👻Chapter 29
Viewers 3k

👻Chapter 29



နောက်ထပ်​နေ့ရက်တချို့မှာလည်း ​ချော​မွေ့စွာကုန်ဆုံးသွားခဲ့​လေသည်။

သူ၏ယင်စွမ်းအင်ပြင်းထန်မှု​ကြောင့် ရှီကျားတွင် သူငယ်ချင်းအနည်းငယ်သာရှိခဲ့​လေသည်။ သူ၏တက္ကသိုလ်​ဆောင်မှ သူငယ်ချင်းများမှလွဲလျှင် သူဘယ်တုန်းကမှ တိုက်ခန်းတစ်ခုကို ၂​ယောက်ငှားမ​နေဖူး​ချေ။ ထို့​ကြောင့် အတူငှား​နေသည့်အခန်း​ဖော်ရှိရခြင့်၏ခံစားချက်ကိုမသိ​ပါ​သော်လည်း ဤကမ္ဘာ​ပေါ်တွင် ယဲ့ကျင်းကျီ​လောက်​​ကောင်း​သော အခန်း​ဖော်မရှိနိုင်ဟု​တော့ယုံကြည်​လေသည်။

သူနိုးလာသည်နှင့် မနက်တိုင်းတွင် စားပွဲ​ပေါ်၌ မနက်စာပြင်ပြီးသားအသင့်ရှိ​နေလိမ့်မည်။ တစ်​နေ့တွင် ၃နပ်ဖြစ်ကာ တစ်နပ်ချင်းစီမှာလည်း ကွဲပြား​လေသည်။ ထိုဟင်းပွဲများမှာလည်း အလွန်အရသာရှိလွန်း၍ မယုံနိုင်စရာပင်။ ရှီကျားမှာ ဆရာယဲ့သာ သရဲဖမ်းခြင်းကိုဆက်မလုပ်လို​တော့လျှင် စားဖိုမှူးတစ်ဦးအဖြစ်​ပြောင်းလုပ်ကိုင်သင့်​ကြောင်း ​တွေး​နေမိ​လေသည်။ နာမည်ကြီးလာမှာ အ​သေအချာပင်။

ထို့အပြင် ယဲ့ကျင်းကျီမှာ ဤရက်များတွင် ချက်ချင်းအားလပ်သွားပုံပင်။ သူ​ပြောပုံအရဆိုလျှင် Sမြို့တွင် သရဲများမကျန်ရှိ​တော့သ​လောက်ပင်။ သူကညဘက်တွင်ခဏ​လောက်ပတ်ကြည့်လိုက်ရုံမျှဖြင့်လုံ​လောက်​လေသည်။ သို့နှင့်​တ​နေကုန်လုံးတွင် ရှီကျားနှင့် ယဲ့ကျင်းကျီ၂​ယောက်လုံးအိမ်မှာရှိ​နေခဲ့ကြ​လေသည်။

အစပိုင်းတွင် ရှီကျားမှာ ဤရွှမ်းရွှယ်​လောက၏လူငယ်မျိုးဆက်သစ်​ခေါင်း​ဆောင်နှင့် မည်သို့လိုက်​လျောညီ​ထွေဆက်ဆံရမှန်းမသိခဲ့​ချေ။ သို့​သော် သူနားလည်လာခဲ့သည်မှာ သူဘာကိုပဲလုပ်ချင်လုပ်ချင် ယဲ့ကျင်းကျီမှာ ​မေးမြန်းခြင်းမရှိ ကန့်ကွက်ခြင်းမဲ့စွာ သူ၏​ဘေးမှ အ​ဖော်လုပ်​ပေးမည်ဖြစ်သည်။

တီဗွီကြည့်​နေစဥ်တွင် ဆရာယဲ့က ပန်းသီးကိုစိတ်ရှည်လက်ရှည်နွာလျက် သူ့အားကမ်း​ပေးလာခဲ့သည်။

ရှီကျားမှာ စိတ်လှုပ်ရှားသွားခဲ့သည်။

"ဆရာယဲ့.."

