၁၉၆၀
၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း
၉
ဦးလေးထျန်းက
မြန်မြန်ပဲ ရှင်းပြခဲ့သည်။ “ ရှောင်ရှိထောင်က အဆင်ပြေသွားပါပြီ။ ဝမ့်ရင်းက သူ့အမေဆီက
သင်ခဲ့ရတဲ့ ဆေးနည်းအချို့နဲ့ အချိန်မှီ သကြားလုံးကို ထုတ်နိုင်လိုက်လို့ မင်း ကံကောင်းသွားတာ။
အဲ့ဒါက ဝမ့်ရင်းနဲ့ ပတ်သက်နေတာဆိုတော့ ယုံရွှင်းနဲ့ သူ့မိန်းမကို နားလည်အောင် သေချာ
ရှင်းပြသင့်တယ်။ ဝမ့်ရင်းကို သူ့တို့ရိုက်လို့မရဘူး။ နင်တို့က ဘယ်လိုတောင် လူတစ်ယောက်ကို
စရိုက်နိုင်ရတာလဲ။”
ထျန်းယိုဖုသည်
အချက်အလက်များကို မြန်မြန်ပဲ ဆက်စပ်မိသွားပြီး မျက်နှာပူလာခဲ့သည်။ ဒါတွေက ဘာတွေလဲကွာ။
ဝမ့်ရင်းက
သူ့သားကို ကယ်လိုက်တာ။ ဒါပေမယ့် ဝမ့်လင်းလင်းက သူ့ဘာသာ ကံမကောင်းဘဲ သတိလစ်သွားတာ။ အဲ့ဒါကို
ဝမ့်ရင်းက ဝမ့်လင်းလင်းကို အန္တရာယ်ဖြစ်အောင် လုပ်တယ်လို့ လီချွမ်းကျင်က တွေးမိပြီး
ကောင်မလေးကို ဒီလိုတွေ ရိုက်နေတာလေ။
“….ဝမ့်ရင်း၊
ငါ မင်းအတွက် စိတ်မကောင်းပါဘူးကွာ။….”
ဝမ့်ရင်းသည်
အခြားသူ၏ တောင်းပန်မှုကို ပုံမှန်အတိုင်း လက်ခံသင့်သည်ဟု မခံစားမိခဲ့ပါ။ ပထမဆုံးအနေနဲ့
သူမက မူလပိုင်ရှင် မဟုတ်ပါ။ လွန်ခဲ့သော ရက်အနည်းငယ်လောက်က သူမသည် ဝမ့်မိသားစုကို ဘာမှ
မထောက်ပံ့ပေးခဲ့ပါ။ သူမ အရိုက်ခံရသည့် အရာများမှာ အကြိမ်ရေ နည်းနည်းသာ ရှိပြီး လီချွမ်းကျင်ကလည်း
အရိုက်ခံခဲ့ရသည်။ သူတို့သည် သေချာ စောင့်ကြည့်နေကြသည့်အတွက် ဘက်မလိုက်ဘဲ သုံးသပ်နိုင်ခဲ့သည်။
ဒုတိယအနေဖြင့်
ဝမ့်ရင်းရဲ့အမြင်အရ မူလပိုင်ရှင်၏ လုပ်ပုံကိုင်ပုံများသည် မသင့်တော်နေခဲ့ပါ။ မူလပိုင်ရှင်က
သူမနှင့် မတူဘူးဆိုရင်တောင် သူမတွင် အာဇာနည် ကလေးငယ်ဟူသော ဂုဏ်ပုဒ်တစ်ခု ရှိနေခဲ့ပြီး
အတော်လေးကို တည်တည်ငြိမ်ငြိမ်ရှိသည်။ သူမသည် တပ်မဟာမှူးနားမှာ နည်းနည်းလောက် နေပြီး
တဝဲလည်လည် လုပ်နေခဲ့ပါက သူမသည် ချက်ချင်းဆိုသလို တောင်းပန်ခံရနိုင်သည်။ တကယ်လို့ သူသာ
သဲလွန်စနည်းနည်း တွေ့ခဲ့ပါက ဝမ့်ယုံရွှင်း၏ မိသားစုကို တိုက်ခိုက်ဖို့ အကြောင်းပြချက်တစ်ခု
