၁၉၆၀
၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း
၁၀
ထျန်းယိုဖုက
သူ့ကို စိုက်ကြည့်လိုက်သည့်အခါ ဝမ့်ယုံရွှင်းက အမြန် သဘောတူခဲ့သည်။ “ကောင်းပါပြီ၊ ကောင်းပါပြီ။
အဲ့ဒါကို ချက်ချင်း ပြန်ပေးမယ်နော်။ စန်းယာ၊ ဦးလေး သမီးကို တောင်းပန်ပါတယ်။ ပြီးတော့
နောက်ပိုင်းကျရင် ဦးလေး သမီးကို သေချာပေါက် ကောင်းကောင်း ပြန်ပြီး အစားထိုးပေးပါ့မယ်။
ဦးလေးကိုတော့ မနာကျဥ်းလိုက်ပါနဲ့။”
ဝမ့်ယုံရွှင်းသည်
သူ့ရဲ့ ကိုယ်ပိုင်ကဒ်ပြားကို ယူဖို့အတွက် အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ ထိုအချိန်မှာပဲ
တစ်စုံတစ်ယောက်က တစ်ခုခု မှားနေသည်ကို ခံစားလိုက်ရသည်။
“
ဘာလို့ ဝမ့်ယုံရွှင်းတို့ လင်မယားက ယုံဖုတို့ လင်မယား နေခဲ့တဲ့ အိမ်ထဲမှာ နေနေရတာလဲ။”
ဝမ့်မိသားစုက
ဟိုးအစွန်အဖျား နေရာမှာ နေနေရတာလေ။ ပြီးတော့ လီချွမ်းကျင်က အတူတူ ရှိနေရတာကို စိတ်အနှောက်ယှက်
ဖြစ်နေတာပဲ။ လူအများသည် ဝမ်သားစုအကြားရှိ တံတိုင်းအား ဖြိုချလိုက်ကြောင်းကို သိရှိခဲ့သည်မှာ
ကြာလှပြီ ဖြစ်သော်လည်း ထိုတံတိုင်းကို တစ်ခါမှတော့ မမြင်ဖူးခဲ့ကြပါ။ သို့သော် ဝမ့်ယုံရွှင်းက
အကို အကြီးဆုံး ဖြစ်သော်လည်း သူ့ညီငယ်၏ အိမ်တွင် နေထိုင်ကာ သူ့ခယ်မကလည်း ဆုံးပါးသွားခဲ့ပြီ
ဖြစ်သည်။
ထျန်းယိုဖု၏
မျက်နှာမှာ ပိုမိုကာ အကျဥ်းတန်လာခဲ့သည်။
ဝမ်းနည်းစရာကောင်းသော
ကိစ္စတစ်ခုမှာ ဝမ့်ယုံရွှင်းသည် သူ့ရဲ့ကိုယ်ပိုင်ကဒ်ပြားကို ရှာရန်အတွက် အိမ်ထဲသို့
ဝင်သွားခဲ့သော်လည်း ရှာမတွေ့ခဲ့ပါ။ သူသည် အတော်လေး စိုးရိမ်နေကာ ချွေးစီးများ ပြန်နေခဲ့သည်။
ဝမ့်ရင်းကသူ့ကို
အားပေးကာ သတိပေးလိုက်သည်။ “ဦးလေး၊ အန်တီက အဲ့ဒါကို ယောင်ကျုံးရဲ့ အခန်းထဲမှာ ထားလိုက်တာလား။”
ဟုတ်တယ်၊
ဟုတ်တယ်။ ဆိုပြီး ဝမ့်ယုံရွှင်းက သူ့နဖူးသူ ရိုက်ခဲ့သည်။ သူ့မိန်းမက ရှိသမျှ အရာတိုင်းကို
သူ့သားအား ပေးလေ့ရှိသည်။ သူမသည် ပစ္စည်းများကို သူ့သားရဲ့ အခန်းထဲတွင် ဖွက်ထားလေ့ရှိသည်။
ဝမ့်ယုံရွှင်းက
ပြန်လှည့်ကာ နောက်ထပ် အခန်းတစ်ခန်းသဲသို့ ဝင်သွားခဲ့သည်။
“..ယောင်ကျုံးနေတဲ့
အခန်းက ဝမ့်ရင်းနေတဲ့ နေရာနှင့် တူသလိုပဲနော်။ ဟုတ်တယ်မလား။”
