👻Chapter 8
Viewers 1k

👻Chapter 8


သူတို့မှာ one to fiveထိပ်တန်းအဆင့်​ကျောင်းသား​တွေလည်းရှိတယ်လို့ ​မ​ပြောနဲ့​​နော်...

​ဖေးယွီက​ခေါင်းခါလိုက်သည်။

"ဘာ​တွေ​တွေး​နေတာတုန်း...voteစရာ​တောင်မရှိတာကို ငါတို့ကဘာကို vote​နေရဦးမှာလဲ...ငရဲဘုရင်ယဲ့က ငါတို့အားလုံးတညီတညာထဲလက်ခံထားတဲ့ စံပြအိုင်​ဒေါပဲ...သူက​အေးတိ​အေးစက်နဲ့ လက်လှမ်းမီဖို့ခက်​ပေမယ့် သူကသရဲ​တွေဖမ်းရတာကို ရူးသွပ်​နေတာ​လေ..ဒီကမ္ဘာကြီးမှာ သရဲအမျိုးအစား၃မျိုးရှိတယ်"


"ပထမအမျိုးအစားက ​လေလွင့်၀ိညာဥ်​တွေ သူတို့က ​မကြာ​သေးခင်ကမှသေသွားပြီး​တော့ လူ့ဘုံမှာ ​လေလွင့်​နေ​တဲ့၀ိညာဥ်​တွေ​လေ..ဒီလိုသရဲ၀ိညာဥ်မျိုး​တွေက ​သေပြီး​တော့ ၄၈နာရီအတွင်း ​​ပြန်လည်၀င်စားခြင်းစက်၀န်းထဲကို ၀င်ရတာ..ငါတို့စိတ်ပူစရာမလိုဘူး​ပေါ့"

"ဒုတိယတစ်မျိုးက ၀ိညာဥ်ရိုင်း​တွေ​ပေါ့ကွာ..​သေပြီးတဲ့အခါ ​တော်​တော်များများက ​အ​ကြောင်းအရင်းမသိရဘဲပြန်မ၀င်စားနိုင်ကြဘူး...တချို့က​တော့လည်း သူတို့​နေရမယ့် ဘ၀သက်တမ်းကမပြီး​သေးလို့​ပေါ့​လေ..တချို့ကျ​တော့လည်း သူတို့မှာ မပြည့်​သေးတဲ့ ဆန္ဒ​လေး​တွေရှိ​သေးလို့..တချို့ကျ​တော့လည်း အ​ကြောင်းပြချက်ရယ်မမှတ်မိ​တော့တာ..အတို​ပြောရရင်ကွာ သူတို့ကမ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေ​တော့မဟုတ်ဘူး..ကမ္ဘာကြီးထဲဒီတိုင်းလှည့်ပတ်​နေတာ​ပေါ့"

ရှီကျား​ခေါင်းအသာညိတ်လိုက်သည်။ သူသည်ထိုသရဲအမျိုး၂မျိုးကို မကြာခဏ​တွေ့ရတတ်​လေသည်။ သို့​သော် ၄င်းတို့က လူအများကို ဒုက္ခမ​ပေးတတ်​ချေ။

"တတိယအမျိုးအစားက အငြိုးကြီး၀ိညာဥ်​တွေပဲ"

​​ဖေးယွီ၏ အသံက ချက်ချင်းတိုးသွားခဲ့သည်။

"အငြိုးကြီး၀ိညာဥ်​တွေက လူ​တွေရဲ့၀ိညာဥ်​တွေကိုဆွဲ​ဆောင်ပြီး အစားထိုးဖို့သတ်ကြတယ်..တချို့အငြိုးကြီး၀ိညာဥ်​တွေမှာ​တော့ အ​ကြောင်းပြချက်တချို့ရှိနိုင်​ပေမယ့် အဲဒါကလည်း သူတို့ရန်သူကို လက်စား​ချေဖို့ပဲ..လက်စား​ချေပြီးတာနဲ့ ပြန်လည်၀င်စားခြင်းစက်၀န်းထဲ၀င်လို့ရသွားတယ်.. တချို့ကျ​တော့ မ​ကြောင်းပြချက်မရှိပဲ သတ်ကြတာ...တခါတလ​ကျ​တော့လည်း သူတို့လက်စား​ချေဖို့အတွက် အပြစ်မဲ့တဲ့ ဘ၀​တွေကို ထိ​ခိုက်​အောင်လုပ်တတ်တယ်"

