Chapter 101
Viewers 21k

🎶 Chapter 101


ယဲ့ဇယ်ရှစ်၏သူငယ်အိမ်များက အံ့အားသင့်မှုများဖြင့် ပြူးကျယ်သွားခဲ့သည်။ ထို့​​နောက် ချက်ချင်းလက်ငင်းပင် ကင်မရာအား သူ့လက်များဖြင့် ဖုံးလိုက်​လေသည်။

အပူများက အ​ပေါ်သို့ တဟုန်ထိုးတက်လာပြီး အချိန်တို​လေးအတွင်းမှာပင် ယဲ့ဇယ်ရှစ်၏နားရွက်ထိပ်များက အနီ​ရောင့်ရင့်ရင့် သန်းသွားကာ သူ့မျက်နှာ​ပေါ်က အပူချိန်မှာလည်း ပို၍ပင် ပူ​လောင်လာခဲ့သည်။

ဗီဒီယိုမဖွင့်မီက ယဲ့ဇယ်ရှစ် သူ့စိတ်လှုပ်ရှားမှုကို တည်ငြိမ်​အောင် လုပ်ခဲ့​သော်လည်း ဟယ့်ကျင်းယွင်က စကား တစ်ခွန်းတည်းဖြင့် သူ့အား ပြန်ရှက်ရွံ့သွား​အောင်လုပ်မည်ဟု သူ မ​မျှော်လင့်ထားမိခဲ့​ချေ။

ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်သည်။ သို့​သော်ငြား သူ့မျက်နှာ​ပေါ်က ရှက်​သွေးဖြာမှုက ​လျော့ကျမသွားသည့်အပြင် ပို၍ပင် မြင့်တက်လာခဲ့​လေ၏။

ယခုလေးတင် ​စခရင်​​ပေါ်တွင် ရှိ​နေခဲ့သည့် မျက်နှာက ရုတ်ချည်းဆိုသလို ​​ပျောက်ကွယ်သွားခဲ့သည်။ ဟယ့်ကျင်းယွင် ဖုန်း၏ဘလက်စခရင်ကို တစ်စက္ကန့်မျှစိုက်ကြည့်​​နေပြီးမှ ယဲ့ဇယ်ရှစ်က ကင်မရာကို ဖုံးထားသည်ကို နားလည်သွားသည်။

တစ်ဖက်မှအမျိုးသားက ရယ်​​​မောလိုက်၏။
"မင်းဘာလို့ ကင်မရာကို ကာထားတာလဲ..."

ယဲ့ဇယ်ရှစ်က ရှက်​နေဆဲဖြစ်ပြီး စကားမ​ပြောခဲ့​ပေ။

ဟယ့်ကျင်းယွင် ​ပြောလိုက်သည်။
"ဇယ်ရှစ် လက်ဖယ်လိုက်ပါကွာ​...နော်..."

ယဲ့ဇယ်​ရှစ် ​နောက်ဆုံး​တော့ စကား​ပြောလာခဲ့သည်။
"မဖယ်ချင်ပါဘူး..."

ဟယ့်ကျင်းယွင် : "ဘာလို့လဲ..."

ယဲ့ဇယ်ရှစ် : "အ​ကြောင်းပြချက်မရှိ​ဘူး..."

ဟယ့်ကျင်းယွင် နူးညံ့​တိုးညှင်းစွာ ရယ်​လိုက်သည်။
"ကိုယ့်ကို မင်းကိုမြင်ခွင့်မပြုနိုင်ဘူးလားဟင်..."

ယဲ့ဇယ်ရှစ် အံကြိတ်ကာ ​မေးလိုက်သည်။
"ကျွန်​​တော့်ကိုကြည့်ရတာ ဘာ​ကောင်းလို့လဲ..."

"မမျှတဘူး​လေ..."
ဟယ့်ကျင်းယွင် ​ပြောလိုက်သည်။
"မင်းကကျ ကိုယ့်ကိုမြင်နိုင်ပြီး​တော့..."

"ဒါဆို ခင်ဗျားလည်း ကင်မရာကို ကာထားနိုင်တာပဲကို..."
ယဲ့ဇယ်ရှစ် ​ပြောလိုက်သည်။

ဟယ့်ကျင်းယွင် ပြုံးလိုက်သည်။
"မင်း​လေးက ကိုယ့်ကို မကြည့်ချင်ဘူးလား..."

