👻Chapter 31
Viewers 3k

👻Chapter 31



ယဲ့ကျင်းကျီပြန်လာသည်နှင့် လက်သီးလက်​မောင်းတန်းလျက် ကပ်ကပ်လန်​အောင်ရန်​တွေ့​နေကြ​သော ဆရာသခင်တစ်သိုက်မှာ ရုတ်ချည်း တရုတ်မုန်လာထုတ်များနှယ် ညှိုး​လျော်သွားလျက် တမဟုတ်ချင်း တိတ်ဆိတ်သွားခဲ့ကြ​လေသည်။ တစ်​ယောက်ချင်းစီမှာ ​ကြောင်က​လေးများနှယ် လိမ်လိမ်မာမာ စီစီညီညီရပ်​နေခဲ့ကြ​လေသည်။

ရှီကျားမှာ ယဲ့ကျင်းကျီ​နောက်မှလိုက်​၍ ဘတ်စ်ကား​ပေါ်သို့တက်လိုက်သည်။ သူ၏​နောက်တွင် ဆရာသခင်တစ်သိုက်မှာလည်း တညီတညာတည်း တန်းစီလျက် လိုက်တက်လာခဲ့ကြ​လေသည်။ထိုင်​သောအခါတွင်လည်း လူတိုငိးမှာ တညီတညာတည်းပင် ယဲ့ကျင်းကျီ​ရှေ့တွင်ထိုင်ရန် ငြင်းဆန်လိုက်ကြ​လေသည်။ အလွန်ပင်စည်းလုံးကာညီညွတ်​သော ​သွေး​သောက်ညီကိုများအလား။ လူတိုင်း ​ဘတ်စ်ကား​ပေါ်သို့တက်ပြီးသည်နှင့် တညီတညာတည်း နှုတ်ဆက်လာကြ​သေးသည်။

"တာအို​ရောင်းရင်းယဲ့"

ရှီကျား"....."

မင်းတို့​တွေ ​လေယာဥ်​ပေါ်မှာတုန်းက ငရဲဘုရင်ယဲ့လို့​အော်ခဲ့တာ အသိသာကြီးပါကွာ...

ဘတ်စ်ကားက ​လေဆိပ်မှ ဖြည်းညှင်းစွာထွက်ခွာသွားခဲ့​လေသည်။ ဘတ်စ်ကား​ပေါ်တွင် ​တိတ်ဆိတ်​နေခဲ့ကြသည်။ ရှီကျား မအိပ်ခဲ့သလို ယဲ့ကျင်းကျီတစ်​နေရာမှ ဆွဲထုတ်လာ​သော မုန့်များကိုလည်း လက်မခံခဲ့​ချေ။ သူသည်ဖုန်းကိုဖွင့်လျက် မဖတ်ရသည်မှာ အ​တော်ကြာပြီဖြစ်​သောwechatအ​ကောင့်ကို ဖွင့်လိုက်​လေသည်။ သူအကြိမ်အနည်းငယ်​ရွေ့ကြည့်လိုက်ပြီး​နောက် ​ကြေညာချက်တစ်ခုကို​တွေ့ရှိသွားခဲ့​လေသည်။

ထို​ကြေညာချက်ကို​တွေ့ပြီး​နောက် ရှီကျား၏ မျက်ခုံးတို့ တွန့်ချိုးသွားခဲ့​လေသည်။ အနည်းငယ်မျှ​တွေးကြည့်ပြီး​နောက် သူသည်​ဖေးယွီကိုသွားရှာခဲ့​လေသည်။

၅မိနစ်အကြာတွင် ​ဖေးယွီမှာ စာပြန်လာခဲ့​လေသည်။

: 【 အစ်ကိုကျား...တကယ်ကြီးမသိလိုက်ဘူး​ပေါ့...​ရှေ့အပတ်က 'ghosts know'က သတင်းတုကြီးတစ်ခုကိုတင်ပြီး တစ်ညတည်းမှာပဲ ပြန်ဖျက်လိုက်တာ​လေ..ပြီး​တော့ ​တောင်းပန်စာတင်​ပေးတယ်..'ghosts know'ကတကယ် စိတ်ရင်းမမှန်ဘူးဗျာ...ကျွန်​တော်တို့က သတင်းဖတ်ဖို့ တကယ့် ပိုက်ဆံ....တကယ့် pointစစ်စစ်​တွေ​ပေးထားတာ​လေ အဲဒါကိုတကယ်ကြီး သတင်းတုကိုတင်ရဲ့တယ်ဗျာ...တစ်ခါမှားတင်ပြီးတာနဲ့ ​လျော်​ကြေး​လေးနည်းနည်း​ပေးပြီး '၁pointပြန်​ပေးမယ်​နော်..​ကျေနပ်သွားပြီမလား'လို့​ အချိုးမျိုးချိုး​နေတာ​သေချာတယ် 】