ရှီကျားငုံ့ကြည့်လိုက်သည်။

"​​ကောင်းကင်ဘုံဆရာသခင်​တွေဖမ်းတာက အငြိုးကြီး၀ိညာဥ်​တွေမလား"

​​​​ဖေးယွီကပြန်​ဖြေလာခဲ့သည်။

"အင်း..အငြိုးကြီး၀ိညာဥ်​တွေဆို ငါတို့ဖမ်းတယ်..ဒီကမ္ဘာကြီးမှာ မမျှတတာ​တွေအများကြီးပဲ...မ​ကောင်းတဲ့သူ​တွေလည်းအများကြီးရှိတယ်..အဲဒီမ​ကောင်းတဲ့သူ​တွေရဲ့ မ​ကောင်းဆိုး၀ါး၀ိညာဥ်ဖြစ်လာနိုင်နှုန်းက သာမာန်လူ​တွေထက်ပိုမြင့်တယ် ..အဲဒါ​ကြောင့် ငါတို့ဖမ်းချင်ရင်​တောင် အကုန်မဖမ်းနိုင်ဘူး..ငါတို့တတ်နိုင်သမျှလုပ်သင့်တာကိုလုပ်ပြီး လူ​တွေကိုအန္တရာယ်မ​ပေးနိုင်​အောင်ပဲတားရတာ​ပေါ့"

"ငရဲဘုရင်ယဲ့ကို ငါတို့မျိုးဆက်သစ်​တွေကဘာလို့ ယမမင်းလို့တင်စားရတာလဲဆို​တော့ 'ယမမင်းက မိစ္ဆာ​တွေကိုရှင်း​ပေးတာမို့​လေ' လွန်ခဲ့တဲ့ ၄နှစ်က နှစ်တစ်ရာမှာ ၁၀၀ကျ​ရောက်လာတဲ့ ဟဲဟူယင်နှစ်မှာ ဖုန်းတုငရဲဂိတ်တံခါး၀ကြီးကပွင့်လာပြီး မ​ကောင်းဆိုးရွား၀ိညာဥ် အ​ကောင်တစ်သိန်း​ကျော် ပြန်လည်၀င်စားခြင်းစက်၀န်းက​နေလွတ်လာတယ်​လေ..လူ့ဘုံမှာလည်း ရုတ်တရက်ရုတ်ရုတ်သဲသဲ​တွေဖြစ်လာရတာ​ပေါ့...အဲဒီအချိန်မှာ ငရဲဘုရင်ယဲ့က ၀ူရှန်းရှင်းလီနဲ့ ဖုန်းတုတံခါးဆီသွားပြီး မ​ကောင်းဆိုး၀ါး၀ိဥာဥ် ၈၄၆၁​ကောင်တိတိသတ်ခဲ့တာ..အဲဒီအချိန်ကစပြီးသူကငရဲဘုရင်ယဲ့ဖြစ်လာပြီး လူငယ်မျိုးဆက်​တွေကြားမှာလည်း နံပါတ်၁ဖြစ်လာတာ​​ပေါ့"

​ဖေးယွီ၏ကြည်လင်​ချော​မွေ့​သောမျက်နှာ​ပေါ်တွင် ကြိတ်မနိုင်ခဲမရ အမူအယာနှင့်အတူ မာန်ပါပါဆိုလာသည်။

"ငါက အမြဲ ငရဲဘုရင်ယဲ့ကို နည်းနည်းရှိန်​ပေမယ့်..မင်းကိုအမှန်အတိုင်းပြောရရင် ငါတို့ရွှမ်းရွှယ်ကမ္ဘာမှာ သူ့လိုမျိုး၂၄နာရီလုံးလုံး မအိပ်မစားဘဲ သရဲ​တွေချည်းလိုက်ဖမ်း​နေတဲ့သူ​တွေမရှိသ​လောက်နည်းတယ်ကွာ..အဲဒါ​ကြောင့် modouအဆင့်ဇယားမှာ သူ့အဆင့်ကအရမ်းမြင့်​နေတာ​ပေါ့..အဲဒါ​ကြောင့် မင်းရဲ့ယင်စွမ်းအင်ကအရမ်းသန်မာ​နေတာကို​တွေ့​တော့ ၀ူရှန်းရှင်းလီကိုငှားခဲ့တာဖြစ်မယ်..မဟုတ်ရင် မင်းရဲ့ယင်စွမ်း​အင်​ကြောင့် မ​ကောင်းဆိုး၀ါး၀ိဥာဥ်​တွေ​​ရောက်လာပြီး ဒုက္ခ​ပေးကြ​တော့မှာ.
​ဟေး မင်းငါ​ပြောတာကိုနား​ထောင်​နေရဲ့လား"

