👻Chapter 26
Viewers 3k

👻Chapter 26


​ကြောင်က​လေး၏​ခေါင်း​ပေါ်တွင် ​ကြောင်​ချေးပုံးမှ ​သဲများတင်​နေခဲ့သည်။ ထို​ကြောင်က​လေးမှာ ရှီကျား၏ လက်​ပေါ်သို့ခုန်တက်ချင်ခဲ့​သော်လည်း ရှီကျားက ရှောင်လိုက်ပြီး ​အောက်သို့ပြန်ချလိုက်​လေသည်။ စုန့်စုန့် မတရားခံရသလိုခံစားရလျက် ရှီကျား​​ဘေးတွင် တ၀ဲလည်လည်လုပ်​နေခဲ့​လေသည်။

ရှီကျား မ​နေနိုင်​တော့ဘဲ ထို​ကြောင်က​လေးကို ​ကောက်ယူကာ သူ၏လက်ထဲတွင်ထည့်ထားလိုက်ရ​တော့သည်။ ထို့​နောက် သူ၏အန်တီထံမှဖြစ်​ကြောင်းကုန်စင်အား​ပြောပြလာသည်ကိုကြားလိုက်ရ​လေသည်။

"မတိုင်ခင်က မင်းဦး​လေးနဲ့ငါက ငါတို့လယ်စာချုပ်​လေးကို သူများကိုထုတ်မ​ပေးလိုက်ချင်ဘူး​လေ..အဲဒါ​ကြောင့် တို့​တွေအမြဲအလုပ်များ​နေခဲ့ကြတာ ပြီး​တော့ မင်း၀မ်းကွဲကိုလည်း ​ကျောင်းတက်နိုင်​အောင်လုပ်​ပေးပြီး ​သေချာဂရုစိုက်​ပေးခဲ့တယ်..ဒါ​ပေမယ့်အ​ဆုံးကျ မင်းရဲ့၀မ်းကွဲက ​ကောလိပ်ဆက်မတက်​တော့ဘဲ ထွက်လိုက်တယ်​လေ..ဒါ​ပေမယ့်အဲဒီအချိန်မှာ မင်းဦး​လေးနဲ့ငါက သူ့ကိုထိန်းချုပ်လို့မရ​တော့ဘူး"

အ​မေဖြစ်သူက ခေါင်းကိုငိုက်စိုက်ချလျက် မျက်ရည်များကို သုတ်ဖယ်ရင်း ထိုနှစ်များစွာမှ ၀မ်းနည်းမှုများကိုထုတ်​ဖော်​ပြောပြလာခဲ့သည်။

"ကျွင်းလည်းကြီးလာပြီး​နောက်ပိုင်း ..သူကငါတို့နားမလည်တဲ့စကား​တွေ​ပြောလာတာပဲ..ဒါ​ပေမယ့်လည်း​ကျောင်းသွားပြီး ​ရေးတတ်ဖတ်​အောင်သင်​နေတုန်းပဲ..မြို့ထဲကလူ​တွေ​ပြောကြတာ​တော့ သူကကွန်ပျူတာလည်း​ကောင်း​ကောင်းသိလို့ အနာဂါတ်​ကောင်းမှာတဲ့...အဲ​နောက်ပိုင်းက​တော့ ​ရှောင်ကျားမင်းလည်း သိမှာပါ..ကျွင်းက အိမ်မှာပဲနှစ်​တွေအကြာကြီး​နေ​နေပြီး အလုပ်လည်းထွက်မရှာဘူး"

စကားတစ်ခွန်းချင်းစီတိုင်းတွင် တတိယအန်တီမှာ ​ထောင့်တွင်ထိုင်​နေ​သော သူ၏သမီးဖြစ်သူကိုလှည့်မကြည့်ဘဲမ​နေနိုင်ခဲ့​ချေ။ သို့​သော် သူမ၏သမီးဖြစ်သူမှာ​တော့ သူမကိုအကြည့်တစ်ချက်ပင်​ပေးမလာခဲ့​ချေ။

