👻Chapter 30
Viewers 3k

👻Chapter 30



ရှီကျား​မေးလိုက်သည်။

"ပထမအင်ပါယာရဲ့ သင်္ချိုင်း..ပထမချင်အင်ပါယာရဲ့ ဂူသင်္ချိုင်းကို​ပြောတာလား..."

"အင်း .."

"ပထမချင်အင်ပါယာရဲ့ သင်္ချိုင်းကို ဘယ်တုန်းကမှရှာမ​တွေ့ခဲ့ဘူးလို့ ​ပြောထားတာမဟုတ်လား"

ယဲ့ကျင်းကျီကဆိုလာသည်။

"လွန်ခဲ့တဲ့ နှစ်​ပေါင်း ၃၂၁​လောက်က ပင်းကျစ်နှစ် ​နွေဦးမှာ ထျန်းကျိ​ကျောင်းကစီနီယာတစ်​ယောက်က ငရဲပြည်၁၈ထပ်​လောက်အထိ အငြိုးစွမ်းအင်ပြင်းတဲ့ မ​ကောင်းဆိုး၀ါး၀ိညာဥ်က ချန်းအန်မှာ​ပေါ်လာလိမ့်မယ်လို့ကံကြမ္မာဖတ်မိခဲ့တယ်..​ပြီး​တော့ ရွှမ်းရွှယ်​လောကရဲ့ကျွမ်းကျင်သူ​တွေစုပြီး ချန်းအန်မှာ ၀ိညာဥ်​တွေလိုက်ဖမ်းရ​တော့တာ​ပေါ့.. အဲတုန်းက ရွှမ်းရွှယ်​လောကက လူ၃၆​ယောက်ကို ဆုံးရှုံးခဲ့ရတယ်...ကျန်တဲ့သူ​​တွေက​တော့ သင်္ချိုင်းဂူက​နေလွတ်လာတဲ့၀ိညာဥ်​တွေ ပြိုကွဲသွားတဲ့အထိ တိုက်ခိုက်ခဲ့ကြတယ်​လေ..ပထမချင်အင်ပါယာရဲ့ သင်္ချိုင်းကလည်း​ပေါ်လာပြီးမှ ​မြေ​အောက်ကို ပြန်မြုပ်သွားခဲ့တယ်။

ရှီကျားမှာ ၄င်းကိုနား​ထောင်ပြီး​နောက် ​ကြောင်အသွားလျက် သူ့နားကိုပင်သူမယုံနိုင်ခဲ့​ချေ။

ချင်အင်ပါယာရဲ့ဂူသင်္ချိုင်းက လွန်ခဲ့တဲ့နှစ်​ပေါင်း၃၀၀​ကျော်ထဲက ရှာ​တွေ့ပြီးပြီ​ပေါ့...

ယဲ့ကျင်းကျီကဆက်​ပြောလာခဲ့သည်။

"အဲဒီနှစ်​ပေါင်း၃၀၀​ကျော်အတွင်း ရွှမ်းရွှယ်​လောကရဲ့ဘယ်သူကမှ ပထမချင်အင်ပါယာရဲ့ သင်္ချိုင်းထဲကို မ၀င်နိုင်ခဲ့ဘူး.. ပထမချင်အင်ပါယာရဲ့ သင်္ချိုင်းထဲမှ မြှုပ်နှံခံထားရတဲ့သူ​တွေက ​မောင်းမ၃၀၀၀​ထောင်နဲ့ စစ်တပ်တစ်ခုလုံးပဲ..အဲဒီအချိန်တုန်းက အဲဒီ၀ိညာဥ်စစ်တပ်က ရွှမ်းရွှယ်​လောကရဲ့ ထိပ်တန်းဆရာသခင်​တွေကို ရှင်းပစ်နိုင်​တော့မလို့ပဲ...အဲဲဒီ​နောက်ရွှမ်းရွှယ်​​လောကကသူ​တွေအကုန်စု​ပေါင်းပြီး ပထမချင်အင်ပါယာရဲ့ သင်္ချိုင်းကိုအတားအဆီးချထားခဲ့ကြတယ်..အခု​လေးတင်တစ်ခုခုက အဲဒီအတားအဆီးကို ​ဖောက်ထွက်ပြီး​ပြေးသွားခဲ့တာ"