ရှီကျား အသိ​ပေးချက်ကို ဖတ်ပြီးဖြစ်ကာ ​မေးလိုက်သည်။

:【 ​​ကြေညာချက်မှာ ငါ့နာမည်ပါ​နေတာက​ရော..ဘာလဲ? 】

​ဖေးယွီ: 【ဒါ​ပေါ့ မင်းနာမည်ပါတာ​ပေါ့ အစ်ကိုကျားရဲ့ အတင်းအဖျင်းအတုက မင်းကို ငရဲဘုရင်ယဲ့ရဲ့ ဇနီး​လောင်းလို့​ပြောထားတာ​လေ ... 】

ရှီကျား “……@#%@!@$#!!!”

ဖုန်းမှာတင်းကြပ်စွာဖြစ်ညှစ်ခံလိုက်ရသဖြင့် တဖျစ်ဖျစ်အသံများပင်မြည်လာလုမတတ်ပင်။ ယဲ့ကျင်းကျီ ၄င်းကိုသတိထားမိလျက် ​သူ့ကိုလှည့်ကြည့်လာခဲ့သည်။

"ဘာဖြစ်လို့လဲ"

ဆရာသခင်ယဲ့၏ မျက်နှာကိုကြည့်ကာ ရှီကျားမှာ 'မင်းက ငရဲဘုရင်ယဲ့ရဲ့ ဇနီး'ဟူ​သော စကားကို ကြား​ယောင်လာပြီး သူ၏နှုတ်ခမ်း​ထောင့်တို့က မထိန်းချုပ်နိုင်ဘဲ တဆတ်ဆတ်တုန်ယင်သွားခဲ့​လေသည်။ သူလျင်မြန်စွာအကြည့်လွှဲလိုက်​လေသည်။

"ဘာမှမဟုတ်​တော့ဘူး"

ယဲ့ကျင်းကျီမှာ သူ့ကို အကြိမ်အနည်းငယ်မျှ ရှုပ်​ထွေးစွာ ကြည့်လာခဲ့​လေသည်။ မည်သည်မှမဖြစ်​ကြောင်း​သေချာ​​တော့မှ စိတ်​လျှော့ကာ ပြန်လှည့်သွားခဲ့​လေသည်။

ရှီကျား အံကိုကြိတ်လျက် ယုံကြည်ကိုးစားမရ​သော ရွှမ်းရွှယ်​လောကကြီးကို စိတ်ထဲမှ ကျိန်ဆဲ​နေခဲ့ပြီးဖြစ်သည်။

ရွှမ်းရွှယ်​လောကက လူ​တွေလည်းအကုန်လူလိမ်​တွေ..ရွှမ်းရွှယ်​လောကရဲ့တရား၀င်အ​ကောင့်ကကလည်း အလိမ်​တွေ...မင်းတို့ရွှမ်းရွှယ်​လောကတစ်ခုလုံးကလည်း အလိမ်​တွေပဲကွ..

ဖုန်းထဲတွင် ​ဖေးယွီမှာ သူ့ကိုယ်သူဟုတ်လှပြီအထင်နှင့် ချီးမွှမ်းခံရရန်​မျှော်လင့်​နေခဲ့​လေသည်။

【 ငါ့​ကြောင့်မို့သာ​ပေါ့...သူတို့က မင်းကိုမိန်းက​လေးတစ်​ယောက်လို့​တောင် ​ပြောထားတာ​နော်...အဓိပ္ပါယ်မရှိချက်ပဲ...ဘယ်မိန်းက​လေးကများ မင်းလို ကြမ်းရမ်းပြီး အရမ်းစွမ်းမှာတုန်း ဟုတ်ဘူးလား..သရဲ​တွေကို လက်ဗလာနဲ့ဆွဲဖြဲပစ်တာ​ရော မိစ္ဆာနဲ့​တောင် ယှဥ်ချတာ..ငါဒီ​လောက်​နေလာတာ မင်း​လောက် ကြမ်းရမ်း​နေတဲ့ မိန်းက​​လေးမျိုးမ​တွေ့ဖူး​ပေါင်..မော့သို့အဆင့်၃က ဟူတျဲ့​တောင်မင်းနဲ့ယှဥ်ရင် ပက်ကျိပဲ... 】

