👻Chapter 27
Viewers 3k

👻Chapter 27



ထိုညလင်းပုလဲ၏အလင်း​ရောင်​အောက်တွင် ရှီကျားနှင့် ယဲ့ကျင်းကျီတို့ တိုက်ခန်းတစ်ခုလုံးကိုစတင်ရှင်းလင်း​တော့သည်။ အနည်းဆုံး​တော့ ကြမ်းပြင်​ပေါ်မှ မှန်ကွဲစများကိုရှင်းလင်းရန်လို​လေသည်။ နာရီ၀က်ခန့် ရှင်းလင်း​နေပြီး​​နောက် ယဲ့ကျင်းကျီမှာပို၍ပင်လျင်မြန်လာ​တော့သည်။ သူသည်လက်တစ်ဖက်မှ တံမြက်စည်းကိုကိုင်လျက် ကျန်တစ်ဖက်မှ ကြမ်းတိုက်၀တ်ကိုကိုင်ထားခဲ့သည်။ ထို့​နောက်ရုတ်ချည်းအိမ်​ရှေ့တံခါးကိုလှည့်ကြည့်လိုက်​လေသည်။

ရှီကျားမှာလည်း ရုတ်ချည်းတန့်သွားလျက် ယဲ့ကျင်းကျီ၏အကြည့်လားရာအတိုင်းကြည့်လိုက်မိ​လေသည်။

ထို​တံခါးတွင် မည်သည့်လှုပ်ရှားမှုမှမရှိသည့်တိုင် ယဲ့ကျင်းကျီက ထိုအတိုင်းစိုက်ကြည့်​နေမြဲဖြစ်သည်။ ထို့​နောက် ​တောက်ပ​​သော အနီ​ရောင်ဓါးတစ်​ချောင်းက သူ၏တံခါးမှရုတ်ချည်း​ဖောက်ထွက်လာပြီး တံခါးကို နည်းနည်းချင်းစီလှီးဖြတ်​နေသည်ကို​တွေ့လိုက်ရ​​တော့သည်။

ထိုဓါးမှာ တံခါးအား တို့ဖူးလှီးသလိုပင်လှီးဖြတ်​နေခြင်းဖြစ်သည်။ မိနစ်ပိုင်းအတွင်း မ​သေမသပ်နှင့် စက်၀ိုင်းပုံတစ်ခုက ရှီကျား၏ မ​ဟော်ဂနီသားတံခါး​​ပေါ်တွင်​ပေါ်လာခဲ့​လေသည်။ အပြင်မှတစ်စုံတစ်​ယောက်က ၄င်းကိုတွန်းလိုက်သည်နှင့် ထိုစက်၀ိုင်းပုံလှီးဖြတ်ခံထားရ​သော သစ်သားအပိုင်းမှ ရှီကျား၏မျက်လုံး​ရှေ့မှာပင် ဘုန်းခနဲပြုတ်ကျလာ​တော့သည်။

ရှီကျား"!!!"

ထိုသစ်သားချပ်ပြုတ်ကျလာခြင်း​ကြောင့် ဖုန်အနည်းငယ်ပင်ထသွား​စေသည်​။ ဆံပင်ဖြူတို့နှင့်လူအိုကြီးတစ်ဦးမှာ သူ၏လက်ကိုယမ်းလျက် ထိုဖုန်များကိုခါထုတ်လိုက်​လေသည်။ ထို့​နောက်သူက​ချောင်းတဟွတ်ဟွတ်ဆိုးလျက် တိုက်ခန်းထဲ၀င်လာရင်းဆိုလိုက်​လေသည်။

"များလိုက်တဲ့ဖုန်​တွေ..လူမ​နေတာဘယ်​လောက်ကြာပြီလဲမသိဘူး..ယင်စွမ်းအင်ကလည်း​လေးပြီး ဖုန်​တွေကထူချက်...ကံ​ကောင်းချင်​တော့ ငါဆရာသခင်ရှိ​နေလို့​ပေါ့..မဟုတ်ရင်ဒီမ​ကောင်းဆိုး၀ါးဟာလူ​တွေကိုဒုက္ခ​ပေး..အယ်..​တာအို​ရောင်းရင်း​လေးယဲ့..."

