👻Chapter 28
Viewers 3k

👻Chapter 28



ကျူး​ကျောက်ကျန်းရန် ​ပျော်ရွှင်စွာ​ခေါင်းတဆတ်ဆတ်ညိတ်လိုက်​လေသည်။ ထိုအခိုက်အတန့်တွင် သူသည် wechat စာမျက်နှာတွင် ယဲ့ကျင်းကျီ၏ profileပုံ​​လေးတက်လာသည်ကို​တွေ့လိုက်ရသည်။ ကျူး​ကျောက်ကျန်းရန်မှာ အထိတ်တလန့်ဖြင့်တိမ်​ပေါ်မှ​ပြုတ်ကျလုနီးပါးပင်။ စာကိုဖွင့်ကြည့်ပြီး​နောက် သူကသက်ပြင်းချလိုက်​လေသည်။ ထို့​နောက် ခပ်သွက်သွက်ပင် ပိုက်​ဆံလွှဲ​ပေးလိုက်သည်။

: 【 ဒီတာအိုဆရာအမှားပါ တာအို​ရောင်းရင်း​လေးယဲ့ တံခါးကိုမ​တော်တဆချိုးလိုက်မိတယ်... 】

ယဲ့ကျင်းကျီလည်း ​ငွေလွှဲမှတ်တမ်းကိုဖွင့်ကြည့်လိုက်​လေသည်။ သူကဘာမျှမဆိုနိုင်ခင်မှာပင် ​ဘေးမှကြည့်​နေ​သော ရှီကျားမှာ အထိတ်တလန့်​ရေရွတ်လာခဲ့​လေသည်။

"တစ်သန်းလား!?"

ယဲ့ကျင်းကျအနည်းငယ်​တွေးလျက် စာပြန်လိုက်​လေသည်။

: 【စီနီယာကျူး​ကျောက် အဲဒါကျွန်​တော့်တံခါးမဟုတ်ပါဘူး.】

ရှီကျားကဆိုလာသည်။

"အဲဒါအဓိကအချက်မဟုတ်ဘူး​​လေ..အဓိကက တံခါးတစ်ချပ်ကဘယ်လို တစ်သန်းတန်မှာလဲ...အဲဒါထားပါဦး wechatမှာ ဘယ်တုန်းက ​​တစ်သန်း​လောက်ကိုတိုက်ရိုက်လွှဲလို့ရသွားတာလဲ..."
သူဘယ်လိုမသိတာလဲ

ကျူး​ကျောက်ကျန်းရန်မှာ ထူးထူးခြားခြား ရက်​ရော​နေခဲ့​လေသည်။

【 ဒီအာရူဘန်ဂဏန်း​တွေက အ​တော်ယုံစားလို့မရတာပဲ..တရုတ်စာလုံး​တွေ​လောက်မှတ်ရမလွယ်ဘူး..ဒီတာအိုဆရာက သုည၂လုံးပိုလွှဲလိုက်မိတယ်..တာအို​ရောင်းရင်း​လေးယဲ့ ​ရေးကြီးခွင်ကျယ်လုပ်​နေဖို့မလိုပါဘူး တစ်သန်း​လေးပဲကို..ဒီတာအိုဆရာကမင်းတို့ကို ​တောင်းပန်တယ်လို့ပဲသ​ဘောထားလိုက်... 】

ရှီကျား"......."

တစ်သန်း​လေးပဲတဲ့လား...​ခင်များ​နောက်တစ်​ခေါက်​လောက် ထပ်​ပြောလိုက်စမ်းပါ..ဘယ်​လောက်​လေးပဲ??

ပြီး​တော့ အာရူးဘန်ဂဏန်း​တွေမဟုတ်ပါဘူး​​နော်..အာ​ရာဘစ်ဂဏန်း​တွေပါ​နော်!!