"တစ်ခုပဲလွတ်သွားတာလား..အမြှုပ်ခံထားရတဲ့စစ်တပ်တစ်ခုလုံးမဟုတ်ဘူး​ပေါ့"

ယဲ့ကျင်းကျီ​ခေါင်းကိုခါလိုက်​လေသည်။

"တစ်ခုတည်းပဲ"

ရှီကျားမှာ သူ၏ထိန်းချုပ်ထား​သော သက်ပြင်းရှည်ကြီးကိုမှုတ်ထုတ်လိုက်​လေသည်။

ထိုကိစ္စမှာ သူ့နှင့်မသက်ဆိုင်ပါ​သော်လည်း ထိုပထမအင်ပါယာ၏ သင်္ချိုင်းမှာ ယဲ့ကျင်းကျီ​ပြောသကဲ့သို့အမှန်တကယ် စွမ်းအားကြီးပါက ထိုစစ်တပ်ကြီးတစ်ခုလုံးသာလွတ်လာခဲ့လျှင် ကမ္ဘာကြီးကို ​ကျွမ်းပြန်​အောင် လှန်ပစ်နိုင်မည်လား မ​သေချာ​ချေ။

သို့​သော် ယဲ့ကျင်းကျီက တင်းမာစွာဆိုလာခဲ့သည်။

"လွတ်သွားတဲ့ဟာက စစ်သား​လေးတစ်​ယောက်ရဲ့ ၀ိညာဥ်ပဲဆိုရင်ပြဿနာမဟုတ်ဘူး..ဒါ​ပေမယ့် လွတ်သွားတဲ့ဟာက စွမ်းအားကြီးတဲ့တစ်ခုခုသာဆိုရင်​တော့ .."

ရှီကျားမှာ ရုတ်တရက် အံ့အားသင့်သွားခဲ့​လေသည်။

"ပထမချင်အင်ပါယာ ဧကရာဇ်ကိုယ်တိုင်လား"

ယဲ့ကျင်းကျီမှာ ​ခေါင်းကိုခါလိုက်​လေသည်။

"ကိုယ်လည်းမသိဘူး"

ရှီကျားမှာ ပုံမှန်အားဖြင့် သူများတကာ အ​ရေးတွင် ၀င်မပါတတ်​ချေ။ သို့​သော်ဤသည်မှာ လူသားမျိုးနွယ်ဆက်လက်တည်ရှိ​ရေး၏ ခြိမ်း​ခြောက်မှုကြီးဖြစ်​နေခဲ့​လေသည်။ ထို့​ကြောင့် သူ့အတွက်လည်း အ​ရေးကြးသည်ဟု ယူဆ​လေသည်။

"ဆရာယဲ့ ခင်များအမြန်သွားသင့်တယ်..ကျွန်​တော်တရား၀င်အ​ကောင့်ကတင်ထားတာ​တွေ့လိုက်တယ်..မော့သို့အဆင့်၁၀၀ထဲကလူ​တွေအကုန်လာရမယ်တဲ့"

ယဲ့ကျင်းကျီမှာ​ခေါင်းကိုညိတ်လိုက်​သော်လည်း ရှီကျားကိုကြည့်လိုက်ပြီး မလှုပ်ရှားခဲ့​ချေ။

ရှီကျား"....?"

သူတို့၂ဦးမှာတစ်​ယောက်ကိုတစ်​ယောက် ၅မိနစ်မျှ စိုက်ကြည့်​နေခဲ့ကြသည်။ ရှီကျားမှာ မ​မေးပဲမ​နေနိုင်ခဲ့​ချေ။

"ဆရာယဲ့မသွား​သေးဘူးလား"

ယဲ့ကျင်းကျီမှာ သူ့ကိုကြည့်လျက် ဆိုလာခဲ့​လေသည်။

"မင်းသွားဖို့အတွက် အထုပ်အပိုးပြင်ရဦးမယ်မဟုတ်ဘူးလား "

ရှီကျား"အာ...?"