ယဲ့ကျင်းကျီ​ခေါင်းအသာညိတ်လိုက်​လေသည်။

"စီနီယာ ​ကျူးကျောက် မ​တွေ့တာကြာပြီ"

ထျန်းကျိကျောင်းမှ ​ကျူး​ကျောက်ကျန်းရန်သည် သူ၏လက်ကို​ဝေ့ယမ်းလျက်ရယ်​မောလာခဲ့သည်။

"ဟုတ်ပါ့ ဟုတ်ပါ့ မ​တွေ့တာကြာပြီ..လွန်ခဲ့တဲ့၄နှစ် ဖုန်းတုမှာတစ်ခါ​တွေ့ပြီးကတည်းက မ​တွေ့ဖြစ်​တော့တာ​နော်...တာအို​ရောင်းရင်း​လေးယဲ့သာဒီမှာရှိ​နေမှန်း သိရင် ဒီတာအိုဆရာလည်း အ​ပြေးလာမိမှာမဟုတ်ဘူးရယ်..ဒီတာအိုဆရာက S မြို့ကဖြတ်သွားတုန်း ပြင်းထန်တဲ့ယင်စွမ်းအင်ကိုခံစားမိလို့ နည်းနည်းတွက်ချက်ကြည့်လိုက်တယ်​လေ.. အ​ဖြေကနည်းနည်းမူမမှန်​တော့ဒီတာအိုဆရာလည်း မ​ကောင်းဆိုး၀ါး၀ိညာဥ်များရှိ​နေလားလာကြည့်တာ..ဒီကတာအို​ရောင်းရင်း​လေးယဲ့ရှိ​နေမှန်းသိရင် ဒီတာအိုဆရာကြီး ဘယ်လာဖို့လိုမလဲ​နော့်"

ရှီကျား"....."

လွန်ခဲ့တဲ့၄နှစ်က သူအတွက်အချက်မှားလို့ ရွှမ်းရွှယ်​လောကရဲ့မျိုးဆက်သစ်​တွေအကုန်လုံး မျိုးတုံးလုနီးပါးဖြစ်သွား​အောင်လုပ်ခဲ့တဲ့ အဲဒီထျန်း​ကျိကျောင်းက စီနီယာ ကျူး​ကျောက်လား...

ရှီကျား သူ၏အာရုံတို့ကို သူ၏တံခါး​ပေါ်မှအ​ပေါက်ကြီးထံနှစ်မြုပ်ထားခဲ့​လေသည်။ သူ၏လက်မှာ ယားယံ​နေပြီး လူတစ်​ယောက်​ယောက်ကို ရိုက်နှက်ချင်သလိုခံစား​နေရ​လေသည်။ ထိုအချိန်မှာပင် ကျူး​ကျောက်က သူ၏​ခေါင်းကိုပွတ်လျက် ဟဲဟဲဟူ​သောရယ်သံနှင့်အတူ ​တောက်​လောင်​နေ​​သောမီးပုံထဲ ဆီဖြန်း​ပေးလာခဲ့သည်။

"ဒီ​နေ့​ခေတ်တံခါး​တွေကခိုင်ချက်ကွာ...ဒီတာအိုဆရာကြီးက တံခါးကိုဖြတ်ဖို့မနည်းကြိုးစားလိုက်ရတယ်"

ယဲ့ကျင်းကျီ​မေးလိုက်မိသည်။

"စီနီယာ..ဘာလို့တံခါးကို မ​ခေါက်လိုက်တာလဲ"

ကျူး​ကျောက်၏အမူအရာမှာ​တောင့်တင်းသွားခဲ့​လေသည်။

"ယင်စွမ်းအင်ကဒီနားမှာအ​တော်ပြင်း​နေတာ​လေ..အကယ်၍ မ​ကောင်းဆိုး၀ါး၀ိညာဥ်သာတကယ်ရှိ​နေရင် သူ့ကိုသတိ​ပေးလိုက်သလိုဖြစ်သွားမှာ​ပေါ့"

ယဲ့ကျင်းကျီ "စီနီယာက မီး​လျှံဓါးကိုသုံးပြီးတံခါးကို​ဖောက်လိုက်​တော့လည်း အရမ်းသိသာ​နေတုန်းပဲ​လေ"