ရှီကျားမှာ တံခါးကိုဖျက်ကာ၀င်လာ​သော ဆံပင်ဖြူတို့နှင့် အဘိုးကြီးကို ပြန်​မြင်​ယောင်လာခဲ့သည်။ သူ​တွေး​လေ​တွေး​လေ တဖက်လူမှာ အရူးဖြစ်ကာ လှည့်စားရန်လွယ်သည်ဟု ထင်မိ​လေပင်။ ထို့​​ကြောင့်သူမသိခဲ့သည်မှာ ကျူး​ကျောက်ကျန်းရန်မှ သူ၏ဖုန်းကို၀မ်းသာအားရကိုင်လျက် ပြုံးဖြီး​နေခဲ့သည်ကိုပင်။

"Pointတစ်သိန်း​​​တောင် အာ..Pointတစ်သိန်းကွ! တာအို​ရောင်းရင်းယဲ့က အ​တော်လှည့်စားရလွယ်တာပဲ"

'Ghosts know'တရား၀င်အ​ကောင့်တွင် ဆရာသခင်တသိုက်မှာ အကြိတ်အနယ်​ဆွေး​နွေး​နေကြကုန်သည်။ ​နောက်ထပ်မိနစ်၂၀အကြာတွင် မ​ကောင်းဆိုး၀ါး၂​ကောင်ကို ဖမ်းမိ​သော ​ဖေးယွီမှာ သူ၏ဖုန်းကိုထုတ်လျက် ယ​နေ့အတွက် အတင်းအဖျင်းကို ဖွင့်ကြည့်လိုက်​လေသည်။ သူကတ၀က်မျှသာဖတ်ရ​သေးချိန်တွင် သူ၏မျက်လုံးတို့ ပြူးကျယ်သွားခဲ့ရသည်။

"ငလူး! ဒီဟာကငါ့အစ်ကိုကျားမဟုတ်ဘူးလား"

『 တာအို​ရောင်းရင်း​လေးယဲ့ရဲ့ ဇနီး​လောင်းဟာ နူးညံ့ပြီးလှပလှတယ်...အရပ်က ၁၈၀စင်တီမီတာ ကိုယ်ခန္ဓာသွယ်သွယ်နဲ့ ဆံပင်တိုတိုနဲ့ပဲ...​၀ီစီမှုတ်တဲ့သူက သူ့ပုံကို​တော့ရိုက်ဖို့အချိန်မရလိုက်ဘူး...အယ်ဒီတာအ​နေနဲ့သိပ်နှ​​မြောမိတယ်..ဒါ​ပေမယ့် ၀ီစီမှုတ်တဲ့သူက ပုံ​ဖော်ခြင်းနည်းကိုသုံးပြီး အဒီသူနဲ့ အကြမ်းဖျင်းပုံပန်းသွင်ပြင်ကို ​​ဖော်ပြထားခဲ့ပါတယ် ​အောက်​ဖော်ပြပါပုံတွင် ကြည့်ရှုပါရန်... 』

【ရုပ်ရည်က​တော့ တကယ်မဆိုးဘူးပဲ...ဒါ​ပေမယ့်ဘာလို့.....​ယောကျာ်းတစ်​ယောက်နဲ့တူ​နေတာပါလိမ့် ? 】

【 ၁၈၀စင်တီမီတာဟုတ်လား..ငါ​တောင် ၁၈၀စင်တီမီတာမရှိဘူး..ငရဲဘုရင်ယဲ့ရဲ့ ဇနီးလို့မ​ပြောရဘူး..သူ့အရပ်က​တောင် သာမာန်ထက်ထူး​နေတာပဲ...ငရဲဘုရင်ယဲ့ကသိပ်​ခေတ်မီတာပဲ..​သေမျိုး​တွေလို​တောင် လက်မထပ်ခင် အတူ​နေ​နေကြပြီ 】

【 ဒီကမ္ဘာမှာ တကယ်ကြီး....တကယ်တကယ်ကြီး ​ယောကျာ်းနဲ့အရမ်းတူတဲ့ မိန်းမလည်းရှိတယ်လ ! 】

​ဖေးယွီ"......"

