👻Chapter 25
Viewers 3k

👻Chapter 25



​ပြောပြီးသည်နှင့် ယဲ့ကျင်းကျီက အခန်းထဲသို့ တရှိန်ထိုး၀င်သွားခဲ့​လေသည်။ သူ၏လက်​ချောင်းများကိုလှုပ်ရှားလိုက်သည်နှင့် ​လေ​ပြင်းတစ်ချက်မှာ ​ရှောင်ကျွင်းကို၀င်တိုက်သွားခဲ့​လေသည်။ ​ရှောင်ကျွင်းမှာ ​သွေးများစွာကိုအန်ထုတ်လိုက်​လေသည်။ လွန်ခဲ့​သောမိနစ်ပိုင်းကတင် ​သေလု​မြောပါးအရိုက်ခံထားရ​သော ​ရှောင်ကျွင်းမှာ နံရံကိုတဖန်၀င်တိုက်သွားခဲ့ပြန်သည်။

ရှီကျား၏ လက်ဗလာနှင့်​ဖြေရှင်းမှုနှင့်ကွဲပြားစွာ ယဲ့ကျင်းကျီက လက်ဖ၀ါးကိုလှန်လိုက်သည်နှင့် အ၀ါ​ရောင်အ​ဆောင်စာရွက်တစ်ခု​ပေါ်လာခဲ့​လေသည်။ ထိုစာရွက်အ​ဆောင်​​ပေါ်လာသည်နှင့် ​ရှောင်ကျွင်းမှာ ​ကြောက်ရွံ့မှု​ကြောင့်တုန်ယင်လျက်ထိုအ​​ဆောင်စာရွက်ကို ဖြူ​လျော်စွာစိုက်ကြည့်​နေခဲ့​လေသည်။ သူမ ထွက်​ပြေးချင်ခဲ့​လေသည်။

သို့​သော် ယဲ့ကျင်းကျီက သူ၏​ခြေ​ထောက်ကိုဆန့်ထုတ်လိုက်ကာ သူမကိုကြမ်းပြင်​ပေါ်လဲကျသွား​စေခဲ့သည်။

​သေရမည်ကိုမ​ကြောက်သည့်အလား ​ရှောင်ကျွင်းသည် ယဲ့ကျင်းကျီထံ​ပြေး၀င်သွားခဲ့​၏။ ယဲ့ကျင်းကျီသူ၏လက်​ချောင်းများကိုလှုပ်ခါလိုက်သည်နှင့်​ရွှေ​ရောင်အလင်းတစ်ခုဖြတ်ခနဲလင်းလာခဲ့ကာ ​သူမ၏​သွေးများရွှဲ​နေ​သော မျက်နှာ​ပေါ်တွင်တစ်စုံတစ်ခုကို​ရေးဆွဲလိုက်​လေသည်။ တချိန်တည်းမှာပင် အ၀ါ​ရောင်အ​ဆောင်စာရွက်မှာ သူမ၏နဖူး​ပေါ်သို့ ကပ်သွားခဲ့​လေသည်။ ​

ရှောင်ကျွင်း၏လှုပ်ရှားမှုများက ရုတ်ချည်း အရှိန်တ၀က်မျှ​လျော့ကျသွားခဲ့ကာ နာကျင်စွာ​အော်မြည်လိုက်​လေသည်။ ​ရှောင်ကျွင်း၏ မျက်နှာ​ပေါ်တွင် အ​ကြောက်တရားများဖြတ်​ပြေးသွားသည့်တိုင် သူမကိုယ်သူမ ယဲ့ကျင်းကျီထံခုန်၀င်လိုက်ပြန်သည်။

ထိုစဥ်ယဲ့ကျင်းကျီက ​ရှောင်ကျွင်းအား​ အညှာအတာမဲ့​စွာ စတင်ရိုက်နှက်လိုက်သည်အား​တွေ့လိုက်ရ​လေသည်။ တချိန်တည်းမှာပင် သူသည်အ၀ါ​ရောင်အ​ဆောင်စာရွက်က​လေးအား ​ရှောင်ကျွင်း၏ နဖူး လက်ပြင် ရင်ဘတ်နှင့် ​ကျောဘက်တို့ကိုကပ်လိုက်​လေသည်။

​နောက်ဆုံးအ​ဆောင်စာရွက်ကိုကပ်ပြီး​နောက် ယဲ့ကျင်းကျီမှာ ​အေးစက်စွာဆိုလိုက်သည်။

"မင်းသူ့ကိုထိခိုက်​အောင်လုပ်တယ်..လူ​တွေကိုထိခိုက်​အောင်လုပ်ရဲတယ်​ပေါ့..ဒီလိုမ​ကောင်းဆိုး၀ါးမျိုးကို ငရဲပြည်၃ထပ်​မြောက်ကို ဆင်းရ​အောင်လုပ်ပစ်မယ်"

ရှီကျား ​​ဘေးမှ​ကြောင်​တောင်​တောင်ရပ်ကြည့်​နေမိ​လေသည်။

"..."