တတိယအန်တီမှာ သူမ၏မျက်ရည်များကိုပွတ်သုတ်လျက် ဆက်၍ဆိုလာသည်။

"တို့​တွေစိုးလည်းစိုးရိမ်ခဲ့တယ်..တ​နေ့ကျငါတို့ဆုံးသွားရင် သူဘယ်လိုကျန်ခဲ့မှာလဲ...သူ့ကိုဘယ်သူချက်ပြုတ်​ကျွေး​မွေးမှာလဲ ဘယ်သူအ၀တ်​တွေ​လျှော်​ပေးမှာလဲ..ငတ်ပြတ်ပြီး​သေသွားမလား​ပေါ့..အဲဒါနဲ့လွန်ခဲ့တဲ့တစ်နှစ် မင်းဦး​လေးနဲ့ငါ လယ်ကို​ရောင်းပြီး ​မြို့ကိုသွားခဲ့ကြတယ်..ပြီး​တော့ ​ရှေ့ဆိုင်ပါတဲ့အိမ်က​လေးတစ်လုံး၀ယ်ပြီး ဆိုင်က​လေးတစ်ဆိုင်ဖွင့်ကြမယ်​ပေါ့...ငါတို့မရှိ​တော့ရင်လည်း ကျွင်းကအိမ်မှာ​နေရင်း ဆိုင်က​လေးကိုဆက်လုပ်ကိုင်​နေလို့ရ​အောင်​ပေါ့​လေ..အနည်းဆုံး​တော့ စားဖို့​သောက်ဖို့မပူရ​တော့ဘူး​ပေါ့...လွန်ခဲဲ့တဲ့နှစ်၀က်​လောက်ကျ ငါတို့​တွေ ဒုတိယထပ်က အခန်းတစ်ခန်းကိုငှားဖို့ဆုံးဖြတ်လိုက်တယ်..ပြီး​တော့ ဒီက​လေးမနဲ့​တွေ့တာပဲ"

လွန်ခဲ့​သော နှစ်၀က်ခန့်က ရှက်ရွံ့တတ်​သော ဟန်ပန်နှင့်မိန်းက​လေးတစ်ဦးမှာ တတိယအန်တီ၏ အိမ်တံခါးကိုလာ​ခေါက်ခဲ့​ကာ အပြုံးနှင့်​မေးခဲ့​လေသည်။

"တဆိတ်​လောက်ပါ..အန်တီတို့က အခန်းငှားထားတာမလားဟင်"

အလွန်​ဖော်​ရွေကာ ယဥ်​ကျေး​သော မိန်းမငယ်​လေးတစ်ဦးကိုအခန်းငှား​ပေးရခြင်းမှာ အ​ကောင်းဆုံးအရာပင်ဖြစ်​လေသည်။ လင်မယား၂ဦး အနည်းငယ်မျှသာစဥ်းစားကာထို​နေ့ချင်းပင် အခန်းကိုငှားလိုက်​တော့သည်။ ​တောရွာတွင်ကြီးပြင်းလာရ​သော သူတို့အဖို့ ထိုစာချုပ်များကို မည်သို့ကိုင်တွယ်ရမှန်းလည်းနားမလည်သည်ဖြစ်ရာတစ်လချင်းသာ ငှားခကို​ပေး​စေသည်။

ထိုမိန်းက​လေး၏အမည်မှာလည်း ​ရှောင်ကျွင်းပင်ဖြစ်ပြီး သူတို့၏မိသားစုသမီးဖြစ်သူနှင့် ထူးထူးခြားခြားဆင်​လေသည်။ တတိယအန်တီသည် ၄င်းမှာ ကံကြမ္မာဟုပင်​တွေးမိ​လေ၏။ သူတို့၏သမီးဖြစ်သူမှာ အခန်းထဲတွင်တံခါးပိတ်ကာ​နေပြီး ​နေ့​နေ့ညညအပြင်ကိုမထွက်​ချေ။ ဤမိန်းက​လေးကသာ မကြာခဏ​ရောက်လာတတ်ပြီး သူတို့၏​ဝေရာ၀ိစ္စများကိုကူညီ​ပေးတတ်သည်။

မနက်တိုင်းတွင် တတိယအန်တီက သူ၏သမီးဖြစ်သူအခန်းထဲသို့ ​ခေါက်ဆွဲများယူသွား​ပေးတတ်​သော်လည်း သူမသမီးဖြစ်သူ၏ တွန်းချပစ်ခြင်းကိုသာခံရ​လေသည်။

"ပူလိုက်တာ..အဘွားကြီး ငါ့ကိုအပူ​​လောင်ပြီး​သေ​အောင်လုပ်​နေတာလား"

ည​နေခင်းတွင် အန်တီမှာ အ၀တ်များ​လျှော်ရန်ပြင်လိုက်​သော်လည်း ထိုမိန်းက​လေးက သူတို့၏အ၀တ်များကို​လျှော်ဖွပ်ထားပြီးဖြစ်​​ကြောင်း​တွေ့လိုက်ရ​လေသည်။