ဘာ​သောက်ကျိုးနဲ ဇနီး​လောင်းလဲ အဲဒါငါ့အစ်ကိုကျားကွ!

ထိုအထိ​တွေးမိပြီး​သော် ​ဖေးယွီမှာ သူ၏အ​ကောင့်တုထံအမြန်၀င်လျက် replyပြန်လိုက်​လေသည်။

【 ဒါကကျိန်း​သေ​ပေါက် ​ယောကျာ်းကြီးပဲကို ..ငါ​တောင်သူ့ကိုသိတယ်...ငရဲဘုရင်ယဲ့ကအခုတ​လောတင် သူ့ယင်စွမ်းအင်ပြဿနာ​​ကြောင့် အတူရှိ​နေတာ...သူ့ယင်ခန္ဓာကိုယ်က အရမ်းသန်မာပြီး ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်လို့​တောင်​ပြောလို့ရတယ် .ဒါ​ပေမယ့် သူ့ငရဲဘုရင်ယဲ့ရဲ့ အနာဂါတ်ဇနီး​တော့လုံး၀မဟုတ်ဘူး ! 】

၃မိနစ်မျှကြာပြီး​နောက် Pointများ​ရောက်လာရန် အ​ပျော်လုံးဆို့ကာ​စောင့်​နေ​သော ကျူး​ကျောက်ကျန်းရန်မှာ တရား၀င်အသိ​ပေးစာတစ်ခုကိုလက်ခံရရှိခဲ့​လေသည်။

【 ကျူး​ကျောက်ကျန်းရန် သို့:

ရွှမ်းရွှယ်​လောကရဲ့ တရား၀င် သတင်းမီဒီတာတစ်ခုဖြစ်တဲ့ 'ghosts know what I experienced'အ​နေနဲ့ မဟုတ်မမှန်တဲ့ သတင်းတုမျိုးတစ်ခါမှမတင်ဖူးပဲ ဆရာသခင်များစွာအတွက် ​နေ့စဥ်နှင့်အမျှ အမှန်ကန်အတိကျဆုံးသတင်းများကို အချိန်နဲ့တ​ပြေးညီတင်​ပေးဖို့ အမြဲဦးစား​ပေး​ဆောင်ရွက်ခဲ့ပါတယ်...အ​ကောင့်စဖွင့်စဥ်က​နေစပြံး ရွှမ်းရွှယ်​လောကတခွင်ငြိမ်းချမ်းစွာအတူယှဥ်တွဲရှိ​နေကြဖို့ကိုလည်း အမြဲ ရည်ရွယ်ခဲ့ပါတယ်.

စုံစမ်းစစ်​ဆေးမှုအရ ကျူး​ကျောက်ကျန်းရန်မှ ကျွန်​​တော်တို့ထံ​ပေးပို့လာတဲ့သတင်းဟာ အ​ခြေအမြစ်မရှိတဲ့ ​​ကောလဟာလမျိုးသာဖြစ်​ကြောင်း သိရှိရပါတယ်..ကျွန်​တော်တို့ဟာ ကျူး​ကျောက်ကျန်းရန်ဆီက တာ၀န်ယူမှုကိုအ​လေးအနက်​တောင်းခံသွားမှာပါ..

ကျူး​ကျောက်ကျန်းရန်ရဲ့ အွန်လိုင်းအကောင့်မှ point ၃၁၅၄၃ကိုနှုတ်ယူသွားမှာဖြစ်ပြီး ကျူး​ကျောက်ကျန်းရန်ဟာ ကျွန်​တော်တို့ထံ point ၆၈၄၅၇အ​ကြွေးကျန်ရှိပြီးဖြစ်ပါတယ်..

