၁၉၆၀
၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း
၁၁
ဝမ့်ယုံရွှင်းက
သူမကို မြေပေါ်တွင် လူးလှိမ့်အောင် ရိုက်ရင်း အော်နေခဲ့သည်။ ခြံထဲမှာလည်း ဖုန်ထနေခဲ့ပြီး
သူတို့လင်မယားရဲ့ ကိုယ်ပေါ်မှာလည်း အမဲရောင် အရာများနှင့် ဖုံးကာ ရှုပ်ပွနေခဲ့သည်။
ထျန်းယိုဖု၏
မျက်နှာမှာ ပိုပိုပြီး ခက်ထန်လာခဲ့သည်။ ထျန်းတာရှုနှင့် လူငယ်များက ဝမ့်ယုံရွှင်းလက်ထဲက
ကြက်မွှေးတုတ်ကို သွားကာ ဆွဲယူခဲ့ကြသည်။
ဝမ့်ယုံရွှင်းသည် မျက်ရည်များ ကျလာခဲ့ပြီး ဝမ့်ရင်းအရှေ့တွင်
ဒူးထောက်ခဲ့သည်။ “စန်းယာ၊ ဦးလေး၊ ဦးလေး သမီးကို တကယ် တောင်းပန်ပါတယ်။ သမီးရဲ့ မိဘတွေကိုလည်း
တောင်းပန်ပါတယ်။”
ဝမ့်ရင်းရဲ့
စိတ်ထဲမှာတော့ လက်ခုပ် တီးနေခဲ့သည်။ သူမက ဒါကို အစကတည်းက တွေးခဲ့ပြီးသား ဖြစ်သည်။ ဒီဦးလေးကသည်
ထိုကဲ့သို့သော အရာကို လုပ်နိုင်စွမ်း ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး၊ အခြား ဘယ်သူကမှ ထိုကဲ့သို့သော
ရက်စက်သည့် အရာမျိုးကို လုပ်နိုင်လိမ့်မည် မဟုတ်ပါ။
သေချာသည်မှာ
ဝမ့်ယုံရွှင်း ငိုနေသည့်အတွက် မခံနိုင်ဘဲ စိတ်ပျော့သွားသည့် သူများလည်း ရှိသည်။ အရွယ်ရောက်ပြီးသား
ယောက်ျားတစ်ယောက်က နည်းနည်းလေး သတိလက်လွတ် ဖြစ်သွားခဲ့ရင်တောင် ဒီလို မိန်းမမျိုးကို
ယူမိသည့် အတွက်ကြောင့် မကောင်းသည့် အရာတစ်ခုကို ဆက်ပြီး လုပ်မိနေဆဲ ဖြစ်သည်။
ဝမ့်ရင်းသည်
သူမဘေးနားရှိ သူများက တီးတိုးပြောနေသည့် အသံကို ကြားလိုက်ရပြီး သူမ၏ နှုတ်ခမ်းပေါ်တွင်
လှောင်နေသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဟုတ်တယ်။
မကောင်းတဲ့ အရာတွေ အကုန်လုံးက လီချွမ်းကျင်အပေါ်ကို ရောက်သွားပြီး ကောင်းတဲ့ အရာတွေ
အကုန်လုံးကျ ဝမ့်ယုံရွှင်းရဲ့ အပေါ်ကို ရောက်သွားပြီ။
အခုချိန်မှာ
သူမက သူတို့အပေါ်မှာ ရန်ငြှိုးထားပြီး တပ်သားတွေကို သူတို့လင်မယားအား အဝေးသို့ ခေါ်သွားစေချင်ပါတယ်လို့