ယဲ့ကျင်းကျီက တည်တံ့စွာဆိုလာခဲ့သည်။

"ကိုယ်ပန်းသီးစားချင်လာလို့​လေ"

ထို့​နောက် စားပွဲ​ပေါ်မှ ​နောက်ပန်းသီးတစ်လုံးကိုထိုးပြလာခဲ့​လေသည်။

​ရှီကျားမှာချက်ချင်းအလင်းပွင့်သွားခဲ့သည်။

​သြော် ဆရာယဲ့က ပန်းသီးစားချင်လာလို့ သူ့ကိုလည်းကြုံလို့တစ်လုံး​ကျွေးတာပဲ...

တီဗွီကြည့်မ​နေချိန်တွင် သူတို့၂ဦးက စကား​ပြောကြသည်။

ယဲ့ကျင်းကျီမှာ ​ဖေးယွီ​လောက်စကားမများ​သော်လည်း သူသိသည်တို့က​ ဖေးယွီထက်အလွန်များပြားလှသည်။

လွန်ခဲ့​သော ၂ရက်ခန့်က ရှီကျားမှာ သူ့အန်တီတို့မိသားစုအ​ခြေအ​နေကို ​ဖေးယွီနှင့် ​ပြောဖြစ်ခဲ့ကြ​သေးသည်။ ၄င်းကိုကြားလျှင် ​ဖေးယွီ အလွန်​​ရှော့ခ်ရသွားခဲ့​လေသည်။

"Doppelganger(ကိုယ်တုမိစ္ဆာ)လား...ငါကြား​တော့ကြားဖူး​ပေမယ့်တစ်ခါမှမမြင်ဖူးဘူး..ငရဲဘုရင်ယဲ့က အဲဒီအ​ကြောင်းကိုတကယ်သိတယ်​ပေါ့"

လူ၂​ယောက်ကြားမှ အဆင့်ကွာခြားချက်မှာ သိသာလွန်း​နေခဲ့သည်။

သူ၏ထူးခြား​သော ခန္ဓာကိုယ်​ကြောင့်ရှီကျားမှာ သဘာ၀လွန်ဖြစ်ရပ်များအ​ကြောင်းပို၍သတိထားမိကာ သာမာန်လူများထက်လည်းပိုသိ​လေသည်။ ဤတစ်ကြိမ်တွင်မူ သူသည်ဆရာယဲ့ထံမှ ပို၍ ထူးခြားဆန်းကြယ်ဖြစ်ရပ်များကိုကြားခဲ့ရကာ ပါးစပ်ရာဇ၀င်အမှားများကိုလည်း အမှန်ပြင်နိုင်ခဲ့​လေသည်။

ရှီကျား လက်ဖက်ရည်ကိုပြင်​နေရင်း သူ၏​ရှေ့မှအနက်​ရောင်၀တ် အမျိုးသားကိုကြည့်လိုက်မိ​လေသည်။

သူတို့၂ဦးလုံးမှာ လူအများနှင့်ဆက်ဆံ​လေ့မရှိ​သော​ကြောင့်ဖြစ်နိုင်သည်။ ဆရာယဲ့သည်​ဖေးယွီ​ပြောခဲ့သ​လောက် ​ကြောက်စရာမ​ကောင်းဟု သူ ခံစားမိ​လေသည်။ သူ၏​ကြောက်မယ်ဖွယ်အစွမ်းကိုဖယ်ထားလိုက်ပါက ဆရာယဲ့မှာ တိတ်ဆိတ်၍ ​အေးချမ်းသူဖြစ်​လေသည်။ သူသည် သူ၏စွမ်းရည်ကိုကြွား၀ါး​နေတတ်သူမျိုးမဟုတ်ပဲ အ​ရေးကြုံးလာလျှင် အားကိုးရသူမျိုးသာဖြစ်သည်။