ယဲ့ကျင်းကျီကဆိုလာခဲ့သည်။

"၂၆ရက်ကျန်​သေးတယ်​လေ..ကိုယ်အ​ဆောင်ကိုဆက်ပြီးသန့်စင်​ပေးမှရမယ်..မင်းချန်အန်မှာ​အရင်နေခဲ့လို့ရတယ်..ကိုယ်အင်ပါယာသင်္ချိုင်းက​နေ​ ​နေ့တိုင်းပြန်လာပြီး မင်းအတွက်အ​ဆောင်ကိုသန့်စင်​ပေးမယ်..တစ်ရက်မှလွတ်သွားလို့မဖြစ်ဘူး"

ရှီကျား"....."

ဟိုင်ချန်းနှင့်အလွန်နီးကပ်လွန်း၍ Sမြို့တွင် ​လေဆိပ်မရှိ​ချေ။ Sမြို့မှလူတိုင်းမှာ ဟိုင်ချန်း​လေဆိပ်သို့ အမြန်ရထားစီးကြသည်။ သို့​သော် ယ​နေ့တွင် ရှီကျားမှာ Sမြို့​တော်၏ ဂန္ဒ၀င် တပ်ပိုင်​လေဆိပ်ကြီးကို ပထမဆုံးအကြိမ်​တွေ့လိုက်ရ​လေသည်။

ရှီကျားနှင့် ယဲ့ကျင်းကျီတို့ တပ်ပိုင်​လေဆိပ်ကို​ရောက်သည်နှင့် ​လေယာဥ်ငယ်တစ်စီးမှာ အသင့်​စောင့်ဆိုင်း​နေပြီးဖြစ်သည်။ ယူနီ​ဖောင်း၀တ်ဆင်ထား​သော စစ်သား​လေး၂ဦးမှာ သူတို့ထံ​လျှောက်လာပြီး အမည်ကို​မေးလာခဲ့သည်။ ရှီကျား အတည်​ပေါက်အမူအယာနှင့် သူ၏အမည်ထုတ်​ပြောလိုက်ပြီး သူ၏​ဘေးမှယဲ့ကျင်းကျီမှာလည်း သူ၏အမည်ကိုထုတ်​ပြောလာခဲ့သည်။

"ယဲ့ကျင်းကျီ"ဟူ​သော အမည်ကိုကြားသည်နှင့် စစ်သား​လေး၂ဦး​မှာ ရုတ်ချည်း ​ခေါင်းကိုပြိုင်တူလှည့်လာပြီး ဆရာယဲ့ကိုကြည့်လိုက်ကြလသည်။

ယဲ့ကျင်းကျီမှာသူ၏ဖုန်းကိုထုတ်ယူလျက် 'ghosts know'တရား၀င်အ​ကောင့်ကိုဖွင့်လျက် ထိုစစ်သား​လေး၂ဦးကိုပြလိုက်​လေသည်။ ရှီကျားမှာ မျက်ခုံး​လေးအသာပင့်လျက် သူသည်လည်း ယဲ့ကျင်းကျီနှင့်တစ်ပုံစံထဲပင် လိုက်လုပ်ကာ ဖုန်းကို​ထောင်ပြလိုက်​လေသည်။

စစ်သား​လေး၂ဦးမှာ ​ဘေးကိုဖယ်လိုက်ကြပြီး အရိုအ​သေ​ပေးလျက် သူတို့၂ဦးအားဖြတ်သွားခွင့်​ပေးလိုက်ကြသည်။

ရှီကျားလှည့်ကြည့်လိုက်လျှင် ထိုစစ်သား​လေး၂ဦးမှာ ယဲ့ကျင်းကျီ၏​ကျောပြင်ကို​ငေးကြည့်​နေခဲ့ကြကာ သူတို့ဘာကိုကြည့်​နေခဲ့ကြမှန်း မ​သေချာ။

"ချန်းအန်ကနည်းနည်း​ဝေးတယ်..အလျင်လို​နေတဲ့အချိန်ဆို ​လေယာဥ်စီးလိုက်တာပို​ကောင်းတယ်​လေ"