ကျူး​ကျောက်ကျန်းရန်မှာ ရုတ်ချည်းလှုပ်ရှားမှုကင်းမဲ့သွားလျက် သူယခု​လေးတင်မည်မျှတုံးအပုံ​ပေါက်​နေခဲ့​ကြောင်းနားလည်သွား​တော့သည်။ ထိုအရှက်ရမှုကိုဖုံးကွယ်ရန် သူကပတ်ပတ်လည်ကို ဟိုကြည့်သည်ကြည့်လုပ်လိုက်​လေသည်။ ထိုစဥ်ရုတ်ချည်းဆိုသလို ယဲ့ကျင်းကျီ၏ လက်ထဲ၌ တံမြက်စည်းတစ်​ချောင်းနှင့် ကြမ်းတိုက်တံတစ်​ချောင်းကိုကိုင်ထားသည်အား​တွေ့လိုက်ရ​လေသည်။ ထို့​နောက် ​ဘေးသို့ကြည့်လိုက်​သော် မရင်းနှီး​သောမျက်မှာစိမ်းလူရွယ်တစ်ဦးကိုထပ်မံ​တွေ့လိုက်ရပြန်သည်။

ထိုလူရွယ်​လေးမှာ အလွန်အံ့ဖွယ်​ကောင်းလှ​ပေသည်။ သူက ယဲ့ကျင်းကျီအနားတွင်ရပ်​နေပြီး သူကိုယ်တိုင်လည်း တံမြက်စည်းတစ်​ချောင်းကို ကိုင်ထားခဲ့သည်။

ကျူး​ကျောက်ကျန်းရန် သူ၏မျက်လုံးကိုအသာ​လေး​ရွေ့လျက်အကြည့်လွှဲလိုက်​လေသည်။

"အဲ..ဒီတာအိုဆရာကြီးမှာ လုပ်စရာတစ်ခုရှိ​သေးတာပဲ ခုမှသတိရ​တော့တယ်...တာအို​ရောင်းရင်း​လေးယဲ့..​နောက်မှထပ်ဆုံကြတာ​ပေါ့"

စကားဆုံးသည်နှင့် မုတ်ဆိတ်ဖြူတို့နှင့် အဘိုးကြီးမှာ လှည့်ကာ​ပြေးသွား​တော့သည်။

ရှီကျားက သူ၏တံခါး​ပေါ်မှအ​ပေါက်ကြီးကိုစိုက်ကြည့်​နေဆဲပင်။ ကျူး​ကျောက်ကျန်းရန်ထွက်​ပြေးသွားချိန်တွင် သူတုန့်ပြန်ရန်အချိန်ပင်မရှိခဲ့​​ချေ။ ယခုလိုက်လျှင်လည်းမီ​တော့မည်မဟုတ်။ ယဲ့ကျင်းကျီကဆိုလာခဲ့သည်။

"ကိစ္စမရှိပါဘူး ကိုယ့်မှာပိုက်ဆံ​တွေအများကြီးရှိတယ်..တကယ်အများကြီးပဲ..​နောက်တံခါးတစ်ချပ်၀ယ်လို့ရတယ်​​လေနော်"

ရွှမ်းရွှယ်​လောကမှလူများတွင် ပိုက်ဆံပြတ်လပ်မ​နေ​ချေ။ pointများကိုသာ အသည်းအသန်လိုအပ်ကြခြင်းဖြစ်သည်။ ရှီကျားက ၄င်းကိုသိ​သော်လည်း သူသည်ယဲ့ကျင်းကျီက သူ့အတွက်​လျော်​ပေးမည်ကို မည်သို့လက်ခံနိုင်ပါမည်နည်း။

ယဲ့ကျင်းကျီမှာ ရှီကျား၏မှုန်မှိုင်း​နေ​သော အမူအရာကို ဂရုတစိုက်ကြည့်လျက် နားလည်သွားခဲ့​လေသည်။

"ခဏ​လေး​နော် ကိုယ်စီနီယာ ကျူး​ကျောက်ကိုwechatမှာဆက်သွယ်ကြည့်လိုက်မယ်..သူကအ​လျော်​ပေး​​လောက်ပါတယ်"

ရှီကျား အနည်းငယ်မျှခံစားရ​ကောင်းသွားခဲ့သည်။

သို့​သော်သူတို့မသိသည်က ထို​ဖေးယွီထက်ပင် ကျိုး​ကြောင်းမဆီ​လျော်​သော် ကျူး​ကျောက်ကျန်းရန်မှာ အ​ဝေးသို့​ပြေးပြီးသည်နှင့် သူ၏အိတ်ထဲမှ ဖုန်းကိုအလျင်အမြန်ထုတ်ယူလိုက်ခြင်းပင်။ ထို့​နောက်ကျွမ်းကျင်လျင်မြန်စွာပင် wechatကိုဖွင့်လျက် message boxတစ်ခုတွင် အလင်းအလျင်ဖြင့်စာများစရိုက်လိုက်​တော့သည်။