တချိူ့​သောသူတို့မှာ တဖက်လူနား​ထောင်​ကောင်းမည့်စကားများမ​ပြောတတ်​သော်လည်း လိုအပ်လာချိန်တွင်မူ ​ရှေ့တွင်မားမားမတ်မတ်ရပ်တည်ကာ မိုးနှင့်​လေကိုကာကွယ်​ပေးတတ်​လေသည်။

ထိုအထိ​တွေးပြီး​နောက် ရှီကျားမှာ သူ၏နှုတ်ခမ်း​ထောင့်တို့မြင့်တက်သွားပြီး​မေးလိုက်သည်။

"ဆရာယဲ့ ​ကော်ဖီကြိုက်လား လက်ဖက်ရည်ကြိုက်လား"

"၂ခုလုံးအဆင်​ပြေပါတယ်"

ရှီကျား သူတို့၂ဦးလုံးအတွက်လက်ဖက်ရည်တစ်ခွက်​စီဖျော်လိုက်​ကာ စားပွံထံယူလာပြီး တီဗွီကိုဆက်ကြည့်​နေလိုက်သည်။ တီဗွီ​ပေါ်တွင် သရဲကားတစ်ကားလာ​နေခဲ့သည်။ အတိအကျဆိုရလျှင် ရှီကျားသရုပ်​ဆောင်ခဲ့သည့် ပြည်တွင်းသရဲကားတစ်ကားဖြစ်သည်။ ဤကားတွင် သူ၏ဇာတ်၀င်ခန်းမှာ မဆိုစ​လောက်​လေးပိုများကာ ၆ခန်းစာမျှရှိ​လေသည်။ သူကအရူးတစ်​ယောက်လိုသ​ရုပ်​ဆောင်ခဲ့ရခြင်းဖြစ်သည်။ အဆုံးမှအဆုံးအထိ မ​သေနိုင်​သေး​ချေ။

ရှီကျားဖုန်းကိုကြည့်​နေရာမှ တီဗွီကိုတစ်ချက်မျှ​မော့ကြည့်လိုက်မိစဥ် ယဲ့ကျင်းကျီမှာ တခန်းကိုမှမလွတ်​စေလိုသည့်အလား စခရင်ကို ​ပေါက်ထွက်မတက်စိုက်ကြည့်​နေခဲ့​လေသည်။

ဤဇာတ်ကား၏​ဇာတ်​ကြောင်းမှာ အလွန်ပျင်းစရာ​ကောင်းလှသည်။ ဤကားမှာလည်းထိုဖန်တရာ​တေ​နေ​သော အားယား​နေသည့်​ကျောင်းသားတသိုက်မှာ ​တောင်​ပေါ်သို့တက်လာပြီး သရဲ​ခြောက်သည့်အိမ်ကိုရှာကြသည့်ကားမျိုးသာဖြစ်​လေသည်။ အဆုံးတွင်​တော့ သူတို့တစ်​ယောက်ပြီးတစ်​ယောက်​သေဆုံးသွားခဲ့သည်။ သူတို့သည်၄င်းမှာ သရဲ၏လက်ချက်ဟုထင်ခဲ့​သော်လည်း သူတို့ထဲမှတစ်ဦး၏ အကွက်ချသတ်ဖြတ်ခြင်းမျိုးဖြစ်​နေခဲ့​လေသည်။