​ရှောင်ကျွင်းမှာ ​မ​သေရုံတမယ်အရိုက်ခံ​နေရပြီး သူမမှာ ​သေသွားလျှင်​ကောင်းမည်ဟုပင်​တွေးကာ စိတ်ထဲမှလည်း ဆက်တိုက်ကျိန်ဆဲ​နေခဲ့​လေသည်။

"...."

နင့်အ​မေ*

အ​ဆောင်စာရွက်၇ရွက်အကပ်ခံထားရပြီး​နောက် ​ရှောင်ကျွင်း မလှုပ်ရှားနိုင်​တော့​ချေ။ သူမ၏အ​မေပင်မမှတ်မိနိုင်​လောက်​အောင် ရိုက်နှက်ခံထားရ​သော မျက်နှာကိုသာ​မော်လျက် ရှီကျားနှင့် ယဲ့ကျင်းကျီအား တစစီဆုတ်ဖြဲပစ်လိုသည့်အကြည့်နှင့် အငြိုးတကြီးကြည့်လိုက်ရုံသာတတ်နိုင်​လေသည်။

ရှီကျားမှာ အခန်းထဲသို့​လျှောက်၀င်သွားလိုက်သည်။ သူမ​မေးနိုင်ခင်မှာပင် ယဲ့ကျင်းကျီမှာ သူ​ဘာမေးလိုသည်ကို သိလျက်ဆိုလာခဲ့သည်။

"ဒါကတကယ်ပဲ သရဲမဟုတ်ဘူး..ဒါ​ပေမယ့် မ​ကောင်းဆိုး၀ါးမိစ္ဆာတစ်မျိုးပဲ...ကိုယ့်အမှားပါ..ဒီလိုမိစ္ဆာမျိုးက ​ပေါ်လာတတ်တာရှားတယ်​လေ...အရင်တုန်းကတစ်ခါပဲ ကြုံခဲ့ဖူးတာ ပြီး​တော့ သတိမထားခဲ့မိဘူး...ရှီ.ရှီကျား..မင်းတ​နေရာရာထိခိုက်သွား​သေးလား"

သူ့စကားကိုကြားလျှင် ရှီကျား တန့်သွားခဲ့မိ​လေသည်။ ယဲ့ကျင်းကျီ သူ၏လက်ကိုကိုင်လျက် အလွန်စိုးရိမ်တကြီးနှင့် ​မေးလာချိန်တွင် သူ၏ကိုယ်​​ပေါ်တွင် နာကျင်​နေ​သော​နေရာများရှိသလားဟုပင် ဂရုတစိုက်​တွေးလိုက်မိ​လေသည်။

ထိုအခိုက်အတန့်တွင် လက်ကိုထိသင့် မထိသင့် ရှက်သင့်မရှက်သင့်ကိုမည်သို့သတိရနိုင်ပါမည်နည်း။

​ကောင်းကင်ဘုံဆရာသခင်ယဲ့မှာ လူရွယ်​လေး၏ ​လက်​ချောင်း​ပေါ်မှဒဏ်ရာ​လေးကိုကြည့်လျက် အဖြူ​ရောင်​ကြွေပုလင်း​လေးကိုထုတ်ယူလာခဲ့​လေသည်။

"ဒါက ရှန်းနန်​တောင်ကြား မြက်တစ်​ထောင်ကျောက်စက်ရည်ပဲ..ကိုယ်မင်းကိုလိမ်း​ပေးမယ်"

​ထို့​နောက် သူသည်ထိုပုလင်းထဲမှ ​ကြည်လက်ကာ တလက်လက်​တောက်ပ​​နေ​သော အရည်တို့ကိုအနည်းငယ်သွန်လျက် ရှီကျား၏လက်​​ပေါ်လိမ်းကျံ​ပေးလိုက်​လေသည်။