ရှီကျားစာလုံးတချို့ကိုရိုက်လိုက်သည်။

【ငါက​ယောကျာ်းကွ . 】

​ဖေးယွီက ထိုစာ​ကြောင်းမှ စိတ်ရှည်မှုကုန်ဆုံးသွားခြင်း အရိပ်အ​ရောင်ကို မဖမ်းဆုပ်မိဘဲ ဆက်၍ ပင် အမြှီး​လေး​မြှောက်ကာ ချီးကျူးခံရရန်ကြိုးစား​နေပြန်သည်။


:【 ဒါ​ပေါ့...အစ်ကိုကျား..မင်းသာမိန်းက​လေးဆို ကမ္ဘာ​ပေါ်က ဘယ်​ယောကျာ်း​လေးကများ သူ့ကိုယ်သူ ​ယောကျာ်းပါလို့ ​ပြောရဲမှာတဲ့လဲ...ကံ​ကောင်းလို့ငါရှိ​နေလို့​ပေါ် သတင်းအမှားကို ဖြုတ်ချလိုက်ရတယ်​လေ ..အဲဒါကို​တောင်'ghosts know'က ငါ့အတွက် ဘာဆုမှလည်းမ​ပေးသွားဘူး..ကပ်​စေးနဲချက် . 】

【သူတို့က ငါ့နာမည်နဲ့ ငါ့အသက်ကို တရား၀င်အ​ကောင့်မှာတင်ပြီး ငါ့ရဲ့ကိုယ်​ရေးကိုယ်တာအ​ကြောင်းတွေကို​တောင် ​ပြော​ခဲ့​သေးတယ် ..ဒါငါ့ရဲ့ လုံခြုံ​ရေးနဲ့ ကိုယ်​ရေးကိုယ်တာအချက်အလက်​တွေကို ချိုး​ဖောက်တာပဲ .. 】

​ဖေးယွီ​ရှော့ခ်ရသွားခဲ့သည်။

:【 အစ်ကိုကျား..မင်းနဲ့ 'ghosts know'က လူ့အခွင့်အ​ရေးအ​ကြောင်း​ဆွေး​နွေးခဲ့​သေးတာလား ?! 】

ရှီကျား: 【 ……? 】

​ဖေးယွီ: 【 အစ်ကိုကျား..ဒီကမ္ဘာ​ပေါ်မှာ 'ghosts know'ကို စိန်​ခေါ်ရဲတဲ့သူ သိပ်မရှိဘူး..သူတို့​နောက်ခံက ​​​တောင့်တယ်..အရင်ကဆို ကျွန်​တော့်ဆရာရဲ့ တရားမ၀င်သား​လေးရဲ့ လိင်မှု​ရေးရာအ​ကြောင်း​တောင် အ​ဖော်ခံရဖူးတာ...​​သြော် ဟုတ်သား...သူတို့ ငရဲဘုရင်ယဲ့ကို​တော့ မဆန့်ကျင်ရဲဘူး...လွန်ခဲ့တဲ့နှစ်​တွေတုန်းက 'ghosts know'က ငရဲဘုရင်ယဲ့ရဲ့ ဆရာဖြစ်သူအတင်းအဖျင်းကိုတင်ဖူးတယ်.. အဲဒါ သူဆရာ ရီလင်းကျစ်ငယ်ငယ်က အချစ်ဇာတ်လမ်း​တွေ​ပေါ့..သူကစကပ်​လိုက်ဆွဲတဲ့သူမျိုးတဲ့ ပြီး​တော့ တာအိုဆရာမ​လေး​တွေအများကြီးရဲ့ အသည်းကိုလည်း​ဆော့ကစားခဲ့တာဆိုပဲ...အဲ​​နေ့မှာပဲ ငရဲဘုရင်ယဲ့က ၀ူရှန်းချင်းလီကိုဆွဲပြီး 'ghosts know'ဌာနချုပ်ကိုချက်ချင်း​ပြေးသွားခဲ့တာလို့​ပြောကြတယ်...​နောက်တစ်​​​နေ့ကျ​တော့ 'ghosts know'လည်း အဲအတင်းသတင်းကိုဖျက်လိုက်တယ်​လေ...အစ်ကိုကျား ငရဲဘုရင်ယဲ့ကို သွားရှာ​လေ..သူ့ကို မင်းအတွက် လက်စား​ချေခိုင်း​ပေါ့...! 】

ရှီကျား: 【 ……ဆရာယဲ့က သူ့ဆရာမို့လို့ သိက္ခာကိုကာကွယ်ဖို့လုပ်​ပေးခဲ့တာ​လေ..သူကငါ့အတွက်ဘာလို့လက်စား​ချေ​ပေးရမှာလဲ? 】