၄င်းကိုကြားလျှင် ရှီကျား အကြည့်ကိုရုတ်လျက် ဆိုလာခဲ့သည်။

"​လေယာဥ်က​တော့ အမြန်ရထားထက် ကျိန်း​သေပိုမြန်တာ​ပေါ့"

ယဲ့ကျင်းကျီမှာ တန့်သွားခဲ့​လေသည်။

"မဟုတ်ဘူးကိုယ်က ပျံသွားတာထက် ​လေယာဥ်ကနည်းနည်းပိုမြန်တယ်​ပြောတာ"

ရှီကျားကသူ့အားပြန်​မေးလာခဲ့​လေသည်။

"ကျွန်​တော်တို့အခုပဲ ပျံသွား​တော့မှာမဟုတ်ဘူးလား"

ယဲ့ကျင်းကျီမှာ အမှန်တကယ်ရှင်းပြနိုင်ရန်​မျှော်လင့်မိ​သော်လည်း သူတို့၂ဦးလုံးမှာ ​လေယာဥ်​ပေါ်သို့တက်နှင့်ကြပြီဖြစ်​လေသည်။ အတွင်းမှ တညံညံနှင့်စကားများ​နေသံအကုန်တိတ်ကြသွားခဲ့​လေသည်။ ထို့​နောက် စူးရှ​သောအသံတစ်ခုကိုကြားလိုက်ရ​လေသည်။

"ငလူး..ငရဲဘုရင်ယဲ့ကတကယ်ကြီးSမြို့မှာဟ"

​လေယာဥ်ထဲတွင် လူငယ် ၇​ယောက်၈​ယောက်ခန့်ကထိုင်​နေခဲ့ကြသည်။ အများစုမှာ headphoneများတပ်လျက်သီချင်းနား​ထောင်​နေခဲ့ကြခြင်းဖြစ်​လေသည်။ စကားများ​နေကြ​​သောလူတချို့လည်းရှိသည်။ ထိုအခိုက်အတန့်တွင် သူတို့အားလုံးမှာ တံခါး၀တွင်ရပ်​နေကြ​​သော ရှီကျားနှင့် ယဲ့ကျင်းကျီအား လှည့်ကြည့်လာခဲ့ကြ​လေသည်။

ထိုအခိုက်အတန့်တွင် 'ငရဲဘုရင်ယဲ့'ဟု အာပြဲကြီးနှင့်​အော်ခဲ့​သော လူရွယ်မှာ ​ကြောက်လွန်း၍ ​ထောင့်တွင်ပုန်း​နေပြီး နံရံတွင် မျက်နှာကပ်ကာ သူတို့ကိုလှည့်ပင်မကြည့်ရဲခဲ့​ချေ။

ယဲ့ကျင်းကျီမှာ ဘာကိုမှမကြားလိုက်သည့်နှယ် ​​ပတ်ပတ်လည်ကိုသာကြည့်လိုက်​လေသည်။ ထို့​နောက်​နေရာလွတ်ကိုရှာ​တွေ့ကာ ရှီကျားနှင့်အတူထိုင်ချလိုက်​လေသည်။ သူတို့အကုန်​နေရာယူပြီး​နောက် ၅မိနစ်မျှ​ကျော်လွန်သွားခဲ့ချိန်တွင် ရှီကျားမှာ သူ၏​နောက်မှ လှုပ်ရှားသံသဲ့သဲ့ကြားလိုက်ရ​လေသည်။ သူလှည့်ကြည့်လိုက်လျှင် လူငယ်များအားလုံးကဖုန်းကိုယ်စီကိုသာကြည့်လျက် ​ခေါင်းကိုငုံ့ထားကြည့်သည်ကို​တွေ့လိုက်ရ​လေသည်။ ထို့​နောက်တစ်ချက်တွင် ​ခေါင်းကို​မော့လျက် လက်ဟန်​ခြေဟန််များပြလာကြသည်။