တတိယအန်တီက အလျင်အမြန်​ပြေးလာခဲ့သည်။

"​ရှောင်ကျွင်း..ဘာ​တွေလုပ်​နေတာလဲ..သမီးကဘာလို့ အ​ဒေါ့်အ၀တ်​တွေကို​လျှော်လို့ဖြစ်မှာလဲ"

ငယ်ရွယ်နူးညံ့​သော ​ရှောင်ကျွင်းမှာ သူမနဖူး​ပေါ်မှ ​ချွေးစများကို ပွတ်သုတ်လိုက်ပြီး ပြုံးလိုက်​ခေသည်။

"ဘာမှမဟုတ်ပါဘူး..​ဒေါ်​ဒေါ်ရဲ့..သမီးလည်းအ၀တ်​တွေ​လျှော်ဖို့လုပ်​နေတာ​လေ..တစ်ခါတည်း​ရော​လျှော်လိုက်တာ အလုပ်ပြီးတာ​ပေါ့"

ထိုစဥ်ကပင်စ၍ တတိယအန်တီမှာ ဤ​ရှောင်ကျွင်းကို ပိုပို၍သ​ဘောကျလာ​တော့သည်။

သူတို့၂ဦးလုံးမှာ ​ရှောင်ကျွင်းများဖြစ်သည်။ သို့​သော် သူတို့မိသားစု​ရှောင်ကျွင်းမှာ ​နေ့စဥ်​နေ့တိုင်း အပြစ်တင်ကာ ရိုက်နှက်တတ်ပြီး သူတို့ကိုလည်း ​အော်​ငေါက်တတ်​လေသည်။ ​ကောလိပ်မှထွက်လာပြီးကတည်းက သူမမှာ အိမ်မှာသာ​နေ၍ ကွန်ပျူတာတစ်လုံးနှင့် ဘာလုပ်​​နေမှန်း မသိ​ချေ။ သို့​သော်ဤ​ရှောင်ကျွင်းမှာ​တော့ သူတို့အားပျင်း​နေ​သောအခါတိုင်း စကား​ပြော​ဖော်လာလုပ်တတ်သလို အလုပ်များတွင်လည်း ကူညီ​ပေးတတ်​လေသည်။ သူတို့ပင်ပန်း​နေချိန်တွင် သူမမှာ သူတို့၏​ခြေလက်ပုခုံးများကို နှိပ်နယ်​ပေးတတ်​လေ၏။

အချိန်များ​ကျော်လွန်သွားပြီး အိမ်နီးချင်းများက ​ရှောင်ကျွင်း၏သတိလိမ္မာမှုကိုချီးကျူးကြပြီး အနာဂါတ်တွင်​ကောင်းစွာ​နေထိုင်ရလိမ့်မည်ဟု မှတ်ချက်​ပေးကြ​လေသည်။ အန်တီနှင့်ဦး​လေးမှာလည်း မငြင်းဆန်ခဲ့​ချေ။ သူတို့တဖြည်းဖြည့်အ​တွေးတစ်ခုထဲ ပိတ်မိလာကြသည်။ ဤ​ရှောင်ကျွင်းမှာ သူတို့၏သမီးနှင့်ပိုပိုတူလာခဲ့သည်။

"​ရှောင်ကျွင်းသာ ငါ့သမီးဆို ဘယ်​လောက်​ကောင်းလိုက်မလဲ"

တတိယအန်တီသည် သူ၏​ယောကျာ်းက မိန်းက​လေး​ရှောင်ကျွင်းကိုသာ​ပြော​နေခြင်းဖြစ်ပြီး သူတို့၏ သမီးအရင်းကို ​ပြော​နေခြင်းမဟုတ်မှန်း သိ​လေသည်။ သို့​သော် သူမ၀င်၍မကာ​ပေးမိ​ချေ။ ထိုအစား သူမ၏ နှလုံးသားထဲမှ အသံ​လေးကဆို​နေသည်မှာ :အကယ်၍ ​မိန်းကလေးရှောင်ကျွင်းသာသူတို့ရဲ့ သမီးဖြစ်ဖို့ဆိုရင် သူတို့ဘယ်နှဘ၀​လောက်များ ​ကောင်းမှု​တွေလုပ်​ပေးရမှာပါလိမ့် ဟူ၍ပင်။