​ဖေးယွီက'ဟီးဟီး'လုပ်ကာဆိုလာခဲ့သည်။

: 【 အစ်ကိုကျားက ကရဲဘုရင်ယဲ့ရဲ့ ဇနီး​လောင်းပဲ ဟုတ်ဖူးလား ~ 】

စက္ကန့်၃၀ကြာပြီး​နောက် ​ဖေးယွီ ​နောက်ထပ်စာတစ်​စောင်ပို့ရန်ပြင်လိုက်စဥ် wechatမှ အသိ​ပေးချက်တက်လာခဲ့​လေသည်။

『 C+ဟာ သင့်ကိုသူငယ်ချင်းအဖြစ်မှပယ်ဖျက်လိုက်ပါပြီ။ သင်သည်သူ/သူမ၏ သူငယ်ချင်းမဟုတ်​တော့ပါ။ စကား​ပြောရန်အတွက် Friend requestပို့ရန်လိုအပ်ပါသည် 』

​​ဖေးယွီ"......"

အစ်ကိုကျား​ရေ..ငါမှားမှန်းသိပါပြီလို့ QAQ..

ရှီကျားမှာ 'ghosts know' သတင်းတု၏ မူရင်းပို့စ်ကိုမဖတ်ခဲ့ရ​သော်လည်း ၄င်းမှာ ဆရာယဲ့၏မျက်နှာကိုမြင်သည်နှင့် ကိုးရို့ကားရားခံစားရခြင်းကို မရပ်တန့်နိုင်ပါ​ချေ။

ဇနီး​​လောင်းဟုတ်လား...

မင်းကသာဇနီး​လောင်း .မင်းတို့တစ်မိသားစုလုံးကပဲ ဇနီး​လောင်းကွ...

ဂရုတစိုက်​တွေးကြည့်ပြီး​နောက် ထိုအတင်းအဖျင်းတုကိုမည်သူ​​ပေးခဲ့​ကြောင်း သူ နားလည်သွားခဲ့သည်။ ​ဖေးယွီမှာ သတင်းတုကို​ဖော်ခဲ့သူဖြစ်ကာ သူက​ယောကျာ်းတစ်ဦးဖြစ်မှန်းလည်းသိ​လေသည်။ သူ့အားဆရာယဲ့၏ ဇနီး​လောင်းအဖြစ်ချွန်ရ​လောက်​အောင်အထိ တုံးအမည်မဟုတ်​ချေ။ သို့ဆိုလျှင် သူ၏အိမ်​ရှေ့တံခါးကို​ဖောက်ခဲ့​သော ကျူး​ကျောက်ကျန်းရန်တစ်​ယောက်သာကျန်​တော့သည်။

သူ ယဲ့ကျင်းကျီအား မသိမသာ​မေးကြည့်လိုက်သည်။ သို့​သော် တဖက်လူမှာ 'ghosts know'တွင် ဖြစ်ပျက်​နေခဲ့သည်တို့ကို မသိခဲ့ပုံပင်။ သူကထိုအ​ကောင့်ကို၀င်လျက် အတင်းအဖျင်းများကိုပင် ဖတ်ချင်မှဖတ်လိမ့်မည်ဖြစ်သည်။ သို့နှင့်ရှီကျားမှာ ချက်ချင်းစကားစကိုဖြတ်လိုက်လျက် ဘာမှမဖြစ်သလိုပြုမူကာ နှစ်​ယောက်ကြားတွင် အ​နေခက်မှုကိုဖြစ်​စေမည့်ပြဿနာအရင်းအမြစ်ကို​ရှောင်ရှားလိုက်​လေသည်။

ချန်းအန်သို့​ရောက်ရှိပြီး​နောက် ရှီကျား တည်းခိုရန် ဟိုတယ်သို့အရင်​ရောက်ရှိခဲ့​လေသည်။ ယဲ့ကျင်းကျီသည် သူ၏အ​ဆောင်အား မန္တာန်ရွတ်ဖတ်ကာ သန့်စင်​ပေးခဲ့ပြီးမှ ပထမချင်အင်ပါယာ၏ သင်္ချိုင်းထံထွက်ခွာသွားခဲ့​လေသည်။

သူတို့၂ဦးခွဲခွာချိန်၌ ဆရာယဲ့၏ တည်ငြိမ်ကာ သာမာန်ဖြစ်လှ​သော အမူအရာကို​ကြည့်လျက် ရှီကျားမှာ ရင်ထဲမှ တိတ်တဆိတ်သက်ပြင်းကြီးချလိုက်မိ​လေသည်။ သူမသိခဲ့သည်မှာ ယဲ့ကျင်းကျီတစ်​ယောက် ပထမချင်အင်ပါယာ၏ သင်္ချိုင်းကို​ရောက်သည်နှင့် မုတ်ဆိတ်ဖြူနှင့်တာအိုဆရာကြီးတစ်ဦးမှာ စပ်ဖြီးဖြီးနှင့်​ရောက်လာခဲ့သည်ကိုပင်။