၄င်းမှာ 'ဖုန်းထဲက​နေ​ပြော'ဟူ​​သော အဓိပ္ပါယ်မျိုးဖြစ်ပုံရ​လေသည်။

ထိုလူရွယ်များ၏ဖုန်းထဲတွင် အကြိတ်အနယ်​ဆွေး​နွေး​နေကြ​သော အ​ကြောင်းအရာကို မမြင်နိုင်​သော်လည်း သူတို့သည်ယဲ့ကျင်းကျီအ​ကြောင်းကို​ပြော​နေကြခြင်းဖြစ်​ကြောင်း အလိုလိုခံစားမိ​၏။

ဤ​နေရာတွင်ရှိ​နေ​သောလူရွယ်များမှာ မော့သို့အဆင့်၁၀၀ထဲမှ ဖြစ်မှန်းသိသာ​သော်လည်း ထိပ်ဆုံး၁၀​ယောက်ထဲ​တော့မပါ​လောက်​ချေ။ အဆင့်၇မှ ​ဖေးယွီပင်လျှင် ယဲ့ကျင်းကျီအ​ကြောင်း​ပြောတိုင်း သူ့မျက်နှာက တွန့်တွန့်သွားတတ်သည်။ ဤလူရွယ်များဆို ဆိုဖွယ်ရာမရှိ​ချေ။

ဒီလိုလူငယ်​တွေဆီက​နေ အ​ကြောက်ခံရ​နေရတာ ဘယ်လိုခံစားရ​လောက်မလဲ...

ရှီကျားမှာ ယဲ့ကျင်းကျီအားလှည့်မကြည့်ပဲ မ​နေနိုင်ခဲ့​ချေ။ သူယဲ့ကျင်းကျီအားစိုက်ကြည့်​နေသည်မှာ အ​တော်​လေးကြာသွားခဲ့သဖြင့် ယဲ့ကျင်းကျီမှာ သူ့ကိုလှည့်ကြည့်လာခဲ့​လေသည်။ ခတ္တမျှ​တွေးပြီး​နောက် ဆရာယဲ့မှာ သူ့​ရှေ့တွင်ပြင်​ပေးထား​သော မုန့်များကို ရှီကျားထံ​ပေးလာခဲ့​လေသည်။

ရှီကျား"...."

မိမိစု​ဆောင်းထား​သောရတနာများအား တဖက်လူအား​ပေးအပ်ကာ ချီးကျူးခံလို​​သော တိရိစ္ဆာန်​လေးနှယ် ဆရာယဲ့မှာ သူ၏အ​အေးဘူးကိုလည်း ရှီကျား​ရှေ့တွင်ချ​ပေးလိုက်​လေသည်။

ရှီကျား"....​ကျေးဇူး..ဒါ​​ပေမယ့်ကျွန်ဗိုက်မဆာပါဘူး..​ရေလည်းမဆာဘူး"

ဆရာယဲ့မှာ အနည်းငယ်စိတ်ပျက်သွားပုံဖြင့် အင်းဟုဆိုလာခဲ့သည်။

လက်ရှိတွင် ရှီကျားမှာ ​ကြောင်နက်များမှာ မ​ကောင်းသည့်၀ိဥာဥ်များကို နှင်ထုတ်နိုင်​ကြောင်းကို မသိခဲ့သလို သူ၏မိသားစု စုန့်စုန့်မှာလည်း ထိုသို့အသည်းငယ်ကာ ​ကြောက်တတ်လွန်း​သော တစ်​ကောင်တည်း​သော ​ကြောက်နက်မျိုးနွယ်ဖြစ်​ကြောင်းမသိခဲ့​ချေ။ သို့ဆိုလျှင် မော့သို့ အဆင့်ဇယား​ပေါ်မှ ဆရာသခင်ငယ်​လေးများဆိုလျှင်မည်သို့ရှိမည်နည်း။ အ​ကြောက်လွန်​နေသူမှာ ဆရာသခင်အတု​လေး​ဖေးဟုသာဖြစ်​လောက်သည်။ ဤလူရွယ်​လေးများမှာလည်း ​ကြောက်ရွံ့​နေပုံ​ပေါ်သည့်တိုင် သံတိုင်မျှင်မျှင်​လေး​နောက်သို့​ တုန်တုန်ယင်ယင်နှင့်ပြေးပုန်းရ​လောက်သည့်အထိ​တော့ မဆိုးရွား​သေး​​ချေ။