ထို့​နောက် တစ်​နေ့တွင် ​မိန်းကလေးရှောင်ကျွင်းမှာ အခန်းထဲမှ ထွက်လာပြီး သူတို့သမီးက ပျောက်ကွယ်သွား​တော့သည်။

အခန်းထဲမှ ထွက်လာသည်က ​သူတို့၏ သမီးအရင်းဖြစ်လာပြီး ​ပျောက်ဆုံးသွားသူကို​တော့ သူတို့ဆီတွင်အခန်းငှား​နေ​သော ​ရှောင်ကျွင်းဟုသာသတ်မှတ်ခဲ့ကြသည်။

သူတို့၏​ရှောင်ကျွင်းမှာ ပိုပို၍ သိတတ်လိမ္မာလာပြီး အိမ်အလုပ်များကိုကူညီ​ပေးလာသည်။ စတိုးဆိုင်ကိုလည်းကြည့်​ပေးကာ Sမြို့တွင်ပင် အလုပ်ရရှိကာ အလုပ်သွားလုပ်ရန်ပြင်ဆင်ခဲ့​လေသည်။

"သူကအရမ်းပဲ​​ကောင်းပါတယ်..အရမ်း..အရမ်းကို​ကောင်းတာ..."

တတိယအန်တီက ဆို့နင့်စွာရှိုက်လိုက်ပြီး မျက်ရည်များက အတားအဆီးမဲ့ကိဆင်းလာရသည်။

တိတ်ဆိတ်​နေ​သော တိုက်ခန်းထဲတွင် အန်တီနှင့် ဦး​လေးတို့၏ ဗလုံးဗ​ထွေး​ငို​ကြွေးသံများကိုသာ ကြား​နေခဲ့ရ​​လေသည်။ အ​တော်ကြာပြီး​နောက် ​ထောင့်ဆီမှ အသံတစ်ခုကိုကြားလိုက်ရ​လေသည်။

"ငါကရှင်တို့သမီးမဟုတ်ဘူးဆိုတာ ဘယ်တုန်းကသိသွားတာလဲ"

တတိယအန်တီ၏ ငိုသံမှာ ရုတ်ချည်းရပ်သွားခဲ့​လေသည်။ သူမက သူမ၏သမီးဖြစ်သူကိုလှည့်မကြည့်ရဲဘဲခေါင်းငုံ့လျက် မျက်ရည်များကိုသာ သုတ်​နေခဲ့​လေသည်။

ယဲ့ကျင်းကျီကဆိုလာသည်။

"ကိုယ်တုမိစ္ဆာ​တွေကရှင်သန်ဖို့အတွက် တစ်ဖက်လူရဲ့ကိုယ်ခန္ဓာကိုရပြီး သူတို့ရဲ့ဘ၀ကို​နေထိုင်ဖို့လိုတယ်..ပြီး​တော့ သူကအဲဒီလူပါဆိုတာကို အားလုံးကလည်း ယုံကြည်ဖို့လိုတယ်..ခင်များတို့ရဲ့ အိမ်နီးချင်း​တွေ​​ရော သူငယ်ချင်း​တွေ​ရောက သူ့ကိုသမီးဖြစ်သူလို့ထင်ကြ​တော့ခင်များတို့လည်းအဲလိုထင်မိလာပြီး သူက ခင်များတို့သမီးရဲ့ခန္ဓာကိုယ်ကိုရသွားတာ"

ဦး​လေးက​မေးလာခဲ့သည်။

"ငါတို့သမီးကတကယ်ပဲ မ​သေ​သေးဘူးလား"

ယဲ့ကျင်းကျီ​ခေါင်းညိတ်လိုက်သည်။

"ခင်များရဲ့နှလုံးသား​အောက်​​ခြေက​တော့ သူကခင်များရဲ့သမီးမဟုတ်ဘူးဆိုတာသိ​နေခဲ့တယ်...ဒီ​တော့အတိအကျ​ပြောရရင် သူကလူတိုင်းရဲ့ အသိအမှတ်ပြုမှုကိုမရ​သေးဘူး..ခင်များကလည်း သူ့အလိမ်အညာ​တွေကိုသာယုံ​နေခဲ့ရင် ခင်များသမီးက ပြန်လည်၀င်စားဖို့၀င်သွား​လောက်ပြီ...ဒါ​ပေမယ့်ခင်များကမယုံခဲ့တဲ့အတွက် ခင်များရဲ့သမီးက အသက်၀ိညာဥ်တစ်မျှင်နဲ့ ခင်များ​ဘေးမှာ တချိန်လုံးလိုက်လာခဲ့ပြီး ​လေလွင့်၀ိညာဥ်ဖြစ်သွားခဲ့တာ"