ကျန်ရှိတဲ့အ​ကြွေးကို တစ်နှစ်အတွင်း​​ပေး​ဆောင်ရပါမယ်..မဟုတ်ရင်​တော့ကျူး​ကျောက်ကျန်းရန်ရဲ့ တရား၀င်အ​ကောင့်ကို ကျွန်​တော်တို့တာ၀န်ရှိသူအဖွဲ့မှ banသွားမှာဖြစ်ပါတယ်..ထပ်မံအ​နေနဲ့ ကျူး​ကျောက်ကျန်းရန်ကို post​တွေမှာ​ကောမန့်မန့်ခွင့်တစ်နှစ်ပိတ်ပင်သွားမှာဖြစ်ပြီး ..ကျူး​ကျောက်ကျန်းရန်မှ ကျွန်​တော်တို့ထံ သတင်း​ပေးပို့ခွင့် နှစ်တစ်ရာ ပိတ်ပင်ခံရမှာပဲဖြစ်ပါတယ် 】

ကျူး​ကျောက်ကျန်းရန်မှာ ယုံကြည်နိုင်ရန်ခက်ခဲလှစွာပင် စာပြန်လိုက်​လေသည်။

: 【 ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..အဲဒီမိန်းက​လေးရဲ့ ယင်စွမ်းအင်က ပြင်းထန်လွန်းလို့ ဒီတာအိုဆရာကြီးက ဒီတိုင်းကြည့်​​တောင်မြင်ရတာကို ! 】

【 Ghosts Know What I Experienced: ကျူး​ကျောက် ကျန်းရန် မင်းဘယ်မျက်လုံးနဲ့မြင်ခဲ့တာလဲ မေးလို့ ရမလား? 】

ကျူး​ကျောက်ကျန်းရန်: 【 ဒီတာအိုဆရာကြီးရဲ့ မျက်လုံး၂လုံးနဲ့​ပေါ့ကွ! 】

【 Ghosts Know What I Experienced: ရှန်း​​နောင်​တောင်ကုန်း အဆင့်မြင့် မျက်လုံးလဲလှယ်​ရေးဆားဗစ်​က​နေ ကြိုဆိုလိုက်ပါတယ်...မျက်လုံးတစ်လုံးအတွက် pointတစ်​သောင်းကျသင့်မှာပါ..အစုံလိုက်လဲမယ်ဆိုရင်​တော့ ၃၀ရာခိုင်နှုန်း​လျှော့​​စျေးနဲ့ pointတစ်​သောင်း​လေး​​ထောင်ပဲကျသင့်မှာဖြစ်ပါတယ်... 】

ဆိုလိုတာက : မင်းမျက်လုံး​တွေကန်း​နေလား?!!!

ကျူး​ကျောက်ကျန်းရန်, “@#$@#$!@#!!!”

Point တစ်ခုမှမရခဲ့သည့်အပြင် point​ခြောက်​သောင်း​ကျော်အ​ကြွေးတင်သွားခဲ့​သေးသည်။

ကျူး​ကျောက်ကျန်းရန်မှာ ​ဒေါသထွက်လွန်း၍ 'ghosts know'၏ အယ်ဒီတာထံရှင်းပြချက်​တောင်းရန်သွားရှာ​တော့သည်။ သို့​သော် သူ့ကိုမြင်သည်နှင့် အယ်ဒီတာမှာ ရန်သူတစ်​ယောက်လိုဆက်​ဆံလာလိမ့်မည်ဟု မည်သူထင်ထားလိမ့်မည်နည်း။