【 ငရဲဘုရင်ယဲ့က တကယ်ကြီး Sမြို့မှာပဲ..အား..​ရှေ့အပတ်က 'ghosts know' က သတင်းအတုကြီးသို့ ငြင်းလိုက်​တော့ အဲထဲကတစ်ခုမှမဟုတ်ဘူးလို့ထင်ထားတာ..ငရဲဘုရင်ယဲ့ Sမြို့မှာ တကယ်ကြီးရှိ​နေမယ်လို့ထင်မထားဘူး 】

【ငါအခု​လေးတင် ငရဲဘုရင်ယဲ့ဆိုပြီး​အော်လိုက်တာ သူမကြားလိုက်ပါဘူး​​​နော်...ငါ့မှာလန့်လွန်းလို့ လက်ထဲက ငါး​ခြောက်ထုတ်​တောင်လွတ်ကျ​တော့မလို့ .. 】

【 ငရဲဘုရင်ယဲ့က ကျိန်း​​သေ​ပေါက်ကြားတာ​ပေါ့ကွ..တာအို​ရောင်း​ရင်းလီ မင်းကိုယ်မင်းလှည့်စားဖို့အတွက် သူများ​တွေကိုလည်း လှည့်စားဖို့မလိုပါဘူး...ငရဲဘုရင်ယဲ့က ဒီကိစ္စ​လေးအတွက်​လောက်နဲ့ တို့​တွေနဲ့ အငြင်းပွား​နေမှာမှမဟုတ်တာ..​ရှေ့နှစ်က ငါဟိုင်ချန်းမှာ သရဲဖမ်းနေတုန်း သူနဲ့တစ်ခါတိုးဖူးတယ်...အဲတုန်းက မ​ကောင်းဆိုး၀ါး၀ိညာဥ်ကအ​​တော်​လေးသန်မာတာ​လေ...ငါလိုကျွမ်းကျင်တဲ့ဒရိုင်ဘာ​တောင် ဂျွမ်းပြန်​တော့မလို့...ကံ​ကောင်းချင်​​တော့ ငရဲဘုရင်ယဲ့ အချိန်မီ​ရောက်လာပြီး ငါ့ကိုကယ်သွားလို့​ပေါ့...ပြီးကျ​တော့လည်း ငရဲဘုရင်ယဲ့က အဲသရဲဆီက point​တွေကိုလည်းယူမသွားဘဲ ငါ့ကိုပဲ​ပေးခဲ့တာ​လေ 】

【အာ...သူ့​ဘေးကတာအို​ရောင်းရင်းကဘယ်သူလဲ..သူ့ကိုဘာလို့မ​တွေ့ဖူးရတာတုန်း...သူ့ကိုကြည့်ရတာ နည်းနည်း​​တော့ ရင်းနှီး​နေသလိုပဲ …… 】

【ငါမှတ်မိပြီ...သူပဲ​​လေ..​ရှေ့အပတ် သတင်းအတုထဲက ငရဲဘုရင်ရဲ့ အနာဂါတ်ဇနီး​လောင်းမဟုတ်ဘူးလား ?! 】

……

ရှီကျားသည် ဤမျှလျင်မြန်စွာပျံသန်း​သော ​​လေယာဥ်​ပေါ်တွင် မထိုင်ခဲ့ဖူး​​ချေ။ ၁နာရီမျှကြာပြီး​နောက် သူတို့ချန်းအန်သို့​ရောက်ရှိလာခဲ့​လေသည်။ ယဲ့ကျင်းကျီက ​လေယာဥ်​ပေါ်မှ အရင်ဆုံး ဆင်းလိုက်​လေသည်။ ရှီကျားမှာ ​နောက်မှလိုက်သွားရန်ပြင်လိုက်​သော်လည်း
'buzz' ​ကေ (ကတုံးဆံ​တောက်)ညှပ်ထား​သော လူရွယ်တစ်ဦးမှာ "ဟီး ဟီး"ဟု သွားဖြဲပြလျက် သူ့ထဲဖြတ်ခနဲ​​ရောက်လာခဲ့​လေသည်။

"ဒီကတာအို​ရောင်းရင်းကို ဘယ်လို​ခေါ်ရမလဲ မသိဘူး​နော်...wechatမှာ အပ်ကြရ​အောင်​လေ"

ရှီကျား"....."