ယဲ့ဇယ်ရှစ် သူ့မျက်နှာ​ပေါ်က ​သွေးများက ပိုမြန်မြန်ပင် တဟုန်ထိုးတက်လာသည်ကိုသာ ခံစား​နေမိ​သည်။ အခန်းက air-con ဖွင့်ထား​သော်လည်း သူ့မျက်နှာ​ပေါ်ကအပူကို​​ ​​လျှော့ချရန် ​ရေခဲတုံးတစ်ခုကို
သာရှာပြီး မျက်နှာ​ပေါ်တင်ထားလိုက်​ချင်တော့​လေ၏။

"ခင်ဗျား ဘာ​တွေ​ပြော​နေတာလဲ..."
ယဲ့ဇယ်ရှစ်၏ ပါးစပ်က ​​တောင့်တင်း​နေ​သော်လည်း သူ့မျက်လုံးများက မ​နေနိုင်ဘဲ စခရင်ကို ကြည့်လိုက်​လေသည်။

ဟယ့်ကျင်းယွင်က မတ်တတ်ရပ်​နေပုံ​ ပေါ်​​လေသည်။

သူဘာလုပ်​နေတာလဲ...

"ခင်ဗျား ဘာလုပ်​နေတာလဲ..."
ယဲ့ဇယ်ရှစ် ထပ်​မေးလိုက်သည်။

ဟယ့်ကျင်းယွင်က မ​​ဖြေခဲ့​ချေ။ သူ့အနက်ရောင် သူငယ်အိမ်များက စခရင်ကို ငြိမ်သက်စွာ စူးစိုက်ကြည့်​နေခဲ့ပြီး အချိန်အတော်ကြာမှ ​ပြောလိုက်သည်။
"မင်းအဲ့လို​ပြော​​တော့ ကိုယ်နည်းနည်း ဝမ်းနည်းတယ်...ပြီး​​တော့ တရားလည်း မတရားဘူး...မင်းကျ ကိုယ့်ကို ကြည့်နိုင်ပြီး ကိုယ့်ကို​ကျ မင်းကို ကြည့်ခွင့်မ​ပေးဘူး​လေ..."

က​လေးတစ်​ယောက်ကဲ့သို့ သရုပ်​​ဆောင်​နေသည့်အလား အမျိုးသား၏အသံက သံလိုက်ဓာတ်အပြည့်ဖြင့် ​​ပျင်းရိ​လေးတွဲနေကာ အသံကအလွန်ပင် ဆွဲ​​​ဆောင်မှု ရှိ​နေခဲ့သည်။

ယဲ့ဇယ်ရှစ် နှလုံးတစ်ချက်​ ဆောင့်ခုန်သွားပြီး​ နောက်အခိုက်အတန့်မှာပင် ၎င်းက ရူးသွပ်စွာ စတင်မြန်ဆန်လာခဲ့သည်။ လျှပ်စီး​​ကြောင်းက သူ့ဦး​နှောက်ကို ဖြတ်သွားသည့်အလား သူ့နားထဲ၌ ဗို့အားပြင်း​ပေါက်ကွဲသံများ ကြားလိုက်ရသည်။ ထုံကျင်မှုတစ်ခုက သူ့ပင်မအာရုံ​ကြောစနစ်က​နေပြီး ထွက်လာခဲ့ကာ နှလုံးသားက ကျယ်​လောင်ပြင်းပြစွာ ခုန်​နေသံကိုပင်ရှင်းရှင်းလင်းလင်း ကြားနိုင်​ပေ၏။

အခြားလွတ်လပ်​နေသည့် လက်တစ်ဖက်ဖြင့် ပူ​လောင်​နေသည့်နားရွက်ကို ပွတ်သက်လိုက်ပြီး ​ယဲ့ဇယ်ရှစ် ချောင်းဖွဖွ​လေး ဆိုးကာ ၎င်းအ​ကြောင်းအရာကို စကား​မ​ပြောချင်ပေ။

ဟယ့်ကျင်းယွင်လည်း ယဲ့ဇယ်ရှစ် ဆိုလိုသည်ကို နားလည်ပြီး ရိုးရိုးရှင်းရှင်းပင် အခြား​မေးခွန်းတစ်ခုကို ပြောင်းလဲလိုက်သည်။
"အခုပဲ မင်းကိုယ့်ကို အဲ့​လောက် အကြာကြီးကြည့်​နေပြီးသွားပြီ​...ကိုယ်ဘယ်အချိန်မှ မင်းကိုမြင်နိုင်မှာလဲ..."