ရှီကျား သတိလက်လွတ်လက်ကိုရုတ်လိုက်မိလျှင် ယဲ့ကျင်းကျီမှာ သူ့ကို​မော့ကြည့်လာခဲ့သည်။ ရှီကျားရယ်လိုက်မိကာ ရှက်ရွံ့စွာဆိုလိုက်သည်။

"ဆရာယဲ့..ဒီဟာက..တန်ဖိုးကြီးမယ့်ပုံပဲ"

ယဲ့ကျင်းကျီမှာ ​ခေါင်းကိုခါလျက် သူ၏လက်ကိုဆက်၍ကိုင်ထားကာ ​ဆေးကိုလူး​​ပေးလိုက်​လေသည်။

"မကြီးပါဘူး ၁၀pointsထဲပါ"

ရှီကျား"..."

၁၀ pointဆိုတာ အများကြီးပဲဗျ ဟုတ်ပြီလား...

​ဖေးယွီလို ငယ်ငယ်ရွယ်ရွယ် အရည်အချင်းလည်းမဆိုး မော့သို့ အဆင့်သတ်မှတ်ချက် ထိပ်ဆုံး၁၀​ယောက်ထဲကသူ​တောင်မှ တစ်လမှာ point၁၀၀ပြည့်​အောင်မရှာနိုင်တာ..ခင်များစကားကိုကြားရင် သူငိုသွားလိမ့်မယ်...

ခင်များက point​တွေများလွန်းလို့ ကြယ်​တွေကြားမှရှင်သန်​နေတဲ့ ငရဲဘုရင်ယဲ့ဆိုရင်​တောင် ဒီလိုစိတ်၀ိညာဥ်​ဆေး​တွေဘာ​တွေကို မဖြုန်းတီးသင့်ဘူး​နော်...

ရှီကျားမှာ ယဲ့ကျင်းကျီကိုကြည့်လိုက်ပြီးနောက် ​ရှောင်ကျွင်း၏ဆံပင်ကိုဆွဲကာ နံရံ​ပေါ်ကိုင်​ပေါက်ချိန်၌ မ​တော်တဆပြတ်ရှသွား​သော သူ၏လက်​​ချောင်းထိပ်မှဒဏ်ရာကိုကြည့်လိုက်မိသည်။

ထိုလက်မှဒဏ်ရာကို​ဆေးလူး​ပေးပြီး​နောက် အခြားမည်သည့်ဒဏ်ရာများမရှိ​တော့သည်ကိုအတည်ပြုပြီးမှသာ ယဲ့ကျင်းကျီက ​ရှောင်ကျွင်း၏ကိစ္စကိုစတင်ကိုင်တွယ်​တော့သည်။

ရှီကျား သူ၏ကိုယ်ပိုင်လက်​​ချောင်းကိုပွတ်သပ်လိုက်မိသည်။ ထိုမြက်တစ်​ထောင်​ကျောက်စက်​ရေကိုလိမ်းပြီးသည်နှင့် သူ၏ဒဏ်ရာမှာချက်ချင်း​ပျောက်ကင်းသွားခဲ့​လေသည်။ ၅မိနစ်သာရှိ​သေး​သော်လည်း မည်သည့်အမာရွတ်မျှပင် မကျန်ခဲ့​ချေ။ သူမ​နေနိုင်ဘဲဆိုလိုက်မိသည်။

"ဆရာယဲ့..​ဖေးယွီက ခင်များကို စံပြ​မော်..ခင်များမှာ စံပြပုဂ္ဂိုလ်တစ်​ယောက်ရဲ့အ​လေ့အကျင့်မျိုးရှိတယ်လို့​ပြောခဲ့ဖူး​ပေမယ့်..ခင်များကျွန်​တော့်ကို.."

ဒီ​လောက်ထိ​ကောင်း​ပေးစရာမလိုပါဘူး..​မှော်လက်နက်​တွေ၀ယ်​ပေးပြီး ​ဆေး​တွေလိမ်း​ပေးတဲ့အထိ​ပေါ့...

ထိုမတိုင်ခင် လက်ကိုကိုင်ကာ ​ဆေးလူး​ပေး​နေစဥ်ကအထိ ​မေ့​လျော့​နေခဲ့​​သော ရှက်ရွံ့မှုများက ယဲ့ကျင်းကျီ၏မျက်နှာ​ပေါ်တရိပ်ရိပ်တက်လာပြီး သူ၏နားရွက်များမှာပင် နီရဲလာခဲ့​လေသည်။ သူကအသံတိုးတိုးနှင့်ဆိုလာခဲ့သည်။

"ရ..ရပါတယ်..ကိစ္စမရှိပါဘူး..ဒါကကိုယ်လုပ်​ပေးသင့်တာပါ"

ရှီကျား"..."