သူ့နားရှိ
လူများမှာ ပိုပြီး ဝေဖန်လာကြသည်။
ဝမ့်ယုံရွှင်းသည့်
သူ့သားရဲ့ အခန်းထဲတွင် ထပ်ပြီး ရှာဖွေခဲ့သည်။ သို့သော်လည်း သူရှာမတွေ့ခဲ့ပါ။ သူက ပြန်ထွက်လာသည့်
အချိန်တွင် ပိုပြီး စိုးရိမ်လာခဲ့သည်။
ဝမ့်ရင်း
- “ဦးလေး၊ ဘာလို့ အန်တီ့ကို မမေးကြည့်တာလဲ။”
ထိုအချိန်တွင်
လီချွမ်းကျင်၏ မျက်ဝန်းများမှာ ဒေါသထွက်နေခဲ့သည်။ သို့သော် လူတိုင်းက သူမရဲ့ အကြောင်းကို
မေ့နေခဲ့ပုံရသည်။ ထို့အပြင် ဘယ်သူကမှလည်း သူမပါးစပ်ထဲက အဝတ်စုတ်ကို ဖယ်ပေးဖို့အတွက်
မပြောခဲ့ကြပါ။
အခုဆိုရင်
ဝမ့်ရင်းက ခေါ်သွားခဲ့သော်လည်း ဝမ့်ယုံရွှင်းက ငြင်းဆန်ခဲ့သည်။ “ဟင့်အင်း၊ မဟုတ်သေးဘူး။
ဦးလေး နင့်အမ လင်းလင်းရဲ့ အခန်းထဲကို တစ်ချက် သွားရှာကြည့်လိုက်ဦးမယ်။”
လီချွမ်းကျင်က
အရူးမပဲ။ အခုချိန် မင်းသာ သူမပါးစပ်ထဲက အဝတ်စုတ်ကို ထုတ်ပေးလိုက်ရင် ဘယ်လိုတောင် ဆဲရေးတဲ့
စကားမျိုးကို သူမ ပြောမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ ဆက်ပြီးသာ ပိတ်ထားလိုက်ပါ။
ဝမ့်ရင်း
- “အဲဲဒါက အဆင်ပြေပါတယ်။ သမီးအိမ်ထဲမှာ အဲ့ကဒ်ကို ပြန်ပြီး သွားရှာကြည့်ရင်ရော။ အန်တီက
သမီးကို ပြန်ပေးချင်လည်း ပေးထားလောက်မှာပါ။”
လူနှစ်ယောက်က
အခြား အခန်းနှစ်ခန်းထဲကို အသီးသီး ဝင်သွားခဲ့ကြသည်။
“…ငါ
ဝမ့်ရင်းနေတဲ့ အခန်းထဲကို သွားရှာကြည့်လိုက်မယ်။ သူ့အခန်းက လေးခန်းထဲမှာ အသေးဆုံး အခန်းလေး
ဖြစ်မယ်ထင်တယ်။”
ကြည့်နေကြသည့်သူများသည်
ထိုအခိုက်အတန့်တွင် ဘယ်လို ခံစားရမလဲဆိုတာတောင် မသိကြတော့ပါ။
ဝမ့်မိသားစု၏
ခြံဝန်းထဲကို ကြည့်နေရင်း ဝမ့်ရင်း မိသားစု၏ အခန်းနှစ်ခန်းမှာ အစကတည်းက အနောက်ဘက်မှာ
ရှိနေခဲ့ပြီး ဝမ့်ယုံရွှင်း မိသားစု၏ အခန်းနှစ်ခန်းမှာ အရှေ့ဘက်အခြမ်းတွင် ရှိသည်။
အခုဆိုရင် အလယ်က တံတိုင်းကြီးကို ဖြိုချ ဖျက်စီးပစ်ကာ ဝမ့်ရင်းသည် အရှေ့ဘက်ရှိ အခန်းကျဥ်းလေးတွင်
နေထိုင်နေရသည်။ လက်ရှိအချိန်တွင် အရှေ့ဘက်အခြမ်းရှိ မီးဖိုချောင်မှာ ယိုယွင်း ပျက်စီးလာပြီး
မပြုပြင်ခဲ့ကြပါ။ ဆန့်ကျင်ဘက်အနေဖြင့် အနောက်ဘက်တွင် ဝမ့်ရင်း မိသားစု၏ အရင်က မီးဖိုချောင်ထဲတွင်
ရေတိုင်ကီနှင့် ရေအိုးတစ်အိုး ရှိသည်။
ဆူညံနေကြသော