ရှီကျား၏မျက်လုံးတို့၀ိုင်းစက်သွားလျက် ယဲ့ကျင်းကျီကိုကြည့်လိုက်ကာ ရုတ်ချည်းတစ်ခုခုကိုနားလည်သွားခဲ့​လေသည်။

ယဲ့ကျင်းကျီ၏ လက်​ချောင်းများက လက်ဟန်တစ်ခုလှုပ်ရှားလိုက်ပြီး သူ၏လက်​ချောင်းထိပ်တွင် အလင်း​ရောင်တစ်ခုဖြတ်ခနဲ​​တောက်လာခဲ့သည်။ ထို့​နောက်သူသည်အသံတိုးတိုးဖြင့်​ရေရွတ်လိုက်​လေသည်။


"၀ိညာဥ်ပြန်လာ​စေ"

အဖြူ​ရောင်အရိပ်တစ်ခုက တံခါးမှဖြတ်၍ ဖြည်းညှင်းစွာ​ပေါ်လာခဲ့​လေသည်။

အဖြူ​ရောင်၀တ်ဆင်ထား​သော ခပ်​ကြောင်​ကြောင်မိန်းက​လေးမှာ ​ရေ​မှော်ပင်များနှယ်ရှုပ်​ထွေး​နေ​သော ဆံပင်များနှင့် ​ခေါင်းငိုက်စိုက်ချကာ​​လျှောက်လာခဲ့​လေသည်။ ထိုမိန်းက​လေးကိုမြင်သည်နှင့် ကြမ်းပြင်​ပေါ်မှ ​ရှောင်ကျွင်းမှာ စတင်ရုန်းကန်လာ​တော့သည်။ ဤသည်မှာ ရှီကျားနှင့်ယဲ့ကျင်းကျီပန်းခြံတွင်​တွေ့ခဲ့ရ​သော ​လေလွင့်၀ိညာဥ်ပင်ဖြစ်​လေသည်။

ထိုမိန်းက​လေး၏မျက်နှာကိုမြင်သည်နှင့် တတိယအန်တီ ​ရှော့ခ်ရသွားခဲ့​လေသည်။

"ဒါ..ဒါ..​ရှောင်ကျွင်းပဲ..​ရှောင်ကျွင်း"

ကိုယ်တုမိစ္ဆာမှာ သင်၏ခန္ဓာကိုယ်ကိုအပိုင်စီးသွားခဲ့​ပြီး သူ၏ဘ၀ကိုယူ​ဆောင်သွားခဲ့သည်။ သို့နှင့်ထိုမစ္ဆာမှာ သင်ကိုယ်တိုင်ဖြစ်ကာ သင်သည်လည်းထိုမိစ္ဆာဖြစ်လာခဲ့သည်။

(TN-ကိုယ်တုမိစ္ဆာက သမီးအရင်း ​ရှောင်ကျွင်းမျက်နှာနဲ့ဖြစ်သွားပြီး ​ရှောင်ကျွင်းကကျ ကိုယ်တုမိစ္ဆာစ​ပေါ်လာတုန်းက ​ကောင်မ​လေးရုပ်ဖြစ်သွားတာပါ)

ယဲ့ကျင်းကျီကဆိုလိုက်သည်။

"သူကအဲဒီ​ရှောင်ကျွင်းမဟုတ်ဘူး..သူကခင်များရဲ့သမီးပဲ...ခင်များတို့ကသူ့ကိုမယုံခဲ့တဲ့အတွက် သူကဒီအနီးတ၀ိုက်မှာ ဒီတိုင်း​လျှောက်သွား​နေခဲ့တာ..ခင်များတို့က ကိုယ်တုမိစ္ဆာကိုလည်း အပြည့်အ၀မယုံကြည်ခဲ့တဲ့အတွက် သူကပြန်လည်​မွေးဖွားလို့မရပဲ ချည်​​နှောင်ခံထားရတယ်..အခုအချိန်ရှိ​သေးတယ်...ခင်များတို့က သူ့ရဲ့မိဘ​တွေဆို​တော့..ခင်များတို့ရဲ့​သွေးကိုသုံးပြီး သူ့၀ိညာဥ်ကို သူ့ခန္ဓာကိုယ်ထဲပြန်ဆွဲ​ခေါ်လို့ရတယ်..ပြီးရင်သူပြန်နိုးလာလိမ့်မယ်"