ပြောလိုက်ပါက သူမသည် မိသားစုရဲ့ သံယောဇဥ်ကို မထောက်ဘူးဟု ထိုလူများက ပြောကြလိမ့်မည်
ဖြစ်သည်။
ဝမ့်ရင်းသည်
သူမလက်ထဲက အာဇာနည် ကလေးငယ် ဂုဏ်ပြုလွှာကို ပွတ်သပ်ခဲ့သည်။ ဝမ့်ယုံရွှင်း၏ အကျင့်စရိုက်အရ
သူသည် ဝမ့်ရင်း၏အိမ်ကို ပိုင်ဆိုင်ရဖို့အတွက် သေချာပေါက် စီစဥ်နေလိမ့်မည် ဖြစ်သည်။
ထို့အပြင်
သူမသည် အခုချိန်တွင် အသက် ၁၈ နှစ် ရှိပြီဖြစ်ပြီး နောက်နှစ် အနည်းငယ်အတွင်း လက်ထပ်ရတော့မည်
ဖြစ်သည်။
ထို့နောက်
ဒီအိမ်နှစ်အိမ်မှာ အတော်လေးကို ကပ်သွားပြီး တကယ်လို့ သူမသာ အလယ်မှာ ဆယ်ပေ အမြင့်ရှိသော
ခြံစည်းရိုးကြီးကို ဆောက်လုပ်မည် ဆိုပါက သူမသည် သူမ၏ မိသားစုကို ကာကွယ်နိုင်မည် မဟုတ်တော့ပါ။
ဝမ့်ယုံရွှင်းသည်
သူမဘက်တွင်နေတာ စကားများကို တရစပ် ပြောနေခဲ့သည်။ “စန်းယာ၊ ဦးလေး ဘာတစ်ခုမှ မတောင်းဆိုပါဘူး။
ဒါပေမယ့် ဦးလေးရဲ့ အမှားတွေကို ပြန် ပြင်ဆင်ဖို့ အခွင့်အရေးလေး တစ်ခုလောက် ပေးဖို့ကိုပဲ
တောင်းဆိုပါရစေ။ နောက်ပိုင်းကျ မိသားစုထဲက အရာအားလုံး သမီးကို ပေးမယ်လို့ ဦးလေးကတိပေးတယ်။
သမီးရဲ့ ထောက်ပံ့ကြေးတွေ၊ လုပ်ခရမှတ်တွေအကုန်၊ ဦးလေး သမီးကို ပြန်ပေးပါ့မယ်။ ဦးလေးတို့ဆီက
ခွဲထွက်မသွားဖို့ တောင်းဆိုချင်ရုံလေးပါ။ သမီးရဲ့ မိဘတွေကလည်း ဆုံးသွားပြီလေ။ အဲ့ဒါကြောင့်
ဦးလေး သမီးကို စောင့်ရှောက်ပေးချင်လို့ပါ။”
ဂရုစိုက်မယ်…..
ဝမ့်ရင်းသည်
သူမ၏ မူလအစီအစဥ်ကို ပြောင်းလိုက်သည်။ မူလပိုင်ရှင်သည် ဒီမိသားစုကို နှစ်တွေအများကြီး
အလုပ်အကျွေး ပြုခဲ့ရသည်။ ထောက်ပံ့ထားတဲ့ လုပ်ခအမှတ်တွေကို ပြန်ပေးရုံနဲ့ လုံလောက်ပါ့မလား။
ဝမ့်ယုံရွှင်းက သူမကို ဂရုစိုက် ပေးပါ့မယ်ဟု ပြောလိုက်သည့်အခါတွင် သူမသည် သူတို့မိသားစုအား
ထိုအခွင့်အရေးကို ပေးလိုက်မည် ဖြစ်သည်။
ထို့အပြင်
ဝမ့်ရင်းသည် သူမက အဖေရော အမေရော မရှိသည့် မိဘမဲ့တစ်ဦး ဆိုတာကိုလည်း နားလည်သည်။ တကယ်လို့