ရရှိပြီဖြစ်သည်။
သိသာမြင်သာရှိသည့်
နည်းလမ်းများစွာ ရှိသော်လည်း မူလပိုင်ရှင်သည် ထိုနည်းလမ်းများထဲက တစ်ခုကိုမှ မရွေးချယ်ခဲ့ပါ။
တကယ်တမ်းတွင် သူမသည် အိမ်မှာ နေ့တိုင်း အလုပ်လုပ်နေခဲ့ပြီး သေလောက်အောင် အရိုက်ခံခဲ့ရသည်။
ဝမ့်ရင်း၏
မျက်နှာပေါ်တွင် ဝမ်းနည်း ကြောက်ရွံနေသော အမူအရာတစ်ခု ရှိနေသေးသည်။ တကယ်လို့ သူမသည်
မူလပိုင်ရှင် ခံစားခဲ့ရသော နာကျဥ်းချက်များကို အမိအရ ထုတ်ဖော် မပြောပြခဲ့ဘူးဆိုရင်
သူမသည် တကယ့် အရူးတစ်ယောက်သာ ဖြစ်သွားလိမ့်မည်။
သို့သော်
တိုင်ကြားသည့်အခါ သေချာလေး ဂရုစိုက်ရမည် ဖြစ်သည်။ ဝမ့်ရင်းက ရှက်ရှက်ဖြင့် ပြောခဲ့သည်။
“ဦးလေး ယိုဖု… သမီး မိဘတွေရဲ့အိမ်ကို တပ်မဟာဆီ ရောင်းချင်တယ်…. တပ်မဟာကရော အဲ့ဒါ လိုချင်လားဟင်။”
ထျန်းယိုဖုသည်
တစ်ခနလောက် ဝမ့်ရင်းပြောသည့် စကားကို နားမလည်လိုက်ပုံရသည်။ “ဘာ” သူသည် ဝမ့်ရင်းကငိုကာ
လီချွမ်းကျင်၏ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှုများကို တိုင်ကြားတာကို စောင့်ဖို့အတွက်
အဆင်သင့် ဖြစ်နေခဲ့သည်။ ဒီကောင်မလေးက တိုင်မယ့်အစား ဘာလို့ အိမ်ကိုရောင်းဖို့ ပြောနေရတာလဲ။
ဝမ့်ရင်းက
သတိရသွားပုံရကာ ချက်ချင်းပဲ ထပ်ပြောခဲ့သည်။ “ဦးလေးယိုဖု၊ သမီးရဲ့အိမ်ကို ရောင်းချင်တယ်….ဒါပေမယ့်
တပ်မဟာထဲမှာ သမီး နေဖို့အတွက် နေစရာလေး တစ်ခုလောက် ပေးလို့ရမလား…. မွေးမြူရေးခြံ မဟုတ်တဲ့
တစ်နေရာရာလောက်ပါ။”
ထျန်းယိုဖုမပြောနဲ့
သူ့ဘေးနားက လူတွေကတောင် နားမလည်ကြတော့ပေ။
“မိန်းကလေးရင်း။
သမီးအတွေးတွေ လွဲနေပြီလို့ မထင်ဘူးလား။ ဒါ သမီးမိဘတွေ ချန်ထားခဲ့တဲ့ အိမ်လေ။ သမီးဒီမှာ
ကောင်းကောင်းနေလို့ ရရဲ့သားနဲ့ ဘာလို့ မနေချင်ရတာလဲ။”
“အဲဲဒါတော့
မှန်တယ်။ သမီးမှာ ဒီအခန်း နှစ်ခန်းက ရှိနေတာပဲလေ။ ဒါက နောက်ပိုင်းကျရင် သားမက် ရှာတာပဲဖြစ်ဖြစ်၊
လက်ထပ်ရင်ပဲ ဖြစ်ဖြစ် နင့်အတွက် အဆင်ပြေသွားလိမ့်မယ်။”
ထျန်းယိုဖုကလည်း
အကြံပေးခဲ့သည်။ “နင့်အဒေါ် နင့်ကို အနိုင်ကျင့်မှာကို ကြောက်နေသေးလို့လား။ စိတ်မပူနဲ့။