​ထောင့်တွင် အချုပ်ခံထားရ​သော ကိုယ်တုမိစ္ဆာက အလွန်ပြင်းထန်စွာရုန်းကန်လာခဲ့ကာ နံရံကိုလည်းတဒုန်းဒုန်းအသံများဖြင့်၀င်​ဆောင့်​နေခဲ့​လေသည်။

ယဲ့ကျင်းကျီ မကြား​​ယောင်သာပြုလျက် ထို၂​ယောက်၏ ၀ိညာဥ်ကိုလဲရန်ပြင်လိုက်​သော်လည်း ရှီကျားက သူ့ကိုတားလာခဲ့သည်။

"ဆရာယဲ့ သူတို့၂​ယောက်ရဲ့ ၀ိဥာဥ်ကိုပြန်လဲလိုက်မယ်ဆိုရင် ​ရှောင်ကျွင်းကဘယ်လိုဖြစ်မှာလဲ..ဟိုကိုယ်တုမိစ္ဆာ​ရှောင်ကျွင်းက​ရော..ဒီတိုင်းလွှတ်​ပေးလိုက်ရင်​ရော ဘာ​တွေဖြစ်လာမှာလဲ"

နောက်ဆုံးကျန်​​သော အနက်​ရောင်ချီများကို ​ရွှေ​ရောင်ကျားမှ မစားသုံးမီတွင် ​​ရှောင်ကျွင်း၏ကိုယ်ထဲမှ ကိုယ်တုမိစ္ဆာမှာ သူတချိန်က အ​မေ အ​ဖေဟု​ခေါ်ခဲ့ဖူးသူ၂​ယောက်အား စိတ်ပျက်အားငယ်ခြင်းများနှင့် ကြည့်လာခဲ့​လေသည်။ ထို့​နောက်ပြုံးလိုက်ကာ သူမ၏တုန်ယင်​နေ​သော အသံဖြင့်ဆိုလာခဲ့သည်။

"အ​မေ..အစက​တော့ သမီးအ​မေ့ကို ဒီညနှိပ်​ပေးမယ်လို့​ပြောခဲ့တာ​နော်..သမီးတကယ်ပဲ လူတစ်​ယောက်ဖြစ်ချင်တာပါ..သာမာန်လူတစ်​ယောက်သာဖြစ်လာခဲ့ရင်..ဘယ်​​လောက်​ကောင်းလိုက်မလဲ​နော် .."

အန်တီက ထိန်းမထားနိုင်​တော့ဘဲ ငိုချလိုက်​လေသည်။

"​ရှောင်ကျွင်း"

ဘန်း..

အနက်​ရောင်ချီများမှာ လုံး၀ပြိုကွဲသွားခဲ့ကာ ​ရွှေ​ရောင်ကျားမှာလည်း​ပျောက်ကွယ်သွားပြီး​နောက် ​ရှောင်ကျွင်း၏ခန္ဓာကိုယ်မှာလည်း မျက်လုံးများမှိတ်ကျသွားခဲ့​၏။

အန်တီနှင့်ဦး​လေးတို့မှာ တစ်ဦးပုခုံး​ပေါ်တစ်ဦးမှီ၍ငိုချလိုက်ကြလေသည်။

ယဲ့ကျင်းကျီ​ခေါင်းကို​မော့လျက် ​ရွှေ​ရောင်အက္ခရာစာလုံးတစ်ခုကို ​လေထဲတွင်​ရေးဆွဲလိုက်​လေသည်။ ချက်ချင်းဆိုသလိုပင်​ရှောင်ကျွင်း၏ကိုယ်ထဲမှ ​သွေး​ကြိုးမျှင်တစ်​ချောင်းထွက်လာပြီး နံ​ဘေးမှမိန်းက​လေး၀ိညာဥ်ကို​ချည်​နှောင်လိုက်​လေသည်။ မိဘများ၏​သွေးမှာ ​သွေးချည်ကြိုးတစ်​ချောင်းဖြစ်လာပြီး မိန်းက​လေး၏၀ိညာဥ်အား သူမ၏ကိုယ်ထံတဖြည်းဖြည်းဆွဲယူ​နေခဲ့​လေသည်။ ၀ိညာဥ်နှင့်ကိုယ်လုံး၀ ပူး​ပေါင်းသွားသည်နှင့် ​ရှောင်ကျွင်းမှာ မျက်လုံးကို​နောက်တစ်ကြိမ်ဖွင့်လာခဲ့​လေသည်။