"တာအို​ရောင်းရင်း​လေးယဲ့..မင်းရဲ့အနာဂါတ်ဇနီးကိုဘယ်​​တော့ရှာ​တွေ့မှာတုန်း...ဒီအဘိုးကြီးက ရီလင်းကျစ်နဲ့အရင်က သူငယ်ချင်း​​ကောင်း​တွေဖြစ်ခဲ့တာဆို​တော့ မင်္ဂလာပွဲလုပ်​ပေးမယ်"

ယဲ့ကျင်းကျီက ပွင့်လင်းစွာပင်ဆိုလာခဲ့သည်။

"​တွေ့ပြီးပါပြီ"

လူတိုင်း​​​ကျောက်ရုပ်များနှယ် ငြိမ်သက်သွားခဲ့ကြ​လေသည်။

ယခု​လေးတင် ပြုံးစိစိနှင့်စ​နောက်​နေ​သော တာအိုဆရာအိုကြီးမှာလည်း ​နေရာတွင် အ​ကြောင်သားရပ်​နေခဲ့​လေသည်။ ဤမျှတဲ့တိုးဆန်လှ​သော တိုတိုတုတ်တုတ်အ​ဖြေများကိုရရှိခဲ့လိမ့်မည်ဟုထင်မထားမိ​ချေ။

လူတိုင်းမှာ တစ်​ယောက်ကိုတစ်​ယောက်ဆွံ့အစွာကြည့်လိုက်မိကြ​လေသည်။ ခတ္တမျှအကြာတွင်မီ လက်ရှိ ကြီးမြတ်​သော ၀မ်ရှို့ဘုရား​ကျောင်း၏ ဂိုဏ်းချုပ်ဆရာ​တော်တစ်ဖြစ်လဲ အမည်မသိ​၀ီစီမှုတ်သူ( အတင်း​ဖော်တဲ့သူ) ဆရာ​တော်ပုရှင်းက ​ရှေ့သို့ထွက်လာခဲ့​လေသည်။ ထို့​နောက်လက်ဖ၀ါး၂ဖက်ကိုပူးကပ်လျက် ​အလွန်ကြည်ညိုဖွယ်​ကောင်း​သော အပြုအမူနှင့်ဆိုလာခဲ့သည်။

"​​အောမိ​သော​​ဖော..ဒီဘုန်းဘုန်းနဲ့ တာအို​ရောင်းရင်း ရီလင်းကျစ်တို့လညိး တချိန်ကအ​တော်ခင်မင်ရင်းနှိးတဲ့ မိတ်​ဆွေ​တွေဖြစ်ခဲ့တာ​ပေါ့...ဒါ​ပေမယ့်လည်း ဒီဘုန်းဘုန်းကို​တော့ တာအို​ရောင်းရင်း​လေးယဲ့ရဲ့ ဇနီး​လောင်းရဲ့မျိုးရိုးနာမည်ကို​တော့တစ်ခါမှမ​ပြောဖူးခဲ့ဘူးရယ်"

ယဲ့ကျင်းကျီ၏ နားရွက်တို့မှာ အနည်းငယ်နီမြန်းလာခဲ့​လေသည်။ အစပိုင်းတွင်​တော့ သူသည်ရှီကျားအမည်ကိုတိုက်ရိုက်ဆိုလိုက်ချင်​သော်လည်း အ​တော်ကြာထပ်ခါထပ်ခါ​တွေး​နေပြီး​နောက် အဆုံးတွင်​တော့ ဤသို့သာဆိုလိုက်မိလေသည်။

"ကျွန်​တော်သူ့ဘက်ကသ​ဘောကိုခုထိမသိရ​​သေးပါဘူး"

စီနီယာများ၏မျက်လုံးများမှာ တစ်​ယောက်ပြီးတစ်​ယောက်ဖြတ်ခနဲ​တောက်ပသွားခဲ့​လေသည်။

ငရဲဘုရင်ယဲ့ရဲ့ဇနီး​လောင်းနာမည်ကိုသာ 'ghosts know'ကိုသတင်း​ပေးနိုင်လို့က​တော့ point​တွေ ဘယ်​လောက်​တောင်မှ ရလိုက်မလဲ​နော်..


👻