မကြာခင် နင့်ဦးလေး ပြန်ရောက်လာရင် နင့်အိမ်က သူတို့မိသားစုနဲ့ ဘာမှ မဆိုင်ဘူးဆိုတာကို
ငါပြောပေးမယ်။ စိတ်အေးအေးနဲ့သာနေ။”
ဒီသနားစရာ
ကောင်မလေးက သေချာပေါက် သူမရဲ့ အကြီးဆုံးအဒေါ်ကို ကြောက်လို့ ဒီမိသားစုနားမှာတောင် မနေရဲတော့ဘူးပဲ။
ဝမ့်ရင်း
- “မဟုတ်ပါဘူး….သမီးတွေးမိတာပါ။”
“အခုချိန်မှာ
သမီးက ကျောင်းမသွားရဘူးလေ။ ပြီးတော့ သမီးမှာက ဘာဝင်ငွေမှ မရှိဘူးဆိုတော့ အလုပ်အတွက်
ဘာအမှတ်မှလည်း မရှိဘူးလေ။ သမီး အိမ်မှာ ထိုင်ပြီး ဘာအလုပ်မှ မလုပ်ဘဲနဲ့ စားနေရတယ်လို့
အကြီးဆုံး အဒေါ်က ပြောတယ်။ အိမ်ကိုရောင်းပြီး ရလာတဲ့ ပိုက်ဆံအချို့ကိုစုပြီး အကြီးဆုံး
အဒေါ်ကို ပြန်ပေးဖို့ သမီးက တွေးနေမိတာပါ။”
ဝမ့်ရင်းရဲ့
စိတ်ထဲမှာတော့ ရှင်းရှင်းလေးပဲ ဖြစ်သည်။ မူလပိုင်ရှင်သည် အင်မတန် စကားနားထောင်သည်။
တစ်ပိုင်းမှာ သူမ၏ ပင်ကိုစရိုက်ကြောင့်ဖြစ်ပြီး နောက်တစ်ပိုင်းမှာ လီချွမ်းကျင်နှင့်
သူမ၏ မိသားစုက မူလပိုင်ရှင်ကို အတွေးအမှားများကို တဖြည်းဖြည်း ရိုက်သွင်းခဲ့ခြင်းကြောင့်
ဖြစ်သည်။
လီချွမ်းကျင်သည်
သူမ၏ အချိန်အများစုကို မူလပိုင်ရှင်အား အလုပ်လုပ်ဖို့အတွက်သာ ခိုင်းစေနေခဲ့သည်။ တစ်ခါတစ်လေ
မူလပိုင်ရှင်တွင် အိမ်တစ်လုံးကလွဲပြီး ဘာမှမရှိဘူးဟု ပြောနေခဲ့သည်။ ထို့ကြောင့် သူမသည်
စားဖို့ သောက်ဖို့အတွက် သူမရဲ့ ဦးလေးအပေါ်တွင်သာ မှီခိုနေခဲ့ရသည်။
မူလပိုင်ရှင်သည်
ထောက်ပံ့ကြေးကို အသက် ၁၈နှစ် ပြည့်သည်အထိ ရရှိနိုင်မည့်အကြောင်းကို မသိခဲ့ဘဲ လီချွမ်းကျင်က
အမှန်တွေ ပြောနေသည်ဟုသာ တွေးခဲ့သည်။ လီချွမ်းချင်သည် သူမ ကျောင်းသွားမည်ကို မတားရဲခဲ့ပါ။
သို့သော် သူမ၏ ကျူရှင်လခများကို ဝမ့်ယုံရွှင်းက ပေးတာပါဆိုပြီး အချိန်တိုင်း ခြောက်ပြောဖို့ကိုတော့
သူမ ဘယ်တုန်းကမှ မမေ့ခဲ့ပါ။ ထို့ကြောင့် သူမသည် သူတို့မိသားစုကို ကောင်းကောင်းမွန်မွန်
ဆက်ဆံနေခဲ့ရသည်။ သူမသည် မှတ်စုစာအုပ်တစ်အုပ် လုပ်ထားပြီး ထိုစာအုပ်ထဲတွင် သူမ၏ အကြွေးများ