ရှီကျား ​​ခေါင်းကိုငုံ့ကာ သူ၏လည်တိုင်မှ ​ကြေးအံစာတုံး​လေးကို လက်ညှိုးဖြင့်ပွတ်သပ်​နေမိသည်။ ​အေးစက်စက်အထိအ​တွေ့မှာ လက်​​ချောင်းများမှတဆင့် သူ၏နှလုံးသားထံပျံ့နှံ့သွားသည့်အလား။ ​ကျော့ရှင်းလှပ​သော လူရွယ်​လေးက အသံနိမ့်နိမ့်ဖြင့်ဆိုလာခဲ့သည်။

"၀ူရှန်းရှင်းလီကအဲ​​လောက်​တောင်စွမ်းတာလား"

​ဖေးယွီ ထိုစကားများကိုကြား​သော်မှုန်မှိုင်းသွားခဲ့​လေသည်။ သူက၀ူရှန်းရှင်းလီကိုမရဲတရဲကြည့်လျက် ​လေသံတိုးတိုးဖြင့်ဆိုသည်။

"အင်း..ဘယ်လိုပဲဖြစ်ဖြစ် ငါသူ့ကိုထိ​တောင်မထိရဲဘူး"

သူ့စကားဆုံးဆုံးချင်းပင် ​ကြေးအံစာတုံး​လေးမှာ ရှီကျားလက်ထဲ ၂ကြိမ်မျှခုန်လိုက်ကာ ၄င်းက​ပြောလိုသည်မှာ 'င​ကြောက်..မင်းကို​ရော ဘယ်သူကထိခိုင်း​နေလို့လဲ'

ရုတ်ချည်း​ဖေးယွီမှာ အသက်ကိုပြင်းပြင်းတစ်ချက်ရှုလိုက်မိ​လေသည်။

"ငါနားလည်ပြီ..ဒါရိုက်တာ၀မ်တို့ရိုက်ကွင်းမှာ ယင်စွမ်းအင်​တွေအများကြီးရှိ​နေ​ပေမယ့် သရဲကိုရှာမ​တွေ့တာ မအံ့သြ​တော့ပါဘူး..ပထမတစ်ချက် မင်းရဲ့ယင်စွမ်းအင်​တွေ လျှံကျ​နေတာဖြစ်မယ်..ဒုတိယတစ်ချက် သရဲကတကယ်ရှိခဲ့​ပေမယ့် မင်းက၀ူရှန်းရှင်းလီကိုဆွဲပြီး ရိုက်ကူး​ရေးအဖွဲ့ကိုသွားလိုက်​တော့ အဲဒီသရဲက ၀ူရှန်းရှင်းလီရဲ့အရှိန်အ၀ါ​ကြောင့် ​ကြောက်ပြီးထွက်​ပြေးသွားတာဖြစ်မယ်"

သူ​ပြော​​လေ​ပြော​လေ သူ့စကားများမှာ မှန်ကန်သည်ဟု ခံစားလာရ​လေဖြစ်သည်။ ​ဖေးယွီရယ်​မောလိုက်ကာ သူ၏ပါးနပ်လိမ္မာ​သော စဥ်းစားဥာဏ်​ကြောင့် သူ့ကိုယ်သူချီးကျူးလိုက်​လေသည်။

ရှီကျားမှာ အံစာတုံး​လေးကိုပွတ်သပ်လျက် ​ဖေးယွီအား အပြုံးမမည်​သော အပြုံးဖြင့် ကြည့်လာခဲ့သည်။ ခတ္တမျှအကြာသူကခံစားချက်မဲ့စွာဆိုလာ​လေသည်။

"ဆရာ​ဖေးကအ​တော်​လေး ​တွေး​ခေါ်တတ်တာပဲ​နော်"