သူများသည် ချက်ချင်းဆိုသလို မီဖိုခန်းထဲသို့ တစ်ချက် သွားကြည့်ခဲ့ကြပြီး သူတို့ရဲ့
မျက်နှာတွင် မယုံကြည်ခြင်းများစွာဖြင့် ပြန်ထွက်လာခဲ့ကြသည်။
“မီးဖိုချောင်ထဲမှာ
ဝက်ပေါင်ခြောက်တစ်ခု ရှိတယ်။”
“ပြီးတော့
ပန်းကန်ထဲမှာ ဝက်ဆီတွေက တစ်ဝက်လောက် ရှိသေးတယ်။”
“ထောင့်မှာလည်း
အိမ်တွေအများကြီးကို ပုံထားသေးတယ်။ ကြည့်ရတာ အဲ့ဒါတွေက အစားအသောက်တွေ ဖြစ်မယ်။”
…….
ထျန်းယိုဖုသည်
သူ့ရဲ့ စူးရှသော အကြည့်များဖြင့် ကြွေဘေစင် တစ်စင်ကိုလည်း တွေ့ရှိခဲ့သည်။ သူသည် တပ်မဟာက
ဝမ့်ရင်းကို ပေးထားသော ကြွေဘေစင် ဖြစ်သည်ဟု ခံစားလိုက်ရပြီး သူကိုယ်တိုင် ဝမ့်ယုံရွှင်းကို
လက်ဆင့်ကမ်းကာ ပေးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှာပဲ
ကြွေဘေစင်ကို ဝမ့်လင်းလင်းရဲ့ အခန်းတံခါးနားမှာ ထောင်ထားခဲ့သည်။
ထိုအခိုက်အတန့်တွင်
ထျန်းယိုဖုသည် အရမ်းကြီး အာရုံ စိတ်မဝင်စားခဲ့ဘဲ ဝမ့်ရင်းနေသည့် အခန်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့်
လျှောက်လာခဲ့သည်။
ဝမ့်လင်းလင်းရဲ့အခန်းထဲမှ
ကိုယ်ပိုင်ကဒ်ပြားကို ရှာတွေ့ခဲ့သော ဝမ့်ယုံရွှင်းက ပြန်ထွက်လာသည့်အခါ ထျန်းယိုဖုက
ထိုနေရာဆီ လာနေသည်ကို တွေ့ခဲ့ရသည်။ သူသည် စကားအနည်းငယ်
ထစ်ကာ ပြောခဲ့သည်။ “တပ်မဟာမှူး၊ ဆရာ ဒီကို ဘာလာလုပ်တာလဲ။”
ထျန်းယိုဖုသည်
ဝမ့်ယုံရွှင်းကို တွန်းထုတ်လိုက်ပြီး ဝမ့်ရင်းရဲ့ အခန်းတံခါးနားမှာ ရပ်လိုက်သည်။
ထျန်းယိုဖုက
အခန်းတံခါးကို ဖွင့်လိုက်သည့်အခါ မီးတောင်တစ်တောင်က ပေါက်ကွဲမည့်အချိန်ကို ထိုင်စောင့်နေသည့်အလား
တိတ်ဆိတ်သွားခဲ့ရသည်။
ဒီအိမ်ထဲက
ရှိသမျှ ပစ္စည်းတိုင်းက ပျောက်ဆုံး ပျက်စီးနေရသည့် အကြောင်းကို ပြောပြစရာတောင် မလိုတော့ပါ။
အုပ်ပုံတွေ၊ သစ်ဆွေးတွေက ဒီထောင့်မှာ ဘာလို့ ရှိနေရတာလဲ။ ဒီမှာက ဝမ့်ရင်းရဲ့ အိပ်ရာလေ။
အိပ်ရာကလည်း တော်တော်လေးကို ဟောင်းပြီး စုတ်ပြတ်နေပြီ။ ပြီးတော့ အိပ်ရာခင်းကလည်း အဝတ်တွေနဲ့
ပြန်ပြီး ဖာထားရတယ်…
ဝမ့်ယုံရွှင်းသည်
သူက ဘာလို့ ဒီအရာကို မေ့နေရတာလဲ ဆိုကာ တွေးမိပြီး သူ့ကိုယ်သူ ဖြတ်ရိုက်ချင်နေမိခဲ့သည်။
“တပ်မဟာမှူး…..ကျွန်တော်
ဒါကို သတိမထားမိလိုက်လို့ပါ….”