ခင်များကရွှမ်းရွှယ်​လောကရဲ့စံပြ​မော်ဒယ်မဟုတ်ဘူး..ခင်များက ရာစုသစ်ရဲ့ကိုယ်ကျိုးမငဲ့နိုင်ဆုံးနိုင်ငံသားပဲဟုတ်ပြီလား...

​ထောင့်တစ်​​နေရာတွင် လဲကျလျက် ထိုချစ်ခြင်းများထုတ်​ဖော်ပြသ​​နေ​သော ၂ဦးကိုကြည့်​နေရပြီး ​ရှောင်ကျွင်းမှာ ထို၂ဦးလုံးကို အစိမ်းလိုက်၀ါးစားပစ်ရန် မ​စောင့်နိုင်​တော့​ချေ။

“@#$@#!!!”

ထိုကြားဖြတ်၀င်မှု​ကြောင့် ယဲ့ကျင်းကျီမှာ ​ရှောင်ကျွင်းကိစ္စကိုရှင်းရန်ပြန်သွားလိုက်ကာ ​ရှောင်ကျွင်းခမျာလည်း ထိုစက္ကူအ​ဆောင်များထံမှ အချိန်တစ်ခုစာဆက်လက်​လောင်ကျွမ်းခြင်းကိုခံစား​နေရ​တော့သည်။

ယဲ့ကျင်းကျီနှင့် ရှီကျား. ​ရှောင်ကျွင်း၏​ရှေ့သို့​လျှောက်သွားလိုက်ကြပြီးနောက် ယဲ့ကျင်းကျီက သူ့အား ရှင်းပြလာခဲ့သည်။

"ဒီအ​ဆောင်စက္ကူ၇ရွက်က ကိုယ့်​သွေးနဲ့​ရေးထားတာ..မ​ကောင်းဆိုး၀ါး၀ိဥာဥ်​တွေနဲ့ မိစ္ဆာ​တွေကိုဖိနှိပ်တဲ့​နေရာမှာ အရမ်းအသုံး၀င်တယ်..မိစ္ဆာ၀ိညာဥ်​တွေက သရဲနဲ့​တော့မတူဘူး ဒါ​ပေမယ့် သူကမ​ကောင်းမှုနဲ့ ယင်စွမ်းအင်က​နေဖြစ်တည်လာတဲ့ သက်ရှိတမျိုးပဲ..ကိုယ်တို့အရင်က သူ့ကိုယ်​ပေါ်က ယင်စွမ်းအင်ကိုမမြင်နိုင်ခဲ့တာက သူကယင်စွမ်းအင်​တွေကို ဖုံးကွယ်ထားနိုင်လို့"

ရှီကျားမှာ နှစ်​ပေါင်း၂၀​ကျော်အထိ သရဲများစွာကိုမြင်ဖူးခဲ့​သော်လည်း မိစ္ဆာများကိုမြင်ဖူးသည်က ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်​လေသည်။ သူက​မေးလိုက်မိသည်။

"မိစ္ဆာ​တွေနဲ့ သရဲ​၀ိညာဥ်တွေက အတူတူပဲမဟုတ်ဘူးလား"

ယဲ့ကျင်းကျီ​ခေါင်းခါလိုက်သည်။

"တူတယ်လို့​တော့​ပြောလို့မရ​ပေမယ့် ဆက်​တော့ဆက်စပ်​နေတာ​ပေါ့.. သရဲ​တွေကယင်စွမ်းအင်​ကြောင့်ဖြစ်လာတယ်..ဒါ​ပေမယ့်ဒီကမ္ဘာ​ပေါ်မှာ မ​ကောင်းမှုနဲ့ ယင်စွမ်းအင်က သရဲ​တွေဖြစ်လာ​အောင်ဖန်တီး​ပေးတာမဟုတ်ဘူး.. တခါတ​လေမှာ လူ​တွေရဲ့ရင်ထဲက မ​ကောင်းမှုနဲ့ ဆိုးယုတ်တဲ့စိတ်​တွေက နှစ်တစ်​ထောင်အငြိုးကြီး၀ိဥာဥ်​တွေထက်​တောင် ပိုပြီးသန်မာတဲ့ယင်စွမ်းအင်​တွေရှိ​နေနိုင်တယ်.. ကမ္ဘာ​ပေါ်မှာ ရှိတဲ့ မိစ္ဆာ​ဆိုတာ အငြိုးကြီး၀ိဥာဥ်​တွေ​ဆိုတာထက် လူ​တွေရဲ့နှလုံးသားပဲ..လူတစ်​ယောက်ရဲ့ရင်ထဲက နက်ရှိုင်းတဲ့မ​ကောင်းမှု​​တွေက​နေ မ​​ကောင်းဆိုး၀ါးမိစ္ဆာ​တွေ​ပေါက်ဖွားလာ​စေတယ် ဒီမိစ္ဆာကိုလည်း doppelgänger( ကိုယ်တုမိစ္တာ)လို့​ခေါ်တယ်”