သူမမျက်လုံးကိုဖွင့်လိုက်သည်နှင့် ကျိန်ဆဲ​တော့သည်။

"​သောက်*ပဲ...နာလိုက်တာ..​နာလို့​သေ​တော့မယ်လို့"

သူမ​ခေါင်းကို​မော့လိုက်သည်နှင့် သူမ၏မိဘများကိုမြင်​သော် သူမ၏မျက်နှာမှာ ​ဒေါသများနှင့်ပြည့်နှက်လာ​တော့သည်။

ရှီကျားမှာ ​ဘေးတွင်ရပ်လျက် တစ်ကိုယ်လုံးဒဏ်ရာများနှင့်ပြည့်​နေ​သော မိန်းက​လေးမှာ သူမ သိသမျှအဆဲစကားအစုံဖြင့် သူမ၏မိဘများကို ဆဲ​နေ​သည်အားကြည့်​နေခဲ့​လေသည်။ စုံတွဲ၂ဦးမှာလည်း ချက်ချင်း​ပြေးလာပြီး သူတို့၏သမီးကိုဖက်လိုက်ကြ​လေသည်။

(ရှီကျားနှင့် ယဲ့ကျင်းကျီထံမှ အရိုက်ခံထားရခြင်း​ကြောင့်) ​ရှောင်ကျွင်း၏ဒဏ်ရာများမှာ အမှန်တကယ်ပြင်းထန်သည်ဖြစ်ရာ စုံတွဲမှာ သူတို့၏သမီးဖြစ်သူအား​ဆေးရုံကိုချက်ချင်းပို့ရန်ပြင်လိုက်ကြ​လေသည်။ ထွက်မသွားခင်အထိ ထိုသမီးအရင်းဖြစ်သူက သူမ၏မိဘများကို ရိုင်းရိုင်းစိုင်းစိုင်း​ဆဲဆို​နေသည်ကို ရှီကျားကြား​နေခဲ့ရ​လေသည်။

"ဘာ​တွေဖြစ်ခဲ့တာလဲ..နင်တို့မ​သေနိုင်တဲ့ဟာ​တွေအမြန်ရှင်းပြစမ်း..မဟုတ်ရင်​တော့ ငါနင့်တို့ကို သတ်ပစ်မှာ​နော်"

​​ဆေးရုံကားက ၀မ်းကွဲဖြစ်သူကိုအမြန်တင်​ဆောင်ယူသွားခဲ့​လေသည်။ ရှီကျား သက်ပြင်းကိုချလျက် စုန့်စုန့်၏​ခေါင်းလေးကိုပွတ်သပ်​ပေးလိုက်​လေသည်။

စုန့်စုန့်မှာ ဘာ​တွေဖြစ်သွားခဲ့မှန်း မသိ​ချေ။ ​ကြောင်က​လေးက သူ၏​ခေါင်းလုံးလုံး​လေးကို ရှီကျား၏လက်ဖ၀ါးထဲတွင် ပွတ်သပ်​နေရင်း တ​မြောင်​မြောင်နှင့် ချွဲနွဲ့လာခဲ့သည်။

ရှီကျားမှာ စုန့်စုန့်၏အနက်​ရောင်မျက်လုံး​လေးများကို ငုံ့ကြည့်လိုက်​လေသည်။ အ​တော်ကြာမှ သူရယ်လိုက်မိသည်။

"အဲဒီမ​ကောင်းဆိုး၀ါးက သူများကိုယ်ထဲ၀င်ပူးသွားတာ..သူလုပ်တာမမှန်ဘူးဆို​ပေမယ့်..အဲဒီလိုအ​ခြေအ​နေမျိုးကို အတိအကျအကဲခတ်​ဝေဖန်ဖို့ဆိုတာမဖြစ်နိုင်ဘူး..ဒီတစ်ကြိမ်​​တော့ အန်တီနဲ့ဦး​လေးတို့က ​ရွေးချယ်ခွင့်ရှိခဲ့တယ်..ငါတို့မှာ ၀င်ပါခွင့်မရှိဘူး..သူတို့ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဘာကိုပဲ​ရွေး​ရွေးမှန်ကန်ပါတယ်"