ဝမ့်ယုံရွှင်းကိုယ်တိုင်တောင်
ထိုစကားကို ဘယ်လိုမှ မပြောနိုင်ခဲ့ပါ။ သူသည် ဝမ့်ရင်းရဲ့ ထောက်ပံ့ကြေး အကြောင်းကို
မသိဘူးဟု ပြောလိုက်သည်မှာ ဖြစ်နိုင်သေးသည်။ သို့သော် သူက ဝမ့်ရင်းနေသည့် အခန်းအကြောင်းကို
ဘာမှ မသိဘူးဆိုပြီး ပြောခဲ့ပါက ထိုစကားသည် ဘယ်လိုမှ ယုံကြည်နိုင်စရာ မရှိပါ။
သေချာသည်မှာ
ထျန်းယိုဖုက သူနောက်ထပ်ပြောမည့် စကားများကိုတောင် နားမထောင်ပေးချင်တော့ပါ။ သူသည် တစ်ဖက်လူ
ဖွင့်ခဲ့သည့် အခန်းတံခါးကို တွန်းလိုက်ကာ ပြန်လှည့်လာခဲ့သည်။
ထိုအရာကို
မြင်လိုက်ရသဖြင့် ထျန်းယိုဖုသည် သွေးအန်မလိုထိ ဖြစ်လိုက်ရသည်။
ဝမ့်ယုံရွှင်းနှင့်
လီချွမ်းကျင်တို့ နေထိုင်သည့် အခန်းထဲတွင် စားပွဲတွေ ခုံတွေ အားလုံးတို့မှာ အကောင်းတွေချည်းပဲ
ဖြစ်ပြီး ဝမ့်ရင်းအား တပ်မဟာက ပေးအပ်ခဲ့သော ကြွေရေကရားကတောင် စားပွဲပေါ်တွင် ရှိနေခဲ့သည်။
ဝမ့်လင်းလင်းရဲ့ အိမ်ကြီးထဲတွင် စျေးကြီးပုံရသည့် မှန်ကြီးနှငိ့ အနည်းငယ် ကြာပြီဖြစ်သော
အဝတ်ခုံကြီးလည်း ရှိနေသည်။ ပျော်ပွဲကို လာရောက်ကြည့်ရှုခဲ့သော လက်သမားဆရာကြီးသည် ဝမ့်ယုံဖုသည်
သူ့မိန်းမအတွက် ပြုလုပ်ပေးခဲ့သည့် အရာဖြစ်ကြောင်းကို အတည်ပြုပေးခဲ့သည်။ ဝမ့်ယောင်ကျုံး၏
အခန်းသည် မြို့မှာရှိသည့် အခန်း တစ်ခန်းကဲ့သို့ သန့်ရှင်း သပ်ရပ်နေခဲ့သည်။ အိပ်ရာခင်းများ
အားလုံးမှာ အသစ်များ ဖြစ်ပြီး ဝါဂွမ်း အသစ်များဖြင့် ပြုလုပ်ပေးထားသည်။
အခု
ထျန်းယိုဖုကို တစ်ယောက်တည်း ထားလိုက်ပါ။ သူ့ဘေးက လူတွေကလည်း ဝမ့်ယုံရွှင်းကို ထူးခြားသလို
ကြည့်နေကြတာ။
ဝမ့်ယုံရွှင်းက
ပစ္စည်းတွေ ဒီလောက်အများကြီး မပေးနိုင်ဘူးလေ၊ ဟုတ်တယ်မလား။ ငါတို့အားလုံးက တစ်ဖွဲ့ထဲက