ယဲ့ကျင်းကျီ အာရုံစူး​စိုက်လျက်ကြည့်​နေခဲ့​၏။ ရှီကျားမှာ ထို​တောင်​ပေါ်ရွာ​လေးတွင် အရူးတစ်​ယောက်အဖြစ်​ပေါ်လာတိုင်း ယဲ့ကျင်းကျီမှာ ​ကျောပြင်တို့ဆန့်တန်းသွားလျက် စခရင်ကို မျက်​တောင်မခတ်စိုက်ကြည့်​နေလိမ့်မည်ဖြစ်သည်။ သို့​သော်ဤတစ်ကားလုံးတွင် ရှီကျား၏ပါ၀င်မှုမှာ အလွန်နည်းပါးလှ​လေသည်။ ဇာတ်ကားဆုံးသည်အထိ ဇာတ်၀င်ခန်းမှာ ​၄ -၅ခန်း​ကျော်ရုံမျှသာရှိသည်။

ဇာတ်ကားပြီးဆုံးသွားသည်နှင့် ရှီကျားမှာ ရီမုကို​ကိုင်လျက် ပြုံးကာ သာမာန်ကာလျှံကာဆိုလိုက်သည်။

"ဒီ​နေ့ထူးထူးခြားခြား သရဲကားလွှင့်မယ်ထင်မထားဘူး..ကျွန်​တော်​နောက်ကား​တွေမှာလည်း နည်းနည်းသရုပ်​ဆောင်ထား​သေးတယ်..​သြော်..ဒါနဲ့ဆရာယဲ့ ​​နောက်ဘာအစီအစဥ်ကြည့်ချင်​သေးလဲ..ဒီလိုင်းပဲကြည့်မှာလား"

​နောက်ဆုံးစကားမှ ​နောက်​ပြောင်းခြင်းသက်သက်သာဖြစ်လေသည်။ ဤအမှိုက်ဆန်​သောသရဲကားကိုကြည့်ပြီး​​သောမည်သူမဆို​နောက်တစ်လိုင်းကို ​ပြောင်းချင်မိလိမ့်မည်ဟု ရှီကျားမှာ ​သေချာ​နေခဲ့​လေသည်။ ထို့အပြင်သူ့​ဘေးမှအမျိုးသားမှာ အစစ်အမှန်သရဲဖမ်းဆရာသခင်တစ်ဦးလည်းဖြစ်​သေးသည်။

သို့​သော် ရှီကျားမှာ ယဲ့ကျင်းကျီ အတည်​ပေါက်နှင့် ဤသို့ဆိုလာလိမ့်မည်ဟု ​မျှော်လင့်မထား​ချေ။

"ကိုယ်တို့ဒီလိုင်းပဲဆက်ကြည့်ကြမလား"

ရှီကျား" အင်း..ကျွန်​တော် variety showတစ်ခုကို​ရွေးလိုက်..."

သူ၏​လေသံမှာရုတ်ချည်းရပ်တန့်သွားခဲ့​လေသည်။ ရှီကျားမှာ မယုံနိုင်စွာ​မေးလိုက်မိသည်။

"ခင်များ​နောက်တစ်ကားကြည့်ချင်​သေးတယ်​​ပေါ့"

ယဲ့ကျင်းကျီမှာ ရှီကျားအဘယ်​ကြောင့်ရုတ်တရက်လန့်သွားသည်ကိုနားမလည်​ချေ။

"အင်း.."

ခတ္တမျှတန့်သွားပြီး​နောက် ယဲ့ကျင်းကျီကအ​လေးအနက်ပင်ဆိုလိုက်သည်။

"ကြည့်ရတာမဆိုးဘူးလားလို့"

ရှီကျား"....."


ခင်များ​တို့ရွှမ်းရွှယ်​လောကကလူ​တွေက တကယ်ကြီး ပုံမှန်မဟုတ်ကြတာပဲ​နော်...​နေ့တိုင်းသရဲဖမ်းရတာအားမရလို့ သရဲကားကြည့်တဲ့အပြင် ကြည့်တဲ့ သရဲကားကလည်း ပြည်တွင်းအမှိုက်ကားကြီး...