အားလုံးကို မှတ်ထားခဲ့သည်။ မူလပိုင်ရှင်က ပိုက်ဆံကို ဘယ်လောက် သုံးခဲ့ပြီး နောက်ပိုင်းမှာ
ဘယ်လောက် ပြန်ပေးရမလဲ။
ထို့အပြင်
ဝမ့်ယုံရွှင်းသည် လီချွမ်းကျင်၏ အရှေ့မှာ မကောင်းတဲ့သူအဖြစ် ဟန်ဆောင်ပြီး မူလ ပိုင်ရှင်အရှေ့သို့
ရောက်သွားသည့် အချိန်တိုင်း သူသည် “ နွေးထွေးမှုများကို ပေးပို့ခဲ့သည်။”
ထိုနည်းလမ်းများကို
ပြုလုပ်ပြီးနောက် မူလပိုင်ရှင်သည် နေ့တိုင်း သူမဘာသာပဲ ရုန်းကန်နေခဲ့ရသည်။ သူမသည် အမြဲတမ်း
သူမအဒေါ်အပေါ်မှာ ခံစားရတဲ့ နာကျဥ်းချက်များနှင့် ဦးလေးအပေါ် ခံစားရတဲ့ လေးစားမှုတို့အကြား
ဗျာများခဲ့ရသည်။
အခုဆိုရင်
ဝမ့်ရင်းက သူ့ကိုယ်ထဲကို ဝင်လာခဲ့သည်။ ဝမ့်ရင်းက မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို ရရှိလိုက်သည့်အခါ
သူမသည် မူလပိုင်ရှင်၏ ထောက်ပံ့ကြေးနှင့် ပတ်သက်ပြီး တစ်ခုခုက မှားနေသည်ကို သိခဲ့သည်။
ဒါက ဘယ်ခေတ်မှာပဲ ဖြစ်နေပါစေ၊ အဖွဲ့အစည်းတွင် ပါဝင်သော သူများသည် အာဇာနည် ကလေးငယ်များကို
အမြဲတမ်း အကူညီများစွာ ပေးကြမည် ဖြစ်သည်။
အထူးသဖြင့် မူလပိုင်ရှင်တွင် မိဘနှစ်ပါးလုံး မရှိတော့ပါ။
တပ်မဟာသည် မိဘမဲ့တစ်ယောက် ဖြစ်သည့်အတွက် သူမ အရွယ်ရောက်သည်အထိ သေချာပေါက် ပြုစု စောင့်ရှောက်လိမ့်မည်
ဖြစ်သည်။ ဒါကို သူမက ကျောင်းသွားမှာလား မသွားဘူးလားဆိုတာကို ဘယ်လိုလုပ် တွက်ချက်လို့
ရနိုင်ပါ့မလဲ။
လီချွမ်းကျင်နှင့်
သူ့မိန်းမ ပြောသည့်စကားများမှာ တကယ်တမ်းတွင် အလိမ်အညာများ ဖြစ်ကြောင်းကို ဖြေရှင်းသည့်အခါ
ပေါ်ထွက်လာလိမ့်မည်။
သေချာသည်မှာ
ထျန်းယိုဖု ထိုစကားကို ကြားလိုက်ချိန်တွင် အတော်လေး အံ့ဩသွားခဲ့ရသည်။ “နင့် အဒေါ်အကြီးဆုံးကို
အကြွေးပေးစရာ ပိုက်ဆံတွေ ရှိတာလား။ တပ်မဟာကနေ နင့်ကို ယွမ် ၂၀နဲ့ လုပ်ခ ရမှတ် ၂၀၀ နှစ်တိုင်းပေးတယ်
မဟုတ်ဘူးလား။”
တပ်မဟာမှာက
လုပ်ခရမှတ်အတွက်က ၅ ဆင့်၊ ပြီးတော့ အလုပ်ရမှတ် ၂၀၀ အတွက်ဆို ၁၀ ယွမ်အပြင် ယွမ် ၃၀ပါ
ထပ်ပေးသည်။ ဝမ့်ရင်းက အလုပ် မလုပ်ရသော်လည်း တပ်မဟာထဲက လူတစ်ယောက်သည် အစားအသောက်အတွက်