​ဖေးယွီလက်ကိုယမ်းကာဆိုလာခဲ့သည်။

"သဘာ၀ကျပါတယ်..ဘာပဲဖြစ်ဖြစ်ငါက modouအဆင့်ဇယားမှာ အဆင့်၇ပဲကိုး"

​ပြောရင်းဆိုရင်း ​ဖေးယွီမှာ modouကိုပြန်သိမ်းလိုက်​လေသည်။ သူmodouကိုသိမ်းလိုက်လျှင် ​လေထဲတွင်​ပြော​နေ​သောအဆင့်ဇယားမှာ သာမာန်အရွယ်အစားသို့ ပြန်​ပြောင်းသွားခဲ့​လေသည်။ "ယဲ့ကျင်းကျီ"ဟူ​သော အမည်မှာ ​ကောင်းကင်​​ပေါ်ပြန်တက်သွားပြီး ​တောက်ပ​နေ​သော ​ရွှေ​ရောင်ကြယ်​လေးပြန်ဖြစ်သွားခဲ့​လေသည်။ ရှီကျားမှာ ကြယ်က​လေးကိုကြည့်​နေရာမှ​ခေါင်းကိုငုံ့မိချိန်တွင် ဆိုလာခဲ့သည်။

"အာ..ဆရာ​ဖေးကဘယ်လိုလုပ် အဆင့်၉​ကိုကျသွားတာပါလိမ့်"

​ဖေးယွီ​ခေါင်းကဒိုင်းခနဲလှည့်လာခဲ့ပြီး အချက်​ပေးသံများမြည်လာခဲ့​လေသည်။ အ​တော်ကြာပြီး​​နောက် ကျိန်ဆဲသံကိုကြားလိုက်ရ​လေသည်။

"ငလူး..ကျန်းထုံနဲ့ ကျန်းချုံပဲ ဒီ​မောင်နှမနှစ်​​ယောက် သရဲ​တွေအတူဖမ်း​နေကြပြန်ပြီထင်တယ်..ဘယ်လို​တောင်လုပ်ရဲတာလဲ..သူတို့အမြဲအတူ​ပေါင်းပြီး သရဲ​တွေလိုက်ဖမ်းကြတယ်..တ၀က်​လောက်ကြိုးစားရင်​တောင် ရလဒ်၂ဆဖြစ်​နေပြီ​လေ..တစက်​လေးမှမျှတမ​နေဘူး​နော်"

ရှီကျားက ထိုရွှမ်းရွှယ်ကမ္ဘာမှကိစ္စများကို စိတ်၀င်စားမ​နေခဲ့​ချေ။ ​ကောင်းကင်မှာ အလွန်​မှောင်မည်း​နေသည်ကိုမြင်​သော် Sမြို့​တော်ကို ​နောက်ဆုံးဘတ်စ်ကားကိုစီးရ​တော့မည်ဖြစ်​ကြောင်း​တွေးလိုက်မိသည်။ ထို့​ကြောင့်သူက​ဆေးရုံထဲပြန်သွားကာ ချန်း​ထောင်ကို နှုတ်ဆက်ရန်ပြင်လိုက်​လေသည်။ သူ​ခြေလှမ်းတစ်၀က်မျှပင်မလှမ်းလိုက်ရခင် ​နောက်မှမသက်မသာဖြစ်​နေ​သော အသံတစ်ခုကိုကြားလိုက်ရ​လေသည်။

"ရှီကျား..မင်း​ပြောတာ ငရဲဘုရင်ယဲ့ကမြို့​တော်ကိုမသွားခင် သူSမြို့​​တော်မှာ​နေခဲ့တယ်လို့​နော် ."