: 【 ဒီတာအိုဆရာကြီးမှာ သတင်းထူးရှိတယ်​နော်..​ကောင်းကင်ဘုံကိုကိုင်လှုပ်နိုင်တဲ့ သတင်းထူး​နော်..အယ်ဒီတာအမြန်ထွက်လာခဲ့..ဒီတာအိုဆရာကြီးက ၀က်၀က်ကွဲအတင်းအဖျင်းအကြီးစားကို​ပေး​တော့မှာကွ!!! 】

ညသန်း​​ခေါင်အချိန်တွင် ​သေမျိုးကမ္ဘာ​ပေါ် ယင်စွမ်းအင်အထူထပ်ဆုံးအချိန်ဖြစ်ပြီး သရဲဖမ်းရန်အ​​ကောင်းဆုံးအချိန်ဖြစ်​လေသည်။

Zခရိုင် Hမြို့​တော်၏ဆင်​ခြေဖုံးတစ်​နေရာတွင် ​ကောင်းကင်ဘုံဆရာသခင်တစ်ဦးသည် မက်မွန်သားဓါးကိုသုံးလျက် မ​ကောင်းဆိုး၀ါး၀ိညာဥ်၏ ၀မ်းဗိုက်ကို ထိုး​ဖောက်လိုက်​လေသည်။ မ​ကောင်းဆိုး၀ါး၀ိညာဥ်မှာ နာကျင်စွာ​အော်မြည်လိုက်​လေသည်။ ဆရာသခင်က တည်တံ့​သော အမူအရာဖြင့် မန္တာန်တစ်ခုကိုရွတ်ဆိုလျက် ထိုမ​ကောင်းဆိုး၀ါး၀ိညာဥ်အားဖယ်ရှားရန်ကြိုးစား​နေခဲ့​လေသည်။ ထိုစဥ်သူ၏အိတ်ကပ်ထဲမှ ထူးဆန်း​သော ringtoneသံကိုကြားလိုက်ရ​လေသည်။

"အား အတင်းအဖျင်း အသစ်​ရောက်​နေပြီ ​ရောက်လာပြီကွ..အတင်းအဖျင်းအကြမ်းစား​နော်"

(TN- ringtoneသံပါ)

ဆရာသခင်အိုကြီး၏ မန္တာန်ရွတ်​နေခြင်းရုတ်ချည်းရပ်သွားခဲ့​လေသည်။ မ​ကောင်းဆိုး၀ါး၀ိညာဥ်မှာ သူ့အား​ကြောင်​တောင်​တောင်ကြည့်လျက် ဘာလုပ်ရမှန်း မသိခဲ့​ချေ။ ဆရာသခင်အိုကြီးက လက်တစ်ဖက်ကိုသုံးလျက် မက်မွန်သားဓါးနှင့် ထိုသရဲကိုထိုး​ဖောက်လိုက်​လေသည်။ သရဲခမျာမှာ ထိုဓါးနှင့်အသားကင်တုတ်ထိုးနှယ်အထိုးခံထားရ​လေသည်။ ၀တ်ရုံလက်ကိုတစ်ချက်ခါလိုက်ပြီး သူကဆိုလာသည်။

"ခဏ​စောင့်ဦး ဒီအဘိုးကြီးက အတင်းအဖျင်း​လေးအရင်ဖတ်လိုက်ဦးမယ်"

မ​ကောင်းဆိုး၀ါး၀ိညာဥ်"...."

ဒီလူမဆန်တဲ့အဘိုးကြီးက​တော့..ငါတို့သရဲ​တွေမှာလည်း အဖတ်ဆယ်စရာမျက်နှာမရှိဘူးလို့ထင်​နေလား...

ထိုသို့တူညီ​သော အ​ခြေအ​နေများမှာ ဟွာရှားတခွင်တွင်ဖြစ်ပျက်​နေခဲ့​လေသည်။

ဟိုင်ချန်းမြို့ပြင်ရှိဗီလာတစ်ခုတွင် ချီရှန်း​တောက်ရန်သည် ၁၂နာရီမထိုးခင် ၁စက္ကန့်အလိုအထိနှစ်ခြိုက်စွာအိပ်​ပျော်​နေဆဲဖြစ်​သော်လည်း ၁၂နာရီထိုးသည်နှင့် ချက်ချင်းနိုးလာခဲ့​၏။ ဆံပင်ဖြူတို့နှင့် ဆရာသခင်အိုကြီးမှာ သူ၏မုတ်ဆိတ်ကိုပွတ်သပ်ရင်း ဖုန်းကိုဖွင့်လိုက်​လေသည်။ တစ်ချက်မျှကြည့်လျက် သူသည် တဟားဟားနှင့် ​အော်ရယ်​​တော့သည်။

ဘန်း...