အခြားလူ နှစ်ယောက်စာလောက် အလုပ်လုပ်ရသည်။ သူတို့က အလုပ်မလုပ်ရင်တောင် အစား အသောက်တွေကတော့
ရနေဦးမည် ဖြစ်သည်။ ထိုအရာကို တွက်ချင်ကြည့်ပါက ဝမ့်ရင်းရဲ့ဘဝမှာ ဘယ်လိုမှ မခက်ခဲနိုင်တော့ပါ။
ဒါတောင် ဝမ့်ရင်းရဲ့အမေ ချန်ထားခဲ့သော ပစ္စည်းများကို မဖော်ပြရသေးပါ။ သူမသည် ဆေးဆရာ
တစ်ယောက်အနေနဲ့ ပိုက်ဆံကို လက်မခံခဲ့ရင်တောင် ဆေးဖိုးအတွက်တော့ ပေးရမည် ဖြစ်သည်။ နှစ်ပေါင်းများစွာ
ကြာခဲ့ပြီးနောက် သူမရဲ့ မိသားစုမှာ သေးသိမ်နေတုန်းပဲဆိုတော့ ချန်ခဲ့တဲ့ ပစ္စည်းတွေက
အများကြီးပဲ ကျန်နေသေးတာ ဟုတ်တယ်မလား။
ကြမ်းပြင်ပေါ်တွင်
ပါးစပ်ပိတ်ကာ နေနေရသော လီချွမ်းကျင်သည် ကြောက်ပြီး တုန်နေခဲ့သည်။
အခုလေးတင်
တံခါးမှ ဝင်လာသော ဝမ့်ယုံရွှင်းသည် အသက်တောင် မရှူရသေးခင်မှာပဲ ထိုစကားကို ကြားလိုက်ရတာ
သူ့ကိုယ်သူတောင် မထိန်းနိုင် ဖြစ်သွားခဲ့သည်။
ဒါကပြီးသွားပြီ။
သူက နည်းနည်းလေး နောက်ကျသွားတယ် ဆိုပေမယ့် တပ်မဟာမှူးက ပိုက်ဆံနဲ့ လုပ်ခအမှတ်တွေ အကြောင်းကို
သိပြီးသွားပြီ။
ဝမ့်ရင်းက
မဖြေခင်မှာဘဲ ဝမ့်ယုံရွှင်းက ကိစ္စများကို ပြောလည်အောင် ဖြေရှင်းဖို့အတွက် အရှေ့ကို
ချွေးသံတရဲရဲဖြင့် အရှေ့ကို ပြေးသွားခဲ့သည်။
“အဲဲဒါက
ဘာမှမဟုတ်ပါဘူး။ စန်းယာ။ သမီး အဒေါ်က အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေရုံပါ။ သမီးရဲ့
ဦးလေးက ပိုက်ဆံတွေယူဖို့ ဘယ်လိုလုပ် ပြောရက်မှာလဲ။ သမီးက ဦးလေးရဲ့ တူမပဲလေ။ အဲ့တော့
သေချာပေါက် ဦးလေးက သမီးကို ဂရုစိုက်ပေးရမှာပေါ့။ သမီးက ပိုက်ဆံ ပေးပေး မပေးပေး ဦးလေးက
သမီးအရင်းလို စောင့်ရှောက်ပေးမှာပဲ။ ရှေ့နှစ်တွေတုန်းက ကျောင်းတက်တာက ကုန်ကျစရိတ်တွေ
အရမ်း များတယ် ဆိုပေမယ့် ဒါက ဦးလေးလည်း တက်နိုင်နေတဲ့ အရာပဲလေ။”
တပ်မဟာထဲက
လူများသည် ဝမ့်ယုံရွှင်းကို ယုံကြည်နေကြဆဲ ဖြစ်သည်။ ထို့အပြင် မကောင်းဆိုးဝါးမ လီချွမ်းကျင်ကလည်း
ထိုနေရာမှာ ရှိနေခဲ့သည့်အတွက် ထုံးစံအတိုင်း အားလုံးက ဝမ့်ယုံရွှင်းကို သနားနေကြသည်။