(TN-အခု​ခေတ်မှာ​တော့ doppelgangerကိုလူတိုင်းသိကြမယ်ထင်ပါတယ်..ကိုယ်နဲ့တစ်ပုံစံထဲတူ​ပေမယ့်ကိုယ်မဟုတ်တဲ့ဟာမျိုးပါ..ဥပမာလိုင်း​ပေါ်မှာ​တွေ့​တွေ့​နေရတဲ့ -အ​မေကိုအ​ပေါ်ထပ်မှာ​တွေ့ပြီးအခု​လေးတင်စကား​​​ပြောပြီးဆင်းလာတယ်ဆို​ပေမယ့် ​အောက်မှာကျ အ​မေ​နောက်တစ်​ယောက်ထိုင်​နေတာ..ဒါ​ပေမယ့် ဒီ၀တ္တုထဲမှာက​တော့ ၂ကိုယ်မခွဲထားပါဘူး..)

လူကြီးသူမများ ယခင်က​ပြောခဲ့ဖူးသည်မှာ ဤကမ္ဘာ​ပေါ်တွင် မိမိနှင့် တပုံစံတည်းတူ​သော လူမျိုးရှိနိုင်သည်ဟုပင်။ ထိုလူမှာ သင်နှင့်တစ်ရွယ်ထဲ တစ်ရုပ်ထဲ အသံမှာလည်းတစ်သံထဲဖြစ်ကာ အမူအကျင့်များမှာလည်း အတူတူပင်ဖြစ်လိမ့်မည်။ ထိုသူကသင်နှင့်ဆုံသည်နှင့် သင့်ကိုနည်းလမ်း​ပေါင်းစုံနှင့် သတ်ရန်ကြိုးစားလိမ့်မည်။ ထို့​နောက် သူတို့သည်သင်၏​နေရာကို၀င်လာပြီး သင့်ကိုအစားထိုးကာ သင့်ဘ၀ကို​နေထိုင်​နေလိမ့်မည်။

၄င်းတို့မှာသင်၏ doppelgängerဖြစ်သည်။

ယဲ့ကျင်းကျီဆက်​ပြောလာခဲ့သည်။

"ကိုယ်တုမိစ္ဆာ​တွေက အစတည်းက မင်းနဲ့တကယ်ကြီးတူ​တာ​တော့မဟုတ်ဘူး..သူတို့ကမင်းနားကိုကပ်လာမှာ..ကိုယ်တုမိစ္ဆာ​တွေက ကမ္ဘာ​ပေါ်က​နေ အ​ကောင်း​ဆုံးပစ်မှတ်ကိုရှာပြီး မင်းဘ၀ထဲကို၀င်လာလိမ့်မယ်..တစ်​နေ့ပြီးတစ်​နေ့ အဲဒါကမင်းနဲ့ပိုပိုပြီးတူလာတာကို​တွေ့ရလိမ့်မယ်..မင်းရဲ့မိသားစုနဲ့ သူငယ်ချင်း​​တွေက​တောင် မင်းတို့၂​ယောက်ကိုတဖြည်းဖြည်းလူချင်းမှားလာကြမယ်..​နောက်ဆုံးတစ်​နေ့မှာ​တော့ သူကမင်း​နေရာကိုလုံး၀ယူသွားပြီး မင်းခန္ဓာကိုလည်း ထိန်းချုပ်နိုင်သွားမယ်.. ဒီကမ္ဘာ​ပေါ်မှာ မင်းဟာမင်းပဲလို့​တွေး​ပေး​တော့မယ်သူမရှိ​တော့သ၍ မင်းဟာလည်းရှင်သန်တည်ရှိဖို့ကိုအဓိပ္ပါယ်မရှိဖြစ်လာပြီး ကိုယ်တုမိစ္ဆာဆီမှာရှုံးနိမ့်သွားပြီး​တော့ မင်းလည်း ဆက်ပြီးတည်ရှိ​တော့မှာမဟုတ်ဘူး"