လူတွေပဲ။ ပြီးတော့ ကျန်ခဲ့တဲ့ နှစ်တွေမှာ မိသားစုတွေကိုယ်စီက ဘယ်လို ကောင်းကောင်း နေလို့ရမလဲဆိုတဲ့
အတွေးမျိုး လူတိုင်းမှာ ရှိနေခဲ့ကြတာပဲလေ။
ဝမ့်ယုံရွှင်းရဲ့မျက်နှာမှာ
နီရဲလာခဲ့သည်။
ထျန်းယိုဖုသည်
သူ့ရဲ့ ရှေ့နောက်မညီသည့် စကားများကို ထပ်ပြီး နားမထောင်တော့ဘဲ ဝမ့်ရင်းရဲ့ ကိုယ်ပိုင်ကဒ်ပြားကို
ဆတ်ခနဲ ဆွဲယူလိုက်သည်။
“ဟုတ်ပြီ၊
ဝမ့်ယုံရွှင်း။ ကိုယ့်တူမရဲ့ ပိုက်ဆံတွေကို သုံးပြီး သူ့ရဲ့အိမ်မှာ နေနေတာဆိုတော့ မင်းက
ယောက်ျားတစ်ယောက်မှ ဟုတ်သေးရဲ့လား။”
ဝမ့်ရင်းသည်
အခန်းထဲတွင် ခနလောက် ငြိမ်ငြိမ်လေးနေကာ ဘာမှမသိဘုဲ အပြစ်ကင်းသလို ဟန်ဆောင်နေခဲ့သည်။
ဝမ့်ယုံရွှင်းသည်
ရှက်လွန်းလို့ စကားတောင် မပြောနိုင်တော့ဘဲ သူ့ဘေးနားက လူများကလည်း မခံမရပ်နိုင် ဖြစ်နေခဲ့ကြသည်။
ဦးလေးထျန်းက
အနည်းငယ် ဝင်ပြောခဲ့သည်။ “ဘယ်လိုတောင် ရှက်ဖို့ကောင်းလိုက်တဲ့ အရာတွေလဲကွာ။ ဝမ့်ရင်းကျ
ဘာလို့ ဒီလောက်တောင် ပိန်နေရတာလဲ။ မင်းတို့နှစ်ယောက်က တော်တော်လေး ယုတ်မာကြတာပဲ။”
သူ့ဘေးနားက
လူကလည်း လက်ညှိုးထိုးပြခဲ့သည်။
“ကျွန်တော်
ခဗျားကို ပြောပြမယ်။ တစ်ခါတုန်းက မနက်ပိုင်းကြီး မြစ်ဘေးနားမှာ ဝမ့်ရင်းတစ်ယောက် အဝတ်လျှော်နေတာ
တွေ့ခဲ့တယ်ဆိုပြီး ကျွန်တော့် မိသားစုထဲကလူက ပြောပြဖူးတယ်။ အဲ့တုန်းကတော့ ကျွန်တော်လည်း
မယုံခဲ့ပါဘူး။ ဝမ့်ယုံရွှင်းက အဲ့လိုလူ မဟုတ်ဘူးလို့ ကျွန်တော်ထင်ထားတာ။ အခုတော့ ကြည့်ပါဦးဗျာ….လီချွမ်းကျင်က
လူတွေကို သူ့ရဲ့ အစေခံတွေလို ဆက်ဆံနေတာ ဖြစ်မယ်။”
“ဒီ
လူအဖွဲ့အစည်းဟောင်းထဲက ဘယ်မြေပိုင်ရှင်ကမှ အဲ့လောက်ကြီး မဖိနှပ်ပါဘူးကွယ်။ ဒီနှစ်ယောက်ကိုက
အရမ်းကို ယုတ်မာတတ်တဲ့စိတ်မျိုး ရှိနေကြတာပါ။”
“ငါတို့ရဲ့
ဟေးတန်လေးကလည်း ဝမ့်ယောင်ကျုံးနဲ့ တစ်ကျောင်းထဲပဲလေ။ ဝမ့်ယောင်ကျုံးက အရမ်း ချမ်းသာတာပဲလို့