ဝမ့်ယုံရွှင်းနှင့် သူ့မိန်းမကို ထောင်ထဲသို့ ပို့လိုက်ပါက ဒီနေမှာ သူမတစ်ယောက်တည်း
နေဖို့အတွက် အဆင်ပြေပါ့မလား။
မဖြစ်နိုင်ပါဘူး။
လုပ်ခအမှတ် ၂၀၀ လေးရယ်၊ ပိုက်ဆံရယ်၊ အိမ်နှစ်လုံးရယ်တည်းနဲ့။ သူမက လောဘကြီးတဲ့သူပါပဲ။
“ဦးလေး
ယိုဖုရယ်။ ဦးလေးအတွေးတွေက လွဲနေပြီ ထင်တယ်။” ဝမ့်ရင်းရဲ့ မျက်နှာသေးသေးလေးမှာ အတော်လေးကို
ကလေးဆန်နေခဲ့သည်။ “ပြီးတော့ ဦးလေးက သမီးရဲ့ ထောက်ပံ့ကြေးတွေ လုပ်ခအမှတ်တွေကို ပြန်ပေးမယ်ဆိုပြီး
ပြောပြီးပြီပဲကို။ ဦးလေးက သမီးကိုလည်း ဂရုစိုက်ပေးချင်သေးတာလေ။…”
ထျန်းယိုဖုသည်
ဝမ့်ရင်းက တော်တော်လေး စိတ်ပျော့တယ်ဟု ခံစားမိလိုက်သည်။ သို့သော် သူ့ဘေးနားက လူတိုင်းသည်
ဝမ့်ရင်းရဲ့ ကြင်နာမှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။ ကောင်မလေးက စိတ်ထားကောင်းလိုက်တာ။
သူမရဲ့ ဦးလေးက သူမကို ဒီလို ဆက်ဆံတာတောင် လုံးဝ ဂရုမစိုက်ဘူးပဲ။
ထျန်းယိုဖုသည်
ဝမ့်ရင်းကို အကြိမ်ကြိမ် ဖျောင်းဖျခဲ့သော်လည်း သူမက စိတ်မပြောင်းသည်ကို တွေ့ခဲ့ရပြီး
ဘာမှ ပြောစရာစကား မရှိတော့ပါ။
ဝမ့်ယုံရွှင်းသည်
ဒုက္ခမှ လွတ်မြောက်သွားသည့်အလား စိတ်သက်သာရာ ရသွားပြီး သူက ဝမ့်ရင်းကို ကောင်းကောင်း
စောင့်ရှောက်ပါ့မယ်ဟု ထျန်းယိုဖုအား တထစ်ချ ကတိပေးခဲ့သည်။
ထျန်းယိုဖုက
အတော်လေး ဒေါသထွက်နေခဲ့ပြီး ခွင့်မလွှတ်နိုင်ခဲ့ပါ။ ထိုအချိန်မှာပဲ လူတွေက ထိုနေရာမှာ
ရှိနေဆဲ ဖြစ်သည့်အတွက် သူသည် ဝမ့်ရင်းရဲ့ ဆန္ဒများကို သဘောတူ လက်ခံပေးခဲ့ရသည်။
ဝမ့်ယုံရွှင်းသည်
လူတိုင်းက သူတို့ရဲ့ ပစ္စည်းများအား စတင်ရွှေ့နေကြသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။
ထိုနေရာတွင် လက်သမား ဆရာကြီးနှင့်အတူ ဝမ့်ရင်းမိသားစုပိုင် ပစ္စည်းများကို သေသေချာချာ
အတည်ပြုပြီး ရွှေ့ခဲ့ကြသည်။ အကုန်လုံးကို ပြန်သိမ်းသွားကြပြီး ဝမ့်ရင်းရဲ့ အိမ်ထဲတွင်
နေရာပြန်ချထားခဲ့ကြသည်။
ထျန်းယိုဖုသည်
ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး ဝမ့်ရင်းအား ဝမ့်ယောင်ကျုံးနေသည့် အရှေ့ဘက် အခြမ်းတွင်
ပြောင်းနေဖို့အတွက် ပြောခဲ့သည်။ ဝမ့်ယုံရွှင်းနှင့် သူ့မိန်းမတို့ရဲ့ အိမ်ကို ရှင်းလင်းပြီးနောက်
ဝမ့်ရင်းသည် ဒါဟာ သူ့မိဘတွေရဲ့ အိမ်ဖြစ်သည့်အတွက် အဲ့မှာပဲ ဆက်နေချင်တယ်ဟု ပြောခဲ့သည်။
အခုဆိုရင်
ဝမ့်ယုံရွှင်းနှင့် သူ့မိသားစုသည် အရှေ့ဘက် အခြမ်းက သူတို့အိမ်၏ အခန်း နှစ်ခန်း၌သာ
နေနိုင်မည် ဖြစ်သည်။ ထိုပြောင်းလဲမှုတွင် ဝမ့်ရင်းအိမ်နှင့် အနီးစပ်ဆုံးသော နေရာမှာ
မီးဖိုချောင် ဖြစ်သည်။
မီးဖိုချောင်အကြောင်း
ပြောရမယ်ဆိုရင် ထျန်းယိုဖုသည် တပ်မဟာထဲက စာရေးမအား သူတို့ပိုင်ဆိုင်သည့် ပိုက်ဆံကို
တွက်ခိုင်းခဲ့သည်။ ဝမ့်ယုံရွှင်း၏ မိသားစုသည် ဝမ့်ရင်းရဲ့ ထောက်ပံ့ကြေးကို ပေးဖို့အတွက်
ရှိနေသေးသည့် အတွက်ကြောင့် ဖြစ်သည်။
ဝမ့်ယုံရွှင်းသည်
တွက်ချက်မှုအရ သူ့အိမ်တွင်ရှိသည့် ၁၂ယွမ်မှာ မလုံလောက်ကြောင်းကို သိရှိခဲ့ရသည်။
ထျန်းယိုဖုသည်
ရိုးရှင်းသည့် နည်းလမ်းတစ်ခုကို တွေးမိလိုက်သည်။ ထိုအရာမှာ ဝမ့်ယုံရွှင့်နှင့် လီချွမ်းကျင်တို့
ပိုင်ဆိုင်သည့် ပစ္စည်းများကို တန်ဖိုးအလိုက် ဝမ့်ရင်းက လိုချင်လားဆိုတာ မေးကြည့်ဖို့
ဖြစ်သည်။ တကယ်လို့ ဝမ့်ရင်းက လိုချင်တယ် ဆိုပါက သူသည် ထိုပစ္စည်းများကို အနည်းငယ် ပေးလိုက်မည်
ဖြစ်သည်။ တကယ်လို့ ဝမ့်ရင်းကသာ မလိုချင်ဘူးဆိုရင် ထိုပစ္စည်းတွေကို တပ်မဟာထဲက ဘယ်သူတွေက
လိုချင်လဲဆိုတာ မေးကာ ပိုက်ဆံနှင့်လဲပြီး သူတို့ကို ပေးမည် ဖြစ်သည်။
အခုချိန်တွင်
လီချွမ်းကျင်သည် မျက်ရည်များ ကျနေခဲ့ပြီ ဖြစ်သည်။ ထိုပစ္စည်းများ အားလုံးကို ရရှိဖို့အတွက်
သူမ စီစဥ်ထားခဲ့ရတာ ဖြစ်သည်။ ထိုပစ္စည်းများ အားလုံးသည် အနာဂတ်တွင် ယောင်ကျုံး မိန်းမယူဖို့အတွက်
ဖြစ်သည်။
ဝမ့်ယုံရွှင်းလည်း