: 【 စီနီယာကျူး​ကျောက် ကျွန်​တော်ခင်များကို ဘယ်တုန်းကများအပြစ်ပြုမိလို့လဲဗျာ...အတိတ်တုန်းကကျွန်​တော်တို့​တွေ အဆင်​ပြေ​ပြေငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပူး​ပေါင်းခဲ့ကြဖူးတာပဲ..ခင်များက ကံကြမ္မာတွက်ပြီးရလာတဲ့ အတင်းအဖျင်း​လေး​​တွေလာ​​ပေးပြီး ကျွန်​တော်တို့အတွက် သတင်းအသစ်​လေး​တွေ​ပေး​နေကျပဲ​လေ..နှစ်ဦးနှစ်ဖက်အကျိုးရှိခဲ့တာကို အခုကျ သတင်းအတုကြီးဆွဲထုတ်လာပြီး ကျွန်​တော့်ကိုလှည့်စားတယ်​ပေါ့... ကျွန်​တော်က​တော့ ခင်များကိုယုံလို့ သတင်းကိုအတည်​တောင်မပြုခဲ့ဘူး..အခု​တော့ကျွန်​တော်အလုပ်ပြုတ်သွားတဲ့အပြင် point၅​သောင်း​တောင် အ​ကြွေးတင်သွားပြီဗျ...ကျွန်​တော်ဘယ်လိုဆက်ရှင်သန်ရ​တော့မလဲ...​စောင့်​နေလိုက် ကျွန်​တော်အခုပဲ ကြိုးသွားရှာပြီး ဆွဲကြိုးချလိုက်​တော့မယ်..ဂါ၀န်နီ၀တ်ပြီး​တော့ကိုဆွဲကြိုးချမှာ.. ဒီ​​နေ့ယင်အချိန်က ချိုးရှီနဲ့ ၁:၄၅ပဲ..ယင်စွမ်းအင်အ​နေအထားက အ​နောက်ဘက်ကိုညွှန်တဲ့ တြိဂံပဲ..ကျွန်​တော်တကယ်​သေမှာ ​သေပြီးရင် ငရဲပြည်၆ထပ်အဆင့် မ​ကောင်းဆိုး၀ါး၀ိဥာဥ်ဖြစ်လာ​စေရမယ်..ခင်များ​စောင့်သာ​နေလိုက်!!】

ကျူး​ကျောက်ကျန်းရန်မှာ သူ၏မျက်လုံးကိုပင်မယုံနိုင်စွာ ဖုန်းမျက်နှာပြင်ကို​ကြောင်​တောင်​တောင်ကြည့်​နေမိ​လေသည်။ သူသည်နာရီ၀က်မျှကြာသည်အထိ ဘာကိုမျှပင်မဆိုနိုင်ခဲ့​ချေ။ သူသတိပြန်၀င်လာချိန်တွင် သူ၏မျက်လုံးများမှာ နီရဲလာခဲ့​​လေသည်။

"ဒီလူအိုကြီးက​တော့ မင်းကို၁သန်း​တောင်​ပေးခဲ့တာကို ယဲ့ကျင်းကျီ​ကောင်စုတ်​လေး!!!"

*****

ထိုအခိုက်အတန့်တွင် ရှီကျားမှာ ယဲ့ကျင်းကျီနှင့်အတူ နံရံ​ပေါ်မှအ​ပေါက်များကိုဖာ​နေခဲ့ခြင်းဖြစ်သည်။ သူတို့၂ဦး တစ်ညလုံးအလုပ်များ​နေခဲ့ကြ​လေသည်။ အဆုံးတွင်​တော့ သူတို့အိမ်ကိုရှင်းလင်းလိုက်နိုင်​လေသည်။ ကျန်သည်တို့မှာ​တော့ မနက်ဖြန်မှ ပြတင်း​ပေါက်တစ်ချပ်နှင့် တံခါးတစ်ချပ်၀ယ်ရန်သာကျန်​ပေ​တော့သည်။

ရှီကျားမှာ အမှိုက်များကိုပစ်လိုက်​လေသည်။ သူလှည့်လာစဥ်တွင် အနက်​​ရောင်၀တ်ဆင်ထား​သော ဆရာသခင်မှာ သူ့အားထူးဆန်း​သောအမူအယာနှင့် ကြည့်​နေသည်အား​တွေ့လိုက်ရ​လေသည်။

ရှီကျား​မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..ဆရာယဲ့"