သူအရင်က ပြောပြတယ်။ သူက ကျောင်းကန်တင်းမှာ စားတဲ့အခါတိုင်း အမြဲတမ်းလိုလို ပေါက်စီအဖြူနဲ့ အသားကတွေကိုပဲ စားတာတဲ့။”
“ဒီလိုလူတွေကို
တာရှုက ဖမ်းသင့်တယ်နော်။ သူတို့ကို တပ်မဟာထဲ ပို့ပစ်ပြီး ခနလောက်တော့ ထောင်ချထားသင့်တယ်။”
ထျန်းတာရှုမှာ
မှုန်သုန်သုန် မျက်နှာထားမျိုး ရှိတယ်။ တကယ်လို့ ဒီနေရာမှာ ထျန်းယိုဖုသာ မရှိဘူးဆိုရင်
ဆုံးဖြတ်ချက်ချဖို့က သူ့အလှည့်တောင် ရောက်လိုက်မှာ မဟုတ်ဘူး။ သူသာဆိုရင် လီချွမ်းကျင်နဲ့
ဝမ့်ယုံရွှင်းကို အခုချက်ချင်း ခေါ်သွားလောက်တယ်။
အခုချိန်တွင် ဝမ့်ယုံရွှင်းသည် တကယ်ကို ကြောက်လန့်နေခဲ့သည်။ သူအရင်က
ဆင်ခြေများ ပေးနိုင်သော်လည်း ဝမ့်ရင်းက ချော့တစ်ခါ ခြောက်တစ်လှည့်နှင့် အမိန့်နာခံအောင်
လုပ်လို့ရတဲ့ ကောင်မလေး တစ်ယောက်သာသာပဲ ရှိတယ်ဟု သူတွေးခဲ့သည်။ ဒီလောက်ထိ ပြဿနာ အကြီးကြီးတစ်ခု
ဖြစ်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားပါ့မလဲ။ ထို့အပြင် ထိုလူများက သူတို့ကို အဖမ်းခံသင့်တယ်ဟုတောင်
ပြောနေခဲ့ကြသည်။
ဝမ့်ယုံရွှင်းရဲ့လက်များမှာ
တုန်လှုပ်နေခဲ့ပြီး ဝမ့်ရင်းအား တောင်းပန်နေသည့် အကြည့်မျိုးဖြင့် ကြည့်ခဲ့သည်။ “စန်းယာ၊
ဦးလေး စိတ်ရှုပ်သွားပြီး အမှားတွေကို လုပ်မိခဲ့တယ်။”
ဝမ့်ရင်းသည်
သူမရဲ့စိတ်ထဲတွင် သက်ပြင်းချလိုက်ကာ ဒီလူက လီချွမ်းကျင်ထက် ပိုဉာဏ်ကောင်းပြီး ခံရသည့်
သူမအပေါ် မူတည်ပြီး ဒီအချိန်မှာ ပြဿနာကို ဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတာ သိနေခဲ့သည်။
ဝမ့်ရင်းသည် သူ့ကို ကူညီဖို့အတွက် သဘောတူလိမ့်မည် မဟုတ်ပါ။ နောက်ဆုံးတော့ သူမသည် သူမဦးလေး