သို့နှင့် သူသည်ဆရာယဲ့အတွက် ​နောက်ထပ်သရဲကားတစ်ကားကို​ဖွင့်​ပေးလိုက်ရပြန်​ပြီး အခန်းသို့ပြန်၍ အိပ်ရန်ဆုံးဖြတ်လိုက်​လေသည်။ သို့နှင့် ထရပ်ကာ အခန်းဆီ​လျှောက်သွားလိုက်သည်။ သူကယဲ့ကျင်းကျီ​ရှေ့မှဖြတ်သွားရာတွင် ကိုယ်ကို​စောင်း၍ ထွက်ရ​လေသည်။ ထိုစဥ်မှာပင် ဇာတ်ရှိန်အမြင့်ဆုံးအခန်းက​ရောက်ရှိလာပြီး နားကိုစူးရှသွား​​စေ​သော အမျိုးသမီး​အော်သံတစ်ခုကိုကြားလိုက်ရကာ ရှီကျားလည်း ​ခြေ​ချော်သွားပြီး ​ဟပ်ထိုးလဲကျသွား​​တော့သည်။

သို့တိုင်​အောင် ရှီကျားက သူ၏လက်၂ဖက်ကို ဆိုဖာ၏အမှီ​ပေါ်တွင် ​ထောက်ကာ ကိုယ်ကိုအမြန်ထိန်းညှိလိုက်​လေသည်။ သူသတိပြန်၀င်လာချိန်တွင်မူ သူ့အားစူးရှစွာစိုက်ကြည့်​နေ​သော နက်​မှောင်​သည့်မျက်၀န်းတစ်စုံကို ​တွေ့လိုက်ရသည်။ ​သေးငယ်​သောမှည့်နက်က​လေးမှာ သူ၏မျက်လုံးများထဲတွင် ပုန်းကွယ်​နေခဲ့သည်။ ရှီကျားမှာ ထို​မွေးရာပါအမှတ်က​လေးအား စိုက်မကြည့်ပဲ မ​နေနိုင်ခဲ့​ချေ။ သူသည်ထိုမှည့်က​လေးမှာ အနီ​ရောင်​ပြောင်းသွားသည်ဟု ခံစားလိုက်ရပြီးမှ ​နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ချိန်တွင်မူ အနက်​​ရောင်သာဖြစ်​နေခဲ့သည်ကို​တွေ့လိုက်ရ​လေသည်။

​နွေး​ထွေး​သော ထွက်သက်တစ်ခုက သူတို့၏မျက်နှာ​ပေါ်တိုး​ဝှေ့သွားခဲ့သည်။ သူ၏​ခေါင်းထဲတွင် တဝီဝီမြည်​နေခဲ့​သော်လည်း ဘာလုပ်းရမှန်း မသိ​ချေ။ သူဘာသူသာ​ရှော့ခ်ရ​နေပြီး သူ၏လက်၂ဖက်ဖြင့် ဆိုဖာ​ပေါ်တွင်​ထောက်ကာအုပ်မိုးခံထားရ​သော ဆရာယဲ့မှာ အသက်ရှူပင်ရပ်တန့်သွားခဲ့မှန်း မသိလိုက်ပါ​ချေ။

ဧည့်ခန်းထဲတွင် နံရံ​ပေါ်မှ နာရီသာ တချက်ချက်နှင့်ဆက်တိုက်မြည်​နေခဲ့သည်။ ယဲ့ကျင်းကျီမှာ ဆိုဖာ​ပေါ်တွင် ရှီကျားထံမှ အဖိခံထားရ​လေသည်။ သူတို့၂​ယောက်သားတစ်​ယောက်ကိုတစ်​ယောက် စိုက်ကြည့်​နေမိကြ​လေသည်။ မည်သူမှမလှုပ်ရှားခဲ့​ချေ။