အထူးသဖြင့် ဝမ့်ယုံရွှင်းသည် ကလိမ်ကကျစ် ကျတတ်သည့် သူမျိုးမဟုတ်ပါ။ သူသည် ဒုက္ခရောက်နေသည့်
သူတိုင်းကို လက်ကမ်းပေးတတ်ပြီး တပ်မဟာထဲတွင် ဂုဏ်သတင်း မွှေးသူတစ်ယောက် ဖြစ်သည်။ ဝမ့်ယုံရွှင်း၏
စကားများကို ကြားပြီးနောက် အချို့လူတို့ရဲ့ ရင်ထဲတွင် ချက်ချင်းဆိုသလို ယိမ်းယိုင်သွားခဲ့သည်။
“
ဝမ့်ယုံရွှင်းပြောလိုက်တဲ့ စကားတွေအရ၊ ဝမ့်ရင်းက ကျောင်းမှာ ပိုက်ဆံတွေ အရမ်းသုံးတယ်လို့
ပြောတာများ ဖြစ်နိုင်မလား။”
“ဟုတ်မှာပေါ့။
ဝမ့်ရင်းရဲ့ကျောင်းက မြို့ထဲမှာလေ။ အဲ့က ပစ္စည်းတွေက အရမ်း စျေးကြီးတာ။ ဒီကောင်မလေးက
အသုံးအဖြုန်း ကြမ်းတာနေမှာပေါ့။ အဲ့ဒါကြောင့် ဝမ့်ယုံရွှင်းနဲ့ သူ့မိန်းမတို့က ပိုက်ဆံတွေ
ချေးနေရတာနေမှာ”
“တစ်နှစ်ကို
ယွမ် ၃၀က…..သုံးဖို့အတွက် လောက်ပါတယ်။”
……
ဝမ့်ရင်းသည်
သူမရဲ့ရင်ထဲမှာတော့ သက်ပြင်းချလိုက်သည်။ “လုံလောက်ပါတယ်။” သူမသည် ဒီဦးလေးက ရက်စက်တဲ့
လူတစ်ယောက် ဆိုတာကို ဝန်ခံခဲ့ပြီး သူမကို စကားလေး တစ်ခွန်း နှစ်ခွန်းလောက်တည်းနဲ့ ပစ်မှတ်ထားနိုင်ခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံများက သုံးပြီးသွားပြီ ဖြစ်သည်။ အခုချိန်မှာ သူမက အရမ်းစိတ်ကြီးဝင်ပြီး
တပ်မဟာမှူးကသာ စုံစမ်းစစ်ဆေးတော့မည် ဆိုပါက ဒီအခြေအနေရဲ့ အဆုံးသတ်က ပြောင်းပြန်ဖြစ်သွားပြီး
ရှင်းပြဖို့တောင် ခက်ခဲသွားလိမ့်မည်။ ထို့အပြင် တစ်ဖက်လူသည် အပြစ်အားလုံးကို လီချွမ်းကျင်အပေါ်မှာ
ပုံချသွားနိုင်ပြီး ထိုကိစ္စများကို သူဘာမှမသိဘူးဟု ပြောလိမ့်မည်။
ပင်ကိုစရိုက်မှာ
ပျောက်မသွားခဲ့သော်လည်း ဝမ့်ရင်းက တစ်ဖက်လူ၏ သဘောထားကို လိုက်လျောပေးမည် မဟုတ်ပါ။
ဝမ့်ရင်း
- “ဦးလေး။ ဒါပေမယ့် အဒေါ် မနှစ်တုန်းက သမီးရဲ့ အာဇာနည် ကလေးငယ် ဂုဏ်ပြုလွှာကို ယူသွားပြီး
တပ်မဟာက သမီးကို ထောက်ပံ့ကြေး မပေးတော့ဘူးလို့လည်း ပြောသေးတယ်။ ပြီးတော့ ထောက်ပံ့ကြေးကို
အဲ့မတိုင်ခင် ရှေ့တစ်နှစ်တည်းက မပေးတော့တာတဲ့။ အဲ့ဒါအပြင် ဦးလေးက ကျန်းမာရေး မကောင်းဘူးဆိုပြီး