၁မိနစ်မျှအကြာတွင် ချီရှန်း​တောက်ရန်၏သားဖြစ်သူမှာ ​လှေကား​​မှ​ပြေးတက်လာပြီး ​ဒေါသတကြီးဆိုလာခဲ့​လေသည်။

"အ​ဖေ! ဒါဒီလမှာ ကျွန်​တော်တို့ပြတင်း​ပေါက်မှန်​တွေလဲရတာ ဒုတိယအကြိမ်​နော်...အ​ဖေအဲဒီ'ghosts know'ကိုမဖတ်ပါနဲ့​တော့လား..ဖတ်မယ်ဆိုရင်လည်းအဲဒီ ​​​မိုး​ကောင်းကင်တုန်ဟီးဟိန်းသံကြီးကိုသုံးပြီး အိမ်ကပြတင်း​ပေါက်မှန်​တွေကို မခွဲပါနဲ့​တော့လား"

ဤတစ်ကြိမ်တွင် ချီရှန်း​တောက်ရန်မှာ စိတ်လှုပ်ရှား​နေလွန်း၍ ဘာမျှ​​တောင်ပြန်မ​ပြောနိုင်​ချေ။ လူအိုကြီးက သူ၏ဖုန်းကို သားဖြစ်သူ၏မျက်နှာ​ရှေ့သို့တိုက်ရိုက်​ထောင်ပြလိုက်​လေသည်။

ဖုန်းစခရင်​​ပေါ်မှသတင်းကိုမြင်လိုက်ရ​သော သားဖြစ်သူမှာလည်း မျက်လုံးများပြူးကျယ်သွားလျက် တုန်လှုပ်စွာဆိုလာခဲ့သည်။

"တာအို​ရောင်းရင်း​လေးယဲ့က သူ့ဇနီး​လောင်းကို​တောင် ရှာ​တွေ့သွားပြီလား"

ဤကိစ္စကို​ပြောရမည်ဆိုပါက လွန်ခဲ့​သော တစ်ပတ်ကနှင့်စရ​ပေလိမ့်မည်။

အမည်မသိပုဂ္ဂိုလ်တစ်ဦးက ငရဲဘုရင်ယဲ့တွင် စီစဥ်​ပေးထား​သော လက်ထပ်ပွဲရှိ​ကြောင်း ​ဖော်ထုတ်ပြီးကတည်းကပင် အချိန်အကြာကြီးထိုသို့ အကြမ်းစားအတင်းအဖျင်းကိုငတ်မွတ်​နေခဲ့​သော ရွှမ်းရွှယ်​လောကတစ်ခွင်လုံး ဆူပွက်သွားခဲ့​လေသည်။

ကြားရသည်မှာ ထျန်းကျိ​ကျောင်းမှ ကျူးဖုန်း​ကျန်းရန်က ၈၁ကြိမ်တိတိ ကံကြမ္မာကိုတွက်ချက်ကြည့်ခဲ့​ပြီး​နောက် လိပ်ခွံ၁၁ခွံကွဲသွားပြီးသည့်တိုင် အံ့ဖွယ်​ကောင်းစွာ ငရဲဘုရင်ယဲ့၏ ဇနီး​လောင်းမှာမည်သူဖြစ်သည်ကို အ​ဖြေမထုတ်နိုင်ခဲ့​ချေ။

တချို့ကဆိုကြသည်မှာလည်း ယခင်ကစီနီယာ ရီလင်းကျစ်နှင့်သိကျွမ်းခဲ့ဖူး​သော စီနီယာများကိုအနည်းငယ်​မေးမြန်းကြည့်ခဲ့ကြ​သော်လည်း သူတို့မှာခါးသက်​သော မျက်နှာဖြင့် ဤသို့သာဆိုနိုင်ခဲ့ကြသည်ဟုပင်။

"ဒီလူအိုကြီးက ဒီအတင်းအဖျင်းကို​ရေးတဲ့သူမဟုတ်ရပါဘူးကွာ..ရီလင်းကျစ်က သူ့တပည့်အတွက် လက်ထပ်ပွဲစီစဥ်​ပေးခဲ့တယ်လို့​တောင် မသိခဲ့ဘူးကွ"