ယဲ့ဇယ်ရှစ် နှုတ်ခမ်းကို တင်းတင်းဖိလိုက်ကာ အလွန်နိမ့်သော ​လေသံဖြင့်​ ပြောလိုက်သည်။
"ခင်ဗျား ပြန်လာတဲ့အချိန်ကျ ကျွန်​​တော့်ကို မြင်နိုင်တာပဲမဟုတ်ဘူးလား..."

ဤသည်ကိုကြားပြီး ဟယ့်ကျင်းယွင် ​လေမှုတ်ထုတ်လိုက်သည်။
"ဒါဆို ကိုယ်မင်းကို မမြင်နိုင်ခင် အချိန်အကြာကြီး ကြာဦးမယ့်ပုံ​ပဲ​..."

ယဲ့ဇယ်ရှစ်လည်း တစ်ခုခုမှား​နေသည်ကို အထူးတလည် သတိထားမိလိုက်သည်။
"ခင်ဗျားပြန်လာဖို့ အချိန်အကြာကြီး ယူရဦးမှာလား..."

ဟယ့်ကျင်းယွင် သူ့ဖုန်းကိုကိုင်ပြီး နံ​ဘေးရှိအိုးထဲက စွပ်ပြုတ်ကို တစ်ချက်ကြည့်ကာ ​ပြန်​ဖြေလိုက်သည်။
"​နောက်လဝက်ကြာ​မှ ပြန်လာဖြစ်လောက်တယ်..."

ယဲ့ဇယ်ရှစ် အနည်းငယ် မျက်​မှောင်ကြုတ်သွားသည်။
"တစ်ခုခုဖြစ်နေလို့လား..."

ဟယ့်ကျင်းယွင် အနည်းငယ်မျှ တုံ့ဆိုင်းမ​နေဘဲ ဤ​နေရာရှိ ကိစ္စရပ်များကို ရိုးရှင်းစွာပင် ​ပြောပြလိုက်သည်။
"ကိုယ့်အ​မေက ခွဲစိတ်မှုအ​သေးစားတစ်ခု လုပ်ခဲ့ရတယ်....ကိုယ်အဲ့​နေ့က မြန်မြန်ထွက်လာတာ ဆေးရုံက ဖုန်း​ခေါ်လို့ ပြီး​တော့ အဲ့​နေ့တုန်းက နည်းနည်းလည်း စိုးရိမ်​နေလို့...အဲ့​ကြောင့် ကိုယ်ဒီကို အလောတကြီး လာခဲ့တာ..."

ဤသည်ကို ကြားပြီး ယဲ့ဇယ်ရှစ် ​ခေါင်းညိတ်လိုက်သည်။ ဝတ္ထုထဲတွင် ဟယ့်ကျင်းယွင်၏ မိဘများက သူငယ်စဥ်ကတည်းက ကွာရှင်းခဲ့ကြပြီး ဟယ့်ကျင်းယွင်အ​မေက မည်သည့်နိုင်ငံကို သွားခဲ့သည်ကိုမူ အ​သေးစိတ် မရှင်းပြထား​ခဲ့ပေ။

"ဒါဆို အန်တီအဆင်​ပြေရဲ့လား..."
ယဲ့ဇယ်ရှစ် ​မေးလိုက်သည်။

ဟယ့်ကျင်းယွင် ​ခေါင်းခါလိုက်သည်။
"မစိုးရိမ်ပါနဲ့...အဲ့ဒါက သာမာန် အူအတက် ခွဲစိတ်မှုအ​သေးစား​လေးတင်..."

တစ်ခဏတန့်သွားပြီးမှ ဆင်​ပြောလိုက်သည်။
"ကိုယ် ဒီကိုလာဖြစ်တာရှားတယ်...အဲ့​​ကြောင့် ကိုယ်သူနဲ့ အချိန်ကုန်ဆုံးချင်သေးတယ်..."

ယဲ့ဇယ်ရှစ် ​ခေါင်းညိတ်ကာ ​ထောက်ခံလိုက်သည်။
"ခင်ဗျား အန်တီနဲ့ အချိန်ပိုကုန်ဆုံးသင့်တယ်..."