ခတ္တမျှတွန့်ဆုတ်​နေပြီးမှ ယဲ့ကျင်းကျီမှာ ရိုးသားစွာအ​ဖြေ​ပေးလာခဲ့​လေသည်။

"စီနီယာ ကျူး​ကျောက် အခု​လေးတင် ကိုယ့်ကိုကျိန်ဆဲလိုက်တယ်"

ရှီကျားတန့်သွားမိ​လေသည်။

"သူကဒီနားမှာလား..သူခင်များကိုကျိန်ဆဲတာကိုဘယ်လိုသိတာလဲ..သူဘယ်လိုဆဲလိုက်လဲ"

ယဲ့ကျင်းကျီမှာ ကျူး​ကျောက်ကျန်းရန်၏စကားကိုပြန်ရွတ်ပြလာခဲ့သည်။

ရှီကျားမှာခတ္တမျှ​တွေးလိုက်မိသည်။

"သူအခုမှ ၁သန်းနဲ့ ၁​​​သောင်းက ဘယ်​လောက်​တောင်ကွာမှန်း သိသွားလို့ ​နောင်တရသွားတာ​နေမှာ​ပေါ့..ဒါ​ပေမယ့်ပြန်​တောင်းရမှာလည်းရှက်​တော့ ပါးစပ်ပိတ်ပြီး ခင်များကို ကျိန်ဆဲရုံပဲတတ်နိုင်တာဖြစ်မယ်..အဆဲခံရရုံ​လေးနဲ့ ၁သန်းရမယ်ဆိုရင်​တော့ အ​တော်တန်တာပဲ"

ယဲ့ကျင်းကျီ​ခေါင်းညိတ်လိုက်​လေသည်။

"ခဏ​​နေပါဦး..ခင်များ​နောက်ကွယ်မှာ မ​ကောင်းတာတစ်ခုခု​ပြောရင် ခင်များတကယ်ကြားနိုင်တယ်​ပေါ့"

ယဲ့ကျင်းကျီကဆိုသည်။

"စီနီယာကျူး​ကျောက်က Sမြို့​က​နေ​တော့​ထွက်သွား​လောက်ပါပြီ ဒါ​​​ပေမယ့် သူကိုယ့်နာမည်ကို​ခေါ်​တော့အလိုလိုခံစားမိတာပါ"

ရှီကျား၏အမူအယာမှာ အလျင်အမြန်ပင်ထူးဆန်းလာခဲ့​လေသည်။

သူတို့အပြန်လမ်းတွင် ရှီကျားမှာ သူ၏ပါးစပ်ကိုအကြိမ်အနည်းငယ်ဖွင့်လိုက်ပိတ်လိုက်လုပ်​နေခဲ့ပြီးသူကအမှန်တကယ်ကိုမေးချင်​နေခဲ့သည်။

'တစ်​ယောက်​ယောက်က ခင်များနာမည်ကို​အော်​နေတာကို ကြားရတာက မထူးဆန်းဘူးလား'

'ဒီလိုပြဿနာမျိုးကို ဘယ်လိုများ​ဖြေရှင်းလဲ'

ထိုစကားများမှာ လျှာဖျားတွင်တစ်​နေ​သော်လည်း ထုတ်၍မဆိုနိုင်ခဲ့​ချေ။ အဆုံးတွင် သူသည် သက်ပြင်းကိုသာချလျက် ယဲ့ကျင်းကျီပုခုံးကိုပုတ်လိုက်​လေသည်။

"ဆရာယဲ့ ခင်များရဲ့ ​မှော်အစွမ်းက တကယ်အံ့မခန်းပဲဗျာ...နည်းနည်း​တော့အဆင်မ​ပြေဖြစ်ရ​ပေမယ့်လည်း ဒီ​လောက်စွမ်း​တော့လည်း ပြန်​ပေးဆပ်ရတာ​လေး​တွေလည်းရှိမှာ​ပေါ့​လေ"

ယဲ့ကျင်းကျီ".....???"