အ​ဖြေကိုရှာမ​တွေ့​လေ သိချင်စိတ်ပြင်းထန်​​​လေဖြစ်သည်။

ထျန်းကျိ​ကျောင်းကိုယ်တိုင်က ကံကြမ္မာတွက်ချက်ခြင်းကို အထူးပြုထားသည့်ဂိုဏ်းဖြစ်​လေသည်။ ကျန်ဆရာသခင်များမှာလည်း ကံကြမ္မာတွက်ချက်ခြင်းကို အနည်းအကျဥ်း​တော့ တီးမိ​ခေါက်မိ သိကြ​လေသည်။ သို့​သော် ထျန်းကျိ​ကျောင်း၏ဂိုဏ်းချုပ် ကျူးဖုန်း​ကျန်းရန်ပင် ဇနီး​လောင်းဖြစ်သူကိုမတွက်ချက်နိုင်​လေရာ ကျန်မ​တောက်တ​ခေါက်များမှာ အဘယ်တတ်နိုင်အံ့နည်း။ ထို့​ကြောင့် ထို​နေ့မှစ၍ပင် 'ghosts know'မှာ အတင်းအဖျင်းအတွဲများကိုဆက်တင်​နေခဲ့ပြီး အားလပ်​နေ​သောဆရာသခင်များမှာလည်း ထိုယင်စွမ်းအင်အလွန်သန်မာ​သော ခန္ဓာကိုယ်ပိုင်ရှင် ဇနီး​လောင်း၏ သရုပ်မှန်ကို ​ဆွေး​နွေး​​နေကြကုန်သည်။

သူမကိုရှာမ​တွေ့နိုင်ဟူ​သည်မှာ သူမ၏ခွန်အားကအလွန်မြင့်မားပြီး သူမအား​နောက်​ယောင်ခံလိုက်လိုသည့်လူများကို ပိတ်ပင်တားဆီးနိုင်​လေသည်။

ကျူးဖုန်း​ကျန်းရန်​တောင် သူ့နာမည်ကိုမတွက်နိုင်ဘူးဆို​တော့ ဘယ်​​လောက်​တောင် ကြမ်းတာတုန်း...

အစပိုင်းတွင်လူတိုင်းမှာ ထိုဇနီး​​လောင်းက မည်သူဖြစ်နိုင်သည်ကို​ဆွေး​နွေး​နေခဲ့ကြ​သော်လည်း ​နောက်ပိုင်းတွင် စကား၀ိုင်းမှာ 'ငရဲဘုရင်ယဲ့နဲ့ ဘယ်သူမှန်းအ​ဖြေ​တောင်ထုတ်မရ​အောင်သန်မာတဲ့ အဲဒီ တာအိုသခင်မ​လေးတို့ယူလိုက်ကြပြီးရင် သူတို့ကဘယ်​လောက်​​ကြောက်ဖို့​ကောင်းလိုက်မလဲ'နှင့်
'ငရဲဘုရင်ယဲ့ရဲ့သားကသာ ငရဲဘုရင်ယဲ့ထက်ပိုပြီးသန်မာတယ်ဆိုရင် သူ့ကိုဘယ်လို​ခေါ်ကြမလဲ ယဲ့၀ူတိ(အနှိုင်းမဲ့) လို့​ခေါ်မလား ဒါမှမဟုတ် ယဲ့ရှန်းထျန်း( ​ကောင်းကင်နတ်ဘုရား)လို့​ခေါ်ကြမလား' ဟူ၍ပင်။

ထိုမျှအတင်းအဖျင်းကြီးမျိုးမရှိသည်မှာ အ​တော်ကြာခဲ့ပြီဖြစ်​​လေရာ ယဲ့ကျင်းကျီ၏ မိဘသ​ဘောတူလက်ထပ်ပွဲသတင်းမှာ ၃ရက်တိတိအကြိတ်အနယ်​ဆွေး​နွေးခြင်းခံ​နေရ​​လေသည်။ သို့​သော် ၃ရက်​ကျော်လွန်သွားပြီး​နောက် မည်သည့်သတင်းအသစ်များလည်းတက်မလာ​တော့​လေရာ လူတိုင်းလည်း သတင်း​ခေါင်းစဥ်ကို​ပြောင်းလဲလိုက်ကြ​တော့သည်။

၄င်းမှာ 'ghosts know'မှ ​အောက်ပါခေါင်းစည်းဖြင့် အတင်းအဖျင်းကြီးတစ်ပုဒ်ကို ထပ်​ဖြေချမလာခင်အထိသာဖြစ်​လေသည်။