၎င်းကို ​ပြောလိုက်ချိန် ဟယ့်ကျင်းယွင် မျက်ခုံးပင့်လိုက်သည်။ မျက်လုံးကိုပင့်ပြီး​နောက် ကင်မရာအားကြည့်လိုက်​လေ၏။
"ဆို​တော့ လဝက်အတွင်းမှာ ကိုယ့် မင်းကို ထပ်မြင်​​စေချင်ရဲ့လား..."

ယဲ့ဇယ်ရှစ် ​တစ်ခဏမျှ တန့်သွားခဲ့သည်။ ​ခေါင်းစဥ်က ယခင်အ​ကြောင်းအရာကိုသာ ပြန်​ရောက်သွားလိမ့်မည်ဟု သူ မ​မျှော်လင့်ထားခဲ့​ချေ။

ဒါ​ပေမဲ့ သူအခု​လေးတင် ကြည့်​လိုက်တဲ့ပုံက...

ယဲ့ဇယရှစ် အိပ်ရာမှထကာ ​ရေချိုးခန်းထဲသို့သွားပြီး မှန်ထဲမှ သူ့ပုံကိုယ်သူ ပြန်ကြည့်လိုက်သည်။

မှန်ထဲမှ လူငယ်​လေးတွင် နီရဲ​နေသည့်မျက်နှာ ရှိရုံတင်မက သူ့လည်တိုင်ကလည်း အလွန်ကို နီရဲ​နေခဲ့​ပေသည်။

ဘယ်လိုလုပ် ငါ့ရဲ့ဒီလိုပုံကို ဟယ့်ကျင်းယွင်ကို သူကြည့်ခွင့်​ပေးနိုင်ပါ့မလဲ...

​သေချာ​ပေါက်မ​ပေးဘူး…

ယဲ့ဇယ်ရှစ် အံကြိတ်ကာ ဖုန်းကို ငုံ့ကြည့်လိုက်ပြီး ​ခေါင်းစဥ်​ပြောင်းရန် ကြိုးစားလိုက်သည်။
"ဒါဆို "အစားအ​​သောက် နှစ်သက်သူတစ်​ယောက်၏မှတ်တမ်း"ရဲ့ ​နောက်အပိုင်းကို ရိုက်တဲ့အခါကျ ခင်ဗျားမရှိဘူး​ပေါ့​လေ..."

ကူကယ်ရာမဲ့​နေသည့် အပြုံး​လေးတစ်ပွင့်က ဟယ့်ကျင်းယွင်၏ နှုတ်ခမ်း​ထောင့်တွင် ထွက်​ပေါ်လာခဲ့သည်။

အဲ့လို ဆတ်ခနဲ ​​ခေါင်းစဥ်​ပြောင်းလိုက်တယ်​ပေါ့​လေ ဟုတ်လား...

သို့​သော် သူက ၎င်းကို မ​ဖော်ထုတ်လိုက်​ပေ။ မဟုတ်ပါက ယ​နေ့တွင် သူတို့၏စကားက ဤ​နေရာမှ တက်​​တော့မည် မဟုတ်​တော့ပေ။

"​အင်း...ကိုယ် ဒါရိုက်တာကို ဆက်သွယ်ပြီးသွားပြီ...ပရိုဂရမ်အဖွဲ့က အစားထိုးဧည့်သည်တစ်​ယောက်ကို ရှာလိုက်မယ်ထင်တယ်..."
ဟယ့်ကျင်းယွင်​ ပြောလိုက်သည်။

ယဲ့ဇယ်ရှစ်၏​လေသံက သူသတိမထားမိလိုက်ဘဲ အား​လျော့သွားခဲ့သည်။
"ဒါဆို နောက်ရိုက်ကူးမယ့်အပိုင်းမှာ လူစိမ်းတစ်​ယောက်နဲ့ တွဲရမှာကို ကျွန်​တော် ​ကြောက်တယ်..."

ဟယ့်ကျင်းယွင် ပြုံးလိုက်သည်။
"တကယ် မဟုတ်ပါဘူး..."

"ခင်ဗျား စွပ်ပြုတ်ချက်​နေတာလား..."
ယဲ့ဇယ်ရှစ် စခရင်​ပေါ်တွက်လာသည့် အဖြူ​​ရောင်အငွေ့​လေးများကို သတိပြုမိလိုက်သည်။ ဟယ့်ကျင်းယွင် စွပ်ပြုတ်ချက်​နေသည်သာ ဖြစ်ရ​ပေမည်။

ဟယ့်ကျင်းယွင် ​ခေါင်းညိတ်လိုက်သည်။
"အင်း ကိုယ့်အမေအတွက် လုပ်​နေတာ..."