ရှီကျား​ခြေလှမ်းတို့တန့်သွားလျက် လှည့်ကြည့်လိုက်သည်။

"အင်း ဘာဖြစ်လို့လဲ"

"ငရဲဘုရင်ယဲ့​ပေါ်လာတတ်တဲ့​နေရာ​တွေက မ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေအများကြီးရှိတတ်တဲ့​နေရာ​တွေ​လေ...ငါလည်းSမြို့​တော်ကိုသွားချင်တယ်..အဲဒီမှာ အမှတ်​တွေအများကြီးရှိမှာ​သေချာတယ်..အဲ ငါ​ပြောချင်တာက..မ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေအများကြီးရှိမှာလို့...အခုက မတ်လရဲ့လ၀က်​​လောက်​ရောက်​နေပြီဆို​တော့modouအဆင့်ဇယား​ပေါ်က အပြိုင်အဆိုင်က အရမ်းကြမ်းနေပြီ..ငရဲဘုရင်ယဲ့က မင်းအတွက်မြို့​တော်ကိုထွက်သွားတာဆို​တော့ Sမြို့ကို ငါ့လက်ထဲအပ်ထားလိုက်..မ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေကိုဖယ်ရှားရတာက ငါတို့​ကောင်းကင်ဘုံးဆရာသခင်​တွေရဲ့တာ၀န်ပဲ..​ရှောင်လွှဲလို့မရဘူး"

ရှီကျား"....."

မင်းလျှာအခု​လေးတင် ခလုတ်တိုက်သွားတာ မသိလိုက်ဘူးလား...

မည်သို့ပင်ဆို​စေကာမူ ရှီကျားSမြို့ကိုပြန်ရန် ​နောက်ဆုံးဘတ်စ်ကား​ပေါ်သို့တက်ရာတွင် ဆရာ​​ဖေးမှာ ​မျက်နှာ​ပြောင်​ပြောင်နှင့်ပင် လိုက်တက်လာခဲ့​လေသည်။ လမ်းတစ်​လျှောက်တွင် ဆရာ​ဖေး၏ပါးစပ်မှာ ပိတ်မ​နေပဲ Sမြို့​တော်အ​ခြေအ​နေများကို တတွတ်တွတ်​မေး​နေခဲ့​လေသည်။ သူ​၏​ပြောပုံအရဆိုလျှင်...

"ငါ​နေလာတဲ့တစ်သက်လုံးကွာ Sမြို့​တော်ကိုတစ်ခါမှမ​ရောက်ဖူးဘူး..ငါကြားတာ​တော့ အရမ်းလှတဲ့မြို့ဆို..မင်းတို့ကျန်းနန်​ရေ​ပေါ်မြို့​တွေက သိပ်မဆိုးဘူး..​မြို့​ပေါ်မှ ​ကောင်းကင်ဘုံရှိတယ်လို့​ပြောကြတယ်​ရော..အဲဆို ​အောက်မှ မင်းတို့Sမြို့ရှိတာလား ဟား ဟား Sမြို့​တော်မှ အလှတရား​တွေအများကြီးပဲ​နော့်"

ရှီကျား သူ့ကိုဂရုစိုက်ရန်ပျင်းလွန်း​နေခဲ့​သော်လည်း သူက ရက်ပ်ရွတ်သလို တတွတ်တွတ်​ပြော​နေခြင်းကိုနား​​ထောင်ရခြင်းကလည်း အလွန်စိတ်ရှုပ်ဖွယ်​ကောင်းနေဆဲပင်။ ရှီကျားပါးစပ်ဖွင့်မည်ကိုပင်​စောင့်မ​နေခဲ့ပဲ ​ကြေးအံစာတုံး​လေးတစ်တုံးမှာ ရုတ်ချည်း​ဖေးယွီ​မျက်နှာ​ရှေ့သို့ပျံထွက်သွားကာ လူမိုက်တစ်​ယောက်မိုက်​ကြေးခွဲ​တော့မည့်နှယ် လှုပ်ခါပြလိုက်​လေသည်။

အတုအ​ယောင်ဆရာသခင်​လေး​ဖေးမှာ ထို​ကြေးအံစာတုံး​လေးကို မယုံနိုင်စွာကြည့်လျက် အသက်ပင်ရဲရဲမရှူ၀ံ့​တော့​ချေ။

ထို့​နောက်​ဖေးယွီမှာ ​ချောင်တွင်ကပ်သွားပြီး ရှီကျားထံဘာစကားတစ်ခွန်းမျှမဆိုရဲ​တော့​ချေ။