《သူ့ရဲ့ဇနီး​လောင်းကိုရှာ​တွေ့တဲ့အချိန်မှာပဲ သူ့လက်ထဲမှာ ရှည်ရှည်ထူထူတစ်ခုကိုကိုင်ထားတယ်တဲ့....》

မည်သည့်အမည်ကိုမှ ထည့်သွင်း​ဖော်ပြမထားပါ​ချေ။ သို့​သော် ထိုဇနီး​​လောင်းဆိုသည့်​​​ဝေါဟာရကိုမြင်သည်နှင့် လူတိုင်းမှာ ချက်ခနဲပင် ငရဲဘုရင်ယဲ့ကိုသာတန်းမြင်လိုက်ကြသည်သာ။

​ခေါင်းစဥ်မှာ ထိုမျှသာဆိုလျှင် သူတို့အလွယ်တကူ​မေ့သွားနိုင်​လောက်သည်။ သို့​သော်​ခေါင်းစီးမှ "ရှည်ရှည်ထူထူတစ်ခု"ဟူ​သော​ဝေါဟာရကိုမြင်သည်နှင့် မ​ရေတွက်နိုင်​​သော ဆရာသခင်များမှာ ဒိန်းခနဲမီးပွင့်သွားလျက် အလင်းအလျင်နှင့် သတင်းကိုဖွင့်ဖတ်ကြ​တော့သည်။ တို​တောင်း​သော ၃မိနစ်အတွင်းမှာပင် ​ကောမန့်​ပေါင်းတစ်​ထောင်​ကျော်မှာ ghost know၏ ပို့စ်​အောက်တွင် ​​ပေါက်ကွဲထွက်လာခဲ့​လေသည်။

【 Clickbaitကြီး! ဒီအဘိုးကြီး clickbaits​တွေကိုအမုန်းဆုံးပဲကွ..အယ်ဒီတာ..သတ္တိရှိရင် မင်းတို့HQ(ဌာနချုပ်)ကဘယ်မှာလဲဆိုတာ ဒီအဘိုးကြီးကို​ပြောရဲလား..ဒီအဘိုးကြီးကလည်း​လာရဲတယ်ကွ ! 】

【 666, clickbaitကြီးပဲ​ဟေ့, တံမြက်စည်းကိုရှည်ရှည်ထူထူတစ်ခုလို့ ပုံ​ဖော်​နိုင်စွမ်းရှိတဲ့ 'ghosts know'ကို​လေးစားမိတယ်ကွာ..lol..ဒါ​ပေမယ့်အစ​တော့ ဒီတိုင်း clickbaitကြီးသပ်သပ်ပဲထင်တာ..ဒါ​​ပေမယ့်ငရဲဘုရင်ယဲ့ရဲ့ဇနီးကိုဘယ်သူကမှရှာမ​တွေ့တာကို ဒီသတင်းကရှာ​တွေ့သွားတယ်​ပေါ့ ! 】

【S မြို့ဟုတ်လား..ငရဲဘုရင်ရဲ့ဇနီး​လောင်းကSမြို့မှာလား..ဒီဘုန်းဘုန်းကလည်းS မြို့မှာပဲကွ ! 】

【Sမြို့​တော်ကတာအို​ရောင်းရင်း​တွေရှိကြလားဗျ! မနက်ဖြန်အတူစုပြီး အဲဒီတာအိုဆရာမ​လေးဘယ်​​လောက်​တောင်ဆန်းကြယ်သလဲသွားကြည့်ကြစို့လား ? 】

……

"ghosts know"တရား၀င်အ​ကောင့်၏ ဌာနချုပ်တွင်...

ယ​နေ့သတင်းထူးကိုတင်လိုက်ပြီးသည်နှင့် ၀င်ကြည့်သူ​အ​ရေအတွက်မှာ တရှိန်ထိုးမြင့်တက်လာခဲ့ပြီး ​ကောမန့်နှင့်likeများမှာလည်း ​သောင်း​ကျော်အထိထိုးတက်သွားခဲ့​လေသည်။

​ဖေးယွီကသူကို​ပြောရန်​မေ့​နေခဲ့ပြီး ရှီကျားကိုယ်တိုင်လည်း မသိခဲ့သည်မှာ 'ghosts know'တွင် တစ်လသာ freeဖတ်ခွင့်ရှိခြင်းဖြစ်သည်။ ထိုofficial အ​ကောင့်တွင် တစ်လအတွင်း ပို့စ်မှန်သမျှကို freeဖတ်ခွင့်နှင့် ​ကောမန့်စိတ်ကြိုက်မန့်ခွင့်လည်းရှိ​လေသည်။ သို့​သော် တစ်လ​ကျော်လွန်ပြီးလျှင်​တော့ ပို့စ်များကိုဖတ်၍ ​ကောမန့်​​ပေးနိုင်​​​စေရန် တစ်လစာ pointတစ်ခုကျသင့်မည်ဖြစ်​လေသည်။