ပြောလို့ အဒေါ့်ကို သမီးက ဆေးနည်းတွေအကုန် သင်ပေးခဲ့သေးတာ။”
ဝမ့်ယုံရွှင်း၏
ခေါင်းမှာ ထူပူသွားခဲ့ပြီး မြေကြီးပေါ်မှာ လှဲနေတဲ့ လီချွမ်းကျင်ကို တစ်ချက် ကြည့်ခဲ့သည်။
'သေစမ်း။ ဒီကောင်မကတော့။ ဘေးအိမ်တွေက ဝေးတယ်ဆိုတိုင်း လူတွေကို အရမ်းကြီး မရိုက်ရဘူးဆိုတာ
ဘယ်နခါလောက် ပြောနေရမှာလဲ။ တစ်နေ့နေ့ ဒီကောင်မလေးက ထွက်ပြေးသွားပြီး လူတွေကို တစ်ခုခု
မြင်သာအောင် လုပ်လိုက်ရင် သူ့ကို အမြတ်ထုတ်ဖို့ မပြောနဲ့ သူတို့မိသားစုက စားထားသမျှ
အကုန်လုံးတောင် ပြန်ပြီး အန်ထုတ်ပေးရဦးမယ်။ ကောင်းပြီ။ အခုဆို၊ ဒီကောင်မစုတ်လေးက ထောက်ပံ့ကြေး
ပိုက်ဆံကို ကိုင်လို့ရသွားပြီ။'
“စန်းယာ။
ဦးလေး တကယ်ကို သမီးအတွက် စိတ်မကောင်းပါဘူး။ သမီးရဲ့အဒေါ်ကို ဦးလေး မထိန်းချုပ်နိုင်ခဲ့ဘူး။
အာဇာနည် ကလေးငယ် ဂုဏ်ပြုလွှာအကြောင်းနဲ့ ပတ်သက်ပြီး ဦးလေး ဘာတစ်ခုမှ မသိခဲ့ရဘူး။ သမီးရဲ့ထောက်ပံ့ကြေးက
အရွယ်ရောက်တဲ့အထိ ထောက်ပံ့ပေးမှာပဲလေ။ ဦးလေး၊ ဦးလေး နင့်အဒေါ်ကို အဲ့ပိုက်ဆံတွေ နင့်ဆီ
ပြန်ပေးဖို့အတွက် ပြောပေးမယ်ဆိုတာ သမီး သိတယ်မလား။”
ဝမ့်ယုံရွှင်းက
အရူးလုပ်လို့ မရနိုင်ဘူးဆိုတာကို သိလိုက်ပြီး သူသည် ရိုးရိုးလေးပဲ လီချွမ်းကျင်ကို
အပြစ်ပုံချကာ သူမအနားက ခွာခဲ့သည်။ အဲ့ပိုက်ဆံကို လီချွမ်းကျင်က ပြန်ပေးပေး၊ မပေးပေး
ထိုကိစ္စကို သူတို့ နှစ်ယောက်ဘာသာ ငြင်းခုန်ဖို့အတွက် ထားခဲ့သည်။ သို့မှသာ သူ့ကို ဘာမှ
မထိခိုက်နိုင်မှာ ဖြစ်သည်။
ဝမ့်ရင်းက
သူ့ကို လွှတ်ပေးလိုက်ပါက ထူးဆန်းနေလိမ့်မည်။ ဒီဦးလေးသည် သူ့မိန်းမရဲ့ နောက်ကွယ်တွင်
တစ်ချိန်လုံး ရှုပ်ပွေနေခဲ့သည်။ သူသည် လီချွမ်းကျင်နှင့် ပြဿနာရှိသည့် အချိန်များတွင်သာ
ခြေငြိမ်နေခဲ့ပြီး ဝမ့်ရင်းက အထင်သေးနေခဲ့သည်။
အဖွဲ့က
လာရောက်သော သူများသည် သေသေချာချာ မမြင်နိုင်ခဲ့ကြပါ။ သို့သော် ထျန်းယိုဖုက သူတို့ကို
သဘောမကျသည်မှာ သိသာနေခဲ့သည်။
သူသည်
ဝမ့်ယုံရွှင်းကို သေချာ လေးလေးနက်နက် ကြည့်လိုကိပြီး ဝမ့်ရင်းက စကားပြောသည်ထိကို မစောင့်တော့ဘဲ