ရှီကျားနားလည်သွားခဲ့​လေသည်။

"ပိုင်ရှင်ရဲ့ခန္ဓာကိုယ်ကိုအပိုင်စီးလိုက်တာဆို​တော့ ခင်များ​ပြောချင်တာက ဒီမိစ္ဆာက ​၀မ်းကွဲ​ရှောင်ကျွင်းမဟုတ်​ပေမယ့် ဒီခန္ဓာက​တော့ သူ့ခန္ဓာကိုယ်​ပေါ့"

"အင်း"

ယဲ့ကျင်းကျီ ခတ္တမျှ​တွေးလျက်ဆိုလိုက်သည်။

"လက်ရှိမှာက လူ​တွေကလည်း သရဲ​တွေ မိစ္ဆာ​တွေရဲ့တည်ရှိမှုကိုယုံကြည်တဲ့သူ​တွေရှားသွားပြီ..လူ​တွေရဲ့ဘ၀ကလည်းပိုပြီးအဆင်​ပြေလာတယ် အချင်းချင်းဆက်ဆံ​ရေး​တွေလည်း​ကောင်းကြ​တော့ ကိုယ်တုမိစ္ဆာ​တွေက လူတစ်​ယောက်ရဲ့ခန္ဓာကိုယ်ကိုအပိုင်စီးဖို့ဆိုတာ ခက်သွားပြီ... လွန်ခဲ့တဲ့၁၀နှစ်က ကိုယ်ကိုယ်တုမိစ္ဆာတစ်​​ကောင်ကို​တွေ့ခဲ့​ပေမယ့် သူကခန္ဓာကိုယ်ပိုင်ရှင်ကိုအစားထိုးဖို့ကျရှုံးခဲ့တယ်​လေ..​နောက်ဆုံးမှာ​တော့ သူလည်း​ပျောက်ကွယ်သွားတယ်..ဒီလို​အောင်​အောင်မြင်မြင်နဲ့အစားထိုးသွားတဲ့ ကိုယ်တုမိစ္ဆာမျိုး ဒါကိုယ်ပထမဆုံးမြင်ဖူးတာပဲ"

ရှီကျားက ​ခေါင်းကိုငုံ့လျက် ​ထောင့်တွင်လဲ​လျောင်း​နေ​သော ​ရှောင်ကျွင်းကိုကြည့်လိုက်​လေသည်။ ထိုအခိုက်အတန့်တွင် သူမမှာရှီကျားကိုကြည့်မ​နေ​တော့ဘဲ သူမမျက်နှာကို အ​မှောင်ထုထဲ၌သာနစ်မြှုပ်ထားခဲ့​လေသည်။ ၄င်းကဘာ​တွေး​နေမှန်း ရှီကျားမသိ​ချေ။

အ​တော်ကြာပြီး​နောက် ရှီကျားကတည်ငြိမ်စွာဆိုလိုက်​လေသည်။

"သူကဘယ်လိုလုပ်၀မ်းကွဲ​ရှောင်ကျွင်းရဲ့ခန္ဓာကိုယ်ကို အစားထိုးနိုင်သွားလဲဆိုတာ ကျွန်​တော်သိပြီထင်တယ်"

၁၀မိနစ်ခန့်ကြာပြီး​နောက် ဒုတိယအိပ်ခန်းတွင် ​မေ့လဲ​နေကြ​​သော ဦး​လေးနှင့် အန်တီကို​တွေ့လိုက်ရ​လေသည်။ ယဲ့ကျင်းကျီ၏မန္တာန်​ကြောင့် သူတို့၂ဦး ပြန်နိုးလာခဲ့​လေသည်။ အန်တီနိုးလာပြီး လဲကျ​နေ​သော သူမသမီးကို​တွေ့သည်နှင့် သူမ အလျင်အမြန်​ပြေးသွားလျက် သူမကိုယ်​ပေါ်မှ အ၀ါ​ရောင်အ​ဆောင်စက္ကူများကိုဆွဲခွာပစ်လိုက်​လေသည်။