ဒီ'အလှ​လေး wechatမှာ အပ်ကြစို့​လေ'ဆိုတဲ့ ချဥ်းကပ်မှုမျိုးက ဘာလဲဟ...

မင်းတို့ ရွှမ်းရွှယ်​လောကက ပုံမှန်လူ​​တွေ​ရော ရှိကြ​သေးရဲ့လား...

​လေယာဥ်မှဆင်းလာပြီး​နောက် ဗိုလ်မှူးတစ်ဦးကဲ့သို့၀တ်စားထား​သော လူလတ်ပိုင်းတစ်ဦးမှာ ​​ရှေ့သို့​လျှောက်လာပြီး ယဲ့ကျင်းကျီနှင့် ​စကားဖလှယ်ကြကာ ရှီကျား သူတို့​နောက်မှသာလိုက်သွားခဲ့​လေသည်။ လမ်းတစ်​လျှောက်တွင် ငရဲဘုရင်ယဲ့မရှိ​လေရာ ကျန်ဆရာသခင်များက ရှီကျားနံ​ဘေး၀ိုင်းလာခဲ့ကြ​လေသည်။ သူတို့တစ်​ယောက်ချင်းစီမှာ မျက်လုံးများ ပြူးကျယ်လာပြီး သူ့အားအ​ပေါ်​အောက် အ​ရှေ့အ​နောက် အ​သေအချာ ပြူးကြည့်လာကြ​လေသည်။

"တာအို​ရောင်းရင်း​လေး..တို့​တွေ wechatမှာ အက်ကြမလား"

"ဒီက တာအို​ရောင်းရင်း​လေး..အရင်ကမ​တွေ့ဖူးဘူး​နော်...နာမည်ဘယ်လို​ခေါ်လဲ...ငါကလီရှန်းပါ...ထိုက်ယွဲ့ ကျန်းရန်မှာ​လေ့လာ​နေတာ​လေ"

"ဒီကတာအို​ရောင်းရင်းရဲ့ယင်စွမ်းအင်က အထူးကိုမှသိပ်သည်းပြီး စွမ်းအားပြင်းတယ်တဲ့..အားလုံးပဲ တို့​တွေ ယင်ယန်မျက်လုံးဖွင့်ပြီး တစ်ချက်​လောက် ကြည့်ကြည့်ကြရင်​ရော"

​​ပြောပြီးသည်နှင့် ဆရာသခင်များမှာ လျင်မြန်စွာ အက္ခရာကိုယ်စီ​ရေးဆွဲလျက် မန္ဆာန်ကို ရွတ်ဖတ်ကာ သူတို့၏ မျက်လုံးများကို တို့လိုက်ကြ​လေသည်။ ထို့​နောက်ရှီကျားကို ကြည့်လိုက်ကြ​လေသည်။

"ငလူး.."

ရှီကျား"....."

ဆရာသခင်၃ဦးမှာ ရှီကျား၏ ဘယ်ဘက်သို့​ပြေးလာကြပြီး ကျန်သူတို့က ရှီကျား၏ ညာဘက်သို့ ​ပြေးသွားခဲ့ကြ​လေသည်။ သူ၏​​ရှေ့တွင် ရပ်လျက်ကျန်ရစ်​သော ဆရာသခင်တစ်ဦးလည်းရှိ​လေသည်။ သူတို့၈​ယောက်လုံးမှာ ​ခေါင်းများကိုခါရင်း မျက်လုံးများမှာ တညီတညာတည်း​ရွေ့လျားလျက် ရှီကျား၏တကိုယ်လုံးကိုအကဲခတ်​နေခဲ့​လေသည်။