ပြဿနာကို သူ့လက်ထဲ လွှဲခဲ့သည်။ “ငါတို့တွေ ပိုက်ဆံနဲ့ လုပ်ခရမှတ်တွေအကြောင်းကို နောက်မှ
ဆွေးနွေးကြတာပေါ့။ ငါ့တို့တွေ ဝမ့်ရင်းဆီက ယူသွားသမျှ အရာတိုင်းကို ပြန်ပြီး ဖြည့်စည်းပေးရမယ်။
ဒါကိုပဲ အရင်ဆုံး ပြောကြတာပေါ့။ ပြီးမှ မင်းမိန်းမက လူတွေကို ရိုက်တဲ့အကြောင်းကို ပြောကြမယ်။”
လီချွမ်းကျင်၏
အေးဆေးဖြစ်နေသော အမူအရာကို ကြည့်လိုက်ရုံဖြင့် သူမသည် ဝမ့်ရင်းကို သေချာပေါက် ဒီလိုရိုက်ခဲ့ဖူးသည်ကို
သိခဲ့ရသည်။ သူတို့အတွဲတွင် သူတို့ကို အောက်ဆုံးထိ ဆွဲချသွားနိုင်သည့် နောက်ထပ် လှုပ်ရှားမှုများ
ရှိနေဦးမလားဆိုတာကို သူမြင်ချင်မိခဲ့သည်။
ထိုအခြေအနေသို့
ရောက်ရှိသွားသည့်အခါ ဝမ့်ယုံရွှင်းသည် စွံ့အသွားခဲ့သည်။ သူသည် ပိုက်ဆံနှင့် လုပ်ခရမှတ်အကြောင်းကို
တစ်ခွန်း နှစ်ခွန်းလောက် တောက်လျှောက် ပြောနေခဲ့သော်လည်း လူတွေကို ရိုက်လိုက်သည့် ကိစ္စမှာတော့
လုံးဝ မဖြစ်သင့်ပါ။
“စန်းယာ၊
သမီးရဲ့ အဒေါ်ကြီးက စိတ်ရှုပ်သွားလို့ပါ။ ဒါတွေအားလုံးက ဦးလေးရဲ့ အမှားတွေပါပဲ။ ဦးလေးက
တစ်ချိန်လုံး အလုပ်တွေပဲ ရှုပ်နေပြီးတော့ ဒီကိစ္စတွေကို လျစ်လျူရှုထားခဲ့မိတယ်။”
သူ
အဲ့ဒါကို ဝန်ခံတာကလွဲပြီး ဘာများလုပ်နိုင်လို့လဲ။ ဝမ့်ရင်းရဲ့ကိုယ်ပေါ်က ဒဏ်ရာတွေက
ငြင်းမရတဲ့ သက်သေတွေပဲလေ။ ဒါပေမယ့် ဒါတွေက လီချွမ်းကျင်အတွက် မတရားတာတော့ မဟုတ်ပါပေ။
ဝမ့်ယုံရွှင်းသည်
ရိုးရိုးသားသားနှင့် ဝန်ခံခဲ့ပြီး သေသေချာချာ တောင်းပန်ခဲ့သည်။
တကယ်လို့
ဝမ့်ရင်းကသာ ဒီကိစ္စကို ဆက်လုပ်မည် ဆိုပါက သိသိသာသာကြီးကို လွန်လွန်းနေခဲ့သည်။ အဖွဲ့ဝင်များသည်
ဝမ့်ရင်းကို သနားခဲ့ကြသော်လည်း ဝမ့်ရင်းသည် ထိုကိစ္စကို အရမ်းကြီး ဂရုစိုက်နေပါက သူမသည်
အတော်လေး ရက်စက်သည်ဟု သူတို့က တွေးလာကြလိမ့်မည်။
ဝမ့်ရင်းက
မရှိတဲ့မျက်ရည်တွေကို သုတ်ကာ ပြောခဲ့သည်။ “ဦးလေးရယ်။ သမီး ဦးလေးကို အပြစ် မတင်ပါဘူး…
ဒါပေမယ့် သမီးရဲ့ အာဇာနည် ကလေးငယ် ဂုဏ်ပြုလွှာလေးကို ပြန်ပေးလို့ ရမလားဟင်။”