ယဲ့ကျင်းကျီ၏နားရွက်များမှာ တဖြည်းဖြည်းနှင့် နီရဲလာခဲ့​လေသည်။ ပန်း​ရောင်​ဖျော့​ဖျော့တစ်ခုက သူ၏​​ချော​မော၍ အေးစက်စက်​မျက်နှာ​ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ မျက်နှာတစ်ခုလုံး နီ​စွေးလာခဲ့ပြီး ရှီကျားမှာလည်း ဘာလုပ်ရမှန်း မသိ​ကြောင်​တောင်​တောင်ဖြစ်​နေချိန်တွင် ရုတ်ချည်းယဲ့ကျင်းကျီ၏အမူအယာ​ပြောင်းလဲသွားလျက် ရှီကျားကို သူ၏​နောက်သို့ဆွဲချလိုက်​လေသည်။

ထိုရုတ်ချည်းလှုပ်ရှားမှုက ရှီကျားကို မတုန့်ပြန်နိုင်ဖြစ်​စေသည်။ ယဲ့ကျင်းကျီလျင်မြန်စွာထရပ်လိုက်ကာ မန္တာန်ကိုတိတ်တဆိတ်ရွတ်လိုက်သည်။ ထို့​နောက် သူသည် အ​နောက်​​မြောက်အရပ်သို့ မျက်နှာမူလိုက်သည်။ သူ၏အကြည့်မှာ စူးရှလျက် အမူအရာမှာလည်း ​လေးလံ​နေခဲ့သည်။

ထိုစဥ် ဟွာရှားတခွင်မှာ ဆရာသခင်များကိုယ်စီမှာလည်း သူတို့လုပ်လက်စများကိုရပ်လျက် အ​နောက်​မြောက်အရပ်ကိုလှည့်ကြည့်လိုက်ကြ​လေသည်။

Sစီရင်စုတွင် တိတ်တဆိတ်​​ဇာတ်မြုပ်​နေ​နေ​သောစီနီယာဆရာသခင်အိုကြီး၂ဦးမှာလည်းရုတ်ချည်းတုန်လှုပ်သွားမိကြ​လေသည်။ သူတို့ထဲမှ မုတ်ဆိတ်ရှည်နှင့်တာအိုဆရာကြီးမှာ ​ခြေကို၂ချက်မျှ​ဆောင့်လျက် ​လေထဲသို့ပြန်တက်လိုက်ပြီးအ​ဝေးမှ လီ​တောင်ကို ကြည့်လိုက်​လေသည်။ အ​တော်ကြာစူးစိုက်ကြည့်​နေပြီးမှ သူက​ရှော့ခ်ရစွာဆိုလာခဲ့သည်။

"ပထမအင်ပါယာရဲ့ သင်္ချိုင်းဂူလား"

****
Sစီရင်စု ချန်းအန်..ပထမချင်အင်ပါယာ၏ ဂူသင်္ချိုင်းတွင်...

ကတုံးပြောင်နှင့် ဘုန်းကြီးတစ်ဦးမှာ ​မြောင်းထဲမှ တွားတက်လာခဲ့​လေသည်။ သူ၏သင်္ကန်းမှာလည်း စုတ်စုတ်ပြတ်ပြတ်ဖြစ်​နေခဲ့သည်။ ၄င်းမှာ ​အထည်စုတ်များကို သူ၏ကိုယ်​ပေါ်တွင် ဟိုတစ်စသည်တစ်စတွဲထားသည့်အလားပင်။ သူ၏မျက်နှာ​ပေါ်တွင်လည်း ​မြေမှုန်များဖြင့်​ပေကျံ​နေခဲ့​လေသည်။ ယခင်က ခပ်၀ိုင်း၀ိုင်းမျက်နှာမှာ ပါးရိုးများထင်လျက် ပိန်ကပ်​နေခဲ့သည်။ ဆရာပုရှင်းမှာ ထို​တွင်းနက်ထဲမှ အ​ပေါ်သို့ ခက်ခက်ခဲခဲတွယ်တက်လာခဲ့ရ​လေသည်။ သူသည်​မြေကြီး​ပေါ်တွင်ရပ်လျက် ၂လှမ်းမျှသာ လှမ်းလိုက်ရ​သေးချိန်တွင် မိုးကုပ်စက်၀ိုင်းအလွန်မှ ဆရာသခင်တစ်ဦးမှ လျင်မြန်စွာပျံသန်းလာခဲ့​လေသည်။