စိတ်မသက်မသာ ခံစားနေခဲ့ရသည်။ သို့သော် ထိုစကားလုံးများကို သူပြောခဲ့ပြီးသား ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူသည် ထပ်ပြီး မငြင်းရဲတော့ပါ။ ထို့အပြင် သူသည် အတော်လေးကို အားပေးနေဆဲ
ဖြစ်ပြီး အင်မတန် သဘောကောင်းနေခဲ့သည်။
ရလဒ်အနေဖြင့်
ဝမ့်ရင်းရဲ့အိမ်တွင် တဖြည်းဖြည်းနဲ့ အိပ်ရာခင်း အသစ်တစ်ခု၊ ကြွေဘေစင် တစ်စင်၊ ကြွေကရား၊
တစ်ချိန်က သူမအမေ ပေးခဲ့သော မှန်ကြီး၊ ဝက်ပေါင်ခြောက် တစ်ချောင်း၊ အိတ်တစ်ဝက်ရှိသော
ပြောင်းဆန်၊ ကြက်ဥတစ်ဒါဇင်၊ ကြက်နှစ်ကောင်.တို့ကို ရရှိခဲ့သည်။
ဝမ့်ရင်းက အကုန်လုံးကို လိုချင်နေခဲ့သည်။ ထို့အပြင်
ထိုပစ္စည်းများသည် ဒီခေတ်အခါတွင် ဝယ်ဖို့အတွက် အင်မတန် ခက်ခဲသွားပြီ ဖြစ်သည်။ အဲ့ဒါကို
သူမက တစ်ခါတည်း ရနိုင်ရဲ့သားနဲ့ ဘယ်လိုလုပ် မလိုချင်ဘုဲ နေပါ့မလဲ။
ထိုအခိုက်အတန့်တွင်
ဝမ့်ယုံရွှင်းသည် ဘာစကားမှ မပြောရဲဘဲ ခေါင်းကိုသာ ငြိမ့်ခဲ့သည်။ သူ့ရင်တွေ ကွဲကြေနေရင်တောင်
ဝမ့်ရင်းရဲ့ အခန်းနှစ်ခန်း ရှိနေသေးတယ်ဆိုပြီး သူကိုယ်သူ ဖြေသိမ့်နေရသည်။ အဲ့ဒါအပြင်
ဝမ့်ရင်းက အိမ်ထောင်ပြုသွားရင် ဒီအိမ်တွေကို သူတို့မိသားစုက ပိုင်နိုင်ပါဦးမလား။ ဝမ့်ရင်းက
မိသားစုရော အိမ်ကိုရောတော့ လက်ထပ်လို့ မရဘူးလေ၊ ဟုတ်တယ်မလား။ ဝမ့်ရင်းက ယောက်ျားယူပြီး
ယောက်ျားကနောက်ကို လိုက်သွားတဲ့ အခါမျိုးကျရင် သူမက ဒီမိသားစုဝင်တစ်ယောက် ဖြစ်ပါဦးမလား။
ဒါတွေက ထျန်းယိုဖုကြောင့်သာ မဟုတ်ဘူးဆိုရင် အဲ့နေရာမှာ ငိုနေရမယ့်သူက သေချာပေါက် သူမဖြစ်နေရမှာ။
ဝမ့်ယုံရွှင်းသည်
မြန်မြန်ပဲ သူ့နေရာကို ပြခဲ့သည်။ “စန်းယာ၊ မပူနဲ့တော့နော်။ ဦးလေးတို့ မိသားစုလည်း
ခွဲထွက်လိုက်ပြီ။ အခုကနေစပြီး ဦးလေးတို့ မိသားစုကပဲ သမီးကို ဘာမှ ပြောနေစရာ မလိုအောင်
ပြုစုစောင့်ရှောက်ပေးမယ်။”
ဝမ့်ရင်းမှ
ပြောခဲ့သည်။ “ဦးလေး ပြောသလိုပဲ သမီးလိုချင်သမျှကို အကုန်လုံး ပေးမှာလားဆိုတာကို ကြည့်ကြည့်တာပေါ့။”
အခုချိန်သည်