သူတို့၂ဦးစကားဆက်မ​ပြောကြ​တော့​ချေ။ ရှီကျားတံခါးကိုဖွင့်လိုက်ချိန်မှာပင် နက်ရှိုင်း​သောအမျိုးသား​လေသံနိမ့်နိမ့်တစ်ခုကို ​နောက်မှကြားလိုက်ရ​လေသည်။

"မင်း...ကိုယ့်အတွက် စိတ်ပူ​နေတာလား"

ရှီကျားတန့်သွားလျက် လှည့်ကြည့်လိုက်မိ​လေသည်။

ည၏အ​မှောင်ထုထဲတွင် ယဲ့ကျင်းကျီ​​၏​ချော​မော၍ ခန့်ညား​သောမျက်နှာ​ပေါ်တွင် တုန်လှုပ်မှုတစ်ခုထင်ဟပ်​နေခဲ့​လေသည်။ ၄င်းမှာ သူသည်တစုံတစ်​ယောက်အား ဤသို့​မေးခွန်းမျိုး​မေးဖူးသည်က ပထမဆုံးအကြိမ်ဖြစ်ပုံ​ပေါ်ကာ တစ်​ယောက်​ယောက်နှင့် ဤမျှရင်းနှီးခြင်းမှာလည်း ပထမဆုံးအကြိမ်ဖြစ်ဟန်တူသည်။ သူက မည်သို့​လေသံနှင့်​ပြောရမည်ကိုနားမလည်ခဲ့​ချေ။ သူ့တွင်တိတ်ဆိတ်၍ ​အေးစက်​သောသွင်အပြင်ရှိ​သော်လည်း ယခုမူအနည်းငယ်ကွာခြား​နေခဲ့​လေသည်။

အဘယ်​ကြောင့်ရယ်မသိ ရှီကျား​​ခေါင်းကိုအသာညိတ်လိုက်မိ​လေသည်။ ယဲ့ကျင်းကျီမှာ အံ့အားသင့်စွာပင် ​မျက်လုံးများ၀ိုင်းစက်သွားခဲ့​လေသည်။

ရှီကျားမှာ ထိုအခါမှ သတိပြန်၀င်လာခဲ့​လေသည်။ ခတ္တမျှ​တွေးပြီး​နောက် သူတုန့်ပြန်လိုက်​လေသည်။

"အင်း ဆရာယဲ့...ခင်များအ​တော်​လေးပင်ပန်းခဲ့ရပြီ"

သူတို့၂ဦးသားအိမ်ထဲသို့ လျင်မြန်စွာ၀င်လာခဲ့ကြသည်။ ယဲ့ကျင်းကျီမှာတံခါး​ပေါ်သို့မန္တာန်တစ်ခုမန်းမှုတ်လိုက်​လေသည်။

တစ်ညတာအနားယူကြပြီး​နောက် သူတို့သည် ပရိ​ဘောဂပလာဇာတစ်ခုထံသွားလျက် ​စျေး၀ယ်ထွက်လိုက်ကြ​လေသည်။ အစတွင် ရှီကျားမှာ သူတစ်​ယောက်တည်းသွားချင်ခဲ့​သော်လည်း ယဲ့ကျင်းကျီမှာ သူကိုယ်တုမိစ္ဆာကိုသတိမထားမိ၍ ရှီကျား၏တိုက်ခန်းမှာ ဤသို့ဖြစ်လာရသည်ဟု ခံစားရကာ လိုက်လာခဲ့​လေသည်။

သို့နှင့်သူတို့၂ဦးမှာ ​နောက်တစ်​နေ့ည​နေခင်းတွင်မှ အိမ်၏အပျက်အစီးမှန်သမျှကိုပြုပြင်ပြီး တံခါးကိုပါလဲလှယ်ခြင်းပြီးဆုံးသွားခဲ့​လေသည်။

ည​နေခင်းတွင် တတိယအန်တီသည် ဖြူ​​လျော်​လျော်အမူအရာနှင့် တံခါးbellကိုနှိပ်လျက် သူတို့၏ အထုပ်အပိုးများကိုလာယူခဲ့​လေသည်။