ယဲ့ဇယ်ရှစ် မထိန်းနိုင်ဘဲ တံ​တွေးကို မြိုချလိုက်ပြီး​ခေါင်းကို ပြင်ပြင်းထန်ထန် ညိတ်ပြလိုက်သည်။
"သူ့ကို ဟင်းကောင်းကောင်း​လေး ချက်​ကျွေးဖို့ တကယ် လိုအပ်တယ်..."

ဟယ့်ကျင်းယွင် ဟင်းစတင်မချက်မီအထိ သူတို့နှစ်​ယောက် ယခုကဲ့သို့ စကား​ပြော​နေခဲ့ကြ​သည်။ ထို့နောက် ယဲ့ဇယ်ရှစ်၏ အိပ်ရာဝင်ချိန်​ ရောက်လာခဲ့ကာ တစ်ဖက်ကသာ မြင်​နေရသည့် တစ်ဖက်သတ်ဆန်သည့် ဗီဒီယို​ကော်လ်ကို ချလိုက်ကြသည်။

ဗီဒီယို​ကော်လ်ချလိုက်သည်နှင့် ယဲ့ဇယ်ရှစ်က ဆက်ပြီး ကင်မရာကို ကာမထား​​တော့​ပေ။ ယဲ့ဇယ်ရှစ် အနည်းငယ် နာကျင်​နေသာ သူ့လက်ကို ဖယ်လိုက်ပြီး ခုတင်​ပေါ်လှဲလိုက်ကာ စတင်​​တွေး​တောလိုက်သည်။

လဝက်အတွင်း ငါတို့အချင်ချင်း တွေါရလိမ့်မယ်...

မူလက သူ တစ်ဖက်လူကို "အစားအ​သောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း"၏ ​နောက်ရိုက်ကူး​ရေးတွင် ​တွေ့နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

ဖုံးကွယ်၍မရသည့် ဆုံးရှုံးမှုတစ်ခုက သူ့နှလုံးသားထဲ၌ ရှိနေခဲ့​သည်။

ယဲ့ဇယ်ရှစ် စိတ်ဆိုးမာန်ဆိုးဖြင့် ခုတင်​ပေါ် လှိမ့်နေလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ​မေးခွန်းတစ်ခုကို ​တွေးမိသွားသည်။

ဒါဆို ​နောက်လဝက်အတွင်း ငါနဲ့ဟယ့်ကျင်းယွင်ဗီဒီယို​ကော်လ်​​ပြောတိုင်း တကယ်ကြီး ဟယ့်ကျင်းယွင်ကိုပဲ တစ်ဖက်သတ် မျက်နှာပြခိုင်းထားရမှာလား...

ဒါကြီးက တစ်ကိုယ်​ကောင်း ဆန်လွန်းသွားပြီမလား ဟုတ်တယ်မလား...

ပြီး​တော့ ဟယ့်ကျင်းယွင်က ငါ့ကိုလွမ်းတယ်လို့လည်း ​ပြောခဲ့တာကို...

ဤသည်ကို ​တွေးပြီး ယဲ့ဇယ်ရှစ်၏မျက်နှာက ထပ်ပြီး အပူတက်လာခဲ့​လေ၏။

ယဲ့ဇယ်ရှစ် မ​နေနိုင်ဘဲ​ ရေချိုးခန်းကို ​ကမန်းကတန်းသွားလိုက်ပြီး ရေ​အေးကို လက်အပြည့်ခပ်ပြီး မျက်နှာသစ်လိုက်ကာ သူ့မျက်နှာ​ပေါ်မှ ရှက်သွေးဖြာ​နေမှုကို ဖိနှိပ်ပစ်လိုက်သည်။

၎င်းကလည်း အလုပ်မဖြစ်ပချေ။

သူ ဟယ့်ကျင်းယွင်အား သူ့ကို တစ်ချိန်လုံး မြင်ခွင့်မ​​ပေးနိုင်​ပေ။

ယဲ့ဇယ်ရှစ် မှန်ထဲက သူ့ကိုယ်သူ စိုက်ကြည့်ပြီး နှစ်စက္ကန့်မျှ ​တွေးလိုက်ပြီး​နောက် သူ့မျက်ဝန်းများ အနည်းငယ် ဝင်းလက်သွားခဲ့သည်။

နည်းလမ်းတစ်ခုရှိတယ်...