ထိုစကားကို ပြောဖို့အတွက် အချိန်ကောင်း မဟုတ်ပါ။ ဘေးနားတွင် ကူညီပေးမည့် လူတွေကလည်း
ရှိနေသည်။ ဝမ့်ရင်းသည် အခုချိန်က သူမရဲ့ဂုဏ်သတင်းကို တည်ဆောက်ဖို့အတွက် အချိန်ကောင်းဆိုတာကို
သိနေခဲ့သည်။ ထို့ကြောင့် ဝမ့်ရင်းသည် သူမကို ပေးထားသည့် ဝက်ဆီနှင့် ဝက်ပေါင်ခြောက်ကို
ထုတ်လိုက်သည်။
“ဦးလေးရော
အဒေါ်ရောက အလုပ်တွေ ကြိုးစားပြီး လုပ်ခဲ့ရတာပါ။”ဟူ၍ ဝမ့်ရင်းက ရှက်ကြောက်စွာ ပြောခဲ့သည်။
“သမီးရဲ့လက်ထဲမှာက ဘာမှ သိပ်မရှိပါဘူး။ အဲ့ဒါကြောင့် ဒါတွေက သမီးကို ကျွေးမွေးခဲ့တဲ့အတွက်
ပြန်ပြီး ကျေးဇူးတင်တာပါ။ တကယ်လို့ အလုပ်ပင်ပန်းမှာကို မကြောက်ဘူးဆိုရင် သမီးရဲ့မီးဖိုထဲမှာ
အစားအသောက်တွေ လာချက်ပေးပါလား။ အဲ့ဒါဆို အကုန်လုံးလည်း ဝေခွဲပြီး စားလို့ရတယ်လေ။”
သူမသည်
ဘယ်လို ချက်ပြုတ်ရလဲ ဆိုတာကို မသိပါ။ ထို့ကြောင့် ဒီပစ္စည်းများကို သိမ်းထားခဲ့ပါက
လီချွမ်းကျင်က ပြဿနာရှာဖို့အတွက် ရောက်လာလိမ့်မည် ဖြစ်ပြီး သူတို့အားလုံးလည်း တစ်ခါတည်း
စားလို့ရကောင်း ရနိုင်သည်။
လူတွေအများကြီးက
ကြည့်နေကြသည့်အတွက် သေချာပေါက် ဝမ့်ယုံရွှင်းသည် ဘာမှ မလုပ်နိုင်ခဲ့ပါ။ ထို့အပြင် ထျန်းယိုဖုခန့်ထားသော
စာရေးမသည် ပိုပြီးတော့တောင် ကိုယ်ကျိုးမငဲ့တတ်သည့် သူမျိုး ဖြစ်သည်။ သူမသာ အကုန်လုံးကို
တွက်ချက်မည် ဆိုပါက နှစ်ဖက်လုံးအတွက် ညီတူမျှတူ ရှိမည် ဖြစ်သည်။
ဝမ့်ယုံရွှင်းသည်
အတော်လေးကို မနာလို ဖြစ်နေခဲ့သော်လည်း သူ့တွင် ကြီးမားသော မျှော်လင့်ချက်များစွာ ရှိနေခဲ့သည်။
ဝမ့်ရင်းက ပစ္စည်းတွေ အများကြီးကို ခွဲထွက်သွားတယ် ဆိုပေမယ့် သူမက ဒီပစ္စည်းတွေကို
ထိန်းသိမ်းနိုင်မှာတဲ့လား။ ဒီလူတွေအကုန် ပြန်သွားတာနဲ့ အနှေးနဲ့ အမြန်လိုပဲ အဲ့ပစ္စည်းတွေက
သူ့ဟာတွေ ဖြစ်သွားမှာ။ မီးဖိုချောင်ထဲက ပြောင်းဆန်တွေ ဝက်ပေါင်ခြောက်တွေက ဝမ့်ရင်းတစ်ယောက်တည်း
စားကုန်နိုင်လို့လား။
ရလဒ်အနေဖြင့်