သူတို့Sမြို့ကို​ရောက်ချိန်တွင် ည၁နာရီ​တောင်ရှိ​နေခဲ့ပြီဖြစ်သည်။ ​ဖေးယွီမှာ ဤမြို့ကိုတစ်ခါမျှမ​ရောက်ဖူး​လေရာ ထိုညလယ်ကြီးတွင် ဘယ်ကိုသွားလို့သွားရမှန်းမသိခဲ့​ချေ။ သို့နှင့် သူကမျက်နှာကိုအ​ရေပိုထူ​စေလိုက်ပြီး ရှီကျား​နောက်မှပင် ခပ်တည်တည်နှင့်လိုက်လာပြီး တက္ကစီတစ်စီးတည်းအတူစီးလာခဲ့ကု​လေသည်။

အိမ်ရာ၀န်းအနီး​ရောက်ရှိချိန်တွင် ရှီကျားမှာ တက္ကစီ​ပေါ်မှဆင်းလိုက်​လေသည်။ ထို့​နောက် သက်ပြင်းအသာချလိုက်သည်။

"ဆရာသခင်​ဖေး ကျွန်​တော်တို့ကအရမ်းရင်းနှီးလို့လားဗျ"

​ဖေးယွီက ​ကြောင်​တောင်​တောင်​လေး​မေးလာခဲ့သည်။

"အင်..ငါတို့ကမရင်းနှီးဘူးလား"

ရှီကျား"..."

ဤ​စေးကပ်ကပ်သကြားလုံးကိုခွာမထုတ်နိုင်ဘဲ ရှီကျားမှာ အိမ်ရာ၀န်းထံ​လျှောက် တိတ်တဆိတ်​လျှောက်သွားခဲ့​လေသည်။ သူ၏​​ဘေးတွင်​တော့ ​​ဖေးယွီက တတွတ်တွတ်ဆို​နေဆဲပင်။ အိမ်ရာ၀န်း၏ ဂိတ်၀ကို​ခြေချလိုက်မိသည်နှင့် ရှီကျား၏ကိုယ်မှာ ရုတ်ချည်း​​အေးခဲသွားလျက် ​​ခေါင်းကို​မော့လျက် အ​မှောင်ထုကြီး၀န်းရံ​နေ​သော အိမ်ရာ၀န်းကြီးကိုကြည့်လိုက်မိ​လေသည်။

​ကောင်းကင်​ပေါ်မှ မှိန်ပျပျလရောင်မှာ သစ်ပင်များအုံ့ဆိုင်း​နေ​သော အိမ်ရာ၀န်း၏အ​မှောင်ထုကို မထိုး​ဖောက်နိုင်သ​လောက်ပင်။ လမ်း​ဘေး၂ဖက်လုံးမှ လမ်းမီးများကို သစ်ပင်များထံမှ သစ်ရွက်များကကွယ်​နေကြသည်။ ထိုသစ်ရွက်များကြားမှ ထိုးထွက်လာ​သော အလင်း​ရောင်အနည်းငယ်မျှကသာ ​လျှောက်လမ်းကိုအလင်း​​ပေး​နေခဲ့​လေသည်။ ​ရေခဲတမျှ​အေးစက်​​သော ည​လေပြည်ကတချက်တိုး​ဝှေ့လာလျှင် လူတစ်ကိုယ်လုံးကိုတုန်တက်သွား​စေသည်။ ​ထို​လေက အရွက်များကိုအချင်းချင်းတိုး၍ပွတ်တိုက်ကာ တရှဲရှဲသံများထွက်​ပေါ်လာ​စေသည်။ တိတ်ဆိတ်​သော အ​မှောင်ထုထဲ လျှို့၀ှက်ဆန်းကြယ်​နေ​စေခဲ့သည်။

အိမ်ရာ၀န်းတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်​နေလွန်း၍ ​​​ကျောချမ်းစဖွယ်​ကောင်း​စေသည်။

အိမ်တစ်အိမ်မှမီးလင်းမ​နေသလို အသံတစ်သံမျှလည်းကြားမ​နေခဲ့​ရချေ။

​ဖေးယွီ၏စကားသံကတဖြည်းဖြည်းရပ်တန့်သွားခဲ့သည်။ ထို့​နောက် သူ၏​ခေါင်းကိုလှည့်လျက် အိမ်ရာ၀န်းထံ ​လေးနက်​သောအမူအယာဖြင့်ကြည့်လိုက်​လေသည်။

​ည၁နာရီအချိန်၏ လ​ရောင်မှာ တိမ်များဆိုင်းလျက်
အိမ်ယာ၀န်းထဲ မှုန်မှိုင်းစွာဖြာကျ​နေခဲ့သည်။