ရှီကျား ​မျက်​မှောင်ကျုံ့လျက် သွား၍တားရန်ပြင်လိုက်​သော်လည်း ​ရှောင်ကျွင်းမှာ သူမ၏ခွန်အားများကိုပြန်လာရရှိလာသည်နှင့် ထွက်​ပြေးမသွားခဲ့သည်ကို​တွေ့လိုက်ရသည်။ ထိုအစား သူမကအန်တီကိုဆွဲထူလိုက်ကာ သူမကိုချက်ချင်းနှစ်သိမ့်​ပေးလိုက်​လေသည်။

၄င်းကိုမြင်လျှင် ရှီကျား၏လည်​​ချောင်းမှာတင်းကြပ်လာခဲ့ပြီး မည်သည်ကိုဆိုရ​တော့မှန်း မသိ​တော့​ချေ။

ယဲ့​ကျင်းကျီကတည်ငြိမ်စွာဆိုလိုက်သည်။

"ဒီဟာက အ​ဒေါ့်ရဲ့သမီးမဟုတ်ဘူးဆိုတာကို သိမှာပါ"

အန်တီ၏ကိုယ်မှာ​တောင့်တင်းသွားလျက် ယဲ့ကျင်းကျီဘက်သို့လှည့်၍ ​ဒေါသတကြီးမာန်မဲလိုက်​လေသည်။

"​ပေါက်ကရ..ဘာ​တွေလာ​ပြော​နေတာလဲ..ဘာလို့ကျွင်းကငါ့သမီးမဟုတ်ရမှာလဲ...ငါ့သမီး​လေးကျွင်းအများကြီးနာကျင်ထားတာ..​သွေး​တွေအများကြီးထွက်ထားတာလား..လာ..အ​မေမင်းကို​ဆေးရုံကို​ခေါ်သွားမယ်...​ရှောင်ကျား..မင်းငါတို့ကိုဒီမှာမ​နေ​စေချင်ရင်လည်း ငါ့ကိုတည့်ပဲ​ပြောလို့ရပါတယ်..မင်းရဲ့၀မ်းကွဲကိုဘာလို့ဒီလိုဆက်ဆံရတာလဲ..ငါ့သမီးမဟုတ်ဘူးတဲ့လား"

ရှီကျားသက်ပြင်းအသာချလိုက်မိသည်။

"အန်တီ..တကယ်မသိတာလား"

တတိယအန်တီ၏မျက်လုံးများမှာ နီရဲ​နေလျက်ကျယ်​လောင်စွာဆိုလာခဲ့သည်။

"ငါတို့ဒီမှာဆက်မ​နေ​တော့ဘူး..အဘိုးကြီး..ကျွင်း..သွားကြစို့"

​ပြော​ပြောဆိုဆိုနှင့်သူမက သူမမိသားစုသမီးဖြစ်သူ၏လက်ကိုဆွဲလျက် အိမ်​ရှေ့တံခါးထံ​လျှောက်သွားလိုက်​လေသည်။ ဦး​လေးမှာလည်း သူမ​နောက်မှလိုက်သွားခဲ့​လေသည်။

ထိုစဥ်ယဲ့ကျင်းကျီ၏ ​ကြည်လင်ကာ​အေးစက်​သော အသံကိုကြားလိုက်ရ​လေသည်။

"ခင်များတို့ရဲ့သမီးကမ​သေ​သေးဘူးဆိုရင်​ရော.."

လူ၃​ယောက်၏​ခြေလှမ်းများက ရုတ်ချည်းတုံ့ခနဲရပ်တန့်သွားခဲ့​လေသည်။

ပိန်းပိတ်​အောင်​မှောင်​နေ​သော အခန်းထဲတွင် သူတို့၃ဦးမှာ တံခါးအနီးတွင် ​ကျောက်ရုပ်ထုများနှယ် မလှုပ်မယှက်ရပ်​နေခဲ့ကြ​လေသည်။ အ​တော်ကြာပြီး​နောက် တတိယအန်တီက ​ရှောင်ကျွင်း၏လက်ကိုဆွဲလျက် ဆက်၍​လျှောက်ထွက်သွားရန်ပြင်လိုက်​လေသည်။ သို့​သော် ဦး​လေးက သူမ၏လက်ကိုဆွဲလိုက်ပြီး သူ၏ကြမ်းတမ်းသော အရိုးခံအသံဖြင့်ဆိုလာခဲ့သည်။

"သူ​ပြောတာ..ငါတို့သမီးမ​သေ​သေးဘူးတဲ့"

တတိယအန်တီမှာ သူမ​ယောကျာ်း၏လက်ကိုဖယ်ချလိုက်သည်။

"ဒီအဘိုးကြီးက​တော့ ဘာ​တွေလာ​ပြော​နေတာလဲ..ကျွန်မတို့သမီးကဒီမှာ​လေ..ဒီမှာပဲအမြဲရှိ​နေခဲ့တာ..ဒီမှာပဲ..."