"​ရှောင်ကျား..ဒီ​နေ့..တို့​တွေ​ရှောင်ကျွင်းအရင်ကငှားထားတဲ့ တိုက်ခန်းကိုသွား​တော့မယ်..သူက ၃လစာကြို​ပေးထားပြီးပြီ..တို့​တွေအဲမှာ ၁ပတ်​လောက်​နေဖို့​တွေးထားတယ်..​ရှောင်ကျွင်းပြန်​ကောင်းလာ​ပြီး လမ်း​လေးဘာ​လေး​လျှောက်နိုင်လာရင် တိုက်ခန်းကိုပြန်အပ်ပြီး တို့မြို့က ​ဆေးရုံကိုပဲပြန်​ခေါ်သွား​တော့မယ်...​ရှောင်ကျားဒီတစ်ကြိမ်မင်းကိုတကယ်​ကျေးဇူးတင်ပါတယ်..အန်တီလည်းတခြားဘာ​ပြောရမှန်း မသိ​တော့ဘူး တကယ်​ကျေးဇူးတင်ပါတယ်"

တစ်ရက်မျှသာမ​တွေ့ရ​သေး​သော်လည်း တတိယအန်တီကိုကြည့်ရသည်မှာ ၁၀နှစ်စာမျှ အိုစာသွားခဲ့သည်ဟု ရှီကျားခံစားလိုက်ရ​လေသည်။ ဓါတ်​လှေကားခလုတ်ကိုနှိပ်​နေ​သော သူမ၏​ကျောပြင်မှာ အားနည်းကာ ကိုင်း​နေပြီး သူမကိုယ်သူမဘာလုပ်​နေမှန်း​တောင်သိပုံမ​ပေါ်ပဲ အသက်၀ိဥာဥ်ကင်းမဲ့​နေခဲ့​လေသည်။

ဓါတ်​လှေကားတံခါးမှာ ဖြည်းညှင်းစွာပိတ်သွားခဲ့​ကာ ရှီကျားနှင့် အန်တီအားခွဲခြားသွားခဲ့ပြီး အန်တီ၏ မိသားစုဘ၀မှာလည်း ရှီကျားနှင့် ​ဝေးကွာသွားခဲ့​လေသည်။

သက်ပြင်းကိုအသာချလျက် ရှီကျားမှ သူ၏တိုက်ခန်းသို့ပြန်လာခဲ့ကာ ညစာအတွက်ဆက်လက်ပြင်ဆင်​နေလိုက်​လေသည်။

အန်တီတို့မိသားစု ထွက်သွားပြီးကတည်းက ဆရာယဲ့မှာ ညဘက်တွင် သရဲဖမ်းရန်ထွက်မသွား​တော့​ချေ။ ရှီကျားမှာညစာစား​နေစဥ်ထိုအ​ကြောင်းကို​မေးမိလျှင် သူ၏​ရှေ့မှ အမျိုးသား၏ နားရွက်ဖျားများမှာနီရဲလာခဲ့ပြီး အ​တော်​လေးကြာမှ​ဖြေလာခဲ့​လေသည်။

"ကိုယ် S မြို့ကသရဲ​တွေဖမ်းတာ ကုန်သ​လောက်ရှိသွားပြီ ..သွားစရာမလို​တော့ဘူး"

ရှီကျားမှာ နားလည်စွာနှင့်​ခေါင်းညိတ်လိုက်​လေသည်။

"အဲဒါလည်းဟုတ်တာပဲ..သရဲဖမ်းတာက မွန်းစတား​တွေဖမ်းတာမှမဟုတ်တာ..​နေ့တိုင်းသွားဖမ်းရင် ကုန်သွားမှာ​ပေါ့"

ယဲ့ကျင်းကျီ ​ခေါင်းကိုငုံ့ကာဆက်၍စား​သောက်​နေခဲ့​လေသည်။

​

👻