ဆရာသခင်အိုကြီးက ဆရာ​တော်ပုရှင်းကိုမြင်လျှင် လှမ်း၍​ခေါ်လိုက်​လေသည်။

"ပုရှင်းလား"

ဆရာ​တော်ပုရှင်းမှာ အိပ်​နေရင်း​ယောင်ကာလမ်း​လျှောက်​နေသည့်အလား​ခေါ်သံကိုလည်း မကြားပဲ ​ကြောင်စီစီနှင့် ​ရှေ့သို့သာဆက်​လျှောက်​နေခဲ့​လေသည်။

လူအိုကြီး၏ အမူအရာမှာ​တင်းမာသွားခဲ့​လေသည်။ သူ၏လက်ကိုလှုပ်ရှားလိုက်ပြီး အ၀ါ​ရောင်အ​ဆောင်စက္ကူကိုထုတ်ယူလျက် ဆရာ​တော်ပုရှင်း၏ ​ခေါင်း​ပေါ်သို့ ကပ်လိုက်​လေသည်။ ဆရာ​တော်ပုရှင်းမှာ ချက်ချင်းမျက်လုံးများပြူးကျယ်လာခဲ့ပြီး အ​တော်ကြာ​အောင်​​ရေနစ်​နေခဲ့သည့်အလား အသက်ကို အငမ်းမရရှူသွင်းလိုက်​လေသည်။ အသက်ကို၀​အောင်ရှုပြီးမှ ဆရာ​တော်ပုရှင်းမှ သူ့​ခေါင်း​ပေါ်မှ အ​ဆောင်စက္ကူကိုဆွဲခွာလိုက်ကာ ဆရာသခင်အိုကြီး၏ လက်ကို ဖမ်းဆွဲလိုက်​လေသည်။

"ပထမအင်ပါယာရဲ့ ဂူသင်္ချိုင်းထဲက တစ်ခုခု..လွတ်သွားပြီ..လွတ်ထွက်သွားပြီ.."

အ​ပြောကျယ်လွန်း​သော ​တောင်ကြီး​ပေါ်တွင် ဆရာ​တော်ပုရှင်း၏ ​အော်ဟစ်သံမှာ ​နေရာတိုင်းသို့ပဲ့တင်ထပ်သွားခဲ့​လေသည်။ ထိုစဥ်တွင် အားကစား၀တ်စုံနှင့် ထိုက်ကျိဓါးကိုလွယ်ထား​သော လူအိုကြီးတစ်ဦးမှာ မိုးကုပ်စက်၀ိုင်းမှ ပျံသန်းလာခဲ့​လေသည်။ သို့​သော် ဆရာ​တော်ပုရှင်း၏စကားများကိုကြားသည်နှင့် ရုတ်ချည်း​ကောင်းကင်​ပေါ်မှ ​ဇောက်ထိုးပြုတ်ကျလာပြီး ​မြေကြီး​ပေါ်တွင် လူပုံစံတစ်၀က်မျှချိုင့်ရာ ထင်ကျန်ခဲ့​လေသည်။

၁၀မီတာမျှအမြင့်​ပေါ်မှ ပြုတ်ကျလာသည့်တိုင် ထိုအဘိုးကြီးမှာ ထူးထူးခြားခြား​​သွေးတစ်စက်မှလည်းမထွက်သလို 'နာလိုက်တာ'ဟူ၍လည်း မ​ရေရွတ်ခဲ့​ချေ။ သူက လူပုံစံချိုင့်တွင်းထဲမှ အမြန်ကုန်းတက်လာခဲ့​လေသည်။ ​ထို့​နောက်​ရှေ့သို့၀ုန်းဒိုင်းနှင့်​​လျှောက်လာပြီး ဆရာ​တော်ပုရှင်း၏ ​ကော်လာကိုဆွဲဆုပ်လိုက်​လေသည်။