တတိယအန်တီသည် သူမ၏ရှိုက်သံများနှင့်အတူ မျက်ရည်များကိုပွတ်သုတ်လျက် အ​တော်ကြာပြီး​နောက် သူမ​ခြေကိုလှမ်းကာ ဆက်၍လှမ်းသွားရန်ကြိုးစားလိုက်သည်။ သို့​သော်ထို​ခြေလှမ်းမှာ အလွန့်အလွန်​လေးလံ​နေသလိုခံစား​နေရ​လေသည်။ မည်မျှပင်ကြိုးစားပါ​စေ သူမ ရှေ့သို့ဆက်မလှမ်းနိုင်ခဲ့​ချေ။ ​သူမ၏​ဘေးမှ ​​ရှောင်ကျွင်းမှာ တတိယအန်တီက သူမ၏လက်ကျန်ခွန်အားများကိုသုံးလျက် ​ခြေလှမ်းရန်ပြင်လိုက်ပြီးမှ ပြန်ချလိုက်သည်ကို​​တွေ့လိုက်ရ​လေသည်။

သူမ၏အ​ရေတွန့်​နေ​သောမျက်နှာ​ပေါ်တွင် မျက်ရည်များစီးကျလျက် ယဲ့ကျင်းကျီကိုကြည့်လျက်​ ခွန်အားမဲ့စွာ​မေးလိုက်​လေသည်။

"ကျွင်း​လေးက.. တကယ်မ​သေ​သေးဘူးလား"

ဘန်း..

​ရှောင်ကျွင်းက ရုတ်ချည်း ဦး​လေးနှင့် အန်တီအားတိုက်ခိုက်လိုက်​လေသည်။

ယဲ့ကျင်းကျီလက်​ချောင်းများကိုလှုပ်ရှားလိုက်သည်နှင့် သူမမှာမမြင်ရ​သော အားတစ်ခု၏ရိုက်ခတ်ခြင်းကိုခံလိုက်သည့်အလား နံရံ​ပေါ်လွင့်ထွက်သွားခဲ့​လေသည်။ အရိုးများကျိုးပဲ့သွားသည်ကိုကြားနိုင်​လေသည်။ ၄င်းကိုကြားသည်နှင့် လင်မယားနှစ်ဦးမှာ ​ငို​ကြွေးလျက် သူတို့၏သမီးဖြစ်သူထံသွားကာ ကူညီ​ပေးချင်ကြပြန်သည်။ သို့​သော် ​ရှောင်ကျွင်း၏မျက်လုံး၂လုံးမှာ ​သွေးတမျှနီရဲလျက် သူတို့အားမုန်းတီးစွာကြည့်ကာ တိုက်ခိုက်ရန်ကြိုးစားလာပြန်သည်။

ယဲ့ကျင်းကျီက ​နောက်ထပ်အ​ဆောင်စက္ကူတစ်ခုကိုထုတ်ယူလျက် ​ရှောင်ကျွင်း၏နဖူး​ပေါ်သို့ကပ်လိုက်သည်။ ဤတစ်ကြိမ်တွင် ၄င်းမှာထပ်၍မလှုပ်ရှားနိုင်​တော့​ချေ။

ဧည့်ခန်းထဲတွင် ၀ူရှန်းချင်းလီက စုန့်စုန့်ကို​ခေါ်လာပြီး ရှီကျားထံ​ပြေးလာခဲ့​လေသည်။ ​ကြေးအံစာတုံး​လေးမှာ ဟိုဟိုသည်သည်၀င့်ကြွားစွာ​လျှောက်ခုန်​နေပြီး ချီးကျူးခံချင်​နေခဲ့​လေသည်။ ရှီကျား လက်ကိုဆန့်ထုတ်လျက် ၄င်း​ပေါ်တစ်ချက်မျှ​တောက်ကာဆိုလိုက်သည်။

"မင်းကအ​တော်ဆုံးပဲ"

ထိုအခါမှသာ ၄င်းက​ကျေနပ်စွာ ရှီကျား၏အိတ်ကပ်ထဲ၀င်သွား​တော့သည်။


👻