ဆယ်ပြား​စေ့(tencent ကုမ္ပဏီ)တွင် ထိုသို့ထုံးစံမရှိခဲ့​ချေ။

ဘယ်လိုofficialအ​ကောင့်မျိုးကများဒီလို ​ငွေအရင်းရှင်ကြီးလို ပြုမူရဲမှာတဲ့လဲ...အ​ကောင့်အပိတ်ခံရဖို့ ကြံစည်​နေတာမဟုတ်လား..

သို့​သော် 'ghost know'နှင့် ထျန်းကုံးပွဲကြည့်စဥ်မှ တပည့်များက​တော့ ၄င်းကိုလုပ်ရဲ​လေသည်။

ဒီ​တော့မင်းကအရမ်းသန်မာတဲ့ အကြမ်းစားအစွမ်း​တွေနဲ့ စီနီယာဆရာသခင်ကြီးဆို​တော့ ဘာဖြစ်တုန်း..​ဆောရီးပဲ တစ်လစာအရင်​သွင်းလိုက်..

ယဲ့ကျင်းကျီနှင့် ​ဖေးယွီကဲ့သို့လူမျိုးများအတွက်မူ ထို pointတစ်ခုဆိုသည်မှာ ဘာမျှမဟုတ်​ချေ။ သို့​သော် ဆရာသခင်အများစုအတွက်မူ ၄င်းမှာ တစ်လစာအသုံးစားရိတ်ထဲမှဖြစ်​လေသည်။

သို့​နှင့်'ghosts know'က​နောက်တစ်ကွက်​ရွေ့လာခဲ့​လေသည်။

တစ်လစာကြိုမ​ပေးနိုင်ဘူးလား...အို​ကေ​လေ..ဒါဆို ​နေ့စဥ်သတင်းထူးရဲ့ ​ခေါင်းစဥ်နဲ့ previewစာလုံး​ရေအလုံး၁၀၀​ဖတ်လို့ရမယ်..အကုန်လုံးကိုဖတ်ချင်လား..ဒါဆိုပို့စ်တစ်ခုစီအတွက်ဆို ၀.၁ pointကျမယ်ဗျ...

Pointsအ​ရေအတွက်များတဖြည်းဖြည်းတိုးလာသည်ကိုကြည့်ရင်း အယ်ဒီတာများ၏ပါးစပ်ကြီးများမှာဖြီး​နေခဲ့ကြပြီး စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ကြ​ချေ။

တစ်ဖက်တွင်​တော့ ကျူး​ကျောက်ကျန်းရန်မှာ ပါးစပ်ကြီးမှာ ဖြဲ​နေလွန်း၍ သွားရည်များ​​တောင်စီးကျလာခဲ့သည်။ သူသည်သွားရည်များကို ပွတ်သုတ်လိုက်ပြီး wechatမှ စာပို့လိုက်​လေသည်။

: 【 ဘယ်လိုလဲ? ဒီအဘိုးကြီး​ပေးတဲ့ သတင်းကအကြမ်းစားပဲမလား? မင်းတို့ ဒီတာအိုဆရာကြီးကို pointဘယ်​လောက်​ပေးမှာလံ အမြန်​ပေး​တော့ ! 】

အယ်ဒီတာမှာ လျင်မြန်စွာစာပြန်လာခဲ့သည်။

: 【 စီနီယာကျူး​ကျောက် ​လော​လောဆယ် viewက​နေ point ၈၀,၀၀၀ နဲ့ ​ကောမန့်က ၂၀,၀၀၀ရမယ်】

ကျူး​ကျောက်ကျန်းရန်မှာ စိတ်လှုပ်ရှားစွာ ​ခေါင်းတညိတ်ညိတ်လုပ်​နေခဲ့​လေသည်။ ထိုအခိုက်အတန့်တွင် ယဲ့ကျင်းကျီ၏profileမှာ သူ၏ homepageတွင် ဘွားခနဲ​ပေါ်လာခဲ့​၏။

ကျူး​ကျောက်ကျန်းရန် ထိတ်လန့်သွားလွန်း၍ တိမ်ပေါ်မှပင် ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့​လေသည်။


👻