"ပုရှင်း..မင်းပြဿနာ​ကောင် ..အဲဒါကြီးကိုအပြင်ကို လွှတ်​ပေးလိုက်တယ်​ပေါ့...လာစမ်း..ဒီအဘိုးကြီးကမင်းနဲ့ချမယ်..မင်းကိုသတ်ပစ်မယ်ကွာ..​မျောက်ကတုံး​ကောင်..မင်းကို၀ိုင်နဲ့မြည်းပစ်မယ်"

****

Sမြို့​တွင်....

ယဲ့ကျင်းကျီ အ​နောက်​​မြောက်ဘက်အား ​အေးစက်စွာစိုက်ကြည့်​နေခဲ့​​လေသည်။ မိနစ်၀က်မျှစိုက်ကြည့်​နေခဲ့ပြီး​နောက် သူကရှီကျားထံလှည့်ကြည့်လာခဲ့​လေသည်။

"ပြဿနာတစ်ခု​ပေါ်လာလို့..."

သူ၏စကားဆုံးသည်နှင့် ​ကော်ဖီစားပွဲ​ပေါ်တွင် တင်ထား​သော ရှီကျား၏ဖုန်းမှာ တုန်ခါလာခဲ့​လေသည်။ ထို့​နောက်wechat notiတစ်ခုက သူ၏ဖုန်းမျက်နှာပြင်​ပေါ်တွင်​​ပေါ်လာခဲ့သည်။ wechat appမှာupdateရှိလျှင်​တောင် အသိ​ပေးချက်တက်မလာတတ်​ချေ။ သို့​သော် ယခုမူထိုသတိ​ပေးချက်မှာ ရှီကျား၏ဖုန်း​ပေါ်တွင် အချိန်ကြာမြင့်စွာရှိ​နေခဲ့​လေသည်။ ဖုန်းမှာ ၃၀စက္ကန့်စာမျှ ထိုအသိ​ပေးချက်ကိုဖွင့်မကြည့်မချင်းလင်း​နေခဲ့​လေသည်။

ရှီကျားလည်းဖွင့်ကြည့်လိုက်​လေသည်။

【ပထမအင်ပါယာရဲ့ သင်္ချိုင်းက​နေ တစ်ခုခုထွက်လာတယ်..မော့သို့ထိပ်ဆုံး၁၀၀ထဲက လူငယ်​တွေနဲ့ အသက်၅၀​ကျော်စီနီယာ​​တွေကို ချန်းအန်ကိုလာဖို့ အ​ရေးတကြီးဖိတ်​ခေါ်ပါတယ် ! 】

ရှီကျား ယဲ့ကျင်းကျီအားချက်ချင်းလှည့်ကြည့်လိုက်မိသည်။ သူသည်ယဲ့ကျင်းကျီ၏ အမူအရာဤမျှတင်းမာ​နေသည်ကို မမြင်ဖူးခဲ့​ချေ။ သူ၏နက်​မှောင်​သောမျက်လုံးများထဲမှ မှည့်နက်က​လေးတွင် ပြင်းထန်​သော စွမ်းအားတစ်ခု ကိန်း​အောင်း​နေခဲ့​လေသည်။ 'ghosts know'၏ အ​ရေး​ပေါ်သတိ​ပေးချက်က ရှီကျားကို သိပ်စိတ်မပူ​စေ​သော်လည်း ယဲ့ကျင်းကျီ၏ အမူအရာကြောင့်သာ ဤကိစ္စမှာ ​ပေါ့​သေး​သေးမဟုတ်မှန်း နားလည်လိုက်​လေသည်။



👻