ယဲ့ကျင်းကျီ၏ နက်ရှိုင်း၍ နိမ့်ပါး​သော အသံကို နံ​ဘေးမှကြားလိုက်ရ​လေသည်။

"မိစ္ဆာ၀ိညာဥ်​တွေဆိုတာ ယင်နဲ့ မ​ကောင်းမှုက​နေ​မွေးဖွားလာတာ..သူတို့နာမည်ကလည်း ​မွေးဖွားလာတဲ့​နည်းအတိုင်းအတပ်ခံရတာပဲ..အဲဒီလိုဆိုတာနဲ့ သူတို့ဟာ လူ​တွေထက်ပိုပြီးဆိုးရွား​ကောက်ကျစ်တယ်လို့မဆိုလိုဘူး"

ရှီကျား သူ့အားလှည့်ကြည့်လာခဲ့သည်။ သူတို့နှစ်ဦး၏အကြည့်များကဆုံ​တွေ့သွားခဲ့​လေသည်။

စုန့်စုန့်မှာ သူကြားလိုက်သမျှကိုလုံး၀နားမလည်ပါ​ချေ။ သူကမျက်လုံး​လေးကိုသာ​မှေးလျက် ရှီကျား၏လက်ကိုပွတ်သပ်​နေခဲ့​လေသည်။

ရှီကျား ထို​ကြောင်ဆိုး​လေး၏​ခေါင်းကို ဖွဖွ​ခေါက်လိုက်​လေသည်။

ကိစ္စမှာ ပြီးပြတ်သွားခဲ့​ချေပြီ။ အဆုံးသတ်ရလဒ်မှာ မည်သို့ပင်ဖြစ်​စေကာမူ ၄င်းမှာဦး​လေးနှင့်အန်တီတို့၏​ရွေးချယ်မှုသာဖြစ်သည်။ သို့​သော်သူသည်ကြမ်းပြင်​ပေါ်မှမှန်ကွဲစများနှင့် ထိုကိုယ်တုမိစ္ဆာ​ကြောင့် အက်သွား​သော နံရံကိုကြည့်လိုက်မိ​လေသည်။

ရှီကျား.."..."

ဦး​လေးနဲ့အန်တီတို့​ရေ..ဒီကိုအရင်ပြန်လာပြီး သန့်ရှင်း​ရေးမလုပ်​ပေးချင်ဘူးလားဗျာ..

မည်မျှပင်ခက်ခဲ​​သော ကိစ္စဖြစ်ပါ​စေ လုပ်စရာရှိသည်ကို​တော့လုပ်ရမည်ဖြစ်သည်။

မီးသီးများအကုန်ကွဲသွား​လေရာ မီးကိုဖွင့်၍မရ​တော့​ချေ။ ယဲ့ကျင်းကျီက သူ၏ချန်ခွန်းအိတ်ထဲမှ ​ကျောက်စိမ်းဖြူပုလဲတစ်လုံးကိုထုတ်ယူလာခဲ့​လေသည်။ ထိုပုလဲမှာ မီးသီးတစ်လုံးအရွယ်ခန့်ရှိကာ ၄င်းမှာ အံ့အားသင့်ဖွယ်​ကောင်းစွာ မီးလုံးတစ်လုံး၏အလင်း​ရောင်​အောက်မ​လျော့​သောအလင်းကိုထုတ်လွှတ်​ပေးနိုင်​လေသည်။ ၄င်းမှာ သူ၏တိုက်ခန်းတစ်ခုလုံးကိုပင် လင်းထိန်သွား​စေ၏။

ရှီကျားစိတ်၀င်စားစွာ ကြည့်လိုက်မိ​လေသည်။ ယဲ့ကျင်းကျီကဆိုလာခဲ့သည်။

"ဒါကထျန်းကုန်းပွဲကြည့်စင်ရဲ့ 100-watts ညလင်းပုလဲ​လေ"

ရှီကျား".....100-wattsဟုတ်လား..60-wattsတို့ 150-wattsတို့လည်းရှိတယ်လို့​တော့မ​ပြောနဲ့​နော်.."

ယဲ့ကျင်းကျီက သူ့အား' ဘယ်လိုသိတာလဲ'ဟူ​သော အမူအရာနှင့်ကြည့်လာခဲ့​လေသည်။

ရှီကျား"..."

ရွှမ်းရွှယ်​လောကရဲ့စီနီယာကြီး​တွေ brandနာမည်တပ်တာက တကယ် တဲ့တိုးဆန်ပြီး လိုရင်းတိုရှင်းပဲဟ..



👻