ရှီကျား အိမ်ရာ၀န်းထဲ လှမ်းမိမိခြင်းမှာပင် တစ်ခုခုမှားယွင်း​နေသည်ကိုခံစားလိုက်ရ​လေသည်။

အိမ်ရာ၀န်း၏ ဤအခြမ်းမှာ လွန်ခဲ့​သော နှစ်အနည်းငယ်ကမှ ​ဆောက်လုပ်ပြီးစီးထားခြင်းဖြစ်သည်။ Sမြို့​တော်တွင်း ကျင်းတု​ရေကန်အနီးတွင်တည်ရှိကာ ​ဆောက်လုပ်မှုကမြန်ဆန်ကာ ​စျေးလည်းအမြင့်ဆုံးနီးပါးပင်ဖြစ်သည်။ အ​ပေါ်၇ထပ်​မြောက်မှစ၍ အ​ဝေး​ပြေးလမ်းမကြီးနှင့် ကျင်းတု​ရေကန်ကြီးအ​ပေါ် ​နေ​ရောင်အလင်းပြန်လျက် တလက်လက်​တောက်ပ​နေ​​သော ရှု​မျှော်ခင်းကိုခံစားနိုင်​လေသည်။ ထို့အပြင် ​ကျောင်းဧရိယာနှင့်လည်းနီး​လေသည်။ ရှီကျားသာ သူ၏အိမ်အ​ဟောင်းကိုဖြိုချခံရခြင်းမှ ​လျော်​​ကြေးရခဲ့ခြင်း​ကြောင့်သာမဟုတ်လျှင် သူသည်ဤသို့​နေရာမျိုးတွင် တိုက်ခန်းတစ်ခန်း၀ယ်ရန်တတ်နိုင်လိမ့်မည်မဟုတ်​ချေ။

နည်းပညာပန်းခြံနှင့်လည်းနီး​လေရာ ဤအိမ်ရာ၀န်းတွင်​နေထိုင်ကြသူ​တော်​တော်များများက ပရိုဂရမ်မာများဖြစ်ကြသည်။ ပရိုဂရမ်မာတစ်ဦး၏ လစာကမြင့်မား​သော်လည်း သူတို့က​နေ့စဥ်​နေ့တိုင်း အချိန်ပိုဆင်းရ​​​လေ့ရှိ​လေသည်။ ည၁နာရီကိုမဆိုထားနှင့် မနက်၃နာရီတွင်​တောင် အလုပ်မှ အိမ်ကိုပြန်လာ​သော ပရိုဂရမ််မာများလည်းတခါတရံရှိ​တတ်​လေသည်။ ဤမျှတိတ်ဆိတ်​နေရန်ကား မဖြစ်နိုင်​ချေ။ အသံတစ်သံမျှကိုပင် မကြားရခြင်းဖြစ်သည်။

ရှီကျား၏ မျက်ခုံးတို့တွန့်ချိုးသွားခဲ့သည်။ သူ၏​ဘေးတွင်မူ ​ဖေးယွီမှာ ​လေထဲတွင် အက္ခရာတစ်ခုကို​ရေးဆွဲလိုက်​လေသည်။ သူဆွဲသည့်အက္ခရာမှာ ယဲ့ကျင်းကျီ သူ့အိမ်တံခါးတွင် ဆွဲ​ပေးခဲ့သည့်တစ်ခုထက် များစွာမှိန်​ဖျော့​လေသည်။ ​နောက်ဆုံးတစ်ချက်ကိုဆွဲပြီးသည်နှင့် ​ဖေးယွီက အလယ်ကိုညွှန်လိုက်​လေသည်။ အံ့အားသင့်ဖွယ်​ကောင်းစွာပင် ထို​ရွှေ​ရောင်အလင်းမှာ အိမ်ရာ၀န်းတစ်ခုလုံးထံ လွင့်​မျောသွားခဲ့​လေသည်။

"သွား"

​နောက်ထက်အခိုက်အတန့်တစ်ခုတွင် ရှီကျား၏ မျက်ဆံများကျုံ့သွားခဲ့​လေသည်။ သူသည်အိမ်ရာ၀န်းတစ်ခုလုံးထံမှ ထွက်ကျလာ​သော အနက်​ရောင်ချီများကို တုန်လှုပ်စွာကြည့်​နေခဲ့မိသည်။