ယဲ့ဇယ်ရှစ် အိပ်ရာဝင်​နေကျဖြစ်သည့် ထို​နေ့ည ဆယ်နာရီတွင် သူက Weibo ကို​ လော့ဂ်အင်ထပ်ဝင်လိုက်ပြီး ရှားရှားပါးပါး selfie သုံးပုံကိုစာနှင့် တင်လိုက်​လေသည်။
"ကြည့်..."

ဖရဲရွက်များ၏အမူအရာများကို မ​ပြောပြနိုင်​လောက်သည့် ထိတ်လန့်မှုဟုသာ ​ဖော်ပြနိုင်​တော့သည်။ ဤနှစ်ရက်တာက သူတို့အတွက် အ​ကောင်းဆုံး​နေ့ရက်များပင် ဖြစ်၏။

ယဲ့ဇယ်ရှစ်က နှစ်ရက်ဆက်တိုက် ​လော့ဂ်အင်ဝင်ပြီး​တော့ Weibo မှာ ပို့စ်တင်ရုံမကဘူး selfie ပုံကိုလည်း တင်ခဲ့​​​သေးတယ်​လေ...

ပုံထဲက လူငယ်လေး၏ ပုံကြီးချဲ့ထားသည့် မျက်နှာကြောင့် ယဲ့ဇယ်ရှစ်၏အသားအရေက အနီးကပ်ကြည့်ချိန်တွင် ပို​လှပ​ကြောင်း ပြသ​နေ​ပေသည်။ နဖူး​ပေါ်ရှိ ​ဆံပင်များက စစိုစွတ်​နေဆဲဖြစ်ကာ မျက်​တောင်များက ​ရေစက်များ​ကြောင့် ပို၍ပင် မှေးကျဥ်း​နေပုံ​ ပေါ်​နေ​ပေသည်။ ယဲ့ဇယ်ရှစ်က ကင်မရာကို ကြည့်ရန် ​ခေါင်းကို အနည်းငယ် စောင်းထားခဲ့ပြီး သူ၏အနီ​ရောင်နှုတ်ခမ်းလွှာက ​​​တောက်ပသည့်အပြုံးလေး တစ်ခုနှင့်​ ကွေးညွှတ်​နေခဲ့သည်။

ပရိသတ်များက ပုံအတွဲလိုက်ကို မြင်ချိန်တွင် သူတို့နှလုံးသားထဲက ​အော်ဟစ်ဟိန်း​ဟောက်မှုများကို မထိန်းထားနိုင်ကြ​​တော့ချေ။

[အိုးးးးးးငါ့အစ်ကိုက အရမ်းကို ခံ့ညား​နေတာပဲဟ...]

[အိုးမိုင်​ဂေါ့...ရှစ်ရှစ်က နောက်ဆုံး​​တော့ ဆယ်လ်ဖီပုံရိုက်ခဲ့ပြီ သူ့မျက်နှာကို လျက်မယ်...]

[ငါ့က​လေး​လေးက အရမ်းကို ​ချောမောခံ့ညား​နေ​တော့တာပဲ...ငါက သူ့​ကောင်မ​လေးဖန်ဆိုတာကို ​ကြေညာလိုက်ပြီ...]

[သေစမ်း...ဒီ CP ဖန်​လေးကလည်း ​တစ်မိနစ်​လောက် ​ကောင်မ​လေးဖန် လုပ်ချင်တယ်လို့...]

[ငါ့က​လေး​လေး​ရေ မင်းက အရမ်းကို ကြည့်​ကောင်းလွန်း​နေပြီကွယ်...]

[ဖာ့ခ်...ငါမှတ်မိတာမှန်ရင် ဒါက ယဲ့ဇယ်ရှစ် ဆယ်လ်ဖီပုံရိုက်တဲ့ ပထမဆုံး အကြိမ်ပဲ...နင့်ရဲ့Weibo ပေါ်က ကောမန့်​​တွေကိုမြင်ပြီး အရမ်းမနာလိုတာပဲသွားတာပဲဖြစ်ရမယ် ..အဲ့​ကြောင့် အခုပုံ​တွေသုံးပြီး ငါတို့ကို ဆက်ဆွဲထားဖို့ပြင်​နေတာပဲ...နင်​အောင်မြင်သွားတယ်လို့ ငါ ပြတ်ပြတ်သားသား ​ပြောလိုက်ပြီ...]

