေါ်က ဒဏ်ရာများကို ကြည့်တောင် မကြည့်ရဲခဲ့ပါ။ ကောင်မလေး၏ အင်္ကျီလက်မှာ
လီချွမ်းကျင်က ရိုက်ခဲ့ခြင်းကြောင့် စုတ်ပြတ်သတ်နေခဲ့သည်။ အဓိက အချက်တစ်ချက်မှာ ဝမ့်ရင်းသည်
အတော်လေး ပိန်လှီနေသည်။ ပြဲနေသော အင်္ကျီလက်အောက်ရှိ အရည်ပြားမှာ ညိုမဲနေခဲ့သည်။ သွေးထွက်နေသော
ဒဏ်ရာ အသစ်များအပြင် ထိုအပေါ်မှာ ဒဏ်ရာအချို့လည်း ရှိနေသေးသည်။ ထိုဒဏ်ရာများသည် တစ်ရက်
နှစ်ရက်လောက် ရိုက်ခံရရုံဖြင့် ရလာသော ဒဏ်ရာမျိုး မဟုတ်ကြောင်းကို တစ်ချက်တည်း ကြည့်လိုက်ရုံဖြင့်
သိနိုင်သည်။
“သွားပြီး
လီချွမ်းကျင်ရဲ့ပါးစပ်ကို ပိတ်လိုက်စမ်းပါ။”
အခုလေးတင်
ရောက်လာသော လူအများစုမှာ အမျိုးသားများသာ ဖြစ်သည်။ သေချာသည်မှာ ထိုသတင်းများ ပြန့်သွားပြီး
အမျိုးသမီး များစွာနှင့် အသက်ကြီးသူများကလည်း ရောက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။
အသက်ကြီးသည့်
အမျိုးသားများသည် စိတ်ထား နူးညံ့ကြပြီး အမျိုးသမီးများက ပိုလို့တောင် နူးညံ့ကြသည်။
ဒီနေ့မနက် မြို့ကိုသွားဖို့ ဝမ်းကွဲအစ်မနှင့် လိုက်သွားတုန်းက ဝမ့်ရင်းမှာ အမျိုးသမီးကောင်းလေး
တစ်ယောက်ဆိုတာကို မြင်တွေ့ခဲ့ရပြီး အခုချိန်မှာ သူမသည် သနားစရာ အနေအထားမျိုးဖြင့် အရိုက်ခံနေခဲ့ရသည်။
သူတို့က လီချွမ်းကျင်ကို ဘယ်လောက်တောင် စက်ဆုပ် ရွံရှာနေကြမလဲဆိုတာကို ပြောပြဖို့တောင်
မလိုတော့ပါ။
ချက်ချင်းဆိုသလို
အမျိုးသမီးတစ်ယောက်သည် မီးဖိုချောင်ထဲမှ ညစ်ပတ်နေသော အဝတ်စုတ်တစ်စကို ကောက်ယူပြီး လီချွမ်းကျင်၏
ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
“
လီချွမ်းကျင်ကြည့်ရတာ သူ့ကိုယ်သူ ဝမ့်ရင်းရဲ့ အဒေါ်လို့ ထင်နေတုန်းပဲ။ ဒီလို အကျင့်မကောင်းတဲ့
သူမျိုးကများ။”
“
ထွီ ရွံစရာကောင်းလိုက်တာ။”
တပ်ထဲမှာ
လီချွမ်းကျင်နဲ့ နည်းနည်းပဲ ဆက်ဆံမှုရှိတဲ့ အန်တီကွေ့ဟွာက ချက်ချင်းဆိုလို လီချွမ်းကျင်ကို
ဆွဲကာ စတင် ဆူပူနေခဲ့သည်။
“
နင်ကရော အမေတစ်ယောက်ပဲ မဟုတ်ဘူးလား။ နင် ကိုယ့်တူမကို အဲ့လောက်တောင် ဂရုမစိုက်ရလားဟဲ့။
နင် သေလို့ သူ့မိဘတွေနဲ့တွေ့ရင် နင်ရှာခဲ့တဲ့ ပြဿနာတွေကို ပြန်ရှင်းပြရမှာ မကြောက်ဘူးလား။”
ထျန်းယိုဖုသည်
ထိုစကားက တစ်ခုခု လွဲနေသည်ကို သိလိုက်ရပြီး ချက်ချင်းပဲ အော်ပြောခဲ့သည်။ “ ကောင်းကင်တွေ
မြေကြီးတွေနဲ့ ဘာတွေဖြစ်နေတာလဲ။ ငါတို့က စစ်သားတွေကွ။ အဲ့ဒါတွေကို မယုံဘူး။”
အန်တီကွေ့ဟွာသည်
ပါးနပ်သော အမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူမ ကြားလိုက်လား မကြားလိုက်ဘူးလားဆိုတာကို
ပြောဖို့က ခက်ခဲသည်။ သူမသည် လီချွမ်းကျင်ကို ဆွဲကာ ဆက်ဆူနေခဲ့သည်။
လီချွမ်းကျင်သည်
စိတ်ရှုပ်နေဆဲ ဖြစ်သည်။ ဒါက မှားနေတာ။ ပစ္စည်းတွေကို ဖျက်စီးတာက ဝမ့်ရင်းလေ။ ဒီထဲက