ဝမ့်ယုံရွှင်းက မတုံ့ပြန်နိုင်ခင်မှာပဲ ဝမ့်ရင်းက ချက်ချင်းဆိုသလို ပစ္စည်းများကို
ထုတ်သွားခဲ့သည်။
ဝမ့်ယုံရွှင်း၏
နှလုံးသားမှာ ကွဲကြေနေခဲ့သည်။ သို့သော် သူသည် ရက်ရောသည့်ပုံစံ ဟန်ဆောင်နေဆဲ ဖြစ်သည်။
“စန်းယာ ပြောသွားသလို ဒီနေ့ ငါတို့လည်း အလုပ်တွေ ပင်ပန်းသွားပြီး လူတိုင်းကိုလည်း နှောင့်နှေးအောင်
လုပ်မိသွားတယ်ဆိုတာက အမှန်ပဲကွာ”
ဝမ့်ရင်းအနားရှိ
လူတိုင်းရဲ့ အတွေးမှာ နတ်ဘုံတမျှ ကောင်းမွန်နေခဲ့သည်။ ဒီကောင်မလေးနဲ့ ဆက်ဆံရတာက တကယ်ကို
အဖိုးတန်တာပဲ။
တစ်စုံတစ်ယောက်က
ချက်ချင်းဆိုသလို အိမ်ကိုပြန်ကာ သူတို့ကိုပေးဖို့အတွက် အာလူးနှင့် ကန်စွန်းဥအချို့ကို
သွားယူခဲ့သည်။ ဝမ့်ရင်းသည် ဝက်ပေါင်ခြောက် လေးငါး ကီလိုဂရမ်လောက် ထုတ်ယူလာခဲ့သည်။ ထိုပစ္စည်းလေးသည်
လူအများကို ဧည့်ခံဖို့အတွက် မလုံလောက်ပါ။ မိသားစုတိုင်းအတွက် မုန်လာဥနှင့် အာလူးအချို့သည်
လုံလုံလောက်လောက် ရှိလိမ့်မည်။
အချို့သော
ဒုက္ခရောက်နေသည့် သူများသည် ဝမ့်ရင်းက အတော်လေး ရက်ရောသည်ဟုတောင် တွေးနေခဲ့ကြသည်။
ဘယ်သူကများ
အကြောင်းပြချက် မရှိဘဲနဲ့ လူတွေကို စားဖို့သောက်ဖို့ ဖိတ်မှာလဲ။ မြို့ကလူတွေအတွက် တစ်ခုခုကို
စုမိဆောင်းမိဖို့ဆိုတာက မလွယ်ဘူးလေ။
ဒီဝက်ပေါင်ခြောက်ကို
တစ်ရက် နည်းနည်း နည်းနည်းစီ စားရင်တောင် ဆောင်းတွင်းလောက်ထိ စားလို့ရတယ်။
ဝက်ဆီကတော့
သတိနဲ့စားပေါ့။ အဲ့ဒါက မိသားစု တစ်ခုလုံးအတွက် နှစ်ဝက်လောက် စားဖို့ လုံလောက်တယ်လေ။
ဒီရက်တွေမှာ
ဘယ်မိသားစုကများ အဲ့လို မနေကြတာလဲ။
သို့သော်
ဝမ့်ရင်းကတော့ အဲ့လို မထင်ခဲ့ပါ။
ပထမဦးစွာ၊
ဝမ့်ရင်းသည် သူမ လုပ်နေတာကို ကောင်းကောင်း နားလည်သည်။ သူမ၏ ကျွမ်းကျင်မှုမှာ မီးဖိုချောင်ထဲ
ဝင်လိုက်သည်နှင့် လက်ရာတစ်ခုကို ဖန်တီးနိုင်သည် ဖြစ်သည်။ တကယ်လို့ သူမသာ ပင်ပန်းလာပါက
သူမသည် ကြက်ဥပြုတ် ဒါမှမဟုတ် ရေလုံပြုတ်ဟင်း တစ်ခွက်ကို ပြုလုပ်နိုင်သည်။ သူမသည် အခြားဘာကိုမှ