[အူးဝူးဝူးဝူးဝူး...မိတ်ကပ်မပါဘဲနဲ့​​တောင် အသားအရေလေးက ဖြူ​ဖွေး​နေတာပဲ...အရမ်းမနာလိုတာပဲ...ငါတကယ်ကြီး မနာလိုနေပြီလို့...]

"..."

တစ်ချိန်တည်းမှာပင် ဟယ့်ကျင်းယွင်ကလည်း ယခု​လေးတင် အာဟာရရှိသည့် အစားအ​​သောက်ကို ချက်ပြုတ်ပြီးသွားခြင်းဖြစ်ပြီး ​​‌ဆေးရုံကို ယူသွားရန် ထုတ်ပိုးနေခဲ့သည်။ ထိုအချိန်တွင် Weibo အထူးသတိ​ပေးသံက မြည်လာခဲ့သည်။

ဟယ့်ကျင်းယွင် သူ့လက်ထဲက ​နေ့လည်စာဘူးကို ​အောက်ချလိုက်ပြီး သံသယအရိပ်​အ​ယောင်က သူ့မျက်ဝန်းများထဲ ဖြတ်​ပြေးသွားခဲ့သည်။

ယဲ့ဇယ်ရှစ် ပို့စ်ထပ်တင်လိုက်တာလား...

သူ့ဖုန်းကို​ကောက်ကိုင်ကာ ယဲ့ဇယ်ရှစ်၏Weibo ထံ တုံ့ဆိုင်းမှုမရှိ နှိပ်လိုက်သည်။ သူ နှိပ်လျှင်နှိပ်ခြင်းမှာပင် လူငယ်လေး၏ ဆယ်လ်ဖီပုံက ပုံကြီးချဲ့သွားခဲ့သည်။

ဖုန်းကို ကိုင်ထားစဥ်မှာပင် ဟယ့်ကျင်းယွင်၏လက်ချောင်းများက တင်းကျပ်သွားပြီး သူ့ပါးစပ်ထောင့်များကို ​ကွေးတက်မသွား​စေရန် မထိန်းချုပ်နိုင်​တော့​ပေ။

ကပ်ပရှင်က စာသားတစ်လုံးတည်းနှင့် အလွန်ရိုးရှင်း​ပေသည်။
"ကြည့်..."

​ပြောစရာမလိုပါဘဲ အဓိပ္ပါယ်က သဘာဝကျစွာပင် သူ့အတွက် ဖြစ်​ပေ၏။

ဟယ့်ကျင်းယွင် မထိန်းနိုင်ဘဲ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။

ယဲ့ဇယ်ရှစ်က တကယ်ကို...ချစ်ဖ်ို့ကောင်းတယ်...

ငါ ဘာလို့များ ယဲ့ဇယ်ရှစ်ကို အဲ့​လောက်​တောင် ကြိုက်ရတာလဲ...

ဓာတ်ပုံကို သူ့လက်​ချောင်းနှင့် ပွတ်သပ်လိုက်ပြီး ဖုန်းထဲ မသိမ်းလိုက်မီ ဆယ်စက္ကန့်ကြာ​အောင် ငြိမ်သက်စွာ စိုက်ကြည့်​နေခဲ့သည်။

တစ်ချိန်တည်းမှာပဲ တစ်ဖက်လူ၏ Weibo ​အောက်က forward ခလုတ်ကို နှိပ်လိုက်သည်။

@ဟယ့်ကျင်းယွင် : ကြည့်ကောင်းတယ်...

ဤ Weibo ပို့စ်ကို တင်လိုက်လျှင် တင်လိုက်ခြင်းမှာပင် CP ပရိသတ်များ ​ပေါက်ကွဲထွက်သွားကြသည်။

[အပြန်အလှန် တုံ့ပြန်​နေကြတာ အပြန်အလှန်...]

[အခုတ​လော သကြားပမာဏက စံနှုန်းထက် တကယ်ကြီး ပိုလျှံ​နေတာပဲ​ဟေ့...]

"[သေစမ်း...မင်းတို့ နှစ်​ယောက် ကြိုက်​နေကြပြီမလား ငါ​လောင်းရဲတယ်...]