မိသားစုကို မျက်နှာပျက်အောင် လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ တကယ်လို့ သူမသာ သူ့အား မျက်နှာသာ
ပေးလိုက်မည် ဆိုပါက သူမသည် အရူးတစ်ယောက် ဖြစ်သွားလိမ့်မည်။
သူ့ဘေးနားမှာရှိတဲ့
ထျန်းယိုဖုသည် ဝမ့်ယုံရွှင်းနားမှာ မရပ်နိုင်တော့သည့်အတွက် သူ့အား ဘေးကို တွန်းထုတ်ခဲ့သည်။
ထို့နောက် သူသည် မျက်စပစ်ပြပြီး သူတို့ရဲ့ ဆက်ဆံရေးအကြောင်းကို မေးဖို့အတွက် ဝမ့်ရင်းအား
ခေါ်သွားရန် အမျိုးသမီးများအား ပြောခဲ့သည်။
မိန်းကလေးငယ်
ဝမ့်ရင်းက နှစ်တွေအကြာကြီး ဝမ့်ယုံရွှင်းမိသားစုရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတာ။ ဘာတွေဖြစ်နေလဲဆိုတာ
သူမ မသိသေးမှာကို သူ စိတ်ပူမိသည်။
ဒီကိစ္စသည်
ဝမ့်ရင်း၏ ကိုယ်ပိုင် ဆန္ဒအပေါ် လုံးဝ မူတည်နေသည်ကို ထျန်းယိုဖုက သေသေချာချာ သိနေခဲ့သည်။
ထို့အပြင် ဒီကိစ္စကို ပြဿနာကြီးဖြစ်အောင် လုပ်နိုင်သလို သေးအောင်လည်း လုပ်နိုင်သည်။
အဆိုးဆုံး အခြေနေမှာ အာဇာနည် ကလေးငယ်တစ်ယောက်ကို ညှင်းပန်း နှိပ်စက်မှုဖြင့် သူတို့လင်မယားသည်
ထောင်ထဲသို့ အပို့ခံရလိမ့်မည် ဖြစ်သည်။ ထိုကိစ္စကို လျှော့လျှော့ပေါ့ပေါ့ လုပ်မည်ဆိုပါက
ဝမ့်ရင်းတွင် ပိုပြီး ပွင့်လင်းတဲ့ သဘောထားမျိုး ရှိလျှင် ဒီကိစ္စကလည်း အဆင်ပြေသွားလိမ့်မည်။
ထျန်းယိုဖုက
သက်ပြင်းချလိုက်သည်။ သူ့အမြင်အရ သူသည် ဝမ့်ရင်းကို ပြဿနာ ကြီးကြီးမားမား မလုပ်စေချင်သည်မှာ
အမှန်ပင် ဖြစ်သည်။ ဒီပြဿနာသာ ကြီးသွားပါက တပ်မဟာမှူးသည် အရည်အချင်း မပြည့်ဘူးဟု ပြောခံရမည်မှာ
သေချာသည်။ ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့၏ ကိစ္စကို ဖြေရှင်ရသည်မှာ ကိစ္စသပ်သပ်တစ်ခုဟု
ထင်ရသော်လည်း တကယ်တမ်းတွင် ထိုပြဿနာသည် သူ့အပေါ်၌လည်း သက်ရောက်မှုရှိသည်။
သို့သော်…..