"ယင်စွမ်းအင်​တွေလျှံကျ​နေတာပဲ...တကယ်ကြီးလျှံကျ​နေတာ...တကယ်သိပ်သည်းပြီး စွမ်းအားကြီးချက်ပဲ"

"ဒီ​ရောင်းရင်းရဲ့ ယင်စွမ်းအင်က သာမာန်လူတစ်​ယောက်ထက် အဆ၁၀၀ သန်မာတယ်ဆို​ပေမယ့် ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်​လောက်ထိ​တော့မဟုတ်​သေးပါဘူး..သတင်းမှားကိုဖြုတ်ချပြီး​တော့ 'ghosts know'က ​ကြေညာခဲ့​သေးတယ်​လေ..ဒီတာအို​ရောင်းရင်းက မိန်းက​လေးမဟုတ်​ပေမယ့် သူ့ယင်စွမ်းအင်က ယင်ခန္ဓာကိုယ်ရှိတဲ့ မိန်းက​လေးတစ်​ယောက်ထက်​​တောင် ပိုများတယ်တဲ့..ယင်စွမ်းအင်လျှံကျတာက ရှားတယ်ဆို​ပေမယ့် မရှိတာ​တော့မဟုတ်ဘူး...သူ့ကိုလည်း ပြင်းထန်ယင်ခန္ဓာကိုယ်အဖြစ်သတ်မှတ်လို့ရတာလား"

“တာအို​ရောင်းရင်း ၀မ်...ကျွန်​တော်က​တော့ ခင်များစကားကိုသ​​ဘောမတူဘူးဗျ...ယင်စွမ်းအင်လျှံကျတယ်ဆိုတာ ရှိ​ပေမယ့် ခင်များနဲ့ကျွန်​တော်၁၀နှစ်​လောက် သရဲဖမ်းလာတာ လူတစ်​ယောက်ဆီက ယင်စွမ်းအင်လျှံကျတာ မြင်ဖူးလို့လား"

"တာအို​ရောင်းရင်းလီ​ရေ..ဒါဆိုလည်း ​ပြောပါဦးလား...သူကပြင်းထန်ယင်ခန္ဓာကိုယ်ဆိုမှ​တော့...ကျန်တဲ့သူ​တွေထက်ထူးခြား​နေရမယ်မလား.."

“မင်း...."

ဆရာသခင်​လေးများတသိုက်မှာ ရှီကျား​ရှေ့တွင် စကားများကြ​တော့သည်။ "ဒီ ပြင်းထန်ယင်ခန္ဓာကိုယ်က 'ghosts know'ကိုယ်တိုင်​ထောက်ခံထားတာ..ငြင်းချင် 'ghosts know'နဲ့သွားငြင်း"ဟုတစ်​ယောက်ကဆိုသည်။ ကျန်တစ်​ယောက်ကလည်း
"ယင်စွမ်းအင်လျှံကျ​နေတာကို ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ..မြင်ရင် ယုံရတာပဲ​လေ..ယုံချင်ယုံ​ပေါ့"

၂ဖက်လုံးမှာ အဆုံးမရှိ ငြင်းခုံ​နေကြသည်။ သူတို့ကြားထဲမှ တစ်ဦးတည်း​သော မိန်းက​လေးဆရာသခင်မှာပင် သူမ၏၀တ်ရုံလက်ကိုဆွဲတင်လျက် ကြုံး၀ါးလာခဲ့​လေသည်။

" ငြင်းချင်တယ်​ပေါ့..ဘာကိုငြင်းချင်တာလဲ..ရှင်သာယောကျာ်းစစ်စစ်ဆို ထွက်ခဲ့ လာချကြတာ​ပေါ့"

ရှီကျား"......"

ကမ္ဘာ​ပေါ်တွင် အံ့ဖွယ်တစ်​သောင်းတိတိရှိလျှင် ရွှယ်ရွှယ်​​လောကမှာ ထိုအထဲမှ ကိုး​ထောင်ကို သိမ်းပိုက်ထားပုံပင်....

👻