တွေးမနေပါ။ လျှပ်စစ် ထမင်းပေါင်းအိုးနှင့် ချက်တဲ့သူမအတွက် ဒီထင်းမီးဖိုနှင့် ချက်ရသည့်အခါ
အခက်အခဲ ဖြစ်လာရသည်။
ထိုကြောင့်သူမသည်
အိမ်တွင် ဝက်ပေါင်ခြောက်ကို မလုပ်စားနိုင်ပါ။
ထို့အပြင်
ဝမ့်ရင်းသည် သူမဦးလေး မိသားစုက သူမကို ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေနေသည်ကို ဒီတိုင်း
ထိုင်ကြည့်နေမှာ မဟုတ်ကြောင်းကိုလည်း သိပြီးသား ဖြစ်သည်။
ထိုအရာများအပြင်
အိပ်ရာထဲ၌ လှဲနေသော ဝမ်းကွဲအမတွင် ဘယ်သူမှ မသိနိုင်သည့် အတွေးများစွာကလည်း ရှိနေသေးသည်။
ဝမ့်ရင်းသည်
ထိုအကြောင်းကို တွေးခဲ့ပြီး အဆီပါတဲ့ အသားကို ထိုနေရာတွင် ချထားခဲ့သည်။ ထို့အပြင် သူမအဒေါ်နှင့်
ဝမ်းကွဲအမတို့ရဲ့ အကြည့်နှင့် တွက်ဆမှုများကို သူမကလည်း တွေးနိုင်သည်။
ဒီအချိန်တွင်
သူမရဲ့ ကိစ္စကို အဆင်ပြေပြေ ဖြေရှင်းပြီးသွားသော်လည်း ပြဿနာတစ်ခု ရှိနေသေးသည်။ သူမတို့
မိသားစု တစ်ခုလုံး၏ အကြောင်းသည် တပ်မဟာထဲက လူများထံ သတင်းထွက်နေခဲ့ပြီ ဖြစ်သည်။
အဲ့နေရာမှာ
စိတ်ထား ယုတ်ညံ့တဲ့သူ တစ်ယောက် နှစ်ယောက်လောက်ကတော့ မရှိဘူးဆိုပြီး ဘယ်သူက အာမခံပေးနိုင်မှာ
မလို့လဲ။
နင်
သူခိုးခိုးခံရမှာတွေ၊ နင့်ကို သူခိုးတွေက ငမ်းငမ်းတက် လိုချင်ကြမှာတွေကို နင်မကြောက်ဘူးလား။
ဒီအကျိုးအမြတ်တွေကို စိတ်သန့်သန့်နဲ့ လူကောင်းတစ်ယောက်လို လှူလိုက်ပါ။
ဝမ့်ရင်းသည်
အပြင်ပန်းတွင် တည်တည်ငြိမ်ငြိမ်နှင့် ကူညီပေးခဲ့သော သူများအား သေသေချာချာ ကျေးဇူးတင်ခဲ့သည်။
ထျန်းယိုဖုသည်
ကူကယ်ရာ မဲ့နေခဲ့သည်။ ဒီကောင်မလေးက အနည်းငယ် ကမောက်ကမ ဖြစ်နေသည်ဟု သူခံစားခဲ့ရသည်။
ထို့အပြင် နောက်ပိုင်းတွင် သူ့ရဲ့မိန်းမကို ဒီအိမ်ကို မကြာခဏ သွားလည်ဖို့ လွှတ်ပေးရမည်ကို
သတိရသွားခဲ့ပြီး သူတို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝမ့်ယုံရွှင်းရဲ့ မိသားစုက သူမကို
ထပ်ပြီး လိမ်မှာကို စိုးရိမ်နေခဲ့သည်။