ထျန်းယိုဖုသည်
အခုလေးတင် ဦးလေးထျန်းအာ ပြောသွားခဲ့သည့် ဝမ့်ရင်းက သူ့ရဲ့အငယ်ဆုံး သားလေးကို ကယ်ပေးခဲ့တာဟူသော
စကားကို သတိရသွားခဲ့သည်။ ထို့အပြင် ရှောင်ရှိထောင်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူမသည်
ဒီကနေ့တွင် အရိုက်ခံရလိမ့်မည် မဟုတ်ပါ။
ထျန်းယိုဖုသည်
သူ့စိတ်ကို ကြိုပြင်ဆင်ထားကာ ဝမ့်ရင်းက ဘာကိုပဲ ရွေးချယ်ပါစေ သူက ထောက်ခံပေးမည် ဖြစ်သည်။
တကယ်လို့ ဝမ့်ရင်းက တပ်သားများအား သူတို့ကို အဝေးသို့ ခေါ်ဆောင်သွားဖို့ ပြောခဲ့ရင်တောင်
သူက ဘာတစ်ခွန်းမှ ဝင်ပြောမည် မဟုတ်ပါ။
ဝမ့်ယုံရွှင်းသည်
ထိုနေရာတွင် ရပ်နေခဲ့ပြီး သူ့ရင်ထဲတွင် တစ်ခုခု လေးလဲသလို ခံစားနေရကာ ဝင်သက် ထွက်သက်တိုင်းမှာလည်း
အေးစက်မှုအပြည့် ဖြစ်နေခဲ့သည်။
အခုချိန်တွင်
သူ့ကို ဝမ့်ရင်းက မျက်ရည်များနှင့် ထောင်ထဲသို့ ပို့တော့မည်ကို ကြောက်လန့်နေကြောင်း
သူ့ကိုယ်သူလည်း သိခဲ့သည်။ ဒီနေ့ ဖြစ်ပျက်သွားသည့် အရာများမှာ သူတွေးထားတာထက် ကျော်သွားခဲ့သည်။
သူ့မိသားစု၏ ဂုဏ်သတင်းမှာ မြေခခဲ့ရပြီဖြစ်ပြီး အနာဂတ်တွင် သူသည် ဘာဆက်လုပ်ရမည်ကိုလည်း
မသိတော့ပါ။
ဝမ့်ယုံရွှင်းရဲ့
ခန္ဓာကိုယ် တစ်ပိုင်းမှာ အေးစက်နေခဲ့သည်။ တကယ်လို့ ဝမ့်ရင်းကသာ သူတို့လင်မယားကို ထောင်ထဲပို့ခဲ့ပါက
သူတို့မိသားစု၏ အိမ်မှာ ရှိရော ရှိပါဦးမလား။ ထို့အပြင် ယောင်ကျုံးကရော နောက်ပိုင်း
ကျောင်းဆက်တက်လို့ ရနိုင်ပါဦးမလား။
ထိုအကြောင်းကို
တွေးနေရင်း ဝမ့်ယုံရွှင်း၏ ရင်ထဲမှာ အမုန်းများနှင့် ပြည့်လာခဲ့သည်။ အမျိုးသမီးတစ်စုနှင့်
စကားပြောနေရင်း မျက်ရည်များကျနေသော ဝမ့်ရင်းကို သူက စောင့်ကြည့်နေခဲ့ပြီး ဝမ့်ရင်းက
ခေါင်းငြိမ့်ပြသော်လည်း သူမက ဘာတွေကို သဘောတူနေလဲ ဆိုတာတော့ မသိခဲ့ရပါ။
ဝမ့်ရုံရွှင်းသည်
အင်မတန် ရက်စက်စွာ တံစက်မြိတ်အောက်သို့ ပြေးသွားပြီး နံရံတွင် ချိတ်ထားသော ကြက်မွှေးတုတ်
ဆွဲယူကာ လီချွမ်းကျင်၏ မျက်နှာနှင့် ခေါင်းကို ရိုက်ခဲ့သည်။
“မင်းက
ရူးနေတဲ့ကောင်မပဲ။ ဒါတွေအားလုံးက မင်းကြောင့်ပဲ။ ငါကတော့ အိမ်ကို မင်းလက်ထဲမှာ ထားပေးခဲ့တာ။
ဒါပေမယ့် မင်းက ဒီလိုအရာတွေကို လုပ်လိုက်တာပဲ။ ဒါတောင် စန်းယာက လင်းလင်းနေတဲ့ အိမ်ကို
ပြောင်းပြီး နေချင်တယ် လာပြောလို့ဆိုပြီး မင်းက ငါ့ကိုတောင် လှည့်စားသွားသေးတာ။ မင်းက
အဲ့ဒါတွေနဲ့ တန်လို့လားကွ။ စန်းယာရဲ့ မိဘတွေကိုရော ဘယ်လိုပြောရမလဲကွာ။”