​ဖေးယွီကိုယ်တိုင်ပင်လျှင် ထိုသို့မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့​ချေ။ အိမ်ရာ၀န်း၏ ဤအခြမ်းမှာ မျက်နှာချင်းဆိုင် တိုက်တန်း၂ဖက်ရှိ​​နေကာ ​မြေညီထပ်ဧရိယာမှာ အလွန်ကျယ်​၀န်းလေသည်။ သို့​သော် လက်ရှိအခိုက်အတန့်တွင်မူ သိပ်သည်းပြီး ကြက်သီးထဖွယ်ယင်စွမ်းအင်များမှာ ထိုအိမ်ရာ၀န်းကြီးတစ်ခုလုံးအတွင်းတွန့်လိမ်ကာ ​ရွေ့လျား​နေကြခဲ့ကြသည်။

​ည​လေပြည်တစ်သုတ်က အပြင်ဘက်မှတိုက်ခတ်လာခဲ့သည်။ သို့​သော် အိမ်ယာ၀န်း၏ ဂိတ်သို့​ရောက်သည်နှင့် ထို​လေပြည်မှ ပြင်းထန်​သော ယင်စွမ်းအင်များထံမှ ​ခြောက်လှန့်ခံလိုက်ရသည့်အလား ပြန့်ကျဲသွားခဲ့​လေသည်။

​ဖေးယွီကဆိုလာခဲ့သည်။

"ဒီ​လောက်ပြင်းတဲ့ယင်စွမ်းအင်​တွေ..ရှီကျား ဒါမင်း​ကြောင့်လား..."

အိမ်ရာ၀န်းထဲ၀င်စဥ်ကပင် ရှီကျားသည်လည်း တစ်ခုခုပုံမှန်မဟုတ်ခြင်းနှင့် ယင်စွမ်းအင်အနည်းငယ်ကို ခံစားမိခဲ့​လေသည်။ ယခုယင်စွမ်းအင်တပုံကြီးကိုတပ်အပ်မြင်ရပြီး​နောက် သူကဆိုလာခဲ့သည်။

"ငါမဟုတ်ဘူး..လွန်ခဲ့တဲ့၂ရက် ငါထွက်လာတုန်းက ဒီလိုမဟုတ်ဘူး...​ဖေးယွီ ယင်စွမ်းအင်က ဘယ်နားမှာ အသန်မာဆုံးလဲဆိုတာ မင်းရှာနိုင်လား"

​ဖေးယွီသူ၏​ခေါင်းကိုခါလိုက်သည်။

"ဇစ်ရှီချိန်( ၁၁နာရီက​နေ ၁နာရီ) က ငရဲတံခါးပွင့်ပြီး​တော့ ကမ္ဘာ​ပေါ်ကိုယင်စွမ်းအင်အများဆုံးလျှံကျလာတတ်တဲ့အချိန်ပဲ...ငါ့ဆရာနဲ့ ငရဲဘုရင်ယဲ့သာဆို ဒီယင်စွမ်းအင်ရင်းမြစ်ကို မိုးမလင်းခင်ကျိန်း​သေရှာနိုင်တယ်..ငါ​က​တော့အဲ​လောက်မရဘူး..​နေထွက်တဲ့ချိန်ထိ​စောင့်..အဲလိုဆို ယင်စွမ်းအင်​တွေကသူ့အလိုလိုကျဲသွားပြီး ငါလည်းရင်းမြစ်ကိုရှာလို့ရပြီ"

****

စာ​ရေးသူမှာ​ပြောစရာရှိတယ်

လွန်​လေပြီး​သောအခါ...

ရှီကျား- ခင်များနာမည်ကိုတစ်​ယောက်​ယောက်​အော်​ခေါ်တဲ့အခါကြားနိုင်လား...

ယဲ့ကျင်းကျီ- အင်း

ရှီကျား: ဒါဆိုခင်များ အဟ အဟ အဟလုပ်​နေတုန်း တစ်​​ယောက်​ယောက်က ခင်များနာမည်ကို​အော်​ခေါ်လိုက်ရင် ခင်များညှိုးကျမသွားဘူးလား..

ယဲ့ကျင်းကျီ: .....


👻