ပစ္စည်းတွေအကုန်လုံးက ပိုက်ဆံပေးပြီး ဝယ်ခဲ့တာတွေကြီးပဲ မဟုတ်ဘူးလား။ ဒီလူတွေက ပါးစပ်ဟလိုက်တိုင်း
ရုတ်တရက်ဆိုသလို သူမကိုကြီးပဲ ဘာအတွက် ဆူနေရတာလဲ။
ဒါပေမယ့်
ထိုအခိုက်အတန့်တွင် သူမသည် ကိုယ့်ကိုကိုယ် ပြန်ပြီး မခုခံနိုင်ခဲ့ပါ။ သူမရဲ့ပါးစပ်ကို
တင်းကြပ်စွာ ပိတ်ထားပြီး သူမနှင့် ပြဿနာ ဖြစ်သည့် မိန်းမများက ဝမ့်ရင်းအနားတွင် ဝိုင်းနေသည်ကို
သူမက ဒေါသထွက်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ဝမ့်ရင်းက
သူမရဲ့မျက်ရည်များကို ထိန်းထားခဲ့သည်။ ဆက်ငိုနေလို့လည်း ကောင်းမည် မဟုတ်ပါ။ သူမတွင်
မကျေနပ်ချက်များစွာကို ပြောဖို့အတွက် ကျန်ရှိနေသေးသည်။
သူမ
အစပျိုးလို့ မပြီးခင်မှာပဲ ဦးလေးထျန်းက ထော့နဲ့ ထော့နဲ့ လျှောက်လာသည်ကို သူမ တွေ့ခဲ့သည်။
ဦးလေးထျန်းက
ဇောချွေးများ ပြန်နေခဲ့သည်။ သူသည် ရှောင်ရှိထောင်အား အိမ်ကို ပြန်ပို့ခဲ့သည်။ သူပြန်လာချိန်မှာ
လီချွမ်းကျင်က သူမကို သေအောင် ရိုက်တော့မည်ဟု တစ်ယောက်ယောက်က ပြောသံကို ကြားလိုက်သည့်အတွက်
မြန်မြန်လာခဲ့ခြင်း ဖြစ်သည်။
ဒါပေမယ့်
ဒါက ဘယ်လိုလုပ် ဝမ့်ရင်းရဲ့အပြစ် ဖြစ်ရမှာလဲ။ ဝမ့်လင်းလင်းက သကြားလုံးတစ်လုံးနဲ့ ထိမိသွားတာကြောင့်
သတိလစ်သွားတာ။ သူက ထိသွားတာကို သေချာကြည့်ပြီးပြီ။
ဒုတိယဦးလေးထျန်းသည်
ထျန်းယိုဖုကို စကားပြောရန်အတွက် ထော့နဲ့ထော့နဲ့နှင့် လမ်းလျှောက်သွားခဲ့သည်။
ဝမ့်ရင်း
- အဆင်ပြေပါတယ်။ ဒီနေ့ သူမက ငိုပဲ ငိုနေရမယ့်ပုံပဲ။
ဦးလေးထျန်းမှာ
အသက်ရှူဖို့တောင် အချိန်မရှိဘဲ ထျန်းယိုဖုကို ရှင်းပြပေးခဲ့သည်။ “ကံကောင်းလို့ပေါ့၊
လင်းလင်းက ဒီနေ့ ရှိထောင် နင်သွားတဲ့ သကြားလုံးကြောင့် မေ့လဲသွားတာ။ ဝမ့်ရင်းက ရှိထောင်ရဲ့
သကြားလုံးကို ညှစ်ပြီး ထုတ်ပေးလိုက်တော့ အဲ့ဒါက လင်းလင်းကို သွားထိတာ။ ဘယ် အပ်စိုက်ကုတဲ့
နေရာကို ထိသွားလို့ သူမက မူးလဲသွားလဲဆိုတာ ငါလည်း မသိဘူး။ အဲ့ဒါက ဝမ့်ရင်းနဲ့ ဘာမှမဆိုင်ပါဘူး။”
ထျန်းယိုဖုသည်
ရုတ်တရက် ဦးလေးထျန်း ပြောလိုက်သော စကားများကြောင့် စိတ်ရှုပ်သွားခဲ့သည်။ သို့သော်
သူသည် အဓိကအချက်ကို သေသေချာချာ နားလည်သွားခဲ့သည်။ “ခဗျား ရှောင်ရှိထောင်က သကြားလုံး
နင်သွားတယ်လို့ ပြောလိုက်တာလား။”
ထျန်းယိုဖုသည်
သူ့ရဲ့အသက် ၃၅ နှစ်လောက်ကျမှ သူ့ရဲ့ အငယ်ဆုံးသားလေးကို ရခဲ့ခြင်း ဖြစ်သည်။ မိသားစုရဲ့
အကြီးဆုံးသားမှာ အခုဆို ဆယ်နှစ်ကျော် ရှိပြီဖြစ်သည်။ သူသည် တနေကုန်လုံး အခြားသူများကို
ဒေါသထွက်အောင် လုပ်နေသည်။ ထိုအချိန်မှာပဲ အငယ်ဆုံးသားမှာ အတော်လေး ချင့်ချိန်တတ်ကာ
ချစ်ဖို့လည်းကောင်းသည်။ အခု ထိုစကားကို ကြားလိုက်သည့်အခါ သူသည် စိတ်ပူပန်သွားခဲ့သည်။