[ဒီလူရဲ့​သွေး​တွေ​​​တော့ ​ပေါက်ထွက်ကုန်ပါပြီ​...]

[နှစ်...]

[သုံး...]

[ ကျွန်မက မြို့​​​တော်တရားရုံးက​အေးဂျင့်တစ်​ယောက်ပါ... ကျွန်မ ဒီကိုအ​စောကြီးကတည်းက​ရောက်ပြီး ရှင်တို့အတွက် ​ငွေလည်းသွင်းပြီးသွားပါပြီ...ရှင်တို့ ​ဖောင်တစ်ခုဖြည့်​ပေးနိုင်မလား ရှင်တို့အတွက် လက်ထပ်စာချုပ်ထုတ်​ပေးပါ့မယ်...]

[ဒါဆို ငါနင်တို့ကို တိုက်ရိုက်ပဲ ဂုဏ်ပြု​ရ​တော့မလား ဒါမှမဟုတ် ပုံမှန်လမ်းအတိုင်းပဲ သွားသင့်သလား...]

[ဟယ့်ရှစ်...ဂုဏ်ပြုပါတယ်...]

[ဟယ့်​လောင်ရှီးနဲ့ရှစ်ရှစ်ကြားက အပြန်အလှန်တုံ့ပြန်မှုက တကယ်ကြီး ချိုစိနေတာပါပဲ​နော်...]

[ဟုတ်တယ် ဟုတ်တယ်...အရမ်းအရမ်းကို ချိုတာ အရမ်းအရမ်းကိုပဲ...]

[အချိုလွန်ပြီး ​သေသွားပါပြီရှင်...]

ဟယ့်ကျင်းယွင်​၏ ကောမန့်များကိုမြင်ပြီး ယဲ့ဇယ်ရှစ်၏မျက်နှာက အနည်းငယ် ပူ​လောင်လာခဲ့သည်။

ဒီလူက ငါ့ရဲ့ Weibo ​ပေါ်မှာ စခန်းချနေတာမလား ဟုတ်တယ်မလား...

သို့သော် ဤကဲ့သို့ ပြောပြီးနောက် သူ Weibo တွင်ပို့စ်တင်တိုင်း ဟယ့်ကျင်းယွင်က မြန်မြန်ဆန်ဆန်ပင် မှတ်ချက်ပေးတတ်သည်ဟု ယဲ့ဇယ်ရှစ် ခံစားလိုက်ရသည်။

ဖြစ်နိုင်ပါ့မလား...ဟယ့်ကျင်းယွင်က ငါ့အတွက် အထူးနိုတီသတိ​ပေးသံ ထားထားတာများလား...

သူပိုတွေးလေ​လေ ၎င်းကဖြစ်နိုင်သည်ဟု သူခံစားရ​လေ​လေပင်။ တိတ်ဆိတ်​နေသည့် ညအ​မှောင်ထဲတွင် သူ့နှလုံးသားက ​နောက်တစ်ဖန် ကြမ်းတမ်းပြင်းပြစွာ စတင်ခုန်လာခဲ့​​​လေ၏။

ယဲ့ဇယ်ရှစ် မခံမရပ်နိုင်စွာဖြင့် သူ့မျက်နှာကို ကာလိုက်သည်။

ငါ အဲ့ဒါကို အရင်တုန်းက ဘာလို့ သတိမထားခဲ့မိတာပါလိမ့်...

အသက်ပြင်းပြင်း ရှုလိုက်ပြီး​နောက် ယဲ့ဇယ်ရှစ် စောင်ကိုဆွဲကာ ​ခေါင်းမြီးခြုံလိုက်​လေသည်။ မနက်ဖြန်ဗီဒီယိုလ်​ကော်လ်အား သူစတင် မျှော်လင့်​စောင့်စား​နေ​​ပေ​တော့သည်။

မနက်ဖြန် ဟယ့်ကျင်းယွင်နှင့် ဗီဒီယို​ကော်လ်​ခေါ်ပြီး​နောက် သူ​ ပုံအနည်းငယ်အား ​သေချာပေါက် စခရင်​ရှော့ရိုက်မည်ပင်။

ဤအ​​တွေးများနှင့် သူ​ပျော်ရွှင်စွာ အိပ်​​ပျော်သွားခဲ့​လေ၏။


🎶🎶🎶